အခန်း (၄၅၃-၄၅၄)
Vol. 46 Ch. 453-454
အခန်း(453)
“ကောင်းပြီ... အိမ်ကိုရောက်လာပြီပဲ၊ စကားတွေ အများကြီး ပြောမနေနဲ့တော့၊ ထမင်းစားပြီးပြီလား၊ မစားရသေးရင် အမေ ဟင်းတွေ ပြန်နွှေးပေးမယ်”
စုန့်ရှီးယန်က အမှန်တကယ်ပင် မစားရသေးသည့်အတွက် ခေါင်းညိတ်ကာ မိခင်ဖြစ်သူအား ကျေးဇူးတင်စကား ပြောလိုက်လေ၏။
အမေချင်းက အလုပ်များကို တစ်ယောက်တည်း မလုပ်နိုင်သဖြင့် စုန့်ကျယ်အား ဆက်လက်ကူညီခိုင်းလိုက်သည်။ သူမ၏ သားမှာတော့ သူမတစ်ယောက်တည်းအပိုင် မဟုတ်တော့ပေ။
ထို့အပြင် စုန့်ကျယ်က စုန့်ရှီးယန်အတွက် မည်မျှ ဂုဏ်ယူနေသည်ကို သူမ မသိဘဲ မနေပါချေ။
အကယ်၍ သူမသာ သူ့ကို ခေါ်မသွားလျှင် စုန့်ကျယ်မှာ စိတ်ထိန်းနိုင်တော့မည်မဟုတ်ဘဲ သားဖြစ်သူ၏ ရှေ့တွင်ပင် ဝမ်းသာအားရ အော်ဟစ်ရယ်မောမိတော့ပေလိမ့်မည်။
စုန့်ကျယ်အနေဖြင့် သားဖြစ်သူ၏ ရှေ့တွင် တည်ငြိမ်လေးနက်သော ဖခင်ဖြစ်သူဟူသောပုံရိပ်ကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် အမေချင်းမှာ သူ့ကို ချက်ချင်းပင် ဆွဲခေါ်သွားရလေတော့၏။
စဉ်းစားကြည့်လျှင် သူမက ဤမိသားစုအတွက် အများကြီး ပေးဆပ်နေရသည်ပင်။
အမေချင်း သက်ပြင်းချမိလေ၏။
အမေချင်းနှင့် စုန့်ကျယ်တို့က စုန့်ရှီးယန်အတွက် ဟင်းများ နွှေးပေးနေချိန်တွင် စုန့်ရှီးယန်က ခြေထောက်ကို ဖွဖွနင်းကာ အပေါ်ထပ်သို့ တိုက်ရိုက် တက်သွားခဲ့လေသည်။
လင်းရန် အပေါ်ထပ်သို့ တက်သွားသည်မှာ မကြာသေးကြောင်းနှင့် ယခုအချိန်တွင် အနားယူနေလောက်ပြီဟု အမေချင်းထံမှ သူ ကြားခဲ့ရသည်။
သူမက မွန်းလွဲပိုင်းကတည်းက ပင်ပန်းနေမည်ဖြစ်၍ သူမကို နှိုးရန် ရည်ရွယ်ချက် မရှိပါချေ။ သူက သူမကို မြင်တွေ့ချင်ရုံမျှသာဖြစ်ပေ၏။
သို့သော် သူ အပေါ်ထပ်သို့ တက်ကာ အခန်းတံခါးကို သေသေချာချာ ဖွင့်လိုက်ချိန်တွင် လင်းရန်က အိပ်ခန်းထဲတွင် မရှိသည်ကို တွေ့လိုက်ရလေ၏။
လင်းရန်က ရေချိုးနေဆဲဖြစ်နိုင်သည်။ ထို့ကြောင့် သူ ရေချိုးခန်းဘက်သို့သွားရန် လှည့်လိုက်ချိန်မှာပင် လင်းရန်က သူ၏နောက်တွင် ရပ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရလေ၏။
စုန့်ရှီးယန် ထိတ်လန့်သွားကာ ရပ်တန့်သွားပြီး အဘယ်ကြောင့်မှန်းမသိပါဘဲ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
“ရန်ရန်..”
စုန့်ရှီးယန်အနေဖြင့် လင်းရန်သည်လည်း အမေချင်းကဲ့သို့ပင် သူ အဘယ်ကြောင့် ယခုမှသာ ပြန်လာသနည်းဟု အပြစ်တင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် သူမက သူ့ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် စိုးရိမ်မှုများ ပြေပျောက်သွားကာ စိတ်သက်သာရာရသော အမူအရာဖြင့်သာ ပြောလာခဲ့လေ၏။
“ပြန်လာရင် ရပါပြီ”
သူမအနေဖြင့် စုန့်ရှီးယန်အပေါ်တွင် မည်သည့်အရာကို ထပ်မံမတောင်းဆိုလိုတော့ပေ။ ဆိုရလျှင် သူ ဘေးကင်းစွာ ပြန်ရောက်လာခြင်းမှာပင် လုံလောက်ပေပြီ။
အဘယ်ကြောင့်မှန်းမသိပါဘဲ လင်းရန် ထိုသို့ပြောလိုက်ချိန်တွင် စုန့်ရှီးယန်တစ်ယောက် သူမအား တင်းကြပ်စွာ ပွေ့ဖက်ထားချင်သော စိတ်ဆန္ဒများ ပြင်းပြလာလေတော့သည်။
စုန့်ရှီးယန်အနေဖြင့် လင်းရန်၏စကားကို ကြားချိန်တွင် စိတ်ထဲ၌ အပြစ်မကင်းမှုများ ရုတ်တရက် ပြည့်နှက်သွားလေသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း သူသည်က လင်းရန်အပေါ် အမှန်တကယ်ပင် အကြွေးတင်ခဲ့သည် မဟုတ်ပါလား။
“တောင်းပန်ပါတယ် ရန်ရန်...”
သူ့ထံတွင် ပြောချင်သော စကားလုံးများစွာ ရှိနေသော်လည်း နောက်ဆုံးတွင်တော့ ထောင်သောင်းချီသော စကားလုံးတို့က ‘တောင်းပန်ပါတယ်’ ဆိုသည့် စကားတစ်ခွန်းအဖြစ်သာ ပြောင်းလဲသွားခဲ့ရသည်။
လင်းရန်မှာ ဤကဲ့သို့သော ခံစားချက်ပြင်းပြသည့် အခြေအနေမျိုးနှင့် အသားမကျသည့်အတွက်”ပြန်လာရင် ရပါပြီ” ဆိုသည့် စကားကိုသာ ခပ်မြန်မြန် ပြောလိုက်မိသည်။
တကယ်တမ်းတွင် သူမ ပို၍ ပြောချင်သည်မှာ “ဘာမှမဖြစ်ဘဲ ဘေးကင်းကင်းနဲ့ ပြန်လာရင် ရပါပြီ” ဟူ၍သာ ဖြစ်သည်။
စုန့်ရှီးယန်မှာ ယခုတစ်ခေါက် အပြင်သို့ အချိန်အတော်ကြာ ထွက်သွားခဲ့ရသည့်အတွက် သူ တစ်စုံတစ်ခုဖြစ်မည်ကို သူမ အမှန်တကယ် စိုးရိမ်နေခဲ့ရ၏။
သို့သော် နှစ်သစ်ကူးကာလတွင် ထိုကဲ့သို့ စကားမျိုးပြောလျှင် နမိတ်မကောင်းမည်စိုးရိမ်သောကြောင့် သူမ၏စကားကို အလျင်အမြန်ပင် ပြောင်းလဲလိုက်ခြင်း ဖြစ်ပေသည်။
“ဘာမှမဖြစ်ပါဘူး..”
လင်းရန်က စကားနှစ်ခွန်းမျှသာ ဆိုရသေးသော်လည်း စုန့်ရှီးယန်မှာတော့ သူသည် နောက်ပိုင်းတွင် တပ်ထဲတွင်သာ အမြဲနေထိုင်တော့မည် ဖြစ်ကြောင်းနှင့် ယခင်ကကဲ့သို့ အချိန်မရွေး၊ နေရာမရွေး တာဝန်ထွက်ရတော့မည် မဟုတ်ကြောင်းတို့ပါဝင်သည့် သတင်းကောင်းစကားကို ပြောပြလိုက်လေသည်။
ဤသည်မှာ သူသည်က နေ့တိုင်း အိမ်သို့ပြန်လာနိုင်တော့မည်ဖြစ်ပြီး လင်းရန်ကိုလည်း နေ့တိုင်း တွေ့နိုင်တော့မည်ဟု ဆိုလိုခြင်းသာဖြစ်ပေ၏။
သို့သော် ထိုသတင်းကို ကြားလိုက်ရချိန်တွင် လင်းရန်ထံ၌ ဝေခွဲမရသော အမူအရာပေါ်ပေါက်လာပြီးနောက် စုန့်ရှီးယန်အား အားနာစွာဖြင့် ပြောလိုက်လေ၏။
“ဒါက သတင်းကောင်းပဲ၊ ဒါပေမဲ့ နှစ်သစ်ကူးပြီးရင် ကျွန်မ နည်းနည်းလောက်တော့ အလုပ်ရှုပ်လိမ့်မယ် ထင်တယ်”
စုန့်ရှီးယန်မှာ အခြေအနေ၏ အရေးကြီးပုံကို သတိမထားမိသေးသဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ရပါတယ်၊ ကိုယ် အိမ်မှာပဲ စောင့်နေပါ့မယ်၊ မင်း ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ကိုယ် စောင့်နေမှာပါ!”
သူသည်က အထီးကျန်ခြင်းကို ကောင်းစွာတောင့်ခံနိုင်သကဲ့သို့ စောင့်ဆိုင်းရခြင်းကိုလည်း သည်းခံနိုင်ပေသည်။
လင်းရန် မည်မျှပင် အလုပ်ရှုပ်ပါစေ၊ သူ ယခင်ကကဲ့သို့ တစ်ခါထွက်သွားလျှင် နှစ်လ၊ သုံးလခန့် လူချင်းမတွေ့ရသည်မျိုးတော့ ဖြစ်လိမ့်မည် မဟုတ်ပါချေ။
လင်းရန်လည်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မည်သည်ကိုမျှ ထပ်မံ မပြောတော့ပေ။
သူမသည်က ရင်းနှီးမြှုပ်နှံမှုပြပွဲ ပြီးဆုံးသည်အထိ အလုပ်ရှုပ်နေမည် ဖြစ်သော်လည်း ထိုပွဲပြီးလျှင်တော့ “ဝေ့မီ” ဆိုင်သို့ ပြန်သွားကာ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်မည် ဖြစ်ပေ၏။ ထို့ကြောင့် ယခင်နှင့် သိပ်ပြီး ကွာခြားမည် မဟုတ်ဟု တွေးမိလေသည်။
ထို့အတွက် စုန့်ရှီးယန် ပြောသကဲ့သို့ နောက်ပိုင်းတွင် သူတို့နှစ်ဦး ဆုံတွေ့ရန်နှင့် အတူရှိရန် အချိန်များစွာရနိုင်မည်ဆိုသည်မှာ ဖြစ်နိုင်သည့်ကိစ္စပင်။
ထိုအကြောင်းကြောင့်ပင် စုန့်ရှီးယန်က နှစ်သစ်ကူး အားလပ်ရက်အနည်းငယ်အတွင်း အလွန်ပင်စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့သည်။
သူတို့၏ ခွင့်ရက်က မရှည်သောကြောင့် စုန့်ရှီးယန်အနေဖြင့် လုပ်ဆောင်စရာများစွာ ရှိနေသေးသည့်အပြင် လွှဲပြောင်းရမည့် လုပ်ငန်းစဉ်များနှင့် အလုပ်ကိစ္စများလည်း ရှိနေသေးသည်။
သို့သော် အရေးကြီးဆုံးအချက်မှာ သူသည်က အိမ်ယာတစ်ခု လျှောက်ထားပြီး လင်းရန်နှင့်အတူ ခွဲနေရန်ပြင်ဆင်ခြင်းပင် ဖြစ်လေ၏။
အမေချင်းမှာ ဤကိစ္စကို သိရှိသွားချိန်တွင် အလွန်ပင် တွန့်ဆုတ်နေခဲ့သည်။ တကယ်တမ်းတွင် စုန့်ရှီးယန်နှင့် လင်းရန်တို့မှာ စစ်တပ်ဝင်းထံတွင်သာ နေထိုင်ကြမည်ဖြစ်ပြီး လမ်းလျှောက်လျှင် ခြေလှမ်းအနည်းငယ်သာဝေးမည်ကို သိသော်လည်း နောက်ပိုင်းတွင် မိသားစုနှစ်ခုအဖြစ် ခွဲနေရတော့မည်ဖြစ်ကာ လင်းရန်ကို နေ့တိုင်း မနက်၊ ည မတွေ့ရတော့ဟု တွေးမိတိုင်း စိတ်မကောင်း ဖြစ်နေရလေသည်။
စုန့်ရှီးယန်က ထိုသည်ကို မြင်သော်လည်း မိခင်ဖြစ်သူ၏ မျက်နှာပေါ်မှ တွန့်တိုနေသည့် အမူအရာကို မမြင်ချင်ယောင်ဆောင်ကာ အကြည့်လွှဲလိုက်လေ၏။
မည်သို့ပင်ဖြစ်စေ ရန်ရန်နှင့်အတူ နှစ်ယောက်တည်း အတူနေထိုင်ရခြင်းမှာ သူ့အမေ၏ စိတ်ခံစားမှုထက် ပို၍ အရေးကြီးသည် မဟုတ်ပါလား။
ဤကိစ္စနှင့် ပတ်သက်၍ စုန့်ကျယ်မှာလည်း သားဖြစ်သူနှင့် သဘောထားချင်း တိုက်ဆိုင်နေခဲ့သည်။
တကယ်တမ်းတွင် ယခင်က စုန့်ရှီးယန် အိမ်မှာမရှိသည့်အတွက် လင်းရန် တစ်ယောက်တည်း ဖြစ်နေမည်ကို စိုးရိမ်သောကြောင့်သာ မိဘများက သူတို့နှင့်အတူ ခေါ်ထားခြင်း ဖြစ်သည်။
ယခု စုန့်ရှီးယန်လည်း ပြန်ရောက်လာပြီဖြစ်၍ ဇနီးမောင်နှံငယ်လေးအား ဆက်လက်၍ အိမ်တွင်ခေါ်ထားရန် အကြောင်းမရှိပေ။
သူတို့က ကိုယ်ပိုင်ကမ္ဘာလေးတွင် နေချင်ကြသကဲ့သို့ သူနှင့် ဇနီးသည်ကလည်း နှစ်ယောက်တည်း အတူနေချင်သည်ပင်။
ထို့အပြင် အဖိုးစုန့်သည်လည်း စုန့်မိသားစုအိမ်တွင် တစ်နှစ်ခန့် နေထိုင်ပြီးနောက် သူ၏ သူငယ်ချင်းဟောင်းများကို သတိရသဖြင့် နှစ်ဝက်ခန့် ပြန်သွားနေရန် စီစဉ်ထားပြန်သည်။
ထိုသို့ဆိုလျှင် တစ်အိမ်လုံးတွင် သူနှင့် ဇနီးသည်တို့သာ ကျန်ရစ်ပေတော့မည်။ ဤကဲ့သို့သော အခွင့်အရေးကောင်းကို စုန့်ကျယ်အနေဖြင့် လက်လွှတ်မည်မဟုတ်သကဲ့သို့ စုန့်ရှီးယန်နှင့် လင်းရန်တို့ကိုလည်း ဆက်နေရန် တိုက်တွန်းလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် စုန့်ကျယ်နှင့် စုန့်ရှီးယန်တို့ သားအဖနှစ်ဦးမှာ တစ်ဦးက အမေချင်းကို နားချပြီး၊ နောက်တစ်ဦးက လင်းရန်ကို နားချခဲ့သည်။
ဤသို့ဖြင့် နောက်ဆုံးတွင် တွန့်ဆုတ်နေကြသော အမျိုးသမီးနှစ်ဦးမှာ ခွဲနေကြရတော့မည်ဟူသည့် လက်တွေ့ဘဝကို လက်ခံလိုက်ကြရလေတော့၏။
သို့သော် အမေချင်း၏ ပြင်းပြသော တောင်းဆိုမှုကြောင့် စုန့်ရှီးယန် လျှောက်ထားသော အိမ်မှာ စုန့်မိသားစုအိမ်နှင့် အလွန်နီးကပ်ကာ လမ်းလျှောက်လျှင် သုံးမိနစ်ပင် မပြည့်သော နေရာ၌ တည်ရှိလေသည်။
“တော်သေးတာပေါ့ ရန်ရန်၊ ငါတို့တွေ နောက်ပိုင်းကျရင် အတူတူ ထမင်းစားလို့ ရသေးတာပဲ၊ အတူတူ အိပ်လို့ပဲ မရတော့တာ”
လင်းရန်သည်လည်း အမေချင်းနှင့်အတူ နေထိုင်ရသည်ကို အသားကျနေပြီဖြစ်ပေ၏။ ယခုအချိန်တွင် အိမ်နှစ်လုံး၏ အကွာအဝေးမှာ အလွန်နီးကပ်သည်ကို မြင်သောအချိန်မှသာ သူမလည်း စိတ်အေးသွားရလေသည်။
“ကောင်းပါပြီ အမေ၊ ဒါဆိုရင် ကျွန်မတို့ အိမ်မှာပဲ ညစာ အတူတူစားကြမယ်၊ စားပြီးမှ အိမ်သစ်ကို ပြန်အိပ်မယ်လေ”
“ဒီလိုပဲလုပ်ရအောင်”
အမျိုးသမီးနှစ်ဦးမှာ ပျော်ရွှင်စွာဖြင့် လက်ချင်းတွဲလိုက်ကြလေ၏။
ကျန်ရစ်ခဲ့သော စုန့်ကျယ်နှင့် စုန့်ရှီးယန်:
“…”
ထားလိုက်ပါတော့၊ အနည်းဆုံးတော့ သူတို့က အိမ်တစ်လုံးတည်းမှာ ဆက်အိပ်မည်ဟု မပြောကြသည်မှာပင် ကျေနပ်စရာ ကောင်းလှပေပြီ။
နှစ်သစ်ကူး ဆယ်ရက်နေ့တွင် စုန့်ရှီးယန်နှင့် လင်းရန်တို့မှာ အိမ်သစ်တွင် အခြေကျပြီးနောက် လင်းရန်သည်လည်း ရင်းနှီးမြှုပ်နှံမှုပြပွဲ နေရာသို့ အလျင်အမြန်ပင် ထွက်ခွာခဲ့ရသည်။
စီစဉ်သူများက နှစ်သစ်ကူးကာလအတွင်း အပြောင်းအလဲများ ရှိပါက လူတိုင်းကို ချက်ချင်း အကြောင်းကြားနိုင်ရန်အတွက် ဆယ်ရက်နေ့တွင် ဆုံတွေ့ကြရန် ချိန်းဆိုထားလေ၏။
ရင်းနှီးမြှုပ်နှံမှုပြပွဲ နေရာမှာ ဝင်းအတွင်းမှ အနည်းငယ် ဝေးကွာနေခဲ့သည်။
စုန့်ရှီးယန်က နေ့ဘက်တွင် အလုပ်ဆင်းရမည်ဖြစ်၍ လင်းရန်ကို လိုက်မပို့နိုင်ပေ။ ထို့ကြောင့် မနက်ပိုင်းတွင် သူမအား တပ်မတော် ဘတ်စ်ကားဖြင့် မြို့ထဲသို့ သွားစေကာ ညနေပိုင်းမှသာ သူက ကားမောင်း၍ လင်းရန်အား အိမ်သို့ ပြန်ကြိုရန် စီစဉ်လိုက်လေသည်။
လင်းရန်က နှစ်ကြိမ်ခန့် ငြင်းပယ်သော်လည်း စုန့်ရှီးယန်က လိုက်ကြိုမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားသည်ကိုမြင်လျှင် သူမလည်း ထပ်မပြောတော့ပေ။
မနက်ကိုးနာရီခန့်တွင် လင်းရန်တစ်ယောက် ပြပွဲနေရာသို့ ရောက်ရှိသွားခဲ့သည်။ ရှောင်ချီမှာ မြို့ထဲတွင် နေထိုင်သူဖြစ်၍ သူမထက်ပင် စောစီးစွာ ရောက်နေခဲ့လေ၏။
လင်းရန် အပြင်ဘက်မှ ဝင်လာသည်ကို မြင်သည်နှင့် ရှောင်ချီသည် သူမထံသို့ ချက်ချင်း လျှောက်လာခဲ့သည်။
ပထမဦးစွာ သူက လင်းရန်အား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားဆိုလိုက်ပြီးနောက် ယနေ့တွင် အခြားသော စားဖိုမှူးတစ်ဦးလည်း ရောက်ရှိလာမည်ဖြစ်၍ လင်းရန်အနေဖြင့် နေ သူနှင့် ဆုံတွေ့နိုင်ပြီဖြစ်ကြောင်း ပြောပြခဲ့လေသည်။
ထိုစကားကိုကြားလျှင် လင်းရန်ကလည်း သဘောတူလိုက်၏။ သို့သော် ထိုစားဖိုမှူးမှာ အလွန်နောက်ကျမှ ရောက်လာခဲ့ခြင်း ဖြစ်သောကြောင့် လင်းရန်၏သိချင်လိုစိတ်များမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်ပြီ။
သူမ၏ အမူအရာမှာ ယခုအချိန်တွင် အတော်လေး အေးဆေး တည်ငြိမ်နေခဲ့လေသည်။
*
အခန်း(454)
ရှောင်ချီက လင်းရန်၏အမူအရာကို မြင်သော် ထိုအကြောင်းကို ထပ်မပြောတော့ပါချေ။
မည်သို့ပင်ဖြစ်စေ လင်းရန်က ထိုစားဖိုမှူးကို လူချင်းတွေ့လိုက်ရချိန်တွင် အမှန်တကယ်ပင် အံ့အားသင့်သွားလိမ့်မည်ဟု သူ တွေးထားလေသည်။
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာလည်း လင်းရန်နှင့် အဆင့်တူပြီး ရှားပါးလွန်းသည့် လူငယ်ပါရမီရှင်တစ်ဦးပင် မဟုတ်ပါလား။
အကယ်၍ လင်းရန်သာ အိမ်ထောင်မရှိခဲ့လျှင် ရှောင်ချီသည်က ထိုစားဖိုမှူးနှင့် လင်းရန်တို့မှာ အလွန်လိုက်ဖက်သော စုံတွဲတစ်တွဲ ဖြစ်လိမ့်မည်ဟုပင် တွေးမိပေလိမ့်မည်။
သူတို့နှစ်ဦးမှာ အသက်ချင်း တူညီကြသည့်အပြင် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းချင်းလည်း တူညီကြသည်။
အရေးကြီးဆုံးမှာ နှစ်ဦးလုံးမှာ ရုပ်ရည်ချောမောလှပကြခြင်းပင်။
လင်းရန်က အိမ်ထောင်ကျပြီးသွားခြင်းက နှမြောစရာ ကောင်းလွန်းပေသည်။ သို့မဟုတ်လျှင် ကောင်းမွန်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်ပေသည်။
လင်းရန်မှာတော့ ရှောင်ချီ၏အတွေးကို မသိပါချေ။
သူမပ မနက်ပိုင်းတွင် ထွက်ပေါ်လာသော အကြောင်းကြားစာအသစ်များကို သည်းခံ၍ နားထောင်ခဲ့သည်။
တကယ်တမ်းတွင် သူမသည်လည်း တခြားသူများကဲ့သို့ပင် တိုက်ရိုက် ပြန်နိုင်ပေ၏။ သို့သော်လည်း နောက်စားဖိုမှူးမှာ ရောက်မလာသေးပေ။
ယနေ့ပြီးလျှင် ထိုသူနှင့် မည်သည့်အချိန်တွင်မှသာ ဆုံတွေ့နိုင်မည်ကို မသိရသောကြောင့် သူမက ပြပွဲနေရာ၌ပင် ဆက်လက် စောင့်ဆိုင်းနေခဲ့ရလေသည်။
နောက်ဆုံးတွင် နေ့လယ်စာ စားရန် ဆယ်မိနစ်ခန့်သာ လိုတော့သည့်အချိန်၌ ရှောင်ချီက တံခါးဝသို့ လှမ်းကြည့်လိုက်ကာ မျက်လုံးများ အရောင်လက်သွားခဲ့လေ၏။
“လာပြီ... လာပြီ... ရဲဘော်လင်း၊ စားဖိုမှူးယွီ ရောက်လာပြီ”
လင်းရန်မှာတော့ အနည်းငယ် စိတ်မရှည် ဖြစ်နေလေပြီ။ ရှောင်ချီ၏ အသံကို ကြားလိုက်ရချိန်တွင် သူမသည်က ထိုစားဖိုမှူးနှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် အမြန်ဆုံး အဆုံးသတ်ကာ ပြန်ရန်သာ တွေးထားလေတော့သည်။
ဆိုရလျှင် အချိန်ကျလာပါက သူတို့အနေဖြင့် ကိုယ်ပိုင်အလုပ်ကို ကိုယ်စီ လုပ်ကြရမည်ဖြစ်၍ ယခုကြိုတင်တွေ့ဆုံခြင်းမှာ ယဉ်ကျေးမှုအရ တစ်ဦးကိုတစ်ဦး သိကျွမ်းထားရန်သက်သက်သာ ဖြစ်ပေသည်။
ထို့နောက်တွင်မှသာ အခက်အခဲရှိပါက တစ်ဦးကိုတစ်ဦး ကူညီနိုင်ကြမည် မဟုတ်ပါလား။
သို့မဟုတ်လျှင် လင်းရန်အနေဖြင့် လုံးဝ မသိကျွမ်းသော လူတစ်ယောက်အတွက် ဤမျှလောက်သော အချိန်ကို အလဟဿအဖြုန်းခံလိမ့်မည် မဟုတ်ပေ။
အမှန်အတိုင်း ပြောရလျှင် စုန့်ရှီးယန်ပင်လျှင် သူမအား ဤကဲ့သို့ တစ်ခါမျှ စောင့်ခိုင်းဖူးခြင်း မရှိပါချေ။
ရှောင်ချီ၏ စကားဆုံးသည်နှင့် လင်းရန်သည်လည်း ပြပွဲနေရာ၏ ဝင်ပေါက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်လေသည်။
တံခါးဝတွင် လူသုံးဦး တစ်ပြိုင်နက်တည်း ဝင်ရောက်လာခဲ့ပြီး သူမ၏ အကြည့်များမှာ နောက်ဆုံးမှ လျှောက်လာသူအပေါ်၌သာ အခိုင်အမာ စွဲမြဲသွားခဲ့ကာ အံ့သြသင့်သွားရလေသည်။
ရှောင်ချီသည်ကား လင်းရန်၏မျက်နှာတွင် သူထင်မှတ်ထားသကဲ့သို့ပင် အံ့အားသင့်သွားသည့် အမူအရာကို မြင်လိုက်ရသည်နှင့် ပို၍ပင် ဝမ်းသာသွားမိသည်။
သူက မတ်တတ်ထရပ်လိုက်ပြီး တံခါးဝဘက်သို့ လှမ်း၍ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နှုတ်ဆက်ကာ လက်ယမ်းပြလိုက်၏။
“စားဖိုမှူးယွီ... ကျွန်တော်တို့ ဒီမှာ”
မကြာမီမှာပင် တံခါးဝရှိ လူသုံးဦးထဲမှ ရှေ့ဆုံးမှ နှစ်ဦးမှာ ရှောင်ချီရှိရာဘက်သို့ လျှောက်လာကြပြီး နောက်ဆုံးမှ လူမှာတော့ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ထိုဘက်သို့ပင် လျှောက်လှမ်းလာခဲ့လေသည်။
သူက ဘာလို့ ဒီကို ရောက်နေတာလဲ။
လင်းရန်မှာ ထိုသူတို့ လျှောက်လာသည့် လမ်းကြောင်းကိုသာ မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေမိပြီး အခြေအနေကို ချက်ချင်း သဘောမပေါက်နိုင်သေးဘဲ ရှိနေသည်။
ထိုအခြေအနေကို မြင်လျှင် ရှောင်ချီက “သူ ထင်ထားတဲ့အတိုင်းပါပဲ” ဆိုသည့် အမူအရာမျိုးဖြင့် လင်းရန်အား တီးတိုး ပြောလိုက်၏။
“ရဲဘော်လင်း... ဘယ်လိုလဲ၊ စားဖိုမှူးယွီကို မြင်ရင် အံ့သြသွားလိမ့်မယ်လို့ ကျွန်တော် ပြောသားပဲ၊ သူက တကယ်ကို ခန့်ညားတယ်မလား၊
ကျွန်တော် မြင်ဖူးသမျှထဲမှာတော့ သူက အခန့်ညားဆုံးနဲ့ ကြည့်အကောင်းဆုံး စားဖိုမှူးပါပဲ၊
အဓိကအချက်က သူက ငယ်သေးတယ်၊ ဒီနှစ်မှ အသက်သုံးဆယ်တောင် မပြည့်သေးဘူး၊ လက်ရာကလည်း အရမ်းထူးချွန်တာ၊ မြို့တော်က လူတွေတောင် သူ့ကို ဟင်းချက်ခိုင်းဖို့ ဖိတ်ကြတာလေ
သူကလည်း ရဲဘော်လင်းလို တကယ့် လူငယ်ပါရမီရှင်ပဲ”
“တကယ်လို့ ရဲဘော်လင်းသာ စားဖိုမှူးယွီနဲ့ စောစောစီးစီး သိခဲ့ရင်... အဟမ်း... ဘာမှမဟုတ်ပါဘူး၊ ကျွန်တော် အလကား လျှောက်ပြောနေတာပါ!”
ရှောင်ချီသည်က စိတ်လှုပ်ရှားစွာ ပြောဆိုနေသော်လည်း လင်းရန်မှာ အိမ်ထောင်ရှိပြီးသား ဖြစ်သည်ကို ချက်ချင်း သတိရသွားသည်။
လင်းရန်၏ စစ်သားခင်ပွန်းသည် စားဖိုမှူးယွီထက် ပို၍ ရုပ်ရည်ချောမောကာ သူမနှင့် ဝါသနာချင်း တူနေလိမ့်မည်ဟု သူ လုံးဝမထင်ထားပါချေ။
သို့သော်လည်း အိမ်ထောင်ရှိသူများဖြစ်သဖြင့် သူတို့၏ အိမ်ထောင်ရေးကို ဖြိုခွဲရန် သူ့ထံတွင် ရည်ရွယ်ချက် မရှိပေ။ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်လျှင် မိုးကြိုးပစ်ခံရပေလိမ့်မည်။
အမှန်တရားမှာ ရှင်းလင်းသော်လည်း ရုပ်ရည်ချောမောမှုကို နှစ်သက်တတ်သော ရှောင်ချီအတွက်တော့ လင်းရန်သာ စားဖိုမှူးယွီနှင့် စောစောစီးစီး ဆုံတွေ့ခဲ့လျှင် ပိုမိုကောင်းမွန်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်မည်ဟုတွေးတောကာ နှမြောနေမိလေ၏။
သူ စကားပြောပြီးသည်နှင့် စားဖိုမှူးက သူ၏ လက်ထောက်နှင့်အတူ ရှောင်ချီနှင့် လင်းရန်တို့ထံ လျှောက်လာခဲ့သည်။
သူတို့၏နောက်မှ လူတစ်ဦး ထပ်မံပါလာသည်ကိုတော့ ရှောင်ချီက ဂရုမစိုက်ပါချေ။
ထိုလူက စားဖိုမှူးယွီနှင့်အတူ လိုက်ပါလာသူဟုသာ မသိစိတ်ဖြင့် ထင်မှတ်လိုက်လေသည်။
ထို့ကြောင့် သူသည်က ထိုသူအား လျစ်လျူရှုထားကာ မတ်တတ်ထရပ်၍ လင်းရန်အား စားဖိုမှူးယွီနှင့် မိတ်ဆက်ပေးလိုက်လေ၏။
“စားဖိုမှူးယွီ... ဒါကတော့ ရင်းနှီးမြှုပ်နှံမှုပြပွဲနေ့မှာ အစားအသောက်ပိုင်းကို တာဝန်ယူရမယ့် နောက်ထပ်စားဖိုမှူး လင်းရန်.. စားဖိုမှူးလင်းပဲ၊
ခင်ဗျားတို့ နှစ်ယောက်က အသက်ချင်းလည်း သိပ်မကွာတော့ စကားပြောရတာ အဆင်ပြေမှာပါ”
ရှောင်ချီက စားဖိုမှူးယွီအား ပြုံးရွှင်စွာ ကြည့်လိုက်ပြီးနောက် လင်းရန်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။
စားဖိုမှူးယွီသည်လည်း လင်းရန်ကို မြင်လိုက်ရသည့် ခဏ၌ သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်ကို မြင်လိုက်ရသောကြောင့် ရှောင်ချီမှာ ပို၍ပင် ကျေနပ်သွားလေသည်။
“စားဖိုမှူးလင်းက ဒီနှစ်မှ အသက် (21)နှစ်ပဲ ရှိပါသေးတယ်၊ စားဖိုမှူးယွီ... ခင်ဗျား အဲဒီအရွယ်တုန်းကထက်တောင် ပိုပြီး တော်နေတယ်မလား”
စားဖိုမှူးယွီမှာ ရှောင်ချီက နောက်ပြောင်နေခြင်း မဟုတ်ဘဲ သူ၏ အရှေ့မှ လှပသော အမျိုးသမီးငယ်မှာ အမှန်တကယ်ပင် စားဖိုမှူးဖြစ်ကြောင်းကို သိရှိသွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်ပြီးခေါင်းညိတ် ထောက်ခံလိုက်လေသည်။
“အမှန်ပါပဲ”
တစ်ဖက်လူ၏ အသံကို ကြားရမှသာ လင်းရန်လည်း သတိပြန်ဝင်လာကာ သူ့ကိုပြန်ကြည့်လိုက်ပြီး ယဉ်ကျေးစွာ ပြောဆိုလိုက်၏။
“မဟုတ်ပါဘူး၊ စားဖိုမှူးယွီက နှိမ့်ချလွန်းနေပါပြီ”
ထိုသို့ပြောပြီးနောက် လင်းရန်က စကားစပြတ်သွားလေသည်။ တစ်ဖက်မှ စားဖိုမှူးယွီမှာလည်း တစ်ခုခုပြောလိုချင်ရသော်လည်း ခရီးပန်းလာခြင်းနှင့် လင်းရန်နှင့် မရင်းနှီးသေးခြင်းတို့ကြောင့် နောက်ဆုံးတွင်တော့ ယဉ်ကျေးစွာ ပြုံးပြရုံသာပြုလုပ်ပြီး ထပ်မပြောတော့ပေ။
ထိုအခြေအနေကို မြင်လျှင် ရှောင်ချီတစ်ယောက် အနည်းငယ် ရှုပာထွေ့သွားရလေသည်။
ဒါပဲလား...
စားဖိုမှူးနှစ်ယောက်ရဲ့ တွေ့ဆုံမှုက ဒီအတိုင်းအဆုံးသတ်သွားတာလား။
သူတို့နှစ်ဦးလုံးက ပြောစရာ စကားမရှိသကဲ့သို့ ဖြစ်နေသည်ကို မြင်လျှင် သူကသာ ကြားဝင်၍ စကားပြောပေးရလေသည်။
မည်သို့ပင်ဖြစ်စေ နှစ်ဦးလုံးမှာ ပြပွဲအကြောင်းကို သိရှိပြီးဖြစ်ကာ တစ်ဦးချင်းစီလည်း ကျွမ်းကျင်ရာ ဟင်းလျာများကိုသာ ချက်ပြုတ်ကြရမည်ဖြစ်၍ တစ်ဦးကိုတစ်ဦး ကူညီရန်မှာ သိပ်ပြီး မလိုအပ်ပေ။
ထို့ကြောင့် ရှောင်ချီက နောက်ပိုင်းတွင် မမျှော်လင့်ထားသော အခြေအနေများ ဖြစ်ပေါ်လာပါက အတူတူ ဖြေရှင်းနိုင်ကြရန်နှင့် တစ်ဦးကိုတစ်ဦး ကူညီပေးနိုင်ကြရန်သာ မှာလိုက်လေ၏။
လင်းရန်နှင့် စားဖိုမှူးယွီ နှစ်ဦးလုံးက ခေါင်းညိတ်ပြကာ သူတို့ တတ်နိုင်သမျှ ကူညီမည်ဟု ပြောဆိုလိုက်ကြသည်။
ရှောင်ချီလည်း ထိုအခြေအနေကို မြင်သောအခါ တွေ့ဆုံမှုမှာ ပြီးဆုံးပြီဖြစ်ကြောင်း သိလိုက်ရတော့၏။
သူက သက်ပြင်းချလိုက်ပြီးမေးလိုက်လေသည်။
“ဒါဆိုရင်... ကျွန်တော်တို့ လူစုခွဲကြမလား”
ဤသည်မှာ လင်းရန် စောင့်မျှော်နေသော စကားပင် ဖြစ်၏။ သူမက ထိုစကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
သို့သော် သူမက သဘောတူကြောင်း ပြောတော့မည့်အချိန်မှာပင် စားဖိုမှူးယွီနှင့် လက်ထောက်တို့၏ နောက်ကွယ်၌ ရပ်နေသောလူက စကားပြောလာလေ၏။
“သွားလို့ ရပြီလား”
ရှောင်ချီမှာ က စားဖိုမှူးယွီ၏ ကိုယ်စား မေးမြန်းခြင်းဟုတစ်ဖက်လူကာသဖြင့် အလျင်အမြန်ပင် ပြန်လည်ဖြေလိုက်သည်။
“ရပါပြီ ရဲဘော်၊ လမ်းမှာ အတော်လေးပင်ပန်းလာမှာဆိုတော့ ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ပါဦး”
သို့သော် သူ စကားမဆုံးသေးမီမှာပင် ဘေးနားရှိ လင်းရန်၏ အသံကို ကြားလိုက်ရလေသည်။
“ကောင်းပြီလေ”
ရှောင်ချီမှာ ကြောင်အသွားကာ လင်းရန်အား အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်လေ၏။
လင်းရန်မှာ စုန့်ရှီးယန်ထံသို့ လျှောက်သွားရန် ပြင်လိုက်ချိန်တွင် ရှောင်ချီ၏ အကြည့်များကြောင့် လန့်သွားရသည်
သူမက ခေတ္တရပ်တန့်လိုက်ပြီး ဝေခွဲမရသော လေသံဖြင့် မေးလိုက်၏။
“ဘာဖြစ်လို့လဲ ရဲဘော်ရှောင်ချီ၊ ရှင်းပြဖို့ ကျန်သေးတာ ရှိလို့လား”
သို့မဟုတ်လျှင် သူက သူမကို အဘယ်ကြောင့် ဤကဲ့သို့ ကြည့်နေရပါမည်နည်း။
ရှောင်ချီလည်း နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။
“ရဲဘော်လင်း... ဒါက ရဲဘော်ရဲ့အသိလား! ကျွန်တော်က စားဖိုမှူးယွီတို့နဲ့ အတူပါလာတဲ့သူလို့ ထင်နေတာ”
စုန့်ရှီးယန်မှာ အလုပ်ဆင်းပြီးနောက် အဝတ်အစား လဲလှယ်ထားသည့်အတွက် ယခုအချိန်တွင် သူ၏ အသက်မွေးဝမ်းကျောင်း အလုပ်က စစ်သားဖြစ်ကြောင်းကို ရှောင်ချီ မသိနိုင်ပေ။
တစ်ဖက်လူက အရပ်အလွန်ရှည်ပြီး ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်လွန်းသောကြောင့် ရှောင်ချီအနေဖြင့် တစ်ဖက်လူအား စားဖိုမှူးယွီ၏ လုံခြုံရေးအတွက် လိုက်ပါလာသူဟုသာ မသိစိတ်ဖြင့် ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသူမှာ သက်တော်စောင့်နှင့် မတူသော်လည်း ထိုအချက်မှလွဲ၍ ရှောင်ချီက စဉ်းစား၍ မရနိုင်တော့ပေ။
ထိုစကားကို ကြားလျှင် လင်းရန်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ရှောင်ချီ၏ စူးစမ်းလိုသော မျက်ဝန်းများအောက်တွင် အသံတိုးတိုးဖြင့် ရှင်းပြလိုက်လေ၏။
“အင်း... သူက ကျွန်မရဲ့ အမျိုးသားပါ၊ ကျွန်မကို လာကြိုတာလေ”
ဘာ!
တစ်ဖက်လူက စားဖိုမှူးယွီ၏ သက်တော်စောင့် မဟုတ်ရုံမျှမကဘဲ လင်းရန်၏ အမျိုးသား ဖြစ်နေသည်လား။
ဒါဆို သူက စစ်သားအဖြစ်လုပ်ကိုင်နေတဲ့ သူမရဲ့ခင်ပွန်းသည် ရဲဘော်ပေါ့လေ။
ရှောင်ချီ ယခင်က စိတ်ကူးထားခဲ့သော ခန္ဓာကိုယ် ထွားကျိုင်းကြီးမားသည့် စစ်သားပုံရိပ်နှင့် အလွန်ပင် ကွာခြားလွန်းနေခဲ့သည်
စုန့်ရှီးယန်၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်မှု မရှိ၍မဟုတ်ဘဲ သူ၏ မျက်နှာက အလွန်အမင်း ဆွဲဆောင်မှု ရှိလွန်းနေသောကြောင့်သာဖြစ်ပေ၏။
စုန့်ရှီးယန်၏ အထောက်အထားကို အတည်ပြုပြီးနောက် ရှောင်ချီတစ်ယောက် အဘယ်ကြောင့်မှန်းမသိဘဲ စုန့်ရှီးယန်၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ရဲဘဲ ဖြစ်သွားရလေသည်။
ကံကောင်းစွာဖြင့် သူ့ဘက်မှ စုန့်ရှီးယန်အား လင်းရန်နှင့် မလိုက်ဖက်ဟု ယခင်က တွေးတောခဲ့သည်ကို တစ်ဖက်လူက မသိရှိထားပါချေ။
သို့မဟုတ်လျှင် ယနေ့တွင် သူ အလွန်အမင်း မျက်နှာပူရပေလိမ့်မည်။
*