← Chapters

မင်းတို့ကဉာဏ်ကောင်းတဲ့လူတွေဆိုတော့

Vol. 24 Ch. 330

မင်းတို့ကဉာဏ်ကောင်းတဲ့လူတွေဆိုတော့

Vol. 24 Ch. 330

အခန်း (၃၃၀) မင်းတို့ကဉာဏ်ကောင်းတဲ့လူတွေဆိုတော့

ကျန်းလန် ကျောက်ဂူဆီသို့လျှောက်သွားလိုက်သည်။

တစ္ဆေတိုင်းပြည်မှ တန်ခိုးစွမ်းအားရှင်က အထဲတွင် ရှိနိုင်သော်လည်း သူ မည်သည့်အရာကိုမှ အာရုံခံနိုင်ခြင်း မရှိပေ။

ထိုသူကို ခွန်လွန်တောင်မှ အကြီးအကဲများ ရှင်းပစ်လိုက်ခြင်းတော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ဆရာဖြစ်သူကလည်း သူတို့အနေဖြင့် ဤကိစ္စကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟု ပြောသွားသည်။ ထိုစကားအဓိပ္ပါမှာ တစ္ဆေချီစွမ်းအားက ခွန်လွန်တောင်ကို ဒုက္ခမပေးသရွေ့ သုတ်သင်ပစ်မည်မဟုတ်ဟု ဆိုလိုသည်။

ထို့ပြင် ခွန်လွန်တောင်က တစ္ဆေတိုင်းပြည်ကို တစ်စုံတစ်ခု ရရှိသွားစေရန် ဆန္ဒရှိနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အရာအားလုံးက တောင်သခင်များ၏ဆန္ဒအတိုင်းသာ ဖြစ်သည်။

ခွန်လွန်တောင်က ကောင်းမွန်ပါသည်လား။

ကျန်းလန်ကတော့ ခွန်လွန်တောင်မှ တပည့်ဖြစ်လေရာ ခွန်လွန်တောင်က သူ့အပေါ်အလွန်ကောင်းသည်ဟု ခံစားရသည်။ အထူးသဖြင့် တောင်သခင်များနှင့် ဂိုဏ်းတူမောင်နှမများ ဖြစ်သည်။

အားလုံးက သူ့အပေါ်ကောင်းကြသည်။

ပထမတောင်ထွတ် ၊ ဒုတိယတောင်ထွတ် ၊ တတိယတောင်ထွတ် ၊ ပဉ္စမတောင်ထွတ်နှင့် အဋ္ဌမတောင်ထွတ်များမှ ကောင်းမွန်သည့် ဂိုဏ်းတူအစ်ကိုများနှင့် သူတွေ့ဆုံခဲ့ရသည်။

ထိုသူများက သူ့အပေါ်အလွန်ကောင်းကြသည်ဟု မဆိုသာသော်လည်း မဆိုးသည်မှာ သေချာသည်။

အပြင်လူများအတွက်တော့...

ခွန်လွန်တောင်ဆိုသည်က အသားကိုစားရုံသာမက အရိုးကိုပါမျိုချတတ်သည့် ဂုတ်သွေးစုတ် ဆိုးယုတ်သူများ ဖြစ်ကြသည်။

နဂါးမျိုးနွယ်မျာက အတွေ့အကြုံနက်ရှိုင်းပြီး နတ်လူသားများနွယ်များသည်လည်း အနည်းနှင့်အများ အတွေ့အကြုံရှိသူများ ဖြစ်ကြသည်။

တစ္ဆေတိုင်းပြည် အခြေအနေကတော့ ပြောရခက်သည်။

ခွန်လွန်တောင်က အချို့သောကိစ္စရပ်များတွင် ရရှိမည့်အကျိုးအမြတ်များကို စွန့်လွှတ်တတ်သော်လည်း ဘယ်တော့မှ အရှုံးခံမည့်သူများ မဟုတ်ပေ။

အပေးအယူတစ်ခု သို့မဟုတ် တိုက်ပွဲတစ်ခုတွင် ခွန်လွန်တောင်ဘက်က ရှုံးနိမ့်သည်ကို ကျန်းလန် တစ်ခါမှ မမြင်ဖူးသေးပေ။

ဧကရာဇ်ရှီးဟယ်ပြောခဲ့သည့် စကားများကို ကျန်းလန် မှတ်မိနေဆဲ ဖြစ်သည်။

"ခွန်လွန်တောင်က ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်လျှောက် မည်သည့်ရန်သူကိုမှ မကြောက်ရွံ့" ဆိုသည့်စကားဖြစ်သည်။

ထိုအချိန် ကျန်းလန် ကျောက်ဂူအဝင်ဝသို့ ရောက်လာသည်။

ကျောက်ဂူအတွင်းမှ မရှိမှုအာကာသ ၊အလယ်ဆင့် သားရဲကောင်များ အရှိန်အဟုန်ဖြင့် ထွက်လာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။

မရှိမှုအာကသ ၊ နောက်ဆုံးအဆင့် သားရဲများပင် ပါဝင်သည်။

ခွန်လွန်တပည့်အုပ်စု ကျောက်ဂူထဲ မဝင်ရောက်နိုင်သည်မာ အံ့သြစရာ မဟုတ်တော့ပေ။

ချိုကျင်းနှင့်အခြားသူများကတော့ ကျောက်ဂူအတွင်း ဝင်ရောက်သွားသည့် ကျန်းလန်ကို ကြည့်နေကြသည်။

သူတို့အနေဖြင့် ထိုသူကို အန္တရယ်များကြောင်း သတိသာပေးနိုင်သည်။ တကယ်တမ်း သားရဲများနှင့်တိုက်ပွဲရင်ဆိုင်ရပါက ထိုသူ မည်သို့ဖြေရှင်းမည်ကို ဘယ်သူမှ မသိနိုင်ပေ။

ထိုသူ ပြန်နောက်ဆုတ်ချင်ဆုတ်သွားမည် ၊ မဟုတ်ပါက အခြားနေရာများသိုပ ရှောင်တိမ်းဝင်ရောက်သွားနိုင်သည်။

ထိုစဉ်မှာပင် ကြောက်မက်ဖွယ်ရာသားရဲကြီးတစ်ကောင် ကျန်းလန်ရှေ့သို့ ရောက်လာသည်ကို သူတို့ တွေ့မြင်လိုက်ကြရသည်။

ကျန်းလန်က အသတ်မခံရခင် နောက်ပြန်ဆုတ်မည်လား။ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် တိုက်ခိုက်မည်လား။ လက်ရှိအချိန်တွင် ဆုတ်ခွာခြင်းနှင့် တန်ပြန်တိုက်စစ်ဆင်ခြင်း (၂)ခုသာလျှင် ရွေးချယ်နိုင်တော့မည် ဖြစ်၏။

သူတို့ မှန်းဆနေကြစဉ်မှာပင် သားရဲကြီးက ကျန်းလန်ရှိရာသို့ ခုန်ဝင်လာသည်။

ချိုကျင်းနှင့် အခြားသူများမှာ အနည်းငယ် စိတ်ရှုတ်ထွေးသွားကြသည်။

"ဒီလူက ဘာကြောင့်အခုထိ မတိုက်ခိုက်သေးတာလဲ"

"ထိုသူ အသတ်ခံရတော့မည်လား"

သို့သော် စက္ကန့်အနည်းငယ်အတွင်း ကျန်းလန်က လက်ကိုဆန့်တန်းကာ သားရဲကြီး၏ တိုက်ခိုက်မှုအား တားဆီးထားလိုက်သည်ကို တွေ့မြင်လိုက်ကြရသည်။

ကျန်းလန်က သားရဲကြီး၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်၏

ထို့နောက်...

"ဘန်း"

သားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ကြေမွသွားသည်။

မြင်ကွင်းကို တွေ့မြင်လိုက်ရသည်နှင့် ချိုကျင်းတို့အုပ်စုမှာ နောက်သို့ အလိုလို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြသည်။ သူတို့ အလွန်အံ့သြတုန်လှုပ်သွားမိကြသည်။

ခဏအကြာတွင်တော့ ကျောက်ဂူအတွင်းမှ အသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"ဘန်း"

"ဘန်း"

"ဘန်း"

ကျောက်ဂူအတွင်းမှ သားရဲများအားလုံး ပေါက်ကွဲထွက်ကုန်ကြခြင်း ဖြစ်သည်။

အသံကိုကြားရလေလေ သူတို့အားလုံး ပိုပြီး အံ့သြတုန်လှုပ်လာလေလေ ဖြစ်သည်။ မကြာမီ အသံများပျောက်ကွယ်သွားပြီး ကျောက်ဂူအတွင်းမှ မည်သူမှ အပြင်ပြန်ထွက်လာသည်ကို မတွေ့ရပေ။

"အနားကပ်ပြီး သွားကြည့်ရအောင်"

ပြောရင်း ချိုကျင်းက ရှေ့သို့အသာတိုးကပ်သွားသည်။

ထို့နောက် ကျောက်ဂူအတွင်းသို့ ကြည့်ရှုရန် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းလိုက်သည်။ တွေ့မြင်လိုက်ရသည့်မြင်ကွင်းက ချိုးကျင်းကို များစွာ တုန်လှုပ်သွားစေသည်။

သူတွေ့မြင်လိုက်ရသည်က ကျောက်ဂူတစ်ခုလုံး ပြည့်နေသည့် သွေးမှုံများသာ ဖြစ်ပြီး ကျောက်ဂူထဲတွင် မည်သည့်သားရဲမှ ရှိမနေတော့ပေ။

သူသိသလောက် ကျောက်ဂူထဲတွင် မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် သားရဲများပင်ရှိနေပြီး ထို့ထက်ပင် အဆင့်မြင့်ကောင်းမြင့်ကြပေလိမ့်မည်။

မဟုတ်ပါက ထိုသားရဲများကို သူတို့အုပ်စု တစ်ကောင်ချင်းမျှားခေါ်နေမည် မဟုတ်ပေ။

သို့သော် ယခုတော့…

သွေးမှုံများသာလျှင် ကျန်ရစ်တော့သည်။

"ဂိုဏ်းတူအစ်ကို ၊ ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ"

ချိုကျင်းအနားရောက်လာပြီး ကျောက်ဂူအတွင်းမှ မြင်ကွင်းကိုကြည့်နေကြသည့် အခြားသူများမှာလည်း တုန်လှုပ်လျှက် ရှိကြသည်။

တစ်ဖက်လူက ကြေက်မက်ဖွယ်ရာသားရဲများကို လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်စေလိုက်သည် မဟုတ်လား။

ဤသည်က မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက် ပြုလုပ်နိုင်သည့်အရာမဟုတ်ပေ။

"သူတို့တွေ့ဆုံခဲ့ရသည်က အင်မော်တယ်တစ်ယောက်များလား"

"ထိုသူက ခွန်လွန်တောင်ကလား"

သူတို့ အားလုံး တွေးတောမိကြသည်။

"အားလုံးနောက်ဆုတ်ကြ ၊ ပြန်ကြမယ်"

ချိုကျင်းက ဤနေရာတွင်  ဆက်နေရန် ရည်ရွယ်ချက် မရှိတော့ပေ။

ထိုသူက သူတို့ကို အရေးမစိုက်လျှင် သူတို့သည်လည်း ထိုသူရှေ့သို့ သွားစရာ မလိုပေ။

သူတို့က ထိုသူကို ပြဿနာရှာသလို ဖြစ်သွားမည်ဆိုလျှင် သူတို့ပါ ရှင်းပစ်ခံရနိုင်ခြေရှိသည်။

ထိုသူသာ အင်မော်တယ်တစ်ယောက်ဆိုလျှင် တန်ခိုးစွမ်းအားများစွာ အသုံးပြုရန် မလိုဘဲ သူတို့အားလုံးကို ရှင်းပစ်နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ အလွန်အန္တရယ်များသည့် အနေအထား ဖြစ်သည်။

အရင်က ဘေးဆိုးအန္တရယ်များမှ လွတ်အောင်ရှောင်တိမ်းနိုင်ခဲ့ကြသည်မှာ သူတိုအတွင် ကံကောင်းနေပြီဖြစ်ပြီး ယခုအချိန် ဘေးအင်းအောင်လက်ရှောင်သည်က အကောင်းဆုံး ဖြစ်၏။

***

"ဘုန်း"

ကျန်းလန်က သားရဲကောင်များအားလုံးကို သတ်ဖြတ်ပစ်ပြီးနောက် ကျောက်ဂူအတွင်းပိုင်းသို့ ဝင်ရောက်သွားသည်။

ဂူအတွင်းပိုင်းက အနည်းငယ်မှောင်မိုက်ပြီး ဘာမှမရှိသည့် နေရာတစ်ခု ဖြစ်သည်။

ကျောက်ဂူအလယ်ပိုင်းတွင်တော့ ပုံရိပ်တစ်ခု ရှိနေသည်။

ကျန်းလန်က ၎င်းပုံရိပ်ကို တစ်ချက် ကြည့်လိုက်သည်။ သို့ရာတွင် ထိုသူ၏ ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။

သို့ပေသိ တစ်ဖက်လူက အလွန်စွမ်းအားနည်းနေကြောင်း ခံစားရသည့်အတွက် ကျန်းလန် အနည်းငယ် ထူးဆန်းသွားသည်။

“မင်းက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားလား ၊ ကျုပ်က မင်းနဲ့ အပေးအယူတစ်ခု လုပ်ချင်လို့ပါ”

ကျောက်ဂူအတွင်းက လူရိပ်က စကားစ ပြောလိုက်သည်။

သို့သော် ကျန်းလန်က ထိုသူပြောသည့် စကားကို နားမထောင်ဘဲ ထိုသူရှိရာသို့တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။

ပြီးနောက် လက်တစ်ဖက်ဖြင့် ထိုပုဂ္ဂိုလ်၏ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။

ကျန်းလန်က...

“တစ္ဆေတိုင်းပြည်ကလူတွေက သံမဏိလိုပဲ မာကျောတယ်လို့ ကြားဖူးတယ် ၊ မင်းရဲ့ခေါင်း ဘယ်လောက်မာလဲ ကျုပ်စမ်းကြည့်ချင်တယ်”

တစ်ဖက်လူက...

“ကျုပ်က ဘာမှတောင် စမပြောရသေးဘူးလေ ၊ လူသား... ကျုပ်ပြောတာနားထောင်......”

"ဘန်း"

ထိုသူ ဘာစကားမှမဆိုနိုင်ခင်မှာပင် ကျန်းလန်က သူ့ခေါင်းကို တစ်စစီချေမွှပစ်လိုက်သည်။

အနက်ရောင်တစ္ဆချီစွမ်းအားများ နေရာအနှံ့သို့ ပျံ့ကျဲသွားပြီး ပုံရိပ်သည်လည်း ပျောက်ကွယ်သွားသည်။

သို့သော် အနက်ရောင်မြူခိုးများက တစ်ဖန်ပြန်လည်စုစည်းသွားပြီး မြူခိုးများအတွင်းမှ တစ္ဆေမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်။

“ဒီလူက တကယ့်ကို သတ်ရခက်တာပဲ”

ကျန်းလန် ကောက်ချက်ချလိုက်သည်။

ထိုသူသည်ကား လွန်ခဲ့သည့် နှစ်များစွာက သူ၏သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်ကြည့်ရှုခဲ့သည့် တန်ခိုးစွမ်းအားရှင်ဖြစ်ကြောင်းကိုလည်း ချက်ချင်း သိလိုက်သည်။

လက်ရှိတွင် ထိုသူက အလွန်အားနည်းဟန် ရှိနေသည့်တိုင် သတ်ဖြတ်ရန်မှာ မလွယ်ကူလှပေ။

တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက...

“ကောင်လေး ၊ ကျုပ်ခေါင်းက အတော်မာရဲ့ မဟုတ်လား”

ဟု မေးလိုက်၏၏။

ကျန်းလန်က မေးခွန်းကို မဖြေခဲ့ပေ။

ထိုအစားသူက တည့်ထိုးပင်မေးလိုက်သည်။

“ကျုပ်ကို ဘာကိစ္စတွေ့ချင်တာလဲ”

"အဲဒီအကြောင်းကို မပြောခင် ကျုပ် မင်းကို မေးခွန်းတစ်ခုလောက် မေးချင်ပါတယ် ၊ ခွန်လွန်တောင်က အကြီးအကဲတွေနဲ့ မင်းနဲ့ဆိုရင် ဘယ်သူကပိုပြီး စိတ်ထားယုတ်မာသလဲ”

တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက ကျန်းလန်ကို ကြည့်ပြီး မေးလိုက်သည်။

“ကြည့်ရတာ မင်းလည်း သူတို့လိုပဲစိတ်ပုတ်မှာပဲ”

“ခွန်လွန်တောင်က အကြီးအကဲတွေက သူ့ထက်ပိုပြီးစိတ်ပုတ်တယ်”

ဟု ကျန်းလန် စိတ်ထဲက ပြောလိုက်သည်။

ဟုတ်သည်လေ။

ဆရာဒေါ်လေး မြောင်ယွဲ့နှင့်ယှဉ်လျှင် သူဉာဏ်များသည်က ကလေးအဆင့်မျှသာ ရှိသည်။

“လူသား ၊ ခွန်လွန်တောင်ကလူတွေ ဘယ်လောက် စိတ်ထားညစ်ပတ်ယုတ်မာကြလဲဆိုတာ မင်းသိသလား”

တစ္ဆေချီစွမ်းအားက ဒေါသတကြီးဖြင့် ဆိုသည်။

"အရင်က ကျုပ်တို့ တစ္ဆေတံခါးဖွင့်မလို့ ကြိုးစားတုန်းကလည်း ခွန်လွန်တောင်က တားဆီးလို့ ကျုပ် အလျှော့ပေးခဲ့ရတယ် ၊ ဒါပေမဲ့ မင်းတို့ကျကတော့ ကျုပ်ရမယ့် နတ်ဘုရားရာထူးကို လုယူသွားတယ်”

“ခွန်လွန်တောင်က လုံး၀ စိတ်ထားယုတ်ပတ်လွန်းတယ် ၊ ကျုပ်ရမယ့် နတ်ဘုရားရာထူး ခိုးယူခံရလို့ ကျုပ်က အားလုံးကို သတ်မလို့လာတုန်းကလည်း စကား (၃)ခွန်းထဲပြောပြီး ကျုပ် နောက်ပြန်လှည့်သွားအောင် လှည့်စားခဲ့တယ် ၊ အင်းပေ့ါလေ ၊ လောကမှာ ဉာဏ်ကောင်းတဲ့သူတွေက အသာစီးရတာပဲပေ့ါ”

“ဒါပေမဲ့ အဲဒီ စကား (၃)ခွန်းက အဓိပ္ပါယ်တော့ ရှိခဲ့ပါတယ်”

ထိုစကားများကြောင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

ထိုစကားများအရဆိုလျှင် တစ္ဆေတိုင်းပြည်နှင့် ခွန်လွန်တောင်က တစ်ကြိမ်ထက်မက ရင်ဆိုင်ခဲ့ကြဖူးသည်မှာ ထင်ရှားသည်။

ကျန်းလန်က တစ္ဆေတံခါးကို ဖွင့်စဉ်က တိုက်ပွဲကိုသာ သိရှိခဲ့ပြီး ဒုတိယတိုက်ပွဲကို သတိမထားခဲ့မိပေ။

သို့သော်…

မည်သို့သော စကား (၃)ခွန်းက တစ်ဖက်လူကို ဒီအတိုင်းပြန်သွားစေရန် လှည့်စားခဲ့ပါသနည်း။

ကျန်းလန်က ထိုအကြောင်းကို အများကြီး မစဉ်းစားတော့ပေ။

သူက စကားမပြောဘဲ တိတ်ဆိတ်စွာပင် စောင့်နေ၏။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ကိုလည်း သတိထားနေခဲ့သည်။

ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုတစ်ခုခု တွေ့ရှိပါက သူက ချက်ချင်းပင် တစ်ဖက်လူကို သတ်ဖြတ်ရန် ကြိုးစားမည် ဖြစ်သည်။

သတ်ဖြတ်ရန် မဖြစ်နိုင်လျှင်တော့ ထွက်ပြေးရမည် ဖြစ်သည်။

“မင်းရဲ့ နတ်ဘုရားရာထူးကြောင့် မင်းကို ကျုပ်လာရှာတာ ၊ အိုး… မင်းက ကျုပ်ဆီက နတ်ဘုရားရာထူးကို လုယူသွားတာဆိုတော့ မင်းက ခွန်လွန်တောင်က အကြီးအကဲတွေထက်တောင် စိတ်ထားပိုယုတ်မာတဲ့ပုံပဲ"

“မင်းပဲမဟုတ်လား ၊ တစ္ဆေတံခါး ဖွင့်မရအောင် ကျုပ်လူတွေကို သတ်ဖြတ်ခဲ့တာ ၊ အဲဒီတုန်းက မင်းကြောင့် ကျုပ်တို့တစ္ဆေတိုင်းပြည်က တစ္ဆေချီစွမ်းအားတွေလည်း အများကြီး ဆုံးရှုံးခဲ့ရတယ်"

“ဟုတ်တယ် ဟုတ်တယ် ၊ မင်းက ကျု့်ရဲ့ ကြမ္မာဆိုးပဲ ၊ မင်းက ကျု့်ရဲ့ ရန်သူပဲ”

တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားသည် ကျန်းလန်ကိုကြည့်ရင်း နောက်ဆုံးတော့ သူ၏ရန်သူအစ်အမှန်ကို ရှာတွေ့ခဲ့ပြီဟု နားလည်လိုက်သည်။

ကျန်းလန် : “……”

တစ်ဖက်လူက သူမည်သူဖြစ်ကြောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။

ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲတွင် တစ္ဆေစစ်သည်တော် (၅၀၀)ကို သတ်ဖြတ်ခဲ့သူမှာ ကျန်းလန်ဖြစ်ကြောင်း မှတ်မိသိရှိသွားပြီ ဖြစ်၏။

ကျန်းလန်က...

“တခြားဘာမှ ပြောစရာမရှိတော့ရင် ကျုပ်ပြန်တော့မယ်”

သူတို့က ရန်သူများဖြစ်ကြသည်ဆိုလျှင် ငြိမ်းချမ်းစွာပြောဆိုဆွေးနွေးရန် ခက်ခဲပေလိမ့်မည်။

ဒီကိစ္စ ဒီမှာပဲပြီးသွားလျှင် လူတိုင်းအတွက် အကောင်းဆုံး ဖြစ်ပေမည်။

အမှောင်ထဲမှ တစ္ဆေမျက်နှာကြီးက...

“လူသားတွေက တကယ့်ကိုပဲ စိတ်မရှည်တတ်ကြဘူး”

သူက ဆက်ပြောသည်။

“ကဲ ကဲ မင်းကို လက်စားမချေခင် အပေးအယူကိစ္စအရင်လုပ်ကြရအောင် ၊ ဒီအပေးအယူက မင်းအတွက်ရော ကျုပ်အတွက်ပါ အကျိုးရှိမှာပါ”

ကျန်းလန်က သူ့ကို မယုံမကြည်ဖြင့် ကြည့်လိုက်သည်။

တစ္ဆေမျက်နှာကြီးက...

“ကျုပ်ကို သံသယမဝင်ပါနဲ့”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“ကျုပ်တို့တစ္ဆေတိုင်းပြည်က ဦးနှောက်မရှိပေမယ့် မင်းတို့လူသားတွေကရော ဦးနှောက်မရှိကြဘူးလား... ပြော...”

“ထားလိုက်ပါတော့ ၊အဲဒီကိစ္စကို မပြောတော့ဘူး ၊ အသားစားတဲ့အခါ အရိုးတော့ ထွေးထုတ်ရတာပဲလေ ၊ မင်းတို့ခွန်လွန်တောင်ကဟာတွေကသာ အသားစားပြီး အရိုးပါမထွေးဘဲ မျိုချကြတာ”

"ဟွန်း ဒါပေမဲ့ ကျုပ်တို့ တစ္ဆေကျင့်ကြံသူတွေကို တိုက်ခိုက်တဲ့ မင်းကတော့ ခွန်လွန်တောင်ကဟာတွေထက်ပိုပြီး ညစ်ပတ်ယုတ်မာလွန်းတယ်”

ကျန်းလန် : “……”

တစ္ဆေတိုင်းပြည်မှ အကြီးအကဲများက ဒီလောက်တောင် တုံး အ ကြသည်လား။

“အကြီးအကဲက နောက်နေတာဖြစ်ရမယ် ၊ တကယ်တော့ လူတွေက ခင်ဗျားထင်သလောက်လည်း မဟုတ်ပါဘူးဗျာ”

တစ္ဆေမျက်နှာကြီးက…

"အေးပါ အေးပါ ၊ မင်းတို့က ဉာဏ်ကောင်းတဲ့သူတွေဆိုတော့ စကားနိုင်လုကြတာပဲလေ ၊ ကျုပ်ကတော့ မင်းတို့တွေနဲ့ ကပ်ဖဲ့ပြီး ပြိုင်ငြင်းမနေနိုင်ပေါင်"

ဤအကြီးအကဲက လူသားတွေကို မကျေနပ်သည့်အကြောင်း ပြောရန်အတွက် သူ့ကို ဤကျောက်ဂူအတွင်း ဖိတ်ခေါ်လိုက်သည်လားဟုသာ ကျန်းလန် တွေးနေမိလေတော့၏။

All Chapters