← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁) သူတို့ဘာတွေ ဖုံးကွယ်ထားတာလဲ

နန်ကုန်းယွီသည် နန်ကုန်းဝမ်ရှင်း၏ ပခုံးကိုပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။ "စစ်သူကြီး ဝမ်ရှင်း... နောက်သုံးရက်လောက် မြို့ပြင်မှာပဲနေပြီး အနားယူလိုက်ကြဦးနော်..."

"ဒီငယ်သား နာခံပါ့မယ်..."

နန်ကုန်းဝမ်ရှင်းက ဘာမှထပ်မပြောဘဲ ခေါင်းညိတ်လိုက်လေသည်။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏ပခုံးကို နောက်တစ်ကြိမ် ထပ်မံပုတ်လိုက်ရာ သူ၏အမူအရာမှာ အနည်းငယ် အဓိပ္ပာယ်ပါနေပေသည်။

သူက တိုးတိုးလေး ရယ်မောကာ ပြောလိုက်၏။ "စစ်သူကြီး ဝမ်ရှင်း... ကျန်းပေ့တပ်က ဘယ်လောက်ပဲ သန်မာပါစေ... ဖုံးကွယ်ထားသင့်တဲ့ အရာတချို့တော့ ရှိတာပေါ့..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းနှင့် အခြားသူများက နန်ကုန်းယွီ၏ စကားကို နားမလည်နိုင်သကဲ့သို့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြလေသည်။

သို့သော် နန်ကုန်းဝမ်ရှင်းက အချိန်မဆွဲဘဲ အလျင်အမြန် ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ မင်းသားငယ့... ကျွန်တော် နားလည်ပါပြီ... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

နန်ကုန်းယွီက ထပ်မံ ဝင်မစွက်တော့ဘဲ သူ၏မိခင် ရှန်ကွမ်ယွဲ့ရှီးထံသို့ လက်များကို ဆန့်ထုတ်လိုက်လေသည်။

ထို့နောက် သူသည် သူမ၏ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ပေသည်။

ရှန်ကွမ်ယွဲ့ရှီးက သူ့ကို အလျင်အမြန် ဖမ်းဆွဲလိုက်ပြီး "ဒီကောင်ဆိုးလေး... ဘာလို့ နည်းနည်းလေးမှ ဂရုမစိုက်နိုင်ရတာလဲ..."

နန်ကုန်းယွီက ရယ်မောကာ သူမ၏ လည်ပင်းကို ဖက်လိုက်ပြီး ပြောလိုက်၏။ "မယ်တော် ဒီမှာရှိနေလို့ မဟုတ်ဘူးလား... မယ်တော် ရှိတဲ့နေရာမှာဆိုရင် ယွီအာက ဘာကိုမှ ကြောက်စရာ မလိုတော့ဘူးလေ..."

"ကောင်းပြီ ကောင်းပြီ... စနောက်မနေနဲ့တော့..." ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်ပြီးနောက် နန်ကုန်းဝမ်ရှင်းနှင့် အခြားသူများကို လှည့်ကြည့်လိုက်လေ၏။

"စစ်သူကြီး သုံးယောက်နဲ့ စစ်သည်တွေကို ဒီခရီးစဉ်အတွက် ဒုက္ခပေးလိုက်ရလို့ ငါ အားနာမိပါတယ်..."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီးနောက် သိုလှောင်လက်စွပ် တစ်ခုကို ပစ်ပေးကာ ပြောလိုက်သည်။ "ဒါတွေက မင်းတို့အားလုံးအတွက် ငါတို့ ပြင်ဆင်ပေးထားတဲ့ ဟင်းလျာတွေနဲ့ အရက်တွေပါ... စစ်သည်တွေကိုယ်စား ဒါကို လက်ခံပေးပါ..."

နန်ကုန်းဝမ်ရှင်းက လက်ဆောင်ကို အလျင်အမြန် လက်ခံလိုက်ပြီး အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်၏။ "စစ်သည်အားလုံးကိုယ်စား… မင်းသမီးကြီးကို ကျေးဇူးတင်ပါတယ်..."

"အားနာမနေပါနဲ့..." ရှန်ကွမ်ယွဲ့ရှီးက ခေါင်းခါလိုက်ပြီး နောက်ထပ် သိုလှောင်လက်စွပ် တစ်ခုကို ထပ်မံ ပစ်ပေးလိုက်ပြန်သည်။

"ယွီအာက မင်းတို့ကို ဒီမှာ သုံးရက် နားခိုင်းထားတော့... မြို့တော်ထဲက ချန်ခွန်းစားသောက်ဆိုင်ကို တစ်သုတ်ပြီးတစ်သုတ် သွားပြီး အစားအသောက်နဲ့ အရက်တွေ သုံးဆောင်ကြတာပေါ့..."

နန်ကုန်းဝမ်ရှင်းသည် သိုလှောင်လက်စွပ်ကို ယူလိုက်သော်လည်း သူ၏အမူအရာမှာ အနည်းငယ် တွေဝေနေပုံရပေသည်။ "မင်းသမီး... ဒါက..."

"ရပါတယ်... လက်ခံလိုက်ပါ..." ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလျက် ပြောလိုက်၏။

"မင်းတို့အားလုံး စခန်းချပြီး အနားယူလိုက်ကြဦး... ငါ ယွီအာကို အရင်ခေါ်သွားတော့မယ်..."

"မင်းသားငယ်ကို ရိုသေစွာ နှုတ်ဆက်ပါတယ်... မင်းသမီးကြီးကို ရိုသေစွာ နှုတ်ဆက်ပါတယ်..."

ကျန်းပေ့ စစ်သည် သုံးထောင်စလုံးက ဒူးတစ်ဖက် ထောက်ချလိုက်ကြပြီး ခေါင်းကို အနည်းငယ် ငုံ့ကာ ရှန်ကွမ်ယွဲ့ရှီးတို့ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်ကြလေသည်။

ထိုသုံးဦး မြို့ထဲသို့ ဝင်သွားသည်ကို မြင်ပြီးနောက် နန်ကုန်းဝမ်ရှင်းသည် မတ်တပ်ရပ်လိုက်ပြီး နန်ကုန်းလင်ယွင်နှင့် အခြားတစ်ဦးကို တစ်ချက် ကြည့်လိုက်ပေသည်။

ထို့နောက် သူက ကျန်းပေ့တပ်မှ စစ်သည် သုံးထောင်ကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်၏။ "တပ်ဖွဲ့တစ်ခုလုံး အနောက်ဘက် မိုင်တစ်ရာလောက်ကို ချီတက်ပြီး စခန်းချမယ်..."

"ဟုတ်ကဲ့ပါ..."

ကျန်းပေ့တပ်က တညီတညွတ်တည်း ပြန်ထူးလိုက်ပြီး အနောက်ဘက်သို့ ဦးတည်သွားကြလေ၏။

နန်ကုန်းဝမ်ရှင်းနှင့် အခြားနှစ်ဦးတို့ ကျန်းပေ့တပ် စခန်းသို့ ဆင်းသက်ပြီးနောက် ချင်ဝူဟွေ့က နန်ကုန်းဝမ်ရှင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။ "ဝမ်ရှင်း... မင်းသားငယ်က ငါတို့ကို သုံးရက်ကြာအောင် တမင်သက်သက် နေခိုင်းတာက ဘာအဓိပ္ပာယ်လဲ... အဲ့ဒီနောက်ကွယ်မှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ် တစ်ခုခု ရှိနေမလား..."

နန်ကုန်းဝမ်ရှင်း မဖြေကြားနိုင်မီ နန်ကုန်းလင်ယွင်က မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်၏။ "မဖြစ်နိုင်လောက်ပါဘူး... လူဆိုးတွေကို ခြောက်လှန့်ဖို့အတွက် ငါတို့ကို မြို့ပြင်မှာ သုံးရက်လောက် နေခိုင်းချင်ရုံပဲ ဖြစ်မှာပါ..."

နန်ကုန်းဝမ်ရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ငါလည်း မသိဘူး... လင်ယွင် ပြောသလိုမျိုးလည်း ဖြစ်နိုင်တာပဲ..."

"ငါကတော့ အဲ့ဒီလောက် မရိုးရှင်းဘူးလို့ အမြဲ ခံစားနေရတယ်... ဒီခံစားချက်က အနည်းငယ် ရှင်းပြရခက်နေတယ်..." ချင်ဝူဟွေ့က ခေါင်းခါလိုက်သည်။

နန်ကုန်းဝမ်ရှင်းက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။ "အဲ့ဒီလောက် အများကြီး မတွေးပါနဲ့... အချိန်တန်ရင် ငါတို့ သိရမှာပေါ့..."

သူ ပြောနေစဉ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ "တကယ်တော့ ငါ သိချင်နေတာက... မင်းသားငယ်က ငါတို့ကို ဘာတွေ ဖုံးကွယ်ထားစေချင်တာလဲ ဆိုတာပဲ... ငါတို့မှာ ဖုံးကွယ်ထားစရာ တစ်ခုခုရော ရှိလို့လား..."

"ရိုးရိုးသားသား ပြောရရင်... ငါလည်း လုံးဝ ရှုပ်ထွေးနေတာပဲ..." ချင်ဝူဟွေ့က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"ငါတို့ရဲ့ တောက်ပမှုက အရမ်း လွှမ်းမိုးနေလို့... ငါတို့ကို ဖုံးကွယ်ထားခိုင်းတာများလား..."

"ငါလည်း သိပ်မသေချာဘူး..." နန်ကုန်းဝမ်ရှင်းက ခေါင်းခါလိုက်၏။ "လောလောဆယ်တော့ ငါလည်း စဉ်းစားမရသေးဘူး... ဒါပေမဲ့ မင်းသားငယ်က အဲ့ဒီလို ပြောတယ်ဆိုမှတော့ သူ့မှာ အကြောင်းပြချက် ရှိရမယ်..."

"မင်းတို့ကလည်း အရမ်းတွေ တွေးနေကြတာပဲ..."

သူတို့နှစ်ဦး မျက်မှောင်ကြုတ်နေသည်ကို မြင်ချိန်တွင် နန်ကုန်းလင်ယွင်က အကူအညီမဲ့စွာဖြင့် ပြောမိသွား‌ လေသည်။

"မင်းသားငယ်က ဒီတိုင်း ပြောလိုက်တာလည်း ဖြစ်နိုင်တာပဲလေ... မင်းသားငယ်က အနည်းငယ် ဉာဏ်ကောင်းတယ်ဆိုတာ ငါ ဝန်ခံပေမဲ့... သူက အခု လေးနှစ်ပဲ ရှိသေးတာလေ... ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ရှုပ်ထွေးနိုင်မှာလဲ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းနှင့် အခြားတစ်ဦးတို့၏ နှုတ်ခမ်းများ တုန်လှုပ်သွားလေ၏။ ဒီကောင်ပြောသလိုမျိုး တကယ်ပဲ ဖြစ်နေမလား...

သို့သော် သူတို့နှစ်ဦး ဤသို့တွေးမိသည်နှင့်တပြိုင်နက် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ကြပြီး ကိစ္စများမှာ ဤမျှလောက် မရိုးရှင်းနိုင်ကြောင်း ခံစားလိုက်ရပေသည်။

ဒါပေမဲ့ သူတို့လည်း အခုလောလောဆယ် အတိအကျကို စဉ်းစားမရသေးတာကြောင့် အဲ့ဒီအကြောင်းကို ဆက်မတွေးတော့ပါဘူး။

...

ကျန်းပေ့မင်းသား စံအိမ်။

ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီကို စံအိမ်ထဲသို့ ချီဆောင်လာပြီး သူမ၏အမူအရာမှာ အနည်းငယ် ထူးဆန်းနေပေ၏။ "ယွီအာ... သားက ကျန်းပေ့တပ်ကို ဘာတွေ ဖုံးကွယ်ထားစေချင်လို့လဲ..."

နန်ကုန်းယွီ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ "မယ်တော်... သိချင်လို့လား... ဒါဆိုရင် နောက်ရက်အနည်းငယ်လောက် စောင့်ပေးနိုင်မလား... အဲ့ဒီအချိန်ကျရင် သား ပြောပြမယ်လေ... ဟုတ်ပြီလား..."

သူက အခု ဝိညာဉ်အရှင်မြတ်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာလေ။ နောက်ရက်အနည်းငယ်အတွင်းမှာ သူက ဝိညာဉ်ဘုရင် အဆင့်ကို တက်လှမ်းတော့မှာပါ။

နတ်ဘုရားအရိပ် တပ်ရှိနေခြင်းကြောင့် သူ၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းက များစွာ တိုးတက်လာလိမ့်မည် ဖြစ်ပေသည်။

တပ်မှူးအဆင့် နတ်ဘုရားအရိပ် တမန်တော် တစ်ဦး ရောက်ရှိနိုင်သော အမြင့်ဆုံးအဆင့်မှာ အဓိက အဆင့် ခုနစ်ဆင့်ထက် မပိုနိုင်ချေ။ အကယ်၍ သူသာ ဝိညာဉ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ပါက ရှဲဒိုးချမ်း၊ ရှဲဒိုးမင် နှင့် ရှဲဒိုးမော့ တို့၏ ကျင့်ကြံမှုအဆင့်များမှာ တာအိုအရှင်မြတ်အဆင့်သို့ တကယ် ရောက်ရှိသွားမည်ဖြစ်ပြီး အဲ့ဒီအချိန်ကျရင် သူက အန္တရာယ်တွေကို ကြောက်နေစရာ မလိုတော့ပေ။

မည်သို့ပင်ဆိုစေ အရိပ်နတ်ဆိုး သုံးဦးမှာ တူညီသောအဆင့်တွင် တိုက်ခိုက်ရေးစွမ်းအား တကယ်ကို အစွမ်းထက်ကြပေသည်။ အကယ်၍ သူတို့၏ ကျင့်ကြံမှုအဆင့်က တာအိုအရှင်မြတ်အဆင့်သို့ ရောက်ရှိနိုင်မည်ဆိုပါက ရွှမ်လင်တိုက်ကြီးတွင် သူ့ကို ခြိမ်းခြောက်နိုင်မည့်သူ တစ်ဦးမှ ရှိတော့မည် မဟုတ်ချေ။

အချိန်တန်လာတဲ့အခါ မယ်တော့်ကို တချို့အကြောင်းအရာတွေ ဖွင့်ပြောပြလို့ ရပါပြီ။

သေချာတာပေါ့... အဲ့ဒီလို ဖွင့်ပြောပြတဲ့အခါမှာ အနည်းငယ်တော့ လုပ်ကြံဖန်တီးဖို့ လိုအပ်ပါလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းက သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက် ဖြစ်နေသောကြောင့် ၎င်းအကြောင်းကို သူ မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ချေ။

သူ့မယ်တော့်ကိုတောင်မှပေါ့...

နန်ကုန်းယွီက သူမကို ပဟေဠိများဖြင့် စနောက်နေသည်ကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် အနည်းငယ် ပြုံးမိသွားသည်။

"ကောင်းပါပြီ... ယွီအာ ပြောပြချင်တဲ့ အချိန်ကျမှပဲ ပြောပါ... ဒါမှမဟုတ် မပြောပြချင်လည်း ရပါတယ်..."

"ဟီးဟီး... မယ်တော်က အကောင်းဆုံးပဲ..." နန်ကုန်းယွီက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး မိခင်ဖြစ်သူကို အနမ်းချိုချိုလေး တစ်ခု ပေးလိုက်လေ၏။

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးပြလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ညစာစားပြီးသည့်နောက်တွင် နန်ကုန်းယွီသည် ခဏတာ တွေဝေသွားပြီးနောက် မိခင်ဖြစ်သူကို နှုတ်ဆက်ကာ ကျင့်ကြံရန်အတွက် ခန်းအတွင်းသို့ ဝင်သွားလေသည်။

ဤသည်ကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက သိပ်မတွေးခဲ့ချေ။

ဒီလို အခြေအနေမျိုးက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အကြိမ်အနည်းငယ် ဖြစ်ခဲ့ဖူးပြီး ဖြစ်သွားတိုင်းမှာလည်း နန်ကုန်းယွီရဲ့ ကျင့်ကြံမှုအဆင့်က အနည်းငယ် တိုးတက်လာခဲ့တာကြောင့် သူမ ဘာမျှ ထပ်မမေးတော့​ေပ။

နန်ကုန်းယွီသည် ကျင့်ကြံခန်းထဲသို့ ဝင်လိုက်ပြီး ကျန်းပေ့တပ်ရှိ အခြေအနေများကို စောင့်ကြည့်ရန် ညွှန်ကြားလိုက်၏။ တစ်စုံတစ်ဦး အဆင့်တက်ခြင်း (သို့မဟုတ်) ပုံမှန်မဟုတ်သော ဖြစ်ရပ်များ ရှိခဲ့ပါက ၎င်းကို ဖုံးကွယ်ပေးရန် သူက တာဝန်ပေးလိုက်ခြင်း ဖြစ်ပေသည်။

ချက်ချင်းပင် သူသည် တရားမဝင် ကျင့်ကြံခြင်း မစတင်မီ အကာအကွယ် တစ်ထပ် ထပ်မံထည့်သွင်းရန်နှင့် သူ့ကိုယ်သူ ဖုံးကွယ်ရန် ရှဲဒိုးမော့ကို ညွှန်ကြားလိုက်လေသည်။

သူသည် ဝိညာဉ်ဘုရင် အဆင့်သို့ အရင်ဆုံး တက်လှမ်းရန် စီစဉ်ထားခြင်း ဖြစ်လေသည်။

အေးချမ်းတိတ်ဆိတ်သော ဧကရာဇ်မြို့တော်။

မြို့တွင်းရှိ အဖွဲ့အစည်း အသီးသီးက ကျန်းပေ့တပ်သည် မြို့ပြင် မိုင်တစ်ရာအကွာတွင် တပ်စွဲထားကြောင်း သိရှိရချိန်တွင် သူတို့အားလုံး မျက်မှောင်ကြုတ်သွားကြပြီး တစ်ဖက်လူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟု သိချင်နေကြပေသည်။

သို့မဟုတ် ပို၍တိတိကျကျ ပြောရလျှင် ကျန်းပေ့မင်းသား နန်ကုန်းယွီ (သို့မဟုတ်) ကျန်းပေ့ မင်းသမီးတို့ ဘာလုပ်ချင်နေကြသလဲ ဆိုသည်ကို သူတို့ နားမလည်ကြခြင်း ဖြစ်လေသည်။

လူဆိုးတွေကို ခြောက်လှန့်ဖို့လား...

ဒီနေ့ ဖြစ်ခဲ့တာတွေပြီးရင်တော့... ဒီအေးချမ်းတိတ်ဆိတ်တဲ့ ဧကရာဇ်မြို့တော်မှာ နန်ကုန်းယွီကို ဘယ်သူကများ ထပ်ပြီး ရန်စရဲမှာလဲ။ သူတို့က သေချင်နေတာပဲ ဖြစ်ရမယ်။

ဒါပေမဲ့ အဲ့ဒီလို မဟုတ်ဘူးဆိုရင် ဘာကြောင့် ဖြစ်နိုင်မလဲ။

ဒါဆို ကျန်းပေ့တပ်က အခုကစပြီး ချင်းယို ဧကရာဇ်မြို့တော် အပြင်ဘက်မှာ အမြဲတမ်း တပ်စွဲထားတော့မယ်လို့ ဆိုလိုတာလား။

ဒါပေမဲ့ အရှင်မင်းကြီးကရော တကယ်ပဲ ခွင့်ပြုပါ့မလား။

တကယ်ပဲ ဖြစ်လာနိုင်တာပေါ့။

အဖွဲ့အစည်း အသီးသီးမှ လူများသည် ထိုအကြောင်းကို စဉ်းစားမရနိုင်ခဲ့သလို နန်ကုန်းအောက်ထျန်းလည်း စဉ်းစားမရနိုင်ခဲ့ချေ။

ဤအချိန်တွင် သူနှင့် ကျီကျစ်ယွီတို့သည် ရှိုးရှန်းနန်းဆောင်တွင် ထိုင်နေကြပြီး သူတို့၏ အမူအရာများမှာ အနည်းငယ် ရှုပ်ထွေးနေပေ၏။

"ကျန်းပေ့တပ်က မြောက်ပိုင်းနယ်စပ်ကို ပြန်မသွားတော့ဘူး ထင်တယ်... အနည်းဆုံးတော့ လောလောဆယ် မသွားသေးဘူးပေါ့..."

နန်ကုန်းအောက်ထျန်းက ကျီကျစ်ယွီကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ "မယ်တော်... ကျွန်တော် နည်းနည်း သိချင်မိတယ်... သူတို့က ချင်းယို ဧကရာဇ်မြို့တော်မှာ နေပြီး ဘာတွေလုပ်နေကြတာလဲ..."

အခန်း (၁၂၂) ဝိညာဉ်ဘုရင် အဆင့်

"ငါက ဘယ်လိုလုပ် သိမှာလဲ..."

ကျီကျစ်ယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။

"ဒါပေမဲ့ ကျန်းပေ့တပ် မြို့ပြင်မှာ တပ်စွဲထားတာ အဆင်ပြေပါတယ်လို့ သားပဲ ယွီအာကို ပြောခဲ့တာ မဟုတ်ဘူးလား... အခုမှ ဘာလို့ အဲ့ဒီအတွက် သံသယတွေ ဖြစ်နေရတာလဲ..."

"မယ်တော်... ကျွန်တော် အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး... ကျွန်တော် နည်းနည်း သိချင်ရုံလေးပါ..."

နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းခါကာ ပြုံးလိုက်ပြီး ပြောလိုက်၏။ "အခု ကျန်းပေ့တပ်က ယွီအာနောက် လိုက်ဖို့ ကျိန်ဆိုထားပြီးပြီဆိုတော့... သူတို့ကို ဧကရာဇ်မြို့တော်ထဲ ဝင်ခွင့်ပြုပြီး အဲ့ဒီမှာ တပ်စွဲခိုင်းတာလည်း အဆင်ပြေပါတယ်..."

"တကယ်လို့ အဲ့ဒီကောင်လေးကသာ ဆန္ဒရှိမယ်ဆိုရင်... သူနဲ့ ကျင်းချီတို့က ဆက်ခံသူတွေ ဖြစ်လာနိုင်တာပဲလေ... ပြီးတော့ နောက်ဆုံးမှာ ဘယ်သူက ပိုပြီး အရည်အချင်းရှိလဲဆိုတာအပေါ် မူတည်ပြီး ထီးနန်းကို ရယူနိုင်တာပေါ့..."

"အဲ့ဒါကို အခုချက်ချင်း မပြောပါနဲ့ဦး..." ကျီကျစ်ယွီက အလျင်အမြန် ဖြတ်ပြောလိုက်ပြီးနောက် ရှုပ်ထွေးသော အကြည့်ဖြင့် မေးလိုက်လေသည်။

"ဒါပေမဲ့... ငါ အရမ်းသိချင်နေတာက... ဘာလို့ ကျင်းလင် အကြောင်းကို ထည့်မပြောရတာလဲ..."

သို့သော် နန်ကုန်းအောက်ထျန်းက ခေါင်းခါလိုက်သည်။ "ကျင်းလင်က အသက် ရှစ်နှစ် ရှိပြီဆိုပေမဲ့... သူက အခုထိ အရမ်း ကလေးဆန်နေတုန်းပဲ၊ ပြီးတော့ သဘောထားလည်း သေးသိမ်တယ်... သူက ထီးနန်းအတွက် ဆက်ခံသူ တစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူး..."

ဤစကားကို ကြားချိန်တွင် ကျီကျစ်ယွီက အနည်းငယ် ခေါင်းညိတ်လေသည်။

နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းခါပြလိုက်ပြီး ဆက်ပြောလိုက်သည်။ "မယ်တော်... ရိုးရိုးသားသား ပြောရရင်... ယွီအာက ထီးနန်းပေါ်မှာ ထိုင်မယ်ဆိုရင်တောင်... ကျင်းချီသာ မရှိရင် ကျင်းလင်ကို ထီးနန်းလွှဲပေးဖို့ ကျွန်တော် ဆန္ဒမရှိပါဘူး..."

"တကယ်လို့ သူသာ အာဏာရလာမယ်ဆိုရင်... ဒီငြိမ်းချမ်းတဲ့ နိုင်ငံဟာ နှစ်အနည်းငယ်အတွင်းမှာပဲ ပျက်စီးသွားလိမ့်မယ်..."

ဤစကားကို ကြားချိန်တွင် ကျီကျစ်ယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြန်သည်။

သူ့ဘေးတွင်ရှိသော အစေခံ နှစ်ဦးဖြစ်သည့် ချင်းကျူနှင့် မိန်းမစိုး ယန်တို့မှာမူ အေးစက်သော ချွေးများ ထွက်လာကြ‌သည်။

ဒါက သူတို့နှစ်ယောက်တည်း ရှိနေလို့ပါ... အကယ်၍ အခြားလူတစ်ယောက်သာ ဖြစ်ခဲ့ရင် ဤစကားများကို ကြားပြီးနောက် သူတို့ကို နှုတ်ပိတ်ပစ်လိမ့်မည် ဖြစ်လေ၏။

နန်ကုန်းအောက်ထျန်းက အနည်းငယ် ပြုံးလိုက်သည်။ "မယ်တော်... ဒီနေ့က ကျွန်တော်တို့ နှစ်ယောက်တည်း စကားပြောနေတာပါ... ဒီတံခါးပြင်ပကိုတော့ ဒီစကားတွေ ထွက်မသွားပါစေနဲ့..."

"သေချာတာပေါ့..." ကျီကျစ်ယွီက အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလိုက်လေသည်။

မိန်းမစိုး နှစ်ဦးစလုံးက တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြပြီး ဤစကားများက သူတို့အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း နားလည်သွားကြကာ သူတို့၏ နှလုံးသားထဲတွင် တိတ်တဆိတ် သတိထားလိုက်ကြပေသည်။

ထိုအချိန်တွင် နန်ကုန်းအောက်ထျန်း မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။ "မယ်တော်... ဒါဆိုရင် ကျွန်တော် အရင် ပြန်ပါတော့မယ်..."

"အင်း..."

ကျီကျစ်ယွီက ခေါင်းညိတ်လိုက်ပြီး သူ ထွက်သွားသည်ကို ကြည့်နေလိုက်လေသည်။

နောက်ရက်အနည်းငယ်အတွင်း နန်ကုန်းယွီသည် ကျင့်​​ကြံ​ခြင်းမှ ထွက်မလာခဲ့သလို ကြီးကြပ်ရေးရုံးသို့လည်း မသွားခဲ့ချေ။

သို့သော် သူနှင့် ပတ်သက်သော ဒဏ္ဍာရီများမှာ ကြီးကြပ်ရေးရုံး အတွင်း၌ တိတ်တဆိတ် ပျံ့နှံ့နေခဲ့ပြီး ယခုအခါ ကြီးကြပ်ရေးရုံးတွင် ဤအရူးလေးကို မကြောက်သူ မရှိသလောက်ပင် ဖြစ်လာလေသည်။

လုပ်ရဲ၏။ သတ်ရဲ၏။ ဘာကိုမှ မကြောက်။

အဓိကအချက်က မင်းရဲ့နောက်ကွယ်မှာ ကျောထောက်နောက်ခံပေးမယ့်သူ ရှိနေသည်ပင်။. ကြီးကြပ်ရေးရုံး၌ ဤသို့လုပ်နိုင်တဲ့သူ တကယ်ပင် ဘယ်သူမှ မရှိချေ။

မင်းသားတွေ၊ မင်းသမီးတွေ (သို့မဟုတ်) မှူးမတ်မိသားစုတွေရဲ့ အမွေဆက်ခံသူတွေတောင်မှ ကြီးကြပ်ရေးရုံးထဲမှာ လူရိုက်ဖို့ (ဒါမှမဟုတ်) မြို့တော်ထဲမှာ လူသတ်ဖို့ သတ္တိမရှိကြပါဘူး။

ဒါပေမဲ့ နန်ကုန်းယွီကတော့ အဲ့ဒါကို လုပ်ခဲ့တာတောင် ဘာမှမဖြစ်ခဲ့ဘူးလေ။

နန်ကုန်းယွီသည် အထူးမျက်နှာသာပေးမှုများစွာကို ရရှိထားကြောင်း ထင်ရှားလှပေသည်။

...

ကျန်းပေ့မင်းသား စံအိမ်။

နန်ကုန်းယွီ ကျင့်ကြံရာမှ ထွက်မလာသည်မှာ နှစ်ရက်ရှိပြီဖြစ်ရာ ရှန်ကွမ်ယွဲ့ရှီးသည် အနည်းငယ် စိုးရိမ်လာခဲ့လေသည်။

အကယ်၍ နန်ကုန်းယွီအတွက် သူမ ချန်ထားခဲ့သော ဝိညာဉ်မီးအိမ်သာ ကောင်းမွန်စွာ ရှိမနေခဲ့လျှင် သူမသည်ကျင့်ကြံခန်း တံခါးကို အတင်းအကျပ် ဖွင့်လိုက်သည်မှာ ကြာပြီဖြစ်ပေမည်။

မည်သို့ပင်ဆိုစေ နန်ကုန်းယွီ ဤမျှလောက် အချိန်အကြာကြီး တရားကျင့်နေခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် သူမ စိုးရိမ်မနေခဲ့ဘူးဟု ပြောလျှင် ၎င်းမှာ အလိမ်အညာတစ်ခုသာ ဖြစ်ပေလိမ့်မည်။

သူမက ကျင့်ကြံရန် စိတ်မပါတော့ချေ။ နန်ကုန်းယွီ၏ ဝိညာဉ်မီးအိမ်ကို ကိုင်ထားရင်း သူမသည် နန်ကုန်းယွီ၏ ကျင့်ကြံခန်း အပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေ၏။

ကျင့်ကြံခန်းအတွင်း ရှဲဒိုးမော့၏ အလင်းနှင့် အမှောင် အတားအဆီးအတွင်း၌ နန်ကုန်းယွီသည် ပြင်းထန်သော လေလှိုင်းများနှင့် ထူးဆန်းသော ဖြစ်ရပ်များကြားတွင် ထိုင်နေလေ၏။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားစီးကြောင်းများသည် သူ၏ လိုဏ်ဂူအတွင်းရှိ ဝိညာဉ်ကျောက်တုံးမှ စဉ်ဆက်မပြတ် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သန့်စင်ပေးနေခဲ့ပေသည်။

ဓားများ၊ ဓားရှည်များ၊ လှံများနှင့် မိုးကြိုးများ၏ အတုအယောင် ပုံရိပ်များသည် တစ်ခုပြီးတစ်ခု ပေါ်လာပြီး စွမ်းအင်နယ်ပယ် အစပျိုးပုံစံများကို တစ်ခုပြီးတစ်ခု ဖန်တီးနေကြရာ သူတို့၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းပြီး ရိုသေဖွယ် ကောင်းလှပေသည်။

ကိုးခုမြောက် စွမ်းအင်နယ်ပယ် ပုံဖော်ပြီးချိန်တွင် နန်ကုန်းယွီသည် အနည်းငယ် ပြုံးမိသွားရသည်။

စွမ်းအင်နယ်ပယ် အစပျိုးပုံစံ အဆင့်။

လူတယောက်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသည်နှင့် သဘောတရားများ ၏ အခြေခံကို စတင်နားလည်နိုင်ပြီ ဖြစ်ပေသည်။ ထိုပြင် ဝိညာဉ်အရှင်မြတ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီး ထိုသူ၏ သဘောတရားများမှာ ပြီးပြည့်စုံသွားချိန်တွင် ကောင်းကင်နှင့် မြေကြီးတို့နှင့် ဆက်သွယ်ရန်နှင့် ကိုယ့်ကိုယ်ကိုယ် သန့်စင်ရန်အတွက် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆွဲယူအသုံးပြုရန် ပြင်ဆင်နိုင်ပြီ ဖြစ်လေသည်။

ဤလုပ်ငန်းစဉ်အတွင်း တစ်စုံတစ်ဦးသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အာရုံခံနိုင်ပြီး စွမ်းအင်နယ်ပယ် တစ်ခု၏ အစပျိုးပုံစံကို ဖန်တီးနိုင်မည် ဖြစ်ပေသည်။

မိမိ၏ ကိုယ်ပိုင် စွမ်းအင်နယ်ပယ်အတွင်းတွင် တိုက်ခိုက်ရေးစွမ်းအားမှာ များစွာ တိုးတက်လာမည် ဖြစ်ပြီး စွမ်းအင်နယ်ပယ်မှာ ပိုမိုပြည့်စုံလေလေ တိုက်ခိုက်ရေးစွမ်းအားမှာ ပိုမိုတိုးတက်လေလေ ဖြစ်မည် ဖြစ်ပေသည်။

အကယ်၍ တစ်စုံတစ်ဦး၏ သဘောတရား နားလည်မှုမှာ မပြည့်စုံဘဲ စွမ်းအင်နယ်ပယ်၏ အစပျိုးပုံစံကို မဖန်တီးနိုင်ခဲ့လျှင် ထိုသူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့မှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားဖြင့် သန့်စင်ခြင်းခံရပြီး ဝိညာဉ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်သည့် အခြေအနေသို့ ရောက်ရှိနေလျှင်ပင် အဆင့်တက်ရာ၌ ကျရှုံးနိုင်ခြေ ရှိနေဆဲပင် ဖြစ်လေသည်။

စွမ်းအင်နယ်ပယ် တစ်ခု၏ အစပျိုးပုံစံ ရှိ၊ မရှိ ဆိုသည်မှာ ဝိညာဉ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်၊ မနိုင် ဆိုသည့်အချက်၏ အဓိက သော့ချက်ဖြစ်သည်ဟု ဆိုနိုင်လေ၏။

ယခုအခါ သူ၏ စွမ်းအင်နယ်ပယ်မှာ စွမ်းအင်နယ်ပယ် တစ်ခု၏ အစပျိုးပုံစံကို ရရှိပြီးဖြစ်ရုံသာမက စုစုပေါင်း စွမ်းအင်နယ်ပယ် ကိုးခုပင် ရှိနေပြီ ဖြစ်လေသည်။ သူသည် ဝိညာဉ်ဘုရင်အဆင့်သို့ မတက်လှမ်းမီ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အတိုင်းအတာတစ်ခုအထိ သန့်စင်ရန် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသာ လိုအပ်တော့လေ၏။

ပြီးတော့ အဲ့ဒီရလဒ်ကလည်း မကြာခင်မှာပဲ ရောက်လာတော့မှာပါ။

တကယ်ပင်…မကြာမီမှာပင် မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်၏ လမ်းညွှန်မှုအောက်တွင် တတိယမြောက် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ကျောက်တုံး ကွဲအက်တော့မည့်ဆဲဆဲ သူ၏ခန္ဓာကိုယ်တွင်းမှ တိုးညင်းသော အသံတစ်ခု နောက်ဆုံးတွင် ထွက်ပေါ်လာလေ၏။

ထို့နောက် သူ၏ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတစ်ခုသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ချက်ချင်း လွှမ်းမိုးသွားကာ ဟင်းလင်းပြင်ကို အနည်းငယ် တုန်ခါသွားစေခဲ့ပေသည်။

သို့သော် ဤအတက်အကျကို ရှဲဒိုးမော့က လျင်မြန်စွာ ဖိနှိပ်လိုက်သဖြင့် ကြီးမားသော သက်ရောက်မှု မရှိခဲ့ချေ။

ဤအချိန်တွင် နန်ကုန်းယွီ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ မည်သည့် အညစ်အကြေးမျှ မရှိဘဲ ဖန်သားပြင်ကဲ့သို့ ကြည်လင်တောက်ပနေပေသည်။

သူ၏အတွင်းရှိ ဝိညာဉ်စွမ်းအင်မှာလည်း အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားခဲ့လေ၏။ ၎င်းမှာ ဝိညာဉ်စွမ်းအင် ဖြစ်နေဆဲဟု ထင်ရသော်လည်း သူ ဝိညာဉ်အရှင်မြတ်အဆင့်တွင် ရှိစဉ်က ပိုင်ဆိုင်ခဲ့သော ဝိညာဉ်စွမ်းအင်ထက် များစွာ ပိုမိုလျှို့ဝှက်ဆန်းကြယ်ပြီး နက်ရှိုင်းလှပေသည်။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ရာ သူ၏ ကြည်လင်သော ခန္ဓာကိုယ်မှာ အသွေးအသား ခန္ဓာကိုယ်အဖြစ်သို့ လျင်မြန်စွာ ပြန်လည်ပြောင်းလဲသွားပေသည်။

ကြည်လင်သော ခန္ဓာကိုယ်ဟု ခေါ်ဆိုသည့် အရာမှာ အဆင့်တက်ချိန်အတွင်း၌သာ ပေါ်လာခြင်း ဖြစ်ပေသည်... ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်မှာ အသွေးအသားမျှသာ ဖြစ်နေဆဲပင် ဖြစ်လေ၏။

နန်ကုန်းယွီ မတ်တပ်ရပ်ပြီး အကြောဆန့်လိုက်ရာ သူ ရယ်မိသွားသည်။ "မဆိုးဘူး... ငါ နောက်ဆုံးတော့ ဝိညာဉ်ဘုရင် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီပေါ့..."

ထို့နောက် သူသည် သူ၏ အရှိန်အဝါကို အလျင်အမြန် ဖုံးကွယ်လိုက်ရာ သူ၏ ကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်စုပ်ယူခြင်း အလယ်အလတ်အဆင့်သို့ ရောက်သွားလေသည်။

သူသည် သူ၏ဘေးရှိ ရှဲဒိုးမော့ကို တစ်ချက်ကြည့်လိုက်ရာ ၎င်း၏ ကျင့်ကြံမှုမှာလည်း တာအို ဝင်ရောက်ခြင်း အဆင့်၏ အစောပိုင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူ အနည်းငယ် ပြုံးမိသွားရချေသည်။

"အခုဆိုရင်တော့ တကယ်ကို အများကြီး ပိုပြီး လုံခြုံသွားပြီပေါ့..."

ထို့နောက် နန်ကုန်းယွီ၏ မျက်လုံးများထဲရှိ နတ်ဆိုးမျက်လုံးများမှာ အနည်းငယ် လင်းလက်သွားပြီး သူ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ "နှစ်ရက်တောင် ကုန်သွားပြီလား..."

သူ ခဏတာ တွေးတောလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်၏။ "အခု ညနေ ၅ နာရီ ကျော်နေပြီဆိုတော့... လောလောဆယ် အပြင်မထွက်သေးတာ ပိုကောင်းမယ်... ဆေးလုံး နှစ်သုတ်လောက် အရင်ဖော်စပ်ပြီးတော့ ကာကွယ်စောင့်ရှောက်ခြင်း ဝိညာဉ်မြစ် နဲ့ အရင် လဲလှယ်လိုက်ဦးမယ်..."

ပြောသည့်အတိုင်း နန်ကုန်းယွီသည် ဟင်းလင်းပြင်ငှက်မွေးကို ထုတ်ယူလိုက်ရာ သူ မသိလိုက်ဘဲနှင့် ၎င်းမှာ ထပ်မံ အဆင့်တက်သွားကြောင်း တွေ့လိုက်ရပေသည်။

ဟင်းလင်းပြင်ငှက်မွေးမှာ ယခုအခါ အလယ်အလတ်အဆင့် မြင့်မြတ်ရတနာ ဖြစ်နေပြီ ဖြစ်လေ၏။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းရှိ ဝိညာဉ်ခွန်အားဖြည့် ဆေးလုံး ဆေးဖော်စပ်နည်းကို လျင်မြန်စွာ လေ့လာပြီးနောက် သူသည် ဆေးဖက်ဝင်အပင် အစိတ်အပိုင်း တစ်ခုကို ထုတ်ယူကာ စတင်ဖော်စပ်လိုက်ပေသည်။

အချိန်တွေ ကုန်လွန်သွားလေ၏။

နန်ကုန်းယွီ ဆေးလုံးဖော်စပ်ခြင်းကို ပြီးစီးသွားချိန်တွင် သန်းခေါင်ကျော်နေပြီဖြစ်ပြီး နံနက် ၁ နာရီမှ ၃ နာရီဝန်းကျင် ခန့် ရှိနေပြီ ဖြစ်လေသည်။

သို့သော် သူ ဂရုမစိုက်ဘဲ သူ၏ ရလဒ်များကိုသာ အတော်လေး မျှော်လင့်နေခဲ့ပေသည်။

သူ ဆေးဖိုကို ဖွင့်ကာ ဆေးလုံးများကို ထုတ်ယူလိုက်ရာ အနည်းငယ် ပြုံးမိသွားရချေသည်။ "ထိပ်တန်းအဆင့် ခြောက်လုံးနဲ့ အထက်တန်းအဆင့် လေးလုံးလား... မဆိုးဘူး..."

"ဆက်လုပ်ရအောင်..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး ဝိညာဉ်ခွန်အားဖြည့် ဆေးလုံး ဖော်စပ်ရန် ကျန်ရှိနေသော ဆေးဖက်ဝင်အပင်များ အားလုံးကို ထုတ်ယူလိုက်သည့်အပြင် နောက်ထပ် အဆ ငါးရာကိုပါ ထပ်မံ လဲလှယ်လိုက်လေ၏။

အားလုံးကို ဆေးဖိုတစ်ခုတည်းမှာပဲ ဖော်စပ်လိုက်တာပါ။

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းက သုံးနှစ်အတွင်း ဆေးလုံး ၁၀၀၀၀ သာ ရောင်းချနိုင်သော်လည်း ဝိညာဉ်ခွန်အားဖြည့် ဆေးလုံးမှာမူ အတော်လေး ထိရောက်မှု ရှိပေသည်။

ဝိညာဉ်ခွန်အားဖြည့် ဆေးလုံးသည် ဘုရင်အဆင့် ဆေးလုံး တစ်မျိုး ဖြစ်ပေသည်။ ၎င်းမှာ ဝိညာဉ်ဘုရင်အဆင့်နှင့် ဝိညာဉ်ဧကရာဇ်အဆင့်ရှိ ကျင့်ကြံသူများ၏ ဝိညာဉ်ကို မြှင့်တင်ရာတွင်သာ အသုံးဝင်သည်မဟုတ်ဘဲ ဝိညာဉ်ဘုရင်အဆင့်အောက်ရှိ စိတ်ဝိညာဉ်ရရှိပြီးသား ကျင့်ကြံသူများ၏ ဝိညာဉ်ကို မြှင့်တင်ရာတွင် ပို၍ပင် ထိရောက်မှု ရှိလေ၏။

ထို့အပြင် ဝိညာဉ်ခွန်အားဖြည့် ဆေးလုံးသည် ဝိညာဉ်ကို မြှင့်တင်ပေးနိုင်ရုံသာမက ဝိညာဉ် ထိခိုက်ဒဏ်ရာရမှုများကိုလည်း ပြုပြင်ပေးနိုင်ပြီး အာဟာရ ဖြည့်တင်းပေးနိုင်ပေသည်။ ၎င်းမှာ ကောင်းမွန်သော ဆေးလုံးတစ်မျိုး ဖြစ်သောကြောင့် သူသည် သဘာဝကျကျ တစ်ပြိုင်နက်တည်း ပိုမိုဖော်စပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်လေ၏။

ဖြစ်နိုင်တာက ဒါက လူသားတွေရဲ့ ထင်ယောင်ထင်မှား ဖြစ်ရပ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ လူတွေက တစ်ခုခုကို အာရုံစိုက်ပြီး လုပ်နေချိန်မှာတော့ အချိန်က အမြဲတမ်း ကုန်လွန်တာ မြန်ဆန်နေတတ်ပါတယ်။

အခုလိုမျိုးပေါ့။

All Chapters