← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃) အနည်းငယ် ဖွင့်ဟပြခြင်း

နန်ကုန်းယွီ တစ်ခုခု မခံစားရခင်မှာပင် နံနက် ၅:၃၀ နာရီ ကျော်လွန်သွားခဲ့ပြီ ဖြစ်လေ၏။

တစ်ချိန်တည်းမှာပင် နန်ကုန်းယွီသည် ဆေးဖော်စပ်ခြင်းကို ပြီးစီးသွားခဲ့ပြီး အံ့ဩဖွယ်ကောင်းသော ရိတ်သိမ်းမှုတစ်ခုကို ရရှိခဲ့ပေသည်။

ဆေးလုံးရရှိမှု ၁၀၀% အောင်မြင်နှုန်း။

အားလုံးက ထိပ်တန်းအဆင့်တွေချည်းပဲ။

၁၄၉၉၀ လုံး

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး ယခင်က အထက်တန်းအဆင့် ၄ လုံးနှင့် အထူးအဆင့် ဝိညာဉ်ခွန်အားဖြည့် ဆေးလုံး ၉၉၉၆ လုံးကို အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းသို့ ရောင်းချလိုက်ရာ အမှတ် ၁၇၉၉.၇၁၂ ဘီလီယံ ရရှိခဲ့လေသည်။

ထို့နောက် နန်ကုန်းယွီသည် ကျန်ရှိသော ထိပ်တန်းအဆင့် ဝိညာဉ်ခွန်အားဖြည့် ဆေးလုံး ၅,၀၀၀ ကို ဆေးပုလင်းများထဲသို့ တစ်ပုလင်းလျှင် ဆယ်လုံးစီ ထည့်ကာ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း၏ ကျောက်စိမ်းဖြူစင်ပေါ်တွင် တင်ထားလိုက်ပေသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူသည် ကာကွယ်စောင့်ရှောက်ခြင်း ဝိညာဉ်ကြောကို လဲလှယ်လိုက်ပြီး အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းမှ ထွက်ခွာသွားလေ၏။

ရှဲဒိုးမော့ကို အလင်းနှင့် အမှောင် အတားအဆီးအား ဖယ်ရှားခိုင်းပြီးနောက် နန်ကုန်းယွီသည် ဟင်းလင်းပြင်ငှက်မွေးကို သိမ်းဆည်းလိုက်ပြီး ကျင့်ကြံခန်း အတွင်းရှိ ဆေးရနံ့များကို ဖယ်ရှားရန် လက်ကို ဝှေ့ယမ်းလိုက်ကာ မတ်တပ်ရပ်၍ ကျင့်ကြံခန်း တံခါးကို ဖွင့်လိုက်ပေသည်။

"ယွီအာ"

နန်ကုန်းယွီ အပြင်ထွက်လာသည်နှင့်တပြိုင်နက် နွေးထွေးသော ပွေ့ဖက်မှုတစ်ခုဖြင့် ကြိုဆိုခံရပြီး သူ၏နှလုံးသားကို နွေးထွေးသွားစေလေ၏။

"မယ်တော်... ဒီမှာ ဘာလုပ်နေတာလဲ..."

နန်ကုန်းယွီသည် မိခင်ဖြစ်သူ၏ ရနံ့ကို အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရာ သူ၏ မျက်နှာလေးပေါ်တွင် အပြုံးများ ပြည့်နှက်နေပေသည်။

တကယ်ပါပဲ။

သူ့မိခင်ကို သုံးရက်လောက် မတွေ့ရတော့ သူ တကယ် လွမ်းနေခဲ့၏။

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်၏။ "မယ်တော်က သား အချိန်အတော်ကြာတဲ့အထိ ထွက်မလာတာကို တွေ့လို့ လာကြည့်တာပါ..."

နန်ကုန်းယွီ ဘေးကင်းလုံခြုံသည်ကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် စိတ်ထဲမှ သက်ပြင်းတိုးတိုး ချလိုက်နိုင်သည်။

သား အဆင်ပြေလို့ တော်သေးတာပေါ့။

ထို့နောက် သူမ၏ သံသယများကို သတိရသွားကာ ရှန်ကွမ်ယွဲ့ရှီးသည် မေးမိသွားရချေသည်။ "ယွီအာ... သားရဲ့ ကျင့်ကြံမှုက တိုးတက်လာပုံမရဘူး... ဒီသုံးရက်အတွင်း အဲ့ဒီအထဲမှာ ဘာတွေလုပ်နေတာလဲ..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။ "မယ်တော်… အပေါ်ယံ အပြင်ပန်းကိုကြည့်ပြီး အကဲဖြတ်လို့ မရဘူးလေ..."

"အိုး..." ရှန်ကွမ်ယွဲ့ရှီးက ရှုပ်ထွေးစွာ ကြည့်လိုက်၏။

"ယွီအာ... အဲ့ဒါ ဘာအဓိပ္ပာယ်လဲ..."

"မယ်တော်... သားနောက်ကို လိုက်ခဲ့ပါ..."

နန်ကုန်းယွီက ပြုံးလိုက်ပြီး ရှန်ကွမ်ယွဲ့ရှီးကို တရားကျင့်ခန်းထဲသို့ ဆွဲခေါ်သွားကာ ကိုယ်ယောင်ဖျောက် ဝင်္ကပါကို အသက်သွင်းလိုက်လေ၏။

"ယွီအာ... သား ဘာပြောချင်လို့လဲ..."

နန်ကုန်းယွီ၏ လုပ်ရပ်များကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ရှုပ်ထွေးစွာဖြင့် မေးလိုက်ပေသည်။

နန်ကုန်းယွီ လှည့်လာပြီး ရှန်ကွမ်ယွဲ့ရှီးကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။

"မယ်တော်... ဒီနေ့ သား ပြောမယ့်အရာကို… ဒီနေ့ ကျင့်ကြံရာကနေ ထွက်သွားတာနဲ့ လုံးဝ မေ့ပစ်လိုက်ရမယ်... ဘယ်သူ့ကိုမှ မပြောပြရဘူးနော်..."

"ဒေါ် လေးရှန်၊ မယ်တော်ကြီး (ဒါမှမဟုတ်) ဘွားဘွားကိုတောင် ပြောပြလို့ မရဘူး... မယ်တော် လုပ်နိုင်မလား..."

နန်ကုန်းယွီ၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် မျက်မှောင်အနည်းငယ် ကြုတ်မိသွားရချေသည်။

"ဒါက အဲ့ဒီလောက်တောင် အရေးကြီးလို့လား..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး သူ၏အမူအရာမှာ တည်ကြည်လေးနက်နေကာ ပြောလိုက်လေ၏။ "ဒါက သားတို့ရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတယ်... တကယ်လို့ သတင်းထွက်သွားရင် သားတို့ သေရလိမ့်မယ်... ဒါမှမဟုတ် ထာဝရ အကျဉ်းချခံရနိုင်တယ်..."

"အဲ့ဒါကြောင့် သားက အရင်တုန်းက မယ်တော့်ကို မပြောရဲခဲ့တာ... ပြီးတော့ သား ဖုံးကွယ်ထားတဲ့ အရာတွေ အများကြီး ရှိသေးတယ်..."

ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် မျက်မှောင်အတော်လေး ကြုတ်သွားလေ၏။ သူမ၏ ယွီအာက သူမကို လိမ်မှာ မဟုတ်ဘူး... ဒါကြောင့် ဒီကိစ္စက တကယ်ကို အရေးကြီးနေရမည် ဖြစ်လေ၏။

"အရင်ဆုံး စကားအနည်းငယ်ပဲ ပြောပြပါ... တကယ်လို့ မယ်တော်က ဒါဟာ တကယ်ကို အသက်အန္တရာယ်ရှိတယ်လို့ ထင်ရင်... သား ဒါကို မယ်တော့်ကို ပြောပြစရာ မလိုဘဲ သားစိတ်ထဲမှာပဲ သိမ်းထားလိုက်ပါ..."

ရှန်ကွမ်ယွဲ့ရှီးက တိုးတိုးလေး ပြောလိုက်သည်။ သူမသည် အချို့သောအရာများကို လူသိနည်းလေလေ ပိုကောင်းလေလေဖြစ်ကြောင်း ကောင်းစွာ သိထားလေ၏။

သူမ၏ စကားများကို ကြားချိန်တွင် နန်ကုန်းယွီသည် သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ ထင်တဲ့အတိုင်းပဲ... သူ့မယ်တော်ကပဲ သူ့ကို အချစ်ဆုံးပါ။

သူသည် ခဏတာ တွေဝေသွားပြီးနောက် ပြောလိုက်၏။ "ယွီအာ အသက် တစ်နှစ် ပြည့်ချိန်မှာ... ကောင်းကင်ဘုံနဲ့ အရာဝတ္ထုတွေကို လဲလှယ်နိုင်တဲ့ အထူးစွမ်းရည်တစ်ခု နိုးထလာခဲ့တယ်... အခု ယွီအာ့ရဲ့ ဝိညာဉ်အမြစ်က အထူး ဝိညာဉ်အမြစ်တစ်ခု ဖြစ်နေပြီ၊ ပြီးတော့ ယွီအာ့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း မယ်တော့်ထက်တောင် ပိုမြင့်နေပြီလေ... မယ်တော် အဲ့ဒါကို မမြင်နိုင်တာက သားမှာ ကိုယ်ယောင်ဖျောက် ကျင့်စဉ်တစ်ခု ရှိနေလို့ပါ..."

"တော်ပြီ... ဆက်မပြောနဲ့တော့..."

နန်ကုန်းယွီ စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ရှန်ကွမ်ယွဲ့ရှီးသည် သူ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်လေ၏။

သို့သော် ထို့နောက် သူမသည် နန်ကုန်းယွီကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။ "ယွီအာ... သား အခု ပြောလိုက်တဲ့အရာတွေက တကယ်လား..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး သူ၏ အရှိန်အဝါ အနည်းငယ်ကို ထုတ်ဖော်ပြလိုက်ရာ ရှန်ကွမ်ယွဲ့ရှီးမှာ အနည်းငယ် အံ့အားသင့်သွားရချေသည်။ "ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့် ဟုတ်လား..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း သူ၏ အစစ်အမှန် စွမ်းအားကိုတော့ ဖုံးကွယ်ထားခဲ့သာဖြစ်ပေသည်။

သို့သော်လည်း ရှန်ကွမ်ယွဲ့ရှီးမှာ လုံးလုံးလျားလျား ထိတ်လန့်သွားခဲ့ရချေပြီ။

အသက် လေးနှစ်အရွယ် ကလေးတစ်ယောက်မှာ ဤမျှလောက် မြင့်မားသော ကျင့်ကြံမှုအဆင့် ရှိနေလိမ့်မည်ဟု ယုံကြည်ရန် တကယ်ကို ခက်ခဲလှပေသည်။

ရှန်ကွမ်ယွဲ့ရှီးသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး နောက်ဆုံးတွင် မေးလိုက်လေ၏။ "ယွီအာ... ဒါက အရောင်းအဝယ် တစ်ခုဆိုရင်... ဒီစွမ်းအားအတွက် သား ဘာတွေ ပေးဆပ်ခဲ့ရလို့လဲ..."

"သက်တမ်း (ဒါမှမဟုတ်) ဝိညာဉ်ကျောက်တုံးတွေပါ..."

နန်ကုန်းယွီက ပြောလိုက်သည်။ "ကျင့်ကြံမှုအဆင့် မြင့်လေလေ၊ သက်တမ်း ပိုရှည်လေလေ ဖြစ်မယ်လို့ လူတွေ ပြောတာကို သား ကြားဖူးတယ်... ဒါကြောင့် ပထမဆုံး အရောင်းအဝယ်မှာ... သားရဲ့ ကျင့်ကြံမှုကို ဘေးထွက်ဆိုးကျိုးမရှိဘဲ အမြန်ဆုံး မြှင့်တင်နိုင်မယ့် နည်းလမ်းတစ်ခု ရဖို့အတွက် သားရဲ့ သက်တမ်း အနှစ် ရှစ်ဆယ်နဲ့ လဲလှယ်ခဲ့တာပါ..."

"ပြီးတော့ရော..."

ရှန်ကွမ်ယွဲ့ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး နန်ကုန်းယွီကို အနည်းငယ် စိုးရိမ်တကြီး ကြည့်လိုက်ကာ သူ့ရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ဒီလို နောက်ပြောင်ခဲ့တဲ့ ကလေးကို စိတ်ထဲကနေ အပြစ်တင်နေမိပေ၏။

သို့သော် နန်ကုန်းယွီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "အရောင်းအဝယ် ပြီးသွားတဲ့အခါ... အစိမ်းရောင် ဘောလုံးလေး တစ်လုံး သားရဲ့ တန်ထျန်းထဲကို ဝင်လာတယ်... အဲ့ဒီထဲကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တွေ ထွက်လာပြီး သားရဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း သန့်စင်ပေးသလို ဝိညာဉ်စွမ်းအင်တွေကိုလည်း တိုးပွားစေခဲ့တယ်... အခုတော့ အဲ့ဒီ ဘောလုံးလေး ပျောက်သွားပြီ၊ မယ်တော်လည်း သားရဲ့ ကျင့်ကြံမှုအဆင့်ကို မြင်ပြီးပြီလေ..."

ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "တခြား ဘာတွေ ထပ်ပြီး လဲလှယ်ခဲ့သေးလဲ..."

နန်ကုန်းယွီက ခေါင်းစောင်းကာ ခဏတာ တွေးတောလိုက်သည်။ "အထူး ဝိညာဉ်အမြစ် တစ်ခု၊ အထူး ကိုယ်ယောင်ဖျောက် ကျင့်စဉ် တစ်ခုနဲ့ သားအတွက် အသင့်တော်ဆုံး ဖြစ်မယ့် ကျင့်စဉ် တစ်ခုကိုလည်း လဲလှယ်ခဲ့တယ်..."

"ဒီပစ္စည်း သုံးမျိုးအတွက် သက်တမ်း စုစုပေါင်း သုံးထောင် ကုန်ကျခဲ့တယ်... ပြီးတော့ လွန်ခဲ့တဲ့ သုံးရက်ကလည်း နောက်ထပ် သက်တမ်း နှစ်ထောင် ထပ်ပြီး ကုန်ကျခဲ့သေးတယ်... အဲ့ဒါက နန်ကုန်းဝမ်ရှင်းနဲ့ တခြားနှစ်ယောက်အပြင် မယ်တော့်အတွက်ပါ အထူး ဝိညာဉ်အမြစ်တွေ ထည့်ပေးခဲ့တာလေ... ပြီးတော့ ကျန်းပေ့တပ် စစ်သည် သုံးထောင်ရဲ့ ဝိညာဉ်အမြစ်တွေကိုလည်း အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ပေးခဲ့ပြီး ချင်းလင်ကိုလည်း ထိပ်တန်းအဆင့် ရေ ဝိညာဉ်အမြစ် ပေးခဲ့တာပါ..."

ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားလေ၏။ "ဒီကလေး... သားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မဆင်မခြင် သုံးစွဲရတာလဲ..."

"အာ….မရဘူးလား..."

နန်ကုန်းယွီက ကြောက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "မယ်တော့်ရဲ့ ဝိညာဉ်အမြစ်က သိပ်မကောင်းဘူးလေ... မယ်တော်မှာ ပိုကောင်းတဲ့ ဝိညာဉ်အမြစ် ရှိမှ ပိုမြန်မြန် ကျင့်ကြံနိုင်ပြီး ယွီအာ့ကို ပိုပြီး ကာကွယ်ပေးနိုင်မှာ မဟုတ်လား..."

ရှန်ကွမ်ယွဲ့ရှီးက သူ့ကို အကူအညီမဲ့စွာ တစ်ချက်ကြည့်လိုက်၏။ "မယ်တော်က ကျန်းပေ့တပ် အကြောင်းကို ပြောတာပါ... မယ်တော့်ရဲ့ ဝိညာဉ်အမြစ်ကတော့ အခုလောလောဆယ် လုံလောက်နေပါပြီ..."

"မလုံလောက်ပါဘူး..."

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။ "အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်မှာ ကျင့်ကြံမှု အကန့်အသတ် ရှိနေသရွေ့... ထိပ်တန်းအဆင့်တွေမှာလည်း အကန့်အသတ် ရှိနေမှာပဲလေ... ယွီအာ့မှာ အထူး ဝိညာဉ်အမြစ် ရှိနေမှတော့... မယ်တော့်ရဲ့ ဝိညာဉ်အမြစ်ကလည်း အထူး ဝိညာဉ်အမြစ် ဖြစ်ရမှာပေါ့..."

"အဲ့ဒီလိုမှ မယ်တော်က ယွီအာနဲ့အတူ အဆင့်တူ ကျင့်ကြံနိုင်မှာဖြစ်ပြီး ယွီအာနဲ့ ထာဝရ အတူရှိနေနိုင်မှာလေ..."

ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီး၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားပြီး နန်ကုန်းယွီကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်လေ၏။

"ဟုတ်ပါပြီကွယ်" ရှန်ကွမ်ယွဲ့ရှီးက တိုးတိုးလေး ပြောလိုက်သည်။

"မယ်တော်က ယွီအာနဲ့ အမြဲတမ်း အတူရှိနေမှာပါ..."

နန်ကုန်းယွီက ရယ်မောကာ ပြောလိုက်၏။ "မယ်တော်... ဝိညာဉ်ကျောက်တုံး တစ်ထောင် သုံးပြီး သား သိခဲ့ရတာက... ကျင့်ကြံမှုအဆင့်က တာအိုအရှင်မြတ် အဆင့်ကို တက်လှမ်းနိုင်သွားရင် ကောင်းကင်နဲ့ မြေကြီးလိုပဲ အသက်ရှည်နိုင်ပြီး သက်တမ်း အကန့်အသတ် မရှိတော့ဘူးတဲ့..."

"သားတို့ရဲ့ အထူး ဝိညာဉ်အမြစ်တွေက အဲ့ဒီအဆင့်အထိ ကျင့်ကြံနိုင်စွမ်း ရှိတယ်လေ... ဒါကြောင့် ယွီအာ သူ့မယ်တော်နဲ့ ထာဝရ အတူနေလို့ ရပါတယ်..."

"ဒါပေမဲ့ မယ်တော်... မယ်တော့်ရဲ့ ဝိညာဉ်အမြစ်က နန်ကုန်းဝမ်ရှင်းတို့ထက် ပိုပြီး ထူးခြားတယ်... သာမန်လူ တစ်ယောက်ဖြစ်တဲ့ ချင်းလင်နဲ့ မယ်တော်တို့ ဝိညာဉ်အမြစ် အသစ်တွေ ပေါက်ဖို့အတွက် သူတို့ထက် နှစ်ဆ ပိုပြီး အချိန်ယူရလိမ့်မယ်... အဲ့ဒါက ခြောက်ရက်ပေါ့..."

ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် လွန်ခဲ့သော သုံးရက်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်အမှတ်ရသွားသဖြင့် အနည်းငယ် အံ့အားသင့်သွားရချေသည်။

အခန်း (၁၂၄) ငါတို့ကို နောက်နေတာလား...

"ယွီအာ... ဒါကြောင့် သားက သူတို့ကို သုံးရက်စောင့်ခိုင်းခဲ့တာလား... သား သူတို့ကို ဖုံးကွယ်ခိုင်းခဲ့တာက သူတို့ရဲ့ ဝိညာဉ်အမြစ် အကြောင်းပေါ့လေ..."

ရှန်ကွမ်ယွဲ့ရှီးသည် လွန်ခဲ့သော သုံးရက်က နန်ကုန်းယွီ ပြောခဲ့သည်များကို ပြန်လည်အမှတ်ရသွားသဖြင့် အတည်ပြုသည့်အနေဖြင့် မေးလိုက်လေ၏။

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "သူတို့က အရင်တုန်းက သားနောက်ကို လိုက်ပါဖို့ ကျိန်ဆိုခဲ့ကြတယ်လေ... ပြီးတော့ မယ်တော်လည်း ဒီတစ်ခါ သားအပေါ် သူတို့ထားတဲ့ သဘောထားကို မြင်ခဲ့တာပဲ... အဲ့ဒါကြောင့် သား သူတို့ကို ကူညီခဲ့တာပါ..."

"သား သူတို့ကို ကူညီနိုင်ပါတယ်... ဒါပေမဲ့ သား အဲ့ဒီလို မပြောခဲ့သင့်ဘူးမလား."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သော်လည်း ထို့နောက် တစ်စုံတစ်ခုကို တွေးမိကာ ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "ဒါက အကြံဆိုးတော့ မဟုတ်ပါဘူး... နောက်ကျရင် မယ်တော် သူတို့ဆီ သွားပြီးတော့ သူတို့ကို လှည့်စားဖို့ အကြောင်းပြချက် တစ်ခုလောက် ဖန်တီးပေးမယ်လေ..."

"ဒီနည်းနဲ့ဆိုရင် သူတို့က သားကို ကျေးဇူးတင်ကြမှာဖြစ်သလို... ဒီကိစ္စက သားအတွက် ခြိမ်းခြောက်မှု တစ်ခုလည်း ဖြစ်လာမှာ မဟုတ်တော့ဘူး..."

နန်ကုန်းယွီက ခေါင်းကုတ်လိုက်သည်။ "သား သေချာ မစဉ်းစားမိဘဲ မယ်တော့်ကို ဒုက္ခပေးမိသွားလို့ သား အမှားပါ..."

"ဘာတွေပြောနေတာလဲ သားရယ်... မယ်တော်က သားအတွက်ဆိုရင် ဘာမဆို လုပ်ပေးမှာပါ..."

ရှန်ကွမ်ယွဲ့ရှီးက ချစ်စနိုးဖြင့် ဆူပူလိုက်လေ၏။

သို့သော် သူမ၏ မျက်လုံးများတွင်မူ အပြုံးများ ပြည့်နှက်နေပေသည်။ သူမကို အနှောင့်အယှက် ပေးနေသော စိတ်မကောင်းဖြစ်မှုများလည်း သက်သာသွားပုံရလေ၏။

သို့သော် ထို့နောက် တစ်စုံတစ်ခုကို သတိရသွားကာ ရှန်ကွမ်ယွဲ့ရှီးက ထပ်မံညွှန်ကြားလိုက်သည်။ "ယွီအာ... နောင်ကျရင် သား လိုအပ်တာရှိရင် မယ်တော့်ကိုပဲ ပြောပါ... သားရဲ့ သက်တမ်းကို ထပ်ပြီး မသုံးပါနဲ့တော့... ဟုတ်ပြီလား..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်သော်လည်း ထို့နောက် ပြန်ခါယမ်းပြလိုက်၏။ "မယ်တော်... အရောင်းအဝယ် တစ်ခုမှာ သက်တမ်း ငါးထောင် ပြည့်သွားပြီဆိုရင်... အရောင်းအဝယ်တွေအတွက် သက်တမ်းကို ထပ်သုံးလို့ မရတော့ဘူးတဲ့... ဘာကြောင့်လဲဆိုတာ သားလည်း နားမလည်ပေမဲ့... အခုကစပြီး ဝိညာဉ်ကျောက်တုံးတွေနဲ့ပဲ အရောင်းအဝယ် လုပ်လို့ ရတော့မှာပါ..."

"အဲ့ဒါကြောင့် ယွီအာက ဘွားဘွားနဲ့ မယ်တော်တို့ကိုလည်း အဆင့်မြှင့်ပေးဖို့ နည်းလမ်း မရှိတော့ဘူးလေ..."

ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက တွေးတောနေဟန် ရှိပေသည်။ "သားရဲ့ ဘွားဘွားတို့က လောလောဆယ် သုံးဖို့ မလိုသေးပါဘူး... ဒါပေမဲ့ သက်တမ်းကို ထပ်သုံးလို့ မရတော့ဘူးဆိုတာက... လူတစ်ယောက်က အရောင်းအဝယ်အတွက် ငါးထောင်ပဲ သုံးလို့ရတာလား... တခြားလူတွေရဲ့ သက်တမ်းရော သုံးလို့ ရလား..."

"မရဘူး... အရောင်းအဝယ်မှာ သုံးတဲ့ သက်တမ်းနဲ့ ဝိညာဉ်ကျောက်တုံးတွေက သားရဲ့ ကိုယ်ပိုင်ပဲ ဖြစ်ရမှာပါ... တခြားသူတွေဆီက လက်ဆောင်ရတာကတော့ အဆင်ပြေပေမဲ့... သက်တမ်းဆိုတာကတော့ ပေးလို့ရတဲ့ အရာမျိုး မဟုတ်တော့ မရဘူးပေါ့"

နန်ကုန်းယွီက ခေါင်းခါကာ ပြောလိုက်သည်။ "နောက်ပြီး... သားကို ပေးထားတဲ့ အရာက သားရဲ့ ကိုယ်ပိုင်ပဲလေ... သားရဲ့ သက်တမ်းကို ဘယ်လောက်ပဲ တိုးအောင်လုပ်လုပ်... ဒီသက်တမ်း ငါးထောင်ကိုပဲ သုံးလို့ရတယ်"

ရှန်ကွမ်ယွဲ့ရှီးက သံသယရှိသည့် အရိပ်အယောင်မပြဘဲ ခေါင်းညိတ်လိုက်လေ၏။ သို့မဟုတ် ပို၍တိတိကျကျ ပြောရလျှင် သူမက သံသယ မဝင်ချင်ခဲ့ခြင်း ဖြစ်ပေသည်။

သူမ၏ ယွီအာက သူမကို လိမ်မှာ မဟုတ်ဘူးလေ။

သူ တစ်ခုခု ဖုံးကွယ်ထားရင်တောင် သူ့မှာ အကြောင်းပြချက် ရှိနေမှာပါ…သူမအနေနဲ့ အရမ်းတွေးနေဖို့ မလိုပါဘူး။

ရှန်ကွမ်ယွဲ့ရှီး ခေါင်းညိတ်ပြီးနောက် လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော မှော်ကမ္ပည်းစာ တစ်ခု သူမ၏ နဖူးဆီသို့ ဝင်ရောက်သွားလေ၏။

"မယ်တော်... ဘာလုပ်နေတာလဲ..."

နန်ကုန်းယွီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ရှန်ကွမ်ယွဲ့ရှီး တစ်ခုခု မှားယွင်းစွာ လုပ်မိမှာကို စိုးရိမ်တကြီး ကြည့်လိုက်မိပေသည်။

သို့သော် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးကာ ရှင်းပြလိုက်၏။ "ဒါက အထူး လျှို့ဝှက်ကျင့်စဉ် တစ်ခုပါ... အဲ့ဒါက လူတစ်ယောက်ရဲ့ မှတ်ဉာဏ် အစိတ်အပိုင်း တစ်ခုအပေါ်မှာ ကန့်သတ်ချက် တစ်ခုကို ချမှတ်ထားနိုင်ပြီး... အဲ့ဒီ မှတ်ဉာဏ်ထဲက အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ ဖွင့်မပြောနိုင်အောင် သေချာစေတာပေါ့..."

"တကယ်လို့ တစ်စုံတစ်ဦးက ဖွင့်ပြောဖို့ အတင်းအကျပ် လုပ်လာရင် (ဒါမှမဟုတ်) တစ်ယောက်ယောက်က ဝိညာဉ်ကို အတင်းအကျပ် စုံစမ်းဖို့ ကြိုးစားရင်... အဲ့ဒီ ကန့်သတ်ချက်က အဲ့ဒီ မှတ်ဉာဏ်ပါတဲ့ ဝိညာဉ် အစိတ်အပိုင်းလေးကို ဖောက်ခွဲပစ်လိုက်လိမ့်မယ်..."

"သေချာတာပေါ့… မယ်တော်ဝိညာဉ်ရဲ့ အဲ့ဒီအပိုင်း ဖောက်ခွဲခံလိုက်ရတာနဲ့... မယ်​ေတာ်က အဲ့ဒီမှတ်ဉာဏ်ကို လုံးဝ မေ့သွားလိမ့်မယ်လေ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက သူမကို တင်းတင်းကျပ်ကျပ် ဖက်မိသွားရချေသည်။ "မယ်တော်... ဘာလို့ ဒီလောက်တောင် မိုက်မဲရတာလဲ... တကယ်လို့ တစ်ယောက်ယောက်က မယ်တော့်ကို အတင်းအကျပ် လုပ်လာရင် သူတို့ကို ပြောပြလိုက်ရင် ရတာပဲလေ... ဒါက မယ်တော့်ရဲ့ ဝိညာဉ်ကို ထိခိုက်စေမှာ... အဲ့ဒါက အရမ်း နာမှာပေါ့..."

သူ၏မိခင် ရှန်ကွမ်ယွဲ့ရှီးကို ဤလျှို့ဝှက်ချက်အား ဖွင့်ပြောရဲရသည့် အကြောင်းရင်းမှာ အရိပ်နတ်ဆိုးများနှင့် အခြားသူများသည် သူတို့နှစ်ဦးကို ကာကွယ်ပေးနိုင်စွမ်း ရှိနေပြီဖြစ်သောကြောင့် ဖြစ်လေ၏။

တခြားသူတွေ သိသွားမှာ (ဒါမှမဟုတ်) လိုချင်တပ်မက်ကြမှာကို သူ တကယ် မကြောက်ပါဘူး။

ရှန်ကွမ်ယွဲ့ရှီးက သူ၏ကျောကို ပုတ်ကာ ရယ်မောလိုက်သည်။

"ကောင်းပါပြီ... စိတ်မပူပါနဲ့... မယ်တော် ဘာမှမဖြစ်ပါဘူး..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားဆဲဖြစ်ပြီး သူ၏အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေပေသည်။

"ကောင်းပြီ... သား ဗိုက်ဆာနေလောက်ပြီ... အပြင်အရင် ထွက်ကြရအောင်... မယ်တော် သားအတွက် တစ်ခုခု လုပ်ပေးမယ်လေ..."

ရှန်ကွမ်ယွဲ့ရှီး စကားပြောအပြီးတွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ ခေါင်းခါလျက် ပြောလိုက်သည်။ "ကြည့်စမ်း... မယ်တော် မေ့သွားတယ်... ယွီအာ့ရဲ့ ကျင့်ကြံမှုက အခု မယ်တော့်ထက်တောင် မြင့်နေပြီဆိုတော့... သား ဗိုက်ဆာမှာ မဟုတ်တော့ဘူးလေ..."

သို့သော် နန်ကုန်းယွီက ခေါင်းခါကာ ပြုံးလိုက်၏။ "သား ဗိုက်မဆာရင်တောင်... မယ်တော် ချက်တဲ့ ဟင်းကို စားချင်နေတုန်းပဲ."

"နောက်ပြီး... အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေမှာတောင် ခံစားချက်တွေနဲ့ ဆန္ဒတွေ ရှိကြတာပဲ... စားချင်သောက်ချင်တဲ့ ဆန္ဒကလည်း ဆန္ဒတစ်ခုပဲလေ... ယွီအာက ခံစားချက်မရှိတဲ့သူ၊ ဆန္ဒမရှိတဲ့သူ တစ်ယောက် မဖြစ်ချင်ပါဘူး... အဲ့ဒါ ယွီအာ လိုချင်တဲ့အရာ မဟုတ်ဘူးလေ..."

"ယွီအာ ပြောတာ မှန်တယ်..."

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်ပြီး သူ့ကို ချီကာ ပြောလိုက်လေသည်။ "မယ်တော် အခုပဲ သားအတွက် အရသာရှိတာလေးတွေ သွားချက်ပေးမယ်နော်..."

...

အေးချမ်းတိတ်ဆိတ်သော ဧကရာဇ်မြို့တော်၏ အနောက်ဘက် မိုင်တစ်ရာခန့်တွင်ဖြစ်၏။

တောင်ကြားတစ်ခုထဲတွင် တဲပေါင်း သုံးထောင်ကျော်ကို သပ်ရပ်စွာ ဖြန့်ခင်းထားပေသည်။ အလယ်တည့်တည့်ရှိ တဲ၏အထက်တွင် ရွှေရောင် ဓားရှည်တစ်လက်ကို ပန်းထိုးထားသော အနီရင့်ရောင် စစ်တပ်အလံတစ်ခုမှာ လေမတိုက်ဘဲ လွင့်ဝဲနေလေ၏။

ဤနေရာမှာ အခြားနေရာမဟုတ်ဘဲ ကျန်းပေ့တပ် တပ်စွဲထားသည့် နေရာပင် ဖြစ်ပေသည်။

အလယ်ဗဟိုရှိ ကွပ်ကဲရေးတဲအတွင်းတွင် နန်ကုန်းဝမ်ရှင်းနှင့် အခြားနှစ်ဦးတို့သည် ခြေပက်လက်ခွေ ထိုင်နေကြလေသည်။

နန်ကုန်းလင်ယွင်က ဘေးတစ်ဖက်တွင် ကျင့်ကြံနေပြီး နန်ကုန်းဝမ်ရှင်းနှင့် ချင်ဝူဟွေ့တို့မှာမူ မျက်နှာချင်းဆိုင်ထိုင်ကာ စစ်တုရင် ကစားနေလေ၏။

ထိုအချိန်တွင် နန်ကုန်းလင်ယွင်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသဖြင့် သူ၏မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပေသည်။

ထို့နောက် သူ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပြန်မှိတ်ထားလိုက်၏။

ခဏအကြာတွင် နန်ကုန်းလင်ယွင် မျက်လုံးပြန်ဖွင့်လိုက်ရာ သူ၏မျက်လုံးများတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ရှိနေပေသည်။ "ဝမ်ရှင်း... မင်းတို့နှစ်ယောက်... အခု မကစားနဲ့ဦး... ငါ့ရဲ့ ကျင့်ကြံမှုမှာ ပြဿနာတစ်ခု ရှိနေတယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းနှင့် အခြားသူတစ်ဦးတို့က လှည့်ကြည့်လိုက်ရာ နန်ကုန်းလင်ယွင်မှာ အဆင်ပြေပြီး ဒဏ်ရာရထားပုံမရသည်ကို တွေ့လိုက်ရသဖြင့် သူတို့ ရှုပ်ထွေးသွားကြလေ၏။

"လင်ယွင်... မင်း ခုနက ဘာပြောလိုက်တာလဲ... မင်း ဘာမှမဖြစ်ဘဲနဲ့... ငါတို့ကို နောက်နေတာလား..."

သူတို့ သုံးဦးစလုံးက ဆက်ဆံရေး ကောင်းမွန်ကြသဖြင့် နန်ကုန်းဝမ်ရှင်းက တိုက်ရိုက် ပြောလိုက်ခြင်း ဖြစ်လေ၏။ သူ၏လေသံမှာ အနည်းငယ် နိမ့်ပြီး လေးနက်နေပေသည်။

နန်ကုန်းလင်ယွင်က ခေါင်းခါလိုက်၏။ "မဟုတ်ဘူး... ခုနက ငါ ကျင့်ကြံနေတုန်းမှာ... ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲတဲ့ အမြန်နှုန်းက အရင်ကထက် အဆပေါင်းများစွာ ပိုမြန်နေတယ်... အဲ့ဒါက ပြဿနာမဟုတ်ရင် ဘာဖြစ်ဦးမှာလဲ..."

ဤစကားကို ကြားချိန်တွင် အခြားနှစ်ဦးမှာ မျက်ခုံးအနည်းငယ် ပင့်လိုက်ကြလေ၏။ ချင်ဝူဟွေ့၏ မျက်လုံးများမှာ အရောင်လက်နေပေသည်။ "မင်း ဘာပြောလိုက်တာလဲ... မင်း ငါတို့ကို နောက်နေတာ မဟုတ်ဘူးဆိုတာ သေချာလား..."

"ငါ..."

နန်ကုန်းလင်ယွင် တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် တဲအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာလေသည်။

"စစ်သူကြီးတို့... အရေးကြီးတဲ့ သတင်းတစ်ခု တင်ပြစရာ ရှိပါတယ်..."

"ဝင်ခဲ့..."

နန်ကုန်းဝမ်ရှင်း စကားပြောလိုက်ချိန်တွင် သူတို့ သုံးဦးစလုံးက ဝင်လာသူကို ကြည့်လိုက်ကြရာ ကင်းစောင့် စစ်သည်တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရပေ၏။

ရောက်လာသူကို မြင်ချိန်တွင် နန်ကုန်းဝမ်ရှင်းက မေးလိုက်သည်။ "ဝမ်ဝူ... ဘာကိစ္စရှိလို့လဲ..."

ဝမ်ဝူ၏ အမူအရာမှာ ထူးဆန်းနေသော်လည်း သူက အလျင်အမြန် ပြောလိုက်၏။ "စစ်သူကြီးတို့... တပ်ထဲက ညီအစ်ကိုတွေ အများကြီး အဆင့်တက်တော့မယ့် လက္ခဏာတွေ ပြနေကြတယ်... သူတို့အားလုံးက အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေကြတာပါ... စစ်သူကြီးတို့ သွားကြည့်သင့်ပါတယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းနှင့် အခြားနှစ်ဦးတို့ မျက်မှောင်ကြုတ်သွားကြလေ၏။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူတို့က အလယ်အလတ်အဆင့် ပါရမီပဲ ရှိတာလေ... သူတို့ထဲက တစ်ယောက်ယောက် မတော်တဆ အဆင့်တက်မယ့် လက္ခဏာပြတာက ဖြစ်နိုင်ပေမဲ့... ဘယ်လိုလုပ်ပြီး ဒီလောက် အများကြီး ဖြစ်နိုင်မှာလဲ..."

"စစ်သူကြီးတို့... ကျွန်တော်တို့ ဒါကို ရှာတွေ့ချိန်မှာ တစ်ခုခု မှားနေတယ်လို့ ခံစားမိလို့... စစ်သူကြီးတို့ကို ချက်ချင်း လာအကြောင်းကြားတာပါ..."

ဝမ်ဝူ စကားပြောနေစဉ် သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ သူ ဤကဲ့သို့သော အရာမျိုးကို ယခင်က တစ်ခါမှ မမြင်ဖူးသောကြောင့် ဖြစ်လေ၏။

နန်ကုန်းဝမ်ရှင်းက နန်ကုန်းလင်ယွင်ကို တစ်ချက်ကြည့်လိုက်သည်။ "မင်း ခုနက ပြောတာတွေက တကယ်လား..."

နန်ကုန်းလင်ယွင်က ခေါင်းညိတ်လိုက်၏။ "တကယ်ပါ... ဒါပေမဲ့ ဘာလို့ ရုတ်တရက်ကြီး ဒါကို မေးတာလဲ..."

နန်ကုန်းဝမ်ရှင်းက သူ့ကို မဖြေဘဲ တိုက်ရိုက် ပြောလိုက်သည်။ "သွားကြစို့... သွားကြည့်ကြရအောင်..."

ထို့နောက် သူသည် ထကာ အပြင်သို့ ထွက်လာခဲ့လေ၏။

ဤသည်ကို မြင်ချိန်တွင် ချင်ဝူဟွေ့နှင့် အခြားနှစ်ဦးတို့က အလျင်အမြန် လိုက်လာကြပြီး တဲအပြင်ဘက်သို့ ရောက်ရှိလာကြပေသည်။

နန်ကုန်းဝမ်ရှင်း၏ ဝိညာဉ်အာရုံသည် မျက်တောင်တစ်ခတ်အတွင်း စခန်းတစ်ခုလုံးကို တိတ်တဆိတ် ဖြန့်ကျက်လိုက်ရာ သူ အံ့အားသင့်ပြီး သံသယဖြစ်မိသွားရချေသည်။

ဤသည်ကို မြင်ချိန်တွင် ချင်ဝူဟွေ့နှင့် နန်ကုန်းလင်ယွင်တို့သည်လည်း သူတို့၏ ဝိညာဉ်အာရုံများကို အသုံးပြု၍ စုံစမ်းစစ်ဆေးလိုက်ကြရာ သူတို့၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားကြလေ၏။

ချင်ဝူဟွေ့က မျက်မှောင်ကြုတ်လိုက်သည်။ "ဝမ်ရှင်း... တာဝန်ကျနေတဲ့သူတွေကလွဲရင် အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်မှာရှိတဲ့ ညီအစ်ကိုတွေ အားလုံးက အဆင့်တက်တော့မယ့် လက္ခဏာတွေ ပြနေကြတယ်... ဒါက အရမ်း ထူးဆန်းလွန်းတယ်... သူတို့ကို ငါတို့ နှိုးလိုက်ရမလား..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းက ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသဖြင့် သူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားလေ၏။

All Chapters