← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇) ကံကြမ္မာကို အန်တုခြင်းလား

ရှန်ကွမ်ယွဲ့ရှီး၏ စကားများကို ကြားရသောအခါ နန်ကုန်းဝမ်ရှင်း၏ မျက်လုံးများထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ယနေ့ဖြစ်ပေါ်နေသော အပြောင်းအလဲများအားလုံးမှာ မင်းသားငယ်ကြောင့် ဖြစ်ရမည်ဟု သူ အရင်ကတည်းက သံသယရှိခဲ့သော်လည်း ၎င်းမှာ အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ

နန်ကုန်းဝမ်ရှင်း၏ မျက်လုံးများထဲတွင် သိချင်စိတ်များ တောက်ပလာကာ မေးလိုက်၏။ "မင်းသမီး... အသေးစိတ်ကို ကျွန်တော်တို့ကို ပြောပြပေးလို့ ရမလား"

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "မင်းသားဟောင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ပစ္စည်းတစ်ခု ချန်ထားခဲ့တယ်လေ... ယွီအာ တစ်နှစ်သားအရွယ်မှာ အဲ့ဒီပစ္စည်းကို သူ့လက်ထဲ ငါ ထည့်ပေးခဲ့တာ..."

"လွန်ခဲ့တဲ့ သုံးရက်က သူ မင်းတို့ကို ပြောခဲ့တဲ့ စကားတွေကို ကြားတော့ ငါလည်း သိချင်လို့ သူ့ကို မေးခဲ့တယ်... ဒီနေ့ကျရင် မယ်တော် သိရလိမ့်မယ်လို့ ယွီအာက ပြန်ပြောခဲ့တယ်လေ..."

"ဒီနေ့ ငါ သူ့ကို ထပ်မေးကြည့်တော့မှ... လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က အဲ့ဒီပစ္စည်းကို ယွီအာ့ဆီကနေ ယူသွားခဲ့တယ်ဆိုတာ သိလိုက်ရတယ်... အဲ့ဒီအစား သူက ယွီအာ၊ ငါ၊ ကျန်းပေ့တပ်၊ ချင်းလင်နဲ့ တခြားသူတွေကိုပါ ကံကြမ္မာကို အန်တုနိုင်ဖို့ ကူညီပေးခဲ့တာပဲ..."

"ကံကြမ္မာကို အန်တုခြင်း ဟုတ်လား..."

နန်ကုန်းဝမ်ရှင်းနှင့် အခြားသူများ ထိတ်လန့်သွားကြ၏။ "မင်းသမီး... ဒီလောက် ထူးဆန်းတဲ့ အရာမျိုးက တကယ် အမှန်ပဲလား"

"ငါက ဘာလို့ မင်းတို့ကို လိမ်ရမှာလဲ..."

ရှန်ကွမ်ယွဲ့ရှီးက သူ့ကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။ "မင်းတို့ စမ်းသပ်ပြီးတာပဲဖြစ်ဖြစ်၊ မစမ်းသပ်ရသေးတာပဲဖြစ်ဖြစ်... ရလဒ်ကို ငါ အရင်ပြောပြမယ်... အဲ့ဒီအခါကျရင် မင်းတို့ သိသွားမှာပေါ့... ဟုတ်တယ်မလား..."

နန်ကုန်းဝမ်ရှင်းက အနည်းငယ် ဦးညွှတ်လိုက်၏။ "ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း မိန့်ကြားပေးပါ... ဒါမှ ကျွန်တော်တို့ ညီအစ်ကိုတွေ သိနိုင်မှာပါ..."

"ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း မိန့်ကြားပေးပါ မင်းသမီး..."

ကျန်းပေ့တပ်မှ စစ်သည်များအားလုံး အနည်းငယ် ဦးညွှတ်လိုက်ကြပြီး သူတို့၏ ကံကြမ္မာကို အန်တုခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို သိရှိရန် စိတ်အားထက်သန်နေကြပေသည်။

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်၏။ "ယွီအာက တောင်းဆိုပြီးတဲ့နောက်... အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်က ယွီအာကို ပြောခဲ့တယ်... တော်ဝင်မိသားစုရဲ့ အရှိန်အဝါက အရမ်းပြင်းထန်လွန်းလို့ ကံကြမ္မာကို အန်တုဖို့ဆိုတာ အရမ်းခက်ခဲတယ်တဲ့... ဒါကြောင့် သူ မလုပ်ပေးချင်ဘူးလို့ ဆိုတယ်..."

"နောက်ဆုံးမှာတော့ အသေအချာ စဉ်းစားပြီးတဲ့နောက်... အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်က ယွီအာ၊ ငါ၊ ကျန်းပေ့တပ်နဲ့ ချင်းလင်တို့ကို ကံကြမ္မာ အန်တုနိုင်ဖို့ ယာယီ ကူညီပေးခဲ့တာပဲ... ပြီးတော့ လူဆယ်ယောက်ကို ကံကြမ္မာ အန်တုခွင့်ပေးဖို့ အကြွေးတင်သွားခဲ့တယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်းနှင့် အခြားသူများက မော့ကြည့်လိုက်ကြ၏။ "ဒါဆိုရင်... ဒီနေ့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ အားလုံးက မင်းသားငယ်ကြောင့်ပေါ့လေ..."

"မှန်တယ်..."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းညိတ်လိုက်သည်။ "ယွီအာ ပြောတာအရဆိုရင်... ငါတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့အတွက် အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်ချက်တွေက... ငါတို့ရဲ့ အခြေအနေပေါ် မူတည်ပြီး ဝိညာဉ်အမြစ်တွေကို အဆင့်မြှင့်ပေးတာ (ဒါမှမဟုတ်) အသစ် ထည့်ပေးတာပဲ"

ဤစကားကို ကြားချိန်တွင် လူတိုင်း ခုနက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်အမှတ်ရသွားကြပြီး သူတို့၏ အသက်ရှူသံများမှာ ချက်ချင်းပင် လေးလံလာခဲ့လေသည်။

သို့သော် ရှန်ကွမ်ယွဲ့ရှီးက ဆက်ပြောလိုက်သည်။ "ယွီအာ၊ ငါနဲ့ စစ်သူကြီး သုံးယောက်တို့က အထူး ဝိညာဉ်အမြစ် တစ်ခုစီ ရခဲ့ကြတယ်... ကျန်းပေ့တပ်က စစ်သည် သုံးထောင်ကတော့ သူတို့ရဲ့ ကိုယ်ပိုင် အခြေအနေပေါ် မူတည်ပြီး သူတို့ရဲ့ ဝိညာဉ်အမြစ် တစ်ခုစီကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်နိုင်ခဲ့ကြတယ်... ချင်းလင်ကလည်း ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် တစ်ခု ရခဲ့တယ်...တကယ်လို့ စစ်သူကြီး ဝမ်ရှင်းက မယုံဘူးဆိုရင် အခုချက်ချင်း စမ်းကြည့်လို့ ရပါတယ်..."

ဤစကားကို ကြားချိန်တွင် လူတိုင်း၏ အသက်ရှူသံများမှာ ပိုမို လေးလံလာခဲ့လေ၏။ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်လား။ အထူး ဝိညာဉ်အမြစ်လား။

နန်ကုန်းဝမ်ရှင်းသည် သူ၏ အံ့အားသင့်မှုများကို မျိုသိပ်လိုက်ပြီး ရှန်ကွမ်ယွဲ့ရှီးကို လေးစားစွာ ကြည့်ကာ ပြောလိုက်သည်။ "မင်းသမီး... ကျွန်တော်တို့ မယုံတာ မဟုတ်ပါဘူး... ဒါပေမဲ့ အရမ်းကို သိချင်နေလို့ပါ... စမ်းသပ်ကြည့်ခွင့် ပြုပါဦး"

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်ပြီး သူမ၏လက်ကို ညင်သာစွာ ဆန့်ထုတ်လိုက်လေ၏။ "စစ်သူကြီး ဝမ်ရှင်း... စတင်လိုက်ပါ..."

နန်ကုန်းဝမ်ရှင်း ခေါင်းညိတ်လိုက်ပြီး အနားရှိ ခုံကြီးတစ်လုံးကို အလျင်အမြန် ထုတ်ယူကာ ချထားလိုက်သည်။ "တကယ်လို့ မင်းသမီး မအားမလပ် ဖြစ်မနေဘူးဆိုရင်... ကျေးဇူးပြုပြီး ထိုင်ပြီး ကျွန်တော်တို့နဲ့အတူ ကြည့်ရှုပေးပါဦး"

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ထိုခုံကြီးပေါ်တွင် ထိုင်လိုက်လေသည်။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းဝမ်ရှင်းက ချင်ဝူဟွေ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "လူသားအဆင့် ဝိညာဉ်အမြစ် စမ်းသပ်တဲ့ ကျောက်တုံးတွေက အထူး ဝိညာဉ်အမြစ်တွေကို ရှာမတွေ့နိုင်ဘူး... ကောင်းကင်အဆင့် ဒါမှမဟုတ် အဲ့ဒီထက်မြင့်တဲ့ ကျောက်တုံးတွေမှပဲ ရမှာ... ငါတို့ သုံးယောက်က သုံးဖို့ မလိုပါဘူး... ညီအစ်ကိုတွေကို အရင် စမ်းခိုင်းလိုက်ကြရအောင်..."

"အဲ့ဒီလို လုပ်တာက ပိုမှန်ပါတယ်..."

ချင်ဝူဟွေ့က ခေါင်းညိတ်လိုက်ပြီး ရှန်ကွမ်ယွဲ့ရှီး၏ ဘေးတွင် လေးစားစွာ ရပ်နေလိုက်လေ၏။

နန်ကုန်းဝမ်ရှင်းသည် သူမကို မျှော်လင့်တကြီး ကြည့်နေကြသော ကျန်းပေ့ စစ်သည်များကို ကြည့်ကာ ပြောလိုက်သည်။ "အားလုံး အစီအစဉ်တကျ တန်းစီကြစမ်း... မင်းသမီး ရှေ့မှာ အရှက်မကွဲစေနဲ့... တစ်ယောက်ပြီး တစ်ယောက် စမ်းသပ်ဖို့ ရှေ့ထွက်ခဲ့ကြ..."

"ဟုတ်ကဲ့ပါ..."

လူတိုင်း တညီတညွတ်တည်း ပြန်ထူးလိုက်ကြလေ၏။

နန်ကုန်းဝမ်ရှင်းက ညာဘက်အစွန်ဆုံး တန်းကို လက်ညှိုးထိုးပြလိုက်သည်။ "ကျန်းနင်... မင်း အရင်လာ... ပြီးရင် ကျန်တဲ့သူတွေ နောက်က လိုက်ခဲ့..."

"ဟုတ်ကဲ့ပါ..."

ကျန်းနင်သည် သူ၏အမည်ကို ခေါ်သံကြားချိန်တွင် သူ၏မျက်နှာမှာ ဝမ်းသာအားရဖြစ်သွားပြီး ဝိညာဉ်အမြစ်စမ်းသပ်သည့် ကျောက်တိုင်ဆီသို့ အလျင်အမြန် ရှေ့တိုးလာခဲ့လေ၏။

သို့သော် သူ၏လက်ကို ကျောက်တိုင်ပေါ်သို့ တင်လိုက်သည်နှင့်တပြိုင်နက် ကျောက်တိုင်၏ အောက်ခြေမှ အပြာရောင် အလင်းတန်းတစ်ခု ပွင့်ထွက်လာပြီး ရေဂုဏ်သတ္တိ အရှိန်အဝါများ ထွက်ပေါ်လာပေသည်။

ဝိညာဉ်အမြစ်စမ်းသပ်သည့် ကျောက်တိုင် တစ်ခုလုံးမှာ အလင်းရောင်များဖြင့် လွှမ်းခြုံသွားပြီး ၎င်းမှာ ထိပ်တန်းအဆင့် ရေ ဝိညာဉ်အမြစ် ဖြစ်ကြောင်း ထင်ရှားစွာ ပြသနေလေ၏။

ဤသည်ကို မြင်ချိန်တွင် လူတိုင်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားကြလေ၏။

ကျန်းပေ့တပ်က စည်းကမ်းတင်းကျပ်လို့သာပေါ့... မဟုတ်ရင် သူတို့အားလုံး အော်ဟစ်ကုန်ကြမှာ သေချာပါသည်။

ကျန်းနင်သည် ကျန်းပေ့တပ်ရှိ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ပိုင်ရှင်များထဲမှ တစ်ဦး ဖြစ်လေ၏။ ယခုအခါ သူသည် ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်နေပြီဖြစ်ရာ ၎င်းမှာ အမှန်တကယ် ဖြစ်နေရမည်မှာ သေချာလှပေသည်။

ကျန်းနင်၏ ပျော်ရွှင်လွန်း၍ မှင်သက်နေသော မျက်နှာကို မြင်ချိန်တွင် နန်ကုန်းဝမ်ရှင်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏ခံစားချက်ကို အပြည့်အဝ နားလည်ပေးလိုက်သည့။

သူက သတိပေးလိုက်သည်။ "စမ်းသပ်ပြီးတာနဲ့ အောက်ဆင်းတော့... တခြားသူတွေလည်း စမ်းရဦးမယ်..."

ကျန်းနင်သည် သူ၏ မှင်သက်မှုမှ သတိပြန်ဝင်လာပြီး အလျင်အမြန် ခေါင်းညိတ်ကာ သူ၏ မူလနေရာသို့ ပြန်သွားပြီး ညာဘက်အနည်းငယ်တွင် ရပ်နေလိုက်လေသည့။

သူ ဆင်းသွားသည်နှင့် သူ၏နောက်မှ စစ်သည်များ တက်လာကြရာ အားလုံးက ထိပ်တန်းအဆင့်တွေချည်း ဖြစ်နေကြပြန်လေ၏။

ထိပ်တန်းအဆင့် မီး ဝိညာဉ်အမြစ်။

ဤသည်ကို မြင်ချိန်တွင် ကျန်းပေ့တပ် တစ်ခုလုံးမှာ မည်သည့်သံသယမျှ မရှိကြတော့ဘဲ သူတို့၏ မျက်နှာများတွင် ဖုံးကွယ်မရသော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားကြကာ သူတို့သည် တကယ့်ကို အံ့ဩဖွယ်ကောင်းသော အခွင့်အရေးတစ်ခုကို ရရှိခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

ထိုအချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက ဝိညာဉ်အမြစ်စမ်းသပ်သည့် ကျောက်တိုင် တစ်ခုကို ထပ်မံ ပစ်ပေးလိုက်သည်။ "အားလုံး အတူတူ စမ်းကြ... မြန်မြန်လုပ်ကြပါ"

နန်ကုန်းဝမ်ရှင်း၏ မျက်နှာမှာ ဝမ်းသာအားရဖြစ်သွားပြီး ကျေးဇူးတင်သည့်အနေဖြင့် အလျင်အမြန် ဦးညွှတ်လိုက်လေ၏။

"ကျေးဇူးတင်ပါတယ် မင်းသမီး..."

ထို့နောက် သူသည် ဘယ်ဘက်အစွန်ဆုံးမှ ပထမဆုံးလူကို လှည့်ကြည့်လိုက်သည်။ "ဝမ်တိန့်... မင်း ဒီကိုလာခဲ့..."

"ဟုတ်ကဲ့ပါ..."

ဝမ်တိန့် ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်အမြစ်စမ်းသပ်သည့် ကျောက်တိုင်ရှေ့တွင် ချက်ချင်း ပေါ်လာလေ၏။ မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ အထက်တန်းအဆင့် သတ္တု ဝိညာဉ်အမြစ်မှာ ထိပ်တန်းအဆင့် သတ္တု ဝိညာဉ်အမြစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ သူ ပြုံးဖြဲဖြဲ ဖြစ်သွားခဲ့ရပေသည်။

သို့သော် သူတို့က အချိန်မဆွဲဘဲ တိုက်ရိုက် ဆင်းသွားကြသည်။

မကြာမီမှာပင် နန်ကုန်းဝမ်ရှင်း၊ အခြားနှစ်ဦးနှင့် ဝင်္ကပါကို ထိန်းသိမ်းထားသော လူ လေးဆယ့်ကိုးဦးတို့မှလွဲ၍ ကျန်ရှိသောသူများ အားလုံးမှာ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်များ ပိုင်ဆိုင်ထားကြောင်း စမ်းသပ်တွေ့ရှိခဲ့ကြသည်။

နန်ကုန်းဝမ်ရှင်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဒူးတစ်ဖက် ထောက်ချလိုက်ကာ ပြောလိုက်သည်။ "မင်းသားငယ် ရဲ့ အသက်ကယ်ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်... မင်းသမီးကြီး ကိုလည်း ကျေးဇူးတင်ပါတယ်."

သူ့နောက်မှ ချက်ချင်းဆိုသလိုပင် ချင်ဝူဟွေ့နှင့် အခြားသူများလည်း ဒူးတစ်ဖက် ထောက်ချလိုက်ကြပြီး တညီတညွတ်တည်း ပြောလိုက်ကြလေ၏။ "ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တဲ့ မင်းသားငယ်ရဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်… မင်းသမီးကြီးကိုလည်း ကျေးဇူးတင်ပါတယ်..."

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "ထကြပါ... အခုကစပြီး မင်းတို့အလုပ်ကို မင်းတို့ သေချာလုပ်ကြ... ယွီအာကို စိတ်မပျက်စေနဲ့နော်..."

"ကျွန်တော်တို့ရဲ့ မင်းသားငယ် နောက်ကို သေတဖန် အသက်ဆုံးအထိ လိုက်ပါဖို့ ကျိန်ဆိုပါတယ်..."

"ကျွန်တော်တို့ရဲ့ မင်းသားငယ် နောက်ကို သေသည်အထိ လိုက်ပါဖို့ ကျိန်ဆိုပါတယ်..."

"ကျွန်တော်တို့ရဲ့ မင်းသားငယ် နောက်ကို သေသည်အထိ လိုက်ပါဖို့ ကျိန်ဆိုပါတယ်..."

ကျန်းပေ့စစ်တပ်မှ စစ်သည် သုံးထောင်က တညီတညွတ်တည်း အော်ဟစ်လိုက်ကြရာ သူတို့၏ အသံများက ဟင်းလင်းပြင်ကို တုန်ခါသွားစေပြီး လှိုင်းများ ဖြစ်ပေါ်စေခဲ့လေ၏။

(ကျန်းပေ့ - မြောက်ပိုင်း)

အကယ်၍ ဤနေရာရှိ အခြေအနေများကို ဖုံးကွယ်ထားပြီး အသံများ အပြင်သို့ မပျံ့နှံ့အောင် တားဆီးပေးထားသည့် ကိုယ်ယောင်ဖျောက် ဝင်္ကပါသာ မရှိခဲ့လျှင်... အေးချမ်းတိတ်ဆိတ်သော ဧကရာဇ်မြို့တော်ရှိ လူအများအပြားမှာ ထပ်မံ၍ မသက်မသာ ဖြစ်ကြရဦးမည် ဖြစ်ပေသည်။

ရှန်ကွမ်ယွဲ့ရှီးက ဤလူများ၏ ခံစားချက်ကို နားလည်ပေးသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်၏။ ဝိညာဉ်သန္ဓေသားအဆင့် အထွတ်အထိပ်၏ အကန့်အသတ်ကို မသိရှိနိုင်သော အဆင့်တစ်ခုအထိ အတင်းအကျပ် မြှင့်တင်ပေးလိုက်ခြင်းမှာ ဤကျင့်ကြံသူများအတွက် တကယ့်ကို အသက်ကယ်ကျေးဇူး တစ်ခုပင် ဖြစ်လေ၏။

ရှန်ကွမ်ယွဲ့ရှီးသည် ဝိညာဉ်အမြစ်စမ်းသပ်သည့် ကျောက်တိုင်ကို သိမ်းဆည်းလိုက်သည်။ "အခုကစပြီး မင်းတို့အလုပ်ကို မင်းတို့ သေချာလုပ်ကြ... ငါထုတ်ပြန်ထားတဲ့ စစ်ရေးအမိန့် လေးခုကို မှတ်ထားပါ... ယွီအာ့ရဲ့ အမိန့်ကို အချိန်မရွေး နာခံဖို့ အသင့်ပြင်ထားကြပါ."

"ဟုတ်ကဲ့ပါ..."

ကျန်းပေ့တပ်က တညီတညွတ်တည်း ပြန်ထူးလိုက်ကြလေ၏။

"စစ်သူကြီး ဝမ်ရှင်း... ယွီအာက မင်းတို့ သုံးယောက်စလုံးမှာ သတ်ဖြတ်ခြင်း ဝိညာဉ်အမြစ်တွေ ရှိနေပြီဖြစ်ကြောင်း မင်းတို့ကို ပြောပြခိုင်းလိုက်တယ်... မင်းတို့ နောက်ကျရင် ပိုကောင်းတဲ့ ကျင့်စဉ်တွေကို ပြောင်းပြီး ကျင့်ကြံလို့ ရပါတယ်..."

"အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီး..." နန်ကုန်းဝမ်ရှင်းနှင့် အခြားနှစ်ဦးတို့က ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ကာ ဦးညွှတ်လိုက်ကြလေ၏။

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပါပြီ... အခု ဒီကိစ္စက ပြေလည်သွားပြီဆိုတော့... ငါ ပြန်တော့မယ်..."

"မင်းသမီးကြီး ကို ရိုသေစွာ နှုတ်ဆက်ပါတယ်..."

ကျန်းပေ့တပ်သားများ အားလုံး ဒူးတစ်ဖက် ထောက်ချလိုက်ကြပြီး ရှန်ကွမ်ယွဲ့ရှီး ထွက်ခွာသွားသည်ကို ကြည့်နေလိုက်ကြလေ၏။

အခန်း (၁၂၈) အိပ်မက်တွေကလည်း တကယ်ဖြစ်လာနိုင်ပါတယ်

"မင်းတို့ရဲ့ အသက်ရှူနှုန်းကို အမြန်ဆုံး ပြန်ထိန်းကြ... မင်းတို့ရဲ့ အရှိန်အဝါတွေကို ဖိနှိပ်ထားကြ... ဒီနေရာကို ရှင်းလင်းပြီး မြောက်ပိုင်းနယ်မြေကို ပြန်ဖို့ ပြင်ဆင်ကြပါ"

ရှန်ကွမ်ယွဲ့ရှီး ထွက်သွားသည်ကို ကြည့်ပြီးနောက် နန်ကုန်းဝမ်ရှင်းသည် မတ်တပ်ရပ်လိုက်ပြီး လူတိုင်းကို ကြည့်ကာ ပြောလိုက်၏။

"ဟုတ်ကဲ့ပါ..."

ကျန်းပေ့တပ်က သဘောတူလိုက်ကြပြီး ပျော်ရွှင်စွာဖြင့် လျင်မြန်စွာ လူစုခွဲလိုက်ကြကာ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။

"ဝမ်ရှင်း... မင်းသမီးကြီး တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ..."

ချင်ဝူဟွေ့သည် လူစုခွဲသွားသော ကျန်းပေ့တပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နန်ကုန်းဝမ်ရှင်းဘက်သို့ လှည့်ကာ မေးလိုက်ရာ သူ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေပေ၏။

သို့သော် ထို့နောက် နန်ကုန်းဝမ်ရှင်းက ခေါင်းလှည့်ကာ သူ့ကို ပြုံးစိစိဖြင့် ကြည့်လိုက်သည်။

"အခု ဒီရလဒ်က မကောင်းသေးလို့လား"

"သေချာတာပေါ့... ငါ့ရဲ့ ကျန်းပေ့တပ်အတွက်ဆိုရင်တော့ ဒီထက်ကောင်းတာ မရှိနိုင်တော့ဘူး..." ချင်ဝူဟွေ့က တွေဝေမနေဘဲ ပြောလိုက်၏။

နန်ကုန်းဝမ်ရှင်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အဝေးသို့ လှမ်းကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "လက်ရှိ ရလဒ်က လုံလောက်အောင် ကောင်းနေမှတော့... အများကြီး သိဖို့ ဘာလို့ ကြိုးစားနေဦးမှာလဲ..."

ဤစကားကို ကြားချိန်တွင် ချင်ဝူဟွေ့သည် နက်ရှိုင်းသော အတွေးထဲသို့ နစ်ဝင်သွားပုံရလေ၏။

နန်ကုန်းဝမ်ရှင်းက အနည်းငယ် ပြုံးလိုက်သည်။ "ကောင်းပါပြီ... အမြန်ဆုံး ပြင်ဆင်ကြစမ်း... ဒီည မြောက်ပိုင်းနယ်မြေက စစ်ဟုန် တောင်တန်းတွေဆီ ငါတို့ ပြန်ကြမယ်..."

"ကောင်းပြီလေ..." ချင်ဝူဟွေ့က ခေါင်းညိတ်လိုက်သည်။

" ပိုဆောင်ခြင်း ဝင်္ကပါကိုပဲ သုံးမှာလား..."

နန်ကုန်းဝမ်ရှင်းက ခဏတန့်သွားပြီး "ငါတို့ အခု လောလောဆယ် သိပ်မအားတာ မဟုတ်ဘူးလေ... စစ်သင်္ဘောတွေကိုပဲ သုံးကြရအောင်..."

"ကောင်းပြီ"

...

ညပိုင်းတွင် ဖြစ်ပေသည်။

သုံးရက်တိုင်တိုင် မအိပ်ခဲ့ရသဖြင့် နန်ကုန်းယွီသည် ရှန်ကွမ်ယွဲ့ရှီး၏ ရင်ခွင်ထဲတွင် ကွေးညွတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့လေသည်။

ကျန်းပေ့တပ်သည် စစ်သင်္ဘောများဖြင့် မြောက်ဘက်သို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်းကိုလည်း အဖွဲ့အစည်း အသီးသီးက သိရှိသွားကြသဖြင့် သူတို့အားလုံး စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချနိုင်ခဲ့ကြလေသည်။

နောက်နေ့ စောစောပိုင်း မနက်ခင်းတွင် ဖြစ်ပေသည်။

နန်ကုန်းယွီ နိုးလာသည်ကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက သူ့ကို ချီလိုက်ပြီး မေးလိုက်၏။ "ယွီအာ... တကယ်လို့ ငါတို့က ဝိညာဉ်ကျောက်တုံးတွေနဲ့ အရောင်းအဝယ် လုပ်မယ်ဆိုရင်... ဒေါ် လေးရှန်ရဲ့ ဝိညာဉ်အမြစ်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ဖို့ ဘယ်လောက် ကုန်ကျမလဲ..."

"ငါးသန်းပေါ့..."

နန်ကုန်းယွီသည် သူ၏ အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "သား အများကြီး မလိုချင်ပါဘူး..."

မည်သို့ပင်ဆိုစေ ဝိညာဉ်အမြစ်များကို တိုက်ရိုက်ရောင်းချခြင်းဖြင့် ရရှိလာသော ဝိညာဉ်ကျောက်တုံးများကို အမှတ်များအဖြစ် လဲလှယ်၍ မရနိုင်ပေ။

နေဦး။

တိုက်ရိုက် ရောင်းမလို့လား။

အကယ်၍ အရင်ဆုံး ဝိညာဉ်ကျောက်တုံးတွေကို ရအောင်ယူပြီး၊ အဲ့ဒီနောက်မှ အမှတ်တွေနဲ့ လဲလှယ်ပြီး နောက်ဆုံးမှာ ဝိညာဉ်အမြစ်တွေနဲ့ လဲလှယ်မယ်ဆိုရင်ရော ဘယ်လိုနေမလဲ။

ဤအရာကို တွေးမိသည်နှင့် နန်ကုန်းယွီ မျက်တောင်ခတ်မိသွားသည်။ ထို့အပြင် သူ လဲလှယ်လိုက်သော အရာများမှာ ရောင်းရန် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်လူများ အသုံးပြုရန်အတွက် မဟုတ်ပါလား။

ပြီးတော့ သူ့မယ်တော် ပေးတဲ့ ဝိညာဉ်ကျောက်တုံးတွေက သူ့ဟာ မဟုတ်ဘဲ ဘယ်လိုဖြစ်နိုင်မှာလဲ။ အရာဝတ္ထုတွေ ရောင်းလို့ ရလာတာပဲလေ။

ဤအရာကို တွေးမိသောအခါ နန်ကုန်းယွီသည် အနည်းငယ် စိတ်ဝင်စားသွားလေသည်။

သို့သော် ထိုအချိန်မှာပင် ရှန်ကွမ်ယွဲ့ရှီးက ဝိညာဉ်ကျောက်စိမ်း ကတ်ပြားတစ်ခုကို ကမ်းပေးလိုက်သည်။ "ဒီထဲကတချို့ ထုတ်ယူလိုက်ပြီး မင်းရဲ့ ဒေါ် လေးရှန်ကို သူ့ရဲ့ စွမ်းရည်တွေ တိုးတက်အောင် ကူညီပေးလိုက်ပါ... ဘာပဲပြောပြော ဒေါ် လေးရှန်က ငါတို့ သားအမိအပေါ် အရမ်းကောင်းခဲ့တာပဲလေ."

နန်ကုန်းယွီ ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်ကျောက်စိမ်း ကတ်ပြားကို ယူကာ ခဏမျှ မျက်လုံးမှိတ်ထားဟန် ဆောင်လိုက်ပေသည်။ သို့သော် ဝိညာဉ်ကျောက်စိမ်း ကတ်ပြားပေါ်ရှိ နံပါတ်များမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်း ငါးသန်းမှာ ပျောက်ကွယ်သွားခဲ့လေသည်။

နန်ကုန်းယွီသည် ဝိညာဉ်ကျောက်စိမ်း ကတ်ပြားကို ရှန်ကွမ်ယွဲ့ရှီးထံ ပြန်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "မယ်တော်... ရပါပြီ... သုံးရက်တော့ စောင့်ရဦးမယ်နော်"

နန်ကုန်းယွီ စကားပြောနေစဉ် သူ၏ အသိစိတ် တစ်စွန်းတစ်စက ဝိညာဉ်ကျောက်တုံး ငါးသန်းကို အမှတ်များအဖြစ် လဲလှယ်လိုက်ပြီးနောက် ဒေါ် လေးရှန် ပေါင်းစပ်ရန်အတွက် ထိပ်တန်းအဆင့် မြေကမ္ဘာ ဝိညာဉ်အမြစ် တစ်ခုအဖြစ် ပြန်လည်လဲလှယ်လိုက်လေ၏။

မည်သို့ပင်ဆိုစေ သူမတွင် အထက်တန်းအဆင့် မြေကမ္ဘာ ဝိညာဉ်အမြစ် ရှိပြီးသား ဖြစ်နေသည် မဟုတ်ပါလား။

နန်ကုန်းယွီ၏ စကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် သူမ၏ ဝိညာဉ်ကျောက်စိမ်း ကတ်ပြားကို ပြန်သိမ်းလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဤကောင်လေးကို လက်ရှိတွင် ကိုင်ခိုင်းထားရန် မဝံ့ရဲသောကြောင့် ဖြစ်လေသည်။

သူက မျက်တောင်တစ်ချက် မခတ်ဘဲ သက်တမ်း နှစ်ထောင်၊ သုံးထောင်လောက်ကို သုံးပစ်နိုင်တာလေ။ အကယ်၍ ဝိညာဉ်ကျောက်စိမ်း ကတ်ပြားသာ သူ့လက်ထဲ ရောက်သွားရင်... သူ ဘယ်အချိန်မှာ အကုန်သုံးပစ်မလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။

"ကောင်းပါပြီ... ထတော့..."

ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီကို ချီလိုက်ပြီး အဝတ်အစားများ ဝတ်ပေးကာ အိပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။

ခဏအကြာတွင် ထိုနှစ်ဦးမှာ ကိုယ်လက်သန့်စင်ပြီးနောက် အတူတူ နံနက်စာ သုံးဆောင်ခဲ့ကြပေသည်။ ထို့နောက် နန်ကုန်းယွီကို သူ၏မိခင်က ကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ပေးခဲ့လေ၏။

သူမ ချစ်ရသော သား၏ ကျင့်ကြံမှုအဆင့်မှာ သူမထက် ကျော်လွန်နေပြီဖြစ်ကြောင်း သိရှိရကတည်းက ရှန်ကွမ်ယွဲ့ရှီးသည် စိတ်ဓာတ်များ တက်ကြွနေပြီး အလေးအနက် စတင် ကျင့်ကြံနေခဲ့ပေသည်။

ညဘက်မှာ နန်ကုန်းယွီကို အနားယူခိုင်းမှာဆိုတော့... နေ့ဘက်မှာတော့ သူမရဲ့ ကျင့်ကြံမှုအပေါ်မှာပဲ သဘာဝကျကျ အာရုံစိုက်ရမှာပေါ့။

...

အချိန်တွေ ကုန်လွန်သွားရာ မျက်တောင်တစ်ခတ်အတွင်း နှစ်ရက် ကုန်ဆုံးသွားခဲ့လေပြီ။

နန်ကုန်းယွီသည် ဤနှစ်ရက်အတွင်း အားလပ်ချိန် အနည်းငယ် ရရှိခဲ့ပြီး စူးရှင်းမုန်းနှင့် အခြားတစ်ဦးကို နေ့တိုင်း ကျမ်းစာစံအိမ်သို့ ခေါ်သွားခဲ့လေသည်။

ထို့နောက် သူသည် ချင်းလင်ကို စာဖတ်ခိုင်းထားပြီး... သူကတော့ ထိပ်တန်းအဆင့် ဝိညာဉ်ရတနာ အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ဖော်စပ်ကာ အနားယူနေခဲ့လေ၏။

သူ ဖန်တီးခဲ့သော ထိပ်တန်းအဆင့် ဝိညာဉ်ရတနာများမှာ တိရှားက နန်ကုန်းအောက်ထျန်းကို ကတိပေးထားသည့် အထူးပြုလုပ်ထားသော ထိပ်တန်းအဆင့် ဝိညာဉ်ဓား လေးလက်နှင့် သူ ပေါ့ပေါ့ပါးပါး ဖန်တီးထားသော ကျပန်း ထိပ်တန်းအဆင့် ဝိညာဉ်ရတနာ ၃၀၀ တို့ ဖြစ်ကြလေ၏။

ကျပန်းဟု ခေါ်ဆိုခြင်းမှာ ပုံသဏ္ဌာန်ချင်း တူညီသော ထိုဓားများကို သတ္တု၊ သစ်သား၊ မီး၊ လေနှင့် မိုးကြိုး ဟူသော ဂုဏ်သတ္တိ ငါးမျိုးအနက်မှ တစ်ခုကို ကျပန်း သတ်မှတ်ပေးထားခြင်း ဖြစ်ပေသည်။

ထိုဓား ၃၀၀ ကို မည်သည့် အခက်အခဲမျှမရှိဘဲ တစ်သုတ်တည်းနှင့် သဘာဝကျကျ သန့်စင်ခဲ့ခြင်း ဖြစ်လေသည်။

စောစောပိုင်း မနက်ခင်းတွင် ဖြစ်ပေသည်။

စူးရှင်းမုန်းသည် နောက်ဆုံး ကျင့်စဉ်ပညာရပ် အနည်းငယ်ကို စမ်းသပ်တော့မည် ဖြစ်ကြောင်း မြင်သဖြင့် ချင်းလင်က ထွက်လာခဲ့သည်။

သူမသည် နန်ကုန်းယွီ၏ အနောက်သို့ လာကာ သူ၏ ပခုံးများကို နှိပ်နယ်ပေးနေပြီး သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်နှင့် စိတ်ပျက်မှုများ ရောနေ၏။

"သခင်လေး... သခင်လေး သိလား... မနေ့ညက ချင်းလင် အိပ်မက်မက်တယ်လေ... အဲ့ဒီထဲမှာ ချင်းလင်မှာလည်း ဝိညာဉ်အမြစ်တွေ ရှိနေပြီး ကျင့်ကြံနိုင်တယ်တဲ့..."

သူမ၏ စိတ်ပျက်နေသော အမူအရာကို မြင်ချိန်တွင် နန်ကုန်းယွီသည် ပြုံးမိသွားကာ ပြောလိုက်သည်။

"အိပ်မက်တွေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက တကယ် ဖြစ်လာနိုင်ပါတယ်... ပြန်ရောက်ရင် ဒီကျင့်စဉ်ကို စမ်းကြည့်လိုက်ဦး... မင်း အောင်မြင်သွားနိုင်တယ်လေ..."

နန်ကုန်းယွီ ပြောနေစဉ် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ချင်းလင်၏ မျက်ခုံးနှစ်ခုကြားကို တို့လိုက်လေ၏။ ကျင့်စဉ်ပညာရပ်၏ အကြောင်းအရာများမှာ သူမ၏ စိတ်ထဲသို့ ဝင်ရောက်သွားပြီး ကျောက်စိမ်းပြားမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။

"သခင်လေး... ကျောက်စိမ်းပြား ကျင့်စဉ်တွေက အရမ်း တန်ဖိုးကြီးတာလေ... ချင်းလင်ကို အဲ့ဒီလိုမျိုး ဘာလို့ အလဟဿ အသုံးခိုင်းရတာလဲ..."

ကျောက်စိမ်းပြား ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ချင်းလင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ စိတ်မကောင်းဖြစ်နေသော အမူအရာ ပေါ်လာလေသည်။

ကျောက်စိမ်းပြား အမျိုးအစား ကျင့်စဉ်ပညာရပ်များသည် အကြောင်းအရာများကို လုံးဝ မှတ်မိသွားစေနိုင်ပြီး ကျင့်စဉ်၏ ဆိုလိုရင်းကိုလည်း တိုက်ရိုက် နားလည်စေနိုင်သောကြောင့် ၎င်းတို့မှာ အရမ်းကို ဈေးကြီးလှပေသည်။

"ဘာမှမဖြစ်ပါဘူး..."

"ဒါပေမဲ့..."

"ဒါပေမဲ့တွေ မလုပ်နဲ့တော့... အဲ့ဒီ ကျင့်စဉ်က ရေဂုဏ်သတ္တိ ကျင့်စဉ်ပဲ... မင်းရဲ့ စရိုက်က ရေလိုပဲ အေးဆေးတယ်လို့ ငါ ထင်မိလို့ပါ... တကယ်လို့ မင်းမှာ ဝိညာဉ်အမြစ် တကယ် ရှိလာရင်... အဲ့ဒါက ရေ ဝိညာဉ်အမြစ် ဖြစ်ဖို့ များတယ်လေ"

နန်ကုန်းယွီ စကားပြောအပြီးတွင် သူက အနည်းငယ် ပြုံးလိုက်သည်။ "အရမ်း မတွေးနဲ့တော့... မင်းမှာ ဝိညာဉ်အမြစ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... ဒါက ကျင့်စဉ်တစ်ခုပဲလေ... မင်းအတွက် စိတ်သက်သာရာ ရစေဖို့ပါ..."

ဒါပေမဲ့ သူကတော့ အရမ်းလွယ်သလိုမျိုး ပြောနေတာပါ... တကယ်တော့ သူက သူတော်စင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်တဲ့ 'အမြင့်မြတ်ဆုံး လျှို့ဝှက်ဆန်းကြယ် ရေကျင့်စဉ်' နဲ့ လဲလှယ်ဖို့အတွက် အမှတ် ၅၀၀ ဘီလီယံကို သုံးခဲ့ရတာပါ။

ဘာပဲပြောပြော သူက သူ့ရဲ့ အနီးကပ် အစေခံပဲလေ... သူ သူ့ကို ချန်ခဲ့လို့ မရဘူးပေါ့။

မနေ့ညကလည်း သူက သူ့မယ်တော့်ကို ပိုကောင်းတဲ့ သူတော်စင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်တဲ့ 'ကာကွယ်စောင့်ရှောက်ခြင်း ကောင်းကင်ကျမ်း' ကို ပေးခဲ့ပါသေးတယ်။

ရလဒ်အနေနဲ့ အခု သူ့မှာ အမှတ် ၁၀၀ ဘီလီယံ ကျော်လောက်ပဲ ကျန်ပါတော့တယ်။ အဲ့ဒါတွေကို ဖယ်ရှားပစ်ဖို့ နည်းလမ်းတစ်ခုခု သူ စဉ်းစားရဦးမှာပါ။

နန်ကုန်းယွီ၏ စကားကို ကြားချိန်တွင် ချင်းလင်က နောက်ဆုံး၌ စကားပြောခြင်းကို ရပ်လိုက်ပြီး အနည်းငယ် ဦးညွှတ်လိုက်လေသည်။

"ချင်းလင်က သခင်လေးကို ကျေးဇူးတင်ပါတယ်..."

နန်ကုန်းယွီက ပြန်မဖြေသောကြောင့် ချင်းလင်က ခေါင်းအနည်းငယ် မော့ကြည့်လိုက်ရာ နန်ကုန်းယွီမှာ မျက်လုံးများကို မှိတ်ထားပြီး အိပ်ပျော်ဟန်ဆောင်နေသည်ကို တွေ့လိုက်ရလေသည်။

ဤသည်ကို မြင်ချိန်တွင် သူမ ဘာမျှ ထပ်မပြောတော့ဘဲ နန်ကုန်းယွီ၏ ပခုံးများကိုသာ ဆက်လက် နှိပ်နယ်ပေးနေခဲ့သည်။

သို့သော် ထိုအချိန်မှာပင် သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသဖြင့် အနည်းငယ် တန့်သွားမိ၏။

'ငါ ကြီးကြပ်ရေးရုံးကို ရောက်ကတည်းက ဒီနွေးထွေးတဲ့ ခံစားချက်က ငါ့ဆီမှာ ရှိနေတာ... အဲ့ဒါက တစ်ခါမှ မရပ်သွားဘူး... ငါ့မှာ ဝိညာဉ်အမြစ်တွေ တကယ် ရှိနေလို့များလား...'

ချင်းလင် မျက်တောင်ခတ်လိုက်သော်လည်း ထိုကျင့်စဉ်ကို အမှန်တကယ် စတင်ကျင့်ကြံခြင်း မပြုခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက ပြန်ရောက်မှပဲ အဲ့ဒီအကြောင်းကို ပြောပြဖို့ စီစဉ်ထားခဲ့၏။

အချိန်တွေ ဘယ်လောက် ကုန်သွားမှန်း မသိ။

စူးရှင်းမုန်းသည် စိတ်ပျက်အားလျော့နေသော အမူအရာဖြင့် ချဉ်းကပ်လာသည်ကို မြင်ချိန်တွင် ချင်းလင် အနည်းငယ် စိုးရိမ်သွားရပေသည်။ "ရှင်းမုန်း မိန်းကလေး... အဆင်ပြေရဲ့လား..."

"အဆင်ပြေပါတယ်..." စူးရှင်းမုန်းက သူမ၏ စိတ်ဓာတ်ကျနေမှုများကို ဖယ်ရှားပစ်ရန် ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။ "ဒီမှာလည်း ကျွန်မအတွက် အခွင့်အရေး မရှိဘူး ထင်တယ်... ကျွန်မရဲ့ ဆရာ ပြောတဲ့ အခွင့်အရေးဆိုတာက ဘယ်မှာများ ရှိနေမလဲ မသိဘူးနော်..."

သူမ၏ စကားများကို ကြားချိန်တွင် နန်ကုန်းယွီသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ "အစ်မ ရှင်းမုန်း... တစ်ခါတစ်ရံမှာ အချို့အရာတွေကို အတင်းအကျပ် လုပ်လို့မရဘူး... မင်းရဲ့ စိတ်ဆန္ဒနောက်ကို ဘာလို့ လိုက်မကြည့်တာလဲ... ဖြစ်နိုင်တာက တစ်နေ့နေ့ကျရင် မင်းလိုချင်တဲ့ အဖြေကို မင်း ရလာမှာပဲလေ."

ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းသည် အတွေးထဲ၌ နစ်ဝင်သွားပုံရပြီး တစ်စုံတစ်ခုကို တွေးတောနေဟန်ဖြင့် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပေသည်။

All Chapters