← Chapters

နောက်ထပ်နတ်ဘုရားရာထူး

Vol. 24 Ch. 331

နောက်ထပ်နတ်ဘုရားရာထူး

Vol. 24 Ch. 331

အခန်း (၃၃၁) နောက်ထပ်နတ်ဘုရားရာထူး

တစ္ဆေချီစွမ်းအားအတွင်းမှ ထွက်ပေါ်လာသည့် တစ္ဆေမျက်နှာကြီးကို ကျန်းလန် တိတ်ဆိတ်စွာပင် ကြည့်နေသည်။ တစ်ဖက်လူ၏ သဘောထားက သူမျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။

တစ္ဆေတိုင်းပြည်မှ လူများက ဉာဏ်မကောင်းသည့်တိုင် ဤမျှလောက် မဖြစ်သင့်ပေ။ သို့သော် တစ်ဖက်လူကလည်း သူ၏ဦးနှောက်မရှိသည့် လုပ်ရပ်အတွက် စိတ်ထဲထားဟန် မရှိပေ။

ထို့ပြင် ကျန်းလန်က သူတို့အပေါ်ကောက်ကျစ်ယုတ်မာမည်ကို စိုးရိမ်ပူပန်ဟန်လည်း မလျဉ်းမရှိပေ။

သူတို့က အမှန်တကယ်ပင် ရဲရင့်နေခြင်းလား ၊ သို့မဟုတ် ဟန်ဆောင်နေခြင်းလား။

အချို့သူများက ဦးနှောက်မရှိဘဲ တုံးတုံးအအဖြစ်ဟန်ဆောင်လေ့ ရှိကြသည် မဟုတ်ပါလား။

ထို့ကြောင့် တစ္ဆေတိုင်းပြည်၏ သဘောထားအစစ်အမှန်ကို ခန့်မှန်းကြည့်ရန် ကျန်းလန်အတွက် ခက်ခဲနေသည်။ သို့ဖြစ်ရာ သူ့အတွက် အမြဲတမ်း သတိရှိနေသည်က အကောင်းဆုံးပင် ဖြစ်၏။

"ကျုပ် ဒီကိုရောက်လာရတာက နတ်ဘုရားရာထူအသစ်တစ်ခုရအောင် ကျုပ်ကို ကူညီပေးဖို့ အကူအညီတောင်းမလို့ပါ"

တစ္ဆေချီစွမ်းအားက ဆက်ပြောသည်။

"ခွန်လွန်တောင်ကလူတွေ ကျုပ်ကိုပြောတာက ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှာ နတ်ဘုရားရာထူးတစ်ခု ရှိနေသေးတယ်တဲ့ ၊ ပြီးတော့ အခုဆိုရင် ကျုပ်က အဲဒီနတ်ဘုရားရာထူးကို ဆက်သွယ်နိုင်တဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခုကိုလည်း ရထားပြီးပြီ"

"အဲဒီနတ်ဘုရားရာထူးကိုရဖို့ ကျုပ် ခြေတစ်လှမ်းပဲ လိုတော့တယ် ၊ ဒါပေမဲ့ အဲဒီနောက်ဆုံးခြေလှမ်းက ကျုပ်အတွက် အရမ်းခက်ခဲနေတယ် ၊ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှာ နတ်ဘုရားရာထူးပိုင်ဆိုင်ထားတဲ့ မင်းလိုလူမျိုးတစ်ယောက်က ကူညီနိုင်မှပဲ ကျုပ်အဆင်ပြေလိမ့်မယ် ၊ ကူညီဖို့လည်း မျှော်လင့်မိပါတယ်"

"ကူညီတဲ့အတွက် အပေးအယူအနေနဲ့ကတော့ မင်း တစ္ဆေတိုင်ပြည်နဲ့ ချစ်ကြည်ရေးရပြီး မိတ်ဆွေဖြစ်လာလိမ့်မယ် ၊ အင်း… မင်းတို့လို ဉာဏ်ထက်မြက်တဲ့လူသားတွေကတော့ ဒီအပေးအယူက လှောင်ရယ်စရာ ဖြစ်နေမှာပေါ့ ၊ ဆိုတော့ကာ ကျုပ်တို့က ဒီအပေးအယူကို အရံအပေးအယူအဖြစ် အသုံးပြုသွားမယ်"

ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်…

"ဒါဖြင့် အဓိကလုပ်မယ့်အပေးအယူက ဘာများလဲ"

မေးသာမေးလိုက်သော်လည်း ကျန်းလန်က အပေးအယူကို စိတ်မဝင်စားပေ။

သို့သော်တစ်ဖက်လူကို အပေးအယူလုပ်ခွင့်မပေးပါကလည်း ဘာဆက်ဖြစ်မည်ကို ပြောရန်ခက်ခဲသည်။

သူ တန်ခိုးစွမ်းအားမြင့်မားသူများ၏လောကကို ယခုအချိန်ထိ နားမလည်သေးပေ။

“ကျုပ် အာရုံခံမိတာတော့ မင်းက တန်ခိုးစွမ်းအား သိပ်မမြင့်မားသေးဘူး ၊ ပြီးတော့ နတ်ဘုရားရာထူးအကြောင်းလည်း သိပ်မသိသေးဘူးထင်တယ် ၊ ဟုတ်တယ်မလား၊  ဒီတော့ ကျုပ်က ကျုပ်သိတာတွေ မင်းကို ပြောပြမယ်”

တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက ဆက်ပြေသည်။

“ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရတဲ့အချိန်ကစပြီး နတ်ဘုရားရာထူးရဲ့ တည်ရှိမှုကို ကျုပ်နားလည်သွားခဲ့တယ် ၊ နတ်ဘုရားရာထူးရဲ့ တိကျတဲ့အသေးစိတ်ကိုတော့ ယာယီအားဖြင့် ကျုပ်လည်း မသိသေးဘူး”

"ဒါပေမဲ့ မင်းရရှိထားတဲ့ နတ်ဘုရားရာထူးကိုတော့ ကျုပ် အာရုံခံလို့ရတယ်"

ခဏနားပြီးမှ သူက ဆက်ပြောသည်။

"ပြီးတော့ မိုးကောင်းပြိုကျပြီး လောကကြီးဘေးဆိုးကြုံရမယ်ဆိုတဲ့ စကားလည်း ပေါ်ထွက်လာတယ်"

ကျန်းလန်ကတော့ တိတ်ဆိတ်နေဆဲပင်။

ဤအကြောင်းအရာများက သူ့အတွက် အသုံးမဝင်ပေ။

သူသိချင်နေသည်မှာ ခွန်လွန်တောင်ကို တိုက်ခိုရနရက်လာသည့် တစ္ဆေချီစွမ်းအားက အဘယ့်ကြောင့် လက်ဗလာဖြင့် ပြန်လှည့်သွားရပါသနည်းဆိုသည့်အချက်ပင်။

အကြောင်းကတော့ နတ်ဘုရားရာထူးကို လိုချင်သောကြောင့် ပြန်သွားခြင်းဖြစ်ပေ၏။

မဟုတ်ပါက…

ခွန်လွန်တောင်က ပြောလိုက်သည့် စကား (၃) ခွန်းမျှဖြင့် သူ အဘယ်မှာ ပြန်သွားပါမည်နည်း။

လောကကြီးပြိုကျပျက်စီးတော့မည့်ကိစ္စကတော့ ကျန်းလန် သိနှင့်ပြီးသား ဖြစ်သည်။

သို့သော် သူ အရေးမစိုက်ပေ။

သူ၏တန်ခိုးစွမ်းအားက လုံလောက်အောင်မြင့်မားခြင်းမရှိသေးရာ လောကကြီးပျက်စီးမည့်ကိစ္စအရေးစိုက်နေခြင်းက အသုံးမဝင်ပေ။

သူ အာရုံစိုက်ရမည့် တစ်ခုတည်းသောအရာက တန်ခိုးစွမ်းအား မြင့်မားလာရန်ပင် ဖြစ်၏။

တန်ခိုးစွမ်းအားမြင့်မားလာရန်မှာ မိုးကောင်းကင်ပြိုကျပြီး လောကကြီးပျက်စီးခြင်းနှင့် မသက်ဆိုင်လှပေ။

သူက တန်ခိုးစွမ်းအားမြင့်မားစွာဖြင့် ဆက်လက်အသကက်ရှင်သန်သွားလိုသည်။

သူ့ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းလိုသည်။

ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။

တစ်ဖက်လူ၏စကားများက သူ့စိတ်ကို လှုပ်ရှားစေနိုင်ခြင်းမရှိပေ။

“လူသား ၊ မင်းမှာ ဘာမေးစရာ ရှိသေးလဲ”

ကျန်းလန်က လုံး၀ တုံ့ပြန်မှုမရှိဟု တစ္ဆေချီစွမ်းအား ခံစားလိုက်ရသည်။

ထို့ကြောင့် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်၏။

ကျန်းလန်က ပေါ့ပေ့ါပါးပါး လေသံဖြင့်...

“နတ်ဘုရားရာထူး မူလမြစ်ဖျားခံရာနေရာက ဘယ်နေရာလဲ”

မေးသည်မေးလိုက်သည် ထိုအကြောင်းအရာကိုလည်း ကျန်းလန် အလွန်တရာစိတ်ဝင်စားခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းအဆင့်က လုံလောက်အောင် မမြင့်မားသေးသောကြောင့် ဖြစ်၏။

သို့ဖြစ်ရာ ကိစ္စရပ်များစွာကို သိရှိထားခြင်းက သူ့အတွက် အကျိုးမရှိပေ။

“ဟား ဟား ဟား”

တစ္ဆေချီစွမ်းအားက အော်ဟစ်ရယ်မောလိုက်၏။

"အဲဒါတော့ ကျုပ်လည်း မသိဘူးလေ ၊ လူသား... မင်းက ကျုပ်ကို အထင်တွေစွတ်ကြီးနေပြန်ပါပြီ ၊ ကျုပ်က ကျုပ်ရသင့်တဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကိုပဲ ရထားတာပါ ၊ နတ်ဘုရားရာထူး မရသေးဘူးလေ ၊ ဒီတော့ ဘယ်သိပါ့မလဲ ၊ ဒါပေမဲ့ ကျုပ်သိလည်း မင်းကို လွယ်လွယ်နဲ့ ပြောပြမှာ မဟုတ်ဘူး”

ကျန်းလန်က တစ္ဆေချီစွမ်းအားကို ကြည့်လိုက်ရင်း...

“ခင်ဗျား အဲဒီအကြောင်းကို ခွန်လွန်တောင်ကို မေးမကြည့်ဘူးလား”

တစ္ဆေချီစွမ်းအားက...

"အဟက်ဟက် လောလောဆယ် ကျုပ်မှာ တစ္ဆေချီစွမ်းအားတွေ အားနည်းနေတယ် ၊ တောင်သခင်တွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ၊ အခုချိန် ခွန်လွန်တောင်ပေါ်တက်သွားရင် သေလမ်းသွားတာနဲ့ အတူတူပဲကွ ၊ ကျုပ်တို့ တစ္ဆေတိုင်းပြည်ကလူတွေက ဉာဏ်နည်းတာမှန်ပေမယ့် မင်း ကျုပ်တို့ကို အရူးလုပ်လို့တော့ ရမယ်မထင်နဲ့”

ထို့နောက် သူက စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ကဲပါလေ ၊ မင်း ကျုပ်ကို ကူညီရင် ရရှိမယ့် အကျိုးအမြတ်တွေအကြောင်း ပြောကြရအောင် ၊ ကျုပ် နတ်ဘုရားရာထူးကို ရယူနိုင်ရင် ကျုပ်ကိုအကြောင်းပြုပြီး မင်းလည်း မင်းရဲ့နတ်ဘုရားရာထူးကို ပိုပြီး လွယ်လွယ်ကူကူ ထိန်းချုပ်လာနိုင်လိမ့်မယ် ၊ ပြီးတော့ နတ်ဘုရားရာထူးအကြောင်းကိုလည်း ပိုပြီး သိလာလိမ့်မယ်”

သူက ဆက်ပြောသည်။

“အဓိက အကျိုးအမြတ်ကတော့ တစ္ဆေတိုင်းပြည်က မင်းကို တံခါးတစ်ချပ်ပေးမယ်ကွာ ၊ မင်း ကျုပ်တို့တိုင်ပြည်က မန္တန်ပညာတွေကို အသုံးပြုနိုင်မယ် ၊ နာမ်လောကက တစ္ဆေစစ်သည်တော်တွေကို ဆင့်ခေါ်နိုင်မယ် ၊ ကျုပ်လောက်တော့ စွမ်းအားမမြင့်မားနိုင်ပေမယ့် မင်းဘဝအတွက်တော့ ပိုပြီး လွယ်ကူသွားမှာ အမှန်ပဲ”

“မင်း တစ္ဆေတိုင်းပြည်ကိုလာချင်တယ်ဆိုရင်တောင် အဲဒီတံခါးကို အသုံးပြုလို့ရတယ် ၊ မင်းက တစ္ဆေတိုင်းပြည်ရဲ့ မိတ်ဆွေဆိုတော့ မင်းအတွက် အန္တရယ်အကင်းဆုံးနေရာက တစ္ဆေတိုင်းပြည်ပါပဲ”

ကျန်းလန်က...

“ဒီတော့ ခင်ဗျားက ကျုပ်ကို ဘာလုပ်စေချင်တာလဲ”

အခြေအနေများက အရမ်းအကောင်းကြီးမဟုတ်သည့်တိုင် တစ်ဖက်လူကို နတ်ဘုရားရာထူးရရှိအောင် ကူညီပေးလိုက်ခြင်းက ဆိုးသည့်အချက်တော့ မဟုတ်ပေ။

ကျန်းလန်၏ကျင့်ကြံခြင်းအဆင့်က အလျှင်အမြန်မြင့်တက်နေသည်ဆိုသော်လည်း အခြားသူများ၏ မျက်စိများ ၊ နားများမှ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။

ဤအချက်က ပြဿနာအနည်းငယ်ရှိနေသည်။

သူ ခွန်လွန်တောင်မှ ထွက်ခွာသွားမည့်အချိန်အတွင် စိတ်ပူပန်ခြင်း မရှိသော်လည်း ခရီးဝေးထွက်ခွာသည့်အချိန်များတွင် ဧကရာဇ်ရှးဟယ်နှင့် အခြားသူများက ခွန်လွန်တောင်တွင် သူ၏တည်ရှိမှု ပျောက်နေသည်ကို အနည်းနဲ့အများ ရိပ်မိကြမည်ပင်။

ထို့ပြင် တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက ခွန်လွန်တောင်အနီးသို့ ရောက်ရှိလာသော်လည်း ခွန်လွန်တောင်က သုတ်သင်ရှင်းလင်းပစ်ခြင်း မရှိခဲ့ပေ။

ဤသည်က ခွန်လွန်တောင်၏ရပ်တည်ချက်ကို ထင်ရှားပြသနေသည်။ သို့တည်းမဟုတ် ဧကရာဇ်ရှီးဟယ်၏ ရပ်တည်ချက် ဖြစ်နိုင်၏။

ခွန်လွန်က တစ္ဆေတိုင်းပြည်ကို နတ်ဘုရားရာထူးတစ်ခု ရရှိစေလိုခြင်း ဖြစ်နိုင်သည်။

နတ်ဘုရားရာထူးပိုင်ဆိုင်သူများ များပြားလာလေလေ ပိုမိုကောင်းမွန်လေ ဖြစ်သောကြောင့်လား ၊ သို့မဟုတ် အခြားအကြောင်းကြောင့်လား ကျန်းလန် မခန့်မှန်းတတ်ပေ။

တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက...

"မင်းကို ဘာလုပ်စေချင်တာလဲဆိုတော့ တကယ်တော့ ဘာမှလုပ်စရာ မလိုပါဘူး ၊ တစ္ဆေတိုင်းပြည်က ယာဇ်ပူဇော်ပွဲမှာ မင်းဘက်က တုံ့ပြန်မှုလေးတစ်ခုလောက် လုပ်ပေးဖို့ပါပဲ”

“နောက်နှစ်အနည်းငယ်ဆိုရင် တစ္ဆေတိုင်းပြည်မှာ ယာဇ်ပူဇော်ပွဲတစ်ခု လုပ်ဖို့ရှိတယ် ၊ မင်းက အဲဒီအချိန်မှာ မိုးရွာစေတဲ့ မန္တန်ကို အသုံးပြုပေးရုံပဲ”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“မင်းက နတ်ဘုရားရာထူးပိုင်ဆိုင်ထားတဲ့ အခြားသူတွေနဲ့ မတူဘူး ၊ ဒီ ခွန်လွန်တောင်အဝေးကြီးကနေတောင် ကျုပ်တို့ တစ္ဆေတိုင်းပြည်က ဆုတောင်းသံတွေကို တုံ့ပြန်နိုင်စွမ်း ရှိနေတယ်”

ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားသည်။

ဤစကားအရဆိုလျှင် အခြားသော နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူများသည် နေရာာအကွာအဝေးကန့်သတ်ချက်များ ရှိနေပုံပေါ်သည်။

ကျန်းလန်က...

"ဒီကိစ္စ ကျုပ်လုပ်ပေးနိုင်ပါတယ် ၊ ဒါပေမဲ့ ခင်ဗျားလည်း ကျုပ်ကို ကိစ္စတစ်ခုလုပ်ပေးဖို့ ကတိပေးရမယ် ၊ ဘာလုပ်ပေးရမလဲဆိုတာတော့ နောက်မှပဲ ပြောပြမယ် ၊ ဒါပေမဲ့ အဲဒီအလုပ်က ခင်ဗျား သေချာပေါက် လုပ်ပေးနိုင်တဲ့ ကိစ္စတစ်ခုပါပဲ”

“ဟား ဟား ဟား”

တစ္ဆေချီစွမ်းအားက ရယ်မောလိုက်သည်။

“ကောင်းပြီ ၊ ပြဿနာမရှိပါဘူး”

ကျန်းလန်က မည်သည့်စကားမှ မဆိုပေ။

မိုးရွာစေသည့်မန္တန်ကို အသုံးပြုရန်က သူ့အတွက် မခက်ခဲသလို သက်ရောက်မှုအတိအကျကိုလည်း သူ မသိရှိပေ။

သို့သော် သူက မေးမြန်းခြင်းလည်း မပြုခဲ့ပေ။

မလိုအပ်သည်များ မေးမြန်းခြင်းထက် သူက အပေးအယူကိစ္စကိုသာ အာရုံထားခဲ့သည်။

အပေးအယူက သူ့အတွက် အလွန်အသုံးဝင်ခြင်းမရှိသည့်တိုင် အရံအစီအစဉ်အနေဖြင့် လျို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

တစ္ဆေတိုင်းပြည်က သူ့အတွက် တံခါးတစ်ချပ်ပေးမည်ဆိုသည့်ကိစ္စကတော့…

ထိုအရာက သိပ်ပြီး အသုံးဝမ၀င်လှပေ။

ထိုတံခါးကို အသုံးပြုရန်အတွက် ကျန်းလန် ယုံကြည်ရန် မဖြစ်နိုင်ပေ။

သူ့အတွက် အန္တရယ်အကင်းဆုံးနေရာက ခွန်လွန်တောင်သာ ဖြစ်သည်။

လက်ရှိတွင် သူ အလိုချင်ဆုံးအရာမှာ သူ့ကိုယ်ပိုင်နတ်ဘုရားရာထူးကို အပြည့်အဝထိန်းချုပ်နိုင်ရန်သာ ဖြစ်၏။

တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားနှင့် အပေးအယူပြုလုပ်ပြီးနောက် ကျန်းလန် ကျောက်ဂူထဲမှ ထွက်လာခဲ့သည်။

ထိုပုဂ္ဂိုလ်ကတော့ ဤနေရာတွင် အချိန်အတန်ကြာနေဦးမည်ဟု ဆိုသည်။

ခွန်လွန်တောင်က နတ်ဘုရားရာထူးရရှိရန်အတွက် အထောက်အကူပြုသည့် ထူးခြားသည့်နေရာတစ်ခု ဖြစ်သည်ဟု ထိုသူက ပြောပြသည်။

တစ္ဆေတိုင်းပြည်သာ မဟုတ်ပေ။ အရင်က ကျန်းလန်နှင့်ဆုံခဲ့ဖူးသည့် နတ်လူသားမျိုးနွယ်မြောက်နျန်သည်လည်း ထိုသို့ပင် ပြောခဲ့ဖူးသည်။

ကြည့်ရသည်မှာ ခွန်လွန်တောင်က အလွန်ထူးခြားဟန် ရှိ၏။

ထို့နောက် ကျန်းလန် ကျောက်ဂူအတွင်းမှ ထွက်ခွာလာပြီး နဝမတောင်ထွတ်သို့ ပြန်လာခဲ့လေသည်။

နဝမတောင်ထွတ်သို့ ပြန်ရောက်သည့်အခါ ဆရာဖြစ်သူကို မတွေ့ရှိရပေ။

ထို့ကြောင့် ကျောက်စိမ်းရေကန်သို့သာ အစီအရင်သွားရောက်ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။

မသွားခင် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်သည်။

ဤနှစ်များအတွင်း သူတို့အသက်ဓာတ်စွမ်းအားအခြေအနေက ဆိုးရွားလာခြင်း မရှိဘဲ ပုံမှန်အတိုင်း ကောင်းမွန်နေဆဲ ဖြစ်၏။

သူတို့ကို နှစ်ပေါင်းရာနှင့်ချီပြီး ကျန်းလန် ပြုစုပျိုးထောင်ပေးခဲ့ပြီးနောက် ထိုအရာလေးများ၏ဘဝက သက်သောင့်သက်သာပင် ရှိနေခဲ့တော့သည်။

***

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။

မြောင်ယွဲ့က ပြုံးလိုက်ရင်း…

"အဋ္ဌမမင်းသားကတော့ ကျွန်မတို့လက်ထဲပဲ ရောက်တော့မယ်ထင်တယ်"

လျိုကျင်းက…

"နဂါးမျိုးနွယ်တွေ အတော်လေး တိတ်ဆိတ်နေကြတယ် ၊ ကြည့်ရတာ ဘယ်သူက ပိုပြီး သည်းခံနိုင်မလဲဆိုတာ ကျုပ်တို့နဲ့လာပြိုင်နေတာ ဖြစ်ရမယ်"

ကျူးချင်က…

"သူတို့ ဘာအကြောင်းလဲဆိုတာ လုံလောက်အောင် မသိကြပါဘူး ၊ ပြီးတော့ သူတို့က အဋ္ဌမမင်းသား ဘယ်လောက်အဖိုးတန်လဲဆိုတာ သိမှမသိကြပဲ ၊ ဒါနဲ့ တစ္ဆေတိုင်းပြည်ကရော ဘယ်တော့ နတ်ဘုရားရာထူးရမှာလဲ"

ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက်က…

"အဲဒါကတော့ ဟိုလူထူးလူဆန်းအပေါ်မူတည်တယ် ၊ စောင့်ကြည့်ကြတာပေါ့လေ ၊ ပြီးတော့ ခွန်လွန်တောင်နားမှာရောက်နေတဲ့ တစ္ဆေတိုင်းပြည်ရဲ့ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက ပြန်မယ့်ပုံမပေါ်သေးဘူး ၊ သိတယ်မဟုတ်လား ၊ တခြားသူတွေလိုပဲလေ"

မြောင်ယွဲ့က…

"ကျောက်စိမ်းရေကန်နတ်ဘုရားမ အင်မော်တယ်ဖြစ်လာခါနီးနေပြီ ၊ ဆိုတော့ ကျွန်မတို့ မင်္ဂလာကိစ္စအကြောင်း ဆွေးနွေးကြရအောင်လား"

လျိုကျင်းက…

"ချန်ရှီ ဘာပြောသေးလဲ"

အခြေအနေတစ်ခုတွင် ဆဋ္ဌမတောင်ထွတ် ၊ တောင်သခင်မချန်ရှီ၏ စကားများက အနာဂတ်တွင်ဖြစ်လာမည့် ယေဘူယျအကျိုးဆက်များကို ဆုံးဖြတ်ပေးမည် မဟုတ်ပါလား။

All Chapters