← Chapters

အခန်း (၉၄၉-၉၅၂)

Vol. 49 Ch. 949-952

အခန်း (၉၄၉-၉၅၂)

Vol. 49 Ch. 949-952

အခန်း ၉၄၉။ ထွက်သွားဖို့ ပြောပေးပါ!

ကျန်းကျင်လုအခန်းထဲရှိပြတင်းပေါက်တို့ဟာလည်း ပိတ်လျက်သား။ သူ ထိုင်ခုံမှာထိုင်ပြီး လက်ဖက်ရည်တစ်ဝကြီးသောက်ပစ်လိုက်သည်။ ဒီတစ်ညလုံး မအိပ်ပဲနေဖို့ ပြင်ဆင်နေတာပင်။

၎င်းက မနှစ်မြို့စရာကောင်းလွန်းသည်။

မကောင်းဆိုးဝါးဝိဥာဥ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ့အစ်မပြောတာကို ကြားရပြီးကတည်းက ကောင်းကောင်းအိပ်ပျော်နိုင်တော့မည်မထင်။ ဒါကြောင့် အာရုံစိုက်ပြီး စာအုပ်ဖတ်ဖို့သာ လုပ်လိုက်သည်။

သို့သော် မိန်းမောနေတဲ့ အခိုက်အတန့်အတွင်း လိုက်ကာစရွေ့သွားသလို့ ခံစားလိုက်ရ၏။

ထင်ယောင်ထင်မှားဖြစ်တာ… ထင်ယောင်ထင်မှားဖြစ်တာပဲနေမှာ!

အပြင်ဘက်တွင် မှောင်မည်းနေ၏။

အခန်းထဲရှိ မီးအလင်းရောင်မှာ အတော်လေး လင်းထိန်နေသည်။

သို့သော် အကြောင်းပြချက်တချို့ကြောင့် ဒီနေ့ မီးရောင်ဟာ… မီးအရိပ်ရှိနေပေမဲ့ ဘယ်ညာယိမ်းလို့နေသည်။ တစ်ချက်တစ်ချက် မီးအိမ်လောင်စာဆီကနေ မီးတောက်စများ ထထပေါက်တတ်၏။ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် မီးရောင်က သူ့ကိုမသက်မသာဖြစ်စေလေသည်။ နောက်ပြီး.. ဒီ

အဆာပြေမုန့်…

ဒီနေ့ အဆာပြေမုန့်များက စားလို့သိပ်မကောင်း။ အရသာလုံးဝရှိမနေပေ။

“ဗုတ်–” လေတစ်ချက်အဝှေ့ကြောင့် တံခါးပွင့်သွားကာ လေအေးများတိုးဝင်လာသည်။

ကျန်းကျင်လု မသိစိတ်ကနေ တံတွေးမျိုချမိသွားသည်။ တံခါးအပြင်ဘက်မှာစောင့်နေသည့် အစေခံမှာ ဇဝေဇဝါဖြစ်သွားရသည်။ “သခင်လေး အေးအေးချမ်းချမ်း စာဖတ်ပါ။ ကျွန်တော် အခုချက်ချင်းတံခါးပိတ်လိုက်ပါမယ်။ ဒီည နည်းနည်းအေးတယ်။ စားဖိုဆောင်ကို စွပ်ပြုတ်လေးဖြစ်ဖြစ် လုပ်ခိုင်းလိုက်ရမလား”

“ရတယ် မလိုဘူး” ကျန်းကျင်လု၏ အသံမှာ

တည်ငြိမ်နေဆဲ။

သို့သော် သူ့ရင်ထဲမှာတော့ ဖော်မပြနိုင်သည့် စိုးထိတ်မှုတို့ခံစားနေရသည်။

စာအုပ်ကိုင်ထားသည့် လက်တို့က အနည်းငယ် ဖြူဖျော့နေကာ… မျက်ခွံတို့ တုန်နေသည်မှာလည်းမဖွင့်နိုင်တော့သည့်အလား။ သူ အိပ်ချင်လွန်းနေတာ မဟုတ်ပေမဲ့ … သူ့ရဲ့မျက်လုံးကို မှိတ်ပြီး အနားယူချင်နေသည်။

ဘာဖြစ်နေတာလဲ?

အဖိုးကြီးတစ်ယောက် သူ့အရှေ့က စားပွဲပေါ်မှာ ငုတ်တုတ်ထိုင်နေတာကို ကျန်းကျင်လု မမြင်နိုင်ခဲ့။ သူ့ရဲ့ခေါင်းက ကျန်းကျင်လုမျက်နှာနှင့် နီးကပ်နေပြီး အိုမင်းရင့်ရော်နေသည့် လက်တို့က သူ့ရဲ့မျက်ခွံတို့ကို ကြိုးစားပမ်းစား ဖိလို့နေသည်။

သူ့အတွက် မျက်ခွံကိုပိတ်ပေးနေတာ!

“အိပ်ရတော့မယ့် အချိန်ရောက်နေပြီ..လူလေး…"

“လူလေ.. အိမ်တော့.. ငါမင်းအတွက် အိပ်ယာကို နွေးအောင်လုပ်ထားပေးတယ်….”

“ဟေ့.. မင်းကငယ်ငယ်လေးပဲရှိသေးတာ။ ကောင်းကောင်းကြီးထွားဖို့ဆို သေချာအိပ်ဖို့လိုတယ်… လာ ၊ အနားယူတော့။ အိပ်ယာက အရမ်းသက်တောင့်သက်သာရှိတာ.. ဟီးဟီးဟီး…”

လူအိုကြီးသည် ဆက်တိုက်စကားပြောနေ၏။

တစ်နာရီကျော်လောက်အကြာ၌ သူ အနိုင်ရသွား

သည်။

ကျန်းကျင်လု ဆက်ပြီးသည်းမခံနိုင်တော့။ ခဏစဥ်းစားလိုက်ပြီး အနားယူဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် စောင်ထဲကိုရောက်ရောက်ချင်း တစ်ခုခုလွဲနေသလို ခံစားလိုက်ရသည်။ ရာသီဥတုက အေးလာတာမှန်ပေမဲ့ အရမ်းကြီးချမ်းမနေ။ နောက်ပြီး သူမနေ့က စောင်အောက်မှာအိပ်တုန်းက အရမ်းပူသလိုခံစားခဲ့ရပေမဲ့ ဒီနေ့ သူတစ်ကိုယ်လုံး အေးနေခဲ့သည်။ ဒါပေမဲ့ သူ့ခေါင်းကတော့ မနာခဲ့။ နေမကောင်းဖြစ်လို့မဖြစ်။

သူ့ဆရာတူအစ်မပြောခဲ့တာကို ပြန်မစဥ်းစားကြည့်ဘဲမနေနိုင်တော့ပေ။

စဥ်းစားနေရင်း သူ့ခြေထောက်တို့ ထုံထိုင်းလာသလို ခံစားလိုက်ရသည်။ လှဲနေတဲ့အချိန် တစ်ခုခုက သူ့ပေါ်က နေဖိထားသလိုမျိုး။ ကောင်းကောင်းသွေးလည်ပတ်ခြင်းမရှိတော့။

မျက်စိတစ်မှိတ်အတွင်း ကျန်ကျင်လု ထခုန်ထွက်သွားသည်။

ခြံဝန်းထဲသို့ သုတ်ခြေတင် ပြေးသွား၏။

“သခင်လေး?” ညတာဝန်ကျ အစေခံလေးမှာ ဇဝေဇဝါဖြစ်နေရှာသည်။

ကျန်းကျင်လု၏ မျက်နှာမှာ ဖြူဖျော့နေလျက်။ သူ အံကိုကြိတ်ထားပြီး ဘာစကားမှမပြော။ သူ့

ကိုယ်သူ သတ္တိမွေးပြီး ဒီညအတွက် ဘေးခန်းက ရှောင်းယွိရုန်ဆီ ပြေးသွားခဲ့သည်။

နောက်တစ်နေ့၌ ပန်ဒါမျက်လုံးဖြစ်နေကြသည့် ဆရာတူမောင်ကို ရှဲ့ချောင်တွေ့လိုက်ရသည်။

“အရှင့်သား။ နန်းတွင်းသမားတော်တစ်ယောက် လာခိုင်းလိုက်ပါလား။ ညီလေးကျန်းက မနေ့ညက အိပ်မက်ဆိုးမက်နေတာ။ အဓိပ္ပာယ်မရှိတာတွေချည်းပြောနေတာ။ သူ ဘာကိုကြောက်နေလဲတော့မသိဘူး ဒါပေမဲ့ တော်တော်လေး ကြောက်နေတယ်။ ညက တစ်ညလုံး အိပ်တောင်မအိပ်ရဲဘူး။ သူ အဖျားဝင်ပြီး နေမကောင်းဖြစ်သွားမှာစိုးလို့” ရှောင်းယွိရုန်သည် သူ့ညီလေး၏ ကျန်းမာရေးအခြေနေအား အတော်လေး စိတ်ပူနေ၏။

တစ်ယောက်က နာမကျန်းဖြစ်နှင့်နေပြီမလို့

တခြားတစ်ယောက်ထပ်ပြီး နေမကောင်းဖြစ်လို့မဖြစ်။

ရှဲချောင်၏ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်သွားကာ “ပြောရဦးမယ်။ ဆရာတူမောင်လေးရဲ့ အရောင်အဆင်းက ငါမနေ့က တွေ့ခဲ့တဲ့ မကောင်းဆိုးဝါးဝိဥာဥ်အဖိုးကြီးနဲ့ တူနေပြီ သွေးရောင်မရှိဘာမရှိနဲ့။ ကြောက်စရာကြီး”

တောင်းပန်ပါတယ်.. ဆရာတူအစ်မ ဘာမှမပြောပါနဲ့တော့!

ကျန်းကျင်လုခမျာ မျက်ရည်ပေါက်ပေါက်ကျာကာ “ အစ်မ ကျွန်တော့်အမှားကိုသိပါပြီး မ-မကောင်းဆိုးဝါးဝိဥာဥ်ကို ထွက်သွားဖို့ ပြောပေးလို့ရမလား။ မနေ့ညက .. ကျွန်တော့်ကုတင်မှာ အိပ်တုန်းက…”

“ဟင့်အင်း… သူပြောတာက မင်းမနေ့ညက မောင်လေးရှောင်းဆီသွားတယ်တဲ့. သူကမင်းကိုစိတ်ပူပြီး မင်းနဲ့အတူလိုက်ပြီး နေနေတာ…”

•••••

အခန်း ၉၅၀။ပညာရှင်တစ်ယောက်နဲ့ တွေ့ခဲ့တာလား?

ရှဲ့ချောင်၏ မျက်လုံးတို့က အပြစ်ကင်းစင်နေကာ သူမရဲ့လေသံကလည်း တည်ငြိမ်နေသည်။ ကျန်းကျင်လုအတွက်တော့…သူမရဲ့စကားတွေက အင်မတန်ရက်စက်ရာရောက်နေခဲ့သည်။

“ဝေါ့–” ကျန်းကျင်လုတစ်ယောက် ကိုယ်တိုင်တောင်မသိလိုက်ဘဲ အန်မိသွားသည်။

ရွံစရာကောင်းတယ်လို့မထင်ရင်…. မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်နဲ့ အတူအိပ်ခြင်းက အလောင်းတစ်လောင်းနှင့် အတူတစ်ခန်းထဲမှာ အတူတူနေခြင်းနှင့် မကွာခြားပေ။

“မောင်လေး မင်းဒီနေ့ ဟိုလူလိမ် ဒုက္ခရောက်တဲ့ပုံ

ကို သွားကြည့်ရဦးမှာမမေ့နဲ့ဦး။ ဒီတော့ အစားလေးဘာလေးစားမှဖြစ်မယ်။ မင်း‌ဘေးက မကောင်းဆိုးဝါးဝိဥာဥ်က‌တော့….”ရှဲ့ချောင်သည် သွေးအေးနေဆဲ။ “မင်းက ဧည့်သည်ကိုဖိတ်တောင်ဖိတ်ပြီးနေပြီလေ။ သုံးလေးငါးရက်လောက်မနေခိုင်းရင် အိမ်ရှင်ကောင်းတစ်ယောက်ဖြစ်ပါတော့မလား?”

ကျန်းကျင်လုမှာ ကြောက်စရာကောင်းသည်ဆိုသည့် အဓိပ္ပာယ်ကို အမှန်အကန်ခံစားလိုက်ရသည်။

မမြင်နိုင် မထိနိုင်၊ ဒါပေမဲ့ ရှိနေတဲ့အရာ…

ရှဲ့ချောင်သည် အငြိုးအတေးကြီးသူတစ်ယောက်ဖြစ်၏။

သူမရဲ့ မီးအိမ်ကိုဖျက်ဆီး၊ သူမရဲ့ သာ့ရှုန်းကို အနိုင်ကျင့်။ သူမရဲ့ ပညာရပ်ကို စော်ကားခဲ့တဲ့သူ။နည်းနည်းလေးတောင် ဒုက္ခမခံဘဲနဲ့ ဒီအတိုင်းကျော်ချသွားချင်တယ်ပေါ့? မဖြစ်နိုင်ဘူး….

ကျန်းကျင်လုခမျာ ငိုချင်ပေမဲ့ ငိုလို့ကမရ။

ရှဲ့ချောင် သူမရဲ့စားစရာကိုသာ အေးအေးလူလူစားနေ၏။ သူမရဲ့ လှုပ်ရှားမှုတွေက ဖြည်းဖြည်းနှေးနှေးနှင့် ကျက်သရေရှိကာ လှပသည်။ သူမရဲ့ အပြောင်းအလဲမရှိသည့် မျက်နှာက တည်ကြည်မှု၊ ဣန္ဒြေသိက္ခာတို့ဖြင့် ပြည့်လျက်။ ယခုအချိန်၌ လီရှီးယန်တောင်မှ တိတ်တိတ်ကလေးနေနေကာ ဆရာတူမောင်နှမတွေကြားက ပြဿနာကို အကဲဖြတ်ခြင်းမပြုခဲ့ပေ။

“ဒီနေ့ အစ်မအပြင်သွားရင် ကျွန်တော်အဖော်

လိုက်ပေးရမလား” ကျောက်ရွှမ်ကျင်းက မေးသည်။

ရှဲ့‌ချောင် ခေါင်းညိတ်လိုက်သည်။ “အင်း။ မင်းလည်း ကောင်းတဲ့ကံတွေ စုဆောင်းပြီးသားဖြစ်တာပေါ့”

မုန့်ကျားပေါင်တွင် အငြိုးကြီး ရက်စက်သည့် ဝိဥာဥ်ပေါင်းများစွာရှိသည်။ ကျောက်ရွှမ်းကျင်းသာ အနားမှာရှိလျှင် သူတို့ကို ကိုင်တွယ်ရတာ ပိုပြီး အဆင်ပြေလိမ့်မယ်။ ကျန်းကျင်လုကိုတော့ သူမနောက်လိုက်ခွင့်ပေးမှာမဟုတ်။ ထိုကလေး၏ စကားတွေက ဒေါသထွက်စရာကောင်းလွန်းသည်။

ရှဲ့ချောင် ကျန်းကျင်လုအား တိတ်တဆိတ်ကြည့်နေ၏။

မြို့တော်ကို ပြန်ရောက်သည့်အခါ သူမ ရှဲ့ဖင်းဟွိုက်၏ အထောက်အထားကိုအသုံးချပြီး သူ့ကိုစကားပြောဖို့ ဖိတ်ရမည်။ နောက်မှ သူမအစ်ကိုကြီးရဲ့ အရည်အချင်းတွကို ထုတ်ပြခိုင်းလိုက်လျှင် အကောင်းဆုံးပင်!

ရှဲ့ချောင်ရဲ့ မျက်လုံးတို့ ဝင်းလက်သွားသည်။

“မောင်လေး လွှင့်မပစ်ရဘူးနော်။ များများစား။ ဒါတွေက ခန္ဓာကိုယ်အတွက် အာဟာရရှိပြီး သန်မာစေလိမ့်မယ်”

သူ အရိုက်သာခံလိုက်ချင်တော့သည်။

ကျန်းကျင်လုမှာ နူးညံ့သည့်စကားသံကြောင့် စိတ်သက်သာရာရသွားသည်။

သုံးလေးငါးရက်လေးပဲ….သူသည်းခံပြီးကျော်လွှားနိုင်ဖို့ အကောင်းဆုံးကြိုးစားမည်။ သူရဲ့ ဆရာတူအစ်မ လုံးဝစိတ်ငြိမ်သွားတဲ့အချိန်ကျလျှင် သူ့အစ်မအကြိုက်လိုက်ပေးဖို့ ကြိုးစားရမည်။

သူ့ဘေးမှာရှိသည့် ရှောင်းယွိရုန်သည်လည်း နေရခက်နေ၏။ ဆရာတူအစ်မက… လူဆိုးတစ်ယောက်ပုံပေါက်နေသလို ခံစားနေရသည်။

ကျန်းကျင်လု ဗိုက်ဝသွားသည့်အခါ လူလိမ်ကိုရှာဖို့ ထွက်သွားခဲ့သည်။ ထိုင်စရာတစ်နေရာရှာကာ စောင့်ကြည့်ခဲ့သည်။ သို့သော် ထို့နေက ဘာမှမဖြစ်လာခဲ့။

သူ တကယ်တော့ စိုးရိမိနေမိ၏။

နောက်တစ်နေ့ ကုန်သွားခဲ့ပြန်သည်။ ကျန်းကျင်လု

သည် အချိန်တော်တော်ကြာစောင့်ခဲ့ရကာ နောက်ဆုံး‌‌တော့ တစ်ခုခုဖြစ်နေမှန်း တွေ့လိုက်ရသည်။

မိသားစုတစ်စုသည် ဆိုင်ခန်းသို့လာခဲ့ ထိုလူလိမ်နင့် စတင်ပြီးအငြင်းပွားနေကြသည်။ လူလိမ်အဖိုးကြီးသည် အသက်လည်းကြီးသလို ကိုယ်ခံပညာလည်းမတတ်။ တစ်ကွက်နှစ်ကွက်လောက်နဲ့တင် မြေကြီးပေါ် တွန်းချခံလိုက်ရသည်။ သူရဲ့လက်တို့ပွန်းသွားကာ သွေးများစွာထွက်ခဲ့သည်။

ဒါတင်မက ပြဿနာပြေအေးစေဖို့အတွက် ငွေစနှစ်စကိုပင် ယူထုတ်ကာ ပေးလိုက်သေးသည်။

ကျန်းကျင်လုလည်း ထိုနေရာမှာရှိနေခဲ့တာကြောင့် မည်သည့်အကြောင်းနှင့်ပတ်သက်ပြီးစကားများမှန်းသိခဲ့သည်။

လူလိမ်အဖိုးကြီးသည် အမျိုးသမီးကြီး၏ ကံကြမ္မာကို ဖတ်ပေးကာ သူအား ငွေစအများကြီးပေးလာအောင် ဖျားယောင်းခဲ့သည်။ ချွေးမဖြစ်သူသည် ယောက္ခမအတွက် ကံဆိုးစေပြီး မတရားသဖြင့်ဆက်ဆံနေတယ်ဟုပါ ပြောလိုက်သေးသည်။ ချွေးမသည် အကြီးဆုံးယောက်မတစ်ယောက်ဖြစ်ပြီး လက်အောက်ငယ်သားတွေဆီကနေ လေးစားခံရသူဖြစ်တာကြောင့် တစ်မိသားစုလုံးက ဒီလူအိုကြီးကို ပညာပေးဖို့ လာခဲ့တာပင်။

သူသည် ငွေဆုံးရှုံးရုံသာမက ထိခိုက်ဒဏ်ရာပင် ရခဲ့သေးသည်။ ကိစ္စတွေက အခုလိုဖြစ်သွားတော့ ယနေ့အတွက် အလုပ်တောင်မလုပ်နိုင်တော့ပေ။

ဒီလိုမျိုးကို ကျန်းကျင်လု၏ ဆရာတူအစ်မစီစဥ်ခဲ့တာမဟုတ်… ဒါဆို သူမက တကယ်ခန့်မှန်းနိုင်ခဲ့တာလား?!

ဘေးဒုက္ခတစ်ခုဆိုရင်တောင် လူတစ်ယောက်သွေးထွက်သံယိုဖြစ်သည်အထိက မလွယ်ကူလှ။ ဒီလောက်ထိ မတိုက်ဆိုင်နိုင်ဘူးလေ.. ဟုတ်တယ်မလား?

တစ်ခုနှစ်ခု တိုက်ဆိုင်တာဆိုလျှင်တောင် ရှင်းပြလို့မရသည့် လျှို့ဝှက်ဆန်းကြယ်သော ကိစ္စတွေ ဘယ်နှခုတောင်မှ ဒီရက်ပိုင်းထဲ ဖြစ်သွားခဲ့တာမလို့လဲ?

ကျန်းကျင်လု၏ နှလုံးသည် မိုးကြိုးသံအလား တဒုန်းဒုန်းခုန်နေခဲ့သည်။

ထိုအခိုက်အတန့်၌ လူလိမ်အဖိုးကြီးသည်လည်း ထိတ်ထိတ်ပျာပျာဖြစ်နေ၏? သူရဲ့ဆိုင်ခန်းအားပိတ်ပြီးနောက် ရူယိလမ်းမပေါ်ဆီသွားကာ အကြီးဆုံးအိမ်တစ်အိမ်ကို သွားရှာခဲ့သည်။ အနီး

ပတ်ဝန်းကျင်အားမေးမြန်းပြီးနောက် ထိုအိမ်၌ ပညာရှင် လီရှီးယန်နှင့်သူတပည့်တွေနေနေကြောင်းသိလိုက်ရသည်!

တစ်နည်းပြောရလျှင် သူရဲ့ကံကြမ္မာကို ဖတ်ပေးခဲ့သည် အမျိုးသမီးတာအိုဆရာက အင်မတန်ထူးခြားသည့် နောက်ခံရှိနေသူပင်။

သူ့လိုလူတစ်ယောက်က ဘာလို့ ငွေလိမ်ရတာလဲ?

သူ လမ်းမပေါ်မှာပတ်ပြီးလိမ်စားလာတာ ဆယ်စုနှစ်ရှိနေပြီ… တကယ့်ပညာရှင်တစ်ယောက်နဲ့တွေ့လိုက်ရတာလား?!

••••

အခန်း ၉၅၁။ ရှာဖို့ခက်သူ

လူလိမ်သည်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်နေ၏။ ဒီနေ့က သူ့အတွက် တကယ်ကံဆိုးတဲ့နေ့တစ်နေ့ပင်။

အဲဒီနေ့တုန်းက အမျိုးသမီးတာအိုဆရာပြောသွားတဲ့ စကားတွေအပေါ် အလျှော့ပေးလိုက်ရင် အခုလိုအဆုံးသတ်ဆိုးမှာ မဟုတ်။

သူ့လိုအသက်ရွယ်မျိုး အထူးသဖြင့် ဘဝကို နှစ်ပေါင်းများစွာ မပျော်မရွှင်ဖြတ်သန်းလာရသူတစ်ယောက်အဖို့ သေရမှာ ကြောက်ရွံံမိသည်။ သူ့မှာ နောက်ဆုံးတော့ ငွေတချို့စုဆောင်းမိပြီမို့ အိမ်တစ်လုံးနှင့် သူအသက်ကြီးတဲ့အခါ ပြုစုပေးမည့် အစေခံများ ဝယ်ဖို့ကိုတောင် တွေးထားသေးသည်။

သို့သော် အခုတော့…

လူလိမ်၏ နှလုံးခုန်သံတို့မှာ မြန်နေလျက်။ သူ အစောင့်အား ဂရုတစိုက်နှင့်မေးလိုက်သည်။ “ဒီအိမ်မှာ တာအိုဆရာတစ်ယောက်များရှိသလား…”

“တာအိုဆရာ? ခင်ဗျားပြောတာ ကျွန်တော်တို့ဆရာရဲ့ အကြီးဆုံးတပည့်လား။ သူတော်စင်မော့လား?” အစေခံက လူလိမ်အား စုန်ချည်ဆန်ချည်ကြည့်၍ “ခင်ဗျားကြည့်ရတာ ကျွန်တော်တို့ သူတော်စင်ကြီးရဲ့ အရည်အချင်းတွေကို ကြားပြီး ကံကြမ္မာဖတ်‌ပေးဖို့ ဖုန်းရွှေ့ကြည့်ပေးခိုင်းဖို့ ရောက်လာတာမလား။ ဒါ မဖြစ်နိုင်မှာစိုးတယ်။ သူတော်စင်မော့က သူနဲ့ ရေစက်ပါတဲ့သူတွေကိုပဲ ကြည့်ပေးတာလေ”

ရှဲ့ချောင်သည် လိပ်စာကိုပေးခဲ့ပြီးပြီဖြစ်လို့ သူမဘက်ကလည်း ကြိုတင်ပြင်စင်စရာရှိတာတော့ ပြင်ဆင်ထားခဲ့သည်။

ထိုအခိုက်အတန့်၌ လူလိမ်သည် နည်းနည်းပိုယုံကြည်သွားခဲ့သည်။

“မင်းတို့ရဲ့ သူတော်စင်မော့က အဲ့လောက်တောင် စွမ်းတာလား” သူက ခဏစဥ်းစားလိုက်ပြီး “မင်းကို အမှန်အတိုင်းပြောရရင်။ ငါ့ရဲ့ အဝတ်အစားအရဆို… သူတော်စင်မော့နဲ့ငါက နယ်ပယ်တစ်ခုတည်းကလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ငါတို့လိုနယ်ပယ်ထဲမှာ လူနည်းစုလောက်ကပဲ တကယ်စွမ်းတဲ့သူတွေ…”

စစ်မှန်သည့်ဆရာများ ရှိသည်မှန်သော်လည်း ထိုသို့သော ဆရာမျိုးက ရှားပါးလှသည်။

သူဟာ နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့ပြီး နယ်ပယ်တူက လူပေါင်းများစွာနှင့်တွေ့ခဲ့ဖူးသည်။ များစွာက တာအိုဆရာအစစ်များဖြစ်ပြီး တချို့က ကံကြမ္မာဖတ်ပေးနိုင်တယ်ဆိုပေမဲ့ အများစုက သာမန်အဆင့်လောက်သာဖြစ်သည်။ သာမန်ရိုးရာပေးခြင်း ဘယ်လိုလုပ်ရမလဲနှင့် ဂါထာမန္တန်များစွာကို မှတ်မိနေတယ်ဆိုရုံလောက်သာ။

သို့သော် ဒီသူတော်စင်မော့က သူတို့နှင့်လုံးဝမတူ။

“ကျွန်တော်တို့ရဲ့ သူတော်စင်က ဘယ်တူမှာလဲ? သူက ရွှေယွဲ့ဘုရားကျောင်းရဲ့ မျိုးဆက်လေ! သူက လောကနှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်တယ်”

ဟုတ်တယ်!

လူလိမ်အဖိုးကြီး မှင်တက်သွားရသည်။ သူမက

လောကနှစ်ခုလုံးနဲ့ဆက်သွယ်နိုင်တဲ့သူ။ အဲဒီနေ့က မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်နဲ့ စကားပြောနေခဲ့တာ!

လူအိုကြီးက သတိကြီးကြီးထား၍ “ဆရာမမော့ပြောတာ ငါက သူနဲ့ ရေစက်ပါတဲ့သူတဲ့။ ငါ စဥ်းစားကြည့်ပြီးသွားတော့မှ သူ့ကိုလာရှာတာ.. မင်းသူ့ကိုပြောပေးလို့ရမလား?”

“ခင်‌ဗျားကို သူနဲ့ရေစက်ပါတဲ့သူဆိုပြီးပြောတယ်ပေါ့? မဖြစ်နိုင်တာ?” အစေခံက မျက်မှောင်ကြုတ်၍ မနှစ်မြို့သည့် အကြည့်ဖြင့် “ခင်ဗျားဘယ်က လာတာလဲ? ဆရာမမော့က မြို့တော်မှာတုန်းကတောင် သူ့ကိုတွေ့ဖို့လွယ်တာမဟုတ်ဘူး။ တစ်ခါတစ်လေ လမ်းမပေါ်မှာ သူနဲ့ရေစက်ပါတဲ့သူကိုတွေ့တတ်တယ်ဆိုပေမဲ့ တော်ရုံသွားပြီး မချဥ်းကပ်ဘူး”

“တကယ်ပါဆို! ငါ့ကို ငွေစတောင် ပေးသွားသေး

တယ်” အဖိုးကြီးမှာ ထိုစကားကြောင့် ‌‌ဒေါသထွက်သွားရသည်။

သူ ဘာလို့မယုံရတာလဲ?!

“ဟက်” အစေခံက ရယ်လျက် “ဆရာမမော့က ကံကြမ္မာဖတ်ပေးခဲ့ရုံတင်မဟုတ်ဘူး.. ငွေစပါပြန်ပေးခဲ့သေးတယ်ပေါ့? ရူးနေလား? ဟူး..ခင်ဗျားက သနားစရာကောင်းတဲ့သူပဲ။ ထားလိုက်တော့ ထားလိုက်တော့။ ကျုပ် သူ့ကို သွားပြောပေးမယ်။ ဒါပေမဲ့ ခင်ဗျားကို အသိမပေးဘူးဆိုပြီး အပြစ်မတင်နဲ့နော်။ ကျုပ်တို့ တာအိုဆရာမက ကြင်နာတတ်တဲ့သူဆိုပေမဲ့ ရေစက်မပါရင် ခင်ဗျားကို တွေ့မှာမဟုတ်ဘူး”

အစေခံက ထိုသို့ပြောပြီးနောက် လူလိမ်အား ကရုဏာသက်သည့်အကြည့်ဖြင့် ကြည့်ကာ ရှဲ့ချောင်အား သတင်းပို့ဖို့ ထွက်သွားခဲ့သည်။

အစေခံလေးမှာ အသစ်ဖြစ်သည်။

သူ အကြာကြီးနေရမှာမဟုတ်ပေမဲ့ အိမ်တော်ထဲ၌ လူမျာစွာရှိပြီး နေရာတိုင်းလိုလိုမှာ လူလိုတတ်သည်။ အစောင့်များအနေနှင့် သန့်ရှင်းရေးလုပ်တာ၊ တံခါးစောင့်တာလိုမျိုး အသေးမွှားကိစ္စတွေကို လိုက်လုပ်နေဖို့က မဖြစ်နိုင်။

သူတို့ထွက်သွားပြီးလျှင် ဤအိမ်‌တော်အား ဆက်ထားထားနိုင်သလို ရောင်းချင်လည်းရောင်းပစ်နိုင်သည်။ အစေခံများကိုလည်း သူတို့နှင့်အတူ ခေါ်သွားနိုင်သေးသည်။

ဆရာမအပေါ် အမြင်ကောင်းရစေရန်အတွက် တံခါးဝရှိ အစေခံသည် သရုပ်ဆောင်တဲ့နေရာမှာ တော်တော်လေး အားစိုက်ထုတ်ခဲ့၏။

လူလိမ်အဖိုးကြီးသည် အပြင်ဘက်မှာ စောင့်နေလေလေ၊ ပိုပြီး စိတ်ပူလာလေဖြစ်သည်။

အချိန်တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ သ‌ူတော်စင်မော့အပေါ်ထားရှိသည့် သူ့ရဲ့လေးစားမှုတို့သည်လည်း မြင့်လာခဲ့သည်။

လွယ်လွယ်ကူကူတွေ့လို့ရသော လူတွေက ပြောရလောက်အောင် လျို့ဝှက်ဆန်းကြယ်သူတွေမဟုတ်။

တစ်အောင့်ကြာပြီးနောက် အစေခံလေး ပြန်ရောက်လာသည်။ လူလိမ်အား တွေ့သည့်အခါ သူ့ရဲ့ မျက်နှာအမူအရာက ရှုပ်ထွေးသွားပြီး “သူတော်စင်မော့ဆီကနေ အကြံပေးတာရရလောက်အောင် ခင်ဗျားက ဘာတွေများကံကောင်

နေလဲတော့ကျုပ်မသိဘူး။ သူတော်စင်မော့ပြောတာက ခင်ဗျားမှာ ကြီးကြီးမားမားပြဿနာရယ်လို့မရှိဘူး။ ခင်ဗျားအနေနဲ့ ဘယ်တုန်းက ဘယ်နေရာမှာ အမှားတစ်ခုလုပ်ခဲ့တာလဲကို အဖြေရှာပြီး ပြန်ပေးဆပ်ဖို့ပဲလိုတယ်လို့ ပြောလိုက်တယ်”

“အဲဒါပဲလား?’

အဖိုးကြီးမှာ ဆွံ့အသွားသည်။

သူက ရေစက်ပါတဲ့သူဆို? ဘာလို့ အကြံပေးစကားတစ်ခွန်းလေးပဲ ပေးရတာလဲ?

••••

အခန်း ၉၅၂။ ကျေးဇူးတင်ကြောင်းမပြောတတ်တာလား

သူ ထိုနေ့က ဒီသူတော်စင်မော့အား လစ်လျူရှုခဲ့မိတာကို ပြန်တွေးမိပြီး အခုမှ နောင်တရနေမိသည်။

“သူ့ဆီနောက်တစ်ခါသွားပြီးသတင်းပို့ပေးဖို့ ဒီက ညီလေးကိုပဲ‌‌တောင်းဆိုပါရစေ။ ဒီလူအိုကြီးရဲ့ ဒုက္ခက…” အဖိုးကြီးသည် မဲ့ပြုံးပြုံးကာ “ငါ့ရဲ့လက်တွေကို ကြည့်ပါဦး။ ငါဒီနေ့ တော်‌တော်ကြီးခံလာရတာ။ ဆရာမမော့သာငါရဲ့ ဒုက္ခကို ဖြေရှင်းဖို့ မကူညီပေးရင် ငါစားမဝင် အိပ်မပျော်ဖြစ်ရလိမ့်မယ်”

“ကျွန်တော်တို့ရဲ့ သူတော်စင်မော့က ပြောလိုက်တယ်။ ခင်ဗျားလည်း ဒီပညာကို ကိုယ်တိုင်သင်ယူခဲ့တော့ သိသင့်သလောက်တော့ သိမှာပဲ၊ ကိုယ်တိုင်မဖြေရှင်းနိုင်ဘူးလား” အစေခံလေးက

အတည်ပေါက်နှင့် ပြောနေ၏။

မလှမ်းမကမ်းအကွာအဝေး၌ ကျန်းကျင်လု စောင့်ကြည့်လို့နေသည်။

သူ ကြည့်လေလေ ပိုပြီး ဇဝေဇဝါဖြစ်လာရလေပင်။

အဲဒီနေ့က သူရဲ့အစ်မပဲ အဲဒီအဖိုးကြီးကို ကံကြမ္မာဖတ်ပေးပြီး ပိုက်ဆံပါပေးခဲ့ပြီးတော့… အခု သူရောက်လာတော့ ပျောက်သွားပြီတဲ့လား?

သူ သေချာ စဥ်းစားကြည့်လိုက်သည်။

သူ့ဆရာတူအစ်မရဲ့ လှည့်ကွက်က ရှေ့ကိုတိုးဖို့အတွက် ‌နောက်ကိုဆုတ်လိုက်တာဖြစ်လောက်

သည်။ ဤလူအိုကြီးသည် ဒဏ်ရာရပြီး ငွေများစွာလည်း ဆုံးရှုံးခဲ့သည်။ ဒါကြောင့် အထိတ်တလန့်ဖြစ်နေပြီး သတိထားမိမှာမဟုတ်ပေ။

ခဏတွေးကြည့်ပြီးသည့်နောက် သူ ထွက်လာလိုက်သည်။ “ဘာကိစ္စရှိလို့လဲ”

“သခင်လေးကျန်း” အစေခံက ချက်ချင်း ဂါရဝပြုသည်။

ထိုစကားကြောင့် အဖိုးကြီး၏ မျက်လုံးတို့ ဝင်းလက်သွားခဲ့ကာ “ငါမင်းကို မှတ်မိပြီ။ မင်း အဲဒီနေ့တုန်းက သူတော်စင်မော့နဲ့အတူပါလာတယ်ဟုတ်၊ အဲတုန်းက မင်း ကြက်ဖတစ်ကောင်ကိုတောင် ချီထားသေးတယ်လေ!”

ကျန်းကျင်လု ထိုမြင်ကွင်းကို ပြန်မြင်ယောင်ချင်

စိတ်မရှိ။

“သခင်လေး.. ငါ့ကို ဆရာမမော့နဲ့ တွေ့ဖို့ ခေါ်သွားပေးလို့ရမလား?! ကပ်ဘေးကြီးက ‌ရောက်ချလာပြီကွ! ပြီးတော့ ငါ့သား… ငါ့မှာ သားတစ်ယောက်ရှိခဲ့တာ ဝန်ခံပါတယ်။ သူ့အသက်သုံးနှစ်လောက်ကတည်းက ဆုံးသွားခဲ့တာ။ ‌နောက်ပိုင်း ငါ့မှာ ကလေးထပ်ရှိမလာတော့ဘူး။ ငါ နှစ်တွေအကြာကြီး တစ်ကိုယ်တည်းနေလာရတာ။ တကယ်တော့ အနာဂတ်မှာ ငါသေသေ မသေသေ ကိစ္စမရှိဘူး။ ဒါပေမဲ့.. ငါ့သားလေး. ငါ့ကြောင့်နဲ့ အမှုပတ်လို့မဖြစ်ဘူး!”

“ခင်ဗျားကို ဒီလိုမျိုးမြင်ရတာ။ စိတ်မကောင်းဖြစ်ပြီး သက်ပြင်းချမိစေတယ်။ ဒီလိုဆိုရင်ရော ကျွန်တော်သွားပြီး ခင်ဗျားအတွက် အသနားခံပေးမယ်။ ကျွန်တော့်ရဲ့ ဆရာတူအစ်မ ခင်ဗျားကိုတွေ့ရင်တွေ့လောက်တယ်။ နည်းနည်းလောက် ထပ်စောင့်လိုက်ပေါ့”

ထိုသို့ပြောပြီးနောက် ကျန်းကျင်လု အထဲဝင်သွားခဲ့သည်။

တကယ်တော့ သူ့ကိုတန်းပြီး ခေါ်သွားလိုက်လို့ရသည်။

သို့သော် ဆရာတူအစ်မဖြစ်သူ၏ အကြံအစည်ကို ပြန်တွေးကြည့်ပြီး ထိုလူအား ထပ်ပြီး ထိတ်လန့်ခြောက်ခြားနေစေလိုက်တာ ပိုကောင်းသည်။ ဒါမှ နောက်ပိုင်း သူ့ကို ခြယ်လှယ်ဖို့လည်း လွယ်ပေမည်။

သို့သော် ကျန်းကျင်လုမှာ တွေးရင်းတွေးရင်း သူ့နှလုံးသားထဲ ကသိကအောက်ဖြစ်လာရ၏။

ကျန်းကျင်လုသည် ဒီလိုလှည့်စားမှုမျိုးနှင့် အင်မတန်ရင်းနှီးနေခဲ့သည်။ သူ့ရွာက မိန်းမကြီးသည်လည်း လူတွေကို အခုလို လှည့်စားခဲ့သည်။

လူနာများ သို့မဟုတ် သူတို့ရဲ့မိသားစုဝင်တွေရဲ့ စိတ်ခံစားချက်ကို ခြယ်လှယ်ခဲ့သည်။ အဆုံး၌ သူတို့က လက်သည်းအခွာခံထားရသည့် ဂဏန်းများသဖွယ်ဖြစ်သွားကြပြီး အခြားသူများရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားကြသည်။

“ဆရာတူအစ်မ” သူ့အစ်မ၏ ခြံဝန်းထဲဝင်လာသည့်အချိန် ကြက်ဖကိုအစာကျွေးနေတာတွေ့လိုက်ရပြီး ခပ်သုတ်သုတ်လျှောက်သွားလိုက်သည်။

ရှဲ့ချောင်သည် အခုမှ အပြင်ကနေ ပြန်ရောက်လာခါစဖြစ်သည်။

“အပြင်က လူလိမ်အဖိုးကြီး အခုထိ မသွားသေးဘူး” ကျန်းကျင်လု ရှက်ရွံ့နေပုံရကာ “ကျွန်တော် သူ့အတွက် ပြောပေးမယ်လို့ ပြောလာခဲ့တယ်။ သူ့ကို ဘယ်အချိန်လောက်ရှင်းထုတ်မယ် စဥ်းစား

ထားလဲ?”

သူ့အစ်မရဲ့ ဖောက်သည်က မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်ဖြစ်လောက်မည်မှန်း ကျန်းကျင်လု သဘောပေါက်သွားပြီဖြစ်သည်။

ဤလူလိမ်သည် ရေစက်ပါတဲ့သူမဟုတ်တာတင်မက… အသတ်ခံဖို့ စောင့်နေသည့် သိုးတစ်ကောင်လည်းဖြစ်ပေသည်။

သို့သော် ထို့နေ့က သူ့အစ်မရဲ့စကားတွေကိုသာ ကြားခဲ့ရတာမလို့ ထိုမကောင်းဆိုးဝါးဝိဥာဥ်၌ ဘယ်လို နာကြည်းချက်မျိုးခံစားနေရလဲ သူမသိခဲ့။

“မောင်လေးက ပြောလာမှတော့ သူ့ကိုသွားတွေ့ကြတာပေါ့” ရှဲ့ချောင်က မသွားခင် သူမ လက်

အား ဖုန်သုတ် သန့်စင်လိုက်သည်။

အဲ့လောက်လွယ်တာလား? တကယ်တော့ ထိုလူလိမ်အဖိုးကြီး အပြင်မှာ ထပ်စောင့်နေရလဲ အကြောင်းမဟုတ်။

ကျန်းကျင်လုလည်း ပြောစရာစကားပျောက်ပျောက်နှင့်ဘဲ ရှဲ့ချောင်နောက်ကို လိုက်သွားခဲ့သည်။

သို့သော် ရှဲ့ချောင် ရပ်လိုက်ကာ သူ့ဘက်ကိုလှည့်၍ “မင်းအတွက်နဲ့လိုက်ပေးတဲ့ဟာကို ဆရာတူမောင်လေးက ကျေးဇူးတင်ကြောင်းဘယ်လိုပြရမလဲ မသိဘူးလား?’

ကျန်းကျင်လုခမျာ ရင်တုန်ပန်းတုန်ဖြစ်သွားရသည် “ကျေးဇူးတင်ပါတယ် ဆရာတူအစ်မ”

“ဒီလိုမှပေါ့။ အကူအညီတောင်းပြီဆိုရင် ကိုယ့်ရဲ့သဘောထားကိုလည်း ပြတတ်ရတယ်။ မင်းက ဆရာ့ရဲ့တပည့်ဆိုပေမဲ့ ‌နောက်ဆို နန်းတွင်းရုံးတော်ကို သွားရမယ့်သူ။ တခြားသူတွေနဲ့ တွေ့တဲ့အချိန်ကျအပြောချိုနေတတ်တာ ပိုကောင်းတယ်”

ရှဲချောင်သည် အခွင့်အရေးရရင်ရသလို သူ့ကို တမင်တကာပစ်မှတ်ထားတတ်လေသည်။

••••

All Chapters