← Chapters

အခန်း (၉၅၇-၉၆၀)

Vol. 49 Ch. 957-960

အခန်း (၉၅၇-၉၆၀)

Vol. 49 Ch. 957-960

အခန်း ၉၅၇။ သူမ ဘယ်မှာလဲ

အမျိုးသမီးသည် အမှန်ဟုတ်မဟုတ် မသိသလို သူမရှေ့ကဆရာသည် သူမအားရန်မစရဲ။ ငွေတွေကို ကြည့်ရင်း ယူရင်ကောင်းမလားမကောင်းလားလဲ မသိတော့ချေ။

“ငါက မင်းတို့မိသားစုနဲ့ရေစက်မပါလာဘူး၊ လူပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပေမဲ့ မင်းရဲ့ယောကျာ်းကိုတော့ မကယ်ပေးနိုင်ခဲ့ဘူး၊ ငါလည်း စိတ်မကောင်းဖြစ်ရတယ်။ အဲဒါကြောင့် ဒီငွေတွေက ယူဖို့အတွက် ပူလွန်းတယ်လို့ခံစားရတယ်၊ အခု အကုန်ပြန်ပေးမယ်” ဆရာမာက သက်ပြင်းချရင်း “ငါသာ မင်းတို့ကို လိမ်ခဲ့တာဆိုရင်၊ ဘာလို့ ငွေပြန်ပေးနေမှာလဲ၊ ဟုတ်တယ်မလား”

အမျိုးသမီးသည် အသိဉာဏ်နည်းပါးသူဖြစ်၏။ ထိုစကားများကိုကြားသည်နှင့် ငြင်းဆန်မည့်စကားမဆိုနိုင်တော့ချေ။

ထိုအချိန် ရှဲ့ချောင်ရောက်လာသည်။

“ဆရာမာ၊ ရှင်က ငွေလေး ပြန်ပေးလိုက်ရုံနဲ့ ရှင့်ရဲ့အပြစ်ကြွေးကိုချေနိုင်မယ်ထင်နေတာလား” ရှဲ့ချောင်က အနောက်ကနေပြောလိုက်သည်။

ဆရာမာ ထိတ်လန်သွားသည်။ လှည့်ကြည့်လိုက်ပြီး သူမကိုမြင်သည့်အခါ မိုးကြိုးပစ်ခံလိုက်ရသည့်အလား “သူ- သူတော်စင်မော့ ဒီကိုရောက်လာတာလား..”

“ဆရာမာက ဒီနေ့ပိုက်ဆံပြန်ပေးမှာဆိုတော့ ရှင့်နားမှာရှိနေတဲ့ ကံဆိုးမှုတွေနဲ့ နာကြည်းမှုတွေ ပျက်ပြယ်သွားလောက်ပြီထင်လို့ သူ့ကိုလွှတ်ပေးလို့ရလောက်မလား လာကြည့်တာ၊ ဒါပေမဲ့ ကျွန်မရောက်တဲ့အချိန် ဆရာမာရဲ့စကားတွေကိုကြားလိုက်ရမယ်လို့ မထင်ထားဘူး ပြီးတော့ ရှင့်မှာရှိတဲ့ ကံဆိုးမှုက…”

ရှဲ့ချောင်သည် ခပ်ဖွဖွပြုံးလျက်

“ကြည့်ရတာ နာကြည်းချက်တွေပိုပြင်းလာတဲ့ပုံပဲ၊ ဒီလိုသာ ဆက်ဖြစ်နေရင် ရှင့်ကိုတန်းပြီးသတ်ပစ်မလားတောင်စိုးတယ်၊ ရှင်ကိုယ်တိုင်ခံစားကြည့်လိုက်၊ ရှင့်ရင်ဘတ်ထဲ နေသာထိုင်သာမရှိဘူးမလား”

ရှဲ့ချောင်ရဲ့စကားကြောင့် ဆရာမာတစ်ယောက် မသိစိတ်ကနေ ရင်ဘတ်ကိုထိကြည့်မိသွားသည်။

ဟုတ်တယ်ဟ

မနာကျင်ပေမဲ့ မွန်းကျပ်သလိုခံစားရသည်.. အသက်‌ရှူလို့မရတော့သလိုမျိုး…

ယခုဆိုလျှင် မကောင်းဆိုးဝါးဝိဉာဉ်၏ လက်ဟာ သူ့ရင်ဘတ်ထဲ ထိုးဖောက်နေသည်။ မကျေမချမ်း

မှုများက သူ့ဘေးနားမှာရစ်ဝဲနေလျက်။ ၎င်းက သူ့ကိုမထိခိုက်စေဘူးဆိုလျှင်တောင် သက်ရောက်မှုတချို့‌တော့ ရှိနေပေသည်။

သိသာလှသည့် မသက်မသာဖြစ်မှုအား ခံစားလိုက်ရပြီးတောက် ဆရာမာသည်ချက်ချင်းဒူးထောက်ကာ “ဒါတွေအကုန်ကျုပ်အပြစ်ပါ! ခင်ဗျားသမီးသေရ‌တာ‌ကျုပ်ကြောင့်၊ ဒီငွေတွေကိုသာ ယူလိုက်! ကျုပ်အပြစ်ပါ! ခင်ဗျားရဲ့သမီး ကျုပ်ကိုဒုက္ခပေးနေတာကိုရပ်ခိုင်း‌ဖို့ တောင်းပန်ပါတယ်! ကျုပ်လည်း အသက်ကြီးနေပြီ.. ကျုပ်အတွက်လည်း လွယ်မနေပါဘူး…”

အမျိုးသမီးမှာ ဆွံ့အသွားသည်။ “ရှင်- ရှင် ဘာပြောလိုက်တာလဲ…”

“ကျုပ် ခင်ဗျားကိုလိမ်ခဲ့တာ၊ ဘာ မသေမျိုးဂါထာမန္တန်မှ မသိဘူး.. ကျုပ်ကငွေရှာချင်ရုံပဲ.. ဒါပေမဲ့

ခင်ဗျားသမီး ရောင်းစားခံရပြီး သေသွားမယ်လို့မှမထင်ထားတာ…”

လူလိမ်သည် ထိုအမျိူးသမီးစိတ်ရူးဖောက်သွားမှာကြောက်တာကြောင့် အမြန်ပြောလိုက်ရသည်။

ရှဲ့ချောင် သူ့အားအေးတိအေးစက်ကြည့်နေလိုက်သည်။

မမျှော့်လင့်ထားဘူးဆိုတာက ထူးဆန်းပေ၏။

ဆောင်ကြာမြိုင်ကို ရောင်းစားခံလိုက်ရတဲ့ ဘယ်အမျိုးသမီးရဲ့အဆုံးသတ်ကများ ကောင်းနေလို့လဲ?

ဒါ့အပြင် ကလေးမလေးသည် ၁၂ နှစ် ၁၃ နှစ်အရွယ်သာရှိသေးသည်။ သူမ ထိုနေရာရောက်သည့်အခါ နာခံသည်ဖြစ်စေ မနာခံသည်ဖြစ်စေ

ဒုက္ခများစွာ ခံစားရမည်ပင်။

“ရှင်- အကြင်နာတရားမရှိတဲ့သူ!”

အမျိုးသမီးသည် ချက်ချင်းဆိုသလို ငိုကြွေးကာ

“ရှင် ကျွန်မတို့ရဲ့မိသားစုကို ဒုက္ခပေးခဲ့တာ”

ခင်ပွန်းဖြစ်သူလည်းသေ, ယောက္ခမလည်းသေ နောက်ဆုံး သမီးလေးတောင် သေသွားခဲ့ရသည်!

“ရှင့်မှာ လိမ်ပြောပိုင်ခွင့်ရှိလို့လား” အမျိုးသမီးသည် တဟုန်ထိုးပြေးသွားကာ စတင်တိုက်ခိုက်လေသည်။

ရှဲ့ချောင် သူမကို မတားခဲ့။

အမျိုးသမီး စိတ်ဖောက်သွားတာကို သူမ ကြည့်နေခဲ့သည်။ ၁၅မိနစ်လောက်ကြာတော့ ရပ်တန့်သွားခဲ့ကာ မြေကြီးပေါ်ထိုင်ချပြီး တရစပ်ငိုတော့သည်။

ရှဲ့ချောင်က သူမဆီလျှောက်သွားပြီး “ရှင့်သမီးရဲ့ နောက်ဆုံးဆန္ဒက သူ့ကိုဒီငွေတွေပြန်ပေးစေချင်တာ၊ ဒီတော့ ငွေတွေကိုကောင်းကောင်းသိမ်းထားလိုက်ပါ”

အမျိုးသမီးသည် မျက်ရည်များကိုသုတ်ပစ်လိုက်ပြီး

“ဘာကို နောက်ဆုံးဆန္ဒလဲ၊ သူက သေ…”

သို့သော် စကားတစ်ဝက်အရောက်၌ ဒီမရင်းနှီးသည့်ဆရာပြောသွားတာတွေကို ရုတ်တရက်စဉ်းစားမိသွားပြီး

“ငါ့– ငါ့သမီးလေးကို မြင်ရတာလား”

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

“သူ- သူဘယ်မှာလဲ?! သူဘယ်မှာလဲလို့”

အမျိုးသမီးက ပျာပျာသလဲမေးလိုက်၏။

ရှဲ့ချောင် မကောင်းဆိုးဝါးဝိဉာဉ်ကိုကြည့်လိုက်သည်။

ကလေးမ၏ ဝိဉာဉ်သည် ဆရာမဒူးထောက်ဝန်ခံတာကို ကြားပြီးသည့်နောက် ခံစားချက်သိပ်ပြီးမရှိတော့။

“ဆရာမ.. ကျေးဇူးပြုပြီးစကားပါးပေးပါ”

“ကျွန်မ အသက်ရှင်တုန်းက ကျွန်မမိဘတွေက ကျွန်မကိုတကယ်ဂရုမစိုက်ခဲ့ကြဘူး၊ မောင်လေးကိုပဲချစ်ကြတာ၊ သူတို့က ထုတ်မပြောပေမဲ့ အမေကတောင်မှ…”

•••••

အခန်း ၉၅၈။ ရေစက်ကုန်သွားပြီ

မကောင်းဆိုးဝါးဝိဉာဉ်သည် အေးဆေးတည်ငြိမ်စွာဖြင့် ဆက်၍ ‘’အမေ သမီးကိုရောင်းစားပစ်ဖို့ အဖွားကိုသဘောတူလိုက်တုန်းက ဝန်ထုပ်ဝန်ပိုးတစ်ခုအနေနဲ့ ဖယ်ရှားပစ်ချင်တဲ့ရည်ရွယ်ချက် ရှိမှာကြောက်နေခဲ့တာ..ဟုတ်တယ်မလား”

“အဖေကို ကယ်လို့ရသည်ဖြစ်စေ မရသည်ဖြစ်သေ အိမ်မှာကျွေးထားရမယ့် လူတစ်ယောက်တော့ လျော့သွားတယ်လေ"

“အခု သမီးလည်းမရှိတော့ဘူးဆိုတော့ အမေ ဝမ်းနည်းမနေပါနဲ့တော့၊ သမီး အဖေနဲ့အမေ့အပေါ်တင်ထားတဲ့ အကြွေးကိုပြန်ဆပ်ပြီးသွားပြီ..”

ထိုသို့ပြောပြီးနောက် မကောင်းဆိုးဝါးဝိဉာဉ်သည် ဘာမှဆက်မပြောတော့။

ရှဲ့ချောင်က သူမရဲ့စကားတစ်ခွန်းချင်းစီတိုင်းကို အမှန်တိုင်းပြောပြလိုက်၏။

အမျိုးသမီးမှာ ထိုစကားများကြောင့် ကြက်သေသေသွားခဲ့ရသည်။

သူမရဲ့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လို့နေလျက်။

“အခု ရှင့်သမီးကငွေပြန်ရအောင် လုပ်ပေးခဲ့ပြီးပြီဆိုတော့ ရှင်ပျိုးထောင်ပေးခဲ့တဲ့အတွက် ပြန်ဆပ်တဲ့အကြွေးလို့သဘောထားလို့ရတယ်၊ အရမ်းလည်း စိတိမကောင်းဖြစ်မနေပါနဲ့၊ ရှေ့လျှောက် ဒီငွေတွေနဲ့ ကောင်းကောင်းမွန်မွန်နေလိုက်”

ရှဲ့ချောင်ရဲ့စကားတို့က အကြင်နာတရားမဲ့လွန်း

ပေသည်။

သူမ ဒီအမျိုးသမီးရဲ့ အတွေးကို နားမလည်နိုင်ပေ။

လိမ်ပြောတဲ့သူက ဆရာမာဆိုပေမဲ့ နားထောင်တာ မထောင်တာက သူတို့အပိုင်းလေ ဟုတ်တယ်မလား?

အကြောင်းပြချက်က ဘာပဲဖြစ်နေပါစေ ကိုယ့်သမီးကိုယ် ထိုသို့သောနေရာမျိုးမှာ ရောင်းစားတာက.. အင်မတန်ကို အကြင်နာတရားခေါင်းပါးလွန်းသူသာ လုပ်နိုင်မည့်လုပ်ရပ်ဖြစ်ပေ၏။

ဤမ‌ကောင်းဆိုးဝါးဝိဉာဉ်လေးရဲ့ ကြင်နာမှုက လုံလောက်နေလေပြီ။ သူမသာ သေချာမစဉ်းစားဘူးဆိုလျှင် အငြိုးကြီးဝိဉာဉ်အဖြစ်ပြောင်းပြီး

လက်တုံ့ပြန်သည့်အနေဖြင့် သူမရဲ့ မိသားစုတစ်စုလုံးအားသေစေ‌လိမ့်မည်။

“သူ- သူကငါ့သမီးပဲ.. ငါ..”

အမျိုးသမီးက ငိုရင်းပြော၏။ သူမခေါင်းမော့ကြည့်လိုက်တော့ ဆရာမ၏ တည်ငြိမ်တဲ့မျက်နှာကိုမြင်ပြီး ရပ်လိုက်သည်။

အပြစ်ရှိသလို ခံစားရ၍လည်းဖြစ်ကောင်းဖြစ်နိုင်သလို ဝဋ်ပြန်လည်မှာကြောက်၍လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သူမ ဆက်မပြောရဲတော့။

သူမမှာ ကလေးအများကြီးရှိသည်။ တစ်ချိန်က ထိုအဖြစ်အပျက်ဖြစ်ခဲ့တုန်းက အိမ်မှာ လူကြီးရော လူငယ်ရောရှိနေ၏။ သူမရဲ့ မိသားစုမှာ စည်းစိမ်ဥစ္စာရယ်လို့ သိပ်ပြီးမရှိ။ ခင်ပွန်းဖြစ်သူ၏ ရောဂါကို ကုပေးဖို့အတွက် ရှိသမျှအားလုံးနီးပါးသုံးလိုက်ရသည်။ ကံဇာတာကြည့်ပေးဖို့ ငွေ

တောင်မှ ချေးထားခဲ့တာပင်။

အဲဒီအချိန်တုန်းက အိမ်မှာသာ လူနည်းနည်းပဲရှိလျှင် ဖိအားလည်းနည်းသွားလိမ့်မည်ဟု တွေးခဲ့၏။

ထို့နောက် ခင်ပွန်းသေသွားခဲ့သည်။ သူမ၏ ယောက္ခမကလည်း အိပ်မက်ဆိုးများဆက်တိုက်မက်ပြီး အဆုံးစီရင်သွားခဲ့သည်။ အကြီးဆုံးသမီးကိုလည်း အ‌ကြွေးဆပ်နိုင်ဖို့ ပေးစားလိုက်ရသည်။ .. ရုတ်ချည်းဆိုသလို တစ်အိမ်လုံး ဗလာကျင်းသွားခဲ့သည်။

ဒါကြောင့် နေ့ရက်တိုင်း သူမပိုပိုပြီး နောင်တရမိသည်။

အမျိုးသမီးသည် နှုတ်ဆိတ်နေပြီး မျက်လုံးတို့ကနီရဲနေသည်။ သူမ၏ လက်တို့က ငွေစသုံးစပါသည့် အိမ်လေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။

ဆရာမာသည် နှလုံးသားထဲ ကြီးစွာနာကျင်နေလျက်။

ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဉာဉ်ကိုယ်စား စကားပါးပေးပြီးနောက် လှည့်ပြန်သွားခဲ့သည်။ ဆရာမာက ရှဲ့ချောင်နောက်ကနေ တစ်လှမ်းချင်း ခပ်သုတ်သုတ်လိုက်သွားသည်။

ရှဲ့ချောင်ရပ်လိုက်သည့်အခါ သူက ဂရုတစိုက်ဖြင့် “သူတော်စင်မော့.. ကပ်ဆိုးကို ဖြေရှင်းလိုက်နိုင်ပြီမလား…”

သူ အင်မတန်စိတ်လှုပ်ရှားနေသည်။

“အင်း…” ရှဲ့ချောင်က ရယ်ကာ

“ဆရာမာလည်း လုပ်စားနေတာ နှစ်တွေကြာလှနေပြီ။ ပညာရှင်တစ်ယောက်ဆိုရင်တောင် အကြံဉာဏ်ရဖို့အတွက် ပိုက်ဆံပေးရတယ်ဆိုတာ မသိဘူးလား”

ထိုစကားကြောင့် ဆရာမာ ဆွံ့အသွားရသည်။

သူတောင်စင်ပြောတာက.. ပိုက်‌ဆံ?

ဘာလို့ ရုတ်တရက်ကြီးလဲ

“ဘယ်.. ဘယ်လောက်လဲ?” ဆရာမာက ဂရုတစိုက်မေးလိုက်သည်။

“ငွေတစ်စ” ရှဲ့ချောင်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

ဆရာမာ သက်ပြင်းချလေသည်။

ကံကောင်းထောက်မစွာဖြင့် ငွေတစ်စတည်းမလို့သာ။

အရင်တစ်ခေါက်တုန်းက သူ ဆရာမမော့ဆီကနေ ငွေတစ်စယူခဲ့ပြီး အခုကပြန်ပေးရမည့်အချိန်ပင်!

သူ ပိုက်ဆံကိုထုတ်၍ ရှဲ့ချောင်လက်ထဲထည့်ပေးလိုက်သည်။

ရှဲ့ချောင်က ပိုက်ဆံကိုသိမ်းပြီးနောက်

“ရှင်ရဲ့ ဒုက္ခတစ်ဝက်လောက်ကိုတော့ ကျော်ဖြတ်နိုင်သွားပြီ၊ ရှင့်မျက်လုံး ဘာမှဖြစ်မှာမဟုတ်တော့ဘူး၊ ဆက်ထိန်းထားလို့ရတယ်၊ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေကတော့ ရှင့်အတွက် နည်းနည်းခက်ခဲနေဦးမှာ”

ဆရာမာတစ်ယောက် ထိတ်ထိတ်ပျာပျာဖြစ်သွားရသည်။

မပြောင်းလဲသွားသေးဘူးလား

သူမျက်လုံးကိုပဲ ကယ်လိုက်နိုင်တာလား

“ဒါဆို ကျုပ်ဘာလုပ်ရမလဲ၊ ဆရာမ ပိုက်‌ဆံဘယ်လောက်လိုချင်လဲသာပြောပါ…”

“အရင်က ကျွန်မ ‌ရှင်နဲ့ရေစက်ပါခဲ့ပေမဲ့ အခု အဲဒီရေစက်က ဆုံးခန်းတိုင်သွားပြီ၊ ငွေယူဖို့မသင့်တော်တော့ဘူး” သူမက လမ်းဘေးမှာရပ်ထားတဲ့ မြင်းလှည်းပေါ်တက်ပြီး ထွက်သွားတော့သည်။

ဆရာမာသည် နေရာတွင်သာ ရပ်နေပြီး ပြောစရာစကားပျောက်ဆုံးနေ၏။

သူတောင်စင်မော့ ထွက်သွားသည်နှင့် ရဲမက်နှစ်ဦးရောက်လာကာ သူ့အားဖမ်းဆီးသွားသည်။

တစ်ပါးလူအား လိမ်ညာခြင်းနှင့် အသက်ကိုထိခိုက်စေခြင်းသည် အာဏာပိုင်များ အပြစ်ပေးရမည့် ပြစ်မှုတစ်ခုဖြစ်သည်။ ပြစ်မှုက သေဒဏ်

အထိမပြင်းထန်ပေမဲ့ နှစ်အနည်းငယ်လောက်တော့ အကျဉ်းချခံရဦးမှာပင်…

••••

အခန်း ၉၅၉။ လက်စားချေခြင်း

ရှဲ့ချောင်က စီးပွားရေးလုပ်ရာမှာ အရှုံးခံမည့်သူမျိုးမဟုတ်။

ကျန်းကျင်လုသည် ရှဲ့ချောင်၏လုပ်ရပ်များကို တိတ်တဆိတ်လေ့လာနေခဲ့တာဖြစ်သည်။ ထိုလူလိမ်အဖမ်းခံရတာကိုမြင်တဲ့အခါ သူမှင်တက်သွားရသည်။

ဆရာတူအစ်မက.. လိမ်တဲ့နေရာမှာ လူလိမ်ထက်ကိုပိုသာနေမှန်းအသိသာကြီး.. ဒါပေမဲ့ နောက်ဆုံးကျတော့ အရာရှိတွေဆီက အဖမ်းခံရအောင်လုပ်လိုက်နိုင်တယ်တဲ့လား..?

သူခိုးက သူခိုးပြန်ခေါ်နေသလိုပဲ။

သူတွေးထားသည်က သူ့ရဲ့ဆရာတူအစ်မဟာ လူလိမ်ဆီကနေ ငွေကုန်တဲ့အထိလိမ်ပြီး သူ့ကိုလမ်းမပေါ်မှာတစ်ယောက်တည်း အစာငတ်ပြီးသေစေလိမ့်မည်ဟု။ သို့သော် ရက်ပိုင်းလောက် ကြိုးစားပြီးနောက် လူလိမ်အား ထိုမိသားစုဆီ ပိုက်ဆံပြန်ပေးအောင်သာလုပ်နိုင်ခဲ့သည်။

သူမကိုယ်တိုင်တော့ ဘာမှမရလိုက်!

သူမ ဒီလောက်ထိကြိုးစားပြီးလုပ်နေတာ အဲဒီမိသားစုရဲ့အကြွေးကိုပြန်တောင်းပေးဖို့ သက်သက်ပဲလား?

ကျန်းကျင်လု အနည်းငယ်ရှက်သွားသည်။ ဒီရက်ပိုင်းထဲ ဆရာတူအစ်ကိုရှောင်းအား သူ အကြိမ်ပေါင်းများစွာမေးမြန်းခဲ့၏။ သူ့အစ်မသည် မြို့တော်၌ ဈေးကြီးသည့်သစ်သားများ

ရောင်းချတဲ့ဆိုင်တစ်ဆိုင်ပိုင်ကြောင်းလည်း သိထားသည်။ ထိုအကြောင်းအရာများစွာကို ကြားပြီးနောက် သူ့ရဲ့ဆရာတူအစ်မဟာ ငွေကိုချစ်ပြီး ငွေလောဘကြီးသူတစ်ယောက်များလားဟု မတွေးမိဘဲမနေနိုင်ချေ။

ဤအချက်အား တွေ့လိုက်ရသည့်အခါ သူ့ရဲ့သဘောထားသေးသိမ်မှုက မုန်းတီးစရာကောင်းလွန်းနေမှန်းခံစားလိုက်ရသည်။

သို့သော် သူ့ရဲ့အတွေးအားရောက်တတ်ရာရာဖြန့်ကျက်ဖို့ထိအောင်ကလည်း လွန်ခဲ့တဲ့နှစ်ရက်အတွင်း အတွေ့အကြုံများစွာကသက်သေပင်။

သူ ညပိုင်း၌ ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။

သူ့နောက်သို့ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်လိုက်နေကြောင်း ဆရာတူအစ်မပြောပြီး

ကတည်းက ညတိုင်းလိုလို ပတ်ဝန်းကျင်က အေးစိမ့်နေသယောင်၊ လှုပ်ရှားမှုသေးသေးလေးတွေလည်း ခဏခဏဖြစ်ပေါ်နေသယောင် ခံစားနေရသည်။ သူ အိပ်ပြန်တော့လည်း လက်နှင့်ခြေထောက်တို့က မသက်မသာခံစားရပြီး တစ်ခုခုနှင့်ဖိခံထားရသည့်အလား။ သုံးရက်ဆက်တိုက် သူအိပ်မပျော်လုနီးပါးဖြစ်ခဲ့ရသည်။

သုံးရက်ပိုင်းကြာပြီးနောက် မကောင်းဆိုးဝါးဝိဉာဉ်ထွက်သွားပြီဆိုတဲ့အကြောင်း သူ့အစ်မကပြောသည်။

သူက ကျန်းကျင်လုရဲ့အိပ်ယာဟာ သိပ်ပြီးသက်တောင့်သက်ရာမရှိ၍ စိတ်ဝင်စားဖို့မကောင်းတာကြောင့် သူ့ရဲဧည့်သည်ဆက်မလုပ်တော့တာဟု ဆိုသည်။

ထိုသို့ကြားလိုက်ရတော့ သူတကယ်

စိတ်သက်သာရာရသွားသည်။

ထိုနေ့ညက အရင်ရက်တုန်းကလိုမျိုး မသက်မသာမဖြစ်တာမျိုးတကယ်မခံစားရတော့ပေ။

နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်ခဲ့သည်။ နိုးလာသည့်အခါ ဆရာတူအစ်မရဲ့စကားတို့အား သံသယမဝင်ခဲ့ပေ။

ရှဲ့ချောင်သည် ဒီရက်တွေထဲ မုန့်ကျားပေါင်၌ ပျင်းပျင်းရိရိမနေဘဲ မကောင်းဆိုးဝါးဝိဉာဉ်များစွာကို ဖမ်းဆီးခဲ့သည်။

စန်းယောင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာပြန်ကောင်းလာသည်။ တစ်လလောက်ကြာပြီးနောက်တွင် ပုံမှန်အခြေနေသို့လုံးဝပြန်ရောက်သွား‌လေသာည်။ သို့သော် လူကပိန်နေဆဲမလို့ အချိန်တိုအတွင်းတော့ ပြန်ပြည့်လာအောင်ဦးမှမဟုတ်ပေ။

မုန့်မိသားစုဟာလည်း ကြီးမားလှသည့်အလှည့်အပြောင်းများစွာ ကြုံခဲ့ရသည်။

မုန့်ရှန်းသဲ့၏ သားသည် သူ့အားဒေါသထွက်လွန်းအောင်လုပ်သဖြင့် အိပ်ယာပေါ်လဲရသည်အထိ။ သူသည် မုန့်ရှန်းသဲ့စ၏မိသားစုစီးပွားရေးကို တာဝန်ယူခဲ့သည်။ သို့သော် လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့အား အကျဉ်းချ၊ အနိုင်ကျင့် ဖိအားပေးခဲ့တဲ့အဖေကို မကျေမချမ်းဖြစ်လို့နေ၏။ သူချစ်ခဲ့သည့် အမျိုးသမီးကြောင့်လည်း ရူးသွားရသည်။ ဒါကြောင့် သူ့ရဲ့လုပ်ရပ်များက ခေါင်းမာနေပြီး စီးပွားရေးက ငွေရှာနိုင်မလားဆိုတာကိုလည်း ဂရုမစိုက်တော့။

သူလုပ်ချင်တာဆိုလို့ မုန့်ရှန်းသဲ့အား နောင်တရပြီး ဝမ်းနည်းစေချင်တာပဲရှိသည်။

နေ့တိုင်းလိုလို လုပ်ငန်းတစ်ခုအား မုန့်မိသားစုဝင်

တစ်ယောက်ဆီပေးသည်။

မုန့်မိသားစု၌ မိသားစုဝင်များစွာရှိပြီး အများစုက ပိုက်ဆံမရှိကြ။သခင်လေးမုန့်သည် ထိုလူများကို အထူးတလည်ရွေးချယ်ကာ လုပ်ငန်းများကိုပေးပစ်သည်။ လုပ်ငန်းကိုပေးပြီးသွားသည့်နောက် သူတို့အား မုန့်ရှန်းသဲ့ဆီခေါ်လာပြီး ကျေးဇူးတင်စေသည်။

မုန့်ရှန်းသဲ့ အလေးထားဆုံးက သူ့ရဲ့မိသားစုစီးပွားရေးလုပ်ငန်းများနှင့် မျိုးဆက်များဖြစ်သည်။

သခင်လေးမုန့်သည် ၎င်းအားအသုံးချပြီး သူ့အားရန်စခဲ့၏။

သူ ဖိအားပေးကလေးမွေးစေခဲ့သည့် သမီးတချို့ကိုလည်း တစ်လအတွင်း ယောကျာ်းပေးစား

ပစ်သည်။ သူတို့လက်ထပ်လိုက်သည့် သူအားလုံးက တိုင်းပြည်ရပ်ခြားမှ ကုန်သည်များဖြစ်၏။ အကုန်လုံး မောင်းထုတ်ခံလိုက်ရပြီး တစ်ယောက်မှမကျန်ခဲ့ချေ။

သခင်လေးမုန့်၏ သားဖြစ်သူမုန့်ယင်းကိုတော့ ကမန်းကတန်းမြှုပ်လိုက်ရသည်။

ကံကြမ္မာလှည်းဘီး လည်သွားခဲ့သည်။ အတိတ်တုန်းက သူ့ရဲ့သားကို အနိုင်ကျင့်ခဲ့သူဟာ သခင်ကြီးမုန့်ဖြစ်သည်။ အခုတော့ တစ်မျိုးတစ်ဖုံဖြစ်သွားခဲ့လေပြီ။ သခင်ကြီးမုန့်သည် ကြာကြာခံနိုင်တော့မည်ပုံမပေါ်ပေ။

စန်းယောင်သည် အစကတော့ စိတ်ထဲတေးထားပေမဲ့ မုန့်မိသားစု၏ အခြေနေဆိုးရွားနေကြောင်း ကြားပြီးသည့်နောက် လက်စားပြန်ချေဖို့ မတွေးတော့ပေ။

သု့လို အပြင်လူတစ်ယောက် ဘယ်လောက်ပဲလက်တုံ့ပြန်ပါစေ ပထမသခင်လေးမုန့်လုပ်တာနှင့်တော့ ယှဉ်လို့ရမှာမဟုတ်။

ထားလိုက်ပါတော့…

မုန့်ယင်းကတော့…

စန်းယောင်လည်း မကောင်းဆိုးဝါးဝိဉာဉ်၏ တည်ရှိမှုကို သိပြီးနေလေပြီ။ တုံ့ဆိုင်းနေခြင်းမရှိဘဲ ကျောက်စိမ်းဖြူအား ထားခဲ့လိုက်သည်။။

ရှဲ့ချောင်သည် သူမဆရာကိုကြိုဖို့ မုန့်ကျားပေါင်ကိုလာခဲ့ခြင်းဖြစ်သည်။ စန်း‌ယောင် နေပြန်ကောင်းလာပြီမလို့ မြို့တောင်ကိုပြန်ဖို့ပြင်ဆင်သင့်လေပြီ။

အိမ်‌ကိုတော့ မရောင်းခဲ့။

မုန့်ကျားပေါင်ရှိ ကျောင်းတော်တစ်ခု၏ ကျောင်းအုပ်ထံ အပ်နှံခဲ့သည်။ နေစရာမရှိသည့် ကျောင်းသားများရှိပါက ထိုနေရာမှာ ယာယီနေပြီး စာပေသင်ယူနိုင်ပေသည်….

••••

အခန်း ၉၆၀။ အလုပ်နှစ်ခု

အပြန်လမ်း၌ သူတို့နဲ့အတူပစ္စည်းများစွာကို ယူခဲ့ကြသည်။ ခရီးလမ်းက အနည်းငယ်နှေးဖင့်နေခဲ့ကာ မြို့တော်သို့ရောက်ဖို့ လဝက်လောက်ကျန့်ကြာခဲ့သည်။

လီရှီးယန် မြို့တော်သို့ပြန်ရောက်လာပြီဖြစ်၍ မြို့‌တော်ရှိစာသင်သားများမှာ တုံ့ပြန်မှုအများဆုံးပင်။

လမ်းမထက်တွင် ခါတိုင်းထက်ပိုပြီး စာသင်သားများစွာရောက်နေကြသည်။ အသက်ရှင်နေသူတွေမက သေဆုံးသွားကြတဲ့ စာသင်သားများကိုပါ ရှဲ့ချောင်တွေ့လိုက်ရသည်။

သို့တိုင် ဤစာသင်သားများသည် လိမ်မာပြီး နာခံကြသည်။ မကောင်းဆိုးဝါးဝိဉာဉ်များဖြစ်နေကြပေမဲ့ လီရှီးယန်အား အဝေးကနေသာ လှမ်းကြည့်

ရဲပြီး လက်လွှတ်စပယ်မပြုမူရဲကြ။

ခရီးသည် ပင်ပန်းလှ၏။ ရှဲ့ချောင်သည် မြိုတော်သို့ပြန်ရောက်တာနှင့် ကြမ္မာဥယျာဉ်ဆီ အရင်ဆုံးသွားသည်။ သူမဆရာ၏ ဂုဏ်သတင်းက ကြီးမားတာကြောင့် မြိုတော်တွင်အလုပ်များလောက်သည်။

သို့သော် သူဘယ်လောက်ပဲအလုပ်များနေပါစေ သူတပည့်တွေနဲ့ မြေးတပည့်တွေကို တွေ့ဖို့တော့ အချိန်ရှိဆဲပင်။

“သူဌေးဒီမှာမရှိတုန်း အလုပ်အပ်ချင်တဲ့သူတွေ အများကြီးလာကြတယ်၊ တချို့ကတော့ တခြားဖြေရှင်းနည်းကိုတွေ့သွားပြီ၊ နှစ်ယောက်ပဲကျန်တော့တယ်၊ ကြည့်ကြည့်ပါဦး”

ဆိုင်ရှင်ချန်က စာရင်းအချက်အလက်များအား ရှဲ့

ချောင်ဆီ တရိုတသေပြလိုက်သည်။

ဒီတလော သူမ အလုပ်တချို့ကိုလွတ်သွားခဲ့၏။

ဥပမာ လူတစ်ယောက်၏ အိမ်သည် သရဲခြောက်ခံနေရ၏။ ညည့်နက်သန်းခေါင် ဆူညံသံများရှိနေတာမျိုး သို့မဟုတ် မိသားစုတစ်ခုမှ သခင်ဘေးတစ်ယောက် ဆောင်ကြာမြိုင်မှာပျော်ပါးနေရင်း ညလယ်ခေါင် ရေအိမ်သွားရာကနေ သေဆုံးသွားတာမျိုး။ သူ့မှာ မကျေမချမ်းမှုများစွာ ရှိနေ၍ သူမအား အကူအညီပေးဖို့ တောင်းဆိုလာခြင်းဖြစ်သည်။

သို့သော် ဒါတွေအားလုံးက ဖျက်သိမ်းပြီးပြီဖြစ်တဲ့ အလုပ်များဖြစ်သည်။

ကျန်နေသည့် နှစ်ခုက..

“မင်းသားရုန်လင်းအိမ်တော်” ရှဲ့ချောင် အတော်လေးအံ့ဩသွားသည်။

“မင်းသား နေမကောင်းလို့လား”

စာမှာရေးထားသည်က မင်းသားရုန်လင်း၏ ဇနီးသည် နာမကျန်းဖြစ်နေ၍ မင်းသားနင်းပေ့၏ ထောက်ခံချက်ကိုရရှိပြီး သူမအား လာရောက်ကြည့်ရှုပေးဖို့ တောင်းဆိုခြင်းဖြစ်သည်။

“ဟုတ်တယ် သူဌေး၊ ဒီတလော မင်းသားရုန်လင်းအိမ်က သူတွေ ဆိုင်ကိုခဏခဏလာနေတာ အခေါက်ပေါင်းမနည်းဘူး၊ လာတိုင်းလဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားရတာ၊ ကြည့်ရတာ သူတို့သခင်မက တော်တော်ကြီးနေမကောင်းတာနေမှာ၊ တခြားသူကိုသွားရှာရင်တောင် သူ့ကိုကောင်းကောင်းကုမပေးနိုင်လောက်ဘူး”

ဆိုင်ရှင်ချန်က ချက်ချင်းပြောပြာကာ

“သူဌေးလည်းမရှိတော့ ကျွန်တော်ကပဲ မေးသင့်‌တာတွေမေးထားလိုက်တယ်၊ မင်းသားရုန်လင်းအိမ်တော်ကလူတွေက ပြန်ဖြေရင်လည်း အထစ်ထစ်အငေ့ါငေါ့နဲ့၊ လအစပိုင်းလောက်က စာသင်သားတစ်ယောက်လက်ထပ်ပြီး

ကတည်းက သခင်မလေးက စပြီးပုံမှန်မဟုတ်တော့တာ၊ သူ့ကိုယ်သူစကားတွေပြောလိုက်၊ မိန်းမောနေလိုက်‌နဲ့တဲ့၊ လူတွေကတော့ သူအချစ်နာကျပြီး စိတ်လွတ်သွားတယ်‌ပြောကြတာပဲ”

“ဒါပေမဲ့ သူတို့မိသားစုက သမီးကို အရမ်းချစ်တော့ အဲ့ဒီလိုဟာတွေကိုမယုံခဲ့ဘူး၊ ဒီကာလတစ်လျှောက်လုံး သမားတော် တော်တော်များများနဲ့လည်း ခေါ်ပြခဲ့တယ်၊ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပေမဲ့ အကုန်နှင်ထုတ်ခံလိုက်ရရော"

“သူမ ဘာဖြစ်နေလဲ တစ်ယောက်မှအတိအကျမပြောနိုင်ဘူး၊ မင်းသားရုန်လင်းတောင် ယွီရွှီဘုရားကျောင်းကသူတွေကို သွားရှာသေးတယ်၊ အဲ့က တာအိုဆရာတွေကလည်း အခက်တွေ့ပြီး ဘာလုပ်ရမှန်းမသိကြဘူးတဲ့လေ၊ သူဌေးကို ရှာဖို့ပဲအကြံပြုခဲ့ကြတာ”

ထိုစကားကြောင့် ရှဲ့ချောင်ပိုလို့တောင် အံ့ဩသွား

ရသည်။

ယွီရွှီဘုရားကျောင်းမှ တာအိုဆရာများသည် စွမ်းဆောင်ရည်ရှိသူများဖြစ်ကြ၏။

သို့သော်လည်း တာအိုဆရာ အကြီးမျိုးဆက်များက အသက်ရွယ်ရလာတာနှင့်အမျှ အနေအထိုင်ပိုဆင်ခြင်လာကြသည်။ ကျင့်ကြံရေးအတွက် လူသူကင်းရာမှာနေပြီး အပြင်ထွက်လေ့မရှိ။ ငွေကြေးဘယ်လောက်ရှိရှိ အာဏာဘယ်လောက်ရှိရှိ ထွက်လာဖို့ဆန္ဒမရှိသူများဖြစ်၏။

လူ့လောကထဲသို့ ဝင်ရောက်သည့် တာအိုဆရာများက ယွမ်ချန်းကျစ်လိုပင်။ သူတို့ရဲ့ အရည်အချင်းကလည်း သိပ်ပြီးမဆိုးလှ။ လက်တစ်ချက်မြှောက်ရုံနဲ့တင် ပုံမှန်ပြဿနာလောက်က အသာလေးဖြေရှင်းနိုင်သည်။

သို့သော် ယွီရွှီဘုရားကျောင်းက သူမကိုထောက်ခံပေးပြီဆိုကတည်းက မင်းသမီးနားမှာ ညစ်ညမ်းသည့်အရာတစ်ခုရှိနေတာဖြစ်ရမည်။

“ဒါက မင်းသားရုန်လင်းအိမ်တော်ရဲ့ဖိတ်စာပါ၊ သူဌေးပြန်ရောက်ရင် ကြိုက်တဲ့အချိန်လာလို့ရပါတယ်လို့ ပြောသွားပါတယ်”

ဆိုင်ရှင်ချန်က ထပ်ပြောသည်။

ရှဲ့ချောင် ခေါင်းညိတ်လိုက်ပြီး

“မနက်ဖြန်သွားကြည့်လိုက်မယ်”

သူမသည် ကျောက်ကျားလင်၏ အသက်ကိုစိတ်ပူ၍မဟုတ်ဘဲ သူဘာဖြစ်ရသလဲဆိုတာကို သိချင်၍သာ။

၎င်းသာ အငြှိုးကြီးဝိဉာဉ်ဆိုလျှင် ဖယ်ရှားမည့်

နည်းကိုစဉ်းစားရလိမ့်မည်။ သို့မဟုတ်ပါက နာကြည်းချက်တွေရှိနေမှန်းသိရက်နဲ့တောင် ဂရုမစိုက်ဘဲနေလျှင် သူမရဲ့ကျင့်ကြံရေးအတွက် မကောင်းပေ။

“နောက်တစ်ခုကရော ဘာတဲ့လဲ, အသေးစိတ်ရေးမမှတ်ထားဘူးလား”

ရှဲ့ချောင်က စာရင်းကိုညွှန်ပြရင်းမေးသည်။

ဆိုင်ရှင်ချန်က အိုးတိုးအမ်းတမ်းဖြင့်

“ဒါ.. ကျွန်တော်လည်းမသိဘူးရယ်၊ သူဌေးဘယ်မှာလဲဆိုတာပဲ ခဏခဏမေးနေတဲ့ လူတစ်ယောက်ဆီကစာ၊ အတိအကျကိုတော့ ဘာမှမပြောဘူး၊ အဲ့လူက.. လျှို့ဝှက်ဆန်းကြယ်ပုံရတယ်၊ ကျွန်တော် တင်ပြဖို့မေ့မှာစိုးလို့ ချရေးထားလိုက်တာ”

••••

All Chapters