← Chapters

အခန်း (၉၆၁-၉၆၄)

Vol. 50 Ch. 961-964

အခန်း (၉၆၁-၉၆၄)

Vol. 50 Ch. 961-964

အခန်း ၉၆၁။ ဘေးအန္တရာယ်ကိုရှောင်လွှဲနိုင်

“အို့ ဟုတ်သားပဲ၊ စာတစ်စောင်နဲ့ ဘူးလေးတစ်ဘူးလည်း ပေးခဲ့သေးတယ်။ ဘူးကတော့ စရံပေးတာလို့ပြောတယ်။ သူ‌ဌေးလက်ခံခံ မခံခံ စရံကိုပြန်ပေးစရာမလိုဘူးတဲ့။ ကျွန်တော်လည်း ဆုံးဖြတ်ချက်မချရဲတာမလို့ ဘူးကိုဖယ်ထားလိုက်ပြီး ဖွင့်မကြည့်ထားဘူး”

ဆိုင်ရှင်ချန်က ချက်ချင်း ပစ္စည်းများကိုယူလာလေသည်။

စာအိတ်သည် အနက်‌ရောင်နှင့် အနီရောင်နည်းနည်းသမ်းသည်။

ရှဲ့ချောင် မသိမသာမျက်မှောင်ကြုတ်သွားကာ စာအိတ်ကိုနမ်းကြည့်လိုက်၏။ သွေးညှီနံ့ရှိနေလေ

သည်။ လတ်ဆက်သည့်သွေးစိမ်းနှင့် ပြဒါးတို့ဖြင့် ပေကျံနေတာဖြစ်လောက်သည်။

ရှဲ့ချောင် မနှစ်မြို့စွာဖြင့် ဘေးဖယ်ထားလိုက်သည်။ သူမ၏ လက်တို့ကိုသုတ်ပြီးနောက် ဘူးကိုကြည့်လိုက်ပြန်၏။ သူမရဲ့ မျက်ခုံးတို့ တင်းကျပ်သွားလေသည်။

သူမသည် လောကနှစ်ခုလုံးကိုနှံ့စပ်သူဖြစ်၏။

၎င်းက မကောင်းဆိုးဝါးဝိဥာဥ်များကို မြင်နိုင်ရုံတစ်ခုတည်းမဟုတ်။ မကောင်းဆိုးဝါးအငွေ့အသက်တို့လည်း မြင်နိုင်ပေသည်။ ဤအခိုက်အတန့်၌ သေတ္တာပေါ်ရှိ မကောင်းဆိုးဝါးအ‌ငွေ့အသက်ကို သူမ မြင်လိုက်ရသည်။

သူမ မြင်နိုင်၍တော်သေးသည်။ သို့မဟုတ်ဘဲ အလောတကြီးဖွင့်လိုက်မိပါက အနည်းနဲ့အများ

တော့ သက်ရောက်ခံရလိမ့်မည်ပေ။

ရှဲ့ချောင်က ဆိုင်ရှင်ချန်အားပစ္စည်းများကိုချခိုင်းထားပြီး လှည်းကျင်းဖို့အတွက် မြင်းမြီးတောင်ဝှေးကို သွားယူခိုင်းလိုက်သည်။ ထို့နောက် သူမက ၎င်းပေါ်တွင် အဆောင်စာရွက်တချို့ကို ဖြည်းဖြည်းချင်းကပ်ပြီး ဒုတိယထပ်ဆီယူသွားကာ သန့်ရှင်းရေးလုပ်သည်။

“သူဌေး ၊ ဒီပစ္စည်းက တစ်ခုခုဖြစ်နေလို့လား” ရှဲ့ချောင် ဒုတိယထပ်ကနေဆင်းလာသည်နှင့် ဆိုင်ရှင်ချန်က စိုးရိမ်တကြီး‌မေးလေသည်။

“နည်းနည်း” ရှဲ့ချောင် ခေါင်းညိတ်ပြ၏ “အဲဒီလူက ဘယ်လိုပုံမျိုးလဲ”

“သူ့မှာမျက်လုံးတစ်ဖက်ပဲရှိတယ် အသက်က သုံး

လေးဆယ်အရွယ်လောက်ပဲ။ သူ့ပုံစံက နည်းနည်းကြက်သီးထဖို့ကောင်းတယ်။ ဒါပေမဲ့ အဲဒီနေ့တုန်းက ယဥ်ယဥ်ကျေးကျေးနဲ့ပဲမလို့ ကျွန်တော်လည်း ရှည်ရှည်ဝေးဝေးမမေးခဲ့တာ။ ဒီပစ္စည်းတွေက တစ်ခုခုဖြစ်နေမှာကြောက်လို့ ကျွန်တော်ယူပြီးတာနဲ့ ထောင့်နားက သေတ္တာပဲထည့်သိမ်းထာပြီး ထိတောင် မထိခဲ့ဘူး” ဆိုင်ရှင်ချန်က ချက်ချင်းပြန်ဖြေသည်။

သူ့ရဲ့သူဌေးက…. မကောင်းဆိုးဝါးဝိဥာဥ်တွေနဲ့ စီးပွားရေးလုပ်နေမှန်း သံသယဝင်ပြီးကတည်းက ဘယ်ပစ္စည်းကိုမှ မထိရဲတော့။

“ဘေးအန္တရာယ်ကို ရှောင်လိုက်နိုင်နဲ့အတွက် ဂုဏ်ယူပါတယ်” ရှဲ့ချောင်က သူ့အားလေးလေးနက်နက်ကြည့်၍ “ဆိုင်ရှင်ချန် ရှင်နောက်ဆို ပိုပြီးသတိထားရမယ်”

“အာ?” ဆိုင်ရှင်ချန်မှာ ဆွံ့အသွားရကာ “တကယ်ကြီးပြဿနာရှိနေတာလား”

“အထဲမှာဘာရှိလဲတော့ ကျွန်မလည်း သေချာမသိဘူး။ ရက်ပိုင်းလောက်နေမှပဲ ဖွင့်ကြည့်တော့မယ်။ ဒါပေမဲ့ ဆိုင်ရှင်ချန်စိတ်မပူပါနဲ့။ ရှင်က ကျွန်မအတွက် အလုပ်လုပ်ပေးနေတာပဲကို ရှင့်ကိုဘာတစ်ခုမှအဖြစ်မခံပါဘူး။ ကျွန်မအခန်းထဲက ပစ္စည်းတိုင်းက ကောင်းတယ်။ ရှင်အဲဒါ‌တွေကို မသယ်သွားဘူးဆိုရင်တောင် အဲဒါတွေ ရှိနေတာကြာပြီမလို့ မသန့်စင်တဲ့အရာတွေကနေ ရှင့်ကိုကာကွယ်ပေးမှာပါ” ရှဲ့ချောင်နှစ်သိမ့်ပေးသည်။

ဆိုင်ရှင်ချန်၏ မျက်လုံးတို့ ဗလာကျင်းနေလျက်။

“နောက်ပြီး ရှင့်ဆီမှာကျွန်မပေးထားတဲ့ အဆောင်စာရွက်ရှိသေးတယ်မလား၊ မကြောက်ပါနဲ့” ရှဲ့

ချောင်က ဖြည်းဖြည်းချင်းပြောလေသည်။

ဆိုင်ရှင်ချန်၏ နှုတ်ခမ်းထောင့်စွန်းတို့တောင့်တင်းသွားပြီး ခြောက်အက်အက်ဖြင့် ရယ်လိုက်၏။

“ကျွန်တော်အသက်ရှင်လာတာ ဆယ်စုနှစ်မနည်းတော့ဘူး၊ မကြောက်ပါဘူး"

တင် တင်

ဆိုင်ရှင်ချန်စကားဆုံးသည်နှင့် အပြင်ဘက်ရှိ ခေါင်းလောင်းတို့ ကြမ်းကြမ်းတမ်းတမ်းမြည်သွားသည်။ ခါတိုင်းထက်ကို ပိုပြင်းလေရာ ရင်တုန်ပြီး ထခုန်မိလုနီးနီး။

ရှဲ့ချောင် လှမ်းကြည့်လိုက်သည်။

မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်။

ပိုပြီးတိတိကျကျဆိုရလျှင် တည်ရှိနေသည်မှာအလွန့်အလွန်ကြာပြီဖြစ်သည့် မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်။ သူ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားများသည် အနည်းငယ်စျေးကြီးပုံရကာ ယခင်မင်းဆက်၏ဝတ်စားဆင်ယင်ပုံမျိုးဖြစ်သော်လည်း အားလုံးစုတ်ပြဲနေသည်။

သူ့ကိုယ်ပေါ်က အ‌‌ငွေ့အသက်က ကြောက်စရာကောင်းသည်။

အချိန်အကြာကြီးလွင့်မျောနေသည့် မကောင်းဆိုးဝါးဝိဥာဥ်များနှင့် မတူကွဲပြားပေ

သည်။

၎င်းဟာ အားမနည်းသလို သူ့ရဲ့ဝိဥာဥ်က အင်မတန်အားကောင်းမှန်း ခံစားမိနိုင်သည်။ ခန္ဓာကိုယ်ပေါ်၌ မကျေမချမ်းမှုများစွာရှိပေမဲ့ ကောင်းကောင်းထိန်းချုပ်ထားသည်။ စွမ်းအားကြီး မကောင်းဆိုးဝါးတစ်ကောင်ပင်။

ထိုဝိဥာဥ်သာ တိုက်ခိုက်မည်ဆိုလျှင်…

ရှဲ့ချောင် ပိုပြီးစိုးရိမ်လာသည်။

“အပေါ်ထပ်မှာပြောကြတာပေါ့” ရှဲ့ချောင်က ဝိဥာဥ်အားခပ်တိုတိုပြောလိုက်သည်။ ထို့နောက် လှေကားပေါ်တက်သွားခဲ့သည်

ဆိုင်ရှင်ချန်မှာ ကြက်သေသေနေသည်။ သူ ကျောချမ်းသွားပေမဲ့ … ဘာမှမကြားခဲ့သလို ဟန်ဆောင်နေလိုက်သည်။

သူ့ကိုဒီမှာအလုပ်လုပ်ဖို့ ဆရာ‌ရှောင်းပြောခဲ့တာဖြစ်သည်။ ပထမတစ်ချက်က သူ့ကိုယုံကြည်၍ သူဌေးကိုစောင့်ရှောက်ခိုင်းတာဖြစ်သည်။ ဒုတိယတစ်ချက်… အငြိမ်းစားယူဖို့လွှတ်လိုက်ခြင်းဆိုလည်းမှား။ ဒီလို ဆိုင်သေးသေးလေးက အလုပ်မများလှ။ အပူအပင်ကင်းသည်။

သို့သော်.. အခုတော့ ပိုပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းလာလေသည်။

••••

အခန်း ၉၆၂။ မကောင်းဆိုးဝါးဝိဉာဉ်မိသားစု

မ‌ကောင်းဆိုးဝါးဝိဉာဉ်အိုကြီးသည် လွင့်မျောလို့နေကာ အင်မတန်အေးဆေးတည်ငြိမ်နေပုံပေါက်သည်။ သူဟာ နှစ်ပေါင်းများစွာနေလာခဲ့ပြီဖြစ်သည့် အဖိုးကြီးတစ်ယောက်မလို့ သူ့ရဲ့အရှိန်အဝါက အမှန်ကိုပုံမှန်ထက်ထူးခြားနေပေသည်။

“မင်းက မကောင်းဆိုးဝါးဝိဉာဉ်‌တွေရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ပေးတယ်ကြားလို့ အကူအညီတောင်းဖို့လာခဲ့တာ”

“ကျွန်မ အကောင်းဆုံးလုပ်မှာပါ” ရှဲ့ချောင်က တန်းပြောလိုက်သည်။

သူမက လွယ်လွယ်သဘောတူလိုက်တာကြောင့်

မကောင်းဆိုးဝါးဝိဉာဉ်မှာ အံ့ဩသွားသည်။ “အခြေနေတွေဘာတွေ မမေးတော့ဘူးလား၊ ငါက နှစ်ပေါင်းတစ်ရာမကနေလာခဲ့တဲ့ ဝိဉာဉ်၊ ဒီလောကကြီးမှာ ငါသိထားတာတွေလည်း အများကြီး၊ မြင်ဖူးတာတွေလည်း အများကြီးပဲ၊ ပိုက်ဆံအများကြီးရနိုင်မယ့်နေရာကိုတောင် သိသေးတယ်”

“ရှင့်မှာ ချီသွေးတစ်စက်မှမရှိဘူး၊၊ ဆိုတော့ ရှင်အကြာကြီးနေလာခဲ့ပေမဲ့ ဘယ်သူကိုမှထိခိုက်အောင်မလုပ်ခဲ့ဖူးဘူးဆိုတဲ့ သဘောပဲ၊ နောက်ပြီး ရှင်ဒီကိုရောက်လာပြီဆိုမှတော့ ကျွန်မရှင့်ရဲ့ဆန္ဒကို ဖြည့်ပြီးသွားရင် ပြန်ဝင်စားဖို့အတွက် ငရဲကိုအပို့ခံရမှန်းတော့ သိမှာပဲ၊.. ရှင်က ဒီလောကမှာမနေဘူး ထွက်သွားဖို့ဆန္ဒရှိတယ်ဆို .. အဲဒါက ကျွန်မအတွက် ကုသိုလ်ကောင်းမှုတစ်ခုလည်းဖြစ်တယ်၊ တခြားဘာတွေများ မေးစရာလိုမှာတဲ့လဲ”

ရှဲ့ချောင်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

ဒီလောကကြီးထဲမှာ မကောင်းဆိုးဝါးဝိဉာဉ်များနေနေလို့ ဘာမှမဖြစ်။

အစွဲအလမ်းရှိနေသည့်အရာတွေက သက်ရောက်မှုကြီးကြီးမားမားရှိလိမ့်မည်မဟုတ်ပေ။

သို့သော် အငြိုးတရားများရှိနေသည့် ဝိဉာဉ်တွေကတော့. တတ်နိုင်သလောက် အရေအတွက်လျှော့ချပစ်သင့်သည်။

“ဟုတ်တယ်၊ ငါလည်း မင်းဘက်ကစည်းမျဉ်းစည်းကမ်းချက်တွေကို

သိပြီးသားပါ” မကောင်းဆိုးဝါးဝိဉာဉ်က ခေါင်းညိတ်ပြီးနောက် ရှဲ့ချောင်သောက်နေသည့် လက်‌ဖက်ခြောက်ရွက်ကိုကြည့်လိုက်သည်။

ရှဲ့ချောင်က ယဉ်ကျေးစွာဖြင့် သူ့အတွက်လည်း လက်ဖက်ရည်တစ်ခွက် ငှဲ့ပေး၏။

“ရှင့်ဆန္ဒက ဘာလဲ၊ ပြောကြည့်လေ”

“ ဒါက ဆန္ဒတစ်ခုသက်သက်မဟုတ်ဘူး” မကောင်းဆိုးဝါးဝိဉာဉ်သည် ခဏတာတွေးဆနေကာ

“ငါ့ရဲ့မျိုးဆက်တွေ.. တစ်နည်းပြောရရင် သူတို့ဝိဉာဉ်တွေအကုန်ပျောက်သွားလို့၊ မင်းကူရှာပေးနိုင်မယ်လို့ မျှော်လင့်တယ်၊ သူတို့ကိုရှာတွေ့ပြီဆို ငါ့မိသားစုထဲမှာကျန်နေသေးတဲ့ ဝိဉာဉ်တွေကို ငရဲပို့ပစ်လို့ရတယ်၊ ငါက သူတို့ရဲ့ဘိုးဘေးဆိုတော့ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်”

ရှဲ့ချောင် ခဏတာကြောင်အမ်းနေမိသည်။ “ဝိဉာဉ်တွေက.. အတူတူနေကြတာလား”

မ‌ကောင်းဆိုးဝါးဝိဉာဉ်က သူမအား ဖြတ်ခနဲကြည့်ကာ နောက်ဆုံး၌ ပြောပြလိုက်သည်

“မင်း ပိုင်လိမိသားစုကိုသိလား”

ရှဲ့ချောင် ချက်ချင်းဆိုသလိုခါးမတ်သွားသည်။

“မဟုတ်မှလွဲရော…”

“အင်း၊ အရင်မင်းဆက်တုန်းက ငါတို့ပိုင်လိမိသားစုရဲ့ မိသားစုဝင်ရာကျော်က ကွပ်မျက်တာခံခဲ့ရတာ၊ သူတို့ရဲ့ ကံတရားက အရမ်းဝမ်းနည်းစရာကောင်းတယ်၊ ငါ့မိသားစုနဲ့ ဆက်စပ်နေတဲ့သူတွေပါ အမှုပတ်ကုန်တာ၊ သူတို့သေသွားပြီးတော့ တချို့က ဝိဉာဉ်တွေဖြစ်သွားတယ်.."

“ကျိပိုင်လိဆိုတဲ့ငါက ကမ္ဘာမြေပုံကိုပထမဆုံးရေးဆွဲခဲ့တဲ့သူလေ၊ အဲ့တုန်းက ဒီလှပတဲ့ရှုခင်းကြီးကို မှတ်တမ်းတင်ထားချင်ရုံ‌လေး၊ ပန်းချီက မပြီးသေးတော့ သေပြီးတာတောင် ဒီလောကကြီးထဲမှာပဲဆက်နေနေခဲ့တာ၊ အစကတော့ ဒီမြေပုံပြီးတဲ့အထိစောင့်ပြီးမှ ထွက်သွားဖို့အခွင့်ရေးရှာမလို့ပဲ၊ ဒါပေမဲ့ အဲဒီပန်းချီကြောင်နဲ့ ငါ့ရဲ့မျိုးဆက်တွေ

တစ်ယောက်မှ လွတ်မြောက်ခွင့်မရလိမ်မယ်လို့ မမျှော်လင့်ခဲ့ဘူး"

မူလက သူ့မှာအစွဲအလမ်းသာရှိပြီး နာကြည်းချက်ရယ်လို့မရှိ။

သို့သော် နောက်ပိုင်း၌ သူ့ရဲ့မျိုးဆက်တွေအကုန် ပန်းချီကားကြောင့်နှင့် သေရမှန်းမြင်ရသည့်အခါ နာကြည်းချက်တို့ဖြင့် ပြည့်လာရသည်။

သူ့ကိုယ်သူ အပြစ်တင်မိသလို ယခင်ဧကရာဇ်ကိုလည်း အပြစ်တင်ခဲ့သည်။

“‌ကလေးမ မင်းနဲ့ငါကတော်တော်လေးရေစက်ပါတယ်”

ကျိပိုင်လိက သူမအားကြည့်၍ “ဟိုအရင်ကတုန်း ငါယခင်မင်းကြီးနောက်ကို အချိန်တစ်ခုလောက်

ထိလိုက်ခဲ့ဖူးတယ်၊ နောက်ကျတော့ ငါ့ကိုရွှေယွဲ့ဘုရားကျောင်းက တာအိုဆရာတစ်ယောက်က အဝေးကိုပို့ပစ်လိုက်ရော၊ အဲဒီတာအိုဆရာကြီးက မင်းရဲ့ဆရာဘိုးဘေးဖြစ်လောက်တယ်”

ရှဲ့ချောင် ဆွံ့အသွားရပြန်သည်။

ဇာစ်မြစ်က.. တော်တော်ကိုကြာနေလေပြီ။

“မြစ်ချောင်းတွေနဲ့ တောင်တန်းတွေက ပြောင်းလဲသွားပြီး ရန်သူတွေလည်းသေသွားပြီ၊ အရင်မင်းကြီးရဲ့ မျိုးဆက်တွေလည်းသေကုန်ပြီ၊ ငါ့မှာနာကြည်းချက်တွေရှိတာတောင် ပုံချစရာမရှိဘူး၊ အဲ့တော့ ဒီလိုမျိုးလွင့်မျောသွားလာပြီး မျိုးဆက်တွေရဲ့ဝိဉာဉ်တွေကို စောင့်ရှောက်ပေးနေရတာပေ့ါ၊ ဒါမှ သူတို့တွေ တခြားသူတွေကို အန္တရာယ်ပြုတာမျိူး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတာမျိုးမဖြစ်မှာလေ”

ကံမကောင်းစွာဖြင့် အငြိုးတရား သို့မဟုတ် စွဲလမ်းမှုရှိနေသည့် မကောင်းဆိုးဝါးဝိဉာဉ်တို့သည် ပြန်ဝင်စားဖို့ မလွယ်ကူကြပေ။

သူတို့မှ လိုအင်ဆန္ဒနှင့် စွဲလမ်းမှုတို့မရှိလျှင် ငရဲတံခါးပွင့်တဲ့အခါ ပြန်သွားလို့ရပေမဲ့ ကံတရားအပေါ်အလုံးစုံမူတည်နေသည်။ ဒါတင်မက မကောင်းဆိုးဝါးဝိဉာဉ်များတောင်မှ သူတို့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်ရှိသည်။ လိုအင်ဆန္ဒနှင့် စွဲလမ်းမှုလုံးဝမရှိဖို့ဆိုတာ ခက်ခဲပေသည်။

••••

အခန်း ၉၆၃။ ဒုက္ခများသော

ဤမကောင်းဆိုးဝါးဝိဉာဉ်အိုကြီး ဘာကိုစိတ်ပူနေသလဲ ရှဲ့ချောင်အတန်အသင့်နားလည်သွားသည်။

သူသာ သေဆုံးပြီးပြီးချင်းထွက်သွားခဲ့လျှင် နောက်တစ်ချိန် ပွဲတော်ကာလအတွင်းပြန်တက်လာပြီး ခဏတဖြုတ်လောက် အနားယူချိန်ရလိမ့်မည်။

သို့သော် ထိုအခွင့်အရေးကိုသာလွဲချော်ခဲ့လျှင် နောက်ပိုင်းကျမှ အောက်ဘုံကိုဆင်းဖို့က ခက်ခဲပေသည်။

“ရှင့်မိသားစုထဲမှာ မကောင်းဆိုးဝါးဝိဉာဉ်နည်းနည်းပဲရှိတော့တယ်ဆို၊ ဘယ်လိုဖြစ်လို့လဲ”

ရှဲ့ချောင် အသေးစိတ်မေးလိုက်သည်။

“ပြောရရင် ငါတို့ပိုင်လိမိသားစုက ဝိဉာဉ်တွေက အတူတူစုနေကြပြီး တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်တာမျိုးလည်းရှိတတ်တော့ သူတို့ကိုယ်သူတို့ဘယ်သူမှန်းမသိတဲ့ အပြင်ဘက်ကဝိဉာဉ်တွေလိုမျိုး လွင့်သွားဖို့မလွယ်ဘူး၊ ဒီနှစ်တွေတစ်လျှောက်လုံး ပိုင်လိမိသားစုရဲ့ အိမ်ဟောင်းမှာပဲ ငါတို့နေလာကြတာ၊ စွန့်ပစ်နေရာတစ်ခုနီးပါးဖြစ်နေပေမဲ့ ငါတို့ဝိဉာဉ်တွေရဲ့ မျက်လုံးထဲမှာတော့ အတိတ်တုန်းကနဲ့ အတူတူပဲ”

“အရာအားလုံး အဆင်ပြေခဲ့ပေမဲ့ လွန်ခဲ့တဲ့တစ်လလောက်က ရုတ်တရက်ကြီးငါးယောက်ပျောက်သွားတယ်၊ ပထမတော့ သွားရှာဖို့ဆိုပြီး တခြားကလေးတွေကိုလွှတ်လိုက်ပေမဲ့ သွားရှာနေတုန်း နောက်ထပ်သုံးယောက် ပျောက်သွားပြန်ရော၊ ငါတို့ကိုယ်ငါတို့ မကောင်းဆိုးဝါးဝိဉာဉ်ကြားမှာဆို စွမ်းအားကြီးတယ်လို့ သတ်မှတ်လို့ရတယ်ထင်နေခဲ့တာ၊ အရင်တုန်းက မင်းရဲ့ဆရာဘိုးဘေးကလည်း ‌ပြောဖူးတယ်၊ ငါ့လိုမျိုး အချိန်အကြာကြီး

နေလာတဲ့အပြင်ကို စိတ်အာရုံမထွေပြားသေးတဲ့ ဝိဉာဉ်တွေက အရမ်းအစွမ်းထက်တယ်တဲ့လေ၊ ငါသာ စုန်းအတတ်ကျင့်တဲ့သူ‌ဆီကနေ ပစ်မှတ်ထားခံရတာဆို မကောင်းမှုတွေလုပ်ဖို့ ငါ့ကိုဖမ်းခေါ်ထားလောက်တယ်”

“ငါ့မိသားစုထဲက တခြားကလေးတွေပါ တစ်ခုခုဖြစ်သွားမှာကြောက်လို့ သူတို့ကိုပုန်းခိုင်းထားရတယ်၊ မင်းက လောကနှစ်ခုလုံးကို ကျွမ်းကျင်နှံ့စပ်တဲ့အပြင် ရွှေယွဲ့ဘုရားကျောင်းကဆိုပြီး ကြားလို့ အကူအညီလာတောင်းရတာ”

တကယ်တော့ သူမကို ဟိုးအရင်ကတည်းက ရှာချင်ခဲ့တာဖြစ်သည်။

ရွှေယွဲ့ဘုရားကျောင်းနာမည်အား သခင်မလေးတစ်ယောက်ဖြန့်နေတဲ့အချိန်ကတည်းက သူမကိုအကူအညီတောင်းပြီး သူရဲ့မျိုးဆက်တွေကို အောက်ဘုံ‌ဆီပို့ရမလား စဉ်းစားနေခဲ့တာပင်။

သို့သော် လူများလေလေ ထင်မြင်ချက်ကများလေဖြစ်၏။

ဥပမာ လင်မယားနှစ်ယောက် သေသွားလျှင်တောင် မကောင်းဆိုးဝါးဝိဉာဉ်စုံတွဲဖြစ်နေဆဲ။ အတူတူနေလို့ရနေသေးပေမဲ့ အောက်ဘုံကိုဆင်းပြီး ပြန်ဝင်စားလိုက်လျှက်တော့.. တစ်ယောက်ကိုတစ်ယောက် ထပ်ပြီးသိကြတော့မှာမဟုတ်ပေ။

နှစ်ပေါင်းများစွာ အတူတူရှိလာခဲ့ပြီးပြီဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာရက်ဖြစ်နေကြသည်။

“အခု ငါပြန်စဉ်းစားကြည့်တော့ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်အနေနဲ့ ငါလျှောက်သွားသင့်သလောက် သွားပြီးသွားပြီ၊ သူတို့ကို ပြန်ရှာတွေ့ပြီဆိုတာနဲ့ ဆန္ဒရှိရှိမရှိရှိ အောက်ဘုံကိုသွားရမယ်၊ ငါ့စကားကို နားထောင်မှာပါ”

ကျိပိုင်လိကဆိုသည်။

ရှဲ့ချောင် ခေါင်းညိတ်သည်။

“ရှာတွေ့ပြီဆို နောက်မှဆက်ပြောလို့ရတယ်. တစ်ခုပဲ. သူတို့က ရှောင်တိမ်းနေတာဆိုတော့ ရှာတွေ့ဖို့ခက်တယ်ရယ်၊ တကယ်ရှာတွေ့ချင်တယ်ဆို.. အခေါင်းတွေကို ပြန်ဖွင့်ဖို့ လိုလိမ့်မယ်”

“အခေါင်းဖွင့်ရမယ်?” ပိုင်လိကျီ ဇဝေဇဝါဖြစ်သွားရသည်။

“ဟုတ်တယ်၊ ရှင်တို့က မကောင်းဆိုးဝါးဝိဉာဉ်တွေလေ၊ ကျွန်မမှ သူတို့ကိုအရင်တုန်းက မတွေ့ဖူးတာ၊ ဘယ်လိုလုပ်ပြီး အလွယ်တကူရှာနိုင်မှာလဲ၊ တစ်ခုတည်းသောနည်းက အရိုးကိုရှာနိုင်မလား ကြည့်ရမှာ၊ ဆံပင်ဖြစ်ဖြစ် အရိုးဖြစ်ဖြစ် ရှာတွေ့ပြီဆို ကျွန်မကို အရိုးတစ်ချောင်းလောက်သာပေး၊ တည်နေရာကိုဆုံးဖြတ်ဖို့အတွက် ရိုးရာပေးတာမျိုးလုပ်လို့ရတယ်”

ဤနည်းဟာ ပြောတော့သာလွယ်ပေမဲ့ လုပ်ဆောင်ဖို့က ခက်၏။ စွမ်းအင်အများအပြား အသုံးပြုရလိမ့်မည်ပေ။

တိုက်ဆိုင်စွာဖြင့် သူမအရင်တစ်ခါ ရခဲ့သည့် သွေးယဲ့ရှီးမှိုက ဝိဉာဉ်များကိုရှာတဲ့နေရာမှာ အသုံးပြုတာဖြစ်လို့ အတော်ပဲဖြစ်သွားသည်။

“ငါ့ရဲ့ ပိုင်လိမိသားစု..ငါတို့တစ်မိသားစုလုံး ခေါင်းဖြတ်ခံခဲ့ရတာ.. ငါ့ရဲ့အရိုးတွေကလည်း ကျေပြီး တစ်စစီဖြစ်ကုန်လောက်ပြီ၊ အခု မြို့စွန်မှာတော့ ဘိုးဘေးအုတ်ဂူတွေရှိလောက်ပေမဲ့...တော်တော်များများက အရိုးမပါတဲ့ အထိမ်းအမှတ်ကျောက်တိုင်ကြီးသက်သက်ဖြစ်နေတာ စိတ်မကောင်းစရာပဲ”

ယခင်မင်းဆက်ဧကရာဇ်သည် အင်မတန်ရက်စက်

လွန်းသည်။

ထိုအချိန်တုန်းက ပိုင်လိမိသားစု၏ အရိုးတွေကို ကျိတ်ချေပြီး ပြာမှုန့်‌များအား တစ်စစီကျဲပစ်ရုံတင်မက သူတို့ရဲ့ ဘိုးဘေးအုတ်ဂူကိုတောင်တူးထုတ်ပြီး ကမ္ဘာ့မြေပုံကိုရှာခဲ့သေးသည်။

ဒါကြောင့် ပိုင်လိမိသားစု၏ နာမည်က လောကတစ်ခွင်ကျော်ကြားပေမဲ့ တခြားသူများပေးသည့် ပူဇော်ပစ္စည်းများက .. အသေးစိတ်မကျတာကြောင့် မရရှိနိုင်ခဲ့ကြ။ ရလဒ်အနေဖြင့် မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်လာပြီးနောက်ပိုင်း အတော်လေးဆင်းရဲခဲ့ကြသည်။

ပိုင်လိသည် သူ့ကိုယ်ပေါ်က အဝတ်အစားတို့ကိုကြည့်ပြီး သက်ပြင်းချသည်။

သူ့အတွက် အဝတ်အစားအသစ်များကို တစ်ယောက်ယောက်က မီးရှိူ့ပေးတာ ကြာခဲ့လေပြီ။ သူ့ကိုယ်ပေါ်က အဝတ်တွေအားလုံး ဟောင်းနွမ်းစုတ်ပြတ်နေ၏။

သို့သော် ပြဿနာဖြေရှင်းပြီးသွားလျှင်တော့ ဒီသခင်မလေးက သူ့နာမည်နှင့် သေဆုံးရက်ကိုရွတ်ကာ ပစ္စည်းများ မီးရှို့ပေးလောက်သည်။ ဤနည်းဖြင့် ဘာပြဿနာမှမရှိဘဲ အဝတ်အစားအသစ်တစ်စုံဝတ်နိုင်ပေလိမ့်မည်။

ယခုတော့ အရေးကြီးဆုံးအရာက သူတို့ရဲ့အရိုးများဖြစ်နေလေသည်။

ကျိပိုင်လိသည် ခေါင်းကုတ်နေကာ ‌သောကရောက်နေပုံရသည်။

သူနောက်တစ်ကြိမ်ထပ်ပြီး သေချာစဉ်းစားကြည့်ပြီးတဲ့နောက်

“ပျောက်ကွယ်သွားတဲ့ မျိုးဆက်တွေထဲမှာ.. အရိုးကျန်နေသေးတဲ့ တစ်ယောက်တော့ရှိတယ်. ဒါပေမဲ့ ဒုက္ခတော့များလောက်တယ်”

•••••

အခန်း ၉၆၄။အသက်ဝင်လှသည့် မြင်ကွင်းတစ်ခု

မကောင်းဆိုးဝါးဝိဉာဉ်အိုသည် ရှက်ရွံ့မှုများပြည့်နေတာကြောင့် သူရဲ့မျက်နှာထားက ကြောက်စရာကောင်းနေလေသည်။ သူ့ရဲ့ အိုမင်းနေတဲ့အသားရေတို့က ရွတ်တွဲကျနေသဖြင့် လူများအား ကြည့်ဖို့မဝံ့ရဲဖြစ်စေသည်။

ကံကောင်းစွာဖြင့် ကျိပိုင်လိသည် အသက်ကြီးမှသေသွားတာကြောင့် မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ဖြစ်လာတာတောင် ခြေလက်မဆုံးရှုံးခဲ့ပေ။ သူ့ရဲ့ အသားအရေသည် ‌ကောင်းမွန်ကာ ခန္ဓာကိုယ်ကနေ သွေးစီးကျနေခြင်းမျိုးလည်းမရှိ။ရှဲ့ချောင် လက်ခံပေးလို့ရသေးသည်။

“သခင်ကြီး၊ အဲဒီအရိုးစု ဘယ်မှာရှိလဲပြောပြပေးပါလား၊ ကျွန်မ ကြိုးစားပြီးရှာကြည့်ပေးပါမယ်”

ရှဲ့ချောင်က ပြောသည်။

“ အရိုးစုတော့မဟုတ်ဘူး၊ လက်ရိုးတစ်ချောင်းလေးပဲ” ကျိပိုင်လိသည် သူမအား နက်နဲစွာကြည့်လိုက်၏။

“အရင်ဧကရာဇ်က ကျိုးကြောင်းမဆီလျော်တဲ့သူတစ်ယောက်၊ ငါ့ရဲ့မျိုးဆက်တွေကို ကမ္ဘာမြေပုံထုတ်ပေးဖို့ ဖိအားပေးတယ်လေ၊ ငါ့ရဲ့မျိုးဆက်က မလိုက်နာတော့ အရင်ဆုံးကွပ်မျက်ခံလိုက်ရတာပဲ၊ အဲဒီအရိုးတစ်ပိုင်းကို အရောင်တင်ပြီး ကျောက်စိမ်းအရိုးအဖြစ်လုပ်ခဲ့တယ်၊ ပြီးတော့ စုတ်တံထဲမှာမြုပ်တယ်၊ မင်းဆက်တွေပြောင်းသွားတော့ အဲဒီစုတ်တံက လက်ရှိဧကရာဇ်ရဲ့ အပိုင်ဖြစ်သွားရော၊ ဒါပေမဲ့ သူတို့တွေ စုတ်တံရဲ့ ဇာစ်မြစ်ကိုမသိလောက်ဘူး၊ တိရိစ္ဆာန်တစ်‌ကောင်ကောင်ရဲ့ အရိုးနဲ့လုပ်ထားတာလို့ပဲ ထင်ချင်ထင်နေမှာ…”

ရှဲ့ချောင် ယနေ့ အတော်လေးကြောက်လန့်နေခဲ့သည်။

“အဲဒီ အရိုးသေးသေးလေးက သုံးလို့ရပါ့မလား”

ကျိပိုင်လိ စိုးရိမ်နေသည်။

“ကြိုးစားကြည့်ရတာပေါ့”။ ရှဲ့ချောင် ခေါင်းညိတ်ပြသည်။

ထိုပစ္စည်းက နန်းတော်ထဲမှာရှိနေတဲ့အတွက် ပိုပြီးအဆင်ပြေသွားသည်။

“အခု နန်းမြိုတော်ထဲမှာ အပြင်ဘက်က မကောင်းဆိုးဝါးဝိဉာဉ်တွေဝင်လာဖို့မလွယ်ဘူး၊ အဲ့တော့ စုတ်တံကို ဂို‌ထောင်ထဲမှာပဲသိမ်းထားသေးလား ဒါမှမဟုတ် တစ်ယောက်ယောက်ကိုပေးလိုက်ပြီလား သေချာမသိဘူး၊ ငါသိတာဆိုလို့ အရင်မင်းဆက်ရဲ့ အဲဒီကျပ်မပြည့်တဲ့ဘုရင်က စုတ်တံကို “ကျိန်ဟန့်သဲ့ရွှယ်” ဆိုပြီး နာမည်ပါပေးခဲ့သေးတယ်ဆိုတာပဲ၊ စုတ်ချက်တစ်ချက်နဲ့ လေကို‌ဝှေ့စေတယ်ဆိုတဲ့ အဓိပ္ပာယ်၊ နာမည်နဲ့ဆို

ရှာရပိုလွယ်လောက်တယ်” မကောင်းဆိုးဝါးဝိဉာဉ်က ထပ်ပြောပြန်၏။

ရှဲ့ချောင်က ခေါင်းဆက်ညိတ်ကာ

“ကျွန်မသိချင်တာက ရှင့်မိသားစုထဲက ပုန်းနေတဲ့ဝိဉာဉ်တွေလုံခြုံ‌သေးလားဆိုတာပဲ၊ ကြမ္မာဥယျာဉ်ထဲမှာ ဓမ္မတူရိယာတွေအများကြီးရှိတယ်၊ ပြီးတော့ ဒုတိယထပ်မှာလည်း ဝိဉာဉ်တွေကိုအားပြည့်‌စေတဲ့ပစ္စည်းကောင်းတွေရှိတယ်၊ အကြောင်းရင်းတချို့ကြောင့် ပျောက်နေတဲ့သူတွေရှိတော့ မတော်တဆမဖြစ်အောင်လို့ ခဏတဖြုတ်လောက်ဒီကိုပြောင်းလာလိုက်တာပိုကောင်းမယ်”

ကျိပိုင်လိက ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည်။

တကယ်ကို.. သက်တောင့်သက်သာရှိလှသည်။

သူ့ရဲ့မကျေမချမ်းမှုများကို ကိုယ်တိုင်ချုပ်တည်း

ထားတာကြောင့် သူ့အတွက်ဓမ္မတူရိယာများက အဟန့်အတားဖြစ်နေသည့်တိုင် များများစားစားမဟုတ်။

ထိုသစ်သားအိမ်များကတော့.. တော်တော်လေးရှားပါးပြီး စက္ကူအိမ်များထက်ပိုကောင်းပေသည်။

“ဒီညပြောင်းလာဖို့ ပြောလိုက်မယ်၊ ဒါပေမဲ့ အိမ်မှာက လူအများကြီး‌ဆိုတော့ ဆူညံနေမှာစိုးတယ်” ကျိပိုင်လိက အင်မတန်ယဉ်ကျေးနေ၏။

“ပြဿနာမရှိပါဘူး”

သူမရဲ့ ကြမ္မာဥယျာဉ်က အကြီးကြီးရယ်၊ ဝိဉာဉ်တွေ ဘယ်လောက်တောင်မှ ဆံ့လိုက်လဲ?

ကျိပိုင်လိသည် သူ့မျိုးဆက်များ၏ လုံခြုံရေးအတွက်ပူပင်နေရတာကြောင့် ရှဲ့ချောင်အားသိပ်ပြီးမငြင်းဆိုခဲ့။ ‌သူမက နေခိုင်းလာသည်မလို့ ချက်ချင်းသဘောတူလိုက်သည်။

လွင့်မျောသွားပြီးနောက်…. မကောင်းဆိုးဝါးဝိဉာဉ်ပေါင်းများစွာကို ခေါ်လာဖို့ သိပ်မကြာလိုက်။

ရှဲ့ချောင်သည် ကြမ္မာဥယျာဉ်ထဲမှာ စောင့်နေခဲ့ပေမဲ့ ကျိပိုင်လိအားတွေ့သည့်အခါ သူမပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။

ဒီမိသားစုထဲမှာ နည်းနည်းနောနောလူတွေမဟုတ်ဘူး!

“ဟိုးအရင်တုန်းက လူ့လောကထဲမှာ မျိုးဆက်သိပ်မကျန်ဘူး၊ အယောက်ငါးဆယ်လောက်ပဲရှိတာ၊ ငါ့မိသားစုနဲ့ ပတ်သက်နေတဲ့ မိသားစုကများတယ်လေ၊ နောက်ပိုင်း အတူတူစုမိသွားတယ်ဆိုပါတော့၊ ပြီးတော့ ပဋိပက္ခဖြစ်တဲ့ကာလတုန်းက နေရာတိုင်းမှာလူသေတွေချည်း၊ အငြိုးအတေးတွေကလည်း ‌ကောင်းကင်ထိအောင်ကိုပြင်းပြနေကြတာလေ၊ အထီးကျန်ဝိဉာဉ်တွေက သနားစရာ

ကောင်းတော့ အကုန်လုံးကိုခေါ်လိုက်ခဲ့လိုက်တာ၊ မိသားစုထဲမှာ သခင်တွေလည်းအများကြီးရှိတော့ အစေခံတွေလိုပြန်ရော.. ဒီတော့ သူတို့ကိုအလုပ်ကျွေးပြုဖို့ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့သူတချို့ကို ရှာပေးလိုက်တယ်၊ အချိန်တွေကြာလာတော့ မိသားစုအကြီးကြီးတစ်ခုဖြစ်လာတော့တာပေါ့”

ရှဲ့ချောင်မှာ မေ့လဲလုနီးနီး။

တကယ့်ကို မိသားစုကြီးတစ်ခုပင်။

ဟက်.. မကောင်းဆိုးဝါးဝိဉာဉ်တွေအကုန်လုံး ကြမ္မာဥယျာဉ်ဝင်ပေါက်မှာ ပိတ်နေလိုက်ကြတာ.. အတန်းအရှည်ကြီး..ရေကြည့်မယ်ဆို အနည်းဆုံးငါးရာလောက်တော့ရှိမယ်!

ဤမျှရှည်သည့် အတန်းကြီး တစ်ခါမှမမြင်ဖူးပေ!

သူတို့ထဲ၌ တချို့ကသာမန်ဖြစ်လွန်းကာ လမ်းဘေး၌လျှောက်သွားနေသည့် မကောင်းဆိုးဝါးဝိဉာဉ်များနှင့် သိပ်မကွာခြားလှ။ သို့သော် ကျိပိုင်လိလို အားကောင်းသည့် တချို့ရှိနေဆဲ။

အသက်ဝင်လှသည့် မြင်ကွင်းတစ်ခုပင်။

••••

All Chapters