← Chapters

အခန်း (၉၆၉-၉၇၂)

Vol. 50 Ch. 969-972

အခန်း (၉၆၉-၉၇၂)

Vol. 50 Ch. 969-972

အခန်း ၉၆၉။ အချစ်နာကျခြင်း

မင်းသမီး၏ မျက်နှာထက်၌ ကိုယ့်ကိုကိုယ်အပြစ်‌တင်နေသည့် ပုံမျိုးဖြင့်။

ဧည့်ခန်းမထဲ၌ တခြားဘယ်သူမှမရှိသလို သူမပြောလိုက်သည့်စကားများက ဆရာမမော့၏အကဲခတ်မှုအပေါ်သက်ရောက်သွားမှာစိုး၍ ဆက်ပြီးပြောပြလိုက်သည်။

“ဒီကလေးက စာသင်သားအပေါ် လေးစားမြတ်နိုးမှုတွေရှိနေတာမှန်ပေမဲ့ သူကစာသင်သားလေ၊ စီတန်းလှည့်လည်တဲ့အခမ်းအနားနေ့ကျရင် လမ်းမပေါ်မှာ မိန်းမပျိုတွေအများကြီးရှိနေမှာ၊ ဘယ်သူက သူ့ကိုချစ်ကျွမ်းမဝင်ဘဲနေမလဲ”

“စာသင်သားရဲ့ မင်္ဂလာပွဲနေ့က ကျွန်မသမီးတိတ်တိတ်လေးခိုးပြီး ထွက်ပြေးသွားတယ်၊ သူပြဿနာရှာမှာ‌ကြောက်လို့ အစေခံလေးယောက်နဲ့ အထိန်းတော်နှစ်ယောက်၊ စုစုပေါင်း ခြောက်ယောက်ကို သူ့နောက်ကနေ လိုက်ခိုင်းလိုက်သေး

တယ်၊ မင်္ဂလာပွဲကို လက်ဖက်ရည်ဆိုင်ကနေပဲ ကြည့်နေခဲ့တာ၊ နောက်တော့ ဝမ်မိသားစုဆီ ‌သွားပြီး ပြန်လာခဲ့တယ်၊ အဲ့တုန်းကဆို ဖျက်လက်တက်ကြွနေတာပဲ၊ အချစ်နာကျတာတွေ ဘာတွေဟုတ်မနေဘူး”

“ကျွန်မလည်း ယွီရွှီဘုရားကျောင်းဆီသွားပြီး တာအိုဆရာကို ရှာခဲ့တာပေါ့၊ ဆရာယွမ်ချန်းကျစ်ပြောတာတော့ ကျွန်မသမီးက နတ်ဆိုးနဲ့ဆုံမိလို့ ဝိဉာဉ်ပျောက်သွားရတာတဲ့၊ ‌ပြီးတော့ ဝိဉာဉ်ဖမ်းတဲ့နေရာမှာ ရွှေယွဲ့ဘုရားကျောင်းရဲ့စွမ်းရည်က ပိုကောင်းပြီး ထိခိုက်သူရဲ့ ခန္ဓာကိုယ်ကိုလည်း အန္တရာယ်မဖြစ်စေဘူးလို့ ပြောသေးတယ်၊ ဆရာမမော့က အမျိုးသမီးလည်းဖြစ်တော့..ပိုပြီးအဆင်ပြေတာနဲ့..”

ယွီရွှီဘုရားကျောင်းက တာအိုဆရာ မလုပ်နိုင်၍မဟုတ်။

သို့သော် သူမသမီးရဲ့ဂုဏ်သတင်းထိခိုက်သွားမှာ စိုးရိမ်ခဲ့သည်။ ဆရာ‌မမော့သာ မြို့တော်သို့ ပြန်မလာပဲ၊ အချိန်တော်တော်ကြာတဲ့အထိ ဆက်ပြီးတောင့်ခံနေရဦးမယ်ဆို အလုပ်ဖြစ်မှာမဟုတ်။ သူမရဲ့ဂုဏ်သတင်းကို.. ဂရုမစိုက်နေတော့။ အသက်ကပိုအရေးကြီးသည်။

ရှဲ့ချောင်က နားလည်ကြောင်းပြတဲ့အနေနဲ့ ခေါင်းညိတ်လိုက်သည်။

“မင်းသမီးကိုအရင်ကြည့်ကြည့်လိုက်မယ်”

“ရတာပေါ့၊ ကျွန်မနောက်ကလိုက်ခဲ့ပါ”

ငြင်ရာတော်မင်းသမီးက ချက်ချင်းပြန်ဖြေကာ လမ်းပြပေးသည်။

အနောက်ဘက်ခြံဝန်းဆီရောက်ပြီးနောက် ဥယျာဉ်နားကွေ့ပတ်သွားသည်။ အချိုးအကွေ့များစွာပြီးတဲ့နောက် အိပ်ခန်းဆီရောက်ခဲ့လေသည်။

ကျောက်ကျားလင်၏ အိပ်ခန်းသည် သာမန်အခန်းတစ်ခန်းမဟုတ်။

အထဲ၌ အဆင်တန်ဆာပြင်ဆင်မှုမျိုးစုံရှိသည်။ အင်မတန် တခမ်းတနားဖြစ်လွန်းကာ တပ်မက်ဖွယ်ကောင်းသည့်ရနံ့မျိုးခပ်ဖျောဖျော့ရသည်။ ရှဲ့အိမ်တော်ထဲက သူမ၏ဟောင်းနွမ်းတဲ့အိမ်လေးနှင့်ယှဉ်လိုက်လျှင် အနှီသခင်မလေးက ရွှေအသိုက်ထဲမှာကြီးပြင်းလာခဲ့ရသူပင်။ ယခင်တုန်းက သူမရဲ့ မောက်မာနေမှုက အဆန်းမဟုတ်တော့။

ယခုတော့ သူမက အိပ်ယာထက်မှာလဲလျက်။

သူမ၏မျက်လုံးတို့က အရောင်မဲ့နေပြီး ပါးစပ်တို့ကိုပိတ်ဆို့ထားသည်။

ထိုမြင်ကွင်းကြောင့် ကြင်ရာတော်

မင်းသမီး၏မျက်နှာထက်၌ ကသိကအောက်ဖြစ်မှုနှင့် နာကျင်မှုတို့ ဖြတ်ပြေးသွားသည်။

“သူ-သူ့ပါးစပ်ကိုသာ မပိတ်ထားဘူးဆို၊ ဒီကလေးက ကယောင်ခြောက်ခြားနဲ့ ဘာတွေပြောမှန်းမသိဘူး၊ တခြားသူတွေသာ ကြားသွားလို့ကတော့…” ရှဲ့ချောင်နားမလည်မှာစိုး၍ ကြင်ရာတော်မင်းသမီးကအလျင်စလိုရှင်းပြလိုက်သည်။

“ကျွန်မ နားလည်ပါတယ်၊ မင်းသမီး၊ ဘာမှထပ်ပြောဖို့မလိုပါဘူး”

ရှဲ့ချောင်က သဘောပေါက်ကြောင်း ပြောလိုက်သည်။

ကျောက်ကျားလင်သည် တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်တယ်ဆိုလျှင်တောင် အမျိုးသမီးတစ်ယောက် ဖြစ်နေဆဲ။

အပြင်ဘက်က ကောလဟာလများကိုကြားရတာ

က ကိစ္စမရှိ။ သို့သော် သခင်မလေးတစ်ယောက်ကသာ နေ့ရက်တိုင်း ကယောင်ကတမ်းတွေပြောနေလျှင် သူမကိုစောင့်ရှောက်ပေးရသည့် အစေခံများနှင့် သမားတော်များကြားသွားမည်ပင်။ ထိုတော့မှ ပိုပြီးအခက်တွေ့ရလိမ့်မည်။

“ဒီကလေးက အရင်တုန်းကဒီလိုမဟုတ်ဘူး၊ အရင်တုန်းကဆို ရှောင်းယွိရုန်ကိုကြည့်ကောင်းတယ်သူတစ်ယောက်လို့ထင်ခဲ့တာ၊ အိမ်ရှေ့စံမင်းသားက စာအများကြီး ဖတ်မှန်းသိတော့လည်း စာဖတ်တဲ့လူငယ်တွေကို ချီးကျူးခဲ့ပြန်ရော”

ကြင်ရာတော်မင်းသမီးက သက်ပြင်းချလိုက်ပြီး သူမရဲ့စကားတွေကမသင့်တော်သလိုခံစားရတာကြောင့်

“လေးစားမှုလေးနည်းနည်းပါပဲ၊ တခြားဘာမှမရှိဘူး၊ သမီးလေးက အိမ်ရှေ့စံမင်းသားကိုလေးစားတယ်လေ”

ကျောက်ကျားလင်သည် အိမ်ရှေ့စံ

မင်းသား၏ဝမ်းကွဲဖြစ်သည်။

သူမသည် နန်းတော်ထဲသို့မကြာမကြာသွားလေ့ရှိကာ မိဘုရားခေါင်ကြီးကလည်း သူမအပေါ်ချစ်မြတ်နိုးသည်။

တကယ်တော့ ရှဲ့ချောင်သည် ကျောက်ကျားလင်၏လက်ရှိအခြေနေကြောင့် ထိတ်လန့်သွားတာဖြစ်သည်။

အရင်တစ်ခါတွေ့တုန်းက ဒီလိုမဟုတ်ဘူးလားလို့?

သူမဟာ တက်တက်ကြွကြွနှင့် ယုံကြည်ချက်အပြည့်ရှိသူတစ်ယောက်။ သူမ၏ စကားတို့က အထက်စီးဆန်မှု အလိုလိုက်ခံရမှုတို့ဖြင့် ပြည့်နေသည်။ သူမက နည်းနည်းစိတ်ရှုပ်စရာကောင်းတယ်ဆိုပေမဲ့ ငယ်ရွယ်ကာ အားအင်တက်ကြွမှုအပြည့်ရှိသူ။ အခုတော့ သူမရဲ့ မျက်လုံးတို့က

အသက်မဲ့နေပြီး ပါးစပ်တို့က ကွဲအက်ကသွေးထွက်နေသလို ဆံပင်တို့ကလည်း ဖရိုဖရဲဖြစ်နေလျက်။ သူမခေါင်းအား စောင်းထားသည်မှာ အရူးတစ်ယောက်အလား။

ရှဲ့ချောင် အရှေ့ကိုလျှောက်သွားကာ သူမရဲ့နဖူးအားလက်ဆန့်၍ ထိကြည့်လိုက်သည်။

ဘာတုံ့ပြန်မှုမှမရှိ။

“ဒီလိုဖြစ်နေတာဘယ်လောက်ကြာသွားပြီလဲ”

ရှဲ့ချောင် မေးလိုက်သည်။

•••••

အခန်း ၉၇၀။ ငွေအများကြီးဆုချမှာ

မင်းသမီးက သေချာစဉ်းစားကြည့်ပြီး ထပ်ပြောသည်။

“တစ်လလောက်၊ ယွီရွှီဘုရားကျောင်းက တာအိုဆရာကြီးပြောတာ တကယ်လို့ဆရာမမော့သာ လလယ်လောက်မှ ပြန်မရောက်ရင် သူကပဲ ဒီပြဿနာကိုဖြေရှင်းကလိမ့်မယ်ဆိုပြီး၊ ဝိဉာဉ်မကပ်တဲ့ရောဂါက အချိန်ဆွဲလို့မဖြစ်ဘူး၊ ၄၉ ရက်အတွင်းဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ၊ မဟုတ်ရင် သမီးကိုကယ်နိုင်မှာမဟုတ်ဘူးတဲ့လေ”

ကျောက်ကျားလင်ကလွဲလျှင် မင်းသားရုန်လင်းအိမ်တော်ရှိလူတိုင်း ချင့်ချိန်နိုင်စွမ်းရှိကြသည်ဟု ရှဲ့ချောင်ခံစားလိုက်ရသည်။

တခြားကိစ္စတွေမဆိုထားနှင့် “သမားတော်ရဲ့မှာကြားချက်” ကိုလိုက်နာသည့်သဘောထား

ကတောင် အသိတရားရှိသည်။

“လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ စိတ်ဝိဉာဉ်သုံးခုနဲ့ နာမ်ဝိဉာဉ်သုံးခုဆိုပြီးရှိတယ်၊ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိဉာဉ်နှစ်ခုက အပြင်မှာလျှောက်သွားနေတာ.. အင်း.. သာမန်လူတွေရဲ့ အသုံးအနှုန်းနဲ့ပြောရရင်. အဲဒီမြေစိတ်ဝိဉာဉ်က ဝေးဝေးလံလံသွားလေ့မရှိဘူး၊ အကာအကွယ်အလွှာတစ်ခုလိုမျိုး ဘေးနားမှာပဲပုန်းကွယ်နေတာ၊ လူတွေ ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာတာတွေ၊ ရွေးချယ်မှုတွေလုပ်တာတွေကို ခွင့်ပြုပေးတာပေါ့။ သခင်မလေးကျောက်ကတော့ သူ့ရဲ့မြေစိတ်ဝိဉာဉ်က ခန္ဓာကိုယ်နဲ့ အဝေးကြီးကိုရောက်သွားလို့ သူ့ရဲ့ဦးနှောက်မှာ တိမ်ဖုံးသလိုဖြစ်သွားတာ” ရှဲ့ချောင်က ‌ပုံမှန်လိုပဲပြောပြကာ “အရမ်းကြီးစိတ်ပူစရာမလိုပါဘူး၊ သူ့ရဲ့ မြေစိတ်ဝိဉာဉ်ကိုရှာဖို့ပဲလိုတာ”

“ယေဘုယျကျကျပြောရရင် စိတ်ဝိဉာဉ်သုံးခုက တစ်ခုတည်းရယ်၊ မြေစိတ်ဝိဉာဉ်တစ်ခုတည်းက အဝေးကြီးကိုသွားနိုင်တဲ့ စွမ်းရည်မရှိဘူး၊ ဖြတ်

သွားတဲ့နေရာတွေမှာပဲ အများဆုံးနေတတ်တယ်”

ရှဲ့ချောင် ထပ်ပြောသည်။

‌တကယ်တော့ ကျောက်ကျားလင်၏ အခြေနေက အချစ်နာကျတာဟု ဆိုလို့ရသည်။

မင်းသမီးပြောပုံအရဆိုလျှင် ဝမ်လန်ချန်းလက်ထပ်သွားတာကိုမြင်ပြီးနောက်ပိုင်း စပြီး ပုံမှန်နှင့်မတူစွာပြုမူလာတာဖြစ်၏။

သူမက အစွဲအလမ်းကြီးလွန်းနေသည့်အတွက် သူမရဲ့မြေစိတ်ဝိဉာဉ်က အမိန့်ကိုဆောင်ရွက်ပေးတာဖြစ်နိုင်သည်။

တခြားနည်းနဲ့ဆိုရလျှင်.. ဝမ်လန်ချန်းနောက်ကို လိုက်နေနိုင်ချေက.. အလွန်မြင့်၏။

တခြားမတော်တဆမှုများလည်း ဖြစ်နိုင်ပေသည်။

ဥပမာ ၎င်းက ဝိဉာဉ်ဆွဲဆောင်သည့် ဓမ္မတူရိယာနှင့်မတော်တဆဆုံမိပြီး မတော်တဆ ဆွဲခေါ်ခံသွားရတာဖြစ်လောက်သည်။

သို့မဟုတ် သူမကကြောက်လန့်နေ၍ သူမရဲ့မြေစိတ်ဝိဥာဥ်က နောက်ကနေလိုက်ဖို့အချိန်မရှိဘဲ လမ်းတစ်ဝက်မှာပျောက်သွားတာလည်း ဖြစ်နိုင်သည်။

“အစေခံ.. ဟုတ်တယ်.. သမီးရဲ့ ကိုယ်ပိုင်အစေခံမလေး ဟွမ်အာက သူ့နောက်ကိုနေ့တိုင်းလိုက်ရတယ်၊ ကျွန်မသမီး ဘာလုပ်လုပ် ဘယ်သွားသွား သူအကုန်သိတယ်၊ ကျွန်မကို မကြာမကြာ တင်ပြရတတ်တော့ သူရှင်းရှင်းလင်းလင်းမှတ်မိနေလောက်တယ်၊ သူ့ကို အခုခေါ်ခိုင်းလိုက်မယ်၊ ဆရာမ သူ့ကိုခေါ်သွားပြီး မြေစိတ်ဝိဉာဉ်ကို ရှာရင်ရော” ကြင်ရာတော်မင်းသမီးက သတိထားနေပုံရသည်။

ဆရာမမော့က ကူညီပေးလိုစိတ်မရှိမှာ ကြောက်နေ၏။

ရှဲ့ချောင်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။

“ကောင်းပြီလေ၊ ကျွန်မသူ့ရဲ့ ဝိဉာဉ်ကိုတတ်နိုင်သမျှ မြန်မြန်ရှာပေးပါမယ်”

“ဒါဆို ဆရာ့ကို ဒုက္ခပေးရတော့မယ်၊ ဒီကို..” မင်းသမီးက လက်ဝှေ့ပြလိုက်ရာ တစ်စုံတစ်ယောက်က ဘူးသေးသေးလေးတစ်ခု ယူထုတ်လာသည်။

“ဆရာမကို ကျေးဇူးတင်ပါတယ်၊ ဒါလေးက မဖြစ်စလောက်လေးပါ၊ ကျွန်မသမီးနေပြန်ကောင်းသွားရင်၊ ငွေအများကြီး ဆုချမှာပါ”

သူမသည် မင်းသားနင်ပေ့၏ အိမ်တော်ကိုလည်း

မေးမြန်းခဲ့သေးသည်။ ဆရာမော့ကိုပေးသည့် ငွေပမာဏသည် နည်းလွန်း၍မရသလို များလွန်း၍လည်းမရ။ သူမ၏မင်းသားရုန်လင်းအိမ်တော်သည် မင်းသားနင်ပေ့ထက် မနိမ့်တာကြောင့် ဆရာမမော့အား ငွေနည်းနည်းပဲပေးလို့မရ။ မဟုတ်လျှင် သူမသိက္ခာကျရလိမ့်မည်။

ရှဲ့ချောင် ဖြတ်ခနဲကြည့်လိုက်သည်။

တကယ်.. ရက်ရောတာပဲ!

တစ်တုံးကို ငွေစ၅၀ တန်သည့် ငွေတုံးဆယ်တုံး..

ဤငွေစငါးရာသည် စရံ‌ငွေအဆင့်သာရှိသေးသည်။ ပြဿနာကိုသာ ဖြေရှင်းပြီးသွားလျှင် ပိုပြီးရဦးမည်ပေ။

ရှဲ့ချောင် ရပ်ကြည့်မနေဘဲ သိမ်းထားလိုက်၏။

အစကထင်ထားသည်မှာ မင်းသားရုန်လင်း၏အိမ်တော်တွင် မသန့်ရှင်းသည့်အရာတစ်ခုခုရှိနေလောက်မည်ဟု။ သူမက တိုက်ခိုက်ဖို့တောင်ပြင်ဆင်ထားပေမဲ့ အားလုံးမလိုအပ်တော့ဘဲ သူမအနေနှင့် လမ်းလျှောက်ထွက်ဖို့သာလိုလေသည်။

သို့သော် သခင်မလေး၏ ခြံဝန်းထဲမှထွက်လာပြီးနောက် ရှဲ့ချောင် ဘယ်ပြန်ညာပြန်ကြည့်လိုက်၏။

“မင်းသမီး၊ ဒီဘက်မှာ ဘယ်သူနေတာလဲ”

ရှဲ့ချောင်မေးလိုက်သည်

“အဲဒီမှာလား” မင်းသမီးက အရှေ့အရပ်ကိုကြည့်လိုက်၏။

“မင်းသားကြီး အသက်ရှင်တုန်းကနေခဲ့တဲ့ ပင်မခြံဝန်းလေ၊ ဒါပေမဲ့ သူသေပြီးနောက်ပိုင်း အလွတ်

ဖြစ်နေတာ…”

••••

အခန်း ၉၇၁။ ကြွယ်ဝချမ်းသာမှု

မင်းသားရုန်လင်းအိမ်တော်၌ ခြံဝန်းငယ်များစွာရှိသော်လည်း အရှေ့ဘက်မှာ ရှိနေသည့်တစ်ခုကအကြွယ်ဝဆုံးဖြစ်၏။

ကောင်းမွန်သည့်ခြံဝန်းတစ်ခုဖြစ်ခဲ့‌ပေမဲ့ မင်းသားကြီးသည် ကြေကွဲဖွယ်သေဆုံးခဲ့ရကာ စာသင်သားတစ်ယောက်ကြောင့် သူ့ရဲ့အသက်ကိုဆုံးရှုံးခဲ့ရတာဖြစ်လို့ မိသားစုက ကံဆိုးသည်ဟုခံစားရပြီး တော်ရုံတန်ရုံ ထိုနေရာသို့ ခြေချလေ့မရှိ။

အိမ်တော်ကြီးသည် ကြီးမားလွန်းသည့်အတွက် ခြံဝန်းတစ်ခုကိုလက်လွှတ်လိုက်ရလည်း ပြဿနာမရှိပေ။

“အဲနေရာကို အလွတ်ကြီးမထားထားသင့်ဘူး”

ရှဲ့ချောင်အနေဖြင့် ငွေလက်ခံပြီးပြီမလို့ စကားနည်းနည်းလောက် ပိုပြောလိုက်ရတာ အပန်းမကြီးပေ။ “ဒီအိမ်က လူတစ်ယောက်ဆိုပါဆို့၊ အဲဒီအရှေ့ဘက်မှာရှိ‌တဲ့မြေက သူ့ရဲ့နှလုံးပဲ၊ နှလုံးဆိုတာ သွေးလည်ပတ်ဖို့လိုအပ်တယ်၊ အသက်ရှင်တဲ့လက္ခဏာမျိုးမရှိဘဲ တစ်နေကုန်လွတ်နေတာက အချိန်တိုလေးပဲဆိုရင် ကိစ္စမရှိဘူး၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ရှင့်ရဲ့သားတွေကိုဆုံးရှုံးရလိမ့်မယ်”

ကြင်ရာတော်မင်းသမီး ထိတ်လန့်သွားသည်။

သူမ၏သားများသည် မြို့တော်တွင်ရှိကြသည်မဟုတ်။

မင်းသားရုန်လင်းအိမ်တော်က လူရယ်စရာတစ်ခုလိုဖြစ်နေမှန်း သူတို့လည်းသိကြတာကြောင့် သူတို့ရဲ့သားများက တိုက်ခိုက်ဖို့ဆန္ဒရှိကြသည်။

အသက် ဆယ်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ်ရောက်ကြသည့်အခါ စစ်အရည်အသွေးများရရှိရန် ထွက်သွားခဲ့ကြ၏။

“ဒါပေမဲ့ ဒီခြံဝန်းက…. မင်းသားကြီးက အသက်ကြီးလာလို့သေတာမဟုတ်ဘဲ.. သေဒဏ်ချခံခဲ့ရတာဆိုတော့…”

မင်းသမီးခမျာ ချီတုံချတုံဖြစ်နေရှာ၏။

“ရပါတယ်၊ နှလုံးက အဆင်မပြေဘူးဆို ယွီရွှီဘုရားကျောင်းက တာအိုဆရာတစ်ယောက်ဖိတ်ပြီး ကံဆိုးမှုကိုဖယ်ဖို့ ရိုးရာပေးလို့ရတာပဲ၊ ထွေထွေထူးထူးမှမဟုတ်တာ”

ရှဲ့ချောင်က သူမအား အပြုံးဖြင့်နှစ်သိမ့်ပေး၍ ဆက်ပြီးဖြည်းဖြည်းချင်းပြောသည်။

“မြို့တော်ထဲမှာရှိတဲ့ အိမ်တော်တိုင်းနီးပါးက ဟောင်းနေကြပြီ၊ ပြီးတော့ လူတွေအများကြီးလည်း ကွယ်လွန်ကုန်ကြပြီ၊ ရောဂါကြောင့်၊ ပင်ပန်းနွယ်နယ်မှုကြောင့် အသက်ကြီးလာလို့

‌ဆုံးပါးကုန်တဲ့သူတွေမှ အများကြီး၊ ရှောင်ရှားသင်တဲ့အရာကြီးကို ကျူးလွန်ထားတဲ့မဟုတ်သ၍ အရမ်းကြီးဂရုစိုက်စရာမလိုဘူး”

“ရှောင်ရှားသင့်တဲ့ကိစ္စကြီးဆိုတာ ဘာလဲ”

မင်းသမီးက ထပ်မေးလိုက်သည်။

“ဥပမာပြောရရင်.. သေသွားတဲ့သူတွေအကြောင်း မကောင်းပြောတာမျိုး၊ ဒါက မသင့်တော်ဘူးလေ”

ရှဲ့ချောင်က ကြုံရာကျပန်းဥပမာတစ်ခုပေးလိုက်၏။

“အရေးကြီးဆုံးက လေးစားမှုရှိဖို့ပဲ၊ လေးစားမှုမရှိဘူးဆိုရင်တောင် မျက်နှာမှာမဖော်ပြမိစေနဲ့၊ အားကောင်းလွန်ရင်လည်းမကောင်းသလို အားနည်းလွန်းပြန်ရင်လည်း မကောင်းဘူး၊ သာမန်နှလုံးသားကသာ ချဉ်းကပ်ဖို့ခက်မှာ”

မင်းသမီးက အတွေးနက်နေဟန်ရှိကာ ခေါင်းညိတ်လိုက်၏။

“လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးပါ ဆရာမ

တစ်ရက်ကျမှ လူခေါ်ပြီးသန့်ရှင်းရေးလုပ်ခိုင်းလိုက်မယ်၊ ‌ပြီးရင် ဆရာကြီးယွမ်ချန်းကျစ်ကိုဖိတ်ပြီး ရိုးရာပေးမယ်၊ အဲဒါပြီးမှပဲ ကျွန်မပြောင်းနေလိုက်တော့မယ်”

ရှဲ့ချောင်သည်လည်း ကံဆိုးမှုတွေကိုဖယ်ရှားဖို့ ရိုးရာပေးခြင်းလုပ်တတ်သည်။ သို့သော် ဤအလုပ်အား ယွီရွှီဘုရားကျောင်းက မိတ်ဆက်ပေးခဲ့တာဖြစ်လို့ သူမလည်း အကူအညီပြန်ပေးရမည်ပင်။

ရှဲ့ချောင်သည် သူမရဲ့ဖောက်သည်တွေနဲ့ပတ်သက်ပြီး အမြဲတမ်းလိုလိုစိတ်ရှည်၏။

သူမ ရောက်လာတုန်းက ကျောက်ကျားလင်၏အခြေကိုစစ်ကြည့်ဖို့ကိုပဲ စိတ်က လောနေခဲ့သည့်အတွက် ခပ်သုပ်သုပ်လျှောက်ပြီး သိပ်မကြည့်ဖြစ်ခဲ့။ သို့သော် အခုသူမ လမ်းလျှောက်

ရင်းနဲ့ တစ်ခုခုမသင့်တော်များရှိနေမလားသိရအောင် ဘေးဘီဝဲယာကို လိုက်ကြည့်‌နေခဲ့သည်။

ဤမင်းသား၏အိမ်တော်၌ ပြဿနာများများစားစားမရှိ။ တကယ်တော့ ဖုန်းရွှေကောင်းမွန်လှ၏။

“ဒီအိမ်တော်က ပညာရှင်တစ်‌ယောက်ကြည့်ပေးထားခဲ့တာဆိုတော့ နေရာတိုင်းကောင်းတယ်၊ ဒီအိမ်တော်မှာနေရင် မိသားစုထဲက အမျိုးသားတွေရဲ့အနာဂတ်ကတောက်ပလိမ့်မယ်ဆိုပြီးတော့တောင် မင်းသားဆီကနေကြားဖူးတယ်” မင်းသမီးက ခါးသီးစွာ ပြုံးရင်း “ဒါပေမဲ့ အမှန်သာဖြစ်ခဲ့မယ်ဆို၊ မင်းသားကြီးက ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ခဲ့မှာမဟုတ်ဘူး”

ရှဲ့ချောင်လည်း ကြားဖူးနားဝတော့ရှိသည်။

ကွယ်လွန်သွားသည့် မင်းသားကြီးသည် နာမည်

ကျော် အသုံးအဖြုန်းကြီးသည့် လူလိမ်လူညစ်တစ်‌ယောက်ဖြစ်ခဲ့၏။

သို့သော် ဖုန်းရွှေကောင်းနေရုံနှင့်တော့ စိတ်တိုင်းကျလုပ်နိုင်ရန် မလုံလောက်ပေ။ ဤအရာများက ဖြည့်စွက်အရာများသာဖြစ်သည်။ ကြွယ်ဝချမ်းသာလိုပါက မိမိကိုယ်ကို ထိန်းချုပ်နိုင်ဖို့လိုသေး၏။ နှစ်ခုကိုပေါင်းစပ်တော့မှသာ ကြွယ်ဝချမ်းသာနိုင်မည်။

“ဖုန်းရွှေကောင်းတာကိုတော့ သံသယဝင်စရာမရှိဘူး၊ လူတစ်ယောက်ကအသုံးမကျရင်တော့ ဖုန်းရွှေဘယ်လောက်ကောင်းနေနေ အလကားပဲ”

ရှဲ့ချောင်က အမှန်တရားကိုပြောလေသည်။

ပညာရေးအဆောင်လိုပင်။ ၎င်းသည် ပစ္စည်းကောင်းတစ်ခုဖြစ်၏

လူတစ်ယောက်၏စိတ်ကို တည်ငြိမ်စေပြီး တွေးတောကြံဆဖို့ လွယ်ကူစေသည်။

သို့သော် ငတုံးတစ်ယောက်ဖြစ်နေရင်တော့ ပညာရေးအဆောင်ရှိနေလျှင်တောင် စာကြောင်းတစ်ကြောင်းမှ ကောင်းကောင်းရေးနိုင်မှာမဟုတ်ပေ။

ကံကောင်းခြင်းအဆောင်သည်လည်း အလားတူပင်။ အနားမှ ကံကောင်းမှုများရှိနေမှ အသက်ဝင်နိုင်လိမ့်မည်။

ဖုန်းရွှေက အရာရာစွမ်းနိုင်နေသည်မဟုတ်။

မင်းသမီးသည် ရှဲ့ချောင်၏စကားများကြောင့် စိတ်သက်သာရာရသွားပြီး ပြုံးလိုက်သည်။

“ဆရာပြောတာမှန်တယ်၊ ဥပမာ- ခုနကတုန်းက ကျွန်မတို့မိသားစု ငါးကောင်းတစ်ကောင်ရခဲ့ပေမဲ့ စားဖိုမှူးက ဘယ်လိုချက်ရမလဲမသိဘူးလေ၊ ပါဝင်ပစ္စည်းကောင်းတွေကို ဖြုန်းတီးရာရောက်သွားတာပေါ့”

သူမစကားဆုံးသည်နှင့် အိမ်တော်ထိန်းက ခပ်မြန်မြန်လျှောက်လာ၍ ဦးညွှတ်လိုက်သည်။

“မင်းသမီး.. အိမ်ရှေ့စံမင်းသားရောက်နေပါတယ်.. ဆရာမမော့ကို ရှာနေတယ်လို့ပြောပါတယ်…”

••••

အခန်း ၉၇၂။ အလွန်အကြူးအမွှန်းတင်ခြင်းများဖြင့် ဖျက်ဆီးခြင်း

မင်းသမီးသည် ခဏတာမှင်တက်နေခဲ့ကာ ရှဲ့ချောင်ကိုတစ်ချက်ကြည့်လိုက်၏။

“ကျွန်မကြားတာ.. ဆရာမမော့က ဆရာကြီးလီရဲ့ အကြီးဆုံးတပည့်ဆို၊ ဒီကောလဟာလတွေက.. အမှန်ပဲလား”

မင်းသမီးက မနေနိုင်ဘဲမေးကြည့်လိုက်သည်။

ထိုကောလဟာလများသည် ဘယ်ကနေရောက်လာသလဲ သူမ မသိ။

အိမ်ရှေ့စံမင်းသားသည် ဆရာမော့ကိုတွေ့တဲ့အခါတိုင်း သူမအား ဆရာတူအစ်မဟုခေါ်တတ်သည်ဟု ပြောတဲ့သူများရှိသည်။ သို့သော် အိမ်ရှေ့စံမင်းသားတွင်ဆရာတစ်ယောက်သာရှိသည်။ နောက်ပြီး ဆရာမမော့သည် ဓမ္မသင်ကြား

သူတစ်ယောက်ဖြစ်သလို ဆရာကြီးလီကလည်း တပည့်လက်ခံသည့်နေရာမှာ စည်းကမ်းတင်းကျပ်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဤကောလဟာလ၏ စစ်မှန်မှုအား သံသယဝင်နေသူ အများအပြားရှိနေပေသည်။

“ဟိုအရင်တုန်းက ဆရာကတာအိုဘုရားကျောင်းမှာ ခဏနေခဲ့ဖူးတယ်၊ ကျွန်မလည်း ကံကောင်းချင်တော့ ဆရာ့ဆီက ရက်ပိုင်းလောက် ပညာသင်ယူခဲ့ရတာ”

ရှဲ့ချောင်က ရိုးရိုးရှင်းရှင်းသာပြန်ဖြေသည်။

“တကယ်မှန်နေတာပေါ့” ထိုစကားများအား သူမ၏နားနှင့်ကိုယ်တိုင်ကြားလိုက်ရသည့်အတွက် မင်းသမီးမှာ ဤဆရာအား မနာလိုအားကျမိတော့သည်။

ဆရာမသည် သူမထက်နှစ်နည်းနည်းလောက်သာငယ်‌ပေမဲ့ သူမရဲ့ စိတ်နေစိတ်ထားကိုကြည့်လိုက်လျှင် မသေမျိုးတစ်ယောက်၏ အမူအကျင့်မျိုးရှိသည်။ လီရှီးယန်အား သူ့မရဲ့ဆရာအဖြစ်ပင် တင်မြှောက်နိုင်ခဲ့သည်။ ဒါက ကျိန်းသေပေါက် ကံကောင်းခြင်းသက်သက်မဟုတ်ပေ။

မင်းသမီးသည် အိမ်ရှေ့စံမင်းသားအား လူလွှတ်၍ ကြိုခိုင်းထားပြီးဖြစ်၏။

သိပ်မကြာလိုက် အိမ်ရှေ့စံမင်းသားရောက်လာသည်။

သူ့လက်ထဲ၌ သေးရှည်ရှည်ဘူးလေးတစ်ဘူးလည်းကိုင်ထားသည်။

မင်းသမီးမှာ အံ့အားသင့်သွားရ၏။

အရှင့်သားအိမ်ရှေ့စံက လက်ဆောင်တောင်ယူလာတာလား?

အင်မတန်လက်ရာမြောက်ပေမဲ့ အရှင့်သားပေးမည့်အရာကို သူမ မသိခဲ့ပေ။

“ဆရာတူအစ်မ ကျွန်တော့်ကိုအပ်နှံထားတဲ့ကိစ္စဖြေရှင်းပြီးသွားပြီ”

ကျောက်ရွှမ်ကျင်းက အရှေ့ကိုလျှောက်လာပြီး ရှဲ့ချောင်ရဲ့လက်ထဲထည့်ပေးလိုက်သည်။

မင်းသမီးရဲ့အကြည့်တို့ မသိမသာရွေ့သွား၏။

သူမ.. အတွေးလွန်သွားတာ။

အရှင့်သားသည် အင်မတန်ယဉ်ကျေးလိမ့်မည်ဟု သူမ ထင်ထားခဲ့၏။ ခါတိုင်းလိုပင် လူတိုင်းအားအထင်သေးစွာဆက်ဆံနေလိမ့်ဦးမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုသို့ဆိုရအောင်ပြန်ကလည်း မဟုတ်သေး။ အရှင့်သားသည် ဆရာမမော့အပေါ် တကယ်လေးစားသည်။ သူရဲ့အကြည့်တွေကနေတဆင့် သူမဟာ တခြားသူတွေနဲ့မတူကြောင်း မြင်သာပေသည်။ ဆရာမမော့က စုန်းမတစ်ယောက်ဖြစ်ပြီး အိမ်ရှေ့စံမင်းသား၏ဝိဉာဉ်အား ဖြားယောင်းထားသည်ဟု တချို့လူတွေပြောကြတာ မထူးဆန်းတော့ပေ။

သို့သော် အပြင်လူတွေက အဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေတယ်ဟုသာ သူမ ခံစားရသည်။

သူတို့နှစ်ယောက်ကြားက အသက်ကွာခြားချက်က ကြီးလွန်းတာ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

“အရှင့်သားက ဆရာမမော့ကိုလာရှာတာဆိုတော့ ကျွန်မ မနှောင့်ယှက်တော့ဘူး၊ အရှင့်သားတို့ အဆင်ပြေသလိုလုပ်ကြပါ”

မင်းသမီးကပြုံးလိုက်ကာ သူမရဲ့အစေခံတွေနဲ့အတူ ထွက်သွားခဲ့သည်။

လူကြားထဲမှာဆိုလျှင် အိမ်ရှေ့စံမင်းသားက သူမအားဒေါ်လေးဟုခေါ်ရမှာပင်။ သို့သော် သူက တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်၏။ သူမအနေဖြင့် လူကြီးတစ်ယောက်လိုသွားပြီးမပြုမူရဲပေ။

သူမရဲ့ ယောက္ခထီးလိုမျိုး..

သူကလက်ရှိမင်းကြီး၏ ဦးရီးတော်ဖြစ်နေပေမဲ့ နောက်ဆုံးကျ အသတ်ခံခဲ့ရတာပဲမဟုတ်လား..

မင်းသမီးက ပြုံးပြုံးရွှင်ရွှင်ထွက်သွား၏။ သူမဘဝအတွက် ထွက်ပြေးနေသည့်အလား လမ်းလျှောက်သွားတာကြောင့် ရှဲ့ချောင် ဇဝေဇဝါဖြစ်သွားရသည်။

“မင်းသမီးကိုကြည့်ရတာ အရှင့်သားကိုမြင်ရတာ

ကို မပျော်တဲ့ပုံပဲ၊ အရင်တုန်းက ရန်ငြိုးတွေဘာတွေရှိလို့လား”

“ရန်ငြိုးရယ်လို့တော့မရှိပါဘူး၊ တော်ဝင်မိသားစုထဲက ဘယ်သူကမှ ကျွန်တော်နဲ့အဆက်အသွယ်မရှိချင်မှာပဲ စိုးတာ”

ကျောက်ရွှမ်ကျင်းသည် ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့အစီအစဉ်မရှိ။

“ဘာလို့လဲ…” ရှဲ့ချောင် တကယ်နားမလည်နိုင်ခဲ့ပေ။

ကျောက်ရွှမ်ကျင်းက.. ကောင်းတယ်မဟုတ်ဘူးလား?

အမြဲတမ်းနှိမ့်ချတတ်သည့်အပြင် အိမ်ရှေ့စံတစ်ပါး၏ အာဏာကိုလည်း ဘယ်တုန်းကမှထုတ်ပြခဲ့ဖူးတာမဟုတ်။

ကျောက်ရွှမ်ကျင်းသည် ဖုံးကွယ်ထားလို့မကောင်းဘူးဟုထင်တာကြောင့် ပွင့်ပွင့်လင်းလင်းပြောပြလိုက်၏။

“ကျွန်တော်က နှစ်ဝောာ်တော်ကြာတဲ့အထိ လက်မထပ်ရသေးတော့ တော်ဝင်မိသားစုရဲ့မျိုးဆက်ကို ရှုပ်ထွေးစေသလိုဖြစ်နေတာ၊ ဘယ်သူကမှ စောစောစီးစီးအိမ်ထောင်မပြုရဲတော့ဘူးလေ၊ ဒါက အကြောင်းရင်းတစ်ချက်ပေါ့၊ ဒုတိယတစ်ချက်ကတော့ ကျွန်တော်ကြောင့်၊ ခမည်းတော်က မျိုးဆက်တွေနဲ့ပတ်သက်ရင် အရမ်းစည်းကမ်းတင်းကျပ်တာ၊ အရည်အချင်းရှိတဲ့သူကိုပဲ သဘောကျတတ်တော့ ကြိုးစားပြီး ငယ်ငယ်ကတည်းက ခက်ခက်ခဲခဲနေလာကြရတာ”

အဲ့လောက်တောင်ဆိုးတာလား?

သူသည် အစကတည်းက တော်ဝင်မိသားစုမှမွေးလာခဲ့သူဖြစ်၏။ ‌တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်နေလျှင်တောင် သူ့ကိုယှဉ်နိုင်မည့် လူနည်းစုရှိ

နေသေးသည်။ ‌သာမန်မိသားစုတစ်စုကနေ‌‌လည်း အသုံးမကျတဲ့သူတစ်ယောက် မွေးနိုင်သေးသည်။

“မင်းကြီးက အရှင့်သားအပေါ်အရမ်းမြတ်နိုးတာပဲနော်၊ မသိတဲ့သူဆိုရင်.. အရမ်းချီးကျူးထားပြီးမှ ဖျက်ဆီးပစ်ချင်နေတာလို့တောင် ထင်ကြတော့မှာပဲ”

ရှဲ့ချောင်လည်း ထိုသို့ထင်မိသည်ပင်။

သူမသိသည့် ဧကရာဇ်က မျှချေညီခြင်းသဘာဝကိုသိသူဖြစ်၏။ သူရဲ့သားသမီးတွေကို ဆက်ဆံတဲ့နေရာမှာတောင် အကြံအဖန်နည်းနည်းလိုသေးသည်။ အကုန်လုံးကို ပုံချစ်ပေးလို့မရပေ။

သို့သော် လက်ရှိဧကရာဇ်ကတော့ မတူတာ သေချာပေသည်…

••••

All Chapters