← Chapters

အခန်း (၉၇၃-၉၇၆)

Vol. 50 Ch. 973-976

အခန်း (၉၇၃-၉၇၆)

Vol. 50 Ch. 973-976

အခန်း ၉၇၃။ ပြဿနာကောင်

မင်းကြီးသည် အိမ်ရှေ့စံမင်းသားအား သူ့ရဲ့အသက်တမျှချစ်မှန်း အပြင်လူတွေဆီကနေ ကောက်ချက်ချဖို့ မခက်လှ။

အရင်တုန်းကဆို ဒုတိယမင်းသားနှင့် တတိယမင်းသားတို့သည် အိမ်ရှေ့စံမင်းသား၏ ကြင်ယာတော်မင်းသမီး အလောင်းအလျာများအား ခိုးယူသည့်အတွက် အကျဉ်းချခံခဲ့ရပြီး တခြားသူသည်လည်း အိမ်ရှေ့စံမင်းသားအားမကောင်းပြောသည့်အတွက် ရာထူးလျှော့ချခံခဲ့ရသည်။ မင်းသား၏ရန်သူများဖြစ်လာအောင် လုပ်နိုင်သည့်မင်းကြီး၏ အရည်အချင်းက ပြိုက်ဘက်မရှိပေ။

“ခမည်းတော်က.. ကျွန်တော့်အပေါ်ချစ်လွန်းနေတာ” ကျောက်ရွှမ်ကျင်း၏ မျက်လုံးတို့၌ ကူကယ်ရာမဲ့သည့်အပြုံးတစ်ခုရှိနေ၏။

“အမှန်အတိုင်းပြောရရင်.. ဆရာတူအစ်မ.. ကျွန်တော်ငယ်ငယ်ကဆို ခမည်းတော်က ကျွန်တော့်ကိုအန္တရာယ်ပေးချင်နေသလားလို့တောင် သံသယဝင်ခဲ့သေးတယ်”

“အဲ့တုန်းက ငါးနှစ်ခြောက်လေးပဲရှိသေးတယ်ရယ်၊ ပြီးတော့ တချို့စည်းမျဉ်းတွေကို နားလည်နေပြီလေ၊ ကျွန်တော်သာ မထက်မြက်ခဲ့ရင် အခုချိန်ပြဿနာကောင်ဖြစ်နေလောက်ပြီ”

သူ့ကိုယ်သူတော်မှန်း ကျောက်ရွှမ်ကျင်းလည်းသိသည်။

ခမည်းတော်သည် သူ့အားသမိုင်းစာအုပ်ထဲမှ များစွာသင်ပေးခဲ့ပေမဲ့ စာအုပ်တွေထက်ပိုပြီး ဆုလာဘ်နှင့်အကျိုးအမြတ်တို့ ပိုများလေသည်။

“အရှင့်သားလည်း ကြိုးစားခဲ့ပါတယ်”

ရှဲ့ချောင် သတိထား၍ခေါင်းညိတ်လိုက်သည်။

လက်ရှိဧကရာဇ်နှင့် ပြောဆိုညှိနှိုင်းရတာ ခက်ခဲလှ၏။

“မခက်ပါဘူး၊ တစ်နှစ်လောက်ပဲရုန်းကန်လိုက်ရတာ၊ နောက်တော့ ခမည်းတော်ရဲ့အချစ်ကို လက်ခံလိုက်တယ်လေ၊ ဘဝကြီးက အတော်လေးဇိမ်ရှိတယ်”

ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းတို့ကွေးညွှတ်သွားခဲ့ကာ အနည်းငယ်ဘဝမြင့်နေပုံပေါ်သည်။

ရှဲ့ချောင် တခစ်ခစ်ရယ်လိုက်၏။

အာ…

ကျောက်ရွှမ်ကျင်း ကြိုးစားခဲ့ရတယ်လို့ သူမတကယ်ကြီးတွေးလိုက်တာလား? စိတ်လွတ်သွားတာနေမယ်

အိမ်ရှေ့စံမင်းသားအနေဖြင့် မင်းကြီးဆီကနေမျက်နှာသာပေးခံရဖို့ တခြားသူတွေနဲ့ယှဉ်ပြိုင်စရာမလိုသလို မင်းကြီးရုတ်တရက်အေးစက်ပြီး သူ့အပေါ်အကြင်နာတရားမရှိမှာကိုလည်း စိတ်ပူနေစရာမလို။ သူ့ခမည်းတော်ဆီကနေတောင် မကြာမကြာ ချီးကျူးခြင်းခံရသေးသည်။ ဤဘဝကြီးက မနာလိုစရာကောင်းလှ၏!

သူမရဲ့အဖေသာ ဧကရာဇ်ရဲ့တစ်ဝက်လောက်လေးရှိတယ်ဆိုလျှင် သူမကအခုလို ဒုက္ခသုက္ခခံပြီးငွေစုနေစရာလိုမည်မဟုတ်။

သူမဟာ ဖိအားပေါင်းများစွာရဲ့အောက်မှာရောက်နေသလို ရှဲ့ချောင်ခံစားလိုက်ရသည်။

မင်းကြီးသည်အိမ်ရှေ့စံအား အင်မတန်ချစ်

လွန်း၏။ သူမသာ တစ်ချိန်ချိန်မှာ အိမ်ရှေ့စံကိုခံစားရအောင်လုပ်မိခဲ့လျှင်.. သူမတို့တစ်မိသားစုလုံး အသက်ပျောက်မည့်ကိန်းပင်..

“ရှဲ့သခင်မလေးသာ နောက်တစ်ချိန်မိသားစုထဲရောက်လာရင်၊ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှာ ဘာပစ္စည်းကောင်းတွေရှိလဲကြည့်ခိုင်းပြီး အိမ်ကိုယူခွင့်ပေးမယ်လို့ ခမည်းတော်တစ်ခါပြောဖူးတယ်၊ သာမန်ပြည်သူတွေလိုမျိုးပေ့ါ၊ စည်းမျဉ်းတွေအများကြီးမရှိပါဘူး”

သူမရဲ့အတွေးများအား ကျောက်ရွှမ်ကျင်းနားလည်နေပုံရကာ

သူမအားချက်ချင်းစိတ်အေးစေသည်။

ရှဲ့မိသားစုမှာ ငွေမရှိမှန်းလူတိုင်းအသိ။

ကြင်ရာတော်မင်းသမီး၏ ခန်းဝင်ပစ္စည်းနည်းလွန်းနေတာမျိုးမဖြစ်‌စေရန် ဘာသာရေးဝန်ကြီးဘက်မှ တချို့တလေကိုသင့်တင့်သလိုထပ်ထည့်

ထားလိမ့်မည်။ ရှဲ့မိသားစုသည် သူ့ရဲ့ခမည်းတော်အား ကမ္ဘာမြေပုံပေးခဲ့တာကြောင့် သူတို့ကို မမျှမတဆက်ဆံလို့မဖြစ်ပေ။

မင်းသား၏စကားများကြောင့် ရှဲ့ချောင်၏စိတ်ခံစားချက်တို့အ‌တော်လေး ရှုပ်ထွေးသွားရသည်။

အဲ့လိုသာဆို. သူမသာ အိမ်ရှေ့စံမင်းသားနဲ့လက်ထပ်ပြီးရင် သူ့လိုမျိူး လူတကာဆီကနေ အာရုံစိုက်ခံရတဲ့သူဖြစ်နေမှာလား..

ဒါဆို… သရုပ်မှန်ပေါ်သွားနိုင်ချေက.. ပိုပြီးများနေပြီဟုတ်?

ရှဲ့ချောင်က နှာခေါင်းရှုံ့လျက် သူမလက်ထဲက ဘူးကိုထိကြည့်လိုက်ရင်း ခေါင်းငုံ့၍ ဖွင့်ကြည့်သည်။

“ဒါက တကယ်ကိုစုတ်တံကောင်းတစ်ချောင်းပဲ”

ရှဲ့ချောင်က အကြောက်အလန့်မရှိ ကောက်ယူကြည့်လိုက်သည်။

စုတ်တံအားသစ်သားဖြင့်လုပ်ထားတာမှန်ပေမဲ့ စုတ်တံ၏အဆုံး၌ အရိုးဖြစ်သည့် အပိုင်းတစ်ပိုင်းရှိနေသည်။ ၎င်းကသိပ်ပြီးမရှည်သလို အရိုးတစ်ချောင်းနှင့်တောင် မတူတော့ပေ။ ချွဲကျိကျိဖြစ်နေသည့် ကျောက်စိမ်းဖြူနှင့်တောင်တူနေသည်။

“ဒီပစ္စည်းကို ဘယ်ကရှာတွေ့တာလဲ”

ရှဲ့ချောင်က သေသေချာချာကြည့်ပြီး ထပ်မေးလိုက်သည်။

“အရင်တုန်းက ခမည်းတော်ကဒီစုတ်တံကိုသဘောအကျဆုံး၊ ပြီးတော့ ကျွန်တော့်ကိုပေးခဲ့တယ် အကြိမ်နည်းနည်းလောက်သုံးပြီးသွားတော့ သုံးရတာမလွယ်ဘူးထင်တာနဲ့ ဖယ်ထားလိုက်တာ၊ စတုတ္ထညီလေးရဲ့ မွေးနေ့တုန်းကတောင် ဒီ

စုတ်တံကိုပေးလိုက်သေးတယ်၊ သူ့ဆီကနေပဲ ပြန်ယူလာတာ” ကျောက်ရွှမ်ကျင်းက ရှင်းရှင်းလင်းလင်း ရှင်းပြလေသည်။

သူက အရပ်ရှည်တာကြောင့် ခေါင်းကိုမသိမသာငုံ့ထားပြီး လမ်းလျှောက်ရင်းဖြင့် ရှဲ့ချောင်ကိုပြန်ဖြေခဲ့သည်။

“စတုတ္ထမင်းသားဆီက ပြန်တောင်းလာတယ်? မသင့်တော်ဘူးလားလို့”

ရှဲ့ချောင် မေးလိုက်၏။

စတုတ္ထမင်းသားသည်လည်း ရှားရှားပါးပါး ညီအစ်ကိုကောင်းတစ်ယောက်ဖြစ်၏။ ကျောက်ရွှမ်ကျင်းနှင့်ယှဉ်ပြိုင်ဖို့ စိတ်တောင်မကူးသူဆိုပေမဲ့ လူတစ်ယောက်ဟာဘယ်လောက်ပဲ ‌ကောင်းနေဦးတော့ စိတ်ဆိုးတတ်သေးတာပင်။

သူ ဒေါသထွက်ပြီး အကျင့်မကောင်းတော့‌ရင် ဘယ်လိုလုပ်မလဲ?

“စိတ်မပူပါနဲ့၊ စတုတ္ထမင်းသားကို သေချာပြောထားပြီးပြီ၊ စာပေလေ့လာခြင်းရတနာလေးပါးတစ်စုံကိုတောင်ရွေးပြီး သူ့ကိုပေးခဲ့သေးတယ်၊ နောက်ပြီး သူလည်း ဒီစုတ်တံကိုသုံးတာမဟုတ်ဘူး၊ စတိုခန်းထဲမှာ ဖုန်တက်အောင်သိမ်းထားတာ…”

•••••

အခန်း ၉၇၄။ ဝိဉာဉ်ကိုရှာဖွေ

ကျောက်ရွှမ်ကျင်းက ထိုသို့ပြောလာတာကြောင့် ရှဲ့ချောင်စိတ်သက်သာရာရသွားသည်။

နှစ်ယောက်သား မင်းသားအိမ်တော်ထဲကနေ ထွက်လာကြ၏။ ဟွမ်အာဟုခေါ်သည့် အစေခံမလေးက သူတို့နောက်ကနေလိုက်နေဆဲ။

“ဆရာတူအစ်မ အခုဘယ်သွားမလို့လဲ” ကျောက်ရွှမ်ကျင်းက ထွက်သွားဖို့ရာအစီအစဉ်မရှိ။

“မင်းသမီးရဲ့ ဝိဉာဉ်ကိုရှာမလို့”

ရှဲ့ချောင်က ပြောပြလိုက်ပြီးနောက် ဟွမ်အာဆိုသည့်အစေခံမလေးအား မြင်းလှည်းရှေ့မှာထိုင်ခိုင်ပြီး

“မြင်းလှည်းမောင်းသမားကိုခေါ်ပြီး အဲ့တုန်းကလမ်းအတိုင်းသွား၊ မင်းသမီးရဲ့ကိစ္စမဖြစ်ခင်

ရက်ပိုင်းလောက်က သူဘယ်သွားခဲ့လဲ ဘယ်သူနဲ့တွေ့ခဲ့လဲ၊ တစ်ခုချင်းစီပြော၊ ငါ့အတွက်အနှောင့်အယှက်ဖြစ်မှာ စိတ်မပူနဲ့”

ယခုအချိန်၌ ဟွမ်အာသည် သူမကိုယ်သူမပျောက်ကွယ်နေသည့်လူတစ်ယောက်ပမာ အင်မတန်သတိထားနေ၏။ အသက်တောင်ကျယ်ကျယ်မရှူရဲပေ။

သူမလည်း အရင်တုန်းက အိမ်ရှေ့စံမင်းသားကိုမြင်ဖူးသည်!

မင်းသမီးသည် ဧကရီထံမှချစ်မြတ်နိုးခံရသူဖြစ်တာကြောင့် အိမ်ရှေ့စံမင်းသားအား မကြာခဏဆိုသလို မြင်ရတတ်သည်။ အိမ်ရှေ့စံမင်းသားသည်..မင်းသမီးရှေ့မှာဆို.. ဒီလိုမျိုးမဟုတ်။

မင်းသမီးငယ်ငယ်ကတုန်းကတောင် အိမ်ရှေ့စံမင်းသားက သူမနှင့်အတော်လေးရင်းနှီးဖော်ရွေသေးသည်။ အရွယ်ရောက်လာပြီးနောက်ပိုင်း မင်းသားက သူမအားသိပ်ပြီးမပြုံးပြတော့ပေ။

မင်းသမီး၏ စကားများပုံ ဆူညံပြီးဇွတ်တရွတ်ဆန်ပုံအား..သဘောမကျသလိုမျိုး။

သို့သော်အခုတော့ အိမ်ရှေ့စံမင်းသားက ‌ဆရာမော့နှင့် ဖော်ဖော်ရွေရွေစကားပြောနေလေသည်!

ဟွမ်အာခမျာ သူမရဲ့ထင်မြင်ချက်တွေကို ထုတ်မပြရဲပေ။

မင်းသားအိမ်တော်ကနေ ထွက်လာပြီနောက်စာသင်သား၏တည်းခိုဆောင်သို့ အရင်ဆုံးသွားခဲ့၏။ ‌၎င်းကနေရာကောင်းတစ်ခုပင်။ စာသင်သား

များလမ်းတစ်လျှောက်လှည့်ပတ်ကြချိန် ဤလမ်းကနေသွားခဲ့ကြသည်။ ဒုတိယထပ်ကဆိုလျှင် ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။

“သခင်လေးဝမ်ရဲ့မင်္ဂလာပွဲနေ့က ဒီနေရာကိုဖြတ်သွားသေးတယ်၊ ကျွန်မတို့သခင်မလေးက မင်္ဂလာပွဲကိုစောင့်နေခဲ့တာလေ၊ နောက်တော့ လူအုပ်နဲ့အတူတူလိုက်ပြီး ဝမ်အိမ်တော်ကိုသွားတယ်”

ဟွမ်အာက သေသေချာချာပြောပြ၏။

ရှဲ့ချောင်က မြင်းလှည်းပေါ်ကနေဆင်းပြီး ပတ်ကြည့်ကြည့်သည်။

မကောင်းဆိုးဝါးဝိဉာဉ်‌ပေါင်းများစွာရှိပြီး အမျိုးအစားလည်းစုံလှသည်။

ရုပ်ဆိုးဆိုးဝိဉာဉ်များကိုမြင်တာနဲ့ သူတို့ကိုရှောင်နိုင်အောင်ကြိုးစားပြီး ဒုတိယတစ်ကြိမ်ပင်ပြန်မ

ကြည့်ခဲ့။ သို့သော် အကြာကြီးရှာပြီးတာတောင် ကျောက်ကျားလင်၏ ဝိဉာဉ်ကိုရှာမတွေ့ခဲ့။ သူမ ဒီမှာမရှိလောက်ပေ။

တခြား မြေစိတ်ဝိဉာဉ်ကိုလည်း ရှဲ့ချောင်တွေ့သေးသည်။ ထိုဝိဉာဉ်က အပြည့်အစုံမဟုတ်ပေမဲ့ ကြည့်ကောင်း၏။ တခြားဝိဉာဉ်နှင့်မတူဘဲ ခွဲခြားရလွယ်ပေသည်။

“တခြားနေရာသွားရအောင်”

တစ်အောင့်အကြာ၌ ရှဲ့ချောင်ပြောလိုက်သည်။

မြင်းလှည်းက ဆက်ပြီးထွက်ခွာခဲ့သည်။

သို့သော် သိပ်ပြီးမကြာ နောက်တစ်လမ်းဆီရောက်လာကာ ထပ်ပြီးရပ်ကြပြန်သည်။

“သခင်မလေးက ဒီလမ်းပေါ်ကစားစရာတွေနဲ့ လက်ဝတ်ရတနာတွေကို အရမ်းကြိုက်တာ၊ အပြင်ရောက်တိုင်း အကုန်လုံးကိုကြည့်တာ၊ လမ်း

ပေါ်က ပြဇာတ်တွေကိုလည်း သဘောကျတယ်လေ၊ ဆုချတာတွေ‌တောင်ရှိတယ်”

မင်းသမီး၏ဘဝက အရောင်အသွေးစုံသည်ဟု ဆိုရမည်။

သူ့မမှာ ငွေကြေးအမြောက်အမြားရှိပြီး တွေ့သမျှအကုန်ဝယ်တတ်သည်။

ဤလမ်းမပေါ်က ပစ္စည်းများသည် အင်မတန်ဈေးကြီး၏။ လက်ဝတ်ရတနာဆိုင်အကြောင်း ရှဲ့ချောင်ကြားဖူးသည်။ ဆံပင်အဆင်တန်ဆာတစ်စုံတောင်မှ ငွေစရာကျော်ဖြင့် ရောင်း၏။ ရှားပါးသတ္တုများဆိုလျှင် ပိုလို့‌တောင် ဈေးကြီးသေးသည်။။

သို့သော် တကယ်လှတာပင်။

ရှဲ့ချောင် တော်ဝင်မျိုးနွယ်မိန်းကလေးများစွာကိုမြင်ဖူး၏။ သူတို့က လက်ဝတ်ရတနာများဝတ်ဆင်လေ့ရှိကြသည်။ နဂိုလှသည့်သူများအား ပိုလိုတောင်လှသွားစေသည်။

ဈေးချိုတယ်ဆိုလျှင်တောင် သူမ ဝယ်နိုင်ဦးမည်။

သူမ တစ်ဆိုင်ချင်းလိုက်ကြည့်လိုက်၏။

လမ်းမပေါ်မှာရော လမ်းကြားအဆုံးမှာရောမရှိ။

သူတို့က မြင်းလှည်းဖြင့်သွားနေကြတာဖြစ်‌သော်လည်း ရှဲ့ချောင်ပင်ပန်းနေလေပြီ။ သို့သော် သူမအနေနှင့် အလုပ်ကိုလက်ခံထားသ၍ ဝတ်ကျေတန်းကျေလုပ်လို့မဖြစ်။ အားထုတ်ရမည်ဖြစ်သည်။ အနည်းငယ်ပင်ပန်းတာလောက်ကတော့ အဆင်ပြေသည်။

“သူ့ဝိဉာဉ်က ဝမ်အိမ်တော်ကိုသွားတာဆိုတော့ လန်ချန်းရဲအိမ်ကိုအရင်သွားပြီးတော့မှ တခြားသဲလွန်စတွေဘာတွေရှိမလား မေးကြည့်ကြရင်ရော”

ကျောက်ရွှမ်ကျင်းက ခဏရပ်ပြီးနောက် ဆက်၍

“ကျားလင်က ခေါင်းမာတယ်၊ သူသာ လန်ချန်းကိုတမ်းတမ်းစွဲဖြစ်နေတာဆိုရင် လက်ထပ်ပြီးတာတောင် စကားပြောဖို့ကြိုးစားမှာပဲ၊ ဖုန့်သခင်မမှာ သဲလွန်စတချို့ရှိလောက်တယ်”

“ကောင်းပြီလေ ဒါဆိုလည်း အဲ့ကိုသွားကြတာပေါ့”

ရှဲ့ချောင်ခေါင်းညိတ်လိုက်သည်။

မင်္ဂလာဆောင်သည့်နေ့က ခရီးက အရေးကြီးဆုံးပင်။

ဒါ့အပြင် ဝမ်လန်ချန်းသည် ကျောက်ကျားလင်တစ်ယောက် “အချစ်နာကျရခြင်း”၏ အဓိကအကြောင်းရင်းဖြစ်လို့.. သူက အရေးကြီးသဲလွန်စဖြစ်နေပေသည်…

•••••

အခန်း ၉၇၅။ လူတစ်ယောက်တည်း

ရှဲ့ချောင်သည် မင်္ဂလာပွဲလှည့်လည်ရာလမ်းကြောင်းအတိုင်းသွားခဲ့ပြီး ဝမ်လန်ချန်း၏ အိမ်သို့ရောက်သည်။

ထိုအချိန်၌ ဝမ်လန်ချန်းသည် တော်ဝင်‌ကျောင်းတော်မှာအလုပ်လုပ်နေဆဲဖြစ်၍ အိမ်မှာရှိမနေပေ။ သို့သော် ဖုန့်ယင်းယင်းရှိသည့်အတွက် ရှဲ့ချောင်လည်းဖိတ်ကြားချက်မရှိ အိမ်ထဲဝင်သွားသည်။ သူမ အနည်းငယ်ရှက်နေမိ၏။

ဖုန့်ယင်းယင်းသည် အိမ်ရှေ့စံမင်းသားအားမြင်ဖူးတာကြောင့် မငြင်းဆန်ရဲ။

စိတ်လှုပ်ရှားစွာဖြင့်တောင် ဖိတ်လိုက်သေးသည်။

ဖုန့်ယင်းယင်းသည် မော့ချူးရှန်းအားယခင်တုန်းက တစ်ခါမှမမြင်ဖူးပေ။ ဆရာမမော့၏နာမည်ကိုသာ ကြားဖူးသည်။ အရင်တုန်းက သူမရှဲ့‌ချောင်နဲ့

အတူတူ တောထဲမှာပိတ်မိခဲ့ပြီး နောက်တစ်နေ့၌ မကောင်းဆိုးဝါးဝိဉာဉ်ဖယ်ရှားဖို့အတွက် ဤဆရာမအားရှာခဲ့ဖူးတာကြောင့် ဆရာမအားတွေ့သည့်အခါ သူမမျက်နှာထက်၌ လေးစားမှုအပြည့်ရှိနေလေသည်။

“အရှင့်သားနဲ့ဆရာမတို့ ဘာကိစ္စကြောင့် ဒီကိုရောက်လာကြတာလဲ သိခွင့်ရှိမလား၊ ကျွန်မခင်ပွန်းက အိမ်မှာမရှိသေးတော့ စာရေးပြီးပို့ရမှာမလို့…” ဖုန့်ယင်းယင်း၏ ကလေးမျက်နှာထက်တွင် မျက်လုံးတို့ကတောက်ပနေလေသည်။

သူမ စိတ်လှုပ်ရှားနေပေမဲ့ ကြောက်ရွံ့မှုတော့ထုတ်မပြ။

ရှဲ့ချောင် တံခါးကနေဝင်လာပြီးကတည်းက ဝမ်အိမ်တော်အားပတ်ကြည့်ခဲ့ပြီး ဖုန့်ယင်းယင်းသည် သခင်မတစ်ယောက်အနေဖြင့် ကောင်းမွန်

စွာလုပ်နေသည်ဟု တွေးလိုက်မိသည်။

“ဝိဉာဉ်လာရှာတာ၊ သခင်လေးဝမ်ကို အကြောင်းကြားစရာမလိုပါဘူး” ရှဲ့ချောင်၏ လေသံကနူးညံ့လှ၏။

“ဝိဉာဉ်” ဖုန်းယင်းယင်း၏မျက်လုံးတို့ အရောက်တောက်သွားကာ “ဆရာမ လုပ်စရာရှိတာလုပ်ပါ ကျွန်မဘေးကနေ ကြည့်လို့ရမလား”

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

ဖုန့်ယင်းယင်းက အနည်းငယ်တက်ကြွနေ၏။

ထို့နောက် အိမ်ရှေ့စံမင်းသားအားဖြတ်ခနဲကြည့်လိုက်ရာ အနည်းနဲ့အများတော့ ကြောက်သွားသည်။ တစ်ခုခုကိုပြောချင်နေပေမဲ့ တုံ့ဆိုင်းနေသည်။

သူမရဲပုံစံကိုမြင်တော့ ရှဲ့ချောင်ပြုံးလိုက်ပြီး

“သခင်မဝမ် ပြောစရာရှိတယ်ဆိုပြောလေ ဒီနေ့ ရှင့်ကိုအနှောင့်အယှက်လာပေးမိတာ ကျွန်မအမှားပါ..”

“တစ်ခုခုဖြစ်လို့လား ဆရာမမော့၊ ဆရာ‌မက အစွမ်းထက်တယ်ဆိုပြီး ကြားဖူးတာကြာပြီ၊ အခုလို ကျွန်မမျက်လုံးနဲ့ကိုယ်တိုင်မြင်ရတော့ ကျွန်မလည်း စိတ်လှုပ်ရှားသွားတာပါ၊ ပြီးတော့.. ကျွန်မရဲ့သူငယ်ချင်းကောင်းတစ်ယောက်လည်း ဒီကိုရောက်နေတာဆိုတော့ သူ့ကိုနောက်ဘက်မှာ တစ်ယောက်တည်းထားလို့မကောင်းဘူး၊ သူက ဆရာမလိုလူကို ရိုသေတာမလို့.. သူ့ကိုခေါ်လိုက်လို့ရမလားသိချင်တာပါ”

ဖုန့်ယင်းယင်းက စိတ်လှုပ်ရှားနေပေမဲ့ သတိထားပြီးပြောလိုက်သည်။

“သူငယ်ချင်းကောင်း” ရှဲ့ချောင် အံ့ဩသွားသည်။ ထို့နောက် သူမတွေးမိသွား၏။

..ဆရာယွီများလား?

သို့သော် ဖုန့်ယင်းယင်း၏စကားများက ငြင်းပယ်စရာမရှိနေသည့်အတွက် ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

“ရပါတယ်”

“အပြင်မှာစောင့်နေမယ်”

အိမ်ရှေ့စံမင်းသားက ပြောပြီးနောက် အပြင်ဘက်ရှိမြင်းလှည်း‌‌ဆီ သွားခဲ့သည်။

ဝမ်လန်ချန်းသည် အိမ်မှာမရှိသလို သူဟာ အိမ်ရှေ့စံမင်းသားတစ်ပါးဆိုပေမဲ့ အပြင်လူတစ်ယောက်ဖြစ်နေဆဲ။ ဖုန့်ယင်းယင်း၏ မိတ်ဆွေအနေဖြင့် သူ့ကိုတွေ့သွားလို့မကောင်းပေ။ အပြင်မှာ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် စောင့်နေတာပိုကောင်းပေသည်။

ရှဲ့ချောင် နားလည်တာကြောင့် သူ့ကိုမတားခဲ့။

သူထွက်သွားသည်နှင့် ဖုန့်ယင်းယင်းလည်း စိတ်သက်သာရရသွား၍ သက်ပြင်းချပြီးနောက် သူမ၏မိတ်ဆွေအား သွားခေါ်ခိုင်းလိုက်သည်။

ခဏအတွင်း သူမရောက်လာခဲ့၏။

ထင်ထားသည့်အတိုင်း ဆရာယွီပင်။

ယွီရှန်းမှာ ဇဝေဇ‌ဝါဖြစ်နေသေးကာ ဖုန်းယင်းယင်း ရုတ်တရက်ကြီး ဧည့်သည်နှင့်တွေ့ဖို့ သူမကိုခေါ်ရလဲဆိုတာ နားမလည်နိုင်ခဲ့။ သို့သော် မသေမျိုးတစ်ပါးလိုလူကိုတွေ့လိုက်ရသည့်အချိန်တွင်တော့ သူ့မရဲ့မျက်လုံးတို့ ဝင်းလက်သွားကာ ရှဲ့ချောင်ဆီခြေလှမ်းကျဲကြီးမျာဖြင့် လျှောက်သွားလေသည်။

ရှဲ့ချောင် ပြုံးတော့မလို့ရှိသေး၊ ယွီရှန်းကရုတ်တရက် မြေကြီးပေါ် ဗုတ်ခနဲ ဒူးထောက်ချလိုက်သည်။

“မြင့်မြတ်လှသော ဆရာ!”

“တစ်ချိန်တုန်းက ကျွန်မအသိဉာဏ်နည်းခဲ့လို့ ဆရာ့ရဲ့အရည်အချင်းကိုသံသယဝင်ခဲ့မိတာပါ၊ ဒီရက်တွေထဲ ကျွန်မအဆုံးအစမရှိနောင်တရနေပါတယ်၊ ကံ‌ဆိုးချင်တော့ ဆရာမကိုဘယ်တော့မှထပ်မတွေ့ရတော့ဘူး၊ ဓမ္မတရားကိုရသွားပြီး အမတအဖြစ်ကို တက်လှမ်းသွားပြီထင်နေတာ! အခု ထပ်တွေ့ရပြီဆိုတော့ ကျွန်မသေရမယ်ဆိုရင်တောင် ငြိမ်းငြိမ်းချမ်းချမ်းအနားယူနိုင်ပါပြီ!”

ရှဲ့ချောင် လန့်ဖျပ်သွားပြီး ဘေးကိုအမြန်ရွှေ့လိုက်ရသည်။ သူမအား မတုံ့ပြန်ရဲပေ။

ဖုန့်ယင်းယင်းသည် မှတ်ချက်မပြုဘဲမနေနိုင်တော့။

“ဘုရားရေ အစ်မယွီ၊ နင်ပြောပြောနေတဲ့ဆရာက ဆရာမမော့ဖြစ်နေမယ်မထင်ထားဘူး၊ တကယ့်ကိုရေစက်ပဲ”

“သိပ်သေချာတာပေါ့!”

ယွီရှန်းသည် ထဖို့အတွက်ငြင်းနေဆဲဖြစ်ကာ သူမရဲ့သေးသွယ်သည့်လက်တို့ဖြင့် လက်ခုပ်တီးလိုက်၏။

“ငါတကယ် ရူးခဲ့တာ၊ မြို့တော်ထဲလူတွေက ဆရာမမော့ကအံ့ဩစရာကောင်းတယ်ပြောကြပေမဲ့ ဆရာမမော့နဲ့ ငါ့နှလုံးသားထဲက မြင့်မြတ်လှတဲ့ဆရာနဲ့က လူတစ်ယောက်တည်းဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ‌မတွေးခဲ့ဘူး…”

••••

အခန်း ၉၇၆။ အသက်ဆုံးရှုံး

ယွီရှန်းသည်ဆရာမမော့အား ပြင်းပြသည့်မျက်လုံးတို့ဖြင့် ကြည့်လို့နေ၏။ သူမရဲ့ တဲ့တိုးဆန်သည့်စကားတို့က ရှဲ့ချောင်အား အထိန်းအချုပ်မဲ့စွာ ရှက်သွေးဖြာစေလေသည်။

“မြန်မြန်ထပါ..” ရှဲ့ချောင်ခမျာ ဒူးထောက်ချင်လုနီးပါးပင်။

သူမနှင့်ဆရာယွီတို့က မိတ်ဆွေကောင်းတွေဖြစ်၏။ ဆရာယွီ အခုလိုမျိုး ဦးညွှတ်ဂါရဝပြုနေတာ တကယ်မကောင်းပေ။

“မြင့်မြတ်လှတဲ့ဆရာ၊ ဒါက ကျွန်မလုပ်သင့်တဲ့အရာပါ”

ယွီရှန်းက မထသေးဘဲ “ဆရာမဘယ်မှာရှိနေမလဲဆိုတာက ခန့်မှန်းလို့ရတာမဟုတ်ဘူး၊ မျက်စိ

တစ်မှိတ်အတွင်း ဆရာမထွက်သွားမှာစိုးလို့ပါ၊ ဒီရက်တွေထဲ ကျွန်မဆရာမအကြောင်းပဲတွေးပြီး ဆရာမနဲ့တွေ့ခွင့်ရဖို့ကိုပဲ မျှော်လင့်နေခဲ့တာ၊ ကျွန်မသာ ဆရာမရဲ့တပည့်ဖြစ်ခွင့်ရမယ်ဆို အမည်ခံတပည့်တစ်ယောက်ဆိုရင်တောင် လုံလောက်ပါပြီ၊ ဆရာမအပေါ်တာဝန်ကျေပွန်ဖို့ အကောင်းဆိုးကြိုးစားမှာပါ”

“မလုပ်ပါနဲ့” ရှဲ့ချောင် လန့်သွားသည်။

“ဒီလိုလုပ်စရာမလိုပါဘူး..

“ကျွန်မ နေစရာကောင်းကောင်းတစ်ခုရှာနိုင်ခဲ့တာ ဆရာကျေးဇူးကြောင့်ပါ၊ ရှဲ့သခင်လေးရယ် ရှဲ့သခင်မလေးရယ်နဲ့တောင် ဆုံခွင့်ရခဲ့ပါတယ်၊ သူတို့နှစ်ယောက်စလုံးက ထိပ်တန်းတွေ၊ ကျွန်မရဲ့ဝမ်းကွဲကိုတောင် ကူရှာပေးခဲ့သေးတယ်၊ အို့ဟုတ်သားပဲ ဆရာကျွန်မကို မမှတ်မိဘူးမလား၊ အဲ့တုန်းက ကျွန်မက အမျိုးသားတစ်ယောက်လိုဝတ်စားပြီး လမ်းပေါ်မှာလျှောက်သွားနေခဲ့တာလေ..” ယွီရှ

န်းက ကမန်းကတန်း ကြမ်းကြုတ်သည့်အမျိူးသားတစ်ယောက်ပုံစံ သရုပ်ဆောင်ပြလိုက်၏။ ထိုနေ့က သူမရဲ့ သူ‌ရဲကောင်း‌ဆန်ဆန်ပုံရိပ်ကိုပြနိုင်ဖို့ အကောင်းဆုံးကြိုးစားနေ၏။

“ငါက တပည့်လက်မခံဘူးရယ်၊ မြန်မြန်ထပါ”

ရှဲ့ချောင် တကယ်ကိုသောကရောက်နေလေသည်။

“ကျွန်မ အမှားပါ၊ ဆရာ စိတ်မဆိုးပါနဲ့”

ယွီရှန်း အမြန်ထလိုက်သည်။

သူမက ရှဲ့ချောင်အား အရှက်အကြောက်မဲ့စွာဖြင့် ဒေါသထွက်အောင်လုပ်တာမဟုတ်ပေမဲ့ သူမက ပုံမှန်လည်း တဲ့တိုးပြောတတ်သူပင်။ ဆရာမမော့အား သဘောကျလေးစားသည့်အတွက် ၎င်းအားဖော်ပြဖို့လိုသည်။ အချိန်‌ဆွဲပြီး အခွင့်ရေးလက်လွတ်သွားလို့မဖြစ်ပေ။

သို့‌သော်လည်း ဆရာမကတပည့်လက်ခံဖို့ဆန္ဒမ

ရှိ၍ သူမအား ဖိအားမပေးတော့ပေ။ နောင်အနာဂတ်မှာလည်း ဆရာမကိုလေးစားနေဦးမှာဖြစ်သည်!

ထိုသို့ဆိုတော့မှ ဆရာမနှင့်တွေ့ပြီးကတည်းက သူမ၏ကံဇာတာသည် ကောင်းသထက်ကောင်းလာ၏။

ဆရာမက တကယ်ကိုသူမ၏ ကံကောင်းခြင်းကြယ်လေးပင်။

ရှဲ့ချောင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“ငါ့အတွက်နဲ့ ဒူးထောက်တာမကောင်းဘူး”

“ဘာလို့လဲ” ယွီရှန်း အံ့ဩသွားရသည်။

“ဒီငယ်သားက ဆရာမကိုလေးစားလို့ပါ…”

ဒူးထောက်လိုက်ရရုံနှင့်တော့ အသားတစ်စပဲ့ပါး

သွားမည်မဟုတ်။

“ဒီအတိုင်းပဲ မသင့်တော်လို့ပါ” ရှဲ့ချောင်က အင်မတန်ဇွဲကောင်းနေသည်။ အကြောင်းပြချက်ပေးရလျှင် ပထမတစ်ချက်အနေဖြင့် သူတို့က သူငယ်ချင်းကောင်းတွေဖြစ်သည်။

သူမရဲ့သရုပ်မှန်ကိုဖုံးကွယ်ထားတာနဲ့တင် ဆိုးနေပြီဖြစ်၏။ သူမကိုသာ ဒူးထောက်စေတဲ့အထိ လှည့်စားနေဦးမည်ဆိုလျှင် လူလိမ်မတစ်ယောက်ဖြစ်သွားလိမ့်မည်။

ဒါ့အပြင် သူမဒူး‌ထောက်သည့်အခါ ရှဲ့ချောင်ရင်ဘတ်ထဲ တင်းကျပ်လာသလိုခံစားရပြီး သူမရဲ့အရှိန်အဝါက မမှန်တော့သလိုခံစားရသည်။ သူမရနေတဲ့လေးစားမှုတွေကြောင့်.. အသက်ဆုံးရှုံးတော့မှာ မလို့လား?

“ဒါဆို ကျွန်မဒူး‌မထောက်တော့ဘူး”

ယွီရှန်းက အချိန်ဆွဲမနေခဲ့။

“ဆရာမ ဒီနေ့ဘာလုပ်စရာရှိလို့လဲ၊ ကျွန်မ

အကူအညီလိုတယ်ဆိုရင် စိတ်တိုင်းကျမေးလို့ရပါတယ်”

သူမက ရင်ဘတ်ကိုပုတ်လိုက်သည်။

သူမအား ထိုသို့မြင်ရသည့်အခါ ရှဲ့ချောင်

နည်းနည်းတော့ဒေါသထွက်မိသည်။

ယွီရှန်းက .. အလွန်ချောမောလှပပေမဲ့ သူရဲ့ ခပ်ကြမ်းကြမ်းသွင်ပြင်က သူမရဲ့ရုပ်ဆိုးဆိုးအစ်ကိုကြီးကို ပြန်တွေးမိစေလေရာ သူမအားတိုက်ရိုက်မကြည့်နိုင်ခဲ့ပေ။

သူမအ‌နေနဲ့ အမျိုးသားတစ်ယောက်လိုဝတ်ဆင်ထားလျှင်တောင် မျက်စိပဿာဒပိုရှိဦးမည်။ သို့‌သော် ဒီနေတော့ နူးညံ့ပြီးချစ်ရာကောင်းသည့်ချယ်ရီပန်းရောင်ဝတ်စုံအား ဝတ်ထားပြီး ဒီလိုရဲဝံ့

သည်အပြုအမူတွေလုပ်နေလေ၏။

ကြမ်းကြုတ်သည့် ကျားတစ်ကောင်ဝင်ပူးထားသလားပင်။

ရှဲ့ချောင် သက်ပြင်းချ၍ ဖုန့်ယင်းယင်းကိုကြည့်လိုက်၏။။

“သခင်မဝမ်ကို တစ်ခုလောက်မေးချင်တာ.. မင်္ဂလာဆောင်တဲ့နေ့တုန်းက တစ်ခုခုပုံမှန်မဟုတ်တာမျိုးဖြစ်သွားသေးလား”

ဖုန့်ယင်းယင်း၏ မျက်နှာနီရဲသွားပြီး ရှက်နေပုံရသည်။

“ကျွန်မမသိဘူး..ဆရာက .. ကျွန်မခင်ပွန်းအကြောင်းမေးတာလား၊ ဘာ-ဘာမှတော့ ထွေထွေထူးထူးမဖြစ်ပါဘူး၊ သူက နည်းနည်းပျာယာခတ်နေရုံလေး၊ မဟုတ်သေးဘူး..သူ မတော်တဆအိပ်ယာပေါ်လဲသွားတာ..”

ထို့သိုပြောပြီးသည့်နောက် သူမမျက်နှာက ရှက်

သွေးဖြာလွန်းနေသည်မှာသွေးထွက်နေသလားပင်။

ရှဲ့ချောင်လည်း သီးသွားရတော့သည်။

“ကျွန်မပြောတာ အဲအကြောင်းမဟုတ်ဘူး..

ရှဲ့ချောင်ခမျာ ငိုချင်ပေမဲ့ မျက်ရည်ကထွက်မလာ။ ဖုန့်ယင်းယင်းက သူမအားသမားတော်တစ်‌ယောက်လိုသဘောထားနေသည်ဟုတောင်ထင်မိသွားပြီး၊ ဒါကြောင့်လည်း ကိုယ်ရေးကိုယ်တာကိစ္စကိုတောင် လိမ်လိမ်မာမာပြောပြလာခြင်းပင်။

ဖုန့်ယင်းယင်းက ရှက်ကိုးရှက်ကန်းဖြင့်

“ဒါဆိုလည်း အဲအကြောင်းမေ့လိုက်တော့”

ရှဲ့ချောင် ခြောက်အပ်အပ်ဖြင့်ရယ်လိုက်ပြီး

“မင်္ဂလာဆောင်တဲ့နေ့တုန်းက လက်ဝတ်ရတနာတွေအများကြီးဝတ်ထားပြီး မျိုးရိုးမြင့်တဲ့ပုံပေါ်

တဲ့ သခင်မလေးတစ်ယောက်ကိုတွေ့မိသေးလား၊ သူက မင်းသမီးလေ..”

•••••

All Chapters