← Chapters

အခန်း (၉၇၇-၉၈၀)

Vol. 50 Ch. 977-980

အခန်း (၉၇၇-၉၈၀)

Vol. 50 Ch. 977-980

အခန်း ၉၇၇။ မိသားစုအား ကြွယ်ဝချမ်းသာမှုယူဆောင်‌ပေး

[TN/ဒီအပိုင်းကစ မင်းသမီးအခေါ်ကို ကျင့်ကျူလို့ပြင်ရေးထားပါတယ်နော် အဓိပ္ပါယ်ကမင်းသမီးပါပဲ ကုန်းကျူနဲ့မတူတာက ကုန်းကျူကကျ ဘုရင့်သမီးတော်ရဲ့ဘွဲ့ပါ ကျင့်ကျူကကျ မင်းသားမင်းသမီး ဘုရင်ခံတွေရဲ့သားသမီးတွေကိုပေးတဲ့ဘွဲ့ပါ]

ရှဲ့ချောင်မေးလာသည်နှင့် ဖုန့်ယင်းယင်းက များများစားစားတွေးမနေဘဲ ခေါင်းညိတ်လိုက်သည်။

“အရင်ကတွေ့ဖူးတယ်၊ ကျွန်မခင်ပွန်းနဲ့ကျွန်မလက်မထပ်ခင်က တွေ့ဖူးတာ၊ အဲ့ဒီကျင့်ကျူက ရုပ်လည်းချောသလို ချမ်းလည်ချမ်းသာတယ်၊ မင်္ငလာဆောင်တဲ့‌နေ့က ကျွန်မရဲ့ခေါင်းကိုဖုံးထားတာဆိုတော့ အသံပဲကြားပြီး သူဝတ်ထားတာကိုပဲ ခပ်ရေးရေးမြင်လိုက်တယ်၊ နောက်တော့ အိမ်တော်ထိန်းပြောတာကြားတာ ကျင့်ကျူကိုမင်္ဂလာပွဲလာဖို့ မဖိတ်ထားဘူးတဲ့၊ သူ ဘာလို့လာလည်းမ

သိပေမဲ့ သူ့ရဲ့တော်ဝင်အဆင့်အတန်းနဲ့ဆိုရင် သူ့ကိုမကောင်းမကန်းဆက်ဆံလို့မဖြစ်ဘူးလေ”

ဖုန့်ယင်းယင်းက အင်မတန်သတိထားနေ၏။

“ဒါဆို ကျင့်ကျုကဘာပြောသွားသေးလဲ” ရှဲ့ချောင် ထပ်မေးကြည့်သည်။

“ဆရာဒီမေးခွန်းကိုမေးတာ.. သူက အချစ်နာကျတာမဟုတ်ဘဲ ဝင်ပူးခံထားရလို့လား၊ ဟိုတစ်လောတုန်းကတော့ ကျင့်ကျူနေမကောင်းဘူးလို့ကြားမိလို့ .. ကျွန်မတောင်အပြစ်ရှိသလိုခံစားမိသေးတယ်.. ဒါပေမဲ့ သူနေမကောင်းတာဆိုရင်.. ဆရာမကိုမရှာသင့်ဘူးလေ”

ဖုန့်ယင်းယင်းက မသိမသာမျက်မှောင်ကြုတ်လိုက်၏။

သူမ ထိုကျင့်ကျူကိုသဘောမကျ။

အနှီမင်းသမီးက သူမရဲ့ခင်ပွန်းကိုသဘောကျနေ

ပြီး သူမကိုတောင် လက်လျှော့စေချင်သေးသည်။ သူမဘယ်လောက်ချောချော သူမကတော့ မနှစ်မြို့ပေ။

သို့သော် မိန်းကလေးက ငယ်ငယ်လေးသာရှိသေးပြီး အခုမှချစ်ကျွမ်းဝင်ဖူးတာဟုထင်မိသည်။ ဒီအတွက်နဲ့ စိတ်လွတ်သွားလျှင်တော့ နှမြောစရာကောင်းပေလိမ့်မည်။

“ဝင်ပူးခံရတာမဟုတ်ဘူး၊ သူ့ဝိဉာဉ်ပျောက်သွားတာ၊ ရှာပြီး သူ့ဆီပြန်ခေါ်ပေးရမှာ”

“ဒါဆိုလည်း ရှာပေးရမှာပေါ့၊ ကျွန်မခင်ပွန်းကြောင့် အခုလိုဖြစ်ရတာဆိုပြီး ကောလဟာလတွေကြားတယ်၊ ဆိုးလိုက်တာနော်” ဖုန့်ယင်းယင်း သက်ပြင်းချ၏။

ယွီရှန်းကနေ၍ “ဆရာ ကျွန်မတို့က ကျင့်ကျူကသဘောမကျဘူးဆိုပေမဲ့ သူနေပြန်ကောင်းလာဖို့တော့ မျှော်လင့်ပါတယ်၊ သူနေပြန်ကောင်းရင် သခင်မယင်းရဲ့ဘဝလည်း ပိုကောင်းလာလိမ့်မယ်”

“ဘာကိုပြောချင်တာလဲ”

ရှဲ့ချောင်နားမလည်ခဲ့။

“အပြင်က အတင်းအဖျင်းတွေပေါ့၊ သူတို့က ပါးစပ်ရှိတိုင်း လျှောက်ပြောနေကြတာ”

ယွီရှန်းမှာ ဒေါသထွက်လွန်းပြီး လက်သီးတောင်ဆုပ်မိလေသည်။

ဖုန့်ယင်းယင်းလည်း ဖုံးကွယ်မထားနေတော့

“တချို့လူတွေပြောတာက လန်ချန်းနဲ့ ကျင့်ကျူတို့က နတ်ဖတ်တဲ့စုံတွဲတွေတဲ့၊ ဒါပေမဲ့ သူကကျွန်မလို မိသားစုသေးသေးလေးကလူကိုလက်ထပ်

လိုက်တယ်၊ ကျွန်မက မိသားစုအတွက်ဂုဏ်ရှိအောင်မလုပ်ပေးနိုင်ဘူး၊ ကျင့်ကျူကနေမကောင်းဖြစ်နေတော့.. ကျွန်မကသူ့ကိုအဆိပ်ခတ်ပါတယ်ဆိုပြီးတောင် ပြောနေကြတဲ့သူတွေရှိတယ်.. ကျွန်မလည်း မကျေမနပ်နဲ့‌ထောက်ပြရပါဦးမယ်.. ပထမတစ်ချက်. ကျင့်ကျူက ကျွန်မငှဲ့ပေးတဲ့လက်ဖက်ရည်ကိုမသောက်ခဲ့ဘူး၊ ဒုတိယတစ်ချက် ကျွန်မလုပ်ထားတဲ့ အစာပြေမုန့်ကိုလည်း မထိခဲ့ဘူး၊ ကျွန်မက တံတွေးထွေးပြီး သူ့ကိုအဆိပ်ခတ်ရမှာလား”

“လူတွေက သူတို့ပြောချင်တာကိုပဲပြောကြတာ၊ တခြားသူအကြောင်း ဂရုမစိုက်ဘူး”

ဖုန့်ယင်းယင်းလည်း အလွန်စိတ်ဓာတ်ကျမိ၏။

သူမ၏ခင်ပွန်းက ကောင်းလွန်းသည်။

သို‌သော် သူမနှင့်မထိုက်တန်ဘူးလို့တော့ တစ်ခါမှ မခံစားခဲ့ရဖူးပေ!

သူမက မိသားစုသေးသေးလေးကနေ လာတာမှန်ပေမဲ့ သူမသည် ဝိရိယရှိသလို ချင့်ချိန်နိုင်စွမ်းလည်းရှိသည်။ သူမဟာ လက်တွေ့ကျတဲ့သူ၊ မွန်မြတ်တဲ့သူ ကြည့်ကောင်းတဲ့သူတစ်ယောက်။ သူမခင်ပွန်းသာ သူမနှင့်လက်ထပ်လျှင် မိသားစုအား ကြွယ်ဝချမ်းသာမှုတွေဆောင်ကြဉ်းပေးနိုင်မှာဖြစ်၍ သူမအား ဝေဖန်လိမ့်မည်မဟုတ်!

“လက်ထပ်ပြီးသွားတော့ လန်ချန်းရဲ့ အပေါင်းအသင်းတွေက တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိကြပေမဲ့ အပြင်မှာ‌ကောလဟာလတွေပြန့်ပြီးနောက်ပိုင်း အဲဒီအမျိုးသမီးတွေက မင်းသားအိမ်တော်ကို အပြစ်လုပ်မိမှာကြောက်ပြီး ကျွန်မကိုမဖိတ်ကြတော့ဘူး”

ဖုန့်ယင်းယင်းက ထပ်ပေါင်းပြောသည်။

ရှဲ့ချောင် နားလည်သွားသည်။

မျိုးရိုးမြင့်မိသားစုအား သွားပြီးအပြစ်လုပ်မိလို့မကောင်း။ ဝမ်လန်ချန်းက ထိပ်တန်းစာပေပညာရှင်အသစ်‌တစ်ယောက်ဖြစ်နေလျှင်တောင် သူ့ရဲ့အခြေကခိုင်သေးသည်မဟုတ်ပေ။ အခုလိုအချိန်မှာမှ ကောလဟာတွေပြန့်လာတာက အတော်လေးဒုက္ခများပေသည်။

“ဒါဆို အဲ့နေ့တုန်းက ကျင့်ကျူ သခင်လေးဝမ်နဲ့စကားပြောခဲ့လားဆိုတာရော သိလား၊ သူ ဘယ်လောက်ကြာကြာနေသွားတာလဲ”

ရှဲ့ချောင်မေးလိုက်၏။

“ပြောခဲ့တယ်” ဖုန့်ယင်းယင်းသည် အနည်းငယ်ကသိကအောက်ဖြစ်နေကာ ရှဲ့ချောင်ကိုကြည့်၍ ရိုးရိုးသားသားပြောပြလိုက်သည်။

“အဲဒီနေ့က အခမ်းအနားပြီးတော့ ကျွန်မကိုအိပ်ခန်းဆီပို့ကြတယ်၊၊ ကျွန်မယောကျာ်းကလည်း ကျွန်မနဲ့အတူတူလိုက်လာပြီး မင်္ဂလာသေ

ရည်ကိုသောက်ခဲ့တယ်၊နောက်တော့ အရှေ့မှာဧည့်သည်တွေ ဧည့်ခံရဦးမှာမလို့ သူထွက်သွားတယ်၊ ဒါပေမဲ့ သူတံခါးပေါက်ရောက်ရောက်ချင်း ကျင့်ကျူဆီကနေ အတားခံရရော”

“ကျွန်မက အထဲမှာရှိနေတာလေ၊ ကျွန်မလည်း ဣ‌န္ဒြေရရထိုင်နေချင်ပေမဲ့ ရင်းနှီးနေတဲ့အသံတစ်ခုကိုကြားလိုက်ရတော့ လစ်လျူမရှုနိုင်တော့ဘဲ တံခါးပေါက်ကနေချောင်းပြီး နားထောင်မိခဲ့တယ်”

ဖုန့်ယင်းယင်းသည် သူမ လုပ်ခဲ့တာနှင့်ပတ်သက်ပြီး မှားနေသည်ဟုမထင်ပေ။

အခမ်းအနားပြီးသွားပြီမလို့ ဝမ်လန်ချန်းသည် သူမခင်ပွန်း သူမအပိုင်ယောကျာ်းဖြစ်နေလေပြီ။ သူ့ကိုသဘောကျနေတဲ့ သခင်မလေးတစ်ယောက်နဲ့ စကားပြောနေတာကို ဘယ်လိုမှစိတ်မအေးနိုင်။ နောင်တစ်ချိန်မှာ ခင်ပွန်းနဲ့ ဇနီးဆက်ဆံရေးမှာ

ကတောက်ကဆဖြစ်လာနိုင်ပေသည်..

••••

အခန်း ၉၇၈။ သူမ ဘယ်ကိုသွားနေတာလဲ

ဖုန့်ယင်းယင်း၏ ဖောင်းဖောင်းကစ်ကစ်မျက်နှာလေးမှာ အချက်ခံထားရသည့်နှယ် ပုစွန်တမျှနီရဲနေသည်။

“ကျင့်ကျူကလန်ချန်းကိုမေးတယ်၊ ကျွန်မက ရွာကမိန်းကလေးတစ်ယောက်မလို့ သူ့ဇနီးဖြစ်ဖို့ ဘယ်လိုလုပ်ထိုက်တန်မှာလဲတဲ့၊ ဒါပေမဲ့ သူ့သိက္ခာနဲ့က မင်္ဂလာအခမ်းအနားကို ရပ်ပစ်ပြန်ရင်လည်း မကောင်းဘူး၊ အခု တခြားသူတွေကိုရှောင်လာတာက သူ့ကိုတစ်ခုခုပြောချင်လို့၊ လန်ချန်းရဲ့မိသားစုကသာ ကျွန်မနဲ့မစီစဉ်ပေးခဲ့ရင် သူ့ကိုသဘောကျမှာလားတဲ့..”

ဖုန့်ယင်းယင်းက ကျင့်ကျူ၏လေသံအားတုပပြီးပြောလေသည်။

ယွီရှန်းစိတ်ထဲ မနှစ်မြို့သလိုခံစားရသည်။

သူ့မရဲ့ မျက်နှာအမူအရာကိုမမြင်နိုင်ပေမဲ့ အသံအနေအထားအရဆိုလျှင် ငိုချင်နေပုံပေါက်သည်။

“သူ့မိသားစုက တော်တော်လေးတင်းကျပ်လို့သာပေါ့၊ မဟုတ်ရင် အဲ့နေ့ကပွဲမှာရှိတဲ့အချိန်၊ အကုန်လုံးကို ဇောက်ထိုး‌မိုးမျှော်ဖြစ်အောင် လုပ်ပစ်လောက်တယ်”

ဖုန့်ယင်းယင်းက စိတ်သက်သာရာရသည့်ပုံဖြင့်

“လန်ချန်းရဲ့ သဘောထားကတော့မပြောင်းလဲဘူး၊ ကျွန်မမဟုတ်ရင်တောင်မှ မိသားစုနောက်ခံတွေဘာတွေဂရုမစိုက်ဘဲ သူ့ယူမယ့်ဇနီးက မိန်းမကောင်းဟုတ်မဟုတ်ကိုပဲကြည့်မှာတဲ့လေ”

“သခင်လေးဝမ် အဲ့လိုပြောလိမ့်မယ်မထင်ထားဘူး”

ရှဲ့ချောင် အလွန်အံ့ဩသွားသည်။

ကျင့်ကျူက မိန်းမကောင်းမဟုတ်ဘူးလို့ပြောနေမှန်း မသိသာလွန်းဘူးလား?

ဝမ်လန်ချန်းသည် လူအများရဲ့အမြင်တွင် ပူပူနွေးနွေးပေါက်စီတစ်လုံးသာဖြစ်၏။ သူက ဉာဏ်လေးပဲကောင်းနေသည့် အားနည်းတဲ့ စာသင်သားတစ်ယောက်ဖြစ်သည်။

“တကယ်တော့ သူက အပေါ်ယံမှာနည်းနည်းသိမ်မွေ့ရုံပဲ၊ သဘောလွယ်တဲ့သူမဟုတ်ဘူး၊ ကျွန်မတို့ မင်္ဂလာပွဲနေ့တုန်းကဆို ကျင့်ကျူက အိပ်ခန်းတံခါးအပြင်ကိုတောင် မောင်းထုတ်ခံလိုက်ရ‌သေးတယ် ၊ လန်ချန်းက ကျင့်ကျူရဲ့လုပ်ရပ်ကို တော်တော်စိတ်တိုသွားတာ”

ဖုန့်ယင်းယင်းက ချက်ချင်းထပ်ပြောလိုက်သည်။

“ရှင်ပြောပုံအရဆို သူ့ဝိဉာဉ်ကဒီအိမ်ထဲမှာ ကျန်နေနိုင်ခြေတော်တော်မြင့်တယ်” ရှဲ့ချောင်ရဲ့မျက်နှာက တည်ကြည်နေ၏

ဖုန့်ယင်းယင်း၏ မျက်နှာထားထူးဆန်းသွားသည်။

ငါတို့အိမ်ထဲမှာ တကယ်ကြီးနေနေတာတော့မဟုတ်ဘူးမလား။

ဆရာမအား ထိုဝိဉာဉ်ကို မြန်မြန်ရှာဖွေစေချင်ပေမဲ့ ကျင့်ကျူမင်းသမီး၏ ဝိဉာဉ်သာ လန်ချန်းဘေးမှာနေနေတယ်ဆိုလျှင်…

တွေးကြည့်ရုံနဲ့တင် ဖုန်းယင်းယင်းခမျာ ခံစားချက်မကောင်းတော့ဘဲ ချက်ချင်းဆိုသလို နုံးချည့်သွားသည်။

သူမ ဒေါသထွက်နေပေမဲ့ ဘာမှမတတ်နိုင်သည့်အခြေနေဖြစ်၏။

“ဆရာမ…” ဖုန့်ယင်းယင်းသည် ငိုကြွေးကာ အကူအညီတောင်း၏။

သူမ၏ငိုကြွေးမှုက နူးညံ့သိမ်မွေ့လှသည်။ ကံကောင်းစွာဖြင့် ရှဲ့ချောင်က အမျိုးသားတစ်ယောက်ဟုတ်မနေ၍သာ။ မဟုတ်လျှင် မီးပင်လယ်ကိုဖြိုခွင်းရမည်ဆိုလျှင်တောင် လုပ်မိလောက်ပေသည်။

“အိပ်ခန်းနဲ့ စာကြည့်ခန်းကိုပြလို့ရမလား၊ သခင်လေးဝမ် သွားတတ်နေရာမျိုးတွေကို ပြကြည့်”

ရှဲ့ချောင်က စိုးရိမ်တကြီးပြောလိုက်သည်။

ဝမ်လန်ချန်း၏အိမ်သည် အတော်လေးသန့်ရှင်း၏။

အသိစိတ်သိပ်မရှိသည့် မကောင်းဆိုးဝါးဝိဉာဉ်တချို့ လျှောက်သွားနေတာကလွဲလျှင် ပုံဆိုးပန်းဆိုးဝိဉာဉ်များကို မတွေ့ရ။

ဒါ့အပြင် ဝမ်လန်ချန်းသည်

ထိပ်တန်းစာသင်သားတစ်ယောက်ဖြစ်လေရာ စာပေနှင့်ကြွယ်ဝမှုအရှိန်အဝါမျိုးရှိသည်။ သူ့ရဲ့မြင့်မြတ်တဲ့စရိုက်လက္ခဏာအပြင် မကောင်းဆိုးဝါးဝိဉာဉ်များကို ကန့်သတ်နိုင်သည့်စွမ်းရည်တချိူ့လည်းရှိသည်။ သို့သော် ကြီးကြီးမားမားတော့မဟုတ်၊ နဂါးသွေးကြောကံကြမ္မာနှင့်တော့ ယှဉ်မရပေ။

‌အသက်ရှင်သေးသည့်ဝိဉာဉ်များသည် သေဆုံးသူများ၏ ဝိဉာဉ်များနှင့်ကွာခြားသည်။ သူတို့ကို ကန့်သတ်ချုပ်နှောင်ထားနိုင်သည့်အရာမျိူးမရှိ။

“ရပါတယ်”

ဖုန့်ယင်းယင်းက ချက်ချင်းပြန်ဖြေသည်။

များများစားစားတွေးမနေဘဲ ရှဲ့ချောင်အား

နောက်ဖက်ခြံဝန်းဆီခေါ်သွားလိုက်၏။

ခြံဝန်းသည် အင်မတန်တပ်မက်ဖွယ်ကောင်းလှသည်။ ဆန်းဆန်းပြားပြားပစ္စည်ရယ်လို့သိပ်မရှိ။ အိပ်ခန်းက ပိုလို့တောင်တင့်တယ်သေးသည်။ လက်ထပ်ပြီးခါစဖြစ်၍ အနီရင့်ရောင်များကို မြင်တွေ့ရဆဲ။ သို့သော် အနီရောင်ဖယောင်းတိုင်နှင့် အနီရောင်ခန်းစီးစများကလွဲလျှင် ကျန်တာအားလုံးက ရိုးရိုးရှင်းရှင်း အရောင်တွေချည်းသာ။

ရှဲ့ချောင် တစ်ချက်ကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။

“မရှိဘူး”

“တော်သေးတာပေါ့”

ဖုန့်ယင်းယင်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချသည်။

“ဒါဆို စာကြည့်ခန်းထဲသွားရအောင်၊ စာကြည့်ခန်း

ထဲမှာရှိတယ်ဆိုရင်တောင် ကျွန်မလက်ခံနိုင်သေးတယ်”

သူမသည် ခင်ပွန်းဖြစ်သူအား မင်သွေးကူလေ့ရှိသည်။ စာကြည့်ခန်းထဲ၌ မသင့်တော်တာမျိုး ဘာမှမလုပ်။ သို့သော် သူတို့ရဲ့နေ့စဉ်ပုံမှန် ပြောဆိုဆက်ဆံမှုများက ချိုမြသည်ဟု ယူဆလို့ရသည်။ ကျင့်ကျူသာမြင်ခဲ့လျှင် အစောကြီးကတည်းက လက်လျှော့သွားလောက်လေပြီ။

သို့သော်လည်း စာကြည့်ခန်းထဲ၌ အတန်းလိုက်စီထားသည့်စာအုပ်များကလွဲလျှင် သက်ရှိဝိဉာဉ်၏ လက္ခဏာမျိုးမရှိ။

သိပ်ပြီးမကြာလိုက် ဖုန့်ယင်းယင်း၏လမ်းပြမှုများဖြင့် ဝမ်အိမ်တော်တစ်ခုလုံးကို လှည့်ပတ်ကြည့်လို့ပြီးသွားသည်။

အိမ်တော်သည် သိပ်မကြီးတာကြောင့် လျှောက်

ပတ်ကြည့်ဖို့သိပ်မကြာခဲ့။ နောက်‌ဆုံး၌ ဘာမှရှာမတွေ့ခဲ့ပေ။

ကျင့်ကျူ ဘယ်ကိုသွားနေတာလဲ?

•••••

အခန်း ၉၇၉။ နင်ဘာတွေဖုံးကွယ်ထားတာလဲ

ရှဲ့ချောင်သည်လည်း အနည်းငယ်ပင်ပန်းနေလေပြီ။

ဝိဉာဉ်သည် ဝမ်အိမ်တော်မှာရှိနိုင်ချေအများဆုံးဟုထင်ခဲ့ပေမဲ့ အိမ်တော်က သန့်ရှင်းလွန်းနေတာကြောင့် လူတွေကိုလေကောင်းလေသန့်လေးရှူမိစေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။ ခြေရာလက်ရာတစ်ခုမှ ရှိမနေပေ။

“မရှိဘူးလား”

ဖုန့်ယင်းယင်းလည်း နည်းနည်းဝော့ာစိတ်ပျက်မိသွားသည်။

“ဒါဆို ဘာလုပ်သင့်လဲ”

“ဒီအညတရဆရာက အပြင်ထွက်ပြီးထပ်ရှာကြည့်လိုက်ဦးမယ်”

ရှဲ့ချောင်ထပ်ပြောလိုက်၏။

“ဒီလိုပဲလုပ်ရတော့မှာပေါ့”

ဖုန့်ယင်းယင်း သက်ပြင်းချသည်။

ယွီရှန်းက တစ်ခုခုပြောချင်နေပေမဲ့ သူမကိုယ်သူထိန်းလိုက်သည်။

ရှဲ့ချောင်က သူမအား “သိချင်တယ်ဆို ငါ့နောက်လိုက်ပြီးရှာလို့ရတယ်၊ ဒါပေမဲ့ ပျင်းဖို့တော့ကောင်းလိမ့်မယ်”

သို့သော် ယွီရှန်းကတော့ အင်မတန်ကိုစိတ်လှုပ်ရှားလို့နေသည်။

ဒါက သူမအကြာကြီးတွေးခဲ့ရသည့် စောင့်ဆိုင်းခဲ့ရသည့် ဆရာတစ်ယောက်!

ပျင်းစရာကောင်းမှာတဲ့လား?

“ကျွန်မ ဆရာမကိုကာကွယ်ပေးမယ်”

ယွီရှန်းက လျင်မြန်စွာ‌ပြောလိုက်၏။

သူမက ဆရာမရဲ့ကိုယ်ပိုင်သက်အစောင့်တစ်ယောက်ပါ လုပ်ပေးနိုင်သည်ဟု ပြောချင်ပေမဲ့…

သို့သော်လည်း စဉ်းစားကြည့်လိုက်တော့မှ ရှဲ့မိသားစုနှင့်လည်း သူတို့ရဲ့ကိုယ်ခံပညာဆရာတစ်ယောက်အဖြစ် အနည်းဆုံးငါးနှစ်လုပ်ပေးမည်ဟု သဘောတူထားသေးသည်။ဆရာမနောက်ကိုလိုက်ပြီး ဓမ္မတရား ရှာဖွေဖို့အတွက်က အခက်တွေ့ပေမည်။

ဆရာမအကြောင်းတွေးမိလျှင် ရှဲ့ဖင်းကန်းနဲ့ နေ့ရက်တိုင်း ကိုယ်ခံပညာယှဉ်နေရတာက စိတ်ဝင်စားဖို့မကောင်းသလို ယွီရှန်းခံစားလိုက်ရသည်။

မည်သည့်လှည့်စားမှုမျိုးမပါဘဲတိုက်ခိုက်နေစဉ် ဆရာမကတော့ တစ်နေရာကနေတစ်ရာ ခရီးသွားပြီး အပြင်လောကကြီးရဲ့ဘဝကို တွေ့ကြုံခံစားနေရသည်။ ၎င်းကပိုပြီး စိတ်ဝင်စားစရာကောင်းပေသည်။

ရှဲ့ဖင်းကန်းကို… ပြောကြည့်လိုက်ရင်ရော?

ဆရာမအပေါ်လဝက်လောက် အချိန်ပေးနိုင်ရင် အကောင်းဆုံးပဲ။

ယွီရှန်းတစ်ယောက် စိတ်ကူးယဉ်နေ၏။

ဝမ်အိမ်တော်ကနေ ခပ်သုတ်သုတ်ထွက်ခွာလာခဲ့ပြီး ရှဲ့ချောင်နဲ့အတူထွက်လာခဲ့သည်။ ဒီနေ့ သူမလည်း အိမ်ကနေ မြင်းလှည်းစီးပြီးထွက်လာတာကြောင့် အနောက်ကနေလိုက်ခဲ့သည်။

ဝမ်အိမ်တော်ကနေ ထွက်လာလာပြီးချင်း ရှဲ့

ချောင် တစ်စုံတစ်ခုအား ရုတ်တရက်တွေးမိသွားသည်။။

ဝမ်အိမ်တော်၏အပြင်ဘက်ရှိ ရစ်သီရစ်သီလုပ်နေကြတဲ့ မကောင်းဆိုးဝါးဝိဉာဉ်များကိုကြည့်ရင်း နောက်ဆုံး၌ ဝိဉာဉ်တစ်ကောင်ဆီကို သူမအကြည့်ရောက်သွားသည်။

ထိုဝိဉာဉ်က.. ရေစက်တို့ဖြင့် ဖုံးနေ၏။

၎င်းက လမ်းဘေးရှိ ရေတွင်းဘေးမှာတွဲလောင်းခိုလို့နေသည်။

“နင် ဒီမှာနေ့တိုင်းရှိတာလား”

ရှဲ့ချောင်က မြင်းလှည်းပေါ်ကနေဆင်းပြီး တည်ငြိမ်တဲ့မျက်နှာထားဖြင့် မေးလိုက်၏။

မ‌ကောင်းဆိုးဝါးဝိဉာဉ်သည် ရှဲ့ချောင်ကိုကြည့်ပြီးနောက် ဘယ်ပြန်ညာပြန်ကြည့်လိုက်သေး၏။

နောက်တော့မှ ပဟေဠိဖြစ်သည့်မျက်နှာဖြင့် သူ့ကိုယ်သူလက်ညှိုးထိုးပြသည်။

ရှဲ့ချောင် ခေါင်းညိတ်ပြတာကိုမြင်သည်နှင့် အထစ်ထစ်အငေါ့ငေ့ါဖြင့် “ဟုတ်-ဟုတ်တယ်- ငါအမြဲတမ်း ဒီမှာပဲရှိတာ၊ ရေတွင်းကိုချိတ်ပိတ်မလို့လား”

“မဟုတ်ဘူး”

ရှဲ့ချောင်ခေါင်းခါလိုက်သည်။

မကောင်းဆိုးဝါးဝိဉာဉ်သည် စိတ်သက်သာရသွားပုံဖြင့် သက်ပြင်းချကာ ခုနကလောက်မစိုးရိမ်တော့။

“တော်သေးတာပေ့ါ.. မဟုတ်လို့၊ ငါသေခဲ့တဲ့ရေကန်က ပြည့်နေပြီ၊ တခြားဝိဉာဉ်တွေနဲ့ တိုက်ခိုက်စရာမလိုဘဲ ဒီလိုတိတ်ဆိတ်တဲ့နေရာလေးကို ရှာတွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ ဒီရေတွင်းကို ချိတ်ပိတ်ဖို့အတွက်မဟုတ်ဘူးဆို.. ဘာအတွက်လာတာလဲ”

“ငါနင့်ကိုတစ်ခုလောက်မေးချင်လို့”

ရှဲ့ချောင်က ဤအပြစ်ကင်းစင်ပုံပေါ်သည့်မကောင်းဆိုးဝါးဝိဉာဉ်အားကြည့်ပြီး မပြုံးမိဘဲမနေနိုင်။

“ဟိုတစ်လောတုန်းက ဘေးအိမ်ကမိသားစု မင်္ဂလာပွဲကျင်းပတဲ့အချိန်၊ မိန်းကလေးတစ်ယောက်ဖြတ်သွားတာ တွေ့မိသေးလား၊ အဲ့ဒီမိန်းကလေးက..”

ရှဲ့ချောင်က ဟွမ်အာကိုကြည့်လိုက်၏။

ဟွမ်အာခမျာ ဆရာကဘယ်သူ့ကို စကားပြောလို့ပြောနေမှန်းမသိ။ နှစ်ကြိမ်လောက် တုန်သွားမိသည်။ ဆရာဆိုလိုချင်တဲ့အဓိပ္ပာယ်ကိုနားလည်သွားတဲ့နောက်

“ကျွန်- ကျွန်မတို့သခင်မလေးက အဲ့နေ့တုန်းက ရေပြာရောင်ဝတ်စုံကိုဝတ်ထားတယ်၊ ခေါင်းမှာက ရတနာရှစ်ပါးဂန္ဓမာ‌ဆံထိုးနဲ့၊ အဲဒီဆံထိုးက အရမ်းလှတော့ မမေ့လောက်ဘူး၊ ဝမ်အိမ်တော်က

ထွက်လာပြီးတော့ စိတ်အခြေနေမကောင်းတာနဲ့ မြင်းလှည်းမစီးဘဲ ကျွန်မတို့ကို အိမ်အရင်ပြန်ခိုင်းခဲ့တာ”

“ဟုတ်တယ်၊ နင် အဲဒီလိုမိန်းကလေးမျိုးကိုတွေ့ဖူးလား”

ရှဲ့ချောင်မေးလိုက်သည်။

ရှဲ့ချောင်က လေးလေးနက်နက်ခေါင်းညိတ်လိုက်သည်။

“ငါ ဖြတ်သွားတဲ့သူတော်တော်များများကို မှတ်မိတယ်၊ အဲ့ဒီနေ့တုန်းက ဒီနေရာကအစည်းကားဆုံးပဲလေ၊ ရှင်ပြောတဲ့သခင်မလေးက ဒီနေရာမှာထိုင်သွားသေးတယ်၊ အဲ့တုန်းကဆို အမျိုးသမီးတစ်ယောက်က ရေခပ်မလို့လာတာတောင် မဖယ်ပေးဘူး၊ သူက အဲ့အမျိူးသမီးကိုစိုက်ကြည့်နေ‌တော့ အမျိုးသမီးလည်း ကြောက်ပြီးထွက်ပြေးသွားရော”

သူမက ချမ်းသာသည့်သခင်မလေးတစ်ယောက်မှန်း သိသာသည်။ သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီးရန်စရဲမှာလဲ။

“သူဒီမှာ ဘယ်လောက်ကြာကြာထိုင်သွားတာလဲ၊ အဲ့နောက်ပိုင်း သူဘယ်ကိုထွက်သွားလဲ၊ ပုံမှန်မဟုတ်တာမျိုးရော ရှိလား”

ရှဲ့ချောင် မေးလိုက်သည်။

ထိုသို့ပြောပြီးနောက် ဟွမ်အာတစ်ယောက် မျက်စိမျက်နှာပျက်နေမှန်း ခံစားမိလိုက်သည်။

သူမ၏ခြေထောက်တို့က မသိစိတ်ကနေတုန်နေ၏။ ရှဲ့ချောင် မျက်မှောင်ကြုတ်၍ သူမဘက်ကိုလှည့်ကာ

“နင်.. မင်းသမီးကြီးကိုညာပြောထားတာလား၊ နင်ဘာတွေဖုံးကွယ်ထားတာလဲ”

•••••

အခန်း ၉၈၀။ ကြောက်လန့်

ရှဲ့ချောင်စကားဆုံးသည်နှင့် အစေခံသည်ချက်ချင်းဆိုသလို ဒူးထောက်လိုက်၏။

“ဆရာမ! ကျွန်မ ဖုံးကွယ်ထားဖို့မရည်ရွယ်ပါဘူး သ-သခင်မလေးက ကျွန်မကိုပြောခွင့်မပေးတာပါ!”

သူမဒူးထောက်နေပေမဲ့ ရှဲ့ချောင်က သူမကိုအာရုံမစိုက်၊ မကောင်းဆိုးဝါးဝိဉာဉ်ကိုသာ ကြည့်လိုက်၏။

မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်၏ စကားများက တစ်ခါတစ်လေမှာ အသက်ရှင်နေတဲ့လူတစ်ယောက်ထက် ပိုပြီးယုံကြည်ရသည်။

ထိုဝိဉာဉ်မှာ သက်ရှိလူသားတစ်ယောက်ကို

စကားမပြောရတာကြာနေပြီဖြစ်၍ အတော်လေးစိတ်လှုပ်ရှားနေလေသည်။ ရှဲ့ချောင်က သူမကိုကြည့်နေမှန်းမြင်တာနှင့်

“ငါသိတယ်!အဲဒီသခင်မလေးက ကျင့်ကျူတစ်ပါး၊ အဲ့တုန်းက အစေခံတစ်ယောက်က သူ့ကိုအဲ့လိုခေါ်လိုက်တာ! ဒီနေရာမှာ ၁၅မိနစ်လောက်ထိုင်သွားကြသေးတယ်၊အဲ့ကြားထဲ စကားတွေအများကြီးပြောပြီး တစ်ယောက်ယောက်ကိုတောင် ကြိမ်းမောင်းနေခဲ့သေးတယ်!”

“ဒီနိမ့်ကျတဲ့အစေခံက ကျင့်ကျူကိုယ်စား ရွာသူအမျိုးသမီးတစ်ယောက်ကို ဆူပူခဲ့တာ၊ အဲဒီအမျိုးသမီးက သူကမကြာခင်သေးမှာဆိုပြီးပြောတယ်၊ နောက်ပြီး စာသင်သားက အဲ့ကောင်မလေးကိုအနှေးနဲ့အမြန်ကွာရှင်းမှာတဲ့၊ သူ့ကိုမိန်းမပျက်ဆိုပြီးတောင် ပြောသွားသေးတယ်၊ အဲ့လိုမျိုးနားဝင်ဆိုးတဲ့စကားတွေအများကြီးပဲ!”

“ဘယ်လိုပြောသွားလဲအသေးစိတ်ပြောစရာမလို

ဘူး၊ နင်တခြားဘာသိထားသေးလဲ၊ အဲ့ကိုသာပြော”

ရှဲ့ချောင်ကဆက်၍

“ငါဒီတစ်ခေါက် နင့်ကိုဒုက္ခပေးမိထားတာဆိုတော့ နင့်မှာဆန္ဒတွေဘာတွေရှိရင်ပြော၊ငါ့ဖြည့်ပေးမယ်”

"တကယ်လား၊ ငါဟိုနားကလမ်းကြားမှာရှိတဲ့လူကိုစကားပြောချင်လို့၊ သူ့နာမည်က လျိုကွေ့တဲ့၊ သူဒီကိုရေခပ်ဖို့လာသလိုလိုနဲ့လုပ်ပြီး တံတွေးထွေးထွေးသွားတာ၊ တကယ်ရွံစရာကြီး၊ သူ့ကိုအဲ့လိုမလုပ်ဖို့ပြောပေးပါလား၊ ငါလည်း ရေတွင်းတစ်ခုရှာဖို့က လွယ်တာမဟုတ်ဘူးရယ်..”

မကောင်းဆိုးဝါးဝိဉာဉ်က မကျေမနပ်ဖြစ်စွာပြောလေ၏။

ရှဲ့ချောင် ခံစားချက်တို့ရောပြွန်းစွာဖြင့် ခေါင်းညိတ်လိုက်သည်။

တော်တော်အသန့်ကြိုက်တာပဲ။

မကောင်းဆိုးဝါးဝိဉာဉ်က ပိုလို့တောင်ပျော်သွားသည်။။

“ရှင်ပြောတဲ့ သခင်မလေးက သူမသွားခင်တစ်ခုခုပြောသွားသေးတယ်၊ သူက ဒေါသထွက်လွန်းလို့ အဲ့ရွာမိန်းကလေးရဲ့ခေါင်းပေါ်တောင်

တက်နင်းပစ်လို့ရတယ်တဲ့၊ နောက်တော့ ဒီအစေခံလေးက ရွာသူမိန်းကလေးကံကောင်းတယ်ဘာညာနဲ့ သူ့ကံဇာတာကို ကြည့်ဖို့ပညာရှင်တစ်ယောက်ရှာဆိုပြီး၊ လူလိမ်တစ်ယောက်နဲ့မိတ်ဆက်ပေးလိုက်တယ်လေ၊ သူက အစွမ်းထက်တယ်ဆိုပြီးတောင် ပြောလိုက်သေး”

“ဘယ်သူလဲ”

ရှဲ့ချောင်မေးလိုက်သည်။။

“လျိုမင်လို့ခေါ်တဲ့တာအိုဆရာတစ်ယောက်၊ ဆေးလုံးတွေအများကြီးဖော်နိုင်ပြီး ကံကြမ္မာဖတ်

ပေးနိုင်တဲ့သူ၊ သူက အရမ်းတိကျတယ်၊ ဒါပေမဲ့ သူက ဆင်ခြေဖုံးလေးမှာနေတာ၊ အဲ့ဒါပြောပြီးတော့ ထွက်သွားတော့တာပဲ”

မကောင်းဆိုးဝါးဝိဉာဉ်က သူသိထားသမျှ ပြောပြလိုက်သည်။

ထို့နောက် ရှဲ့ချောင်က ဟွမ်အာကိုကြည့်လိုက်၏။

ဟွမ်အာသည် ကျင့်ကျူအား မြို့ပြင်ကိုခေါ်သွားဖူးတယ်ဆိုတဲ့အကြောင်း တစ်ခါမှမပြောပြဖူးပေ။

“မြို့ပြင်ကိုထွက်သွားတယ်ပေါ့၊ နင်တို့ရှာနေတဲ့ တာအိုဆရာလျိုမင်ဆိုတာဘယ်သူလဲ”

ရှဲ့ချောင်တန်းမေးလိုက်သည်။

သူမရဲ့စကားများကြောင့် ဟွမ်အာတစ်ယောက် အကြောက်လွန်ပြီး မျက်နှာဖြူဖျော့သွားသည်။ သူမအား မယုံကြည်နိုင်စွာကြည့်ရင်း ငို၍

“ကျွန်မတို့တွေ တာအိုဆရာကိုသွားရှာခဲ့ကြတာပါ၊ မြို့ပြင်မှာ အရမ်းစွမ်းတဲ့ တာအိုဆရာတစ်ယောက်ရှိတယ်ဆိုပီုး သူငယ်ချင်းဆီကနေကြားလို့၊ သူရဲ့လမ်းညွှန်မှုကြောင့် ငွေတောင်ရှာနိုင်ခဲ့တယ်ဆိုပြီးပြောတယ်၊ ကျွန်မလည်း သခင်မလေးကိုနှစ်သိမ့်ပေးချင်ပေမဲ့ ဘာလုပ်ရမှန်းမသိခဲ့ဘူး၊ အဲ့တာနဲ့ တာအိုဆရာအကြောင်း ရုတ်တရက်တွေးမိသွားပြီး…"

“ကျွန်မထင်တာက အဲဒီဆရာက ရွာသူမိန်းကလေးရဲ့ကံတရားကို မပြောင်းပေးနိုင်ရင်တောင် သူကပညာရှင်တစ်ယောက်ဆိုတော့ သခင်မလေးကိုနှစ်သိမ့်ပေးနိုင်မယ့်နည်းလမ်းတော့

ရှိမှာပဲလေလို့၊ သခင်မလေးရဲ့ အိမ်ထောင်ရေးကံကိုပါဟောပေးနိုင်လောက်တယ်ဆိုပြီး..”

“နောက်တော့ရော? နင်တို့သခင်မလေးက ဘာလို့ကြောက်လန့်ပြီး ဝိဉာဉ်ပျောက်သွားရတာလဲ”

ရှဲ့ချောင်ထပ်မေးပြန်သည်။

သူမ ကြောက်လန့်သွားတာဖြစ်လောက်သည်။

“ကျ-ကျွန်မတို့ မြင်းလှည်းတစ်စီးငှားခဲ့တယ်၊ အစကတော့ ကျွန်မချစ်သူကိုသွားရှာတာ၊ သူ့နာမည်ကပေါင်ယိ၊ ဒါပေမဲ့ ကျွန်မတို့တွေမြို့ပြင်ကိုထွက်သွားမယ်လို့ သူမထင်ထားဘူး၊ မြင်းလှည်းမောင်းသမားက အသက်ကြီးပြီး ကြောက်တတ်တော့… နောက်လည်းနောက်ကျနေပြီမလို့ သူကယုတ်မာတဲအတွေးဝင်ပြီး ကျွန်မတို့သခင်မလေးကို လုယက်ခဲ့တယ်.. အဲ့တုန်းက..ဟိုလုပ်ရပ်လုပ်ဖို့အထိတောင် သူကလုပ်ချင်နေတာ..”

“ကျွန်မလည်း သခင်မလေးတစ်ခုခုဖြစ်သွားမှာကြောက်လို့ ပေါင်ယိကိုသတိလစ်သွားအောင် ကျောက်ခဲနဲ့ထုပစ်လိုက်တယ်..”

မြင်းလှည်းသမားသည် အသက်ကြီးပြီဖြစ်လို့ ပြန်ပြီးမခုခံရဲ။

ပေါင်ယိသတိလစ်သွားပြီးနောက် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုယူပြီးထွက်လာခဲ့ပေမဲ့ သခင်မလေး၏ခန္ဓာကိုယ်ပေါ်၌ အမှတ်အသားအရာတချို့ ရှိနေခဲ့သည်။

သူမရဲ့အဝတ်အစားများကလည်း စုတ်ဖြဲခံထားရသည်။ တခြားသူများသိသွားမည်ကို စိုးရိမ်၍ သခင်မလေးက သူမကိုပါးစပ်ပိတ်ထားခိုင်းခဲ့သည်။

ဒါတင်မက ထိုအချိန်တုန်းက သခင်မလေးသည်အလွန်ဒေါသထွက်သွား၏။‌ပေါင်ယိ လဲသွားပြီးတဲ့နောက် ကျောက်ခဲနှင့်နှစ်ကြိမ် ထပ်ပြီးထုရိုက်ခဲ့သေးသည်။‌ ပေါင်ယိသေပြီဟုတောင် ထင်ခဲ့၏။

ထို့နောက် အပြန်လမ်းတွင် သခင်မလေးက အတုန်တုန်အယင်ယင်ဖြင့် သူမလူတစ်ယောက်ကို

သတ်ခဲ့မိပြီဟု ပြောနေလေ၏။

သို့သော် သူမလည်းထုတ်ပြောဖို့သတ္တိမရှိခဲ့။ ထိုအချိန်က ပေါင်ယိသေသွားပြီဟုသာထင်ခဲ့သည်။ နောက်ပြီး ကျင့်ကျူကိုမြို့ပြင်ထွက်အောင် လှုံ့ဆော်ပေးခဲ့တဲ့သူက .. သူမမှန်းသာမင်းသမီးကြီးသိသွားလျှင်.. သူမရဲ့အသက်ဆုံးရှုံးရပေမည်!

•••••

All Chapters