← Chapters

မင်္ဂလာပွဲအတွက်ကောင်းချီး

Vol. 24 Ch. 332

မင်္ဂလာပွဲအတွက်ကောင်းချီး

Vol. 24 Ch. 332

အခန်း (၃၃၂) မင်္ဂလာပွဲအတွက်ကောင်းချီး

"ဂိုဏ်းတူအစ်မ ချန်ရှီကတော့ ဘာမှ မပြောပါဘူး ၊ ဒါပေမဲ့…"

မြောင်ယွဲ့က မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်သည်။

"မင်္ဂလာကိစ္စစီစဉ်တော့မယ့်အကြောင်း ကျန်းလန်ကို ပြောပြလိုက်မယ်ဆိုရင် သူ ပိုပြီး စိတ်အားထက်သန်လာမလား ၊ ဒါမှမဟုတ် စိဖိစီးမှုပိုဖြစ်သွားမလား ၊ ဂိုဏ်းတူအစ်ကို ဘယ်လိုထင်လဲ"

မော့ကျန်းသုန့်က ခဏမျှ စဉ်းစားလိုက်ရင်း…

"ကျန်းလန်ရဲ့ စိတ်နေသဘောထားအရဆိုရင် သူ့ကို အများကြီး ထိခိုက်စရာအကြောင်း မရှိပါဘူး ၊ စိတ်ဖိစီးမှုတွေခံရနိုင်ကောင်းပေမယ့် စိတ်အားထက်သန်မှုလည်း ရှိနေမှာပါ"

မြောင်ယွဲ့က ကျူးချင်းကို လှည့်ကြည့်လိုက်ရင်း…

"ဂိုဏ်းတူညီမလေးဘက်ကရော ဘယ်လိုလဲ"

သူမက ရှောင်ယွိနှင့်ပတ်သက်ပြီး မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ကျူးချင်က…

"ရှောင်ယွိရဲ့ ပင်ကိုယ်စရိုက်က နည်းနည်းပျော့ပျောင်းပေမယ့် သူက လွယ်လွယ်နဲ့ပြောင်းလဲတတ်တဲ့သူမျိုး မဟုတ်ဘူး ၊ အခုအချိန် သူ့မျက်လုံးထဲမှာ ကျန်းလန်ပဲ ရှိတော့တယ်လေ ၊ ဒီတော့ မင်္ဂလာပွဲက သူ့အတွက် ဘာဖိအားမှ မရှိနိုင်ပါဘူး ၊ ကျွန်မက ကျန်းလန်အတွက်ပဲ စိုးရိမ်မိတာ"

ရှောင်ယွိက အံ့သြစရာအရည်အချင်းများဖြင့် ပြည့်စုံသူတစ်ယောက်ဖြစ်ပြီး နဂါးမျိုးနွယ် ဖြစ်သောကြောင့်လည်း လူသားများထက် ပိုမိုသန်မာသည်။

နဂါးများအလယ်တွင်တော့ သူမအရည်အချင်းက သာမန်မျှသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူမက ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်လေရာ အင်မော်တယ်တစ်ယောက် ဖြစ်လာရန် အခက်အခဲရှိမည် မဟုတ်ဘဲ လွယ်ကူမည်သာ ဖြစ်၏။

သူမက ကျန်းလန်ကို ငဲ့ညှာပြီး သူမ၏ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။ သူမကြောင်း ကျန်းလန် ဖိအားများ ရှင်ဆိုင်ရမည်ကို ရှောင်ယွိက မဖြစ်စေလိုခဲ့ပေ။

သူမက ကျန်းလန်၏ ကျင့်စဉ်လမ်းကို ချောမွေ့စေချင်ပြီး သူ အလျှင်အမြန် အင်မော်တယ်ဖြစ်လာရန်လည်း ဖိအားမပေးလိုခဲ့ပေ။

သူမက ကျန်းလန်ကို အောင်မြင်စေချင်ပြီး မကျရှုံးစေလိုခဲ့ပေ။ ကျန်းလန်က ထူးခြားသည့်စိတ်စွမ်းအားကို ပိုင်ဆိုင်သူဖြစ်သည့်တိုင် ရှောင်ယွိက သူ့အတွက် စိုးရိမ်ပူပန်နေခဲ့လေသည်။

ရှောင်ယွိက ကျန်းလန်လောက်စိတ်စွမ်းအားကောင်းသူ မဟုတ်ပေ။

"ကျန်းလန်က မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ တောင်ပေါ်တွင် တစ်ယောက်တည်းကျင့်ကြံနေသည့် အင်မော်တယ်အိုကြီးတစ်ယောက်နှင့်တူသည်" ဟု ရှောင်ယွိက ကျန်းလန်အကြောင်း ပြောလေ့ရှိသည်။

သူ့အနားတွင် ဂရုစိုက်ပေးမည့်ရှောင်ယွိသာမရှိလျှင် ကျန်းလန်က နောက်ထပ်ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ရောက်ရှိသွားဦးမည် ဖြစ်သည်။

ခွန်လွန်တောင်တွင် ကျန်းလန်ကဲ့သို့ ဉာဏ်အလင်းပွင့်နိုင်သည့်တပည့်မှာ အမှန်တကယ်ပင် အလွန်နည်းပါးလှသည်။ ထို့ပြင် ကျန်းလန် နာမ်ဝိညာဉ်ရောင်ပြန်ပညာကို သင်ယူနိုင်ခြင်းက ပို၍ပင် အထင်ကြီးစရာ ကောင်းလှ၏။

သူက အစီအရင်ပညာတွင်လည်း ခွန်လွန်တောင်မှ တပည့်များအလယ်တွင် နံပတ် (၁) ပါရမီရှင်ဟု ဆိုနိုင်သည်။

ကျန်းလန်က ကျင့်ကြံခြင်းတွင် ပါရမီမရှိသော်လည်း အခြားပညာရပ်များတွင် ထူးချွန်သူ ဖြစ်သည်။

မြောင်ယွဲ့က…

"ဒါဖြင့် ကျန်းလန်အတွက် ပြဿနာနည်းနည်းရှိတယ်ဆိုတဲ့ သဘောပေါ့"

လျိုကျင်းက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး…

"ဘယ်လိုအခက်အခဲတွေပဲရှိရှိ မင်္ဂလာပွဲကတော့ အထမြောက်အောင် လုပ်ရမှာပဲလေ ၊ ကျုပ်အနေနဲ့ ခွန်လွန်တောင်အတွက် ကျောက်စိမ်းရေကန်နတ်ဘုရားမက ဘယ်လောက်အရေးပါတယ်ဆိုတာကို အကျယ်တဝင့် ပြောနေစရာ မလိုတော့ပါဘူး ၊ ဆိုတော့ ဒီမင်္ဂလာပွဲက အောင်မြင်ဖို့ပဲ ဖြစ်လာရမယ် ၊ ပျက်စီးသွားလို့မဖြစ်ဘူး"

ခဏနားပြီးမှ လျိုကျင်းက ဆက်ပြောသည်။

“ကျုပ်မှာ အကြံတစ်ခုရှိတယ်"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံမော့သောက်ရင်း…

"ဘာအကြံလဲ"

ဖုန်းယီရှောက်ကလည်း…

"ပြောကြည့် ၊ ကျုပ်တို့ဘာလုပ်ရမလဲဆိုတာ"

ကျန်းလန်နှင့် လုန်ယွိ၏ လက်ထပ်ပွဲက တတိယတောင်ထွတ်နှင့် နဝမတောင်ထွတ်၏ ကိစ္စမဟုတ်ပေ။ ခွန်လွန်တောင်တစ်ခုလုံးနှင့်သက်ဆိုင်သည့် ကိစ္စတစ်ခု ဖြစ်သည်။

ထို့ကြောင့် မည်သည့်ကိစ္စများတားဆီးပါစေ မင်္ဂလာပွဲကို ချောချောမွေ့မွေ့ဖြစ်စေရန် ဆောင်ရွက်ရပေလိမ့်မည်။ သူတို့ကို မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။

ကျောက်စိမ်းရေကန်မှ တန်ခိုးစွမ်းအားများ ခွန်လွန်တောင်၏ တောင်ထွတ်များဆီ စီးဆင်းပျံ့နှံ့နေစေရန်အတွက် ကျောက်စိမ်းရေကန်နတ်ဘုရားမ ရှိနေရန် လိုအပ်သည်။

သို့မှသာ ခွန်လွန်တောင် လျှင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။

ထို့ကြောင့် အရေးပါမှုအတိုင်းအတာအရ လုန်ယွိကို ရရှိရန်အတွက် နဂါးမျိုးနွယ်များနှင့် စစ်ခင်းရလျှင်ပင် တန်သည်ဟု ဆိုနိုင်သည်။

တောင်သခင်များအားလုံးက လျိုကျင်းကို ကြည့်လိုက်ကြ၏။

"ကျောက်စိမ်းရေကန်နတ်ဘုရားမက ခွန်လွန်တောင်အတွက် အရမ်အရေးကြီးတယ် ၊ ဒီတော့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ကျုပ်တို့တွေ လုံလောက်တဲ့ ရိုးသားမှုကို ပြကြရလိမ့်မယ်"

ခဏနားပြီးမှ လျိုကျင်းက ဆက်ပြောသည်။

"ဒီတော့ တောင်ထွတ်တိုင်းက မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်မှုပြုလုပ်ရမယ် ၊ ဒါကို ကျုပ်တို့က မင်္ဂလာပွဲအတွက် တောင်ထွတ်အသီးသီးက ပေးတဲ့ ကောင်းချီးမင်္ဂလာလို့ ယူဆမယ် ၊ ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးမှာ တိုင်လုံး (၉)ခု ရှိတယ် ၊ တောင်ထွတ်တစ်ခုတိုင်းက တိုင်လုံးတစ်ခုကို တာဝန်ယူပြီး မီးရောင်ထွန်းညှိရမယ် ၊ တိုင်လုံးတစ်ခုကို နှစ်ပေါင်း (၂၀)ကြာအောင်ထွန်းလင်းပြီး စုစုပေါင်း နှစ်ပေါင်း (၁၈၀) လင်းလက်နေစေရမယ်"

လျိုကျင်းက တောင်သခင်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"အဲဒီအချိန်ရောက်ရင် ကျန်းလန်လည်း အင်မော်တယ်အဖြစ်အဆင့်တက်နိုင်ပြီး လက်တောင်ထပ်ပြီးနေလောက်ပါပြီ ၊ ဒါပေမဲ့ အဲဒီလို မဖြစ်သေးရင်လည်း နောက်ထပ် နှစ်နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့ ၊ ဘယ်လိုလဲ"

ဤသည်က ဇနီးမောင်နှံအသစ်စက်စက်အတွက် ကောင်းချီးမင်္ဂလာပေးခြင်းဖြစ်သော်လည်း ရက်ရောလှသည့် လက်ဆောင်တစ်ခုလည်းဖြစ်သည်။

"ကျွန်မကတော့ ငြင်းစရာမရှိပါဘူး"

တတိယတောင်ထွတ်၏တောင်သခင်မ ကျူးချင်က သူမ၏သဘောထားကို ချက်ချင်းပြောလိုက်သည်။

မော့ကျန်းသုန့်က…

"ကျုပ်လည်းပဲ ငြင်းစရာ မရှိပါဘူး"

ကျန်းလန်က သူ့တပည့်ဖြစ်လေသည်။

သို့ဖြစ်ရာ ကျန်းလန်ရရှိသည့်အရာများပြားလေ သူ ရှေ့ဆက်လျှောက်ရမည့် ခရီးလမ်းက လွယ်ကူလေ ဖြစ်ပေလိမ့်မည်။

မျက်နှာကို ပုဝါဖြင့် လွှမ်းခြုံထားသည့် မြောင်ယွဲ့၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

"ကျွန်မတို့ (၉)ယောက်တည်းကတော့ မတရားဘူးထင်တယ်နော် ၊ ဂိုဏ်းချုပ်လည်း အခုတလော လှုပ်ရှားမှုနည်းနည်း ရှိတယ်မဟုတ်လား ၊ သူ့ကိုပါထည့်လိုက်လေ ၊ ဂိုဏ်းချုပ်ကိုယ်တိုင်သာ ပါဝင်မယ်ဆိုရင် ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်တော့ဘူး"

ဖုန်းယီရှောက်က ရယ်မောလိုက်ရင်း…

"အမှန်ပဲ ၊ ကျုပ်လည်း သဘောတူတယ်"

ကျိုးကျုန်းထျန်းက သေရည်သောက်နေရင်းမှ…

"ကျုပ်လည်း ငြင်းစရာမရှိပါဘူး ၊ မင်းတို့တွေ ဆုံးဖြတ်ကြပါ"

ဤသို့သော အသေးအဖွဲကိစ္စများတွင် သူက ပါဝင်လေ့ မရှိပေ။

လျိုကျင်းက…

"ဘယ်သူမှ မကန့်ကွက်ကြဘူးဆိုတော့ စတုတ္ထတောင်ထွတ် ၊ ဆဋ္ဌမတောင်ထွတ်နဲ့ သတ္တမတောင်ထွတ်တွေလည်း သဘောတူတယ်လို့ မှတ်ယူလိုက်မယ်"

ဖုန်းယီရှောက်က ပြုံးလိုက်ရင်း…

"ဒါဖြင့် ကျုပ်အရင် စလိုက်မယ်လေ"

ထို့နောက် ပထမတောင်ထွတ်မှ စတင်ပြီး ခွန်လွန်တောင်အဓိကခန်းမဆောင်၏ တိုင်လုံး (၁)ခုတွင် မီးတိုင်တစ်ခု ထွန်းညှိလိုက်သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ မင်္ဂလာလက်ထပ်ပွဲအတွက် သူတို့အားလုံး တွန့်တိုခြင်း မရှိခဲ့ကြပေ။

***

ကျန်းလန် ကျောက်စိမ်းရေကန်သို့ ရောက်လာသည်။

အရာအားလုံး ပြင်ဆင်ပြီးပြီဖြစ်လေရာ အစီအရင်ဆက်လက်တည်ဆောက်ရန်သာ ရှိတော့သည်။ အသုံးပြုထားသည့်သွေးများနှင့်ပတ်သက်၍လည်း မည်သည့်အမှားအယွင်းမှ မရှိခဲ့ပေ။

တစ္ဆေတိုင်းပြည်အကြောင်းကိုတော့ လောလောဆယ် ကျန်းလန် မစဉ်းစားသေးပေ။ အချိန်လည်းလိုသေးသည် မဟုတ်ပါလား။

လုန်ယွိအတွက် အစီအရင်ပြီးမြောက်သွားသည်အထိ တစ္ဆေတိုင်းပြည်က ယာဇ်ပူဇော်ပွဲ ကျင်းပဦးမည် မဟုတ်ပေ။

"ဟိုလူကို မေးခွန်းတစ်ခုမေးဖို့ မေးသွားတယ်ကွာ ၊ ဧကရာဇ်ယိုတုဆိုတဲ့နာမည်ကို ဘယ်လိုစဉ်းစားမိတာလဲလို့ မမေးလိုက်ရဘူး"

ကျန်းလန် တွေးလိုက်သည်။

ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကတော့ ဧကရာဇ်ယိုတုနှင့် အဆင့်အတန်း မတူညီလောက်ပေ။

သူ များစွာတွေးမနေတော့ဘဲ အစီအရင် စတင်ပြုလုပ်လိုက်သည်။

လုန်ယွိကတော့ ကျောက်စိမ်းရေကန်ထဲတွင် ကျင်ကြံလျှက်ရှိသည်။ "သူမ ရေထဲတွင် ကျင့်ကြံနေစဉ် ခိုးမကြည့်ရဘူး" ဟုလည်း ကျန်းလန်ကို မှာကြားထားလေ၏။

ညနေခင်းတွင်တော့…

ကျန်းလန် ကျောက်စိမ်းရေကန်နံဘေးသို့ ရောက်ရှိလာသည်။ တစ်နေ့တာလုံးအစီအရင်များ ပြုလုပ်ခဲ့ပြီ ဖြစ်ရာ ညပိုင်းတွင် ကျင့်ကြံရမည် မဟုတ်ပါလား။

ကျန်းလန် ကျောက်စိမ်းရေကန်အတွင်းသို့ တစ်ချက်ကြည့်လိုက်သည်။

လုန်ယွိသည် ရေထဲတွင် ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်ထားသည့် အနေအထားဖြင့် ကျင့်ကြံနေကြောင်း တွေ့မြင်လိုက်ရသည်။

သူမ၏ဆံနွယ်ရှည်များက ရေထဲတွင်မျောလွင့်လျှက် ရှိသည်။

နဂါးတစ်ကောင်ပုံစံနှင့်ဆိုလျှင် ယခုလိုပုံစံက မည်သို့ရှိမည်နည်း။ ဤပုံစံက နဂါးတစ်ကောင်ခွေနေသည့် ပုံစံမျိုးလား။

ထို့နောက် ကျန်းလန် မက်မွန်ပင်အောက်တွင်ထိုင်ကာ မျက်လုံးများကို မှေးမှိတ်ပြီး စတင်ကျင့်ကြံလိုက်သည်။ သူက ရွှေခန္ဓာရရှိအောင် ကျင့်ကြံနေခြင်း ဖြစ်ပြီး တာအိုတန်ခိုးစွမ်းအားများက ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားသည်။

ကျင့်ကြံခြင်းက အရင်ကထက်ဆာလျှင် ပိုမိုချောမွေ့လာခဲ့သည်။

ယခင်က စမ်းချောင်းငယ်ပမာ စီးဆင်းနေသည့် တာအိုတန်ခိုးစွမ်းအားများသည် ယခုအခါ တဟုန်ထိုး စီးဆင်းနေသော မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။

ကျင့်ကြံခြင်းအရှိန်အဟုန်သည်လည်း မည်သည့်အရာနှင့်မှ နှိုင်းယှဉ်မရအောင် လျှင်မြန်လွန်းလှသည်။ ဤနှုန်းဖြင့်သာ ကျင့်ကြံသွားမည်ဆိုလျှင် အနှစ် (၄၀၀)အတွင်း မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်သွားနိုင်သည်။

သို့သော် အနှစ် (၄၀၀) ဆိုသည်က အနည်းငယ်အလှမ်းဝေးသေးသည်။

လောလောဆယ်တွင် အများအမြင်တွင် လူသားအင်မော်တယ်အဆင့်ရောက်ရှိရန်အတွက် အာရုံစိုက်ရဦးမည် ဖြစ်သည်။

သူ ဂိုဏ်းထဲသို့ ရောက်သည်မှာ (၄၃၅)နှစ်ရှိပြီ ဖြစ်ပြီး မကြာမီ (၄၃၆)နှစ် ပြည့်တော့မည် ဖြစ်၏။

အများအမြင်တွင် သူ၏ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ အလယ်ဆင့်ဖြစ်ပြီး တောင်သခင်များနှင့်အကြီးအကဲများသာ သိမြင်နိုင်သည့် ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့် ဖြစ်သည်။

သူ အင်မော်တယ်အဖြစ် အဆင့်တက်ရန် နှစ်ပေါင်း (၁၅၀) လိုသေးသည်။ ထို့ကြောင့် နှစ်ပေါင်း (၁၄၀)ကျော်သည်နှင့် ပြင်ပလောကသို့ထွက်ခွာပြီး နှစ်အနည်းငယ် အချိန်ဖြုန်းရမည် ဖြစ်သည်။

ခရီးမှပြန်လာသည့်အခါ သူက လူသားအင်မော်တယ်တစ်ယောက် ဖြစ်နေပေလိမ့်မည်။ ပြီးလျှင်တော့ လုန်ယွိနှင့်လက်ထပ်ရမည် ဖြစ်၏။

သူ၏ ကျင့်ကြံခြင်းအဆင့်တက်ခြင်းက ခွန်လွန်တောင်မှ ပါရမီရှင်တပည့်များထက် နှစ်အနည်းငယ် ပိုမြန်နေသည်။ သို့သော် ဤသည်က အရေးမကြီးသလို ကျင့်ကြံခြင်းအရှိန်အဟုန်ကို လျှော့ချလိုက်စရာလည်း အကြောင်း မရှိပေ။

တောင်သခင်များကလည်း သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်ပတ်သက်ပြီး မည်သည့်စကားမှမဆိုကြပေ။

ရှောင်ယွိ တစ်ယောက်တည်းကျင့်ကြံနေချိန်တွင် ကျန်းလန်သည်လည်း ကျောက်စိမ်းရေကန်မှ တစ်ဖဝါးမှ မခွာခဲ့ပေ။ သူထွက်ခွာသွားပြီး နောက်တစ်ခေါက် ကျောက်စိမ်းရေကန်သို့ ပြန်လာပါက လုန်ယွိ ကျင့်ကြံနေခြင်း အနှောက်အယှက်ဖြစ်သွားမည်စိုးရိမ်သောကြောင့် ဖြစ်၏။

ဤနေရာတွင် အတူတကွ ကျင့်ကြံခြင်းက ပြဿနာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။

ကျင့်ကြံရန်အတွက် သက်သောင့်သက်သာအရှိဆုံးနေရာမှာ ကျောက်စိမ်းရေကန်၏ထောင့်တွင်ဖြစ်သည်ဟု ကျန်းလန် ခံစားရသည်။

ထိုနေရာကို တစ်စုံတစ်ယောက်က သန့်ရှင်းရေးပြုလုပ်ထားဟန် ရှိသည်။

"ဒီနေရာကို ဂိုဏ်းတူအစ်မများ သန့်ရှင်းရေးလုပ်ထားတာလား"

ကျန်းလန် ပဟေဠိဖြစ်မိသော်လည်း သိပ်တွေးမနေတော့ပေ။

ထို့နောက် ကျန်းလန်သည် နေ့ခင်းဘက်တွင် အစီအရင်ကို အာရုံစိုက်ပြီး ညအချိန်တွင် ကျင့်ကြံခဲ့သည်။ မကျင့်ကြံမီ ရေထဲတွင် ကျင့်ကြံနေသည့် လုန်ယွိကို တစ်ချက်မျှလှမ်းကြည့်ရသည်ကလည်း အကျင့်ပါလို့ နေခဲ့ပြီ။

သူမသည် ကူရာကယ်ရာမဲ့နေသည့် မိန်းကလေးတစ်ယောက်လို သူမ၏ဒူးကို ပွေ့ပိုက်လျှက် ထိုင်နေခဲ့သည်။

သို့သော် ကျန်းလန်စိတ်ထဲမှ မေးခွန်းထုတ်မိသည်မှာ-

"ဒီလို ဒူးတွေ ရင်ဘတ်ပေါ်ဖိထားတော့ ရင်ဘတ်တွေ ကြပ်ပြီး ပိတ်လှောင်မနေဘူးလား"

နဂါးတစ်ကောင်ခွေနေလျှင်တော့ ထိုရင်ဘတ်များက ပြဿနာမဖြစ်နိုင်ပေ။ သို့သော် နဂါးဖြစ်နေလျှင်လည်း ခြေထောက်များက ပြဿနာ ရှိနေဦးမည် ဖြစ်၏။

လူတစ်ယောက်က လက်များကို ဘေးသို့ ဖြန့်ကားထားနိုင်သော်လည်း နဂါးတစ်ကောင်က ထိုသို့ပြုလုပ်နိုင်မည် မဟုတ်ပေ။

ကျန်းလန် လုန်ယွိကို နောက်တစ်ခါ ထပ်ကြည့်လိုက်သည်။

လူသားများနှင့် နဂါးများတွင် မတူညီသည့်အချက် များစွာရှိနေကြောင်း သူ ခံစားလိုက်ရလေတော့၏။

All Chapters