အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
Ch 53
( အတင်းအကျပ် ဖိအားပေးခံရခြင်း)
အရိုးဈေးထဲတွင် အခြေအနေက တင်းမာလျက် ရှိသည်။ ယန်ဖန်း၊ လျိူဝူယန်းနှင့် ယွင်ကျစ်ချိုးတို့ သုံးယောက်လုံးက ချီသန့်စင်ခြင်းပြီးပြည့်စုံအဆင့် ကျင့်ကြံသူများ ဖြစ်လေသည်။
ထိုသုံးယောက်၏ ပြင်းထန်နေသော လေထုကြားထဲကို အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အလင်းတန်းက နီးကပ်လာခဲ့ပြီး ဘုန်းတော်ကြီးတစ်ပါးအသွင်ပြောင်း သွားသည်။ ထူးဆန်းသော ဒုတ်တစ်ချောင်း ကိုင်ထားသော ထိုဘုန်းကြီးက ယွင်ကျစ်ချိုးကို အရိုအသေပြုလိုက်သည်။
“ ဒကာလေးယွင်ကို ကျုပ် မင်ချန်း အရိုအသေပေးပါတယ်”
ယွင်ကျစ်ချိုး ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ဂရုမစိုက်စွာပြောလိုက်၏။
“ နတ်ဆိုးသတ်ဖြတ်သူဘုန်းတော်ကြီး မင်ချန်း.. ကျုပ် မင်းအကြောင်း ကြားဖူးပါတယ်။ မင်းက ကျုပ်ဦးလေးနဲ့ နှစ်တစ်ချို့လောက်အထိ ကံစပ်ခဲ့ပုံပဲ”
“ ဒကာလေးက အမြင်စူးရှတာပဲ”
မင်ချန်း အပြုံးတစ်ခုဖြင့် ပြောလာ၏။
“ အတိတ်မှာတုန်းက အကြီးအကဲယွင် အရှေ့ပင်လယ်ရဲ့ မကောင်းဆိုးဝါးကို ရှာဖွေတဲ့အချိန်မှာ ကျုပ်ရဲ့ ဘုရားကျောင်းထဲ အနားယူခဲ့တယ်။ ဒါကြောင့်ပဲ ကျုပ်ရဲ့ လက်ရှိအောင်မြင်မှုတွေကို ရရှိခဲ့တာလို့ ပြောရမှာပေါ့”
အရိုးတောင်ထဲမှာ အခြေခံတည်ထောင်ခြင်းအဆင့် အခွင့်အရေး ထွက်ပေါ်လာမှုက ကျင့်ကြံသူအများကြီးကို အာရုံစိုက်စေခဲ့သည်။ ရှန်းဝူဂိုဏ်း၊ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းနှင့် ရှေးဦးသူတော်စင်ဂိုဏ်းသာမက၊ အလွတ်တန်း ကျင့်ကြံသူအများကြီးလည်း ရောက်နေကြသည်။ နတ်ဆိုးသတ်ဖြတ်သူဘုန်းတော်ကြီး မင်ချန်းက အလွန်ရှားသော ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် အလွတ်တန်းကျင့်ကြံသူတစ်ယောက်ပင်။
သို့ပေမဲ့ ထိုသူ၏အလေးပေးမှုက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းဘက်မှာ ရှိနေတာ သိသာပါသည်။
ယန်ရှန်းကျန့်ယန်၏ နောက်ခံရထားသော လျိုဝူယန်းက တည်ငြိမ်နေပေမဲ့ ယန်ဖန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ထို မင်ချန်းက မရိုးရှင်းပါချေ။
သူသည် မူလက သာမာန်သေမျိုးတစ်ယောက် ဖြစ်သည်။ သို့ပေမဲ့ ဘဝသုံးဆက်မှာ အလွန်အားကောင်းသော ကိုးကွယ်မှုရှိခဲ့၍ ခိုင်မာသော စိတ်နှလုံးကြောင့် ဗုဒ္ဓဂိုဏ်းနှင့် ရေစက်တစ်ခုဖြစ်တည်လာသည်။ ဤဘဝမှာ ဗုဒ္ဓဂိုဏ်း၏ အဆင့်မြင့်အမွေအနှစ်တစ်ခုကို လက်ခံရရှိခဲ့သည်။
သုံးဘဝကံတရားအကျိုးကြောင့် ဗုဒ္ဓဂိုဏ်းထဲ ရောက်သည်နှင့် သူ၏ကျင့်ကြံမှုက လျှင်မြန်စွာ တိုးတက်လာသည်။ ထို့အပြင် သူရရှိခဲ့သော အမွေအနှစ်က ဗုဒ္ဓဂိုဏ်း၏ အကြမ်းဆုံးလက်နက်ဖြစ်သော နတ်ဆိုးသတ်ဖြတ်ခြင်း တုတ်ကောက် ဖြစ်လေသည်။ ထိုသူက နတ်ဆိုးဂိုဏ်းသားတွေနှင့် မကြာခဏ တိုက်ခိုက်လေ့ရှိပြီး၊ အတွေ့အကြုံကြွယ်ဝသည်။ ယန်ဖန်းနှင့် ထိပ်တိုက် တိုက်ခိုက်ကြလျှင်တောင် ယန်ဖန်း အနိုင်ရဖို့ မသေချာပါချေ။
“ ဒီလောက်ဆို မြောင်ကျန်း ပြန်ရောက်သင့်နေပြီ”
ယွင်ကျစ်ချိုးက လက်ချောင်းချိုးကာ ရေတွက်လိုက်ပြီး နှစ်ပိုင်းဖြတ်ခံလိုက်ရသော ယွင်မြောင်ချင်းအပေါ် အကြည့်ရောက်သွားပြန်သည်။ ထို့နောက် သူ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
“ မြောင်ချင်း သူမရဲ့ ကပ်ဘေးကို မကျော်လွှားနိုင်ခဲ့တာ စိတ်မကောင်းစရာပဲ”
“ အော်မီသိုဖော်”
မင်ချန်းက စိတ်ပူစွာ ပြောလိုက်သည်။
“ မြောင်ကျန်း အဆင်ပြေဖို့မျှော်လင့်ပါတယ်”
“ မဟုတ်ဘူး၊ အတွေးလွန်နေပြီ”
ယွင်ကျစ်ချိုးက ရယ်မောရင်းမှ ပြောလာသည်။
“ သွေးတာဝါအရှင်က အရိပ်ဖမ်းသိုင်းကို ကျင့်ကြံထားပြီး အရည်အချင်းရှိတာ မှန်ပေမဲ့ မြောင်ချင်း သေသွားပြီဆိုတော့ မြောင်ကျန်း ဘေးကင်းသွားပါပြီ”
“ ဒါပေမဲ့ ဒါက ကံတရားကြောင့်ပဲ။ မြောင်ချင်းက အဲ့ဒီနတ်ဆိုးကောင်လေးနောက်ကို ဆယ်နှစ်လုံး လိုက်ခဲ့ပေမဲ့ တစ်ခါမှ မခံစားခဲ့ရဖူး။ ဒါကြောင့် ဒီနေ့သူ့လက်ချက်နဲ့ သေရတာပဲ”
မင်ချန်း နားလည်စွာကြည့်လိုက်ပြီးမှ အရိုးဈေးထဲကို ပြန်ကြည့်လိုက်ပြီး အတွေးများသွားသည်။ သူသည် ဤနေရာကို စကားပြောဖို့ ရောက်လာတာမဟုတ်ပါချေ။ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းကို အသုံးချပြီး အမြင့်တက်နိုင်ဖို့ ရည်ရွယ်ပြီး ရောက်လာတာဖြစ်သည်။ နာမည်ကြီး ဂိုဏ်းတစ်ခုအတွင်း ဝင်ရောက်ဖို့ အခွင့်အရေးရှိမည်ဆိုလျှင် ဘယ်သူကများ အလွတ်တန်း ကျင့်ကြံသူတစ်ဦး လုပ်လိုမှာလဲ။
ထိုအချိန်မှာပဲ အရိုးဈေးအတွင်းပိုင်းထဲမှာ ပေါက်ကွဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
ယွင်ကျစ်ချိုး ရယ်မောလိုက်တော့၏။
“ ဂိုဏ်းတူညီမလေး အနိုင်ယူပြီး ပြန်လာပြီထင်တယ်”
ကောင်းကင်ဘုံလွတ်လမ်းဓားက ကြမ်းတမ်းစွာ တုန်ယင်သွားပြီး အထဲရှိ ဟင်းလင်းပြင်နယ်မြေကနေ အလင်းတစ်ခု ဖောက်ထွက်ကာ အပြင်ရောက်လာသည်။
“..ဟမ်”
ယွင်ကျစ်ချိုး၏ ရယ်သံကြီး ရုတ်ချည်း ရပ်တန့်သွားသည်။
ယန်ဖန်းလည်း အံ့သြနေသည်။ ထို့အတူ လျိုဝူယန်းသည်လည်း မယုံကြည်နိုင်သော မျက်လုံးများဖြင့် လေထဲက ပုံရိပ်ကို ကြည့်နေမိ၏။
“...လုယန်.. သူ အသက်ရှင်နေတယ်”
“ ယွင်မြောင်ကျန်း ဘယ်မှာလဲ”
လုယန်က အဖက်မလုပ်စွာပဲ ဦးခေါင်းကို မော်ချီထားပြီး လက်တစ်ဖက် ဆန့်လိုက်သည်။ ပိုင်ရှင်မဲ့သွားသော ကောင်းကင်ဘုံလွတ်လမ်းဓားက သူ့လက်ထဲ ရောက်လာတော့၏။
ထိုကောင်းမွန်သော ရတနာက သူနှင့် ကံတရားဆက်နွယ်သွားသည်။
ထိုအချိန်မှာပဲ ယွင်ကျစ်ချိုးက အလင်းအသွင်ပြောင်းပြီး အရိုးဈေးဝင်ပေါက် အစွန်းနားကို ပျံသန်းလိုက်သည်။ ထို့နောက် လုယန်ကို နက်ရှိုင်းစွာ ကြည့်လိုက်ကာ
“ ငါမင်းကို အထင်သေးခဲ့မိတယ်”
လုယန် ဘေးတစ်စောင်း ပြန်ကြည့်လိုက်ပါသည်။
“... မင်းက ဘယ်သူလဲ”
“ ယွင်ကျစ်ချိုး၊ ယွင်မြောင်ကျန်းရဲ့ ဂိုဏ်းတူအကိုပဲ”
ယွင်ကျစ်ချိုးက တည်ငြိမ်စွာ ဆက်ပြောသည်။
“ မြောင်ကျန်းရဲ့ အမတလမ်းကြောင်းက မထိခိုက်သေးဘူး။ သူမရဲ့စစ်မှန်ဝိညာဥ်ထုတ်ပေးလာခဲ့၊ ငါသူမကို ပြန်မွေးဖွားဖို့ လုပ်ရမယ်”
လုယန် ထိုစကားကြောင့် ခဏရပ်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ ဟေ့ကောင်၊ မင်းမသိဘူးလား။ ငါက ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ”
ယွင်ကျစ်ချိုး မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
“ မင်း သူမကို.ဘာလုပ်လိုက်တာလဲ”
လုယန်ကတော့ လျစ်လျူရှုထားပြီး ခပ်ညစ်ညစ် ရယ်မောနေဆဲပင်။
“ ညီနောင်ရေ၊ မင်းရဲ့ မြောင်ကျန်းက တိုင်းပြည်ဘုရင်မတစ်ပါးလို လှပကျက်သရေရှိပြီး အင်မတန် တော်တဲ့ မိန်းကလေးလေကွာ၊ သေချာပေါက် ငါ့ဆီမှာ အနိုင်ကျင့်ခံရပြီးမှ အသတ်ခံရမှပေါ့”
ယွင်ကျစ်ချိုး မျက်ခုံးပင့်သွားပြီး ဒေါသထွက်စပြုလာသည်။
“ မင်းကများ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ သိုင်းကို တပ်မက်ရဲတယ်”
ယွင်ကျစ်ချိုး၏ မျက်လုံးက လူသတ်အငွေ့များဖြင့် အေးစက်သွားသည်။
လုယန်ကလည်း ဂရုမစိုက်နေပါချေ.. ကျယ်ပြောသောကောင်းကင်ကြီးကိုသာ ရုတ်တရက် မော့ကြည့်လိုက်သည်။
‘ သေစမ်း၊ ငါ ပုန်းနေလို့ မရတော့ဘူးပဲ’
သူ ယွင်မြောင်ကျန်းကို သတ်လိုက်ပြီးကတည်းက အုပ်စုလိုက် တိုက်ခိုက်မှုကို ရင်ဆိုင်ရတော့မည်ဆိုတာ လုယန် သိပြီးသားပင်။
သို့ပေမဲ့ ယွင်မြောင်ကျန်း သေဆုံးချိန်မှာ အလွန်များပြားသော ချီစွမ်းအင်တွေ ဝင်ရောက်လာပြီး သူ၏ အသိအာရုံလည်း ပိုနက်ရှိုင်းလာခဲ့သည်။ လှုပ်ရှားမှုမရှိ တည်မြဲနေခဲ့သော အတားအဆီးပင် အနည်းငယ် ပြေလျော့လာပြီး.. အဆင့်တက်နိုင်ဖို့ မျှော်လင့်ချက် ရောင်ခြည်လေးကို သူ ခံစားခဲ့ရသည်။
ထို့အတူ ယွင်မြောင်ကျန်းကို သတ်ရုံအပြင် လုယန်မှာ ရွေးစရာမရှိခဲ့ချေ။
‘ ဒီကပ်ဘေးက ငါရှောင်လို့မရဘူး။ အခြေခံတည်ထောင်ခြင်းကောင်က နောက်ကွယ်ကနေ သူမကိုစေလွှတ်ခဲ့တာပဲ။ ငါမသေချင်ရင် သူမကို သတ်မှရမယ်’
ဒါကသူ့ကို လှုပ်ရှားဖို့ အတင်းအကျပ် ခိုင်းစေခဲ့တာပင်။
ထိုသူစီစဥ်သည့်အတိုင်း သူ ယွင်မြောင်ချင်းဆီမှာ အသတ်ခံလိုက်မလား။ သို့မဟုတ်.. ကိုယ်လွတ်ရုန်းပြီး သူမကို သတ်ပစ်ရမလား.. သူ့မှာ ရွေးစရာမရှိချေ။
အခြေခံတည်ထောင်ခြင်းကောင်က သည်းမခံနိုင်လောက်အောင် သူ့ စိတ်ကို ဆွနေခဲ့သည်။
လုယန် ပုန်းနေလို့မရတော့မှန်း နားလည်လိုက်သောကြောင့် ယွင်ကျစ်ချိုး၏ ခြိမ်းခြောက်မှုကို အနည်းငယ်တောင် စိတ်မဝင်စားခဲ့တာဖြစ်သည်။
ထိုအခြေခံတည်ထောင်ခြင်းကောင်က အသေအကြေတိုက်ပွဲတွေ လိုချင်နေမှတော့.. သူကသေချာပေါက် ပါဝင်ပေးရတော့မှာပေါ့။
လုယန် သက်ပြင်းတစ်ချက်ချလိုက်ပြီး တည်ငြိမ်စွာ ယွင်ကျစ်ချိုးကို ပြန်ကြည့်လိုက်သည်။ အကောင်းဘက်က ကြည့်မည်ဆိုလျှင် သူကအနည်းဆုံးတော့ တန်ဖိုးထားခံရသေးတာပဲ။
‘ ငါကအားနည်းရမှာ မကြောက်ဘူး။ မင်းတို့တွေငါ့ကို တန်ဖိုးမထားမှာပဲ စိုးတာ’
အသက်ပေါင်းများစွာ ရှင်သန်ပြီးနောက်မှာ ရှေးဦးသူတော်စင်ဂိုဏ်းက တန်ဖိုးရှိတဲ့သူကိုပဲ အသက်ရှင်ခွင့်ပေးကြမှန်း လုယန် ရှင်းရှင်းလင်းလင်း နားလည်ပြီးသားပင်။
ထိုအချိန်မှာပဲ နောက်ထပ် လူတစ်ယောက်ပါ ရောက်လာသည်။
“ အော်မီသိုဖော်”
ထိုသူက အရှေ့ထွက်လာပြီး ပြောလာသည်။
“ ဒကာလေးလု၊ ဒီဘေးကို မင်းပြေးမလွတ်တော့ဘူးဆိုတာ မင်းလဲ သိမှာပါ။ ဒါပေမဲ့ ဒီဘုန်းတော်ကြီးမှာ မင်းကို ဒုက္ခပင်လယ်ကနေ ကယ်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုရှိတယ်”
“ အိုး.. ငါ့ကိုကယ်တင်မှာလား”
လုယန် တစ်ဖက်လူကို ကြည့်ပြီးမှ မျက်နှာကို မဲ့လိုက်သည်။
“ ဒါဆို သခင်ကြီးကို ကျေးဇူးတင်တာပေါ့။ ဒါပေမဲ့ သခင်ကြီးက ဘယ်နည်းလမ်းကို ပြောတာပါလဲ”
မင်ချန်းက ပေါ့ပါးစွာပြောသည်။
“ ဒကာလေးလုက ဒီဘဝမှာ နတ်ဆိုးဂိုဏ်းနဲ့ ဆက်နွယ်နေပြီး.. ကယ်မရတဲ့ မကောင်းမှုတွေ ပြုခဲ့တယ်ဆိုပေမဲ့ ကြင်နာတတ်တဲ့ နှလုံးသားကို.ပိုင်ဆိုင်ထားသေးတယ်။ ဒါကြောင့် ဒီဘုန်းကြီးက ဒကာလေးကို ပြန်လည်မွေးဖွားခြင်းလမ်းစဥ်ထဲ ကိုယ်တိုင် ပို့ပေးပါ့မယ်။ ပြန်မွေးဖွားလာပြီးရင် ဒကာလေးကို တပည့်အဖြစ် လက်ခံပေးမယ်။ ဒကာလေးလည်း စစ်မှန်လမ်းကြောင်းရဲ့ အသီးအပွင့်ကို ခံစားနိုင်တာပေါ့”
လုယန် ဆွံ့အသွားပါသည်။
‘ငါလခွေး၊ အသေသတ်တဲ့ကိစ္စကို ဒီလောက်လှအောင် ပြောစရာလိုလား’
“ ပြန်လည်မွေးဖွားခြင်းလမ်းစဥ်ထဲ ကိုယ်တိုင်ပို့ပေးမယ်ဆိုတော့.. သခင်ကြီးကလဲ ငါ့ကိုသတ်ချင်နေတာလား”
“ သတ်တာမဟုတ်ဘဲ ကံတရား ဆက်နွယ်ဖို့ အားထုတ်ပေးတာပါ ဒကာလေးလု”
မင်ချန်း၏ မျက်နှာက တည်ငြိမ်နေပြီး လေသံမှာ ကြင်နာခြင်းတွေ ယိုဖိတ်နေသည့်နှယ် ချိုမြသည်။
“ ပြန်လည်မွေးဖွားလာပြီးရင် ဒကာလေးကို ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းမှာ အနှစ်သုံးဆယ် အလုပ်အကြွေးပြုစေမယ်။ ဒါဆို ဒကာလေးရဲ့ ကံတရားကရှင်းလင်းသွားပြီး စစ်မှန်လမ်းကြောင်းမှာ လွတ်လပ်စွာ ကျင့်ကြံနိုင်လိမ့်မယ်”
“ အဲ့စစ်မှန်လမ်းကြောင်းကို ငါ့ဖင်ပဲ လာသုတ်ခိုင်းလိုက်”
လုယန် ကျယ်လောင်စွာ ပြောလိုက်တော့၏။
“ သောက်စကားတွေက ဘယ်လောက်ပြောပြော၊ နားဝင်ချိုလာမှာ မဟုတ်ဘူး။ တိုက်မှာဖြင့်တိုက်။ ငါ့ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ အရိုးချိုးတဲ့ ဆွေးနွေးမှုကမှ အဆပေါင်းတစ်သိန်း သာသေးတယ်”
အသံဆုံးသည်နှင့် လုယန်၏ လက်ဖဝါးထဲကို မန္တာန်စာရွက်တစ်ရွက် ပေါ်လာသည်.. လေမီးပြန်လမ်းမန္တာန်။
နောက်တစ်စက္ကန့်မှာ စာရွက်ကပြာဖြစ်သွားပြီး လုယန် အစွမ်းပြန်ပြည့်သွားသည်။ သူ စကားတစ်ခွန်းတောင်.ထပ်မပြောတော့ဘဲ ဓားဆွဲကာ ပြေးဝင်သွားတော့၏။
……
Ch 54
( အချိန်ကျလာရင် ကောင်းကင်နဲ့မြေကြီး ပေါင်းစပ်သွားလိမ့်မယ်)
အရိုးဈေးအပြင်ဘက်က ယာယီဖန်တီးထားသော လှိုဏ်ဂူငယ်တစ်ခုအတွင်းတွင်..
သက်တံ့ရောင်အလင်းတွေ မပြတ် လည်ပတ်နေခဲ့သည်။ ထိုအလင်းတွေကြားမှာ အသက်ရှုမှားလောက်အောင် လှပသော မိန်းကလေးတစ်ယောက်က အသက်ရှုသွင်း၊ ရှုထုတ်ကာ ကျင်ကြံနေ၏။
ခဏအကြာမှာ.. ခမ်းနားသော ထိုအလင်းတွေက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
သက်တံ့ရောင်အလင်းက ရုတ်ချည်းပြင်းထန်သွားပြီးမှ အဆုံးတွင် အညစ်အကြေးတစ်ခုတောင် မပါဝင်သော အလွန်သန့်စင်သည့် အဖြူရောင်နတ်အလင်း အဖြစ် အသွင်ပြောင်းသွားသည်။
“ငါအောင်မြင်ပြီ”
အဖြူရောင်အလင်းတွေ ခိုင်မာလာသည်နှင့် သူမက မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် ပျော်ရွှင်မှုတွေ ပြည့်နှက်နေသော မျက်နှာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
“ ငါနောက်ဆုံးတော့ ချီသန့်စင်ခြင်း ပြီးပြည့်စုံနယ်ပယ်ကို ရောက်ပြီ”
သူမက ရှေးဦးသူတော်စင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဆီမှ ရရှိခဲ့သော ခုနှစ်ရောင်ခြယ်ချီအလင်းသိုင်းကို ကျင့်ကြံတာပင်။ နောက်ဆုံးသူမ ဖန်တီးခဲ့သည့် အဖြူရောင်အလင်းက အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ ပန်းရောင်နဲ့ ခရမ်းရောင်ကို ပေါင်းစပ်ပြီး ဖန်တီးထားတာဖြစ်သည်။ အရောင်တစ်ခုဆီက သန့်စင်မှုကို ကိုယ်စားပြုပေးပြီး သန့်စင်မှုခုနှစ်ခုလုံးကို ဖော်ထုတ်နိုင်ချိန်မှာ ပြီးပြည့်စုံသော အဆင့်လေးချီစွမ်းအင်ကို ရရှိသည်။
“ အခြေခံတည်ထောင်ခြင်းနယ်ပယ်က ငါ့ရဲ့လက်တစ်ကမ်းမှာပဲ”
သို့ပေမဲ့ ဖေးရှ သက်ပြင်းချလိုက်သည်။ အဆင့်လေးချီက ရွှေအမြုတေနယ်ပယ်ကို မရောက်နိုင်ပေမဲ့ သူမအများကြီးတော့ ဂရုမစိုက်ပေ။ သူမ ဘယ်တုန်းကမှ ရွှေအမြုတွေနယ်ပယ်အထိ ရောက်နိုင်ဖို့ မမျှော်လင့်ထားဘူး။
“ မောင်လေးလုရဲ့ အရည်အချင်းကလည်း အရမ်းကောင်းတာကို စိတ်မကောင်းစရာပဲ။ သူငါနဲ့ အတူလိုက်လာရင် သူလဲ ချီသန့်စင်ခြင်း ပြီးပြည့်စုံနယ်ပယ်ကို အဆင့်တက်ခဲ့မှာ”
အဆင့်တက်လိုက်ခြင်းက ဖေးရှ၏ အတွေးကိုလည်း ပြောင်းလဲစေသည်။
သူမ အရိုးဈေးမှာ ရှိနေတုန်းက လုယန်ကို အားကိုးခဲ့ခြင်းသည် သူမနှင့်သူ၏ မကွာခြားသော ကျင့်ကြံမှုကြောင့်ဖြစ်သည်.. အခု သူမ အဆင့်တက်နိုင်ပြီးနောက်မှာ လုယန်က အရင်လောက် အရေးမပါတော့ပေ။
အစီအမံသာမရှိပါက၊ လုယန်က ထင်သလောက် အထင်ကြီးဖို့မကောင်းတာ သူမ သေချာသိသည်။
ထို့အပြင် လုယန်၏ သတိကြီးလွန်းသော အပြုအမူများက သူမအမြင်မှာတော့ အားနည်း၍ပေးသော ဆင်ခြေများသာ ဖြစ်သည်။
ဝုန်း
ထိုအချိန်မှာပဲ မြေကြီးက ကြမ်းတမ်းစွာ တုန်ယင်သွားပြီး ကောင်းကင်ထက်က ချီစွမ်းအင်တွေ ပြင်းထန်လာသည်.. သူမပင် လဲကျတော့မတတ် ဖြစ်သွားသည်။
“.ဘာတွေဖြစ်နေတာလဲ”
ဖေးရှ လွတ်မြောက်အလင်းဖြင့် ချီစွမ်းအင် သိပ်သည်းမှု ဗဟိုချက်ရှိရာကို ပျံသန်းသွားလိုက်သည်။ နောက်တစ်စက္ကန့်မှာ သူမ ရုတ်တရက် မျက်နှာထားပြောင်းသွားတော့သည်။
“ အရိုးဈေးထဲကလား”
ဝုန်း ဝုန်း
ကျယ်လောင်သော အသံတွေကြားမှာ ချီစွမ်းအင်တွေက သိပ်သည်းလာပြန်သည်.. မသိလျှင် တစ်ယောက်ယောက်က ချီစွမ်းအင်တွေ ဗုံးတွေ ဖောက်နေသလိုမျိုး ဖြစ်လေ၏။
ဖေးရှ ခုနှစ်ရောင်ခြယ်ချီကို အသက်သွင်းပြီး သူမကိုယ်သူမ ကာကွယ်လိုက်သည်။
ကောင်းကင်နှင့်မြေကြီး၏ ကျယ်ပြန့်သော အစွမ်းကြားမှာ ခုနှစ်ရောင်ခြယ်ချီက အံတုနိုင်ဖို့ အလှမ်းမမှီသေးပေ။ အဆင့်လေးချီစွမ်းအင်လေးခဗျာ မုန်တိုင်းအလယ်က လှေငယ်လေးတစ်ခုလို လှုတ်ယမ်းနေတော့သည်။ ဘယ်လောက် အားတင်းထားပါစေ၊ စွမ်းအင်လှုပ်ယမ်းမှုမှာ သူမ၏ချီစွမ်းအင်က မတားဆီးနိုင်ခဲ့ချေ။
“ ဒါက.. ဒါကအရမ်းကြီးတဲ့တိုက်ပွဲရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုလား”
ဖေးရှ အစွမ်းကုန်ကြိုးစားပြီး တည်ငြိမ်အောင် ရပ်နေရင်းမှ ထိတ်လန့်သွားသည်။
“ အရိုးဈေးထဲက ဘယ်သူကများ သေလောက်အောင် တိုက်ခိုက်နေလို့ ဒီလိုတွေ ဖြစ်နေရတာလဲ”.
“ မောင်လေးလုကော.. သူသေပြီလား”
ဖေးရှ ရင်ထဲတင်းကျပ်သွားပြီး အရိုးဈေးဘက်ကို ပျံသန်းသွားလိုက်သည်။ သူမ အဝေးတစ်နေရာကနေ လူတစ်အုပ်၏ ဝန်းရံခြင်းကို ခံထားရသော ချီစွမ်းအင်လှိုင်းလုံးအလယ်က ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုတိုက်ခိုက်သူ သုံးယောက်ကို မြင်လိုက်ချိန်မှာ ဖေးရှ ပိုပြီးလန့်သွားသည်။
“ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ မဟာပေါင်းစည်းခြင်းဓား ယွင်ကျစ်ချိုး၊ ရှန်းဝူဂိုဏ်းရဲ့ ကောင်းကင်စစ်သည်တော် ယန်ဖန်း၊ အလွတ်တန်းကျင့်ကြံသူ နတ်ဆိုးသတ်ဖြတ်ခြင်းဘုန်းတော်ကြီး မင်ချန်း”
“ သူတို့က အဖွဲ့ဖွဲ့ထားတာလား”
သူမ အပေါ်မော့ကြည့်လိုက်ချိန်မှာ ကောင်းကင်ထက်က သွေးနီရောင်အစီအမံကို မြင်လိုက်သည်။ သောင်းချီသော အနီရောင်အပျောက်တွေက အသက်ဝင်နေသော စစ်မှန်နဂါးတစ်ကောင် အသွင်စုဝေးနေပြီး ထိုနဂါးကြီးက ချွန်မြသော လက်သည်းကြီးရှစ်ခြောင်းကို ဖော်ထုတ်ကာ အမြှီးကို ဘယ်ညာယိမ်းနေသည်။ မော်ချီထားသော ဦးခေါင်းထက်မှာ ကြောက်မက်ဖွယ် နဂါးချိုနှစ်ခုရှိသည်။ ထိုနဂါးကြီးက အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ အစောပိုင်းက ချီစွမ်းအင်ပြောင်းလဲမှုက နဂါးဟိန်းသံကြောင့် ဖြစ်ပေါ်တာ ဖြစ်ရမည်။
“ဝေါင်း”
ချီစွမ်းအင်တွေ ရှေ့ထွက်လာတိုင်းမှာ ယန်ဖန်း၊ ယွင်ကျစ်ချိုးနဲ့ မင်ချန်း သုံးယောက်လုံး မတတ်နိုင်စွာ အနောက်ဆုတ်ရသည်။ မကြာခင်မှာ သုံးယောက်သားက အဖွဲ့ပြန်ဖွဲ့ပြီး အရှေ့တက်ကြပြန်သည်။
“ အော်မီသိုဖော်၊ ဒကာလေးလုမှာ အခုလို အဆင့်သုံးချီစွမ်းအင်ကို ဖော်ထုတ်နိုင်တဲ့ အခွင့်အရေးကောင်းကြီး ပိုင်ဆိုင်မယ် မထင်ထားဘူး”
မင်ချန်း၏ တည်ငြိမ်သော မျက်နှာက အံ့သြရိပ်သန်းနေသည်.. အဆင့်သုံးချီစွမ်းအင်ဆိုတာ ဂိုဏ်းကြီးတွေ၏ စစ်မှန်တပည့်တွေပဲ ရရှိနိုင်သည့် အခွင့်အရေးကြီးပဲ။
မင်ချန်း၏ အကြည့်က ပိုမိုကြင်နာရိပ် သန်းသွားလေကာ
“ ဒကာလေးက ဒီဘုန်းကြီးနဲ့ ရေစက်ပါတာပဲ။ ဒကာလေးကို ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းပေါ် ပို့ပြီးတာနဲ့ အဆင့်သုံးကျင့်စဥ်ကို ကျုပ် အပိုင်ယူလိုက်မယ်။ ဒကာလေး ကျုပ်ရဲ့ တပည့်ဖြစ်လာတဲ့အခါမှ မင်းရဲ့ကျင့်စဥ်ကို ပြန်သင်ပေးမယ်။ ဒါဆိုရင် ဒကာလေးနဲ့ ကျုပ်ရဲ့ကြားက ဆရာတပည့် ကံတရားပြည့်ဝသွားပြီ”
“ သောက်ကတုံး၊ မင်းရဲ့သောက်ပါးစပ်ကို မပိတ်ဘူးလား”
ကောင်းကင်ယံက စစ်မှန်နဂါးကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ တစ်ချိန်ထဲမှာ သွေးယန်ဓားထွက်ပေါ်လာကာ.. ကျယ်လောင်သော အသံတစ်ချက်နှင့် ဓားအစီအမံ အသက်ဝင်လာ၏။
“ အော်မီသိုဖော်.. ကျုပ်က ဗုဒ္ဓရဲ့ အလိုဆန္ဒအတိုင်း ဆောင်ရွက်နေရုံတင်ပါ။ ဒကာလေးလု ဘာလို့ဒီလောက်အထိ ငြင်းဆန်နေရတာလဲ”
မင်ချန်းက ဒေါသထွက်ဟန်မပြဘဲ သူ၏ တုတ်တောက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်သည်။ တုတ်ကောက်ပေါ်က ရတနာခုနှစ်ပါးက အလွန်တောက်ပသော ဗုဒ္ဓရောင်ခြည်တွေကို ထုတ်ဖော်ရင်း အရှေ့ထွက်လာသည်။
ဗုဒ္ဓရောင်ခြည်ကို အကာအကွယ်ပြုရင်း သူက လုယန်၏ ဓားအစီအမံထဲကနေ တည်ငြိမ်စွာ အနောက်ဆုတ်လိုက်သည်။
လုယန် ဒီအချိန်အထိ တောင့်ခံနိုင်ခဲ့ခြင်းမှာ သွေးယန်ဓားကြောင့်သာ ဖြစ်သည်။
သွေးယန်ဓား၏ သွေးလွှမ်းမိုးအစီအမံကို အသက်သွင်းလိုက်သည်နှင့် ကောင်းကင်သွေးနတ်ဆိုးအလင်းက ရန်သူကို တိုက်ခိုက်ပေးသည်.. အရေးနိမ့်လာတိုင်းမှာ သူက အစီအမံကိုအသက်သွင်းလေ့ရှိသည်။
ထို့အပြင် သေဆုံးသွားခဲ့လျှင်တောင်မှ ပြန်လမ်းမဲ့အရိုးတစ်ရာ အစီအမံဖြင့် ပြန်ရှင်သန်လို့လည်း ရသေးသည်။
ထိုသုံးယောက်လုံးကလည်း လုယန်၏ အရိပ်ဖမ်းသိုင်းကို ကြောက်နေကြ၍ အစွမ်းကုန် ထုတ်မသုံးရဲကြဘူး။
ပြင်းထန်သော တိုက်ကွက်ကို ထုတ်သုံးချင်လျှင် ချီစွမ်းအင်က သေချာပေါက် အကြွင်းအကျန် အဖြစ် ကျန်ရစ်လိမ့်မည်။ လုယန်ကလည်း ထိုအခွင့်အရေးကို အသုံးချပြီး အသေသတ်နိုင်ဖို့ စောင့်စားနေခဲ့သည်။
ထိုသုံးယောက်ကလည်း လုယန်ကို တဖြည်းဖြည်း မောပန်းအောင်လုပ်ဖို့ ဦးတည် တိုက်ကြသည်။ ချီသန့်စင်ခြင်းပြီးပြည့်စုံ နယ်ပယ် ကျင့်ကြံသူသုံးယောက်၏ သန်မာမှုက ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်အပေါ်မှာ အားမသာနိုင်စရာ မရှိပါချေ။ ဒါက အနိုင်ရနိုင်ပြီးသား တိုက်ပွဲပဲ။ လုယန်မှာ အစီအမံကြီးနှစ်ခု ရှိနေလျှင်တောင်မှ သေချာပေါက် သေဆုံးရလိမ့်မည်။
“ ငါက ချီသန့်စင်ခြင်းနှောင်းပိုင်း ကျင့်ကြံသူလေးတစ်ယောက်ပဲဆိုရင်တော့ မင်းတို့ရဲ့ အကွက်က အလုပ်ဖြစ်ကောင်းဖြစ်မှာပေါ့”
လုယန် အတွေးတစ်ခုရလိုက်ပြီး မျက်လုံးတွေ အရောင်လက်သွားသည်.. ဤအခိုက်အတန့်က သူ အဆင့်တက်သင့်သော အချိန်ကောင်းပဲ။
နောက်တစ်စက္ကန့်မှာပဲ လုယန် ကောင်းကင်ပေါ်ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏ချီစွမ်းအင်တွေက အပြင်ဘက်ကို ပေါက်ကွဲထွက်လာပြီး.. အဆင့်တက်နိုင်မည့် အရိပ်အယောင် ပြသလာသည်။
ယွင်ကျစ်ချိုးတို့ လန့်သွားသော်လည်း ချက်ချင်း ခနဲ့လိုက်ကြ၏။
“ သောက်ရူးကောင်၊ တိုက်ခိုက်နေရင်း အဆင့်တက်ဖို့လုပ်နေတာလား.. မင်း စိတ်ကူးယဥ်နေတာပဲ”
တိုက်ခိုက်နေရင်း အဆင့်တက်ခြင်းသည် သေလမ်းရှာခြင်းသာဖြစ်၏.. ဘယ်ကျင့်ကြံသူက သီးသန့်ခန်းထဲမှာ တရားမထိုင်ဘဲနဲ့ အဆင့်တက်တာ မြင်ဖူးကြလို့လဲ။
အဆင့်တက်ခြင်းဖြစ်စဥ်မှာ ချီစွမ်းအင် လှိုင်းထန်သည်ဖြစ်၍ အာရုံစိုက်ဖို့လိုအပ်သည်။ သို့ပေမဲ့ ရန်သူတွေကြားမှာ တိုက်ခိုက်နေရင်းဆိုပါက၊ အဆင့်တက်ဖို့ အဘယ်မှာ အာရုံစိုက်နိုင်မည်နည်း။
သို့ပေမဲ့ ထိုအချိန်မှာပဲ အရိုးတောင်အထက် ကောင်းကင်ယံက အလွန်မြင့်မားသော တစ်နေရာကနေ.. စူးရှသော အကြည့်တစ်ခု ရုတ်ချည်းကျရောက်လာသည်။ ထိုအကြည့်က စစ်တုရင်ခုံပေါ်က နယ်ရုပ်များကို ကြည့်ရှုနေသည့်နှယ်၊ စိတ်ဝင်တစား ကြည့်ရှုလာ၏။
“ စိတ်ဝင်စားစရာပဲ၊ အခြေအနေကို ဘယ်လိုဖောက်ထွက်ရမလဲဆိုတာ နားလည်တယ်.. မဆိုးဘူး၊ မဆိုးဘူး”
ယန်ရှန်းကျန့်ယန် ပြုံးရိပ်သန်းသွားပြီး သံစဥ်ကြိုးကို ဆော့ကစားလိုက်သည်အတိုင်း လက်တစ်ဖက်ကို အနည်းငယ် လှုပ်ရှားလိုက်သည်.. အရိုးဈေးထဲက သေခါနီးအခြေအနေက ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
အရင်ဦးဆုံး ခံစားမိသူက လုယန်မှအပ မဖြစ်နိုင်ချေ။
လွန်ခဲ့သောမိနစ်ပိုင်းကမှ သူ၏ ချီစွမ်းအင်တွေက အရိုင်းဆန်နေပြီး အဆင့်တက်တာ ကျရှုံးမည့် အရိပ်အယောင်ဖြင့် ချီသွေဖယ်စ ပြုလာခဲ့သည်။
သို့ပေမဲ့ အရာအားလုံး ပြောင်းလဲသွားလေရဲ့။
အလွန်ကံကောင်းသော ဖြစ်စဥ်တစ်ခုလိုမျိုး အရိုင်းဆန်နေသော ချီစွမ်းအင်တွေ တည်ငြိမ်လာကာ… အကာအကွယ်ကလည်း အရင်ကလောက် ချိုးဖြတ်ရ မခက်ခဲတော့ပေ။ ကယောင်ခြောက်ခြားဖြစ်နေသော စိတ်နှလုံးသည် အဆင့်တက်ခြင်းမှာပဲ အာရုံစိုက်နေမိပြီး တဆတ်ထဲ အကာအကွယ်စည်းကို ချိုးဖြတ်လိုက်သည်။
မယုံနိုင်စရာကောင်းလောက်အောင် တိုက်ဆိုင်သော ကံကောင်းမှုတစ်ခု..
ကောင်းကင်သားတော် တစ်ယောက်ဖြစ်ရခြင်း၏ ခံစားချက်က ဒါပါလား.. သူဘာမှ လုပ်စရာတောင်မလိုအပ်ဘဲ အချိန်ကျသည်နှင့် ကောင်းကင်နှင့်မြေကြီးက အတူလည်ပတ်လိုက်ပြီး အလိုရှိသောဆန္ဒကို ဖြစ်ပေါ်စေမည်။
ဝုန်း
နောက်တစ်စက္ကန့်မှာပဲ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်း၏ နောက်ဆုံးအသွင်ပြောင်းခြင်းဖြစ်သော ငါးအသွင်ပြောင်းခြင်းကို ရောက်ရှိသွားသည်.. ငါးအသွင်ပြောင်းခြင်း၏ တွန်းအားဖြင့် အဆင့်တက်မှုက ပိုအားကောင်းလာသည်။
လုယန် မရပ်တန့်ခဲ့ပေ။ ချီသန့်စင်ခြင်း အဆင့်ရှစ် အတားအဆီးကို ချိုးဖြတ်ပြီးနောက် အသစ်စုဝေးလာသော ချီစွမ်းအင်တွေအားလုံးကို စုစည်းပြီး ချီသန့်စင်ခြင်း အဆင့်ကိုး အတားအဆီးကို တစ်ချက်ထဲ ရိုက်ချပစ်လိုက်သည်။
ငါးအသွင်ပြောင်းနည်း၏ တွန်းအားပေးမှုကြားမှာ သေချာပေါက် အောင်မြင်သွားသည်။
ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်
“ ဝေါင်း”
ကောင်းကင်ထက်က စစ်မှန်နဂါးကြီး၏ မာန်ဖီသံက အရိုးတောင်တစ်ခုလုံးအနှံ့ ရောက်ရှိသွားသည်.. ယွင်ကျစ်ချိုးနှင့် ကျန်နှစ်ယောက်လုံးလည်း အလိုအလျောက် တောင့်တင်းသွားကြလေ၏။
“ ဒါမဖြစ်နိုင်ဘူး..မဟုတ်ဘူး။ ဒီကိစ္စမှာ ကံတရားကိုနှောက်ယှက်နေတဲ့ အခြေခံတည်ထောင်ခြင်းနယ်ပယ် အမတသခင်ကြီးတစ်ယောက် ရှိကိုရှိရမယ်”
ယွင်ကျစ်ချိုးတို့ ထိတ်လန့်သွားတော့သည်။
လုယန် လေထဲမှာ ယုံကြည်ချက် အပြည့်နှင့် ရပ်နေရင်းမှ ထိုသုံးယောက်ကို လှည့်ကြည့်ပြီး အေးစက်စက် ပြုံးပြလိုက်တော့၏။
“ သိပြီလား၊ ဒါမျိုးကိုမှ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒအရ ဆောင်ရွက်တယ်လို့ ခေါ်တယ်ကွ”
အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ဝင်လှုပ်ရှားလာလျှင် ကောင်းကင်နှင့်မြေကြီးလည်း မတားဆီးနိုင်ပေ။
သူတို့အတွက် အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ တစ်ယောက်က ကောင်းကင်ကြီးလို အလှမ်းမမှီနိုင်သော ကြောက်ဖို့ကောင်းသည့် ဖြစ်တည်မှုတစ်ခုပဲ။ ထို့ကြောင့် ထိုအမတသခင်ကြီးတွေ၏ အထောက်အပံ့ကို ရထားသော မည်သူမဆို ကောင်းကင်ဘုံ၏အလိုဆန္ဒကို ဆောင်ရွက်နေသော ကောင်းကင်သားတော်တွေ ဖြစ်သည်။
“ အော်မီသိုဖော်”
နောက်တစ်စက္ကန့်မှာပဲ မင်ချန်း၏ တုတ်ကောက်မှ ဗုဒ္ဓရောင်ခြည်တွေ ဖြာထွက်လာခဲ့သည်.. စကားတစ်ခွန်းတောင် မဆိိုတော့ဘဲ အနှီ ဂတုံးက အရင်ဆုံး ပျောက်ကွယ်သွားလေရဲ့။
…….