← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

🍋 Chapter 35

နောက်တစ်နေ့မနက်တွင် သူသည် ထုံးစံအတိုင်း ကျင်းရှစ်တိုက်ပလာဇာရှိ ကားပါကင်သို့သွားကာ ကားထုတ်ပြီး လျိုမုယန်၏အိမ်သို့ မောင်းထွက်ခဲ့သည်။

သူရောက်သွားသည်နှင့် ဂိတ်ဝရှိ လုံခြုံရေးဝန်ထမ်းက ကားပါကင်ထိုးသည် အနီ‌ရောင်ပုံးလေးများကိုင်ကာ ထွက်လာသည်။

သူ ယခင်ကလည်း လာဖူးသဖြင့် လုံခြုံရေးဝန်ထမ်းက သူ့ကိုမှတ်မိနေပြီး ဂိတ်ဝမှာပင် စောင့်နေမည်ကို သိသောကြောင့် ကားဘေးတွင် ပုံးများဖြင့် ချက်ချင်းဝိုင်းပေးလိုက်သည်။

ကျိုးထျန်းကလည်း အလွန်ယဉ်ကျေးသူဖြစ်ရာ မထွက်လာခင်ကပင် ကျုန်းဟွာစီးကရက်တစ်ထုပ် အထူးဝယ်ကာ ကားထဲတွင် ဆောင်ထားခဲ့သည်။

"ဟေ့ အကို... တစ်ဘူးလောက် သောက်အုံးမလား"

"ဟဲဟဲ... အားနာစရာကြီးဗျာ၊ ဒီစီးကရက်တွေက အရမ်းကောင်းတာ၊ ကျွန်တော် မယူရဲပါဘူး"

လုံခြုံရေးဝန်ထမ်းက ထိုသို့ပြောသော်လည်း လက်ထဲမှ စီးကရက်ဘူးကိုတော့ မျက်တောင်မခတ်တမ်းကြည့်နေသည်။

"ယူထားပါဗျာ၊ အားမနာပါနဲ့။ နောက်လည်း ကျွန်တော် ခဏခဏ လာဖြစ်မှာပါ"

ကျိုးထျန်းက စီးကရက်ဘူးကို သူ့လက်ထဲ အတင်းထည့်ပေးလိုက်သည်။

"ဟဲဟဲ... ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။ နောက်တစ်ခါလာရင် ကျွန်တော် ဂိတ်ဝမှာပဲ သူဌေးအတွက် ကားပါကင်နေရာ သီးသန့်ဆွဲပေးထားပါ့မယ်၊ သူများကားတွေနဲ့ မတိုက်မိအောင်လို့ပေါ့"

"ဟုတ်ကဲ့... ဒါဆိုရင်တော့ အလုပ်ရှုပ်ရချည်ရဲ့ဗျာ"

လုံခြုံရေးဝန်ထမ်းနှင့် ခဏတာ စကားပြောပြီးနောက် လျိုမုယန်က သူ့ထံသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ကျိုးထျန်းသည် သူမ၏ အနည်းငယ်လောနေသော်လည်း တက်ကြွနေသော ခြေလှမ်းများကို သတိထားမိပြီး သိနား လည်စွာ ပြုံးလိုက်သည်။

ယနေ့တွင် လျိုမုယန်က ပုံမှန်ထက် ပိုနုပျိုလန်းဆန်းသော ပုံစံဖြင့် ဝတ်ဆင်ထားသည်။

နွေရာသီနှင့် လိုက်ဖက်သော ဂါဝန်ဖြူလေးမှာ ပုခုံးပေါ်သို့ ဝဲကျနေသော သူမ၏ လှိုင်းတွန့်ဆံနွယ်လေးများနှင့် ပေါင်းစပ်လိုက်သည့်အခါ သူမကို ပို၍ တက်ကြွလန်းဆန်းသွားစေ သည်။

သူမ လက်ကောက်ဝတ်တွင် ပတ်ထားသော အကန့်အသတ်ဖြင့် ထုတ်ထားသော နာရီလေးကို မြင်လိုက်ရသည့်အခါ ကျိုးထျန်း ပြုံးမိသွားသည်။

၎င်းသည် လျိုမုယန်က သူတို့၏ဆက်ဆံရေးကို အပြည့်အဝလက်ခံလိုက်ပြီဖြစ်ကြောင်း ပြသနေသည်။

အမှန်စင်စစ် ချစ်သူများကြားတွင်သာ လက်ဆောင်၏တန်ဖိုးကို ထည့်မတွက်ကြခြင်း မဟုတ်ပါလား။

ရည်းစားဖြစ်သူက ဈေးကြီးတာလေးတွေ ပေးတာက ပုံမှန်ပဲ မဟုတ်လား။

သူတို့နှစ်ဦးသည် 720S ကိုစီးကာ ယခင်က McLaren ဝယ်ခဲ့သော အရောင်းပြခန်းအနီးသို့ တိုက်ရိုက်မောင်းနှင်ခဲ့ကြသည်။

ရှန်ဟိုင်းရှိ ဇိမ်ခံကားဝယ်ယူသူအရေအတွက်မှာ အကန့်အ သတ်ရှိသဖြင့် အရောင်းပြခန်းများကို တစ်နေရာတည်းတွင် စုထားလေ့ရှိရာ ဝယ်ယူသူများအတွက် အမှတ်တံဆိပ်အားလုံးကို တစ်ပြိုင်နက် ကြည့်ရှုနိုင်ရန် အဆင်ပြေစေ သည်။

သူသည် မလှမ်းမကမ်းရှိ Bentley အရောင်းပြခန်းထဲသို့ တိုက်ရိုက်မောင်းဝင်လိုက်သည်။

ထုံးစံအတိုင်း လုံခြုံရေးဝန်ထမ်းတစ်ဦး ပြေးထွက်လာကာ အရိုအသေပေးလိုက်ပြီး သူ့ကားကို အရောင်းပြခန်းအဝင်ဝသို့ လမ်းညွှန်ပေးနေသည်။

ဇိမ်ခံကားမောင်းခြင်းက ဆက်ဆံခံရမှုပုံစံကို တကယ်ပင် ပြောင်းလဲစေသည်။ သူ့ကားကပင် သူ့အဆင့်အတန်းကို ဖော်ပြနေသဖြင့် ပိုနွေးထွေးသော ဝန်ဆောင်မှုကို ရရှိခဲ့သည်။

အရောင်းဝန်ထမ်းအမျိုးသမီးတစ်ဦးက သူ့ကိုမြင်သည်နှင့် ချက်ချင်းပြေးလာကာ ကားတံခါးဖွင့်ပေးသည်။

ကားထဲတွင် ထိုင်နေသော လှပချောမောသည့် အမျိုးသမီးငယ်ကို မြင်လိုက်ရသည့်အခါ အရောင်းဝန်ထမ်း၏ အပြုံးက ပို၍ ကျယ်ပြန့်သွားသည်။

အမျိုးသားများသည် အမျိုးသမီးဖော်ပါလာသည့်အခါ သူတို့၏ပုံရိပ်ကို မြှင့်တင်ရန်အတွက် ကားဝယ်ယူနိုင်ခြေ ပိုများတတ်ကြသည်။

"လူကြီးမင်းနဲ့ မမလေး... ကြွပါရှင်၊ လက်ဖက်ရည် ဖျော်ပေးပါရစေ"

ကျိုးထျန်းမှာ စိတ်ပျက်သွားရသည်။ သူတွေ့သမျှ ဇိမ်ခံကားအရောင်းဝန်ထမ်းတွေက ဘာလို့ အားလုံး အမျိုးသမီးတွေ ဖြစ်နေရတာလဲ။

"မလိုပါဘူး၊ ကျွန်တော်တို့ အချိန်သိပ်မရလို့ ကားတွေကို အရင်ကြည့်ပါရစေ"

"ဟုတ်ကဲ့ပါရှင်၊ ဒါဆိုရင် ကျွန်မနောက်ကို လိုက်ခဲ့ပါ"

သူသည် ပြီးခဲ့တဲ့ညကပင် အွန်လိုင်းတွင် ရှာဖွေထားပြီးဖြစ်ရာ နောက်ဆုံးတွင် Bentley Continental နှင့် Rolls-Royce Wraith တို့ကို ရွေးချယ်ထားသည်။

နှစ်စီးလုံးမှာ သက်သောင့်သက်သာရှိမှုကို ဦးစားပေးသော တံခါးနှစ်ပေါက်ပါ Sport Carများ ဖြစ်သည်။

သို့သော် သေချာစဉ်းစားကြည့်သည့်အခါ Rolls-Royce ဝယ်မည်ဆိုလျှင် Phantom ကိုသာ ဝယ်သင့်သည်ဟု သူခံစားရသည်။

၎င်းအပြင် Rolls-Royce မောင်းရသည်မှာ သူ့ကို အသက် ကြီးသလို ခံစားရစေသည်။ တံခါးနှစ်ပေါက်ပါ Sport Car ဖြစ်နေလျှင်ပင် Rolls-Royce မှာ တည်ငြိမ်ပြီး ရှေးဆန်သော မောင်းနှင်မှုအတွေ့အကြုံကိုသာ ပေးစွမ်းသည်။

Bentley ကတော့ Sport ဆန်သော ဇိမ်ခံပုံစံကို ပိုဦးစားပေးသဖြင့် သူ့လိုအပ်ချက်နှင့် ပိုကိုက်ညီသည်။

ယခုဆိုလျှင် သူ့မှာ နတ်ဘုရားတစ်ပါးကဲ့သို့ မောင်းနှင်နိုင်စွမ်းရှိနေပြီဖြစ်ရာ Sport မဆန်သောကားကို မောင်းခြင်းက သူ့အရည်အချင်းကို ဖြုန်းတီးရာရောက်ပေလိမ့်မည်။

"လူကြီးမင်း... ကျွန်မတို့ရဲ့ Continental GT အသစ်မှာ 6.0T W12 အင်ဂျင် တပ်ဆင်ထားပါတယ်၊

တစ်နာရီ ကီလိုမီတာ ၁၀၀ အရှိန်ကို ၃.၇ စက္ကန့်အတွင်း ရောက်နိုင်ပါတယ်၊ Rolls-Royce Wraith ထက် တစ်စက္ကန့်ကျော် ပိုမြန်ပါတယ်ရှင်"

ကျိုးထျန်း ပြုံးလိုက်မိသည်။

ဤကုမ္ပဏီနှစ်ခုမှာ အမြဲတမ်း တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ပြီး ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။

သူ့စိတ်ဝင်စားမှုကို မြင်သည့်အခါ အရောင်းဝန်ထမ်းက ဆက်ပြောသည်။

"ဒီကားမှာ ကျွန်မတို့ရဲ့ နောက်ဆုံးပေါ် Superplastic Forming နည်းပညာကို သုံးပြီး ဧရိယာအကြီးဆုံး အလူမီနီယံကိုယ်ထည်ကို တစ်ဆက်တည်း ပုံဖော်ထားတာကြောင့် ဘေးဘက်အကွေးအဆန့်တွေက အရမ်းလှပပါတယ်၊ လက်ရှိမှာ ဒီနည်းပညာက ကျွန်မတို့ဆီမှာပဲ ရှိတာပါ"

ထိုဇိမ်ခံကားများတွင် ကိုယ်ပိုင်နည်းပညာနှင့် အားသာချက်များရှိသည်ကို သူကောင်းကောင်းသိသော်လည်း ၎င်းတို့က သူ့အတွက် အဓိကမဟုတ်ပေ။

"အင်း... ကောင်းပုံရသားပဲ။ စမ်းမောင်းကြည့်လို့ ရမလား"

"လူကြီးမင်း ကံကောင်းပါတယ်ရှင်၊ အခု ရှန်ဟိုင်းမှာ စမ်းမောင်းဖို့ ကားရှိပါတယ်။ ပုံမှန်ဆိုရင် ကြိုတင်ဘိုကင်လုပ်ရပေမဲ့ ကျွန်မ အမြန်ရအောင် စီစဉ်ပေးပါ့မယ်"

အရောင်းဝန်ထမ်းမှာ မိုက်မဲသူမဟုတ်ပေ။ စမ်းမောင်းသူ ၉၀ ရာခိုင်နှုန်းမှာ ဝယ်နိုင်စွမ်းမရှိသူ သို့မဟုတ် မဝယ်ချင်သူများ ဖြစ်တတ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းထဲမှ ၁ ရာခိုင်နှုန်းသာ တကယ်ဝယ်သူများ ဖြစ်ကြသည်။

သူ့ရှေ့မှ အမျိုးသားမှာတော့ 720S စီးလာသဖြင့် ဝယ်နိုင်စွမ်းရှိသည်မှာ ထင်ရှားသည်။

ထို့အပြင် သူမက သူတို့ဝတ်ထားသော နာရီများကိုလည်း သတိထားမိသည်။

နာရီဆိုသည်မှာ ကားနှင့်မတူပေ။ ယွမ် ၁၀ သန်းရှိသူသည် ယွမ် ၁ သန်းတန် နာရီကို ဝယ်ချင်မှ ဝယ်လိမ့်မည်။

သို့သော် ယွမ် ၁ သန်းတန် နာရီကို ဝတ်နိုင်သူသည် သိန်းချီတန်သော ကားကိုတော့ သေချာပေါက် ဝယ်နိုင်စွမ်း ရှိပေလိမ့်မည်။

"ကောင်းပြီလေ၊ စမ်းမောင်းဖို့ ဘယ်လောက်ကြာမလဲ"

"နာရီဝက်လောက်ပါရှင်၊ ကျွန်မ စာရွက်စာတမ်းလေးတွေ လုပ်လိုက်ပါ့မယ်၊ ပြီးရင် စက်ပြင်ဆရာကို ကားထုတ်ခိုင်းလိုက်ပါ့မယ်"

"ဒါပေမဲ့ စည်းမျဉ်းအရ ငွေကြေးအင်အား စစ်ဆေးတဲ့လုပ်ငန်းစဉ်တော့ ရှိပါတယ်၊ လူကြီးမင်း ကူညီပေးနိုင်မလားဟင်"

ကျိုးထျန်း ဒါကို ကြိုတင်တွေးထားပြီးသား ဖြစ်သည်။

ဇိမ်ခံကားများနှင့် အိမ်ကြီးအိမ်ကောင်းများစွာမှာ ထိုသို့ စစ်ဆေးမှုများ ရှိတတ်သည်။ အထူးသဖြင့် ယွမ် သန်း ၁၀၀၀ ကျော်တန် အိမ်ကြီးများဆိုလျှင် ဘဏ်စာရင်းထဲတွင် အနည်းဆုံး ယွမ် သန်း ၅၀ မရှိဘဲ ကြည့်ရှုခွင့်ပင် မရပေ။

"ရပါတယ်၊ ပြဿနာမရှိဘူး။ ဒီကတ်ထဲမှာ ယွမ် သန်း ၃၀ ကျော် ရှိတယ်၊ လောက်ပါ့မလား"

"လောက်တာပေါ့ရှင်၊ ကျွန်မ ကတ်ကို ခဏလောက် ယူသွားပါရစေ၊ ချက်ချင်း ပြန်ပေးပါ့မယ်"

အရောင်းဝန်ထမ်းမှာ အလွန်ဝမ်းသာသွားရသည်။ ဤဖောက် သည်ကတော့ သေချာပေါက် ဝယ်မည့်သူပင်။

နာရီဝက်အကြာတွင် သူနှင့် လျိုမုယန်ကားထဲသို့ ဝင်ထိုင်လိုက်ကြသည်။

"မုယန်... ဒီကားကို ဘယ်လိုထင်လဲ"

လျိုမုယန် ကားအတွင်းပိုင်းကို နေရာအနှံ့ လိုက်စမ်းကြည့်သည်။

"အရင်ကားထက်တော့ အများကြီးပိုကောင်းတယ်၊ အရမ်းသက်သောင့်သက်သာ ရှိသလို အတွင်းပိုင်းကလည်း လှတယ်"

သူမ ဤကားကို ကျေနပ်နေသည်မှာ ထင်ရှားသည်။

ကျိုးထျန်း ခေါင်းငြိမ့်လိုက်ပြီး ကားကို စမ်းမောင်းကြည့်လိုက်သည်။ မိနစ် ၂၀ အကြာတွင် သူ ကားပြန်လဲလိုက်သည်။

"ကောင်းတယ်၊ မောင်းရတဲ့ အတွေ့အကြုံက တကယ်ကောင်းတယ်"

"မုယန်... ထိုင်ရတာ ဘယ်လိုခံစားရလဲ"

"အင်း... အရမ်း သက်သောင့်သက်သာ ရှိတယ်၊ ဟိုကားထက် အများကြီး ပိုကောင်းတယ်"

ကျိုးထျန်း တွေးလိုက်မိသည်မှာ McLaren သူဌေးသာ သိရင်တော့ ဒေါသထွက်နေပေလိမ့်မည်။

Supercar တစ်စီးကို သက်သောင့်သက်သာရှိမှုအပိုင်းမှာ GT Sport Carနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရပါ့မလဲ။

"ကောင်းပြီလေ၊ နင်ကြိုက်တယ်ဆိုရင် ဝယ်လိုက်မယ်။ နောက်ဆိုရင် ငါတို့ ဒီကားကိုပဲ စီးကြတာပေါ့"

လျိုမုယန်က ပိုက်ဆံမဖြုန်းဖို့ ပြောမလို့ ပြင်လိုက်သော် လည်း နောက်မှ စိတ်ပြန်ပြောင်းသွားသည်။

‘သူက ငါ သက်သောင့်သက်သာ ရှိဖို့အတွက် ဝယ်ပေးတာပဲ၊ သူ့သဘောအတိုင်းပဲ လွှတ်ထားလိုက်ပါတော့မယ်’

ကျိုးထျန်းက အရောင်းဝန်ထမ်းအမျိုးသမီးကို လက်ယပ် ခေါ်လိုက်သည်။

"လူကြီးမင်း... ဘယ်လိုခံစားရလဲဟင်။ ကျွန်မတို့ ထိုင်ပြီး အသေးစိတ် စကားပြောကြမလား"

"စကားပြောဖို့ မလိုပါဘူး"

ထိုစကားကြောင့် အရောင်းဝန်ထမ်း၏စိတ်မှာ အနည်းငယ် ပျက်သွားရသည်။ သို့သော် ဒါက ပုံမှန်ပင် ဖြစ်သည်။ သူတို့ဆိုင်က တစ်လကို ကားအနည်းငယ်သာ ရောင်းရသည် မဟုတ်ပါလား။

"ဈေးနှုန်းနဲ့ ကားရမယ့်အချိန်ကိုပဲ ပြောပြပါ"

အရောင်းဝန်ထမ်းမှာ အံ့ဩကာ မှင်သက်သွားရသည်။

"ရှင်... ရှင်က ဝယ်တော့မလို့လား"

"ဟုတ်တယ်၊ အရမ်းလည်း ဈေးမကြီးပါဘူး၊ ပျက်သွားရင်လည်း နောက်တစ်စီး ထပ်ဝယ်လိုက်ရုံပဲလေ"

အရောင်းဝန်ထမ်းမှာ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားရသည်။

ခဏအကြာတွင် သူမက ဆက်ပြောသည်။

"လူကြီးမင်း... ကျွန်မတို့ ကားတွေက ယွမ် ၃.၁၂ သန်းက စပါတယ်၊ အမိုးဖွင့်ကားဆိုရင် ၃.၄၈ သန်းပါ၊ ကားရဖို့ကတော့ ၆ လလောက် ကြာပါမယ်ရှင်"

ကားရဖို့ အချိန်အကြာကြီး စောင့်ရမည်ကို သိလိုက်သည့်အခါ သူ မျက်မှောင်ကြုတ်လိုက်သည်။

"အရမ်းကြာတာပဲ။ အဲ့ဒါကို မြန်အောင်လုပ်လို့ရမယ့် နည်းလမ်းရှိလား။ ပိုက်ဆံကတော့ ပြဿနာမရှိဘူး"

၆ လအထိ မစောင့်နိုင်ကြောင်းနှင့် လိုအပ်လျှင် ပိုပေးမည်ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

"လူကြီးမင်း... နည်းလမ်းတော့ ရှိပါတယ်ရှင်။ ကျွန်မတို့ တစ်နိုင်ငံလုံးက ဆိုင်တွေမှာ ကားလိုက်ရှာပေးလို့ ရပါတယ်။ အဆင်သင့်ရှိတဲ့ ကားရှိရင်တော့ အမြန်ရမှာပါ။"

"အဲ့လိုမှမဟုတ်ရင်တော့ အမြန်ကြေးပေးပြီး စက်ရုံကနေ အရင်ဆုံး ထုတ်ပေးဖို့ လုပ်လို့ရပါတယ်၊ အဲ့ဒါဆိုရင်တော့ ၃ လအောက်အထိ အချိန်လျှော့ချနိုင်ပါတယ်"

ကျိုးထျန်း ခဏစဉ်းစားလိုက်သည်။

"ကောင်းပြီလေ၊ ကားရအောင် ကူညီပေးပါ။ ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခု ရှိတယ်၊ အစိမ်းရောင်နဲ့ အမည်းရောင် မဟုတ်ရင် ရပြီ၊ ကျန်တာကတော့ ပြဿနာမရှိဘူး"

"ဟုတ်ကဲ့ပါရှင်၊ နားလည်ပါပြီ။ ကျေးဇူးပြုပြီး ခဏထိုင်ပါဦး၊ ကျွန်မ စာချုပ်သွားယူလိုက်ပါ့မယ်"

မိနစ် ၃၀ အကြာတွင် သူတို့နှစ်ဦး Bentley အရောင်းပြခန်းမှ ထွက်လာခဲ့ကြသည်။

သူတို့ နေ့လယ်စာ စားရန် တိုက်ရိုက်ထွက်လာခဲ့ကြပြီး လျိုမုယန် အစပ်ကြိုက်သည်ကို သိသောကြောင့် ကျိုးထျန်းက စီချွမ်စားသောက်ဆိုင်တစ်ဆိုင်ကို အထူးရွေးချယ်လိုက်သည်။

သို့သော် ရှန်ဟိုင်းရှိ စီချွမ်အစားအစာ အများစုမှာ အရသာကို ပြုပြင်ထားသဖြင့် မူလအရသာအတိုင်း သိပ်မရပေ။

သူတို့ ထမင်းစားလို့ တစ်ဝက်လောက် ရောက်သည့်အခါ Bentley အရောင်းဝန်ထမ်းထံမှ ဖုန်းလာသည်။

"ကျိုးထျန်းရှင့်... အလုပ်များနေပါသလား"

"ရပါတယ်၊ ပြောပါ" ဟု ပြောရင်း သူက လျိုမုယန်အတွက် ငါးဟင်းဖတ်လေး တစ်ဖတ် ထည့်ပေးလိုက်သည်။

"ရှင့်ရဲ့ ကံက တကယ်ကောင်းတာပဲ။ ကျွန်မ ခုနက ပေကျင်းက ဆိုင်ကို ဖုန်းဆက်ကြည့်တော့ အဲ့မှာ အပြာရောင်ကားတစ်စီး ရှိနေတယ်၊ ၅ ရက်လောက်ဆိုရင် ရောက်ပါပြီ။

အဲ့ဒါက မူလက ပြပွဲကားအဖြစ် ထားဖို့ပါ၊ ဒါပေမဲ့ ရှင်လိုချင်တယ်ဆိုရင်တော့ ရှင့်ကို တိုက်ရိုက်ပေးလို့ ရပါတယ်။

ဒါပေမဲ့ အဲ့ဒီကားမှာ အတွင်းပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်း Option တွေ အတော်များများပါနေတယ်၊ အဲ့ဒါကရော ရှင့်အတွက် အဆင်ပြေပါ့မလားဟင်"

သူ အပြာရောင်ကို တော်တော်ကြိုက်သဖြင့် သေချာပေါက် ကားကိုလိုချင်သည်။ ပြပွဲကားများမှာ များသောအားဖြင့် Option အစုံအလင် ပါတတ်ကြသည်။

အမှန်စင်စစ် ဝယ်သူများကို ဆွဲဆောင်ရန်အတွက် အကောင်းဆုံးအချက်တွေကို အရင်ပြထားရသည် မဟုတ်ပါလား။

🍋 Chapter 36

ကျိုးထျန်း၏ဘဏ်စာရင်းထဲတွင် ယွမ် သန်း ၃၀ ကျော် ရှိနေပြီဖြစ်ရာ ကားဝယ်ရန်မှာ ပြဿနာမဟုတ်ပေ။

"ကောင်းပြီလေ၊ ဈေးနှုန်းပို့ပေးလိုက်ပါ။ အဆင်ပြေတယ်ဆိုရင် ခေတ္တနေရင် လာပြီး ငွေချေလိုက်မယ်"

"ဟုတ်ကဲ့ပါ၊ အခုပဲ ပို့ပေးလိုက်ပါ့မယ်ရှင်"

အရောင်းဝန်ထမ်းမှာ အလွန်စိတ်လှုပ်ရှားသွားသည်။

အရောင်းပိတ်နိုင်ရန်မှာ မလွယ်ကူလှပေ၊ အထူးသဖြင့် ဤသို့ အလွယ်တကူ ဝယ်ယူမည့်သူမျိုးနှင့် ဆုံရန်မှာ ပိုခက်ခဲသည်။ ထို့ကြောင့် သူမသည် စုစုပေါင်း ကျသင့်ငွေကို အမြန်ပင် ပေးပို့လိုက်သည်။

"ဟဲဟဲ... မူလဈေး ယွမ် ၃ သိန်းကျော်တန်တဲ့ ကားက Option တွေနဲ့ အခွန်တွေပေါင်းလိုက်တော့ ယွမ် ၅ သိန်းနီးပါး ဖြစ်သွားတာပဲ"

စုစုပေါင်း ကျသင့်ငွေ ယွမ် ၄.၇၅ သန်းကို မြင်လိုက်ရသော် လည်း သူ ကျေကျေနပ်နပ်ပင် လက်ခံလိုက်သည်။

သူ စနစ်ရရှိပြီးသည်မှစ၍ ဝယ်ယူမှုတိုင်းမှာ ချောမောခဲ့ပြီး သူ၏ကံဇာတာမှာလည်း အမြဲတမ်း ထူးထူးခြားခြားကောင်း မွန်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စနစ်ရှိနေသရွေ့ သူ ပိုက်ဆံကိုအမြန်ရှာနိုင်သည်ဖြစ်ရာ အနည်းငယ် သုံးစွဲလိုက်ခြင်းက ကိစ္စမရှိပေ။

နေ့လယ်စာစားပြီးနောက် သူတို့နှစ်ဦးသည် ပြည်တွင်းဖြစ် အမှတ်တံဆိပ် 4S ဆိုင်သို့ တိုက်ရိုက်သွားကာ စွမ်းအင်သစ်သုံး ထရပ်ကားတစ်စီးကို ချက်ချင်းပင် ဝယ်ယူလိုက်သည်။

စုစုပေါင်းဈေးနှုန်းမှာ ယွမ် ၁ သိန်းကျော်သာ ရှိသဖြင့် အလွန်လွယ်ကူလှသည်။

"မုယန်... နင်လည်း ကားမောင်းလိုင်စင် သွားဖြေပါလား။ နင် ကိုယ်တိုင်မောင်းတတ်ရင် ပိုအဆင်ပြေတာပေါ့"

"မသင်ချင်ပါဘူး။ အဲ့ဒီက ဆရာတွေက အရမ်းဆိုးတယ်လို့ အွန်လိုင်းမှာ ဖတ်ဖူးတယ်၊ မတတ်ရင် အော်ကြဟစ်ကြတာတဲ့"

"အော်... တို့ရဲ့ လျိုမုယန်မှာလည်း ကြောက်တတ်တဲ့ အရာရှိသားပဲ"

ကျိုးထျန်းက သူမကို တစ်ချက် ကြည့်လိုက်သည်။

"ရပါတယ်၊ မသင်ချင်လည်း နေပါ။ ငါ ရှိနေတာပဲဟာ"

"အင်း..." လျိုမုယန် ပြုံးကာ သူ့လက်မောင်းကို ချိတ်ထားလိုက်သည်။

Happy Valley သွားပြီးကတည်းက သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ပိုမိုနီးကပ်လာပြီး ပုံမှန်ချစ်သူများကဲ့သို့ပင် ပြုမူနေကြပြီဖြစ်သည်။

ဆက်လက်၍ မိခင်ဖြစ်သူအတွက် ကားဝယ်ရန် Porsche အရောင်းပြခန်းသို့ တိုက်ရိုက်သွားခဲ့သည်။

ထုံးစံအတိုင်း သူ၏ကားကို မြင်သည်နှင့် အရောင်းဝန်ထမ်းများက အလွန်တက်ကြွစွာ ကြိုဆိုကြသည်။

ယခုတစ်ခါတွင်တော့ သူသည် အမျိုးသား အရောင်းဝန်ထမ်းတစ်ဦးနှင့် ဆုံခဲ့သည်။ အနည်းငယ် စကားပြောဆိုပြီးနောက် သူသည် 911 Carrera ကို ရွေးချယ်လိုက်သည်။

စုစုပေါင်း ကျသင့်ငွေမှာ ယွမ် ၁.၆ သန်း မပြည့်သဖြင့် ကျိုးထျန်းက တော်တော်တန်သည်ဟု ယူဆသည်။

ဤကားမှာ မိခင်ဖြစ်သူ၏ လိုအပ်ချက်ဖြစ်သော 'အရမ်းမကြီးခြင်း' နှင့်လည်း ကိုက်ညီပြီး ဒီဇိုင်းမှာလည်း ကောင်းမွန်လှသည်။

911 သည် Porsche ၏ အကျော်ကြားဆုံး မော်ဒယ်ဖြစ်ပြီး ၎င်း၏ ရုပ်ထွက်မှာ ဆယ်စုနှစ်များစွာကြာသည်အထိ ခေတ်မနောက်ကျဘဲ ရှိနေသည်။

ကမ္ဘာပေါ်တွင် အလွယ်ကူဆုံးအလုပ်မှာ Porsche 911 ၏ အပြင်ပိုင်းဒီဇိုင်းကို ပြန်လည်ရေးဆွဲခြင်း ဖြစ်သည်ဟု နောက်ပြောင်ပြောဆိုလေ့ ရှိကြသည်။

နှစ်အနည်းငယ်ကြာလျှင် ပုံစံဟောင်းကို ပြန်ထုတ်၊ မိတ္တူကူးပြီး ခဲတံဖြင့် မျဉ်းအနည်းငယ် ထပ်ဆွဲလိုက်ရုံသာ ဖြစ်သည်။

၎င်းမှာ အနည်းငယ် ချဲ့ကားထားသော်လည်း Porsche ၏ အပြင်ပိုင်းဒီဇိုင်းမှာ တည်ငြိမ်မှုရှိသည်မှာ အမှန်ပင်။

'ဂန္ထဝင်ဆန်ပြီး အချိန်မရွေး ခေတ်မီနေခြင်း' မှာ ၎င်းကို ဖော်ပြရန် အကောင်းဆုံး စကားလုံး ဖြစ်သည်။

၎င်းအပြင် ကျိုးထျန်းသည် အင်ဂျင်ပါဝါ အနိမ့်ဆုံးဗားရှင်းကို ဝယ်ယူခဲ့သဖြင့် မိခင်ဖြစ်သူအတွက် မောင်းနှင်ရ ပိုမိုလွယ်ကူစေသည်။

အကယ်၍ သူသာ ထိပ်တန်း Turbo ဗားရှင်းကို ဝယ်ခဲ့လျှင် မိခင်ဖြစ်သူမှာ ထိန်းနိုင်မည်မဟုတ်ဘဲ မတော်တဆမှုများ ဖြစ်ပေါ်ရန် ပိုလွယ်ကူပေလိမ့်မည်။

တစ်ရက်တည်းနှင့် ယွမ် ၇ သန်းနီးပါး သုံးစွဲလိုက်ခြင်းက လျိုမုယန်ကို ဆွံ့အသွားစေသည်။

"ကျိုးထျန်း... နင် ဒီလောက် ပိုက်ဆံတွေ အများကြီး သုံးနေတာ တကယ်ပဲ အဆင်ပြေရဲ့လား"

လျိုမုယန်မှာ သူ့အတွက် စိတ်ပူနေသည်။ အိမ်တွေ အလုံး ၂၀ ရှိနေရင်တောင် ဒီလိုသုံးနေလျှင် လောက်မည်မဟုတ်ပေ။

သူမ၏ စိုးရိမ်နေသော မျက်နှာလေးကို မြင်သည့်အခါ ကျိုးထျန်းက ပြုံးပြီး သူမ၏ နှာခေါင်းလေးကို အသာအယာညစ်လိုက်သည်။

"ဘာလို့ ငါ့နှာခေါင်းကို အမြဲလာညစ်နေတာလဲ"

လျိုမုယန်က သူမနှာခေါင်းကို ပြန်ပွတ်ရင်း မကျေမနပ် အမူအရာလေး လုပ်ပြသည်။

"ငါ့အတွက် စိတ်မပူပါနဲ့။ ငါ ပိုက်ဆံရှာတာက သုံးတာထက် ပိုမြန်ပါတယ်။ ပြီးတော့ နင်ရှိနေတော့ ငါ့ရဲ့ ရှာဖွေနိုင်စွမ်းက အဆပေါင်းများစွာ တက်လာတာလေ။ နင်က ငါ့ဆီ ကံကောင်းခြင်းတွေ ယူဆောင်လာပေးဖို့ ဘုရားသခင်က လွှတ်လိုက်တဲ့ ကံကောင်းစေတဲ့ နတ်သမီးလေးပဲ ဖြစ်ရမယ်"

သူ ပြောနေသည်မှာ အမှန်ပင်ဖြစ်သည်။

လျိုမုယန်နှင့် စတင်တွဲသည့်အချိန်မှစ၍ သူ ယွမ် သန်း ၄၀ ကျော် ရှာနိုင်ခဲ့သည်။

ဤဝင်ငွေမှာ အိမ်ဖျက်သိမ်းမှု လျော်ကြေးရထားသည့် ပိုက်ဆံနှင့် နီးပါးတူနေပြီ ဖြစ်သည်။

တစ်နည်းအားဖြင့် ဇွန်လ ၅ ရက်နေ့ကစပြီး ရက်ပေါင်း ၂၀ ကျော်အတွင်း သူ ယွမ် သန်း ၁၀၀ ကျော် ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်!

ထို့အပြင် ထိုပိုက်ဆံများ၏ ဝန်ထုတ်ဝန်ပိုးကိုပင် သူ မခံစားရဘဲ နေရာတိုင်းမှာ ရွှေတွေ လိုက်ကောက်နေရသလိုပင်။

သူ ထိုသို့ပြောလိုက်သည့်အခါမှ လျိုမုယန် စိတ်အနည်းငယ် အေးသွားသည်။

ညစာအတွက် သူတို့ ကန်တုံစားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်ကြသည်။

နေ့တိုင်း အစပ်တွေချည်း စား၍မရဘဲ အရသာ ပြောင်းလဲရန် လိုအပ်သည် မဟုတ်ပါလား။

ကျိုးထျန်းသည် မူလက နာမည်ကြီး Tang Court ဆိုင်သို့ လျိုမုယန်ကို ခေါ်သွားချင်ခဲ့သော်လည်း အွန်လိုင်းတွင် စစ်ဆေးကြည့်သည့်အခါ မူလက မစ်ရှလင် ကြယ် ၃ ပွင့်ရထားသော ထိုဆိုင်မှာ ယခုအခါ ၁ ပွင့်သာ ကျန်တော့ပြီး ၂ နှစ်ဆက်တိုက် ကြယ်ပွင့်များ ဆုံးရှုံးခဲ့သည်ကို တွေ့ရသည်။

၎င်းမှာ သူတို့၏ အစားအသောက်တွင် ပြဿနာကြီးကြီးမားမား ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သေချာစုံစမ်းကြည့်သည့်အခါ မီးဖိုချောင် စားဖိုမှူးအကြီး အကဲထွက်သွားခြင်းကြောင့် ဖြစ်ကြောင်း သိလိုက်ရသည်။

၎င်းမှာ တကယ်ပင် ရယ်စရာကောင်းလှသည်။

ထိပ်တန်းစားသောက်ဆိုင်များအတွက် ၎င်းမှာ အကြီးမားဆုံး အမှားပင်။ စီမံခန့်ခွဲမှုအဖွဲ့တစ်ခုလုံး ပြောင်းလဲလျှင်ပင် မီးဖိုချောင်စားဖိုမှူးအကြီးအကဲကိုတော့ လွှတ်မပေးသင့်ပေ။

မီးဖိုချောင်စားဖိုမှူးအကြီးအကဲဆိုသည်မှာ စားသောက်ဆိုင်တစ်ဆိုင်၏ ဝိညာဉ်ပင် မဟုတ်ပါလား။

မစ်ရှလင်ကြယ်ပွင့်ဆိုသည်မှာ အရသာတစ်ဝက်၊ ဂုဏ်သိက္ခာတစ်ဝက် ဖြစ်ရမည်ဖြစ်သော်လည်း ယခုအခါ မီးဖိုချောင်အကြီးအကဲ မရှိတော့သဖြင့် ဂုဏ်သိက္ခာတစ်ခုတည်းသာ ကျန်တော့သည်။

ဂုဏ်ဖော်ဖို့သက်သက်အတွက်နှင့် ထိုဆိုင်ကို သွားရန်လိုအပ်သည်လော။

ကျိုးထျန်းမှာမူ ထိုဆိုင်ကို ရွေးချယ်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် လျိုမုယန်နှင့်အတူ သွားမည်ဖြစ်ရာ အရသာရှိမှုကသာ အရေးကြီးဆုံးဖြစ်ပြီး သူမအား ပျော်ပျော်ရွှင်ရွှင် စားစေချင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် နောက်ဆုံးတွင် သူတို့သည် Huaihai လမ်းရှိ Li Yuan ဆိုင်ကို ရွေးချယ်ခဲ့ကြသည်။

ဤဆိုင်မှာ ထိပ်တန်းအဆင့်ဖြစ်ပြီး ဈေးနှုန်းမှာလည်း သင့်တင့်လှရာ တစ်ဦးလျှင် ယွမ် ၅၀၀ ထက် လျော့နည်းသည်။

ဟော့ပေါ့ထက် ဈေးကြီးသည်မှာ အမှန်ပင်ဖြစ်သော်လည်း ရှန်ဟိုင်းတွင် တစ်ဦးလျှင် ယွမ် ၅၀၀ ကျသင့်သော စားသောက် ဆိုင်များမှာ နေရာအနှံ့ရှိသဖြင့် ထူးဆန်းသည်တော့ မဟုတ်ပေ။

သူတို့နှစ်ဦး ဟင်းပွဲ ၆ မျိုးနှင့် အချိုပွဲ ၃ မျိုး မှာယူလိုက်ကြသည်။

ကံကောင်းသည်မှာ ပမာဏမှာ အလွန်မများလှသဖြင့် ကျိုးထျန်းမှာ ဗိုက်မပေါက်ရုံတမယ် ဖြစ်သွားရသည်။

ကျသင့်ငွေမှာ ယွမ် ၉၀၀ ကျော်သာရှိပြီး အလွန်ကောင်းမွန်စွာ စားသောက်ခဲ့ကြသည်။

လျိုမုယန်ကလည်း သူနှင့်အတူ ပိုက်ဆံသုံးရခြင်းကိုတဖြည်း ဖြည်း လက်ခံလာပြီး ဈေးကြီးလွန်းသည်ဟု မထင်တော့ပေ။

ဘာပဲဖြစ်ဖြစ် သူက ပေးချေနေသည်ဖြစ်ရာ သူ့သဘောအတိုင်းသာ ဖြစ်ပါစေတော့ ဟု လွှတ်ထားလိုက်ရသည်။

ထိုညတွင် လျိုမုယန်ကို အိမ်ပြန်ပို့ပြီးနောက် သူသည် ကျင်းရှစ်တိုက်ပလာဇာသို့ ပြန်လာကာ ကားပါကင်ထိုးလိုက်သည်။

အချိန်မှာ ည ၁၀ နာရီကျော်နေပြီ ဖြစ်သည်။

သူသည် မှတ်စုစာအုပ်ကို ထုတ်ကာ မိန့်ခွန်းအတွက် ပြင်ဆင်တော့သည်။ နောက်ဆုံးတော့ ကျောင်းပြီးပြီဖြစ်ရာ စင်ပေါ်မှာ စံပြကျောင်းသားတစ်ယောက်အဖြစ် စကားပြောရမည့် အခွင့်အရေးကို သူ အကောင်းဆုံး အသုံးချရမည် မဟုတ်ပါလား။

ထို့အပြင် ယနေ့တွင် သူ ပိုက်ဆံအများကြီး သုံးထားခဲ့ပြီးဖြစ်ရာ မနက်ဖြန်တွင် ကောင်းကောင်း စွမ်းဆောင်နိုင်လျှင် ထိုပိုက်ဆံများကို ပြန်ရှာနိုင်လိမ့်မည်ဟု သူ တွေးလိုက်သည်။

...

နောက်တစ်နေ့တွင် သူသည် နေ့လယ်အထိ အိပ်ပျော်သွားသည်။

အိပ်ရာနိုးသည့်အခါ တစ်ခုခုကို အမြန်စားပြီး ကားပါကင်သို့ တန်းသွားလိုက်သည်။

ကျောင်းမှာ အိမ်နှင့် အလွန် နီးလှသဖြင့် လမ်းလျှောက်သွားလျှင်ပင် ရသည်။

သို့သော် ထို 720S ကားကြီးမှာ 'အချဉ်ဓာတ်' ရရှိရန်အတွက် မရှိမဖြစ် လိုအပ်သဖြင့် သူ ကျောင်းသို့ ကားမောင်းသွားခဲ့သည်။

လျိုမုယန်အိမ်ကို သွားသလိုမျိုး အဆင်ပြေပြေဝင်နိုင်လိမ့် မည်ဟု သူ ထင်ထားခဲ့သည်။

သို့သော် ကျောင်းဂိတ်စောင့် အဘိုးကြီးမှာမူ မည်သည့်ကားမျိုးဖြစ်စေကာမူ ဂရုမစိုက်ဘဲ အားလုံးကို တားဆီးစစ်ဆေး သည်။

ကျိုးထျန်းမှာ ကျုန်းဟွာစီးကရက်တစ်ထုပ်နှင့် ယွမ် ၁၀၀ မုန့်ဖိုးပေးလိုက်ရမှ ထိုအဘိုးကြီးက မျက်စိမှေးကြည့်ကာ သူ့အတွက် ဂိတ်ဖွင့်ပေးလိုက်တော့သည်။

သူ အနိုင်ကျင့်ခံလိုက်ရသော်လည်း ဘာမှ မပြောနိုင်ပေ။

နောက်ဆုံးတွင် ကျောင်းဝင်းထဲသို့ ရောက်ရှိသွားပြီး သင်ကြားရေးအဆောက်အအုံရှေ့၊ ကစားကွင်းနှင့် မျက်နှာ ချင်းဆိုင်ရှိ ကားရပ်ရန် အဆင်ပြေသော နေရာလွတ်တွင် ကားကို ရပ်လိုက်သည်။

ကျောင်းပိတ်ရက်ဖြစ်သော်လည်း ဘိုကင်တင်ထားသော ကျောင်းသားများကို လာရောက် ကစားခွင့်ပြုထားဆဲ ဖြစ်သည်။

ယခု အချိန်မှာ နေ့လယ် ၁ နာရီခန့် ရှိပြီဖြစ်ရာ ကစားကွင်းတွင် ထမင်းစားပြီး ကစားနေကြသော ကျောင်းသား အယောက် ၂၀၊ ၃၀ ခန့် ရှိနေပြီ ဖြစ်သည်။

ခန်းမထဲသို့ တဖြည်းဖြည်း ဝင်လာနေကြသော သူများကိုပါ ပေါင်းလိုက်လျှင် လူ ၁၀၀ ကျော်ခန့် ရှိပေလိမ့်မည်။ အားလုံးက ခေါင်းလှည့်ကြည့်လာကြသည်။

သူတို့အားလုံးမှာ ကျောင်းသားများဖြစ်ကြရာ ဤကဲ့သို့သော ဇိမ်ခံကားမျိုးကို ဘယ်နှစ်ယောက် မြင်ဖူးကြပါမည်နည်း။ ကားကို စိတ်မဝင်စားသော မိန်းကလေးများပင် သူ့ကို လှည့်ကြည့်လာကြသည်။

"အဲ့ဒါ ဘယ်သူလဲ"

စည်းမျဉ်းအရ ကျိုးထျန်းမှာ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူသည် ဤကျောင်းမှ ကျောင်းသားဖြစ်ကြောင်း အားလုံး သိကြသည်။

"မသိဘူး၊ အရမ်းချောတာပဲ၊ ပြီးတော့ သူ့ကားကလည်း အရမ်းဈေးကြီးမယ့်ပုံပဲ"

"ဟုတ်တယ်၊ ငါတို့ကျောင်းမှာ ဒီလိုလူရှိတာ ဘယ်တုန်းကလဲ။ တစ်ခါမှ မကြားဖူးပါဘူး"

"အာ... သူ လာနေပြီ၊ အနီးကပ်ကြည့်တော့ ပိုချောတယ်! မင်ချီ... ငါတို့ သွားပြီး WeChat အကောင့် တောင်းကြမလား"

"နေပါစေတော့၊ သူက ချမ်းလည်းချမ်းသာ၊ ချောလည်းချောတာဆိုတော့ ငါတို့ကို ကြည့်မှာတောင် မဟုတ်ပါဘူး"

"ဟူး..."

ကျိုးထျန်းသည် မိန်းကလေးများ၏ စကားသံကို ကြားလိုက်ရသဖြင့် ပြုံးမိသွားသည်။ သို့သော် မကြားချင်ယောင်ဆောင်ကာ ခန်းမထဲသို့ တိုက်ရိုက် ဝင်လာခဲ့သည်။

ထိုမိန်းကလေးများမှာ အတော်အတန် လှကြသော်လည်း လျိုမုယန်နှင့် နှိုင်းယှဉ်လျှင်တော့ အလွန် ကွာခြားလှသည်။

လျိုမုယန်က အမှတ် ၉၅ ဆိုလျှင် ထိုမိန်းကလေးများမှာ အများဆုံး ၇၇၊ ၇၈ လောက်သာ ရှိလိမ့်မည်။

ထို့ကြောင့် သူတို့ဘက်သို့ ဒုတိယအကြိမ် ပြန်လှည့်ကြည့်ရန်ပင် သူ စိတ်မဝင်စားပေ။ သူတို့ လာပြီး WeChat တောင်းလျှင်ပင် သူ ငြင်းဆန်မိပေလိမ့်မည်။

ပတ်ဝန်းကျင်ရှိ ယောင်္ကျားလေးများမှာ 720S ကိုသာ အဓိက အာရုံစိုက်နေကြသည်။

သူ ကားပေါ်က ဆင်းလိုက်သည်နှင့် ကျောင်းသား အယောက် ၁၀ ကျော်ခန့်မှာ ကားကို ဝိုင်းအုံကြည့်ရှုကာ ဓာတ်ပုံရိုက်ခြင်း၊ အချို့က လိုက်ဖ် လွှင့်ခြင်းများ ပြုလုပ်နေကြသည်။

သို့သော် သူတို့မှာ အထက်တန်းကျောင်းသားများဖြစ်ပြီး အတော်အတန် လိမ္မာယဉ်ကျေးကြသဖြင့် မူလတန်းကျောင်းသားများကဲ့သို့ ကားပေါ်တက်ခုန်ခြင်းမျိုးတော့ မလုပ်ကြပေ။

ကားကို အစင်းရာလေး တစ်ကြောင်း ထင်အောင်လုပ်မိလျှင်ပင် လျော်ကြေးမှာ ယွမ် ၁ သိန်းကျော် ပေးရနိုင်သည်ကို သူတို့ ကောင်းကောင်း သိကြသည် မဟုတ်ပါလား။

All Chapters