← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

🍋 Chapter 37

အွန်လိုင်းပေါ်ရှိ ဗီဒီယိုများတွင် ဇိမ်ခံကားများ ဖျက်ဆီးခံရသည့် ဖြစ်ရပ်များကို ကျိုးထျန်း တွေ့ဖူးပေသည်။

Lamborghini ပေါ်တွင် တက်ခုန်နေသည့် မူလတန်းကျောင်းသားများ၊Ferrari ကိုယ်ထည်ပေါ်တွင် စာသားများ လိုက်ခြစ်နေသည့် ကလေးများ အစရှိသဖြင့် ထူးဆန်းသော အပြုအမူမျိုးစုံကို မြင်ဖူးသည်။

သို့သော် သူ့အတန်းဖော်များက ထိုသို့လုပ်လိမ့်မည်ဟု သူ မစိုးရိမ်ပေ။ သူတို့အားလုံးသည် ဆင်ခြင်တုံတရားရှိသော လူငယ်များ ဖြစ်ကြသည်။

အဆိုးရွားဆုံး လုပ်လှမှ နောက်ကြည့်မှန်ကို လက်ဖြင့်အသာကိုင်ကာ ဓာတ်ပုံတွဲရိုက်ရုံသာ ရှိပြီး ၎င်းကိုပင် တကယ်မထိရဲဘဲ ဟန်ဆောင်ရုံသာ လုပ်ကြသည်။

ကျိုးထျန်း ခန်းမထဲသို့ လမ်းလျှောက်ဝင်သွားပြီး သုံးမိနစ်ခန့်အကြာတွင် ကျောင်းဂိတ်ဝ၌ အဘိုးကြီးက နောက်ထပ်ကားတစ်စီးကို တားဆီးလိုက်ပြန်သည်။

သူနှင့်အတူတူပင် ရုန်းကန်ငြင်းခုံပြီးနောက် နောက်ဆုံးတွင် ပိုက်ဆံပေးကာ ကျောင်းထဲသို့ မောင်းဝင်လာခဲ့သည်။ ထိုသူမှာ ရေခဲပြာရောင်Porsche 718 တစ်စီးကို မောင်းလာခြင်းဖြစ်သည်။

ပုံမှန်ဆိုလျှင် ဤကားမှာ ကျောင်းဝင်းထဲတွင် အထူးခြားဆုံး ဖြစ်နေမည်ဖြစ်သော်လည်း ကံဆိုးစွာပင် 720S ရှိနေသဖြင့် ယွမ် ၁ သန်းမပြည့်သော ထိုကားမှာ လူအများ၏ အာရုံကို မဖမ်းစားနိုင်တော့ပေ။

718 မှာ 720S နှင့် တစ်မီတာခန့်အကွာတွင် လိမ္မာယဉ်ကျေးစွာ ကပ်ရပ်လိုက်သည်။ ၎င်းမှာ အခြားကားကို တိုက်မိမည်စိုးသဖြင့် ဗီဇအရ မိမိကိုယ်ကို ကာကွယ်သည့် အနေအထားပင် ဖြစ်သည်။

ကျိုးထျန်း၏ကားကို ဓာတ်ပုံရိုက်နေသူများမှာ ထိုကားသစ်ကို ခဏသာ လှည့်ကြည့်ပြီးနောက် စိတ်ဝင်စားမှု လျော့နည်းသွားကြသည်။

718 တံခါးပွင့်လာပြီးနောက် တန်ဖိုးကြီး အမှတ်တံဆိပ် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဆင်းလာသည်။

အဝတ်အစားအရ အသက် ၂၀ ကျော်ဟု ထင်ရသော်လည်း မျက်မှန်ချွတ်လိုက်သည့်အခါ ဆယ်ကျော်သက်မျက်နှာကို မြင်လိုက်ရသည်။

သို့သော် ထိုမျက်နှာတွင် မာနထောင်လွှားသော အပြုံးတစ်ခု အမြဲရှိနေတတ်ပြီး ပတ်ဝန်းကျင်ရှိ ကျောင်းသားများကို သနားစရာ လေလွင့်နေသူများသဖွယ် ကြည့်တတ်ကာ သူတစ်ဦးတည်းသာ လူ့အဆင့်အတန်းရှိသူဟု ထင်မှတ်နေပုံရသည်။

ယခုအချိန်တွင်မူ သူ့မျက်နှာတွင် အားမလိုအားမရဖြစ်မှုများ ယှက်သန်းနေသည်။

သူသည်သာ အားလုံး၏ ဝိုင်းဝန်းဖားယားခြင်းကို ခံရမည့်သူဟု ထင်ထားသော်လည်း ကျောင်းထဲတွင် ဤမျှ အဆင့်မြင့်သောကား ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ 720S ကို မှတ်မိသည်။ ၎င်းမှာ ယွမ် ၄ သန်းကျော်တန်သော ကားဖြစ်သည်။ သူ့မိသားစုက မဝယ်ပေးနိုင်၍ မဟုတ်သော်လည်း ဖခင်ဖြစ်သူက ပိုက်ဆံကို ထိုသို့ ဖြုန်းတီးခွင့် ပေးမည်မဟုတ်ပေ။

အကယ်၍သာ မနာလိုစိတ်မရှိလျှင် သူကိုယ်တိုင်ပင် ဖုန်းထုတ်ကာ ထိုကားကို ဓာတ်ပုံရိုက်မိပေလိမ့်မည်။

‘ငါ မရှိတဲ့အချိန် ကျောင်းကို ကျောင်းသားသစ်တစ်ယောက် ပြောင်းလာတာလား။ ဒီလောက် ငွေကြေးအင်အားတောင့်တဲ့သူရှိတာ တစ်ခါမှ မကြားဖူးပါဘူး။ ငါတစ်ယောက်တည်းပဲ ကျောင်းကို Sport Carမောင်းလာလိမ့်မယ်လို့ ထင်ထားတာ’ ဟု ထိုလူငယ်က စိတ်ထဲမှ တွေးလိုက်သည်။

‘နောက်မှ ဘယ်သူ့ကားလဲဆိုတာ စုံစမ်းပြီး မိတ်ဖွဲ့ကြည့်ရမယ်။ အဆင့်အတန်းတူတဲ့သူဆိုရင် သူလည်း ပေါင်းချင်မှာပါ’

သူသည် ချမ်းသာသော လူကုံထံသားတို့၏ အပြုံးမျိုးကို ထပ်မံပြုံးလိုက်ရာ ပတ်ဝန်းကျင်ရှိသူများကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။

သူ ခန်းမဘက်သို့ လျှောက်သွားသည့်အခါ ကျောင်းသားအချို့က သတိပြန်ဝင်လာပြီး သူ့ကျောပြင်ကို လက်ညှိုးထိုးကာ ပြောကြတော့သည်။

"ဟေး... အဲ့ဒါ သခင်လေးဝူ မဟုတ်လား"

"အေး... ဟုတ်သားပဲ၊ သူ ကျောင်းမလာတာ အတော်ကြာပြီနော်"

"ဟုတ်တယ်လေ၊ ဒီနေ့က အထက်တန်းနောက်ဆုံးနှစ် ကျောင်းဆင်းပွဲဆိုတော့ သူ သေချာပေါက် လာမှာပေါ့"

"ဪ... ဟုတ်သားပဲ။ ဒီကောင် တော်တော်ချမ်းသာတယ်လို့ ကြားတယ်။ ကျောင်းက စီနီယာတွေရော ဂျူနီယာတွေကိုရော အများကြီး တွဲခဲ့တာ၊ သုံးပြီးရင် ပစ်လိုက်တာပဲ"

"ငါကြားတာတော့ မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်ရှိအောင် လုပ်ခဲ့တာတောင် သူ့မိသားစုက အာဏာနဲ့ ဖုံးဖိပေး လိုက်ရတယ်ဆိုလားပဲ"

"တောက်... တကယ့် လူယုတ်မာပဲ!"

"ရှူး... အသံတိုးတိုးပြောပါ၊ သူကြားသွားရင် မင်း ဒုက္ခရောက်လိမ့်မယ်"

ယောင်္ကျားလေးတစ်စုက သူ့ကို ရွံရှာသော မျက်လုံးများဖြင့် ကြည့်ကာ ကျန်ရစ်ခဲ့သည်။

ခန်းမထဲတွင် ကျိုးထျန်းသည် လျိုမုယန်ကို ရှာတွေ့သွားပြီ ဖြစ်သည်။ လျိုမုယန်မှာ အတန်းခေါင်းဆောင်ဖြစ်သဖြင့် စောစောရောက်နေပြီး အတန်းဖော် မိန်းကလေးများကြားတွင် ထိုင်နေသည်။

သူတို့မှာ စာမေးပွဲအမှတ်များနှင့် တက္ကသိုလ်လျှောက်ထားမှုများအကြောင်း ဆွေးနွေးနေကြသည်။

လျိုမုယန်က ကျိုးထျန်း လျှောက်လာသည်ကို မြင်သည့်အခါ မျက်စိတစ်ဖက်မှိတ်ပြကာ ခေါင်းကို အသာအယာ ခါပြလိုက်သည်။

ကျိုးထျန်း ချက်ချင်း နားလည်လိုက်သည်။

‘မုယန် ရှက်နေပုံရတယ်၊ ငါ့ကို သူ့ဘေးမှာ လာမထိုင်စေချင်ဘူး။ ငါတို့ရဲ့ ပတ်သက်မှုကို အတန်းဖော်အများစုက သိနေကြပေမဲ့ မိန်းကလေးတွေကတော့ ဒီလိုပါပဲ။

ငါတို့ကလည်း တော်တော်လေး မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာဆိုတော့ သူ အပြည့်အဝ အဆင်မပြေသေးတာ ဖြစ်မှာပါ’

ကျိုးထျန်းကတော့ အတင်းသွားမထိုင်ပေ။ လျိုမုယန်က ဘာမှမပြောသော်လည်း သူ့ကို အတင်းအကျပ်လုပ်သည်ဟု ခံစားရစေမည်ကို မလိုလားသောကြောင့် ဖြစ်သည်။

သူတို့၏ ပတ်သက်မှုတွင် လျိုမုယန်ကို ဖိအားမပေးချင်ပေ။ သူသည် သဘာဝအတိုင်း ဖြစ်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

သူသည် သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်သော ချန်ကျန့်ဝေ၏ ဘေးတွင် သွားထိုင်လိုက်သည်။

"ကျန့်ဝေ... စာမေးပွဲတွေ ဘယ်လိုလဲ"

"ဟေ့ လူကြီးမင်း... နောက်ဆုံးတော့ ရောက်လာပြီပေါ့! ငါတို့ အခုလေးတင် မင်းအကြောင်း ပြောနေတာ"

"ငါ့အကြောင်း? မင်းတို့လို လူအုပ်စုက ငါ့အကြောင်း ကောင်းတာပြောပါ့မလား"

ကျိုးထျန်းက အေးအေးလူလူပင် ထိုင်လိုက်သည်။ သူ ချမ်း သာသွားပြီ ဖြစ်သော်လည်း သူငယ်ချင်းဆိုသည်မှာ သူငယ်ချင်းပင်။

"မင်းအကြောင်း ပြောနေတာပါ။ မင်းမှာ အိမ်အလုံး ၂၀ နီးပါး ရှိနေတာဆိုတော့ အိမ်လခလိုက်ကောက်နေတာနဲ့ ကျောင်းဆင်းပွဲလာဖို့ အချိန်တောင် ရှိပါ့မလားလို့လေ"

ချန်ကျန့်ဝေ ရယ်မောရင်း သူ့ကို စောင်းကြည့်လိုက်သည်။

"ဘာလဲ... အိမ်ရှင်ကို အထင်သေးတာလား။ နောက်ကျရင် မင်းကို အိမ်လခလိုက်ကောက်တဲ့နောက် ခေါ်သွားရမယ်"

ကျိုးထျန်းက သူငယ်ချင်းဖြစ်သူကို နောက်ပြောင်လိုက်သည်။

"သွားစမ်းပါ... မင်းလို ကောင်ကတော့ တစ်နေ့ မိုးကြိုးပစ်ခံရဦးမယ်"

"မင်းပဲ အရင် ပစ်ခံရမှာ ကောင်စုတ်ရဲ့"

ချန်ကျန့်ဝေက သူ့ကိုလှမ်းဆွဲကာ "ကျိုးထျန်း... ငါ တခြားဘာမှ မပြောတော့ဘူး၊ ငါတို့ သူငယ်ချင်းသံယောဇဉ်က ခိုင်မာပါတယ်နော်? မင်းကားကို တစ်ပတ်လောက် မောင်းကြည့်လို့ ရမလား"

ဤကောင်မှာ 720S ကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်သည်။

"မဖြစ်နိုင်တာ၊ မင်းမှာ ကားမောင်းလိုင်စင်တောင် မရှိဘဲနဲ့ ဘယ်လိုမောင်းမှာလဲ"

"ဒါဆိုရင်လည်း ကားထဲမှာ ခဏလေးဝင်ထိုင်ပြီး ငြိမ်ငြိမ်လေး ကြည့်ပါရစေ၊ မောင်းဖူးသလို ဟန်ဆောင်ချင်လို့ပါ" ချန်ကျန့်ဝေ၏ မျက်လုံးများမှာ တောင့်တမှုများဖြင့် ပြည့်နှက်နေသည်။

"ရပါတယ်၊ ကိစ္စမရှိဘူး။ ခဏနေရင် ကားဆီသွားကြတာပေါ့၊ ငါ့ကားက အောက်မှာ ရပ်ထားတယ်"

"ဟမ်... မင်း ကျောင်းကို ကားမောင်းလာတာလား။ မင်းကတော့ တကယ်ပဲ! ကျောင်းမှာ လာပြီး ကြွားနေတာပေါ့လေ"

"မင်းက ငါ့အကြောင်းကို သိသားပဲ။ ငါလည်း ခဏလောက် ငှားပါဦး၊ WeChat မှာ တင်ချင်လို့"

ကျိုးထျန်းနှင့် ချန်ကျန့်ဝေတို့မှာ နှစ်ရှည်လများ သူငယ်ချင်းများ ဖြစ်ကြသည်။ အကယ်၍ သူ့တွင် လိုင်စင်သာရှိလျှင် ကျိုးထျန်းက ကားငှားရန် ဝန်လေးမည်မဟုတ်ပေ။

လူအများစုမှာ ပြဿနာတက်မည်စိုး၍ ကားငှားရန် ဝန်လေးတတ်ကြသော်လည်း ကျိုးထျန်းကတော့ ယွမ် ၄ သန်းတန်ကား ပျက်စီးသွားလျှင်ပင် ဂရုမစိုက်ပေ။

ချန်ကျန့်ဝေမှာ ကျိုးထျန်းက ထိုမျှလွယ်လွယ်ကူကူ သဘော တူလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အမှန်စင်စစ် 'ချမ်းသာသည်' ဆိုသည်မှာ အပေါ်ယံတံဆိပ်တစ်ခုသာဖြစ်ပြီး လူအများစုမှာ တကယ်တမ်းတွင် ကပ်စေးနှဲတတ်ကြသည်။

သူတို့ကြားမှ လူမှုအဆင့်အတန်း ကွာခြားချက်ကြောင့် ဆက်ဆံရေး ဝေးကွာသွားမည်ကို သူ စိုးရိမ်ခဲ့သော်လည်း ယခုတော့ ထိုစိုးရိမ်မှုမှာ အပိုပင် ဖြစ်သွားသည်။

ကျိုးထျန်းက ယခင်အတိုင်းပင် ဖြစ်နေပြီး သူဌေးသားများကဲ့သို့ မာနထောင်လွှားခြင်း မရှိပေ။

"ဒါနဲ့ ကျိုးထျန်း... အတန်းခေါင်းဆောင်နဲ့ရော ဘယ်လိုလဲ"

ချန်ကျန့်ဝေ၏ မေးခွန်းကြောင့် ဘေးမှလူများပါ ဝိုင်းအုံလာကြသည်။

လျိုမုယန်မှာ ကျောင်း၏အလှဆုံးမိန်းကလေးဖြစ်ရာ သူမ၏ အချစ်ရေးက အားလုံးအတွက် စိတ်ဝင်စားစရာပင်။

အထူးသဖြင့် ယောင်္ကျားလေးများမှာ သူမ လူပျိုကြီးဘဝတွင် ရှိနေသရွေ့ မျှော်လင့်ချက်အနည်းငယ် ထားရှိတတ်ကြသည်။

ကျိုးထျန်း ပြုံးလိုက်ကာ လျိုမုယန်ကို အနေမခက်စေမည့် စကားလုံးကို သူ ရွေးချယ်လိုက်သည်။

"ထူးထူးခြားခြားတော့ မရှိပါဘူး၊ အတူတူ ထမင်းစား၊ ဈေးဝယ်ထွက် အဲ့လောက်ပါပဲ"

သူသည် ရည်းစားဖြစ်သူဟု တိတိကျကျ မပြောဘဲ ဝေဝေဝါးဝါးသာ ပြောလိုက်သည်။

"ငါကတော့ မင်းတို့နှစ်ယောက် ဘဝရဲ့အထွတ်အထိပ်ကို ရောက်နေပြီလို့ ထင်ထားတာ"

ချန်ကျန့်ဝေက မယုံသလို ကြည့်လိုက်သည်။

"အတွေးတွေ အရမ်းမညစ်ပတ်စမ်းပါနဲ့၊ ငါတို့က လူကောင်းတွေပါ"

"ဟဲ... ဘယ်သူဌေးက လူကောင်းဖြစ်မှာလဲ။ ဟိုကောင် ဝူခယ်ရုံ ဆိုရင် ယွမ် ထောင်ဂဏန်းတန်တဲ့ ဆွဲကြိုးတစ်ကုံးနဲ့တင် ဂျူနီယာတွေကို ဖြားယောင်းနေတာ၊ မင်းက ယွမ်သန်းချီတန်တဲ့ နာရီပေးထားတာကို ဘာမှမလုပ်ဘူးလား"

ကျိုးထျန်း ရွံရှာစွာ ပြောလိုက်သည်။

"မင်းက ငါ့ကို အဲ့ဒီ ရုန်မော့မော့နဲ့ နှိုင်းနေတာလား ? သူက လူယုတ်မာ၊ ငါက တခြားစီ"

ရုန်မော့မော့ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိသူများ အားလုံး ရယ်မောကုန်ကြသည်။ ထိုစဉ်မှာပင် အောက်တွင် ကားရပ်ခဲ့သော လူငယ် ခန်းမထဲသို့ ဝင်လာသည်။

အခြားသူများမှာ မအောင့်နိုင်ဘဲ ထပ်မံရယ်မောလိုက်ကြပြန်သည်။

"ကျိုးထျန်း... မင်း တကယ်တော်တာပဲ! မင်းပြောတဲ့အတိုင်း သခင်လေးဝူ ရောက်လာပြီ!"

ကျိုးထျန်း လှည့်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်မိသွားသည်။

ဤလူမှာ လူ ရာနှင့်ချီရှိသည့်အထဲတွင် ကျောင်းဝတ်စုံမဝတ်သည့် တစ်ဦးတည်းသောသူဖြစ်ပြီး ချမ်းသာကြောင်း အားလုံးသိစေရန် အလွန်တောက်ပြောင်စွာ ဝတ်ဆင်ထားသည်။

‘ဪ... 'အချဉ်ဓာတ်' အသင်းက ကောင်ပဲ။ သူရှိနေရင် ငါ့ရဲ့ အချဉ်ဓာတ်ဝင်ငွေ လျော့သွားမလား’

သို့သော် သူ ချက်ချင်းပင် ထိုအတွေးကို ဖျောက်လိုက်သည်။

‘ငါက သူ့ထက် အရပ်ရှည်တယ်၊ ပိုချောတယ်၊ စာမေးပွဲအမှတ်ကလည်း သူ့ထက် သေချာပေါက်ပိုမြင့်တယ်။ သူ ငါ့ကို ဘယ်လိုမှ ယှဉ်လို့မရပါဘူး’

🍋 Chapter 38

ကျိုးထျန်းသည် လျှောက်လာသောသူကို ကြည့်ကာ ပြုံးလိုက်သည်။

ထိုသူကား ဝူခယ်ရုံ ဖြစ်သည်။

သူသည် အမှတ် (၁) အထက်တန်းကျောင်းတွင် လူသိများသော ဒုတိယမျိုးဆက်သူဌေးသား တစ်ဦးဖြစ်ပြီး ကျောင်းတက်ခဲ့သော သုံးနှစ်အတွင်း ရည်းစားများစွာထားခဲ့ကာ ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ဖူးသူလည်း ဖြစ်သည်။

သူ့မိသားစုက ချမ်းသာသဖြင့် ထိုပြဿနာများကို အမြဲတမ်း အလွယ်တကူပင် ဖုံးဖိဖြေရှင်းနိုင်ခဲ့သည်။

သို့သော် ပြီးခဲ့သည့်နှစ် ဒုတိယနှစ်ဝက်တွင်တော့ သူသည် ကြောက်စရာကောင်းသော မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့လိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့ပေ။

ထုံးစံအတိုင်းပင် လိုက်သည်၊ လက်ဆောင်ပေးသည်၊ ထမင်းစားသည်၊ ဟိုတယ်သွားသည်၊ ပြီးနောက် လမ်းခွဲသည်။

သူသည် ဤလုပ်ငန်းစဉ်ကို အလွန်ကျွမ်းကျင်စွာ ကစားခဲ့ပြီး ထိုမိန်းကလေးနှင့်လည်း ချောချောမွေ့မွေ့ပင် အကောင်အထည်ဖော်ခဲ့သည်။

သို့သော် လမ်းခွဲသည့်အခါတွင် ပြဿနာအသေးအမွှားလေး တစ်ခုတက်ခဲ့သည်။ ထိုမိန်းကလေးက လမ်းခွဲရန် သဘောမတူပေ။

သူမကို အသုံးချပြီးနောက် အဘယ်ကြောင့် စွန့်ပစ်ရသနည်းဟု မေးခွန်းထုတ်ခဲ့သည်။

ဝူခယ်ရုံသည် ဤကဲ့သို့သောကိစ္စမျိုးကို အကြိမ်ကြိမ် ကြုံဖူးပြီးသားဖြစ်ရာ ဖြေရှင်းနည်းမှာ ရိုးရှင်းပေသည်။

နှုတ်ပိတ်ခပေးခြင်းနှင့် သူတို့နှစ်ဦး၏ အတွင်းရေးကိစ္စများကို လူသိရှင်ကြား ဖွင့်ချမည်ဟု ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်။

ဤသို့ အပျော့အမာ နည်းဗျူဟာများ ပေါင်းစပ်လိုက်လျှင် ပြဿနာမှာ အမြဲတမ်း ပြေလည်သွားလေ့ရှိသည်။

သို့သော် ယခုတစ်ခါတွင်တော့ ထိုမိန်းကလေးက အလွန်ခက်ခဲသည်။ ပိုက်ဆံနှင့်လည်း ဝယ်၍မရသလို ခြိမ်းခြောက်မှုများကလည်း အရာမထင်ပေ။

သူမသည် ဝူခယ်ရုံက လူသိရှင်ကြား ဖွင့်ချမည်ကို မကြောက်ရုံတင်မကဘဲ အခြားသူများကိုပါ ဦးအောင်လိုက်ပြောတော့သည်။

ရက်အနည်းငယ်အကြာတွင် ကျောင်းတစ်ကျောင်းလုံး၌ ကောလာဟလတစ်ခု ပျံ့နှံ့သွားခဲ့သည်။ 'သခင်လေးဝူသည် အမျိုးသားစွမ်းဆောင်ရည် မရှိပေ' ဟူ၍ ဖြစ်သည်။

ထိုမိန်းကလေး၏ ပြောကြားချက်အရ ဝူခယ်ရုံနှင့် အတူနေရသည်မှာ 'အပ်နှင့် အထိုးခံရသလိုမျိုး' သာ ခံစားရသည်ဟု ဆိုသည်။

ဤပေါက်ကွဲအားပြင်းသော သတင်းမှာ တောမီးပမာ ပျံ့နှံ့သွားပြီး အနီးနားရှိ ကျောင်းများအထိပင် ရောက်ရှိသွားခဲ့သည်။ အစပိုင်းတွင် ဝူခယ်ရုံကို 'တွန်ဖန်းပုပိုက်'ဟု အမည်ပြောင်ပေးခဲ့ကြသည်။

(မှတ်ချက် - တွန်ဖန်းပုပိုက်မှာ သိုင်းဝတ္ထုထဲတွင် အပ်ကို လက်နက်အဖြစ် သုံးသူဖြစ်သည်)။

နောက်ပိုင်းတွင် ထိုဇာတ်လမ်းက ပိုမိုကြီးထွားလာပြီး ရုန်မော့မော့ ဟူသော အမည်ပြောင်ထွက်ပေါ်လာတော့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့နာမည်ထဲတွင် 'ရုံ' ပါနေသလို သူသည်လည်း လူတွေကို အပ်နှင့် လိုက်ထိုးနေသူ (စွမ်းဆောင်ရည်မရှိသူ) အဖြစ် စွပ်စွဲခံထားရသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် ဒေါသထွက်နေသော ဝူခယ်ရုံသည် ထိုမိန်းကလေးကို ရန်မူရန် လူငှားခဲ့သဖြင့် ကိစ္စမှာ ရဲစခန်းအထိ ရောက်သွားခဲ့သည်။

နောက်ဆုံးတွင် ထိုမိန်းကလေး ကျောင်းပြောင်းသွားရပြီး ဝူခယ်ရုံမှာလည်း ကြီးလေးသော ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်။

သို့သော် ရုန်မော့မော့ ဟူသော အမည်ပြောင်မှာတော့ ထိုဖြစ် ရပ်နှင့်အတူ ပျောက်ကွယ်မသွားခဲ့ပေ။

ဝူခယ်ရုံသည် သူ့ကို ထိုအမည်ဖြင့် ခေါ်သူများကို လိုက်လံရိုက်နှက်ခိုင်းကာ သူ၏ အရှိန်အဝါကို တည်ဆောက်ရန် ကြိုးစားခဲ့သည်။

အမှန်စင်စစ် ထိုရိုက်နှက်မှုများမှာ ကြိုတင်စီစဉ်ထားခြင်းသာ ဖြစ်ပြီး ရဲစခန်းသို့ ထပ်မံမသွားချင်တော့ပေ။

ထိုအချိန်မှစ၍ မည်သူမျှ သူ့မျက်နှာရှေ့တွင် ထိုအမည်ဖြင့် မခေါ်ရဲကြတော့ပေ။

သို့သော် ကွယ်ရာတွင်မူ သူ၏ ဆိုးသွမ်းသော နာမည်ကျော် ကြားမှုနှင့် မာနထောင်လွှားသော အပြုအမူများကြောင့် လူအများက ထိုအတိုင်းပင် ခေါ်နေကြဆဲ ဖြစ်သည်။

ကျိုးထျန်းကတော့ သူ့အပေါ် ဘာမှမခံစားရပေ။ သူတို့နှစ်ဦးမှာ ပတ်သက်မှုမရှိသလို သူစိမ်းများကဲ့သို့ပင်ဖြစ်သည်။

သူသည် အခြားသူများကို အကြောင်းမဲ့ ရန်မစတတ်သော် လည်း ကြောက်စရာကောင်းသည်မှာ အခြားသူက သူ့ကို လာရောက်ရန်စခြင်း ဖြစ်သည်။

ယခုလည်း ရုန်မော့မော့ သည် လျိုမုယန်ရှိရာသို့ လျှောက်လာနေသည်။

"လျိုမုယန်... မတွေ့တာကြာပြီနော်၊ နင်က အရင်ကထက် ပိုလှလာသလိုပဲ"

ဝူခယ်ရုံက မျက်နှာချိုသွေးကာ ပြောလိုက်သည်။ သူသည် လျိုမုယန်၏ ဘေးတွင် ထိုင်နိုင်ရန် ရှေ့မှ မိန်းကလေးအချို့ကို တွန်းဖယ်လိုက်သည်။

၎င်းကို မြင်လိုက်ရသည့်အခါ ကျိုးထျန်း ချက်ချင်းမျက် မှောင်ကြုတ်သွားပြီး ထိုနေရာသို့ သွားရန် ထရပ်လိုက်သည်။

ရုန်မော့မော့၏ နာမည်ဆိုးမှာ ကျော်ကြားလှသဖြင့် သူ ဘာကို ရည်ရွယ်နေသည်ကို အားလုံး သိကြသည်။

လျိုမုယန်မှာ ပိုလို့သိသေးသည်။ ဤကောင်မှာ သူမကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်သော်လည်း သူမက အမြဲတမ်း ရှောင်လွှဲခဲ့သည်။

ထို့အပြင် သူမ၏ မိသားစုမှာလည်း ချမ်းသာသဖြင့် ဝူခယ်ရုံပေးသော တန်ဖိုးနည်း လက်ဆောင်ပစ္စည်းများကို သူမ ဂရုမစိုက်ပေ။

ထို့ကြောင့် ဝူခယ်ရုံသည် နှစ်အတော်ကြာအောင် မအောင်မြင်ခဲ့သော်လည်း ရရန်ခက်ခဲလေလေ သူက ပိုစိတ်ဝင်စားလေလေ ဖြစ်လာသည်။

တက္ကသိုလ်ဝင်စာမေးပွဲ မတိုင်မီ သုံးလအလိုတွင် သူသည် တစ်ဦးချင်း ကျူရှင်ယူရန် ကျောင်းမှ ခွင့်ရှည်ယူခဲ့သည်။

ထို့အပြင် သူသည် ကျိုးထျန်းနှင့် အတန်းမတူသဖြင့် အတန်း Group Chat ထဲတွင်လည်း မရှိပေ။

ထို့ကြောင့် ကျိုးထျန်းနှင့် လျိုမုယန်တို့ကြားမှ ပြောင်းလဲမှုများကို သူ မသိရှိခဲ့ပေ။

လျိုမုယန်သည် သူ ချဉ်းကပ်လာသည်ကို မြင်သောအခါ ဗီဇအရ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သော်လည်း ယဉ်ကျေးစွာပင် တုံ့ပြန်လိုက်သည်။

"ဝူခယ်ရုံ... မတွေ့တာကြာပြီ။ ဒါက ငါတို့ အတန်း (၁) ရဲ့ နေရာလေ၊ နင်တို့ အတန်း (၃) က ဟိုဘက်မှာ"

သူမ၏စကားမှာ သူ့ကို ထွက်သွားစေရန် ဖြစ်သည်။

သို့သော် ရုန်မော့မော့ကတော့ မကြားချင်ယောင်ဆောင်ကာ ရှေ့သို့ ဆက်တိုးလာသည်။ သူ ထိုင်တော့မည့်အဆဲတွင် လျိုမုယန် အလွန်စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

ဤလူမှာ ဖယ်ထုတ်ရခက်သော ကပ်ပါးကောင်နှင့် တူလှသည်။

"အတန်းခေါင်းဆောင်... ဒီကို ခဏလာပါဦး၊ ပြောစရာ ရှိလို့"

ကျိုးထျန်း ထရပ်ကာ သူမကို လှမ်းခေါ်လိုက်သည်။

လျိုမုယန် ချက်ချင်းပြုံးလိုက်ပြီး ရုန်မော့မော့ကို ကျော်ဖြတ်ကာ ကျိုးထျန်းဆီသို့ အမြန်လျှောက်သွားသည်။

ရုန်မော့မော့သည် သူမ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ဒေါသလှိုင်းများ ရင်ထဲတွင် တလိပ်လိပ် တက်လာတော့သည်။

‘သူက ငါ့ကို လျစ်လျူရှုပြီး ဒီကောင်လေးကို မြင်တော့မှ ပြုံးပြတယ်ပေါ့။ ဒီကောင်က ငါ ဝူခယ်ရုံကို ရန်စချင်နေတာလား’

ကျိုးထျန်းနှင့် လှည့်ကြည့်လိုက်သော ဝူခယ်ရုံတို့ ခေတ္တမျှ စိုက်ကြည့်မိကြပြီးနောက် ကျိုးထျန်းက အကြည့်လွှဲကာ လျိုမုယန်ဘက်သို့ လှည့်လိုက်သည်။

လျိုမုယန်သည် ကျိုးထျန်း၏ အနားသို့ တမင်တကာ ကပ်သွားပြီး သူတို့နှစ်ဦးမှာ ထိလုနီးပါးပင် ဖြစ်နေသည်။ ၎င်းက ဝူခယ်ရုံကို ပိုစိတ်တိုစေသဖြင့် သူတို့ရှိရာသို့ လျှောက်လာတော့သည်။

"ဟေး... မင်းက ဒီမှာ ဘာလုပ်နေတာလဲ။ ဒါက ငါတို့အတန်းရဲ့ နယ်မြေလေ"

သူက တမင်တကာ လိုက်လာသည်ကို မြင်သောအခါ ကျိုးထျန်း၏မျက်နှာ တင်းမာသွားသည်။

သူသည် လှည့်လိုက်ပြီး ရုန်မော့မော့၏လမ်းကို ပိတ်ရပ်လိုက်သည်။

"ဟိတ်ကောင်.. ငါ ဘယ်သူလဲဆိုတာ မင်းမသိဘူးလား။ ငါ့လမ်းကို လာမပိတ်နဲ့"

ဝူခယ်ရုံက အထင်အမြင်သေးသော အပြုံးဖြင့် ပြောလိုက်သည်။

"ငါ သိတာပေါ့၊ မင်းက တွန်ဖန်းပုပိုက်လို့ ခေါ်တဲ့ရုန်မော့မော့မဟုတ်လား။ အမျိုးသမီး အတန်းဖော်တွေကို အပ်နဲ့ လိုက်ထိုးတတ်တဲ့ အပ်ဆရာကြီးလေ"

ဖူး!

ကျိုးထျန်း၏လှောင်ပြောင်မှုကို ကြားလိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိ လူအချို့မှာ မအောင့်နိုင်ဘဲ ရယ်မောကုန်ကြသည်။

လျိုမုယန်ပင်လျှင် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ကိုယ်လေးတုန်သည်အထိ ရယ်မောမိသွားသည်။

"ငါတို့အားလုံးက ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေဆိုတော့ မင်းကို ကြိုမဆိုနိုင်ဘူး"

ကျိုးထျန်းသည် သူ့ထက် အရပ်တစ်ခေါင်းစာ ပိုရှည်သဖြင့် ကျောကို တမင်မတ်လိုက်ကာ သူ့ကို အထက်စီးမှ ငုံ့ကြည့်ရင်း "ရိုးသားသော" အပြုံးကို ပြလိုက်သည်။

ဝူခယ်ရုံသည် သူ့အမည်ပြောင်ဖြင့် ခေါ်သည်ကို အမုန်းဆုံးဖြစ်သော်လည်း ကျိုးထျန်းက သူ၏ အမည်ပြောင်များနှင့် ရှက်စရာကောင်းသော ကိစ္စများကို တစ်ပြိုင်နက်တည်း ရွတ်ပြလိုက်သဖြင့် ဒေါသကြောင့် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

"နောက်တစ်ခါ ထပ်ပြောကြည့်စမ်း!"

သူသည် အသံကို နှိမ့်ကာ လူသတ်လိုသော အကြည့်မျိုးဖြင့် ပြောလိုက်သည်။

"ငါ သိတာပေါ့၊ မင်းက တွန်ဖန်းပုပိုက်လို့ခေါ်တဲ့ ရုန်မော့မော့ မဟုတ်လား။ အမျိုးသမီး အတန်းဖော်တွေကို အပ်နဲ့ လိုက်ထိုးတတ်တဲ့ အပ်ဆရာကြီးလေ"

"ငါ ထပ်ပြောလိုက်ပြီလေ၊ ဘာဖြစ်လဲ ? ထပ်ကြားချင်သေးလား။ ဒီလို တောင်းဆိုမှုမျိုး တစ်ခါမှ မမြင်ဖူးဘူး"

"မင်း ကြိုက်တယ်ဆိုရင် အကြိမ်တစ်ရာလောက် ထပ်ပြောပေးလို့ ရတယ်နော်"

ကျိုးထျန်း သူတောင်းဆိုသည့်အတိုင်း လိမ္မာယဉ်ကျေးစွာပင် ထပ်ပြောပေးလိုက်သည်။

ရုန်မော့မော့သည် သူ့ကို ရိုက်ရန် လက်သီးကို မြှောက်လိုက်သည်။ သို့သော် ကျိုးထျန်းက တစ်လှမ်းမျှ နောက်မဆုတ်ဘဲ သူ့ကို စိုက်ကြည့်နေသည်။

"ရုန်မော့မော့... ငါ့ကို မရိုက်ဖို့ ငါ အကြံပေးချင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းက ကျန်းမာရေး သိပ်ကောင်းတာ မဟုတ်ဘူး၊ လက်သီးသုံးတာက မင်းရဲ့ အားသာချက် မဟုတ်ပါဘူး။ အဲ့ဒီအစား မင်းရဲ့ အပ်တွေနဲ့ပဲ ငါ့ကို လာထိုးပါလား"

ဖူး... ဟားဟား!

ပတ်ဝန်းကျင်ရှိ အတန်းဖော်များမှာ ဝူခယ်ရုံ၏မျက်နှာထားကို မြင်ပြီး ပိုရယ်မောလာကြသည်။

ကျိုးထျန်း၏ စကားကို ကြားသောအခါ သူတို့မှာ ရယ်လွန်းသဖြင့် ခါးပင် မဆန့်နိုင်တော့ပေ။

လျိုမုယန်မှာမူ ပျော်ရွှင်စွာဖြင့် ကျိုးထျန်း၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။

သူမသည် အတန်းဖော်များရှေ့တွင် ကျိုးထျန်းနှင့် အလွန်နီးကပ်သည်ဟု အထင်မခံချင်ခဲ့ပေ၊

အဘယ်ကြောင့်ဆိုသော် သူမသည် ပိုက်ဆံကြောင့်သာ သူ့နောက်လိုက်နေသည်ဟု အခြားသူများ ထင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ကျိုးထျန်းက သူမအတွက် ရှေ့ထွက်ကာ ကာကွယ်ပေးပြီး ဝူခယ်ရုံကို အရှက်ခွဲလိုက်သည်ကို မြင်သောအခါ သူမ၏ အတွေးများ ပြောင်းလဲသွားသည်။

‘ငါ ကြိုက်တဲ့သူနဲ့ ငါ တွဲမှာပဲ၊ တခြားသူတွေ ဘာထင်ထင် ငါ ဂရုမစိုက်တော့ဘူး’

သူတို့၏ရင်းနှီးသော အပြုအမူများက ဝူခယ်ရုံကို ပိုဒေါသထွက်စေသည်။

‘ဒီကောင်မ လျိုမုယန်က ငါ့ရှေ့မှာတော့ အရမ်းမြင့်မြတ်သလို ဟန်ဆောင်နေပြီး ကွယ်ရာမှာတော့ တခြားယောင်္ကျားနဲ့ ပွေနေတာပေါ့၊ ငါ့ကို တမင် အရူးလုပ်နေတာလား!’

အားလုံးမှာ လူငယ်များဖြစ်ကြပြီး သွေးကြွနေသည့်အရွယ်ဖြစ်ရာ စိတ်လိုက်မာန်ပါ လုပ်ရန် လွယ်ကူလှသည်။

ဝူခယ်ရုံသည် မူလကပင် စိတ်တိုတတ်သူဖြစ်ရာ ကျိုးထျန်း၏မျက်နှာကို လက်သီးဖြင့် ထိုးလိုက်တော့သည်။

ကျိုးထျန်း၏မျက်ဆံများ လျင်မြန်စွာ ကျဉ်းမြောင်းသွားသည်။ တစ်ဖက်လူက တကယ် တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် သူသည် ရုပ်ပိုင်းဆိုင်ရာအရ တစ်ဖက်လူထက် အများကြီး သန်မာပြီး နှစ်ရှည်လများ အရက်နှင့် မိန်းကလေးကိစ္စများကြောင့် အင်အားချည့်နဲ့နေသော ရုန်မော့မော့ထက် အင်အား ပိုကြီးမားလှသည်။

သူသည် တိုက်ရိုက်ပင် လက်ကို ဆန့်ထုတ်ကာ တစ်ဖက်လူ၏ လက်သီးကို ဖမ်းဆွဲပြီး လိမ်ချလိုက်သည်။

"အား!"

ကျိုးထျန်းက အင်အားသုံးလိုက်သည့်အခါ ဝူခယ်ရုံ၏ ခန္ဓာကိုယ်မှာ လိမ်သွားပြီး တဖြည်းဖြည်း ထိုင်ရက်သား ဖြစ်သွားသည်။

ချွေးစေးများက နဖူးမှ တစိမ့်စိမ့် ထွက်လာသည်။

သူ့ ညာလက်မှာ ကျိုးထျန်း၏ လိမ်ထားခြင်းကို ခံနေရသဖြင့် နာကျင်လွန်း၍ အော်ဟစ်နေရသည်။

"လက်သီးမသုံးပါနဲ့လို့ ငါ ပြောသားပဲ! မင်းရဲ့ အပ်လေးသာ ပါလာရင် ပိုကောင်းမှာပေါ့။ ဪ... မေ့လို့၊ မင်းက အမြဲတမ်း တပ်ထားတာပဲဟာ၊ စောစောစီးစီး ထုတ်သုံးလိုက်ရင် ပိုကောင်းတာပေါ့"

"လွှတ်ပါ... လွှတ်ပါ... ငါ မှားသွားပါပြီ"

သူ အညံ့ခံ တောင်းပန်သည်ကို မြင်သောအခါမှ ကျိုးထျန်းက လက်ကို လွှတ်ပေးလိုက်သည်။

ဝူခယ်ရုံသည် အငြိုးအတေးအပြည့်ရှိသော မျက်လုံးများဖြင့် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အမြန်ထွက်ခွာသွားတော့သည်။

All Chapters