← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်း

ဒီ… ဒီ… ဒီ…..

အဆောက်အအုံကြီးတစ်ခုလုံးတွင် ဥဩသံ ရုတ်တရက် ထွက်ပေါ်လာကာ ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"အဆောက်အဦးထဲကို ရှာကြ…။"

"ဟုတ်ကဲ့၊ အမိန့်အတိုင်းပါ…။"

အနက်ရောင် ယူနီဖောင်းများ ဝတ်ဆင်ထားပြီး သေနတ်များ ကိုင်ဆောင်ထားသော အစောင့်အရှောက် များစွာသည် အဆောက်အအုံပတ်လည်ကို ရှာဖွေရင်း ခက်ထန်နေပုံရသည်။

အစောင့်များ အဆောက်အအုံကို ရှာဖွေနေစဉ်မှာပင်၊ ထိုအဆောက်အအုံထဲမှ ပိန်လှီပြီး၊ ပါးလွှာသည့် အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ထွက်ပြေးလာသည်။ သူမ၏ ပိန်လှီ သော ကိုယ်ခန္ဓာပေါ်၌ နေရာတစ်နေရာမှ မထိခိုက်ထားသည့်နေရာလွတ် မရှိသော်လည်း သူမသည် အရှိန်ကို လုံးဝမလျှော့ခဲ့ပေ။

သူမ၏ ကျိုးနေသော ခြေထောက်ကို တရွတ်ဆွဲပြီးသွားကာ အံများကို ကြိတ်ထားလေသည်။ ရှေ့သို့ ဆက်သွားသည်နှင့်အမျှ သူမ၏ မျက်လုံးများသည် အသက်ရှင်သန်နိုင်ရန် ရည်မှန်းချက်ဖြင့် ပြည့်နေ ခဲ့လေသည်။

သူမ၏ နောက်တွင်၊ လက်နက်ကိုင် အစောင့်အရှောက်အဖွဲ့တစ်ဖွဲ့မှ သူမကို အဝေးမှနေ၍ နောက်ဆုံး၌ မြင်သွားကြသည်။ ခေါင်းဆောင်သည် သူမကို မြင်သောအခါ…၊

"စမ်းသပ်ခံအမှတ် ကိုး ဟိုမှာ…။ ငါနဲ့ လိုက်ခဲ့ကြ…။" ဟု အော်လိုက်လေသည်။

"ဟုတ်ကဲ့…၊ အမိန့်အတိုင်းပါ…။"

သူမသည် ထိုသူတို့၏ အသံများကို ကြားလိုက်ရပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ အစောင့် တစ်ဒါဇင်ကျော်က သူမကို လိုက်နေသည်ကို မြင်သောအခါ သူမသည် ကိုယ့်ကိုယ်ကို…၊

*ဒါဟာ ငါ့ရဲ့ အဆုံးသတ်ပဲလား…* ဟု တွေးလိုက်မိသည်။

သူမသည် ထိုအတွေးများကို ဖယ်ရှားရန် ခေါင်းခါလိုက်ပြီး အံများကို တင်းတင်းကြိတ်ထားလိုက်သည်။

*မဖြစ်ဘူး… ငါ လက်မလျှော့နိုင်ဘူး…။ ငါ့ကိုယ်ငါ၊ ငါ့အဘိုးနဲ့ ငါ့အမေအတွက် လက်စားချေဖို့ လိုနေ သေးတယ်…။*

သူမ၏ နှလုံးသားထဲတွင် ဆုံးဖြတ်ချက်အသစ်တစ်ခုကို ချလိုက်သည်။ အမျိုးသမီးသည် အစောင့်များ ကို ရင်ဆိုင်ရန် လှည့်လိုက်သည်။ သူမသည် ပြေးနေရာမှ ရပ်လိုက်သည်ကို မြင်သောအခါ၊ ခေါင်းဆောင် ကသူ၏ လက်ကို မြှောက်လိုက်ပြီး အစောင့်များက သူမကို ဝိုင်းလိုက်ကာ ၎င်းတို့၏ လက်နက်များကို သူမ ထံချိန်ရွယ်လိုက်သည်။ သူမသည် အလွန်ပိန်လှီနေပုံရသော်လည်း အစောင့်တစ်ဦးတစ်ယောက်မျှ သူမကို လျှော့တွက်ရဲခြင်း မရှိနေချေ။

ခေါင်းဆောင်နှင့် အမျိုးသမီးတို့သည် ခဏမျှ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြလေ သည်။ ထို့နောက် သူက ပြောလိုက်လေသည်။

"စမ်းသပ်ခံအမှတ် ကိုး၊ ငါတို့နဲ့ ပြန်လိုက်ခဲ့ရင် သက်ညှာပေးမယ်…။"

ဤစကားကို ကြားသောအခါ အမျိုးသမီးသည် ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်လိုက် လေသည်။ သူမ ရယ်နေရင်း သွေးများ ချောင်းဆိုးနေသည်ကို မြင်သောအခေါ ခေါင်းဆောင်သည် မျက်မှောင် ကြုတ်သွားသည်။

* ဒီတစ်ခါ သိပ္ပံပညာရှင်တွေ တကယ်ကို ပိုရူးသွပ်တဲ့ အရာတစ်ခုကို လုပ်လိုက်ပြီ ထင်တယ်…။*

စိတ်တည်ငြိမ်သွားပြီးနောက် အမျိုးသမီးသည် သူမ၏ နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး နာကျင် နေသော ရင်ဘတ်ကို ဖိထားသည်။ သူမသည် မောပန်းစွာ အသက်ရှူရင်း အသက်ပြင်းပြင်း ရှူလိုက် လေသည်။

"နင်တို့နဲ့ ပြန်လိုက်ရမယ်…၊ ဟုတ်လား…။”

“ငါ အဲဒီ ငရဲလိုနေရာကို ပြန်သွားရမယ့်အစား သေတာက ပိုကောင်းသေးတယ်…။"

သူမ ထိုသို့ပြောသောအခါ ခေါင်းဆောင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့လေသည်။ သူက ဆက်ပြော လိုက်လေသသည်။

"မင်း ထွက်ပြေးလို့မရဘူး။ ငါတို့နဲ့ ပြန်လိုက်ခဲ့ရင် မင်းရဲ့ နေထိုင်ခြင်းကို ပိုအဆင်ပြေအောင် လုပ်ပေး မယ်။ မင်းရဲ့ မိသားစုက ငါတို့လက်ထဲမှာ ရှိနေသေးတယ်ဆိုတာ သတိရ…။"

ခေါင်းဆောင်သာ ဤစကားကို မပြောခဲ့ပါက၊ အမျိုးသမီးသည် တည်ငြိမ်နေဦးမည်ဖြစ်သည်။ သို့သော် သူက သူမ၏ မိသားစုကို ထည့်ပြောသောအခါ၊ အမျိုးသမီး၏ မျက်လုံးများသည် သွေးရောင်ပြောင်း သွားပြီး အမုန်းတရားများဖြင့် ပြည့်နှက်သွားလေတော့သည်။

"မိသားစု…ဟုတ်လား..။ အဲဒီ သားရဲတွေက သူတို့ရဲ့ အကျိုးအမြတ်အတွက် ငါ့ကို သစ္စာဖောက်ခဲ့ကြ တာ။ ငါ အတိတ်တုန်းက သူတို့ကို နှစ်သက်ဖို့ ကြိုးစားခဲ့မိတာ ငါ တကယ်ပဲ မျက်စိကန်းခဲ့တာ…။"

ခေါင်းဆောင်က သူသည် မှားယွင်းသော စကားကို ပြောမိလိုက်သည်ကို သိလိုက်ပြီး ထပ်မံ စည်းရုံးရန် ကြိုးစားသော်လည်း အမျိုးသမီးက ရုတ်တရက် ရယ်လိုက်သည်။

"ဟား ဟား ဟား ဟား…။"

သူမကို ဝိုင်းထားသော အစောင့်များက စမ်းသပ်ခံအမှတ် တစ်ဦးချင်းစီသည် အလွန်အန္တရာယ်များပြီး စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်ကြောင်း သိကြလေသည်။ အမျိုးသမီးသည် အရူးတစ်ယောက်ကဲ့သို့ ရယ်နေသည်ကို မြင်သောအခါ၊ ၎င်းတို့အားလုံးသည် ၎င်းတို့၏ လက်နက်များကို မြှောက်ထားပြီး သူမ လှုပ်ရှားလိုက်သည်နှင့် သတ်ရန် အသင့်ပြင်ထားခဲ့ကြသည်။

ခေါင်းဆောင်နှင့် အစောင့်များသည် သူမကို သတိထား၍ စောင့်ကြည့်နေစဉ်မှာပင် အမျိုးသမီး၏ ရယ်သံက ရပ်သွားခဲ့လေသည်။

သူမသည် ရှည်လျားသော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး ညကောင်းကင် ကို မော့ကြည့်လိုက်သည်။ လွန်ခဲ့သည့် ဆယ်နှစ်က မုန်တိုင်းကြီးပြီးနောက် ကမ္ဘာပေါ်တွင် ကြည်လင် သော ကောင်းကင် မရှိခဲ့တော့ ပေ။

သူမသည် သူမ၏ အဘိုးနှင့် အမေအတွက် လက်စားချေနိုင်ရန် ဆယ်နှစ်တာ နာကျင်မှုကို ခံနိုင်ရည်ရှိ ခဲ့သော်လည်း သူမသည် အမှန်တကယ်ကို ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

အမျိုးသမီးသည် သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်လေသည်။

"အဘိုး၊ အမေ၊ သမီး တောင်းပန်ပါတယ်။ အဘိုးနဲ့ အမေအတွက် လက်စားမချေနိုင်ခဲ့ဘူး….။"

သူမသည် တုန်ယင်နေသော အသက်ပြင်းပြင်းကို ရှူလိုက်ပြီး ပြောလိုက်လေသည်။

"အဘိုးကို သမီး အရမ်းလွမ်းတယ်၊ ခဏနေရင် အဘိုးနဲ့ အမေဆီကို လိုက်လာခဲ့မယ်…။"

ဤစကားများ ထွက်ပေါ်လာသည်နှင့် ခေါင်းဆောင်၏ မျက်မှောင်ကျုံ့သွားလေသည်။ အမျိုးသမီး၏ ကိုယ်ခန္ဓာသည် တောက်ပစွာ လင်းလာသည်ကို မြင်ရသောအခါ၌၊ သူသည် အလျင်အမြန် အော်ဟစ် လိုက်လေသည်။

"ပြန်ဆုတ်ကြ….။"

နောက်တစ်စက္ကန့်တွင်၊ အမျိုးသမီး၏ ကိုယ်ခန္ဓာသည် တောက်ပသော အလင်းများဖြင့် ဖုံးလွှမ်းသွားပြီး သူမ၏ ကုန်ခန်းနေသော စွမ်းအင်သည် အတင်းအကျပ် လှုပ်ရှားလာသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တွင် စုတ်ပြဲသည့် နာကျင်မှုကို ခံစားနေရသော်လည်း၊ အမျိုးသမီးသည် သူမ၏မျက်နှာပေါ်တွင် နောင်တ ရသည့် အမူအရာဖြင့် မှေးမှိန်စွာ ပြုံးလိုက်သည်။

ခေါင်းဆောင်နှင့် အစောင့်များ ဘေးကင်းရာသို့ မပြေးနိုင်မီ၊ အမျိုးသမီးသည် အရူးအမူး ရယ်မောလိုက် ပြီး အော်ဟစ်လိုက်လေသည်။

"နောက်ထပ် အခွင့်အရေးရှိရင်၊ နင်တို့ အားလုံးကို သတ်ပစ်မယ်…။"

"ဝုန်း….."

အခန်း (၂) ပြန်လည်မွေးဖွားခြင်း

မှောင်မိုက်၍၊ စိုထိုင်းပြီး အေးစက်သော မြေအောက်ခန်းထဲ၌၊ ပိန်သွယ်သော အမျိုးသမီးငယ်တစ်ဦး သည် မြေပြင်ပေါ်၌ လဲလျောင်းနေခဲ့လေသည်။ သူမသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်ခုံးများက နက်ရှိုင်းစွာ တွန့်ချိုးနေခဲ့သည်။ အိပ်မက်ဆိုးတစ်ခုကို မက်နေပုံရပေသည်။

သူမ မနိုးမီ၊ တိတ်ဆိတ်သော မြေအောက်ခန်းထဲတွင် သံတံခါးဖွင့်သံက ပဲ့တင်ထပ်သွားခဲ့လေ၏။ တံခါးဖွင့် လိုက်သောအခါ အပြင်မှ လင်းထိန်သော အလင်းရောင်သည် မှောင်မိုက်သော မြေအောက် ခန်းထဲသို့ ဝင်ရောက်လာပြီး အနည်းငယ် လင်းသွားပေသည်။ မကြာမီတွင် ခြေသံများ ထွက်ပေါ်လာပြီး လူသုံးဦး လှေကားမှ ဆင်းလာကာ မြေအောက်ခန်းသို့ ရောက်လာခဲ့လေသည်။

ဦးဆောင်လာသည့် အလယ်အလတ်ပိုင်းအရွယ် အမျိုးသားသည် ရေပုံးတစ်ပုံးကို ကိုင်ဆောင်လာသည်။ သူ့နောက်တွင် ခမ်းနားထည်ဝါသော အလယ်အလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနှင့် ပိန်သွယ်သော အမျိုးသမီးငယ်တစ်ဦး လိုက်ပါလာခဲ့လေသည်။

၎င်းတို့သုံးဦးသည် ပိန်သွယ်သော အမျိုးသမီးငယ်နှင့် မလှမ်းမကမ်းတွင် ရပ်လိုက်သောအခါ၊ အလယ် အလတ်ပိုင်းအရွယ် အမျိုးသားသည် ပုံးကို မြှောက်ပြီး ရေများဖြင့် ပက်လိုက်လေတော့သည်။

"ဗွမ်း…."

အေးစက်သောရေများသည် သူမ၏ ပိန်သွယ်သော ကိုယ်ပေါ်သို့ ကျလာသောအခါ၊ ပိန်သွယ်သော အမျိုးသမီးငယ်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူမသည် အသက်ရှူလိုက်ပြီး မျက်လုံးများမှာ ဝေဝါးနေပုံရလေသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူမ၏ မျက်လုံးများ ပြန်လည် ကြည်လင်လာပြီး အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့တော့သည်။

သူမ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး တွေးလိုက်မိလေသည်။

*ငါ မသေသေးဘူးလား….၊ ကိုယ့်ကိုယ်ကို ဖျက်ဆီးပြီးတာတောင်မှ ဘာလို့ အသက်ရှင်နေရတာလဲ….၊ ဒါက ဘယ်နေရာလဲ…။*

မကြာမီတွင် သူမသည် စိတ်တည်ငြိမ်သွားပြီး သူမ၏ ခြေလက်များကို ချည်နှောင်လျက် အေးစက်ပြီး ညစ်ပတ်သော ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ဘေးပတ်ပတ်လည်တွင် ဘာတွေ ဖြစ်နေသည်ကို သူမ သဘောပေါက်နိုင်ခြင်း မရှိနိုင်ခင်မှာပင်၊ သူမ အမုန်းဆုံးသော အသံတစ် ခုကို ကြားလိုက်ရလေသည်။

"ယောင်ရန်၊ နိုးပြီလား…။"

ယောင်ရန်သည် သူမ၏ မျက်လုံးများကို မော့ကြည့်လိုက်ပြီး သူမ၏ဖခင်ဖြစ်သူ လန်ကွမ်းဟွေ့သည် နူးညံ့သောအပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများက နူးညံ့သောအပြုံးဖြင့် ဖုံးလွှမ်းထားသည့် ထိုသူ၏မျက်နှာပေါ်သို့ ရောက်သောအခါ၊ ယောင်ရန်၏ မျက်လုံးများ အေးစက်သွား သည်။ သူမ၏ နှလုံးသားထဲမှ အမုန်းတရားများ ပေါက်ကွဲထွက်လာပြီး သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင် စိတ်များ ပေါ်လာခဲ့လေသည်။

ယောင်ရန် စကားမပြောသည်ကို မြင်သောအခါ၊ လန်ကွမ်းဟွေ့၏ နောက်အိမ်ထောင်ဖက်ဖြစ်သူ ချန်မေလင်သည် သူမ၏ လက်မောင်းကို ညင်သာစွာ ထိလိုက်ပြီး ချွဲပစ်သောအသံဖြင့်​ ပြောလိုက်လေ သည်။

"ယောက်ျားရယ်၊ သူ့အတွက် အချိန်တွေ ထပ်ဖြုန်းနေလို့ မရဘူး။ သမ္မတဆုက ငါတို့ဆီက သတင်းကို စောင့်နေတုန်းလေ…။"

သူမ၏ မိဘများနောက်တွင် ရပ်နေသော လန်လီဖေးသည် ခေါင်းညိတ်လိုက်ပြီး ဝင်ရောက်ပြော လိုက်လေသည်။

"အမေ ပြောတာမှန်တယ်။ အဖေ၊ သမ္မတဆုကို အကြာကြီး စောင့်ခိုင်းလို့ မဖြစ်ဘူး။ မဟုတ်ရင် စာချုပ်က...။"

"တော်ပြီ…"

လန်လီဖေး၏ စကားမဆုံးမီမှာပင် လန်ကွမ်းဟွေ့က စကားကို ခပ်ပြတ်ပြတ် ဖြတ်ပြောလိုက်သည်။

လန်လီဖေးသည် သူမသည် စကားပိုသွားမိသည်ကို သိလိုက်သောကြောင့် ပါးစပ်ပိတ်လိုက်ပြီး ယောင်ရန်ကို အထင်အမြင်သေးခြင်း နှင့် အမုန်းတရားများဖြင့် ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် လန်ကွမ်းဟွေ့သည် ယောင်ရန်ကို ပြုံးပြလိုက်လေသည်။

သူ၏အသံသည် နူးညံ့ပြီး ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေခဲ့သည်။ သူက ပြောလိုက်လေသည်။

"ရန်ရန် ၊ သမီးက အသက်နှစ်ဆယ်ပဲ ရှိသေးတယ်။ အထက်တန်းပဲ ပြီးထားတာ။ လယ်သမားအိုကြီးနဲ့ ကြီးပြင်းခဲ့ရတာ။ သမီးက စီးပွားရေးလုပ်ငန်းတွေရဲ့ စီမံခန့်ခွဲမှုတွေကို နားမလည်ဘူး။ ကုမ္ပဏီထဲက အဲဒီ မြေခွေးအိုကြီးတွေကို သမီး မကိုင်တွယ်နိုင်ဘူး…။"

သူ၏အသံသည် အလွန်နူးညံ့သော်လည်း၊ စကားလုံးတိုင်းသည် ယောင်ရန်ကို လှောင်ပြောင်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူမသည် သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ၊ လန်ကွမ်းဟွေ့သည် သူ၏ ဒုတိယသမီးကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။ ခဏတာ တိတ်ဆိတ်သွား ပြီးနောက် သူက ထပ်မံ စည်းရုံးလိုက်လေသည်။

"ကုမ္ပဏီကို ငါ့လက်ထဲ အပ်လိုက်ရင် မင်းက ယောင်အုပ်စုကို ပျက်စီးစေခြင်းကနေ ကယ်တင်နိုင်ရုံသာ မကဘူး ၊ ငါ့အပေါ်မှာ မင်းရဲ့ သားသမီးဝတ္တရားကိုလည်း ဖြည့်စည်းပြီးသားဖြစ်စေနိုင်တယ်…။”

"ငါပြောတာ မှန်တယ်မလား၊ ရန်ရန်…။"

အတိတ်တုန်းက ၊ သူသည် နူးညံ့မှုအနည်းငယ်ပြရုံမျှဖြင့် ယောင်ရန်သည် သူတောင်းဆိုသည့် မည်သည့် အရာကိုမဆို သဘောတူခဲ့သည်။ ဤဗီလာပင်လျှင် သူမ၏ ပိုက်ဆံဖြင့် သူ့အတွက် ဝယ်ပေးခဲ့ခြင်း ဖြစ် သည်။

ယောင်ရန်သည် သူမ၏ဖခင်ကို ခဏမျှ အေးစက်စွာ ကြည့်လိုက်ပြီး တိုးတိုးလေး ရယ်လိုက်လေသည်။ လန်ကွမ်းဟွေ့သည် သူ၏ မည်သည့်စကားကြောင့် ယောင်ရန် ရယ်နေသည်ကို မသိလိုက်ပေ။ သူ မျက်မှောင် အနည်းငယ်ကြုတ်သွားခဲ့လေသည်။ ယောင်ရန်၏ မနာခံမှုကြောင့် အနည်းငယ် မပျော်မရွှင် ဖြစ်သော်လည်း၊ သူ၏ ခံစားချက်များကို လျင်မြန်စွာ ဖုံးကွယ်လိုက်လေသည်။

လန်ကွမ်းဟွေ့၏ အပြုံးသည် ပျောက်ကွယ်သွားပြီး စိတ်ပျက်အားငယ်မှုဖြင့် အစားထိုးလိုက်လေ၏။ သူသည် ယောင်ရန်ကို ကြည့်လိုက်ပြီး သက်ပြင်းချကာ ခေါင်းခါလိုက်သည်။

သူ၏ မျက်နှာအမူအရာ ပြောင်းလဲမှုကို မြင်သောအခါ ယောင်ရန်သည် နှာခေါင်းရှုံ့လိုက်ပြီး

*ငါ အရင်က အရမ်း မျက်စိကန်းခဲ့တာပဲ။ သူ့ရဲ့ ရည်ရွယ်ချက်ရှိရှိ လှည့်စားမှုနဲ့ လောဘတွေကို မမြင်နိုင် ခဲ့ဘူး…။* ဟု တွေးလိုက်မိလေသည်။

ခဏကြာသည်အထိ စောင့်ဆိုင်းပြီးနောက် ယောင်ရန်သည် ဆက်လက်တုံ့ပြန်မှု မရှိခဲ့ပေ။ လန်ကွမ်းဟွေ့ သည် သူမ၏ ယောက္ခမ၏ သေတမ်းစာကြောင့် သူမသည် ခေါင်းမာနေဆဲဖြစ်ပြီး သူလိုချင်သည့် အရာ ကို ပေးရန် ငြင်းဆန်နေသည်ကို သိလိုက်ပေသည်။

သူသည် သေတမ်းစာအကြောင်းကိုသာ ကြိုသိခဲ့ပါက၊ ရှေ့နေကို လာဘ်ထိုးပြီး သေတမ်းစာကို ပြောင်း လဲပစ်နိုင်ခဲ့မည် ဖြစ်သောကြောင့် ပြဿနာ နည်းပါးခဲ့ပေမည်။ ကံမကောင်းစွာဖြင့် ထိုနောင်တအတွက် ဆေးမရှိတော့ပေ။ သူသည် သူ၏ စိတ်မနှံ့သောသမီးကို စည်းရုံး၍ ကုမ္ပဏီနှင့် ယောင်မိသားစု၏ ပိုင်ဆိုင်မှုများကို သူ့လက်သို့ လွှဲပြောင်းပေးရန်သာ ကြိုးစားနိုင်တော့သည်။

လန်ကွမ်းဟွေ့သည် ယောင်ရန်ကို ပြုံးပြလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။

"မင်း စဉ်းစားဖို့ အချိန်ပိုပေးမယ်။ ဒါပေမဲ့ ငါ နောက်တစ်ခါ လာတွေ့တဲ့အခါ မင်းဆီကနေ ငါလိုချင်တဲ့ အဖြေကို ရလိမ့်မယ်လို့ မျှော်လင့်တယ်…။"

ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားလိုက်သည်။ သူ့မျက်နှာပေါ်ရှိ နူးညံ့သော အမူအရာသည် အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့ သည်။ ချန်မေလင်သည် ယောင်ရန်ကို တစ်ချက်ကြည့်လိုက် ပြီး အထင်အမြင်သေးစွာဖြင့် မျက်လုံးကိုပင့်ကာ လန်ကွမ်းဟွေ့နောက်မှလိုက်၍ မြေအောက်ခန်းမှ ထွက်သွားခဲ့လေသည်။

သူမ၏ ဖခင်နှင့် မိခင် ဖြစ်သူ ထွက်ခွာသွားသည်ကို မြင်သောအခါ လန်လီဖေးသည် ယောင်ရန်ထံသို့ လျှောက်လာခဲ့သည်။ ယောင်ရန်၏ ရှေ့၌ ရပ်ပြီး လန်လီဖေးသည် မာန်ပါစွာ သူမကို ကြည့်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ကျေနပ်သည့် ခံစားချက်ကို ရနေခဲ့သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမက ရယ်လိုက်လေသည်။

"ယောင်ရန်၊ ယောင်ရန်ရယ်…..။ နောက်ဆုံးတော့ မင်းက ငါ့ခြေထောက်အောက်မှာပဲ နေပြီး ငါ့ရဲ့ နင်းချေခြင်းခံရမှာပဲ။ မင်းက ယောင်မိသားစုက ဖြစ်နေပေမဲ့ မင်း အခု ကြုံတွေ့နေရတာကို ကြည့်ဦး။ မင်း အသက်ချမ်းသာဖို့အတွက် ငါတို့ကို တောင်းပန်ဖို့ မကြိုးစားသေးဘူးလား….။"

ယောင်ရန်သည် လန်လီဖေးနှင့် စကားပြောရန် ပျင်းရိနေသောကြောင့် သူမကို လုံးဝ လျစ်လျူရှုလိုက် သည်။ ဤသည်ကို မြင်သောအခါ လန်လီဖေးသည် ဒေါသထွက်သွားပြီး အံများကိုကြိတ်ထားလိုက် လေသည်။

အတိတ်တုန်းက၊ သူမသည် မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်နှင့် ယောင်ရန်သည် သူမကို တောင်းပန်ပြီး ခွင့်လွှတ်ရန် တောင်းဆိုခဲ့သည်။ ယခုမူ ယောင်ရန်က သူမကို လျစ်လျူရှုရဲနေပြီဖြစ် သည်။

သူမ၏ဖခင်က ယောင်ရန်ကို မရိုက်ရန် တားမြစ်ထားခြင်း မရှိခဲ့ပါက၊ သူမသည် ယောင်ရန်၏ မျက်နှာ ကို ဖျက်ဆီးပစ်လိုက်မည်ဖြစ်သည် ။ ထိုမျက်နှာကို မြင်လိုက်တိုင်း၊ လန်လီဖေးက သူမသည် တရား မဝင် သမီးတစ်ဦးသာဖြစ်ပြီး တကယ့် ယောင်မျိုးရိုးအစစ် မဟုတ်ကြောင်း သတိရနေတတ်သည်။

"မင်းအတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာ သိပြီး အစုရှယ်ယာနဲ့ ပိုင်ဆိုင်မှု လွှဲပြောင်းစာချုပ် ကို လက်မှတ်ထိုးလိုက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်း လုပ်လာအောင် ငါ လုပ်နိုင်တဲ့ နည်းလမ်း တွေ အများကြီးရှိတယ်…။"

All Chapters