ကမ္ဘာပျက်ကပ်ကြီးထဲတွင် (၁၀) နှစ်ကြာ ရုန်းကန်ရင်း သေဆုံးခဲ့သော ယောင်ရန်သည် အရာအားလုံး မစတင်ခင်ချိန် သုံးလအလိုခန့်သို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ ဤဘဝတွင် သူမသည် လက်စားချေရန်အတွက်နှင့် အတိတ်က ကျေးဇူးကြွေးရှိသူများနှင့် ရန်ငြိုး ရှိခဲ့သူ များကို အတိုးချပြီး ပြန်ဆပ်ရန် ဆုံးဖြတ်ထားခဲ့လေသည်။ အဘိုးဖြစ်သူထားခဲ့သော အမွေများနှင့် ပိုင်ဆိုင်သမျှအားလုံးကို ရောင်းချပြီး လက်နက်၊ ဆေးဝါး၊ အစားအစာနှင့် အသုံးအဆောင်စသည်တို့ကို အသည်းအသန် စုဆောင်းခဲ့လေသည်။ ကမ္ဘာပျက်ကပ်ကြီး စတင်လာချိန်၌ ယောင်ရန်သည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော လောကကြီးကို ရင်ဆိုင်ရင်း သူမ၏ လက်စားချေခြင်းခရီးကို စတင်ခဲ့လေတော့သည်။ ဤတစ်ကြိမ်မှာတော့ သူမသည် အတိတ် ဘဝတုန်းကထက် ပိုမိုရှင်သန်နိုင်ရန်နှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် သန္နိဋ္ဌာန်ချထားသူတစ်ဦးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

