← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁)

ဆုတ်ခွာခြင်း

အဝေး၌ စကားပြောဆိုနေကြသော ထိုလူအုပ်စုကို ကြည့်ရင်း ယောင်ရန်သည် ခေတ္တမျှ စဉ်းစားလိုက် ကာ ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များနှင့် ဆက်သွယ်ရန် သစ်စွမ်းရည်ကို အသုံးပြုလိုက်လေ၏။

ဆက်သွယ်မှု ရရှိသည်နှင့်တစ်ပြိုင်နက် သူမသည် ထိုသူတို့၏ စကားဝိုင်းကို ကြားလိုက်ရတော့သည်။

"အမျိုးသမီးတစ်ယောက် ခေါင်မိုးပေါ်မှာ ပုန်းနေတယ်...။"

ထိုစကားကို ကြားသောအခါ အမျိုးသမီးငါးဦးအနက် တစ်ဦးက ခေါင်းဆောင်ဖြစ်သူ အမျိုးသားကို ကြည့်ကာ မေးလိုက်၏။

"သူ့ကို လိုချင်လို့လား...။"

ခေါင်းဆောင်ဖြစ်သူ အမျိုးသားက တဟားဟား ရယ်မောလိုက်ပြီးနောက် ထိုအမျိုးသမီးကို ဆွဲဖက်ကာ ပြင်းပြစွာ နမ်းရှိုက်လိုက်လေသည်။ ထို့နောက် ပြုံးစိစိမျက်နှာထားဖြင့် မေးလိုက်လေသည်။

"မင်း သဝန်တိုနေတာလား...။"

ထိုအမျိုးသမီးက နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမျှ ဆက်မပြောတော့ပေ။

"......"

ခေါင်မိုးပေါ်မှ ကြည့်နေသော ယောင်ရန်မှာမူ ဆွံ့အသွားရလေသည်။

အဆိပ်ရှိသော ပိုးဖလံကောင် အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားပြီ ဖြစ်သော်လည်း၊ အချို့ မှာ ပျံဝဲနေဆဲဖြစ်ပြီး လူသားများကို ရံဖန်ရံခါ တိုက်ခိုက်နေကြသေး၏။ ဤကဲ့သို့ သေခြင်းနှင့် ရှင်ခြင်း ကြား ရောက်နေသည့် အခြေအနေမျိုး၌ပင် ထိုအမျိုးသားသည် အမျိုးသမီးကို ပြင်းပြစွာ နမ်းရှိုက်နိုင် သေးသည်။ သူတို့သည် တကယ်ပင် သေရမည်ကို မကြောက်ကြပေ။

ခေါင်းဆောင်ဖြစ်သူသည် ထိုအမျိုးသမီးကို စနောက်ပြီးနောက် အခြားသူများကို ကြည့်ကာ ပြောလိုက် လေသည်။

"အဲ့ဒီအမျိုးသမီးက ကာကွယ်ရေးဝတ်စုံ ဝတ်ထားတယ်၊ သူက ဒီဗီလာရဲ့ ပိုင်ရှင် ဖြစ်ရမယ်၊ ဒီလိုဇိမ်ခံ ဗီလာကို ပိုင်ဆိုင်နိုင်တာဆိုတော့ သူက ချမ်းသာပြီး ရိက္ခာတွေ အများကြီး ရှိရမယ်...။"

"လောင်နျူ၊ ညီအစ်ကို ငါးယောက်ကို ခေါ်ပြီး သူ့ကို အရှင်ဖမ်းခဲ့၊ ကျန်တဲ့လူတွေကတော့ တခြားလူ ရှိသေးလားဆိုတာ ပတ်ပတ်လည်ကို လိုက်ရှာကြ...။"

သူက အမိန့်ပေးလိုက်သဖြင့် သူ၏ နောက်လိုက်များက နာခံလိုက်ကြလေ၏။

"ဟုတ်ကဲ့ပါ ဆရာ...။"

ခေါင်မိုးပေါ်၌ သူတို့၏ စကားများကို ခိုးနားထောင်နေသော ယောင်ရန်က နှာခေါင်းရှုံ့လိုက်လေသည်။ သူမ၏ မျက်ဝန်းများမှာ အေးစက်နေပြီး တိုးတိုးလေး ရေရွတ်လိုက်လေ၏။

"သေတွင်းတူးနေတာပဲ...။"

သူမ၏ စကားသံ လေထဲ၌ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လောင်နျူနှင့် အခြားအမျိုးသား ငါးဦးသည် သူမ၏ ပစ်ကွင်းအတွင်းသို့ ဝင်ရောက်လာကြလေသည်။ ယောင်ရန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ မောင်းခလုတ်ကို ဆွဲလိုက်ရာ ကျည်ဆန်သည် လောင်နျူ၏ ဦးခေါင်းကို တည့်တည့်မှန်သွားလေတော့ သည်။

“ရွှီး...”

“ဗုန်း...။”

ကျည်ဆန်သည် နဖူးကို ဖောက်ထွက်သွားပြီး တစ်စက္ကန့်အတွင်းမှာပင် လောင်နျူသည် ရွှံ့နွံများထဲသို့ လဲကျသွားခဲ့လေသည်။ သူ၏ နဖူးမှ သွေးများ စီးကျလာသည်ကို မြင်မှသာ ကျန်ရှိသော အမျိုးသား ငါးဦးမှာ သတိပြန်ဝင်လာကြတော့သည်။

"အစ်ကိုနျူ...။"

သူတို့၏ အော်ဟစ်သံကြောင့် အခြားသူများ သတိပြုမိသွားချိန်၌ ယောင်ရန်သည် သူမ၏ စနိုက်ပါ ရိုင်ဖယ်ကို ကျည်ပြန်ဖြည့်ပြီး ဖြစ်ကာ အော်ဟစ်လိုက်သော သူကို ထပ်မံ ပစ်ခတ်လိုက်ပြန်လေသည်။

“ရွှီး...”

“ဗုန်း...။”

ထိုသူသည် ခဏမျှ ကြောင်အသွားပြီးနောက် မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားခဲ့ပြန်လေ ၏။ ကျန်ရှိသော လူသုံးဦးသည် ထိုမြင်ကွင်းကို မြင်သောအခါ သူတို့၏ အပေါင်းအသင်းများရှိရာသို့ အမြန် ပြန်ပြေးကြတော့သည်။

"ပြေးကြ၊ အဲ့ဒီမိန်းမမှာ သေနတ်ပါတယ်...။"

သူတို့ ပြန်ပြေးလာသည်ကို မြင်သောအခါ ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့ လေ သည်။ သူသည် သေနတ်ကို မြှောက်ကာ ထိုအမျိုးသား သုံးဦးကို မျက်တောင်မခတ်တမ်း ပစ်သတ်လိုက် ပေတော့၏။

ယောင်ရန်သည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်ခုံးပင့်လိုက်မိသည်။

*ဒီလူက တကယ်ကို ရက်စက်တာပဲ၊ သူနဲ့ အတူတူ လာတဲ့သူတွေကိုတောင် မချန်ဘူး၊ သူတို့ကို လွှတ် ပေးလို့ မဖြစ်ဘူး၊ မဟုတ်ရင် နောက်ကျရင် ဒီလူက ပြဿနာတွေ အများကြီး ပေးလိမ့်မယ်...။*

သူ၏ အပေါင်းအသင်း သုံးဦးကို သတ်ဖြတ်ပြီးနောက် ခေါင်းဆောင်သည် အမျိုးသမီးတစ်ဦး ကမ်းပေး သော မှန်ပြောင်းကို ယူ၍ ဗီလာ၏ ခေါင်မိုးဆီသို့ လှမ်းကြည့်လိုက်လေသည်။

သူမကို ကြည့်နေသည်ကို သိသဖြင့် ယောင်ရန်သည် စနိုက်ပါရိုင်ဖယ်ကို ကျည်ဖြည့်ကာ ခေါင်းဆောင် ကို ချိန်ရွယ်လိုက်လေ၏။ ထိုအမျိုးသားသည် သူမ၏ ပစ်ကွင်းအပြင်ဘက်၌ ရပ်နေသဖြင့် သူမအနေ ဖြင့် သူ့ကို အသေသတ်ရန် မဖြစ်နိုင်သေးပေ။ သို့သော်လည်း သူ့ကို ခြောက်လှန့်ရန်မူ ဖြစ်နိုင်သေးသည်။

သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားပြီး မောင်းခလုတ်ကို ဆွဲလိုက်လေ၏။

“ရွှီ...”

“ဝုန်း...။”

အနီးအနားရှိ ကျောက်တုံးကြီး ကွဲအက်သွားပြီး အပိုင်းအစများ နေရာအနှံ့ လွင့်စင်သွားသဖြင့် အမျိုး သမီးများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။ ကျောက်စအချို့မှာ ထိုအမျိုးသမီးများထံ လွင့်စင်သွားသဖြင့် အချို့မှာ ဒဏ်ရာအနည်းငယ်ဆီရရှိသွားခဲ့ကြလေသည်။

"အား..."

"နာတယ်..."

ခေါင်းဆောင်သည် သူတို့၏ အော်ဟစ်သံကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားကာ မျက်မှောင်ကြုတ် လျက် အော်လိုက်သည်။

"ပါးစပ်ပိတ်ထားကြ...။"

သူ၏ ခက်ထန်သော မျက်နှာထားကို မြင်သောအခါ အမျိုးသမီးများသည် သူတို့၏ ပါးစပ်ကို လက်ဖြင့် အုပ်ကာ နာကျင်မှုကို အောင့်ထားလိုက်ကြရလေသည်။

ခေါင်းဆောင်သည် ကွဲအက်နေသော ကျောက်တုံးကို ကြည့်ကာ ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရသည်။ အကယ်၍ သူသာ ဗီလာနှင့် အနည်းငယ်မျှ ပိုနီးသောနေရာတွင် ရပ်နေခဲ့ပါက၊ ယခု ကွဲအက်သွားသည်မှာ ကျောက်တုံးမဟုတ်ဘဲ သူ၏ ဦးခေါင်းသာ ဖြစ်ပေလိမ့်မည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုအမျိုးသားသည် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်လေ သည်။

"ပြန်ဆုတ်မယ်...။"

ထိုစကားကို ကြားသောအခါ အစောပိုင်းက သူ နမ်းခဲ့သော အမျိုးသမီးက မေးလိုက်၏။

"ငါတို့ ဒီအတိုင်းပဲ ထွက်သွားကြတော့မှာလား...။"

ထိုအမျိုးသားက ပြန်မဖြေပေ။ ထိုအခါ အမျိုးသမီးက လှောင်ပြောင်လိုက်လေသည်။

"အာဟူ၊ အဲ့ဒီမိန်းမကို မင်း ကြောက်နေတာတော့ မဟုတ်ပါဘူးနော်...။"

ထိုအမျိုးသားသည် သူမ၏ စကားကို နားထောင်ပြီးနောက် ပြောလိုက်၏။

"စကားမများနဲ့၊ သူ ငါတို့ကို မြင်နေရတယ်...။"

ထို့နောက် သူသည် အခြားသူများကို မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

"ခုထိ မသွားကြသေးဘူးလား၊ သူ မင်းတို့ကို သတ်တာကို စောင့်နေကြတာလား...။"

ခေါင်းဆောင်က အမိန့်ပေးလိုက်ပြီ ဖြစ်သဖြင့် အခြားသူများမှာ လိုက်နာရုံသာ ရှိတော့သည်။ သူ တကယ်ပင် ထွက်ခွာသွားသည်ကို မြင်သောအခါ ထိုအမျိုးသမီးသည် ခေါင်မိုးဆီသို့ စက္ကန့်အနည်း ငယ်မျှ လှမ်းကြည့်ပြီးမှ လှည့်ထွက်သွားလေတော့သည်။

ခေါင်မိုးပေါ်၌ ယောင်ရန်သည် သူတို့ ထွက်ခွာသွားသည်ကို မြင်သောအခါ မျက်နှာအမူအရာ ညိုးမှိန်သွား ခဲ့လေ၏။ လူအင်အား မမျှသဖြင့် ယောင်ရန်သည် သူတို့ကို သတ်ရန် အစီအစဉ်ကို လက်လျှော့လိုက်ရ လေသည်။ ကျူးကျော်သူများ ထွက်သွားပြီးနောက် ယောင်ရန်သည် သူမ၏ စနိုက်ပါရိုင်ဖယ်ကို သိမ်း ဆည်းကာ လေ့ကျင့်ခန်းများ ဆက်လက်လုပ်ဆောင်ရန် အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

နာရီအနည်းငယ် ကြာသောအခါ လုံယု၊ ဟွမ်ချန်နှင့် ရှီရွှမ်းတို့သည် မော်တာဘုတ်ဖြင့် ပြန်ရောက်လာ လေကြသည်။ လုံယုသည် သူမ ထွက်လာသည်ကို မြင်သောအခါ ပြောလိုက်လေသည်။

"ယောင်ရန်၊ ဟွမ်ချန်က ဗီလာကို စောင့်ဖို့ ဒီမှာ ကျန်ခဲ့လိမ့်မယ်၊ ငါတို့နဲ့အတူ ပြန်လိုက်ခဲ့လို့ ရမလား၊ ကျားရှန်းရဲ့ ဒဏ်ရာက ပိုးဝင်နေလို့ မင်းရဲ့ အကူအညီ လိုအပ်နေတယ်...။"

ထိုစကားကို ကြားသောအခါ ယောင်ရန်က ကန့်ကွက်ခြင်း မရှိဘဲ၊ အစောပိုင်းက ရောက်လာသော လူအုပ်စုအကြောင်းကိုသာ ပြောပြလိုက်လေသည်။ ထိုအကြောင်းကို ကြားသည်နှင့် ကျန်ရှိသော လူသုံးဦးစလုံးက သူတို့အနေဖြင့် ဤနေရာတွင် ကြာရှည်စွာ နေထိုင်၍ မရနိုင်တော့ကြောင်း နားလည် လိုက်ကြလေသည်။

ဗီလာအတွင်းမှ ယောင်ရန် ရှာဖွေတွေ့ရှိထားသော ပစ္စည်းအချို့နှင့် အမဲသားများကို မော်တာဘုတ် ပေါ်သို့ တင်ဆောင်ပြီးနောက်၊ သူမသည် လုံယု၊ ရှီရွှမ်းတို့နှင့်အတူ လင်းယွမ်တိုက်ခန်း အဆောက် အအုံသို့ ပြန်လိုက်ခဲ့လေသည်။

အိမ်သို့ ပြန်ရောက်သည်နှင့် ယောင်ရန် ပထမဆုံး လုပ်ဆောင်သည့် အလုပ်မှာ သူမ၏ နေရာလွတ် အတွင်း၌ ရေချိုးခြင်းပင် ဖြစ်သည်။ ရေချိုးပြီးနောက် အဝတ်အစားလဲလိုက်မှသာ ယောင်ရန်သည် စိတ်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရတော့၏။

နေရာလွတ် ထဲမှ ထွက်လာပြီးနောက် သူမသည် ဆေးသေတ္တာကို ယူကာ ကျားရှန်း၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ဆီသို့ သွားကြည့်လိုက်လေသည်။

တန်ချီချီက တံခါးဖွင့်ပေးလိုက်ပြီး သူမကို မြင်သောအခါ ပြောလိုက်၏။

"အစ်မယောင်ရန်၊ အစ်မ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ...။"

ယောင်ရန်သည် သူမ၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ကာ မေးလိုက်လေသည်။

"ကျားရှန်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ...။"

တန်ချီချီက သူမကို အိပ်ခန်းမကြီးဆီသို့ ခေါ်ဆောင်သွားရင်း ပြောပြလေသည်။

"အစ်မကျားရှန်းက ဒီမနက်မှာ ရုတ်တရက် အဖျားတက်လာတာ၊ ညီမတို့ အဖျားကျဆေး တိုက်ခဲ့ ပေမယ့် ဘာမှ မထူးခြားဘူး...။"

အခန်း (၁၂၂)

ကုသရန် ဆေးမရှိခြင်း

ယောင်ရန်သည် အိပ်ခန်းမကြီးအတွင်းသို့ ဝင်လာသောအခါ ကျားရှန်း၏ ခန္ဓာကိုယ်ကို အရက်ပြန်ဖြင့် ပွတ်သပ်ပေးနေသော ဟွမ်ကျိဟွေးကို တွေ့လိုက်ရ၏။ ဟွမ်ကျိဟွေးသည် ယောင်ရန် လာ သည်ကို မြင်သောအခါ အမြန်ထရပ်လိုက်ပြီး ယောင်ရန်အတွက် နေရာဖယ်ပေးလိုက်လေသည်။

ယောင်ရန်သည် ထိုင်ခုံပေါ်၌ ထိုင်လိုက်ကာ ကျားရှန်း၏ ကိုယ်အပူချိန်ကို တိုင်းတာပြီး နှလုံးခုန်နှုန်းနှင့် သွေးခုန်နှုန်းတို့ကို စစ်ဆေးလိုက်လေသည်။ စစ်ဆေးမှုများ ပြီးဆုံးပြီးနောက် ကျားရှန်း၏ ဘယ်ဘက် ခြေထောက်ရှိ ဒဏ်ရာကို ကြည့်လိုက်လေ၏။ ပတ်တီးကို ဖြေလိုက်သောအခါ ဒဏ်ရာအတွင်း၌ ပြည် များနှင့် သွေးမည်းများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ အံ့သြခြင်းမရှိပေ။

ဒဏ်ရာကို သန့်ရှင်းရေးလုပ်ပေးနေစဉ် ယောင်ရန်က ပြောလိုက်လေသည်။

"ရေနွေးတစ်ဇလုံလောက် ယူပေးပါဦး...။"

တန်ချီချီက ထိုစကားကို ကြားသည်နှင့် ရေနွေးတည်ရန် အမြန်ထွက်သွားခဲ့လေသည်။ သူမ ပြန်လာ သည့်အချိန်တွင် ယောင်ရန်က ကျားရှန်းကို ဆေးရည်ပုလင်း သွင်းပေးနေပြီဖြစ်ကာ ဆေးရည်အိတ် ထဲသို့ ဆေးများကို ထိုးထည့်နေလေ၏။

တန်ချီချီသည် ရေပူဇလုံကို ကုတင်ဘေးရှိ စားပွဲပေါ်၌ တင်လိုက်ရင်း ပြောလိုက်လေသည်။

"အစ်မယောင်ရန်၊ အစ်မအလိုရှိတဲ့ ရေနွေး ရပါပြီ...။"

ယောင်ရန်သည် လက်သုတ်ပုဝါငယ်ကို ယူ၍ ရေနွေးဖြင့် စိုစွတ်စေပြီးနောက် ကျားရှန်း၏ ဒဏ်ရာတစ် ဝိုက်ရှိ သွေးမည်းများနှင့် ပြည်များကို သုတ်ဖယ်ပေးလိုက်၏။ ခြေထောက်ကို သန့်ရှင်းအောင် ပြုလုပ်ပြီး နောက် ယောင်ရန်သည် အဆိပ်ဖြေ လိမ်းဆေးကို ဒဏ်ရာပေါ်သို့ ဂရုတစိုက် လိမ်းပေးကာ ပတ်တီးဖြင့် စနစ်တကျ ပြန်လည် ပတ်ပေးလိုက်လေသည်။

အလုပ်ပြီးဆုံးသွားသောအခါ ယောင်ရန်သည် အသုံးပြုခဲ့သော ကိရိယာများကို အရက်ပြန်ဖြင့် သန့်စင်ကာ ဆေးသေတ္တာထဲသို့ ပြန်ထည့်လိုက်လေသည်။

သူမသည် မတ်တပ်ရပ်လိုက်ရင်း မှာကြားလိုက်လေသည်။

"ကျားရှန်းရဲ့ ကိုယ်အပူချိန်ကို ဂရုစိုက်ကြည့်ပေးထားပါဦး၊ တကယ်လို့ နှစ်နာရီကြာတဲ့အထိ အဖျားမကျ သေးရင် ကျွန်မကို လာခေါ်လိုက်လေ...။"

ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့က ခေါင်းငြိမ့်ပြလိုက်ကြ၏။

"ကောင်းပါပြီ...။"

အိမ်သို့ ပြန်ရောက်သောအခါ ယောင်ရန်သည် နောက်ထပ်တစ်ကြိမ် ရေချိုးကာ တစ်ကိုယ်လုံးကို ပိုးသတ်လိုက်လေသည်။ အားလုံးပြီးစီးသွားသောအခါမှ နေရာလွတ် ထဲမှ ထွက်လာပြီး အိပ်စက် အနားယူလိုက်တော့၏။

အိပ်ရာမှ နိုးလာသောအခါ ညဆယ်နာရီ ထိုးနေပြီဖြစ်သော်လည်း လုံယုမှာ ပြန်မရောက်သေးပေ။ မနေ့ က သူတို့တွေ့ရှိခဲ့သော အမဲသား ပမာဏအရ လုံယုတို့အုပ်စုအနေဖြင့် သယ်ယူရန် အချိန်အတော်ကြာ ပေလိမ့်မည်။ သို့သော်လည်း သူတို့သုံးဦး၏ စွမ်းဆောင်ရည်ကို သိထားသဖြင့် ယောင်ရန် စိုးရိမ်ခြင်း မရှိပေ။

အချိန်အတော်ကြာ အိပ်စက်ပြီးနောက် ယောင်ရန်သည် ဗိုက်ဆာလာသဖြင့် မိမိကိုယ်ကို ကောင်းမွန်စွာ ကျွေးမွေးရန် ဆုံးဖြတ်လိုက်၏။

သူမသည် ဧည့်ခန်း၌ ထိုင်ကာ စပ်ပြည့်စုံသော ပုစွန်ထုပ်ကြီးများ၊ ထမင်းတစ်လုံး၊ ကုန်းပေါင်ကြက်သား ကြော်၊ မာပိုတို့ဖူးနှင့် ငါးချဉ်စပ်အသားလွှာတို့ကို ထုတ်ယူလိုက်လေသည်။ လက်ဖက်ရည်ပူပူ တစ်ခွက် နှင့်အတူ ထိုအစားအစာများကို သုံးဆောင်လိုက်သည့်အခါ ယောင်ရန်သည် သူမ၏ ခန္ဓာကိုယ်ရှိ ပင်ပန်း နွမ်းနယ်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ယောင်ရန် ညစာစားပြီးရုံရှိသေးသော်လည်း တံခါးခေါက်သံ ကြားလိုက်ရလေသည်။ တံခါးမဖွင့်မီ သူမ သည် ဧည့်ခန်းအတွင်းရှိ အစားအစာနံ့များကို ဖုံးကွယ်ရန် လေထုသန့်စင်ဆေးကို ဖြန်းလိုက်လေသည်။ တံခါးဝ၌ တန်ချီချီကို တွေ့သောအခါ သူမက မေးလိုက်လေသည်။

"ချီချီ၊ ကျားရှန်း တစ်ခုခု ဖြစ်လို့လား...။"

တန်ချီချီက ခေါင်းခါပြကာ ၊

"မဟုတ်ပါဘူး အစ်မယောင်ရန်၊ အဖွားချွမ်က အစ်မကို တွေ့ချင်လို့ ရောက်နေတာပါ...။"

သူတို့၏ တိုက်ခန်းမှာ လှေကားနှင့် အနီးဆုံးဖြစ်သောကြောင့် သံတံခါးကို တစ်စုံတစ်ယောက် လာခေါက် လျှင် သူတို့က အရင်ဆုံး သိရှိကြခြင်းပင် ဖြစ်သည်။

တန်ချီချီသည် နောက်ကျသော ညစာကို စားနေစဉ် တံခါးခေါက်သံ ကြားသောကြောင့် သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်၏။ အဖွားချွမ်က ယောင်ရန်ကို လာရှာခြင်းဖြစ်ကြောင်း သိရသောအခါ သူမသည် ယောင်ရန်ထံသို့ လာရောက် အကြောင်းကြားခဲ့ခြင်း ဖြစ်လေသည်။

တန်ချီချီ၏ စကားကို ကြားပြီးနောက် ယောင်ရန်က ကျေးဇူးတင်စကား ပြောကာ အဖွားချွမ်ကို သွား ရောက် တွေ့ဆုံခဲ့လေသည်။ သံတံခါးကို ဖွင့်ပေးလိုက်ရင်း သူမက မေးလိုက်၏။

"အဖွားချွမ်၊ တစ်ခုခု လိုအပ်လို့လား...။"

အဖွားချွမ်သည် လက်ထဲတွင် အသင့်စား ခေါက်ဆွဲခြောက် နှစ်ထုပ်နှင့် ဘီစကစ်တစ်ထုပ် ပါရှိသော ပလတ်စတစ်အိတ်ကို သူမအား ပြလိုက်ကာ ၊

"အခန်း (၁၉၀၁) မှာ နေတဲ့ မိသားစုမှာ နို့စို့ကလေး ဘဝကတည်းက နှင်းခူရောဂါ ရှိနေတဲ့ ကလေးတစ် ယောက် ရှိတယ်၊ အခု ကလေးရဲ့ တစ်ကိုယ်လုံးမှာ အဖုအပိမ့်တွေ ထွက်နေပြီး သွေးတွေတောင် ထွက်နေ တုန်းပဲ...။"

"ကလေးရဲ့ အဖေက ဒီနေ့ စွန့်စားပြီး ဆေးရုံကို သွားခဲ့ပေမယ့် ဆေးတွေကုန်နေလို့ လက်ဗလာနဲ့ ပြန်လာ ခဲ့ရတယ်၊ သူတို့ ကလေးကို ကုသဖို့အတွက် ခေါ်လာချင်ပေမယ့် သမီးနဲ့ သိပ်မရင်းနှီးကြတော့ အဖွားကို အရင်လာမေးခိုင်းလိုက်တာ...။"

အဖွားချွမ်က ပြုံးရင်း ဆက်ပြောလေသည်။

"ဒီမိသားစုအတွက် သမီး စိတ်ပူစရာမလိုပါဘူး၊ သူတို့က လူဆိုးတွေ မဟုတ်ဘူး၊ လူဟုန်တို့နဲ့ ပေါင်းပြီး သမီးကို တိုက်ခိုက်ခဲ့တဲ့အထဲမှာလည်း မပါကြဘူး၊ အဖွား သူတို့ကို သိတာ ကြာပြီမို့လို့ လူကောင်းတွေ ဖြစ်တယ်ဆိုတာ အာမခံပါတယ်...။"

နှင်းခူရောဂါကို အမြစ်ပြတ်ကုသရန် ဆေးမရှိပေ။ အပ်စိုက်ကုသခြင်း တစ်မျိုးတည်းဖြင့် မကုသနိုင် သလို၊ တရုတ်တိုင်းရင်းဆေးမှာလည်း ရလဒ်ပြရန် နှေးကွေးလှ၏။

ယောင်ရန်၏ နေရာလွတ် ထဲတွင် ဆေးဝါးများ ရှိနေသော်လည်း၊ သူမသည် ထိုဆေးများကို ထုတ်ပေးရန် အစီအစဉ်မရှိပေ။ အကယ်၍ ထုတ်ပေးလိုက်ပါက လူများစွာက သူမထံသို့ ရောက်ရှိလာပြီး အခမဲ့ ကုသ မှုနှင့် ဆေးဝါးများကို တောင်းဆိုကြမည့် ဘေးအန္တရာယ်ကို သူမ ရင်မဆိုင်လိုခြင်း ဖြစ်သည်။

ယောင်ရန် စဉ်းစားနေသည်ကို မြင်သောအခါ အဖွားချွမ်သည် စိတ်ရှည်စွာဖြင့် ရပ်စောင့်နေခဲ့လေသည်။

ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။

"ဒှရောဂါက ဆေးမပါဘဲ ကုသဖို့ ခက်ခဲပါတယ်၊ အပ်စိုက်တာ တစ်ခုတည်းနဲ့လည်း မပျောက်နိုင်ဘူး...။"

ထိုစကားကို ကြားသောအခါ အဖွားချွမ်က မေးလိုက်လေသည်။

"တကယ်ပဲ ကုသဖို့ နည်းလမ်း မရှိတော့ဘူးလား...။ ကလေးက အသက်ငါးနှစ်ပဲ ရှိသေးတာ၊ ကလေးက နာလို့ ငိုနေတာကို မြင်ရတော့ မိဘတွေကလည်း စိတ်မကောင်းဖြစ်ပြီး အရမ်း စိုးရိမ်နေကြတာ...။"

ယောင်ရန်က ခေါင်းခါပြလိုက်ပြီး ၊

"ဆေးမရှိရင်တော့ ကလေးရဲ့ ကိုယ်ခံအားကောင်းအောင် လုပ်ပေးဖို့နဲ့ အယားသက်သာအောင် ရေပူနဲ့ ချိုးပေးဖို့ပဲ ရှိတယ်...။"

အဖွားချွမ်သည် လူတိုင်းတွင် ရိက္ခာနှင့် အသုံးအဆောင်များ ခက်ခဲနေသည်ကို သိထားသဖြင့် အတင်း အကျပ် မတောင်းဆိုခဲ့ပေ။ သူမသည် ယောင်ရန်၏ မှာကြားချက်ကိုသာ မှတ်သားလိုက်ပြီး ၊

"ဒါဆိုရင်တော့ အဖွား ကလေးရဲ့ မိဘတွေကို သွားပြောလိုက်မယ်လေ...။"

ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်သော်လည်း အဖွားချွမ်၏ လက်ထဲမှ ပလတ်စတစ်အိတ်ကိုမူ ယူခဲ့ခြင်း မရှိပေ။ သူမအနေဖြင့် မကူညီနိုင်သည့်အတွက် သူတို့၏ ပစ္စည်းများကို ယူရန် အကြောင်းမရှိခြင်း ဖြစ်ပေသည်။

အဖွားချွမ် ထွက်သွားပြီးနောက် ယောင်ရန်သည် အိမ်ထဲသို့ ပြန်ဝင်ကာ ဟင်းသီးဟင်းရွက်များကို ပြုစု စောင့်ရှောက်ခဲ့လေသည်။ သူမ ရေမလောင်းဖြစ်သည်မှာ နှစ်ရက်ကျော်ပြီ ဖြစ်သော်လည်း စိုက်ပျိုးခန်း နှစ်ခုအတွင်းရှိ ဟင်းသီးဟင်းရွက်များမှာ ကျန်းမာသန်စွမ်းနေဆဲသာ ဖြစ်၏။

ယောင်ရန်သည် ရေကန်ရေဖြင့် ရေလောင်းပေးလိုက်ရင်း စိတ်ကြည်လင်စွာ ရေရွတ်လိုက်လေသည်။

"ရေကန်ထဲက ရေတွေက အပင်တွေ ကြီးထွားဖို့နဲ့ ကျန်းမာဖို့ တကယ်ပဲ အထောက်အကူ ပြုတာပဲ...။"

အလုပ်ပြီးသွားသောအခါ ယောင်ရန်သည် ဝရန်တာသို့ သွား၍ အာလူးများကို စတင်တူးဖော်လေ တော့သည်။

သူမသည် နေရာလွတ် ထဲမှ မြေဆီလွှာအမည်းများနှင့် ရောစပ်ထားသော မြေကြီးကို အသုံးပြု၍ အာလူးများကို စိုက်ပျိုးထားခြင်း ဖြစ်ကာ ရေကန်ရေကိုလည်း အသုံးပြုထား၏။ သူမ၏ ဂရုတစိုက် ပြုစုမှုနှင့် သစ်စွမ်းရည်၏ အထောက်အပံ့ကြောင့် အာလူးများမှာ လုံးဝန်းကာ ကြီးထွားသန်စွမ်းနေကြ လေသည်။

All Chapters