အခန်း ၃၃၁
Vol. 34 Ch. 331
အခန်း (၃၃၁) အချိန်မီ ရောက်ရှိလာခြင်း
ဟွမ်ချန်သည် မျိုးရိုးဗီဇပြောင်း ဘီလူးများ ဝိုင်းထားခြင်း ခံနေရသည့် စစ်သည်တစ်စုကို မြင်လိုက်ရ သည့်အခါ သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေတော့သည်။
သူသည် ထိုသူများရှိရာသို့ ပြေးသွားရင်း အော်မေးလိုက်လေ၏။
"စစ်သည်တွေလား..."
သူ၏ အော်သံကို ကြားလိုက်ရသောအခါ ဝိုင်းခံထားရသည့် စစ်သည်များသည် သူရှိရာသို့ လှည့်ကြည့် လိုက်ကြပြီး သူတို့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြည်များ ဝင်းလက်လာခဲ့လေတော့သည်။
စစ်သည်တစ်ဦးသည် လီထျန်းယုကို မှတ်မိသွားပြီး အသည်းအသန် အော်ဟစ်အကူအညီတောင်းလာ လေတော့သည်။
"တပ်ကြပ်လီ... မြန်မြန်... တံခါးဖွင့်ပေးပါဦး..."
တံခါးနှင့် မီတာအနည်းငယ်အကွာတွင် ကျားရှန်းသည် ထိန်းချုပ်ကိရိယာကို လျင်မြန်စွာ ဆွဲထုတ်လိုက် ပြီး လျှပ်စစ်စီးဆင်းမှုကို ဖြတ်တောက်လိုက်လေသည်။ လျှပ်စစ်စီးကြောင်း ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် မျိုးရိုးဗီဇပြောင်း ဘီလူးများသည် ရှေ့သို့ တရကြမ်း တိုးဝင်လာကြတော့သည်။
၎င်းကို မြင်သည့်အခါ ဟွမ်ချန်သည် သူ၏ ကျောပိုးအိတ်ထဲမှ လက်ပစ်ဗုံးတစ်လုံးကို ဆွဲထုတ်လိုက်ပြီး အော်ပြောလိုက်လေ၏။
"ပြေးကြတော့..."
ခြံစည်းရိုးအပြင်ဘက်ရှိ စစ်သည်များသည် သူ၏လက်ထဲမှ လက်ပစ်ဗုံးကို မြင်လိုက်ရသည့်အခါ သူတို့ ၏ စစ်သုံးယာဉ်များပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်ကြတော့၏။
စစ်သုံးယာဉ်များ ခြံစည်းရိုးကို ဖြတ်ကျော်မောင်းနှင်သွားစဉ် ဟွမ်ချန်က အော်ပြောလိုက်လေသည်။
"အစ်မရှန်း၊ တပ်ကြပ်လုံ... ကားပေါ်တက်ကြ..."
သူ ပြုလုပ်လိုသည့် အရာကို ရိပ်မိသွားသည့်အတွက် ကျားရှန်းနှင့် လီထျန်းယုတို့သည် စစ်သည်များ၏ လက်ကို လှမ်းဆွဲကာ စစ်သုံးကုန်တင်ကားပေါ်သို့ ကူညီတွဲတင်ပေးမှုဖြင့် တက်လိုက်ကြ၏။ စစ်သုံး ယာဉ်သည် ဟွမ်ချန်အနားသို့ ဖြတ်မောင်းသွားချိန်တွင် နောက်ထပ် စစ်သည်တစ်ဦးက လက်လှမ်း ပေးပြီး သူ့အား ဆွဲတင်ပေးလိုက်လေသည်။
ဟွမ်ချန်သည် အချိန်ဆွဲမနေတော့ဘဲ လက်ပစ်ဗုံး၏ စနက် တံကို ဖြုတ်ကာ ချဉ်းကပ်လာသော ဘီလူး များဆီသို့ ပစ်ပေါက်လိုက်လေတော့သည်။
"ဝုန်း..."
လက်ပစ်ဗုံး ပေါက်ကွဲသွားပြီး မျိုးရိုးဗီဇပြောင်း ဘီလူးတစ်စု သေဆုံးသွားခဲ့ပေတော့သည်။ မရေမတွက် နိုင်သော ဘီလူးများ သူတို့နောက်သို့ လိုက်ပါလာသည်ကို မြင်သောအခါ ဟွမ်ချန်သည် ကျောပိုးအိတ်ထဲ မှ လက်ပစ်ဗုံးများကို ထပ်မံထုတ်ယူ၍ တစ်လုံးပြီးတစ်လုံး ပစ်ပေါက်လိုက်ပြန်လေသည်။
"ဝုန်း... ဝုန်း... ဝုန်း..."
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ဘီလူးအမြောက်အမြား ကျန်ရှိနေသေးသည်ကို သူ တွေ့လိုက်ရ၏။ ထို့နောက် သူသည် အိတ်ထဲမှ ဂြိုဟ်တုဖုန်းကို ထုတ်ယူလိုက်လေသည်။
သူသည် ရှီရွှမ်း၏ ဖုန်းနံပါတ်ကို နှိပ်လိုက်ရင်း သူ့ကို တွဲထားသည့် စစ်သည်အား ပြောလိုက်၏။
"ကျွန်တော် အောက်ဆင်းတော့မယ်..."
စစ်သည်က သူ့ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်လေသည်။
"ဒီနေရာမှာ နေခဲ့ဖို့က အရမ်း အန္တရာယ်များလွန်းတယ်လေ..."
ဟွမ်ချန်က ထိုသူကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ကျွန်တော် မသေနိုင်ပါဘူး..."
သူ၏ ယုံကြည်ချက်ရှိသော အမူအရာကို မြင်ရသည့်အခါ စစ်သည်သည် နောက်ဆုံးတွင် သဘောတူ လိုက်ပြီး သူ၏ လက်များကို လွှတ်ပေးလိုက်တော့သည်။
ဟွမ်ချန်သည် စစ်သုံးကုန်တင်ကားပေါ်မှ ခုန်ဆင်းလိုက်ရာ မြေပြင်ပေါ်သို့ ချောမွေ့စွာ ကျရောက်သွားပြီး အရှိန်သတ်ရန်အတွက် နှစ်ပတ်ခန့် လိမ့်လိုက်လေသည်။ ထို့နောက် သူသည် မတ်တပ်ရပ်လိုက်ပြီး ဖုန်း ဝင်သွားသည့်အခါ ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားလိုက်လေသည်။
"အစ်ကိုရွှမ်း... အနောက်ဘက်ဇုန်မှာ အကူအညီ လိုအပ်နေတယ်..."
သူသည် မျိုးရိုးဗီဇပြောင်း ဘီလူးများကို ခုခံရင်း အော်ပြောလိုက်လေသည်။
ထိန်းချုပ်ခန်းအတွင်းမှ ရှီရွှမ်းသည် ပင်မမျက်နှာပြင်ပေါ်ရှိ မြင်ကွင်းကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်လေ ၏။
အန္တရာယ်ရှိသော အခြေအနေကို မြင်လိုက်ရသည့်အခါ သူသည် သူ၏ လက်ချောင်းများ ဖြူလျော့သွား သည်အထိ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ပြောလိုက်လေသည်။
"တောင့်ထားဦး... ခေါင်းဆောင်နဲ့ တခြားသူတွေ လာနေကြပြီ..."
ဟွမ်ချန် ပြန်မပြောနိုင်ခင်မှာပင် မျိုးရိုးဗီဇပြောင်း ဘီလူးသုံးကောင်သည် သူ့ထံသို့ တစ်ပြိုင်နက်တည်း ခုန်အုပ်လာကြလေတော့၏။ သူသည် ရှောင်တိမ်းရန် အချိန်မရှိတော့သည်ကို သိလိုက်ရသဖြင့် လာလ တ္တံ့သော နာကျင်မှုကို အံကြိတ်ခံရန် ပြင်ဆင်ထားလိုက်လေသည်။
၎င်းကို အဝေးမှ လှမ်းမြင်လိုက်ရသော ကျားရှန်း၏ မျက်ဝန်းများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွား ခဲ့ရတော့သည်။ သူမသည် ဟွမ်ချန်ရှိရာသို့ ပြေးသွားရင်း အော်ဟစ်သတိပေးလိုက်လေ၏။
"အားချန်... သတိထား..."
"ရှုး... ရှုး... ရှုး..."
ဘီလူးများ၏ လက်သည်းများက ဟွမ်ချန်၏ မျက်လုံးများကို မထိုးစိုက်မီ စက္ကန့်ပိုင်းအလိုတွင် နောက် ကျောဘက်မှ နွယ်ပင်များစွာ တိုးထွက်လာပြီး သူ၏ ခန္ဓာကိုယ်နှင့် ဘီလူးများ၏ လက်သည်းများကို ရစ်ပတ်လိုက်လေတော့သည်။
ဟွမ်ချန် တစ်ခုခု တုံ့ပြန်ရန် မပြင်နိုင်မီမှာပင် နွယ်ပင်များ တင်းကျပ်သွားပြီး သူ့ကို နောက်သို့ ဆွဲခေါ် သွားသည်ကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် ဝဲပျံသွားစဉ် နောက်ကျောဘက်မှ ပြင်းထန်သော လေအဟုန်တစ်ခု တိုးထွက်လာခဲ့လေသည်။ နောက်တစ်စက္ကန့်တွင် မျိုးရိုးဗီဇပြောင်း ဘီလူးများသည် မမြင်နိုင်သော လေဓားသွားများစွာကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့ရ တော့လေသည်။
မြေပြင်ပေါ်သို့ ကျရောက်သွားပြီးနောက် ဟွမ်ချန် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ ဘေးတွင် လက်ဖဝါး များမှ နွယ်ပင်များ ထွက်ပေါ်နေသော ယောင်ရန် ရပ်နေသည်ကို တွေ့လိုက်ရလေ၏။
ယောင်ရန်သည် ဟွမ်ချန်၏ ခန္ဓာကိုယ်မှ နွယ်ပင်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မေးလိုက်လေသည်။
"ကျွန်မတို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်... အဆင်ပြေရဲ့လား..."
ဟွမ်ချန်က ပြုံးလိုက်ပြီး၊
"မနောက်ကျပါဘူး... အချိန်မီ ရောက်လာတာပဲ... ကျွန်တော် အဆင်ပြေပါတယ်..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျားရှန်းသည် သူ၏အနားသို့ ပြေးလာပြီး သူ၏ ခေါင်းကို ရိုက် ကာ ဆူလေတော့သည်။
"နင်က အသေခံချင်နေတာလား... စစ်တလင်း အလယ်ခေါင်မှာ အဲဒီလို ရပ်နေရအောင် ဘာတွေ တွေး နေတာလဲ..."
သူမ၏ အသံထဲတွင် ဒေါသနှင့် စိုးရိမ်မှုများ ရောယှက်နေသည်ကို သတိပြုမိလိုက်သဖြင့် ဟွမ်ချန်သည် ခေါင်းငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"တောင်းပန်ပါတယ်..."
ကျားရှန်းက သူ့ကို ဆက်လက်ဆူပူရန် ပြင်နေစဉ် လုံယုက ကြားဖြတ်ပြောလိုက်လေသည်။
"သူ့ကို နောက်မှ ဆူလိုက်ပါ... အခုတော့ ဘီလူးတွေကို အရင် နှိမ်နင်းဖို့ပဲ အာရုံစိုက်ကြရအောင်..."
ထိုစကားကို ကြားသောအခါ ကျားရှန်းသည် စိတ်တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဟွမ်ချန်ကို စူးစူးဝါးဝါး တစ်ချက်ကြည့်ကာ ဘီလူးများရှိရာသို့ ပြေးထွက်သွားလေတော့သည်။ သူမ သည် ဘီလူးများကို တို့ဟူးတုံးများကဲ့သို့ ဒေါသတကြီး ပိုင်းဖြတ်နေသည်ကို ကြည့်ရင်း ဟွမ်ချန်သည် ထိတ်လန့်မှုကြောင့် တံတွေးကို ခါးသီးစွာ မျိုချလိုက်မိလေ၏။
ယောင်ရန်က သူ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်လေသည် ၊
"သွားကြရအောင်..."
လုံယုနှင့် အခြားသူများ၏ အကူအညီဖြင့် သူတို့သည် မျိုးရိုးဗီဇပြောင်း ဘီလူးများကို ခြံစည်းရိုးအပြင် ဘက်သို့ အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ကြလေ၏။ လုံယုက လျှပ်စစ်စီးကြောင်းကို ပြန်လည်ဖွင့်လိုက် သည့်အခါမှသာ လူတိုင်း သက်ပြင်းချနိုင်ကြပေတော့သည်။
စေးကပ်နေသော အနက်ရောင် အရည်များနှင့် ဘီလူးများ၏ အသားစများ ပြန့်ကျဲနေသော မြေပြင်ပေါ် တွင် ရပ်နေရင်း လုံယုက အဖွဲ့သားများကို ကြည့်ကာ ပြောလိုက်လေသည်။
"သန့်ရှင်းရေးလုပ်ပြီးမှ ပြန်ကြတာပေါ့..."
"ဟုတ်ကဲ့... ခေါင်းဆောင်..."
သူ၏ အမိန့်အတိုင်း ယောင်ရန်နှင့် အခြားသူများသည် ဘီလူးများ၏ အကြွင်းအကျန်များကို စုဆောင်း ကာ ပုံလိုက်ကြလေ၏။ အလောင်းပုံမှာ ခါးတစ်ဝက်ခန့် မြင့်လာသောအခါ ဟန်ရန်ချီသည် သူ၏ မီး စွမ်းအင်ကို အသုံးပြုကာ အလောင်းများကို မီးရှို့ဖျက်ဆီးလိုက်လေသည်။
စစ်တလင်းကို သန့်ရှင်းရေးလုပ်ရန်အတွက် သူတို့ နောက်ထပ် နှစ်နာရီခန့် အချိန်ယူခဲ့ကြရလေ၏။
အလုပ်ပြီးသွားသောအခါ လုံယုသည် ရှီရွှမ်းထံသို့ ဖုန်းခေါ်ပြီး မေးလိုက်လေသည်။
"သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တဲ့ တခြားနေရာတွေ ရှိသေးလား..."
ရှီရွှမ်းသည် စောင့်ကြည့်ရေးကင်မရာများကို ခေတ္တစစ်ဆေးပြီးနောက်၊
"အခြေအနေတွေက အခုတော့ ထိန်းချုပ်နိုင်သွားပါပြီ..."
လုံယုသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ပင်ပန်းနွမ်းနယ်စွာဖြင့် သက်ပြင်းချလိုက်ပြီး ၊
"ကောင်းပြီ... ငါတို့ ပြန်လာခဲ့မယ်..."
"လက်ခံရရှိပါတယ်..."
ဂြိုဟ်တုဖုန်းကို ပြန်သိမ်းပြီးနောက် လုံယုသည် အဖွဲ့သားများဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။
"သွားကြရအောင်..."
တစ်ကိုယ်လုံးတွင် ဘီလူးများ၏ သွေးများနှင့် အသားစများ ပေကျံနေသဖြင့် လူတိုင်းသည် စစ်သည်များ ၏ စစ်သုံးယာဉ်ပေါ်သို့ လိုက်ပါရန် ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်ကြလေသည်။ ယင်းအစား သူတို့သည် ရှေ့မှ လမ်းလျှောက်သွားကြပြီး စစ်သုံးယာဉ်များက နောက်မှ ကပ်လျက် လိုက်ပါလာရင်း လေကြောင်း ရန် ကာကွယ်ရေး ခိုလှုံရာစခန်း ဆီသို့ ဦးတည်သွားခဲ့ကြလေသည်။
ရောက်ရှိလာသည့်အခါ ဟွမ်ချန်သည် ယာဉ်များ ရပ်နားရန်နှင့် သန့်စင်မှု လုပ်ငန်းစဉ်များ ပြုလုပ်ရန် အတွက် စစ်သည်များကို နောက်ဘက်ဝင်ပေါက်သို့ ခေါ်ဆောင်သွားခဲ့၏။ ထိုအတောအတွင်း လုံယုနှင့် အခြားသူများသည် ပင်မဝင်ပေါက်မှ ဝင်ရောက်ခဲ့ကြလေသည်။
သန့်စင်ခန်းမှ ထွက်လာပြီးနောက် လူတိုင်းသည် ရေချိုးရန်အတွက် သူတို့၏ အိပ်ခန်းများသို့ အသီးသီး ပြန်သွားကြ၏။ ကံကောင်းထောက်မစွာဖြင့် သူတို့၌ သိုလှောင်ထားသော ရေအမြောက်အမြား ရှိနေခဲ့ ပေသည်။ သို့မဟုတ်ပါက သူတို့သည် စူးရှသော အနံ့အသက်များနှင့် ဖုန်မှုန့်များကို သည်းခံနေကြရပေ လိမ့်မည်။
ယောင်ရန် ရေချိုးပြီးစီးခါစတွင် တစ်စုံတစ်ယောက်က တံခါးကို လာရောက်ခေါက်လေသည်။ သူမသည် မျက်နှာသုတ်ပုဝါကို တိုင်တွင် ချိတ်ဆွဲလိုက်ပြီး တံခါးဖွင့်ရန် သွားလိုက်၏။ သူမ မည်သူမှန်း မမြင်ရသေး ခင်မှာပင် သူမ၏ လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က ဆွဲကိုင်လိုက်လေသည်။
"အစ်မယောင်ရန်... မြန်မြန်လုပ်ပါဦး... ကျွင်းချန် စစ်အခြေစိုက်စခန်းက စစ်သည်တွေ တစ်ခုခု ဖြစ်နေ လို့..."