← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း (၁၈၈)

သင်တို့ မလာသင့်ပေ

ယောင်ရန်သည် သံလှောင်အိမ်များကို ကြည့်လိုက်ရာ အကြီးစား သံလှောင်အိမ်များအတွင်း၌ လူကြီးအချို့ စုပြုံ ထိုင်နေကြပြီး အငယ်စား သံလှောင်အိမ်များအတွင်း၌မူ ကလေးငယ်များစွာ တိုးဝှေ့နေကြသည်ကို တွေ့လိုက်ရ သည်။

သူတို့၏ လည်ပင်းများတွင် ခတ်ထားသော သံခြေချင်းများကို ကြည့်ခြင်းအားဖြင့် ထိုသူတို့မှာ တိရစ္ဆာန်များကဲ့သို့ ဆက်ဆံခံနေရသည်မှာ ထင်ရှားလှပေသည်။

တံခါးနှင့် အနီးဆုံးရှိ သံလှောင်အိမ်အတွင်း ထိုင်နေသော အမျိုးသားသည် သူတို့ကို မြင်သောအခါ မျက်ဝန်းများ ပြူးကျယ်သွားကာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ရီလာတော့သည်။

ထိုအခြင်းအရာကို မြင်သောအခါ လုံယုသည် အနားသို့ လျှောက်သွားကာ တိုးညင်းသော အသံဖြင့် ပြောလိုက် လေသည်။

"အသံမထွက်ပါနဲ့...၊ ကျွန်တော်တို့ သူငယ်ချင်းတွေကို လာရှာတာပါ...။"

ထိုစကားကို ကြားသောအခါ အမျိုးသားသည် ခေါင်းငြိမ့်ပြကာ စကားပြောရန် ကြိုးစားသော်လည်း၊ အစား အသောက်နှင့် ရေ ငတ်မွတ်နေသည်မှာ ကြာပြီဖြစ်သဖြင့် စကားပြောရန်ပင် အားအင်မရှိတော့ချေ။

ယောင်ရန်သည် ၎င်းကို သတိပြုမိသဖြင့် သူမ၏ ကျောပိုးအိတ်ကို ဖွင့်လိုက်လေသည်။ သူမသည် အထဲမှ ရေနွေး များ ထည့်ထားသော ရေနွေးဘူးကို ထုတ်ယူကာ အဖုံးဖွင့်၍ ထိုအမျိုးသားအား ကမ်းပေးလိုက်လေသည်။

အမျိုးသားသည် ရေကို မြင်သည်နှင့် လောဘတကြီး သောက်တော့သည်။ အလွန်အမင်း မြန်ဆန်စွာ သောက်မိ သောကြောင့် သူသည် သီးသွားကာ ပြင်းထန်စွာ ချောင်းဆိုးတော့၏။

"အဟွတ်... အဟွတ်... အဟွတ်..."

ချောင်းဆိုးရပ်သွားသောအခါ ထိုအမျိုးသားသည် ဆက်လက် သောက်ပြန်သည်။ ရေဘူးအတွင်းရှိ ရေများ ကုန် သွားသောအခါမှ အလွတ်ဖြစ်နေသော ရေဘူးကို ယောင်ရန်အား ပြန်ကမ်းပေးရင်း အက်ရှရှအသံဖြင့် ပြောရှာ လေသည်။

"ကျေးဇူးတင်ပါတယ်...။"

ယောင်ရန်သည် ရေဘူးကို ပြန်မယူဘဲ နေရာလွတ် အတွင်းမှ ရေသန့်တစ်ဘူးကို ထုတ်၍ ထပ်ဖြည့်ပေးလိုက်၏။ ထို့ပြင် နူးညံ့သော ကိတ်မုန့် သုံးခုကိုလည်း ထုတ်ပေးကာ ပြောလိုက်လေသည်။

"ဒါတွေကို သိမ်းထားလိုက်ပါ...။"

အမျိုးသားသည် ခဏမျှ အံ့အားသင့်သွားသော်လည်း ရေဘူးနှင့် ကိတ်မုန့်များကို သူ၏ ပေရေနေသော အဝတ် အစားများအတွင်း၌ လျင်မြန်စွာ ဝှက်လိုက်လေသည်။ ထို့နောက် လုံယုကို ကြည့်ကာ မေးလာလေသည်။

"ကျွန်တော့်ကို ဒီကနေ ခေါ်ထုတ်ပေးလို့ ရမလား...။"

လုံယုက ခေါင်းငြိမ့်ပြကာ၊

"ကူညီပေးပါ့မယ်...။ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းတွေကို အရင် ရှာရဦးမယ်...။" ဟု ပြန်လည်ဖြေလိုက်လေ သည်။

"အဲ့ဒီလူတွေက မင်းရဲ့ သူငယ်ချင်းတွေကို ဘယ်အချိန်က ဖမ်းလာတာလဲ..."။ ဟု ထိုအမျိုးသားက မေးမြန်းလိုက် လေသည်။

"ဒီနေ့မနက်ကပဲ...။" ဟု လုံယုက ဖြေလိုက်လေသည်။

သူ၏ အဖြေကို ကြားသောအခါ အမျိုးသားသည် လှေကားထစ်များရှိရာဘက်သို့ ညွှန်ပြကာ၊

"အကျဉ်းသားသစ်တွေကိုတော့ အောက်ဆုံးထပ်မှာ ထားပြီး လေ့ကျင့်ပေးတတ်ကြတယ်...။ မင်းရဲ့ သူငယ်ချင်း တွေကို အဲ့ဒီမှာ ရှာတွေ့နိုင်လိမ့်မယ်...။"

ယောင်ရန်သည် သူ၏ စကားအတွင်းမှ တစ်စုံတစ်ခုကို သတိပြုမိသွားကာ ထပ်ဆင့် မေးလိုက်၏။

"ရှာတွေ့နိုင်လိမ့်မယ် ဟုတ်လား...။"

အမျိုးသား၏ မျက်ဝန်းများအတွင်း၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ယှက်သန်းသွားကာ သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်လေသည်။ သူသည် ထိတ်လန့်တကြား ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် တုန်ရီစွာ တိုးတိုးလေး ပြောလိုက်လေသည်။

"အဲ့ဒီလူတွေက လူသားစားကြတယ်...။"

ယောင်ရန်နှင့် လုံယုတို့ ထိုစကားကို ကြားသောအခါ၊ ရိက္ခာသိုလှောင်ရုံအတွင်း၌ တွေ့ရှိခဲ့သော အေးခဲထားသည့် ဝက်အူချောင်းများနှင့် အသားများကို မလွဲမသွေ သတိရသွားကြတော့၏။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က မေးလိုက်လေသည်။

"သူတို့က အကျဉ်းသားတွေကို သတ်ပြီးမှ အသားတွေကို ခဲထားတာလား...။"

အမျိုးသားက ခေါင်းခါပြကာ၊

"မဟုတ်ဘူး...၊ ဂိုဏ်းခေါင်းဆောင်က အသားအစိုပဲ စားတာလို့ အစောင့်တွေ ပြောနေတာကို ကျွန်တော် ကြားဖူး တယ်...။ ဒါကြောင့် သူ စားချင်တဲ့အခါတိုင်း တစ်ယောက်ယောက်ကို ဆွဲထုတ်သွားတတ်တယ်...။ အများအား ဖြင့်တော့ ကလေးတွေ ဒါမှမဟုတ် အမျိုးသမီးတွေပေါ့...၊ အစောင့်တွေနဲ့ ဧည့်သည်တွေကတော့ အရင်က ရှာတွေ့ ထားတဲ့ အသားခဲတွေကိုပဲ စားကြတာပါ...။"

"အမျိုးသားတွေကော ဘယ်လိုလဲ...။" ဟု လုံယုက မေးလိုက်၏။

အမျိုးသားက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလေသည်။

"အမျိုးသားတွေကိုတော့ အစောင့်တွေက ခေါ်သွားကြပြီး ရက်အနည်းငယ်ကြာရင် ပြန်ပို့ပေးတတ်တယ်... ။ ဒါပေမဲ့ ပြန်ရောက်လာတဲ့သူတွေက စိတ်ရူးပေါက်နေကြသလိုပဲ...။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကလည်း ပြောင်းလဲ သွားကြတယ်...။ ကျွန်တော် သေချာတော့ မမြင်ရပေမဲ့ သူတို့ တစ်ကိုယ်လုံးမှာ သွေးနက်တွေ ဒါမှမဟုတ် အပြာရောင်အရည်တွေ ပေကျံနေတတ်တယ်...။"

ထိုစကားကို ကြားသောအခါ ယောင်ရန်၏ မျက်နှာမှာ ဖြူဖျော့သွားတော့၏။ သူမသည် လုံယု၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ တုန်ရီစွာ ပြောလိုက်လေသည်။

"သူတို့ကို စမ်းသပ်ခံတွေ အဖြစ် အသုံးချနေတာပဲ...။"

လုံယုသည် သူမ၏ အသံအတွင်းမှ ထိတ်လန့်မှုကို ခံစားမိသဖြင့် သူမ၏ တုန်ရီနေသော လက်ကလေးများကို အသာအယာ ဆုပ်ကိုင်လိုက်လေသည်။

သူက သူမကို တင်းတင်းပွေ့ဖက်ထားရင်း အမျိုးသားအား မှာလိုက်လေသည်။

"ကျွန်တော်တို့ သူငယ်ချင်းတွေကို အရင်သွားရှာမယ်...၊ ရှာတွေ့ရင် ပြန်လာခဲ့ပါ့မယ်...။ တခြား အကျဉ်းသား တွေကိုလည်း အသိပေးထားလိုက်ပါ...။ ငါတို့နဲ့ လိုက်ခဲ့ချင်ရင် ပြင်ဆင်ထားကြဖို့ပေါ့...။ အသံတစ်ချက်မှ မထွက် မိအောင် သတိထားကြဦး...၊ မဟုတ်ရင်တော့ ငါတို့ ပြန်လာမှာ မဟုတ်ဘူး...။"

အမျိုးသားသည် ခေါင်းကို အသည်းအသန် ငြိမ့်ပြကာ လုံယုကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်လိုက်လေ၏။

"ကောင်းပါပြီ...။"

လုံယုသည် စစ်သုံး ဓားမြှောင် တစ်လက်ကို ထုတ်ယူ၍ ထိုအမျိုးသားအား ပေးခဲ့ပြီးနောက် ယောင်ရန်နှင့်အတူ ထွက်ခွာခဲ့လေသည်။

သူတို့၏ ကျောပြင်ကို ကြည့်ရင်း ထိုအမျိုးသားသည် ရေနွေးဘူးနှင့် စစ်သုံး ဓားမြှောင်ကို တင်းတင်း ဆုပ်ကိုင် ထားမိလေ၏။ ဤနေရာ၌ အကျဉ်းကျနေစဉ်အတွင်း အနာဂတ်အတွက် ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက် ရောင်ခြည်ကို သူ ခံစားလိုက်ရခြင်းပင် ဖြစ်လေသည်။

လုံယုနှင့် ယောင်ရန်တို့သည် စီမာဟောက်နှင့် ရွမ်ယင်းကို ရှာဖွေနေကြစဉ်မှာပင်၊ စားပွဲထိုးဖြစ်သူမှာ ရေကူးကန် အတွင်းသို့ ဝိုင်များကို လောင်းထည့်နေလေသည်။ သူ အလုပ်လုပ်နေစဉ်အတွင်း မျက်လွှာကို အသာချကာ တိတ်ဆိတ်နေလေသည်။

အလုပ်ပြီးဆုံးသွားသောအခါ သူသည် အလွတ်ဖြစ်နေသော ဝိုင်စည်ပိုင်းကို ဝိုင်လှည်းပေါ်သို့ တင်ကာ အပြင်သို့ တွန်းထုတ်လာခဲ့လေသည်။ အဆောက်အအုံပြင်ပသို့ ရောက်ရှိချိန်တွင် အစောင့်များက သူ့ကို တားလိုက်ကြ၏။

စားပွဲထိုးက အစောင့်များကို ကြည့်ကာ မေးလိုက်လေသည်။

"လူကြီးမင်းတို့...။ ကျွန်တော် ဘာများ ကူညီပေးရမလဲခင်ဗျ...။"

အစောင့်တစ်ဦးက အလွတ်ဖြစ်နေသော ဝိုင်စည်ပိုင်းကို ညွှန်ပြကာ မေးလိုက်၏။

"ဝိုင်တွေ ထပ်ရှိသေးလား...။"

စားပွဲထိုးက ခေါင်းငြိမ့်ပြကာ ပြုံးလိုက်လေသည်။

"လူကြီးမင်းတို့အတွက် အထူးစပ်ထားတဲ့ ဝိုင်ကို ကျွန်တော် ဖယ်ထားပါတယ်...။"

ထိုစကားကို ကြားသောအခါ အစောင့်မှာ သဘောကျသွားပြီး စားပွဲထိုး၏ ပုခုံးကို ပုတ်ကာ၊

"မဆိုးဘူးပဲ..." ဟု ဆိုရင်း ဝိုင်ကို ယူလိုက်လေသည်။

စားပွဲထိုးက ပြုံးလျက် ပြောလိုက်လေသည်၊

"လူကြီးမင်း...၊ ကျွန်တော် ဂိုဏ်းခေါင်းဆောင်အတွက် ဝိုင်တွေ ထပ်ပြင်ရပါဦးမယ်...။"

အစောင့်က လက်ကို ဝေ့ယမ်းကာ သွားခွင့်ပြုလိုက်လေ၏။

"ကောင်းပြီ... သွားတော့...။"

စားပွဲထိုးသည် အစောင့်များ၏ ရယ်မောသံများကို နားထောင်ရင်း ဝိုင်လှည်းကို တွန်းထုတ်လာခဲ့လေသည်။ သူ ခေါင်းငုံ့လိုက်သည့် အချိန်တွင်မူ သူ၏ မျက်ဝန်းများအတွင်း၌ ရက်စက်မှု အရိပ်အယောင်များ ယှက်သန်း သွားတော့၏။

နောက်ဆုံးတော့... သူ၏ မိသားစုအတွက် လက်စားချေနိုင်မည့် အခွင့်အရေးကို သူ ရရှိခဲ့ပြီ ဖြစ်လေသည်။

ထိုအတောအတွင်း လုံယုနှင့် ယောင်ရန်တို့သည် အောက်ဆုံးထပ်သို့ ရောက်ရှိသွားကြလေသည်။

ပထမထပ်နှင့် မတူသည်မှာ ဤနေရာတွင် သံလှောင်အိမ်များ မဟုတ်ဘဲ အကျဉ်းခန်းငယ် အချို့ ရှိနေခြင်းပင် ဖြစ်၏။

သူတို့နှစ်ဦးသည် ပထမဆုံး အကျဉ်းခန်းဆီသို့ လျှောက်သွားရာ ထောင့်တစ်နေရာတွင် စုပြုံနေကြသော အမျိုးသ မီးအချို့ကို တွေ့လိုက်ရလေသည်။ ခြေသံများကို ကြားရသောအခါ အမျိုးသမီးများမှာ တုန်ရီသွားကြပြီး ခေါင်းများကို ငုံ့ထားလိုက်ကြ၏။

ယောင်ရန်သည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခြားအကျဉ်းခန်းများကို ဆက်လက် ရှာဖွေလေသည်။

အတန်ကြာ ရှာဖွေပြီးနောက်တွင်မူ နောက်ဆုံး အကျဉ်းခန်းအတွင်း၌ စီမာဟောက်နှင့် ရွမ်ယင်းတို့ကို တွေ့ရှိလိုက် ရတော့၏။

လာရောက်သူမှာ သူတို့ဖြစ်ကြောင်း မြင်သောအခါ စီမာဟောက်သည် ကြမ်းပြင်ပေါ်မှ ခက်ခဲစွာ ထရပ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။

"အစ်ကိုလုံယု...၊ မယောင်ရန်...၊ ရှင်တို့ ဘာလို့ ဒီကို ရောက်လာတာလဲ...။ ရှင်တို့ မလာသင့်ဘူး...။"

လုံယုသည် အခြားသူများရှေ့တွင် သူ၏ လေစွမ်းအင် ကို အသုံးမပြုလိုသဖြင့်၊ ယောင်ရန်သည် သူမ၏ ရှည်လျား သော ဓားကို ဆွဲထုတ်ကာ သံသော့ခလောက်ကို ခုတ်ချလိုက်လေသည်။ သူမ၏ ဓားမှာ သံသော့နှင့် ထိတွေ့သည် နှင့်တစ်ပြိုင်နက် အလွယ်တကူပင် ပြတ်တောက်သွားလေတော့သည်။

"ချွင်..."

All Chapters