အခန်း ၂၃၀
Vol. 23 Ch. 230
အခန်း (၂၃၀)
လုံယု၏ လျှို့ဝှက်နေရာ
သူတို့ ယာဉ်ရပ်နားကွင်းသို့ ရောက်ရှိသည့်အခါ၊ ယောင်ရန်သည် ယခင်က စစ်သုံးကုန်တင်ယာဉ်ကိုသာ ရွေးချယ် ခဲ့လေသည်။ သူေ ရွေးချယ်ပြီးနောက်တွင်မူ၊ ဝူလျန်သည် သော့သွားယူရန် ထွက်ခွာသွားခဲ့လေ၏။
မကြာမီမှာပင် သူသည် သော့နှင့်အတူ ပြန်လည်ရောက်ရှိလာပြီး ပြောလိုက်လေသည်။
"ငါ မင်းတို့ကို ကားကူမောင်းပေးပါမယ်...။”
လုံယုသည် သူ၏လက်ထဲမှ သော့ကို ယူလိုက်ပြီး ငြင်းဆန်လိုက်လေ၏။
"ကျေးဇူးတင်ပါတယ်...။ ငါ ကိုယ်တိုင် မောင်းနိုင်ပါတယ်...၊ မင်း ကြည့်ရတာ အလုပ်များနေပုံပါပဲ ဒီနေရာမှာပဲ နေပြီး မင်းရဲ့ အလုပ်တွေကို အဆုံးသတ်လိုက်ပါ...။”
ဝူလျန်သည် သူ့အား စိုက်ကြည့်လျက် တတိယအကြိမ်မြောက်အဖြစ် စကားမဲ့သွားခဲ့ရပြန်လေသည်။
"...။”
လုံယုသည် မောင်းနှင်သူထိုင်ခုံပေါ်သို့ တက်ရောက်လျက်၊ ဝူလျန်အား ကြည့်ကာ ထပ်လောင်းပြောဆိုလိုက်သည်။
"ငါတို့ မိနစ်သုံးဆယ်အတွင်း ပြန်လာခဲ့ပါ့မယ်...။ ပစ္စည်းတွေ အမြန်ဆုံး အပ်နှံနိုင်ဖို့အတွက် တံခါးဝမှာ ငါတို့ကို စောင့်နေပေးပါဦး...။”
လုံယုက သူ၏ ဆုံးဖြတ်ချက်ကို ရှင်းလင်းစွာ ပြတ်သားစွာ ပြောဆိုလိုက်သဖြင့်၊ ဝူလျန်သည် ယောင်ရန်၏ ဂိုဒေါင် တည်ရှိရာ နေရာကို စုံစမ်းရန် သူ၏ အစီအစဉ်ကို စွန့်လွှတ်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
သူက သက်ပြင်းချလျက် ပြောလိုက်လေ၏။
"ကောင်းပါပြီ...။”
ကုန်တင်ယာဉ်မှာ ယာဉ်ရပ်နားကွင်းအတွင်းမှ မောင်းထွက်သွားစဉ်၊ ဝူလျန်၏ မျက်ဝန်းများအတွင်း စိတ်ဝင်တစား ရှိသော အရိပ်အယောင်များ ဖြတ်ပြေးသွားလျက် သူ့ဘာသာတီးတိုး ရေရွတ်လိုက်မိလေသည်။
"ဒါက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ...။ လုံယု...၊ မင်း ဘယ်လို လျှို့ဝှက်ချက်မျိုးကို ဖုံးကွယ်ဖို့ ကြိုးစားနေ တာလဲဆိုတာ ငါ တကယ်ပဲ သိချင်မိတယ်...။”
စစ်စခန်းအတွင်းမှ ထွက်ခွာလာပြီးနောက်၊ လုံယုနှင့် ယောင်ရန်တို့သည် လူသူကင်းဝေးသော နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး၊ သူမျသည် ထိုနေရာ၌ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများကို ထုတ်ယူလိုက် လေသည်။
ကိရိယာအချို့မှာ ကြီးမားလွန်းလှသဖြင့်၊ ၎င်းတို့သည် ပစ္စည်းအားလုံးကို အပ်နှံပြီးစီးသည်အထိ အသွားအပြန် ခရီးစဉ်အချို့ကို လုပ်ဆောင်ခဲ့ကြရလေသည်။
ဝူလျန်၏ ကူညီမှုကြောင့်၊ ပစ္စည်းအပ်နှံခြင်း လုပ်ငန်းမှာ ချောမွေ့လျင်မြန်စွာ ပြီးစီးသွားခဲ့လေသည်။ နှစ်နာရီခန့် ကြာပြီးနောက်၊ ယောင်ရန်နှင့် လုံယုတို့သည် စစ်စခန်းအတွင်းမှ ထွက်ခွာခဲ့ကြလေသည်။
ညဆယ့်တစ်နာရီခန့်သာ ရှိသေးသည်ကို မြင်ရသဖြင့်၊ လုံယုက ပြောလိုက်၏။
"ရန်ရန်...၊ ငါ မင်းကို နေရာတစ်ခုဆီ ခေါ်သွားချင်လို့...။ ငါနဲ့အတူ လိုက်ခဲ့မလား...။”
စူးစမ်းလိုစိတ်ဖြင့် ယောင်ရန်က မေးလိုက်လေသည်။
"ဘယ်လို နေရာမျိုးလဲဟင်...။”
လုံယုက ပြုံးပြလျက် ၊
"ငါ့ရဲ့ လျှို့ဝှက်နေရာလေးပေါ့...။”
ယောင်ရန်က ခေါင်းငြိမ့်ပြကာ အနီးနားရှိ တောင်ကုန်းတစ်ခုဆီသို့ သူ၏နောက်ကွယ်မှ လိုက်ပါသွားခဲ့လေသည်။ တောင်ပေါ်သို့ သွားနေစဉ်အတွင်း၊ သူမက မေးလိုက်လေ၏။
"ရှင့် ဒီနေရာမှာ ဝှက်ထားတဲ့အရာတစ်ခု ရှိနေတာလား...။”
သူမ၏ မေးခွန်းကို ကြားရသောအခါ လုံယုက ခပ်ဖွဖွရယ်မောလိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။
သူတို့သည် လူသူမယ့်နေသော တောင်ကုန်းထက်သို့ ခဏမျှ တက်လှမ်းပြီးနောက်၊ လုံယုသည် ဧရာမ ကျောက်တုံး ကြီးတစ်တုံး၏ ရှေ့တွင် ရပ်တန့်လိုက်လေသည်။ သူသည် လက်နှစ်ဖက်ကို မြှောက်လျက်၊ သူ၏ လေစွမ်းအင် ကို အသုံးပြုကာ ထိုဧရာမ ကျောက်တုံးကြီးကို ဘေးသို့ ရွှေ့ပစ်လိုက်၏။
လုံယုထက်ပင် ပိုမိုမြင့်မားသော ကျောက်တုံးကြီး ဘေးသို့ ရွေ့လျားသွားသည့်အခါ၊ ယောင်ရန်သည် ၎င်း၏ နောက်ကွယ်ရှိ သံတံခါးကြီးကို မြင်တွေ့ခဲ့ရလေသည်။
သူမသည် လုံယုအား အံ့အားသင့်စွာ ကြည့်လျက် မေးလိုက်လေ၏။
"ခိုလှုံရာနေရာတစ်ခုလား...။”
လုံယုသည် သံတံခါးပေါ်တွင် ကုဒ်နံပါတ်အချို့ကို ရိုက်ထည့်လိုက်ရာ၊ ၎င်းတံခါးကြီးသည် လေတိုးသံနှင့်အတူ ပွင့်သွားခဲ့လေသည်။
လုံယုသည် မှောင်မည်းနေသော စင်္ကြံလမ်းအတွင်းသို့ လျှောက်လှမ်းရင်း ပြောလိုက်လေ၏။
"သွားကြရအောင်...။”
ယောင်ရန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏နောက်သို့ လိုက်ပါခဲ့သည်။ လုံယုသည် သံတံခါးကို ပြန်လည်သော့ခတ် လိုက်ပြီးနောက်၊ ဖြူဖွေးသော နံရံပေါ်သို့ သူ၏ လက်ဖဝါးဖြင့် တို့ထိလိုက်၏။ တစ်စက္ကန့်မျှ ကြာပြီးနောက်၊ မှောင် မည်းနေသော စင်္ကြံလမ်းတစ်ခုလုံး ရုတ်တရက် လင်းထိန်သွားခဲ့လေတော့သည်။
“ဝူး... ဝူး... ဝူး...”
စက္ကန့်အနည်းငယ် ကြာပြီးနောက်၊ မြေအောက်ခိုလှုံရာနေရာတစ်ခုလုံး လင်းထိန်သွားခဲ့လေသည်။ လုံယုသည် သူမ၏လက်ကို ဆုပ်ကိုင်လျက် အတွင်းဘက်သို့ ဦးဆောင်ခေါ်သွားခဲ့လေ၏။ သူတို့သည် စင်္ကြံလမ်းအတွင်းမှ ထွက်ခွာကာ ဖန်နံရံများရှိသော အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ အခန်းအတွင်းသို့ ခြေလှမ်းလိုက် သည်နှင့်တစ်ပြိုင်နက်၊ ပိုးသတ်ဆေးဓာတ်ငွေ့များမှာ လေထုအတွင်း ပျံ့နှံ့သွားခဲ့လေသည်။
ပိုးသတ်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ၊ အခန်း၏ အခြားတစ်ဖက်ရှိ တံခါး ပွင့်သွားခဲ့သည်။ လုံယုသည် ယောင်ရန်အား ခေါ်ဆောင်လျက် ဖြတ်သန်းသွားခဲ့ရာ၊ ကျယ်ပြန့်လှသော ဟင်းလင်းပြင်ကြီးတစ်ခုကို မြင်တွေ့ခဲ့ရ လေသည်။
လုံယုက ပြုံးပြလျက် ပြောလိုက်၏။
"ငါ့ရဲ့ လျှို့ဝှက်နေရာလေးကနေ ကြိုဆိုပါတယ်...။”
လူပေါင်း တစ်သိန်းကျော်အထိ ဆံ့နိုင်သော ဧရာမ မြေအောက်ခိုလှုံရာနေရာကြီးကို ဝေ့ဝဲကြည့်ရှုရင်း၊ ယောင်ရန် မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။ ဤနေရာ၌ အသုံးပြုထားသော နည်းပညာများမှာ သူမ တစ်ခါမှ မမြင်ဖူးလောက်အောင် အဆင့်မြင့်လွန်းလှပြီး၊ ဧရာမ ဂိုဒေါင်ကြီးအချို့အတွင်း၌လည်း ရိက္ခာများနှင့် ပြည့်နှက် လျက်ရှိနေပေ၏။
ခိုလှုံရာနေရာတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက်၊ ယောင်ရန်သည် ဤနေရာမှာ ကိုယ်တိုင်ရပ်တည်နိုင်စွမ်းရှိ သည်ကို သိရှိသွားခဲ့လေသည်။ အစားအစာ ထုတ်လုပ်မှုမှစ၍ လေထုသန့်စင်စနစ်အထိ အရာအားလုံး အသင့်ရှိ နေခဲ့ခြင်း ဖြစ်၏။
ထမင်းစားခန်း၏ အလယ်တွင် မတ်တပ်ရပ်လျက်၊ ယောင်ရန်က မေးလိုက်လေသည်။
"ရှင်က ဒီနေရာကို မကြာခင် ရောက်လာတော့မယ့် နျူကလီးယား ဓာတ်ရောင်ခြည်သင့်မှုတွေအတွက် ပြင်ဆင် ထားတာလားဟင်...။”
လုံယုက ခေါင်းငြိမ့်ပြခဲ့၏။
"ဟုတ်တယ်...။”
သူမ၏ တုန်လှုပ်ခြောက်ခြားနေသော မျက်နှာအမူအရာကို ကြည့်လျက် သူက ပြုံးလိုက်လေသည်။
"ဘယ်လိုလဲ...၊ မင်း ဒီနေရာကို သဘောကျရဲ့လား...။”
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ရာ၊ လုံယုက ဆက်လက်ပြောဆိုခဲ့၏။
"နျူကလီးယား ဓာတ်ရောင်ခြည်သင့်မှုတွေ ကမ္ဘာပေါ်ကို ရောက်လာတဲ့အခါ ဒီနေရာက ငါတို့ရဲ့ ခေတ္တအိမ် ဖြစ် လာလိမ့်မယ်...ဒ ငါတို့ သူငယ်ချင်းတွေနဲ့အတူ ဒီနေရာမှာ နေထိုင်ရင်း၊ ဓာတ်ရောင်ခြည်အဆင့်တွေ လျော့နည်း သွားတဲ့အထိ စောင့်ပြီးမှသာ အပြင်ဘက်ကို ထွက်ကြတာပေါ့...။”
သူ၏ စကားကို နားထောင်ပြီးနောက် ယောင်ရန်က မေးလိုက်လေသည်။
"ဒီလိုဆိုရင် ရှင် အရင်က စက်လှေတွေနဲ့ ရိက္ခာတွေကို ဒီနေရာမှာ ဝှက်ထားခဲ့တာလား...။”
လုံယုက ခေါင်းငြိမ့်ပြကာ ၊
"ဟုတ်တယ်...၊ မင်း ရောက်လာပြီဆိုတော့...၊ နောင်တစ်ချိန်မှာ ဒီနေရာကို ပြန်မလာနိုင်ခဲ့တဲ့ အခြေအနေမျိုး အတွက် ရိက္ခာတွေကို အတူတူ သယ်သွားကြရအောင်...။”
"ကောင်းပါပြီ...။”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ ယောင်ရန်က သဘောတူခဲ့လေသည်။
ဤခိုလှုံရာနေရာမှာ တောင်တစ်ခု၏ အတွင်းဘက်၌ တည်ဆောက်ထားခြင်းဖြစ်ရာ၊ အင်အားပြင်း ကမ္ဘာ မြေငလျင် လှုပ်ခတ်ပြီးနောက်တွင် ထိုတောင်ကြီး ဆက်လက်တည်ရှိနေဦးမည်လားဆိုသည်ကို ၎င်းတို့ မသေချာကြပေ။
ကြိုတင်ပြင်ဆင်ထားလျက် ရိက္ခာများကို ယခုပင် သယ်ဆောင်သွားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ နောင် တွင် ၎င်းတို့ ပြန်လည်ရောက်ရှိလာသည့်အခါမှသာ ရိက္ခာများကို ဂိုဒေါင်အတွင်းသို့ ပြန်လည်ထည့်သွင်းနိုင်ပေ သည်။
ရိက္ခာအားလုံးကို ယောင်ရန်၏ နေရာလွတ် အတွင်းသို့ ထည့်သွင်းပြီးနောက်၊ ၎င်းတို့သည် မြေအောက်ခိုလှုံရာ နေရာအတွင်းမှ ထွက်ခွာခဲ့ကြပြီး လင်းယွမ်တိုက်ခန်းအဆောက်အအုံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည်။ လုံယု၏ ရိက္ခာများ ထပ်မံတိုးပွားလာခြင်းကြောင့်၊ ယောင်ရန်၏ သိုလှောင်မှု နေရာလွတ်မှာ ထပ်မံ၍ နေရာမ လောက်ငှသည့် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြန်၏။
ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများ အိမ်၌သာ နေထိုင်ကြစဉ်အတွင်း၊ စစ်တပ်မှာမူ ကာလဝမ်းရောဂါနှင့် ပရိုတိုဇိုအာ ဗိုင်းရပ်စ်များ ပျံ့နှံ့မှုကို အသည်းအသန် နှိမ်နင်းရန် အလုပ်ရှုပ်နေခဲ့သည်။ ဆေးဝါးများနှင့် ကိရိယာ အသစ်များ ရရှိခဲ့သဖြင့်၊ ရောဂါပျံ့နှံ့မှုများမှာ နောက်ဆုံး၌ ပြီးဆုံးသွားခဲ့တော့သည်။
စစ်တပ်သည် ချမ်းသာကြွယ်ဝသော မိသားစုများထံမှ အမြောက်အမြားသော လှူဒါန်းမှုများကို လက်ခံရရှိပြီး တစ်ပတ်အကြာတွင်မူ၊ ကပ်ရောဂါ ပြီးဆုံးကြောင်း ကြေညာခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများမှာ ဝမ်းမြောက် စွာ အော်ဟစ်ခဲ့ကြပြီး၊ ၎င်းတို့၏၏ မျက်ဝန်းများအတွင်းသို့ မျှော်လင့်ချက်များ ပြန်လည်ရောက်ရှိလာခဲ့လေ တော့သည်။
အသက်ရှင်ကျန်ရစ်သူများနှင့် စစ်တပ်တို့သည် ရိက္ခာများကို စုဆောင်းရန်နှင့် ရေအရင်းအမြစ်များကို ရှာဖွေရန် အလုပ်ရှုပ်နေကြစဉ်အတွင်း၊ ယောင်ရန်မှာမူ အိမ်၌သာ ဆေးဘက်ဝင်အပင်များနှင့် အစားအစာများကို စိုက်ပျိုး ရန် အလုပ်ရှုပ်နေခဲ့သည်။ ကပ်ရောဂါ ပြီးဆုံးသွားခဲ့သော်လည်း၊ အပူချိန်မှာမူ ဆက်လက်မြင့်တက်နေဆဲ ဖြစ်၏။
ပြင်းထန်သောအပူဒဏ် စတင်ခဲ့ပြီး သုံးပတ်ခန့် ကြာသည့်အခါတွင်မူ၊ အပူချိန်မှာ ရှစ်ဆယ့်ကိုးဒီဂရီ ဆဲလ်စီးယပ်စ် အထိ စံချိန်တင် မြင့်တက်လာခဲ့လေသည်။
ယခုကဲ့သို့ ပြင်းထန်လှသော အပူဒဏ်ကြောင့်၊ မည်သူမျှ နေ့ဘက်တွင် အပြင်သို့ မထွက်ဝံ့ကြပေ။ လူများသည် ရေနွေးငွေ့ခန်းကဲ့သို့ ပူအိုက်လှသော အိမ်တွင်း၌သာ နေထိုင်ကြပြီး၊ အပူချိန် အနည်းငယ်လျော့နည်းသွားသော ညဘက်များတွင်မှသာ ရိက္ခာများကို လိုက်လံရှာဖွေရန် အပြင်သို့ ထွက်လာခဲ့ကြ၏။
ကပ်ရောဂါကို ဖြေရှင်းနိုင်ခဲ့သော်လည်း၊ လက်ရှိ အရေးအကြီးဆုံး ပြဿနာများမှာ မြင့်မားလှသော အပူချိန်နှင့် ရေရှားပါးမှုတို့ ဖြစ်ပေသည်။
ရေအရင်းအမြစ်အားလုံးနီးပါး ခန်းခြောက်သွားခဲ့ပြီး၊ ကျွင်းချန်မြို့အပါအဝင် မြို့ငါးမြို့ကို ဆက်သွယ်ထားသော အရှည်လျားဆုံး ချန်လုံမြစ်ကြီးသာ ကျန်ရှိတော့သည်။ သို့သော်လည်း လက်ရှိအချိန်တွင်မူ ချန်လုံမြစ်ကြီးပေါ်၌ ရေအိုင်အနည်းငယ်နှင့် ရွှံ့နွံများသာ ကျန်ရှိတော့လေသည်။