← Chapters

အခန်း ၄၀၁

Vol. 41 Ch. 401

အခန်း ၄၀၁

Vol. 41 Ch. 401

အခန်း (၄၀၁) ခိုးကြောင်ခိုးဝှက် ဝင်ရောက်ခြင်း

ချန်စီကျိန်းသည် မှတ်ပုံတင်ကတ်ပြားကို စိုက်ကြည့်ရင်း တွေးမိလိုက်လေသည်။

*ဒါက သတင်းကောင်းပဲ… အစ်ကိုဟွမ်ရဲ့ အကြံဉာဏ်ကို အရင်တောင်းရမယ်…*

ထိုသို့တွေးပြီးနောက် ချန်စီကျိန်းက ပြောလိုက်လေသည်။

“ဒီမှာ ခဏစောင့်နေဦး… ခင်ဗျားတို့ကို အထဲပေးဝင်ဖို့ ခွင့်ပြုချက် အရင်တောင်းလိုက်ဦးမယ်…”

ထိုစကားကြောင့် အဖိုးအိုမှာ အလျင်အမြန် ခေါင်းညိတ်ပြရှာလေသည်။ ထို့နောက် ချန်စီကျိန်းသည် ဘေးသို့ ခေတ္တဖယ်လိုက်ပြီး သူ၏ ဝေါကီတော်ကီ ကို ထုတ်ကာ ဟွမ်ချန်အား ဆက်သွယ်လိုက်လေ သည်။

“အစ်ကိုဟွမ်... အခု ခြံစည်းရိုးကို ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့သူတွေက အရင်က ကျွင်းချန်မြို့ ပထမ ဆေးရုံမှာ အလုပ်လုပ်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆရာဝန်တွေပါ… သူတို့ခေါင်းဆောင်က ကျွန်တော်တို့ ဆီ ဝင်ချင်တယ်ပြောနေပါတယ်… ဘယ်လိုထင်လဲခင်ဗျ…လက်ခံလိုက်ရမလား…”

ထိန်းချုပ်ရေးခန်းရှိ ကင်မရာများမှတစ်ဆင့် အခြေအနေကို စောင့်ကြည့်နေသော ဟွမ်ချန်သည် အဖိုးအို ၏ မှတ်ပုံတင်ကို မြင်တွေ့ပြီးဖြစ်လေသည်။ သူသည် စခရင်ပေါ်ရှိ ရင်းနှီးနေသော မျက်နှာကို သေချာ ကြည့်ရှုပြီးနောက် မေးလိုက်လေသည်။

“သူတို့ပြောတာတွေက တကယ် ဟုတ်မဟုတ် မင်း စစ်ဆေးပြီးပြီလား….”

“ဟုတ်ကဲ့… ကျွန်တော့်ရဲ့ စွမ်းအားကို သုံးပြီး အမှန်တရားကို အတည်ပြုပြီးပါပြီ…”

ချန်စီကျိန်းက ပြန်ဖြေလိုက်လေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဟွမ်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

“ကောင်းပြီလေ… သူတို့ကို ခေါ်လာခဲ့ပြီး ဦးလေးဟန်ဆီ အပ်လိုက်ပါ… သူကပဲ နေထိုင်မယ့်နေရာတွေ စီစဉ်ပေးလိမ့်မယ်… ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကတော့ ကျန်းမာရေး ပြန်ကောင်းလာပြီဆိုရင် ဆေးပေးခန်းမှာ အလုပ်စဝင်လို့ရပြီ… ကျန်တဲ့သူတွေအတွက် ဘာအလုပ်ပေးရမလဲဆိုတာကိုတော့ ဦးလေးဟန်ပဲ ဆုံးဖြတ်ပါစေ…”

“နားလည်ပါပြီ…”

ဟွမ်ချန်ထံမှ ခွင့်ပြုချက်ရရှိပြီးနောက် ချန်စီကျိန်းသည် ခြံစည်းရိုးအနားသို့ ပြန်သွားပြီး အဖိုးအိုကို ပြော လိုက်လေသည်။

“အဘိုး... ခင်ဗျားတို့ ကျွန်တော့်နောက် လိုက်ခဲ့လို့ရပြီ… အထက်အရာရှိက ခင်ဗျားတို့ကို ကျွန်တော်တို့ ခိုလှုံရာစခန်းထဲ ဝင်ခွင့်ပြုလိုက်ပြီ… ဒါပေမဲ့ အစားအသောက်နဲ့ နေစရာအတွက်တော့ အလုပ်လုပ်ရမယ် နော်…”

“ရပါတယ်... ကျွန်တော်တို့ ကြိုးကြိုးစားစား အလုပ်လုပ်ပါ့မယ်…. ကျေးဇူးတင်ပါတယ် ဆရာ….”

အဖိုးအိုသည် အလျင်အမြန်ပင် ကျေးဇူးတင်စကားဆိုကာ သူ၏ တပည့်များနှင့် မိသားစုဝင်များကို ခေါ် ၍ နောက်မှ လိုက်ပါလာခဲ့လေတော့သည်။

ချန်စီကျိန်းသည် သူတို့အား ပင်မဝင်ပေါက်သို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင် ပိုးသတ်သန့်စင်မှုများ ပြုလုပ်စေကာ စီမံခန့်ခွဲရေးရုံးသို့ ပို့ဆောင်ပေးခဲ့လေသည်။

ပွင့်နေသော တံခါးကို ခေါက်ရင်း ချန်စီကျိန်းက ပြောလိုက်လေသည်။

“ဦးလေးဟန်... ကျွန်တော်တို့ အလုပ်သမားအသစ်တစ်ဖွဲ့ ရောက်လာတယ်ဗျ….”

ထိုစကားကို ကြားသောအခါ ဟန်ကျင်းဖူသည် သူရေးနေသော အစီရင်ခံစာမှ မျက်လုံးပင့်ကြည့်လိုက် လေသည်။ သူသည် ချန်စီကျိန်းကို ပြုံးပြရင်း ပြောလိုက်လေသည်။

“အေး... သူတို့ကို အထဲခေါ်လာခဲ့လေ…”

ချန်စီကျိန်း အထဲဝင်လာပြီး ရှင်းပြလိုက်လေသည်။

“ဒီလူတွေက ဆရာဝန်တွေနဲ့ ခွဲစိတ်ဆရာဝန်တွေပါ… အစ်ကိုဟွမ်က သူတို့ကို ဆေးပေးခန်းမှာ အလုပ် ပေးဖို့ ပြောထားပါတယ်… ကျန်တဲ့သူတွေကိုတော့ ဦးလေးပဲ ဘယ်မှာ အလုပ်ပေးမလဲဆိုတာ ဆုံးဖြတ် ပေးပါတဲ့…”

အပြင်ဘက်တွင် ရပ်နေသော ပိန်လှီညစ်ပတ်နေသည့် လူအုပ်စုကို ကြည့်ရင်း ဟန်ကျင်းဖူက ခေါင်း ညိတ်လိုက်လေသည်။

“ကောင်းပါပြီ... ငါ သူတို့ကို ကြည့်စီစဉ်လိုက်ပါ့မယ်… မင်းရဲ့ တာဝန်ကျရာနေရာကို ပြန်လို့ရပြီ…”

“ဟုတ်ကဲ့…”

ချန်စီကျိန်း ထွက်သွားပြီးနောက် ဟန်ကျင်းဖူသည် အဖိုးအိုဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

“ဦးလေး... ကျွန်တော် နေထိုင်ရမယ့်နေရာ လိုက်ပြပေးပါ့မယ်… တစ်ခန်းကို ရှစ်ယောက်ဆံ့တော့ ခင်ဗျားတို့အဖွဲ့က (၁၅) ယောက်ဆိုတော့ နှစ်ခန်း ပေးပါ့မယ်… ကျွန်တော့်နောက် လိုက်ခဲ့ကြပါဦး”

ထိုသို့ပြောပြီးနောက် ဟန်ကျင်းဖူသည် သူတို့အား လူနေဆောင်များဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။

လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်းအတွင်းရှိ လူတိုင်းသည် ကျွမ်းကျင်ပညာရှင်များကို စုဆောင်းခြင်း၊ ခြံစည်းရိုးများကို ပြုပြင်ခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်းများဖြင့် အလုပ်ရှုပ်နေကြသကဲ့သို့ ဝူယဲ့ဟောင်နှင့် သူ၏အဖွဲ့သည်လည်း တုကျောက်ရီကို စုံစမ်းစစ်ဆေးရန်နှင့် ယောင်ရန်ကို အကာအ ကွယ်ပေးရန်အတွက် အလုပ်များနေခဲ့ကြလေသည်။

အပြင်ဘက်မှ မငြိမ်မသက်ဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ ဝူယဲ့ဟောင်သည် သူ၏ အဖွဲ့ကို ဒုတိယတပ်မတော်၏ တန်းလျားအတွင်းသို့ ခိုးဝင်ရန် ဦးဆောင်ခဲ့လေသည်။ စစ်သည်အများစုမှာ အခြေအနေကို ထိန်းချုပ်ရန် အပြင်သို့ ထွက်ခွာနေကြသဖြင့် ဝင်ပေါက်တွင် စောင့်ကြပ်ရန်နှင့် ကင်း လှည့်ရန်အတွက် စစ်သည်အနည်းငယ်သာ ကျန်ရှိတော့သည်။

အဆောက်အဦးတစ်ခု၏ ခေါင်မိုးပေါ်တွင် ပုန်းအောင်းနေသော အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီး တစ်ဦးသည် သူမ၏ ညာဘက်နားရှိ ဆက်သွယ်ရေးကိရိယာကို နှိပ်ကာ အစီရင်ခံလိုက်လေသည်။

“ပစ်မှတ်ထားတဲ့ အဆောက်အဦး ရှင်းနေပြီ…”

တုံ့ပြန်မှုအနေဖြင့် ဝူယဲ့ဟောင်နှင့် အမျိုးသားအချို့က ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ပြန်ပြော လိုက်ကြလေသည်။

“နားလည်ပြီ…”

ထိုအမျိုးသမီးက ညကြည့်မှန်ပြောင်းဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေစဉ် ဝူယဲ့ဟောင်သည် တုကျောက်ရီ၏ ရုံးခန်းရှိရာ အဆောက်အဦးအတွင်းသို့ ဝင်ရောက်ရန် အမျိုးသားနှစ်ဦးကို ဦးဆောင် သွားခဲ့လေသည်။

အထဲမဝင်မီ ဝူယဲ့ဟောင်သည် သူ၏ ဆက်သွယ်ရေးကိရိယာကို နှိပ်ကာ ညွှန်ကြားလိုက်လေသည်။

“အားလုံးပဲ... သတ်မှတ်ထားတဲ့ နေရာတွေကို ယူကြတော့….”

စက္ကန့်အနည်းငယ်အကြာတွင် အဖွဲ့ဝင်များက တစ်ယောက်ပြီးတစ်ယောက် အတည်ပြုခဲ့ကြသည်။

“လက်ခံရရှိပါပြီ…”

အားလုံး နေရာယူပြီးသောအခါ ဝူယဲ့ဟောင်က လက်ဟန်ခြေဟန်များဖြင့် အချက်ပြလိုက်သည်။ ကျန် အမျိုးသားနှစ်ဦးမှာ နားလည်ကြောင်း ခေါင်းညိတ်ပြပြီးနောက် အဖွဲ့ခွဲလိုက်ကြလေသည်။

သူတို့ထဲမှ တစ်ယောက်သည် သူ၏ လေစွမ်းအင်ကို အသုံးပြုကာ အပေါ်ဆုံးထပ်သို့ ခုန်တက်သွားပြီး ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့် အထဲသို့ ဝင်သွားခဲ့လေသည်။ ကျန်တစ်ယောက်မှာမူ အဆောက် အဦး၏ အနောက်ဘက်သို့ တိတ်တဆိတ် ရွှေ့လျားသွားခဲ့လေသည်။

ထိုအချိန်တွင် ဝူယဲ့ဟောင်သည် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သူ၏ အိတ်ကပ်ထဲမှ အဝိုင်းပုံစံ ကိရိယာလေးတစ်ခုကို ထုတ်ယူလိုက်လေသည်။ သူသည် ထိုကိရိယာကို ပြတင်းပေါက်သော့ပေါ်တွင် တင်ကာ နှိပ်လိုက်ပြီး နှစ်စက္ကန့်ခန့် စောင့်နေလိုက်သည်။

“ကလစ်…”

တိုးညှင်းသော အသံလေးကို ကြားလိုက်ရသောအခါ သူသည် ကိရိယာကို ဖယ်ရှားကာ ပြတင်းပေါက်ကို ဖွင့်လိုက်လေသည်။ အတွင်း၌ လူမရှိသည်ကို မြင်ရသောအခါ သူသည် အထဲသို့ လျင်မြန်စွာ လျောဝင် သွားလေသည်။ သံသယမဖြစ်စေရန်အတွက် ပြတင်းပေါက်ကို ပြန်ပိတ်ပြီး သော့ခတ်လိုက်လေသည်။

မစ်ရှင်မစတင်မီ ဝူယဲ့ဟောင်၏ အဖွဲ့သည် စစ်သည်များ၏ ကင်းလှည့်ချိန်၊ တည်နေရာများနှင့် တုကျောက်ရီ ၏ ရုံးခန်းတည်နေရာတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စေ့စေ့စပ်စပ် စုဆောင်းထားခဲ့ပေသည်။ လက်အောက်ငယ်သား တစ်ဦး ရေးဆွဲထားသည့် မြေပုံကို အသုံးပြုကာ ဝူယဲ့ဟောင် သည် အဆောက်အဦးအတွင်း လွယ်ကူစွာ သွားလာနိုင်ခဲ့ပြီး ခဏအတွင်းမှာပင် ပစ်မှတ် ထားရာနေရာသို့ ရောက်ရှိသွားခဲ့လေသည်။

ရုံးခန်းတံခါးကို စစ်ဆေးကြည့်သောအခါ သော့ခတ်ထားသည်ကို တွေ့လိုက်ရ၏။ သူသည် စောစောက ကိရိယာလေးကိုပင် ထုတ်ကာ တံခါးကိုဖွင့်၍ အထဲသို့ တိတ်တဆိတ် ဝင်လိုက်လေသည်။ တံခါးကို ပြန် ပိတ်ပြီးနောက် အခန်းထဲသို့ အကဲခတ်ကြည့်လိုက်လေသည်။

ညကြည့်မျက်မှန် ၏ အကူအညီဖြင့် ဝူယဲ့ဟောင်သည် ရုံးခန်းအတွင်းရှိ အသေးစိတ် အချက်အလက် အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။ ထောင်ချောက်မရှိစေရန်အတွက် ပစ္စည်းများ၏ အထား အသိုကို မှတ်သားပြီးနောက် သူသည် စတင်ရှာဖွေလေတော့သည်။

နှစ်မိနစ်ခန့်အကြာတွင် လေးလံသော ရုံးခန်းစားပွဲကြီး၏ အောက်ခြေတွင် လျှို့ဝှက်အကန့်တစ်ခုကို သူ ရှာတွေ့သွားခဲ့လေတော့သည်။ သူသည် စားပွဲကို ဂရုတစိုက် မလိုက်ပြီး အကန့်ကို ဖွင့်လိုက်ရာ သူရှာဖွေ နေသည့်အရာကို အတိအကျ တွေ့ရှိသွားလေတော့သည်။

အချိန်ရှိသေးသည်ကို သိသဖြင့် ဝူယဲ့ဟောင်သည် စာရွက်စာတမ်းများကို အမြန်ပင် ဖတ်ကြည့်လိုက် လေသည်။ နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးနောက် သူသည် ကျောပိုးအိတ်ကို ထုတ်ကာ အရာအားလုံး ကို အထဲသို့ ထည့်လိုက်လေသည်။

စာရွက်စာတမ်းများကို လုံခြုံစွာ သိမ်းဆည်းပြီးနောက် သူသည် လျှို့ဝှက်အကန့်ကို ပြန်ပိတ်ကာ ရုံးခန်း စားပွဲကို မူလနေရာသို့ ပြန်ထားလိုက်လေသည်။

ထို့နောက် သူ၏ ဘယ်ဘက်နားရှိ ဆက်သွယ်ရေးကိရိယာကို နှိပ်ကာ အမိန့်ပေးလိုက်လေသည်။

“ဆုတ်ခွာမယ်…”

သူ၏ အမိန့်အတိုင်း ဝူယဲ့ဟောင်သည် ရုံးခန်းတံခါးကို သော့ခတ်ကာ ပြတင်းပေါက်မှတစ်ဆင့် ပြန် ထွက်လာခဲ့ပေသည်။ ခဏအတွင်းမှာပင် အနက်ရောင်ဝတ်ဆင်ထားသော လူ (၂၀) ကျော်တို့သည် မည်သည့်ခြေရာလက်ရာမျှ မချန်ထားဘဲ ဒုတိယတပ်မတော် တန်းလျားများအတွင်းမှ တိတ်တဆိတ် ဆုတ်ခွာသွားကြလေတော့သည်။

အဓိကရုဏ်းများ ဖြစ်ပွားပြီး သုံးရက်အကြာတွင် အခြေစိုက်စခန်းက စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြောင်း နှင့် ပြင်းထန်သော အပြစ်ပေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။

အခြေအနေများ ပြန်လည်တည်ငြိမ်သွားသောအခါ ယွမ်ရိဟွေးသည် နောက်ဆုံးတွင် သူ၏ ဗီလာမှ ထွက်ခွာခွင့်ရခဲ့ပြီး ယောင်ရန်နှင့် အခြားသူများကို ရှာဖွေရန် အလျင်အမြန် ထွက်လာခဲ့လေသည်။ သူ သည် ယောင်ရန်၏ ဗီလာအပြင်ဘက်တွင် ရပ်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်ရှုပြီးနောက် သစ်သားတုတ်တစ်ချောင်းဖြင့် သံတံခါးကို ခေါက်လိုက်လေသည်။

“ဒေါင်… ဒေါင်… ဒေါင်…”

All Chapters