အခန်း ၃၄၅
Vol. 35 Ch. 345
အခန်း (၃၄၅) အစီအစဉ်များနှင့် စိတ်ဝင်စားမှု
ဝူယဲ့ဟောင်နှင့် အခြားသူများ အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဝူလျန်က ဝေခွဲမရစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေ၏။
"ဘာလို့ အားလုံးက ကားအမိုးပေါ်မှာ ထိုင်ရတာကို ကြိုက်နေကြတာလဲ... ဒါက ခေတ်သစ် စတိုင် တစ်ခုလား..."
မိမိ၏ အပြုအမူကြောင့် ဝူလျန်သည် နောက်တစ်ကြိမ် အပြင်ထွက်လျှင် ကားအမိုးပေါ်တွင် ထိုင်ရန် စဉ်းစားနေသည်ကို ဝူယဲ့ဟောင် မသိရှိခဲ့ပေ။ သူသည် သူ၏ လက်ပတ်နာရီမှတစ်ဆင့် ယောင်ယွဲ့ချွမ် ထံသို့ အသံမက်ဆေ့ခ်ျ ပေးပို့လိုက်လေသည်။
"ကျွန်တော်တို့ အခု အခြေစိုက်စခန်းထဲ ရောက်နေပြီ... နေရာချပြီးတာနဲ့ ထပ်ပြီး အကြောင်းကြား မယ်..."
အသံမက်ဆေ့ခ်ျ ပေးပို့ပြီးနောက်၊ ဝူယဲ့ဟောင်သည် မှောင်ရိပ်များထဲမှ လူအများအပြား သူတို့ကို စိုက် ကြည့်နေကြသည်ကို သတိပြုမိလိုက်လေသည်။
သူသည် ထိုလူများကို အကဲခတ်ရင်း အနည်းငယ် မျက်မှောင်ကြုတ်ကာ တွေးလိုက်မိလေသည်။
*ဒီနေရာရဲ့ အခြေအနေက သတင်းပို့ထားတာထက် ပိုဆိုးနေတာပဲ... ငါ မစ္စယောင်ရန်ကို အမြန်ဆုံးရှာပြီး ဒီကနေ ထွက်သွားဖို့ လိုတယ်...*
သူတို့သည် အမည်စာရင်းသွင်းရန် အစိုးရရုံးသို့ ခဏမျှ မောင်းနှင်သွားခဲ့ကြလေသည်။ စစ်သည်၏ အကူအညီကြောင့် ဝူယဲ့ဟောင်သည် ဝင်ကြေးပေးရန် မလိုဘဲ မိနစ်အနည်းငယ်အတွင်း လုပ်ငန်းစဉ်များ ကို အပြီးသတ်နိုင်ခဲ့လေသည်။
သူတို့အား စိုက်ကြည့်နေသည့် လူအရေအတွက်မှာ ပိုမိုများပြားလာသည်ကို သတိပြုမိသဖြင့်၊ ဝူယဲ့ဟောင်သည် အခြေစိုက်စခန်းမှ ထုတ်ပေးသော အထောက်အထားကတ်အသစ်ကို ယူကာ သူ၏လူ များနှင့်အတူ ထွက်ခွာလာခဲ့လေ၏။ လောလောဆယ်တွင် နေစရာနေရာ ငှားရမ်းခြင်း မပြုရန် သူ ဆုံးဖြတ်လိုက်လေသည်။
အစိုးရရုံးမှ ထွက်ခွာပြီးနောက် သူတို့သည် ကားပါကင်သို့ မောင်းနှင်သွားခဲ့ကြလေသည်။ သံချပ်ကာ ကားများကို ရပ်နားပြီးနောက် လက်အောက်ငယ်သား တစ်ဦးက မေးလိုက်လေသည်။
"ကပ္ပိတိန်... ကျွန်တော်တို့ရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ..."
ဝူယဲ့ဟောင်က ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်လေသည်။
"နှစ်ယောက်က ကားကို စောင့်ခဲ့... ကျန်တဲ့သူတွေက နှစ်ယောက်တစ်တွဲစီ ခွဲပြီး မစ္စယောင်ရန်ကို လိုက်ရှာကြ... လေးနာရီကြာရင် ဒီနေရာမှာ ပြန်ဆုံမယ်..."
ထိုစကားကို ကြားသော် အခြားသူများက တပြိုင်နက် ပြန်ဖြေလိုက်ကြလေသည်။
"ဟုတ်ကဲ့ ကပ္ပိတိန်..."
သူတို့ လူစုခွဲသွားပြီးနောက် ဝူယဲ့ဟောင်သည် အနီးနားရှိ မှောင်မည်းသော လမ်းကြားတစ်ခုကို ခဏမျှ ဝှေ့ကြည့်ကာ ထွက်ခွာသွားခဲ့လေသည်။
လမ်းကြားမှောင်မှောင်ထဲတွင် အမျိုးသားနှစ်ဦးမှာ တပြိုင်နက် သက်ပြင်းချလိုက်ကြ၏။ အရပ်ရှည် သော အမျိုးသားက သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်။
"အစ်ကို... အဲဒီလူက အန္တရာယ်ရှိတဲ့ပုံပဲနော်..."
အရပ်ပုသော အမျိုးသားက သူ့ကို စိုက်ကြည့်ကာ ပြန်ပြောလိုက်လေ၏။
"ငါ မျက်စိမကန်းပါဘူး..."
အရပ်ပုသော အမျိုးသားသည် ဝူယဲ့ဟောင်၏ ကျောပြင်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်ကို သတိပြုမိ သဖြင့် အရပ်ရှည်သော အမျိုးသားက မေးလိုက်လေ၏။
"အစ်ကို... အခု ဘာလုပ်ချင်လို့လဲ..."
အရပ်ပုသော အမျိုးသားက ခဏမျှ စဉ်းစားပြီးနောက် ခပ်တိုးတိုး ရယ်လိုက်လေ၏။
"အဲဒီ သံချပ်ကာကားတွေက ပစ္စည်းကောင်းတွေပဲ..."
ထိုစကားကို ကြားသော် အရပ်ရှည်သော အမျိုးသားက ထိတ်လန့်စွာ မေးလိုက်လေသည်။
"အစ်ကို... အဲဒီကားတွေကို ခိုးဖို့ ကြံနေတာလား..."
အရပ်ပုသော အမျိုးသားက သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ လှောင်ပြုံး ပြုံးလိုက်လေသည်။
"ငါတို့ ညီအစ်ကိုတွေကို စုလိုက်... ငါ ဒီနေရာမှာပဲ စောင့်နေမယ်..."
သူသည် အတည်ပြောနေခြင်း ဖြစ်သည်ကို မြင်သောအခါ အရပ်ရှည်သော အမျိုးသားလည်း ခေါင်းငြိမ့် လိုက်ရုံသာ ရှိတော့သည်။
"ကောင်းပါပြီ..."
ထိုအမျိုးသားနှစ်ဦး လမ်းကြားထဲမှ ခိုးကြောင်ခိုးဝှက် ထွက်သွားစဉ်၊ ဝူယဲ့ဟောင်သည် အနီးနားရှိ အဆောက်အအုံတစ်ခု၏ အမိုးပေါ်တွင် ရပ်ကာ သူတို့ကို အေးစက်စွာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်လေ သည်။ ထိုလူနှစ်ဦး လူစုခွဲသွားပြီးနောက် ဝူယဲ့ဟောင်သည် အမိုးပေါ်မှ ခုန်ဆင်းကာ အရပ်ရှည်သော အမျိုးသားနောက်သို့ လျှို့ဝှက်စွာ လိုက်ပါသွားခဲ့လေတော့သည်။
တစ်ဖက်တွင်မူ ဗီလာဧရိယာ၌ ယွမ်ရီဟွေးသည် ကုန်တင်ကားတစ်စီး၊ လူတစ်အုပ်နှင့်အတူ နောက်ဆုံး တွင် ပြန်ရောက်လာခဲ့လေ၏။ သူ တံခါးခေါက်လိုက်သောအခါ ခဏအကြာတွင် ရှီရွှမ်းက တံခါးဖွင့်ပေး လိုက်လေသည်။
သူ့ကို မြင်သောအခါ ရှီရွှမ်းက နှုတ်ဆက်လိုက်လေသည်။
"အစ်ကိုယွမ်... ရောက်လာပြီပဲ..."
ယွမ်ရီဟွေးက ပြုံးလျက် မေးလိုက်လေ၏။
"ညီလေးရှီ... ရိက္ခာတွေ အဆင်သင့် ဖြစ်ပြီလား..."
"ဟုတ်တယ်... ယောင်ရန်က နောက်ဖေးခြံထဲမှာ ရိက္ခာတွေ ပြင်ဆင်ထားတယ်... ကုန်တင်ကားကို ဂိုဒေါင်ထဲ မောင်းသွင်းလိုက်လေ၊ ကျွန်တော်တို့ ပစ္စည်းတင်လို့ ရပြီ..."
ရှီရွှမ်းက ပြန်ဖြေလိုက်လေသည်။
ယွမ်ရီဟွေးက ခေါင်းငြိမ့်ကာ သူ၏လူများကို ပြောလိုက်လေ၏။
"ကားကို ဂိုဒေါင်ထဲ မောင်းသွင်းလိုက်ကြ..."
"ဟုတ်ကဲ့ အစ်ကိုယွမ်..."
သူ၏လူများ အလုပ်စတင်နေစဉ် ယွမ်ရီဟွေးက ရှီရွှမ်းကို ပြောလိုက်လေသည်။
"ညီလေးရှီ... ရိက္ခာတွေကို အရင် စစ်ဆေးကြည့်လို့ ရမလား..."
ရှီရွှမ်းက ခေါင်းငြိမ့်ပြလိုက်လေ၏။
"ရတာပေါ့... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..."
ရှီရွှမ်းသည် ယွမ်ရီဟွေးနှင့် သူ၏လူများကို ခြောက်သွေ့နေသော ပန်းခြံကို ဖြတ်၍ နောက်ဖေးခြံသို့ ခေါ် ဆောင်သွားခဲ့လေသည်။ နောက်ဖေးခြံသို့ ရောက်သောအခါ သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်း ကြောင့် မှင်တက်သွားခဲ့ကြလေတော့သည်။
လတ်ဆတ်သော အသားပုံကြီးနှင့် ဆန်အိတ်များကို ကြည့်ကာ လူတစ်ဦးက မယုံကြည်နိုင်စွာ ပြော လိုက်လေသည်။
"ဒါသာ အိပ်မက်ဆိုရင် ကျွန်တော် ဘယ်တော့မှ မနိုးချင်တော့ဘူး..."
ရှီရွှမ်းက သူ၏ စကားကို ရယ်မောလိုက်ပြီး ယွမ်ရီဟွေးကို ပြောလိုက်လေသည်။
"အစ်ကိုယွမ်... ရိက္ခာတွေကို အရင် စစ်ဆေးလိုက်ပါဦး... ပြီးရင် ကားပေါ်ကို စတင် တင်လို့ရပါပြီ..."
ထိုစကားကို ကြားမှ ယွမ်ရီဟွေးသည် ကြောင်တောင်တောင် ဖြစ်နေရာမှ သတိဝင်လာကာ ပြောလိုက် လေ၏။
"ဪ... အင်း... ကောင်းပါပြီ..."
ပလတ်စတစ်အိတ်များဖြင့် ထုပ်ထားသော အသားပုံများဆီသို့ လျှောက်သွားကာ ယွမ်ရီဟွေးသည် တစ်ခုချင်းစီ စစ်ဆေးလိုက်လေသည်။ အသားများမှ သွေးများ ယိုစီးနေဆဲ ဖြစ်သည်ကို မြင်သောအခါ ဤတိရစ္ဆာန်များကို သတ်ဖြတ်ထားသည်မှာ တစ်နာရီပင် မပြည့်သေးကြောင်း သူ သိလိုက်၏။
အသားများ၏ အရည်အသွေးနှင့် လတ်ဆတ်မှုအပေါ် ကျေနပ်သွားပြီးနောက် သူသည် ဆန်များကို စစ်ဆေးရန် ရွှေ့လိုက်၏။ အိတ်တစ်အိတ်ကို ဖွင့်ကြည့်သောအခါ ဖြူဖွေးဝင်းပသော ဆန်စေ့များကို တွေ့လိုက်ရလေသည်။
ဆန်များကို မြင်သည်နှင့် သူ၏ လက်များမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့လေတော့သည်။ သူသည် အနံ့ကို ရှူကြည့်လိုက်ရာ လတ်လတ်ဆတ်ဆတ် ကြိတ်ခွဲထားသော ဆန်နံ့ကို ရရှိပြီး၊ စိုထိုင်းဆ သို့မဟုတ် မှိုနံ့များ လုံးဝ မရှိနေခဲ့ပေ။
ဆန်များကို အိတ်ထဲ ပြန်ထည့်ကာ ချည်နှောင်ပြီးနောက် ယွမ်ရီဟွေးက အမိန့်ပေးလိုက်လေ၏။
"ပစ္စည်းတွေ တင်ကြတော့..."
"ဟုတ်ကဲ့ အစ်ကိုယွမ်..."
ဟု သူ၏လူများက ချက်ချင်း ပြန်ဖြေလိုက်ကြလေသည်။
သူ၏လူများက ဆန်နှင့် အသားများကို ကားပေါ်တင်နေစဉ်၊ ယွမ်ရီဟွေးသည် ရှီရွှမ်းအနားသို့ ချဉ်း ကပ်ကာ ပြောလိုက်လေသည်။
"ညီလေးရှီ... မစ္စယောင်ကို ကျွန်တော့်ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦး... သူမက ဆန်အသစ် တွေနဲ့ လတ်လတ်ဆတ်ဆတ် သတ်ထားတဲ့ အသားတွေကို ပေးလိမ့်မယ်လို့ ကျွန်တော် လုံးဝ မျှော်လင့် မထားဘူး..."
လုံယုနှင့် ယောင်ရန်တို့ ယွမ်ရီဟွေးနှင့် ပြုလုပ်ထားသော အပေးအယူကို သိထားသဖြင့် ရှီရွှမ်းက ပြုံး လျက် ပြန်ဖြေလိုက်လေ၏။
"အစ်ကိုယွမ်... ဒါက သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းပါ... ကျွန်တော်တို့က အစ်ကို့ ကို အရည် အသွေးမြင့်တဲ့ ဆန်နဲ့ အသားတွေကို ပေးတာက ကျွန်တော်တို့ရဲ့ အပေးအယူကို ဦးစားပေးလိမ့်မယ်လို့ မျှော်လင့်လို့ပါ..."
ယွမ်ရီဟွေးက ရယ်မောကာ ခေါင်းငြိမ့်လိုက်လေ၏။
"မစိုးရိမ်ပါနဲ့... ကျွန်တော် အစ်ကိုဝမ်းကွဲကို အကြောင်းကြားပြီးပြီ၊ သူကလည်း သူ့လူတွေကို စုံစမ်းဖို့ လွှတ်ထားတယ်... နောက်ရက်အနည်းငယ်အတွင်း သတင်းထူးမှာပါ..."
သူ၏ စကားကို ကြားသော် ရှီရွှမ်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်လေ၏။
"ဒါဆိုရင်တော့ အစ်ကို့ဆီက သတင်းကောင်းကို စောင့်နေပါ့မယ်..."
သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း အခြားသူများက ဆန်နှင့် အသားများကို ကားပေါ်သို့ တင်ပြီးသွား ကြပြီ ဖြစ်လေသည်။
အိမ်တွင် ငတ်ပြတ်နေသော သူ၏ ညီအစ်ကိုများကို တွေးတောရင်း ယွမ်ရီဟွေးက ပြောလိုက်လေ၏။
"အချိန်လည်း နောက်ကျနေပြီဆိုတော့... ညီလေးရှီ၊ ကျွန်တော်တို့ သွားတော့မယ်... နောက်မှ ပြန်တွေ့ ကြတာပေါ့..."
"ကောင်းပါပြီ..."
ရှီရွှမ်းက ပြန်နှုတ်ဆက်လိုက်လေသည်။
ယွမ်ရီဟွေးနှင့် အခြားသူများကို လိုက်ပို့ပြီးနောက်၊ ရှီရွှမ်းသည် လမ်းတစ်ဖက်ရှိ ဗီလာကို ခဏမျှဝှေ့ ကြည့်ကာ ခြံတံခါးကို ပိတ်၍ အထဲသို့ ပြန်ဝင်ခဲ့လေတော့သည်။