← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) ရဲကိုအကြောင်းကြားခြင်း

လန်လီဖေးသည် ယောင်ရန်ကို ခြိမ်းခြောက်ပြီးနောက် လှည့်ထွက်သွားခဲ့လေသည်။ ထို့နောက် သံတံခါးကြီး က ပိတ်သွားခဲ့ပြီး မြေအောက်ခန်းတစ်ခုလုံးကို အမှောင်ထုက ပြန်လည်၍ ဖုံးလွှမ်း သွားခဲ့လေသည်။

ယခုတော့ မည်သူမျှ နှောင့်ယှက်မည့်သူ မရှိတော့သည်မို့ ယောင်ရန်လည်း စိတ်ကိုပြန်လည် တည်ငြိမ် အောင်ထား ပြီး အဖြစ်အပျက်များကို ပြန်သုံးသပ်နိုင်တော့သည်။

သတိမေ့သွားသည်အထိ ခံစားခဲ့ရသော ပြင်းထန်သည့် နာကျင်မှုများသည် သူမ မှတ်မိနိုင်ခဲ့သော နောက်ဆုံးအရာများသာဖြစ်ချေသည်။ သို့ပေမယ့် လန်ကွမ်းဟွေ့၏ စကားများကြောင့် သူမ ပြန်လည် မွေးဖွားလာပြီဆိုသည်မှာ သေချာသွားခဲ့လေသည်။

မှတ်မိသလောက်တွင် သူမအဖေက မြေအောက်ခန်းထဲ၌ သုံးလလောက် ပိတ်လှောင်ထားပြီးမှ ကမ္ဘာ ပျက်ကပ်ဘေးဆိုးကြီး စတင်ခဲ့ခြင်းဖြစ်သည်။ အဘိုးထားခဲ့သော အမွေများအားလုံးကို လန်ကွမ်းဟွေ့ က အတင်းအကျပ် လွှဲပြောင်းခိုင်းသည်ကို ငြင်းဆန်ခဲ့သောကြောင့် ယခုကဲ့သို့ ပြန်ပေးဆွဲပြီး လက်မှတ် ထိုးခိုင်းရန် ကြိုးစားခဲ့သည်ကိုလည်း သူမ မှတ်မိနေခဲ့သည်။

အရင်ဘဝတုန်းကတော့ ဖခင်၏ မေတ္တာကို တောင့်တခဲ့ပြီး ယောင်ကုမ္ပဏီကို လန်ကွမ်းဟွေ့ဆီသို့ လွှဲပေးခဲ့မိခြင်းက ငရဲကို ပထမဆုံး ခြေလှမ်းချမိလိုက်ခြင်းပင်ဖြစ်သည်။

ယောင်ရန်သည် စိတ်တည်ငြိမ်သွားစေရန် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် မျက်လုံး များကိုမှိတ်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ဘောလုံးသုံးလုံးကို မြင်လိုက်ရသောအခါ သူမ၏ အတိတ် ဘဝမှ စွမ်းရည်များသည် ပါလာခဲ့သောကြောင့် အံ့အားသင့်သွားခဲ့သည်။

စွမ်းအင်ဘောလုံးများကို ခဏလောက်ကြည့်ပြီးသောအခါ အာကာသစွမ်းအင်ကို ကိုယ်စားပြုသော အနက်ရောင်စွမ်းအင်ဘောလုံးသည် အစိမ်းရောင်နှင့် အပြာရောင်တို့ထက် ပိုမှိန်နေသည်ကို တွေ့လိုက် ရသည်။ ထိုစွမ်းအင်ဘောလုံးများကို စဥ်းစားနေရင်းဖြင့်ပင် ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။

*ဒါ... ဒါ….၊ ငါအတိတ်ကို ပြန်လာနိုင်တာက အာကာသစွမ်းရည်ကြောင့်များလား…။*

ယောင်ရန်သည် ခဏတာမျှ မှင်တက်သွားပြီးနောက် ဖြူဖျော့နေသောမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး …၊

"ဟား….။ ငါ့ကို ဆေးရည်ထိုးသွင်းပေးခဲ့တဲ့ အရူးတွေကို တကယ်ကျေးဇူးတင်ရမှာပဲ…။" ဟုရေရွတ်လိုက်လေသည်။

သူမ ပြန်လည်မွေးဖွားလာရသည့် အကြောင်းရင်းအား သိလိုက်ရပြီးနောက်၌ ရေစွမ်းအင်ကို အသုံး ပြုလိုက်သည်။ စက္ကန့်အနည်းငယ်အကြာမှာပင် သေးငယ်သော ရေဓားလေးတစ်ချောင်း ပေါ်လာခဲ့ လေသည်။ ယခင်ဘဝက အတွေ့အကြုံကြောင့် ယောင်ရန်သည် ရေဓားလေးကို ထိန်းချုပ်ပြီး ကြိုးများ ကို ဖြတ်တောက်ပစ်လိုက်လေသည်။

ကြိုးကို ဖယ်ရှားရန် ကြိုးစားနေစဉ်မှာပင် တံခါးက ပြန်ပွင့်လာခဲ့သည်။ မြေအောက်ခန်းထဲသို့ အလင်း ရောင်များ ဝင်လာသည်မို့ ယောင်ရန်သည် မျက်လုံးများကို မှိတ်ထားလိုက်လေသည်။ မျက်လုံးများက ရုတ်တရက်ပေါ်လာသော အလင်းရောင်နှင့် အသားမကျခင်မှာပင် ခြေသံတစ်စုံကို ကြားလိုက်ရသည်။

နောက်တစ်စက္ကန့်အတွင်းမှာပင် သူမရှေ့ရှိ ကြမ်းပြင်ပေါ်သို့ ပန်းကန်ပြားတစ်ချပ် ကျလာခဲ့လေသည်။ အမျိုးသမီးကြီးတစ်ဦး သည် သူမကိုကြည့်ပြီး ပြောလိုက်လေသည်။

"အလှလေး၊ အစာစားချိန်ရောက်ပြီ…။"

ပြောပြီးသည်နှင့် အမျိုးသမီးကြီးက ထွက်သွားခဲ့လေသည်။ သို့သော်လည်း သူမလှည့်ထွက်သွားသည့် အချိန်မှာ ပင် ယောင်ရန်က သစ်စွမ်းရည်ကို အသုံးပြုပြီး နွယ်ပင်လေးတစ်ပင်ကို ဖန်တီးလိုက်ကာ ထိုအမျိုး သမီးကြီး၏ အိတ်ကပ်ထဲမှ ဖုန်းကို ခိုးယူထားလိုက်လေသည်။

တံခါးပိတ်သွားပြီးသည့်နောက်တွင် ယောင်ရန်သည် ဖုန်းကိုဖွင့်လိုက်သောအခါ လော့ခ်ချထားခြင်းမရှိ သည်ကို တွေ့လိုက်ရလေသည်။

တကယ်တမ်း၌ သက်ကြီးရွယ်အိုများက သူတို့၏ ဖုန်းများကို လော့ခ်ချထားခြင်းမျိုး မကြိုက်ကြပေ။ ဖုန်းကို အသုံးပြုတိုင်း လော့ခ်ဖွင့်ရခြင်းကို အလုပ်ရှုပ်သည်ဟု ထင်ကြပြီး ခေတ်အမီဆုံး နည်းပညာ များနှင့်လည်း အသားကျခြင်းမရှိကြပေ။

ယောင်ရန်သည် ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ပြီး ပြုံးပြီး ပြောလိုက်လေသည်။

"မဆိုးပါဘူး။ ဒီနေ့တော့ ငါကံကောင်းနေတယ်…။"

အချိန်ဖြုန်းမနေတော့ဘဲ သူမသည် ဂဏန်းသုံးလုံးကိုနှိပ်လိုက်ပြီး ရဲကိုတိုက်ရိုက်ခေါ်လိုက်သည်။ စက္ကန့် အနည်းငယ်ကြာသောအခါ ဖုန်းခေါ်ဆိုမှု စတင်လေတော့သည်။

"ဒါကတော့ ရဲတပ်ဖွဲ့ရဲ့ အကူအညီပေးရေးဌာနကပါ၊ ဘာများကူညီပေးရမလဲခင်ဗျ"

ဟု တည်ငြိမ်သော အမျိုးသားတစ်ယောက်၏ အသံထွက်ပေါ်လာခဲ့လေသည်။

ယောင်ရန်သည် ရဲအရာရှိ၏ ….

"ဟဲလို…၊ အကူအညီလိုနေပါသလား…။"

ဟုထပ်မေးမှပင် ပြုံးပြီး ကြောက်လန့်နေဟန်ဆောင်ကာ တိုးတိုးလေးပြောလိုက်လေ၏။

"လို... လိုပါတယ်….။”

သူမ၏ ကြောက်လန့်နေသောအသံကို ကြားလိုက်ရသောအခါ ရဲအရာရှိသည် တစ်ခုခုတော့ မှားနေပြီဆို သည်ကို သိလိုက်ပေသည်။ သူက ထပ်မေးလိုက်လေသည်။

"မိန်ကလေး၊ အကူအညီလိုနေတာလား…။"

"ဟုတ်…"

"အခုစကားပြောလို့ရပြီလား၊ ဘာတွေဖြစ်ခဲ့လဲ ပြောပြလို့ရမလား…။”

"ကျွန်မ၊ ကျွန်မကို ပြန်ပေးဆွဲထားတာပါရှင်၊ ကူညီပါဦးနော်၊ ကျွန်မကြောက်တယ်…။" ဟုသူမက အသံ တိုးတိုးလေးဖြင့် ရှိုက်၍ ပြောလိုက်လေသည်။

သူမ၏ အဖြေကို ကြားလိုက်ရသောအခါ ရဲအရာရှိရဲ့အသံသည် တည်ငြိမ်လေးနက်လာခဲ့သည်။

"မိန်ကလေး၊ ဘယ်နေရာမှာလဲဆိုတာ သိပါသလား…။"

"ဟုတ်ကဲ့…”

"ဒါက ကျွန်မအဖေရဲ့ ဗီလာမြေအောက်ခန်းပါ…"ဟု တုန်တုန်ရီရီဖြင့်ပြန်ဖြေလိုက်လေသည်။

ရဲအရာရှိသည် သူမ၏အဖြေကြောင့် စိတ်ရှုပ်ထွေးပြီး သိချင်နေသော်လည်း စိတ်ကိုထိန်းချုပ်ပြီး ဆက်လက်၍ မေးလိုက်လေသည်။

"လိပ်စာပြောပြပေးနိုင်မလား…။"

ယောင်ရန်သည် မှတ်မိသမျှအတိုင်း ဗီလာလိပ်စာကို ပြန်ပြောပြပေးလိုက်လေသည်။

ရဲအရာရှိသည် လိပ်စာကို ရေးမှတ်ပြီးသောအခါ၌…

"မိန်ကလေး၊ ကျွန်တော်တို့ချက်ချင်း ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်လိုက်ပါ့မယ်။ မကြောက်ပါနဲ့နော်။ ပြန်ပေးဆွဲတဲ့သူတွေ သံသယမဝင်အောင် ကြိုးစားနေထိုင်ပါ၊ ကိုယ့်ကိုယ်ကိုယ် ဘေးအန္တရာယ်ကနေ သတိထားပါ…"ဟု ပြောလိုက်လေသည်။

"ဟုတ်ကဲ့…။"

"မြန်မြန်လာပေးပါနော်၊ ကျွန်မကို သတ်ဖို့ကြံစည်နေတာ ကြားလိုက်ရလို့ပါ။ ကျွန်မ၊ ကျွန်မ တကယ် ကြောက်နေလို့ပါ…။"

ဟူ၍ တိုးတိုးလေးပြောပြီး အရေးတကြီးတောင်းဆိုလိုက်လေသည်။

"မိန်ကလေး၊ စိတ်တည်ငြိမ်အောင် နေဖို့လိုပါတယ်။ ကျွန်တော်တို့ အမြန်ဆုံး လာကယ်ပါ့မယ်….။"

ရဲအရာရှိသည် စကားဆုံးသွားပြီးနောက် ယောင်ရန်သည် ထပ်ပြီးတောင်းဆိုကာ ဖုန်းကို ချလိုက်လေ သည်။

ထို့နောက် သူမသည် လက်ညှိုးဖြင့် ဖုန်းကိုဖြည်းဖြည်းခြင်းခေါက်ရင်း အေးစက်စက် မျက်လုံးများထဲမှ မျှော်လင့်ချက်များဖြင့် လှောင်ပြောင်လိုက်လေတော့သည်။

"အခုချက်ချင်းတော့ နင်တို့ကို ငါမသတ်နိုင်သေးဘူး၊ ဒါပေမယ့် အမှောင်ထဲမှာ ပိတ်လှောင်ခံရတာ ဘယ်လိုခံစားရလဲဆိုတာ နင်တို့ကို သိစေရမယ်။ ငါတို့ကောင်းကောင်းကစားဖို့ အချိန်ရအောင်လို့ နင်တို့အားလုံးကို အသက်ပိုရှည်စေရဦးမယ်….။"

အခန်း (၄) ယောင်ရန်၏ အစီအမံ

ရဲကိုဖုန်းဆက်ပြီးနောက် ယောင်ရန်သည် ထိုင်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်လေ သည်။ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များမှလွဲ၍ တခြားနေရာများ၌ မနာကျင်မှုမရှိခြင်းကြောင့် လန်ကွမ်းဟွေ့ သည် သူမကို ရိုက်နှက်ခဲ့ခြင်းမရှိသေးသည်ကို သိလိုက်ရသည်။ ဤအချင်းအရာကိုကြည့် ၍ လန်ကွမ်းဟွေ့ သည်သူမကို ပိတ်လှောင်ထားသည်မှာ သုံးရက်ခန့် ရှိပြီဟု တွက်ဆလိုက်လေသည်။

အရင်ဘဝက ယောင်ရန်သည် အဖိုး၏သေတမ်းစာအတိုင်း ကုမ္ပဏီကို ဖခင်ဖြစ်သူအား လွှဲပြောင်းပေး ရန် ခေါင်းမာစွာ ငြင်းဆန်ခဲ့လေသည်။ ထို့ကြောင့်ပင် လန်ကွမ်းဟွေ့သည် သူမအား နှစ်လကျော်ကြာ သည်အထိ ပိတ်လှောင် ထားခဲ့ခြင်းဖြစ်ပေသည်။

အကျဉ်းချခံထားရသည့် ပဉ္စမနေ့မှစ၍ လန်ကွမ်းဟွေ့ သည် လူမိုက်အုပ်စုအားငှားပြီး နေ့တိုင်းပင် သူမကို အကြိမ်ကြိမ် ရိုက်နှက်ခိုင်းခဲ့သည်။ သူ မရှိသောအချိန် များ၌ ချန်မေလင် နှင့် လန်လီဖေး သည် လည်း လာရောက် ရိုက်နှက်ခဲ့ကြပေသည်။ အတိတ်ဘဝတုန်း၌ ဤမြေအောက်ခန်းထဲတွင် သူမ ကြုံခဲ့ ရသည်များကို ပြန်တွေးမိသောအခါ ယောင်ရန်၏ မျက်လုံးများ ထဲ၌ သတ်ဖြတ်လိုသည့် အငွေ့အသက် များ ပေါ်လာခဲ့လေသည်။

လန်ကွမ်းဟွေ့ အား ထောင်ထဲထည့်နိုင်ရန်အတွက် လုပ်မည်ဆိုပါက ယောင်ရန်သည် သူမကိုယ်သူမ ပို၍ နာကျင် အောင် ပြုလုပ်ရပေတော့မည်။

သူမသည် လှောင်ပြုံး တစ်ချက်ပြုံးလိုက်ပြီး လက်ကိုမြှောက်၍ နွယ်ပင်တစ်ပင်အား ဖန်တီးလိုက်လေ သည်။ ထို့နောက် ထိုနွယ်ပင်ဖြင့် သူမ၏ ခန္ဓာကိုယ်အား ရိုက်နှက်ရန် ထိန်းချုပ်လိုက်လေသည်။ ခဏမျကြာ သောအခါတွင်ပင် သူမ၏ပါးပါးလျှလျှ ဂါဝန်သည် စုတ်ပြဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ နှင့် သွေးများ ပေကျံသွားလေတော့သည်။

သူမ တစ်ကိုယ်လုံး စပ်ဖျဥ်းဖျဥ်းနာကျင်မှုကို ခံစားနေရသာ်လည်း နွယ်ပင်ကိုပြန်ရုပ်သိမ်း၍ ရဲများ ရောက်လာသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ မြေအောက်ခန်းထဲ၌ မီးမရှိသော ကြောင့် ရဲကိုဖုန်းဆက်ပြီးသည်မှာ မည်မျှ ကြာသွားပြီလဲဆိုသည်ကိုပင် ယောင်ရန်သည် မသိပေ။

ခဏအကြာတွင် အပြင်ဘက်ရှိ လှုပ်ရှားမှုအချို့အား နောက်ဆုံး၌ ကြားလိုက်ရပေသည်။ သံတံခါး၏ တစ်ဖက်ခြမ်းမှ ခြေသံများနှင့် အသံများအရ ရဲများ ရောက်လာပြီဆိုသည်ကို ယောင်ရန် သိလိုက်ပေ သည်။

သူမသည် ခပ်ပြုံးပြုံးလေး ပြုံးလိုက်ပြီးနောက် ရေဓားတစ်ချောင်းကို ဖန်တီး၍ လည်ပင်းနှင့် ခန္ဓာကိုယ် ရှိ နေရာအတော်များများကို တွန့်ဆုတ်ခြင်းမရှိဘဲ လှီးဖြတ်လိုက်လေတော့သည်။

ရေဓားသည် ညစ်ပတ်နေသည့် ကြမ်းပြင်ပေါ်၌ ရေအဖြစ်ပြောင်းသွားသည့် အခိုက်အတန့်မှာပင် သံတံ ခါးကို အတင်းတွန်းဖွင့်ပြီး လူအတော်များများ မြေအောက်ခန်းထဲသို့ ပြေးဝင်လာခဲ့ကြသည်။ အပြင်မှ မီးရောင်သည် မြေအောက်ခန်း၏ အမှောင်ကို ထွန်းလင်းပေးလိုက်သည့်အခါ ရဲများသည် အောက်ဘက် ၌ ဖြစ်နေသော အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။

မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်နေသော ယောင်ရန်ကို မြင်လိုက်ရသောအခါ ၌ ဆေးဘက်ဆိုင် ရာ ဝန်ထမ်းများကို အလျင်အမြန် ခေါ်လိုက်ပေတော့သည်။

"လူနာတင်ယာဉ်ခေါ်….၊ လူနာဒီမှာ….။ သူမ ဒဏ်ရာတွေနဲ့ သွေးထွက်နေတယ်….။"

မကြာခင်မှာပင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် မြေအောက်ခန်းထဲသို့ အလျင်အမြန် ပြေးဝင်လာ ခဲ့ကြသည်။ ယောင်ရန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို မြင်လိုက်ရသောအခါ သူတို့ အသက်ရှူသံ များသည် ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ကြပေသည်။

ယခုကဲ့သို့ တရားဥပဒေစိုးမိုးသည့် လူ့အဖွဲ့အစည်း၌ ဤကဲ့သို့ ရိုက်နှက်ညှဥ်းပန်းခံရသည့် သူသည် ရှားပါးလှပေသည် ။ မည်ကဲ့သို့သော ရန်ငြိုးမျိုးကြောင့် အဖေတစ်ယောက်သည် သူ့သမီးအား ဤကဲ့သို့ လုပ်ရခြင်းဖြစ်သည်ကို သူတို့တွေးနေခဲ့ကြသည် ။ အံ့အားသင့်မှု နှင့် စူးစမ်းလိုစိတ်များကြား၌ပင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် မြန်မြန်ဆန်ဆန်လုပ်ဆောင်ခဲ့ကြလေသည်။

ယောင်ရန်အား ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုပြီးသောအခါ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ယောက်က ပြောလိုက်လေသည်။

"သူမ သွေးအများကြီးဆုံးရှုံးထားတယ်၊ အခြေအနေက တော်တော်ဆိုးရွားတယ်။ အမြန်ဆုံး ဆေးရုံပို့ သင့်တယ်…။"

ထိုစကားကိုကြားသောအခါ ရဲများသည် လူနာတင်စင်ကို မြန်မြန်ယူလာခဲ့ပြီး ယောင်ရန်အား မြေအောက်ခန်းထဲမှ သယ်ထုတ်ရန်အတွက် ကူညီပေးကြပေသည်။

ဗီလာ၏ မြေအောက်ခန်းသည် မြေအောက်ရှိ မြေစာဂိုဒေါင်ဘေးတွင် ရှိသည်။သူတို့သည် ယောင်ရန် အား သယ်ထုတ်လာသောအခါ လန်ကွမ်းဟွေ့ နှင့် တခြားသူများသည်လည်း အဆောက်အဦ အပြင် ဘက်သို့ ထွက်လာခဲ့ကြပေသည်။

လန်ကွမ်းဟွေ့သည် သွေးများ၊ ဒဏ်ရာများနှင့် ပြည့်နေသော ယောင်ရန်၏ ပိန်ပါးသော ခန္ဓာကိုယ်လေး အား မြင်လိုက်ရသောအခါ သူ့မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ မကြာသေးခင်ကပင် သူမသည် ကောင်းကောင်းမွန်မွန်ရှိနေသေးသည်၊ မည်သည်ကြောင့်ရုတ်တရက် ယခုကဲ့သို့ ဖြစ်သွားရ သည်ကို မသိတော့ပေ။

ယောင်ရန်သည် ဟန်ဆောင်နေသည်ဟု ယူဆ၍ လန်လီဖေးသည် ရဲများကဆွဲထားသည်ကို ရုန်းကန်ရင်း ဒေါသတကြီး အော်လိုက်လေသည်….၊

"သူမဟန်ဆောင်နေတာပါ….၊ မယုံကြပါနဲ့….။ ကျွန်မက အပြစ်ကင်းပါတယ်…။"

သူမ၏စကားဆုံးသောအခါ လန်ကွမ်းဟွေ့ နဲ့ ချန်မေလင် တို့လည်း သတိပြန်ဝင်လာခဲ့ကြသည်။ ရဲများ ကို မြင်လိုက်ရကတည်းက ချန်မေလင်သည် တစ်ခုခုတော့ မှားနေပြီဆိုသည်ကို သိလိုက်မိပေသည်။

မိုဘိုင်းဖုန်းမရှိဘဲ မည်သူမှမကူညီနိုင်ဘဲနှင့် ယောင်ရန်သည် မည်ကဲ့သို့ ရဲကိုခေါ်နိုင်မည်နည်း။ ပို၍ဆိုး သည်က သူတို့တစ်ချက်ကလေးပင် ထိမထားသည်ကို အဘယ်ကြောင့် ဒဏ်ရာများနှင့် ပြည့်နေခဲ့ရပါ သနည်း။ ထိုအရာအားလုံးသည် ယောင်ရန်၏ အကြံအစည်ပင် ဖြစ်ရပေမည်။

ချန်မေလင်သည် သွားများကို ကျိတ်လိုက်ပြီး ရဲများကိုကြည့်ကာ မျက်ရည်အနည်းငယ် ကျလိုက်ရင်း ပြောလိုက်သည်။

"သူမ ခုနကတင် ကောင်းကောင်းမွန်မွန်ရှိနေသေးတာပါ။ အရာရှိကြီး၊ သူ ဟန်ဆောင်နေတာ သေချာ ပါတယ်…။"

လန်လီဖေး နှင့် ချန်မေလင် တို့၏ စကားကို ကြားလိုက်ရသောအခါ ရဲများ၏မျက်လုံးများသည် အေးစက်သွားခဲ့လေသည်။

ဖခင်တစ်ယောက်က သူ့သမီးကို ပြန်ပေးဆွဲသည်ဆိုခြင်းသည်မှာ တော်တော်ယုတ်ညံ့ပေသည်။ သို့ပေ မယ့် သူ၏ မယားငယ်ကမူ အဖမ်းခံရသူသည် ဟန်ဆောင်နေတာပါဟု ပြောဖို့ သတ္တိရှိနေခဲ့သေးသည်။ သွေးထွက်နေသော နစ်နာသူ၏လည်ပင်းကိုကြည့်လိုက်ရုံမျှနှင့် ဤသူတွေသည် ခုနကမှပင် သူမကို ညှဥ်းပန်းနှိပ်စက်ထားမှန်း လူတိုင်းသိနိုင်ပေသည်။

ချန်မေလင်အား ရဲကားထဲသို့ ဆွဲထည့်ရင်း ရဲအရာရှိက အေးစက်စွာပြောလိုက်လေသည်။

"ခင်ဗျားတို့ပြောတဲ့စကားတွေအားလုံးကို တရားရုံးမှာ ခင်ဗျားတို့ကိုခုခံဖို့အတွက် အသုံးပြုနိုင်တယ်။ ယဉ်ယဉ်ကျေးကျေးနေတာ အကောင်းဆုံးပဲ…။"

ရဲများသည် လန်ကွမ်းဟွေ့ နှင့် ဗီလာထဲရှိလူတိုင်းကို ဖမ်းဆီးပြီးသောအခါ ရဲစခန်းကို ပြန်သွားခဲ့လေ သည်။ တစ်ချိန်တည်းမှာပင် ယောင်ရန်သည် လူနာတင်ယာဉ်ပေါ်၌ လှဲလျောင်းနေပြီး အနီးဆုံးဆေးရုံသို့ သွား နေခဲ့ပြီဖြစ်ပေသည်။

ယောင်ရန်သည် မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အခါ သူမသည် ဆေးရုံအခန်းထဲကို ရောက်နေပြီဖြစ်၏ ။ အိပ်ရာပေါ်မှ ညည်းသံသဲ့သဲ့လေးကို ကြားလိုက်ရသောအခါတွင် ဆိုဖာပေါ်တွင် ထိုင်နေခဲ့သော အမျိုးသားနှစ်ယောက်သည် ထရပ်လိုက်ကြလေသည်။ သူတို့သည် သူမ၏ အိပ်ရာဘေးသို့ လျှောက် လာပြီး ခြေလှမ်း အနည်းငယ်အကွာ၌ ရပ်နေလိုက်ကြလေသည်။

ယောင်ရန်သည် ထိုသူတို့အား လှမ်းကြည့်လိုက်သောအခါ တစ်ယောက်သည် ရင်းနှီးနေသည်ကို တွေ့ လိုက်ရပေသည်။ သူမသည် ထိုသူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်သောအခါ၌ ထိုအမျိုးသားသည် ပြုံး၍ မေးလိုက်လေသည်။

"မမလေး ဘယ်လိုနေသေးလဲ…။"

သူမနှင့် ရင်းနှီးကျွမ်းဝင်ပုံရသည်မို့ ထိုနှစ်ယောက်သည် သူမ၏ အသိမိတ်ဆွေများ ဖြစ်ရမည်ဆိုသည် ကို ယောင်ရန် သိလိုက်သည်။ သို့သော်လည်း ကမ္ဘာပျက်ကပ်ဘေးမှာ နှစ်ပေါင်းများစွာ နေခဲ့ရပြီး ဓာတ်ခွဲခန်း၌ ငရဲကဲ့သို့ (၂) နှစ်ကြာ ဖြတ်သန်းခဲ့ရသည်မို့ သူမ၏ မှတ်ဉာဏ်များက စုတ်ပြဲနေပြီး ဝေဝါး နေခဲ့ပေသည်။

သူမသည် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားကို ကြည့်ပြီး တွေဝေစွာနှင့် "ရှင်က..."ဟု မေးလိုက်လေ၏။

သူမ၏ တွေဝေမှုကို သိလိုက်သောအခါ အမျိုးသားက ပြုံးလိုက်ပြီး သူ၏ မျက်လုံးများထဲ၌ သနား ကရုဏာများနှင့် ပြောလိုက်လေသည်။

"မမလေး ကျွန်တော်တို့ သုံးလလောက်က ဥက္ကဋ္ဌယောင်ရဲ့ သေတမ်းစာဖတ်ပွဲမှာ တွေ့ခဲ့ကြ တာပါ။ ကျွန်တော်က ခင်ဗျားအဖိုးရဲ့ လက်ထောက်ဖြစ်ပြီး အခုတော့ ခင်ဗျားရဲ့လက်ထောက်အဖြစ် လုပ်ကိုင် နေပါတယ်။ ကျွန်တော့်ကို လက်ထောက်ဟယ်လို့ ခေါ်နိုင်ပါတယ်…။"

ထို့နောက်တွင် သူ၏ဘေးရှိ မျက်မှန်တပ်ထားသော လူငယ်ကို လက်ဟန်ခြေဟန်ဖြင့် ပြလိုက်ပြီး ပြောလိုက်သည်။​

"ဒါက မမလေး ရဲ့ ပြန်ပေးဆွဲမှုကိစ္စကို ကိုင်တွယ်ပေးနေတဲ့ ရှေ့နေပါ…။"

မျက်မှန်တပ်ထားသည့် လူငယ်က ယောင်ရန်ကို ယဥ်ကျေးစွာ ပြုံးပြပြီး မေးခွန်းတချို့ကိုမေးလိုက် လေသည်။

"မမလေး ယောင်၊ ကျွန်တော်က ယောင် ကုမ္ပဏီရဲ့ အကြီးတန်းရှေ့နေပါ။ ရှေ့နေလီလို့ ခေါ်နိုင်ပါ တယ်။ ကျွန်တော် မေးခွန်းအချို့ မေးလို့ရမလား…..။"

All Chapters