← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉) ဂိုဒေါင်ငှားခြင်း

လက်ထောက်ဟယ်သည် ဖိုင်တစ်ခုကို ကမ်းပေးလိုက်ရင်း

“ဒါက လွန်ခဲ့တဲ့ နှစ်ရက်က ရောင်းပြီးသွားတဲ့ ပစ္စည်းစာရင်းပါ။ ငွေအားလုံးကို မမလေးယောင်ရန်ရဲ့ အကောင့်ထဲ ထည့်ပေးလိုက်ပါပြီ။ ကျန်တဲ့ မရောင်းရသေးတဲ့ ပစ္စည်းတွေကတော့ တခြားလုပ်ငန်းတွေ လို ပိုင်ဆိုင်မှုပုံစံ မဟုတ်တဲ့အတွက် ဝယ်သူရှာပြီး လုပ်ထုံးလုပ်နည်းတွေ အပြီးသတ်ဖို့က ရက်သတ္တပတ် အနည်းငယ်လောက် ကြာနိုင်ပါတယ်…။”

သူမတို့ နိုင်ငံကို မုန်တိုင်းမဝင်ခင် သုံးလတိတိ အချိန်ရှိနေသေးသည့်အတွက်ကြောင့် ပိုက်ဆံလည်းရှိ၊ အချိန်လည်းရှိနေသေးသည့် ယောင်ရန်သည် စိတ်ပူခြင်းမရှိပေ။

“ကောင်းပြီ၊ မင်းပဲ ဆက်ပြီး လုပ်လိုက်ပါ…။”

လက်ထောက်ဟယ်က ခေါင်းညိတ်ပြီး ထွက်သွားခဲ့လေသည်။

“ဒါဆို ကျွန်တော် ပြန်ပါဦးမယ်…။”

လက်ထောက်ဟယ် ထွက်သွားပြီးသည့်အချိန်၌ပင် ဆရာဝန်အဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့သည်။ သူမအား ကုသပေးနေသော ဆရာဝန်က ယောင်ရန်ကို စစ်ဆေးပြီး ယခင်နေ့က စစ်ဆေးမှုရလဒ်များကိုလည်း ပြန်လည်ကြည့်ရှုခဲ့သည်။

စစ်ဆေး၍ ပြီးသွားသည့် အချိန်၌ ဆရာဝန်က ယောင်ရန်ကို ပြုံးပြလိုက်ပြီး၊

“ဂုဏ်ယူပါတယ် မမလေး ယောင်ရန်၊ ဒီနေ့ ဆေးရုံက ဆင်းလို့ရပါပြီ။ ဒဏ်ရာတွေအတွက် အမာရွတ် မကျန် အောင် ဆေးတွေညွှန်းပေးလိုက်မယ်။ ဆေးရုံဆင်းဖို့ ကိစ္စတွေကိုတော့ သူနာပြုက ကူညီပေး ပါလိမ့်မယ်…။”

ယောင်ရန်သည် ခေါင်းညိတ်ပြလိုက်ပြီး ဆရာဝန်အား ကျေးဇူးတင်စကား ပြောလိုက်သည်။ သူနာပြုမှ ဆေးရုံဆင်းခွင့် ဖောင်ယူလာချိန်တွင် ယောင်ရန်သည်လည်း ဆေးရုံဝတ်စုံကိုလဲပြီး ပစ္စည်းများကို အိတ်ထဲ ထည့်နေပြီဖြစ်သည်။

သူမသည် ဖောင်ကိုယူလိုက်ပြီး ဆေးရုံစရိတ်များကို ရှင်းပြီးနောက် ကျောပိုးအိတ်လေးလွယ်ပြီး ထွက်လာခဲ့တော့သည်။

ဆေးရုံမှ ထွက်လာပြီးသည့်နောက်၌ ယောင်ရန်သည် ဖုန်းကိုထုတ်ပြီး အိမ်ခြံမြေအကျိုးဆောင်နှင့် ဆက်သွယ်ရန် စာပို့လိုက်လေသည်။

[ဂိုဒေါင်တွေ့ပြီလားရှင်…။]

ခဏမျှကြာမြင့်သည်အထိ စောင့်ပြီးနောက်တွင် ဖုန်းထဲသို့ စာဝင်လာသဖြင့် ကြည့်လိုက်သောအခါ အိမ်ခြံမြေအကျိုးဆောင်ထံမှ စာဝင်လာခြင်းဖြစ်လေသည်။

[မစ္စယောင်ရန်၊ လိုချင်တဲ့ စံနှုန်းနဲ့ ကိုက်ညီတဲ့ ဂိုဒေါင်တွေ ရှိပါတယ်။ ဘယ်အချိန် အားပါသလဲ…။]

အဘိုး၏ သူငယ်ချင်းများဆီမှ ပစ္စည်းများကို မယူခင် ဂိုဒေါင်ကို အရင်ဆုံး ပြင်ဆင်ထားရမည်ဖြစ်သဖြင့် အချိန်မရတော့ဘူးဆိုသည်ကို ယောင်ရန် သိသည်။ ထို့ကြောင့် ချက်ချင်းပင် စာပြန်လိုက်လေသည်။

[အခုသွားကြည့်လို့ရပါတယ်..။]

ဂိုဒေါင်အား အမြန်ဆုံး ငှားချင်နေသော အကျိုးဆောင်သည်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်စာ ပို့လာ ခဲ့သည်။

[ကောင်းပါပြီ။ ဒါဆို ကျွန်တော် ရုံးကနေပဲစောင့်နေလိုက်ပါ့မယ်…။]

[ကောင်းပါပြီ..။]

အိမ်ခြံမြေအကျိုးဆောင်နှင့် ချိန်းဆိုပြီးသည့်နောက် ယောင်ရန်သည် တက္ကစီခေါ်၍ ရုံးသို့ သွားလိုက် သည်။ မိနစ်( ၄၀ ) ကြာပြီးနောက် ရောက်ရှိသွားခဲ့လေသည်။ အကျိုးဆောင်သည် သူမအား ရုံးအပြင် ဘက်တွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူသည် စာရွက်စာတမ်းတွေ တထပ်ကြီးအား ကိုင်ထားပြီး ယောင်ရန်အား ပြုံးပြကာ လက်ဆွဲ နှုတ်ဆက်ရန် လက်ကမ်းပေးရင်း မေးလိုက်လေသည်။

“မစ္စယောင်ရန်လား…”

ယောင်ရန်က လက်ဆွဲနှုတ်ဆက်ရင်း ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်…။”

အိမ်ခြံမြေအကျိုးဆောင်သည် ဤလုပ်ငန်းနယ်ပယ်၌ အနှစ် (၂၀ )ကျော်ကြာ ကျင်လည်ခဲ့ခြင်းကြောင့် ယောင်ရန်သည် အလွယ်တကူ လှည့်စား၍ရနိုင်မည့်သူ မဟုတ်ဘူးဆိုသည်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် သိလိုက်ပေသည်။ သူက ပြုံးပြပြီး… ၊

“မစ္စယောင်ရန်၊ အခုပဲ ဂိုဒေါင်ကို သွားကြည့်ကြတာပေါ့…။”

“ကောင်းပြီလေ…”

ယောင်ရန်က သဘောတူလိုက်သည်။

အကျိုးဆောင်သည် လက်ကိုဆန့်တန်းဖိတ်ခေါ်သည့် ပုံစံပြုလုပ်ရင်းဖြင့် ဆက်ပြောလိုက်လေသည် ၊

“ကျွန်တော့်ကားနဲ့ပဲ သွားကြည့်ရအောင်ပါ။ ကြိုက်တာရှိရင် ပြန်လာပြီး စာချုပ်ချုပ်လို့ရပါပြီ…။”

ယောင်ရန်လည်း မငြင်းဘဲ နှစ်ယောက်သား ကားပါကင်သို့ လျှောက်လာခဲ့ကြလေသည်။ အိမ်ခြံမြေ အကျိုးဆောင်သည် ပထမဦးစွာ ဂိုဒေါင်ဆီသို့ ဦးတည်မောင်းနေရင်းနှင့်ပင် လမ်းတွင် ယောင်ရန်၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဂိုဒေါင်( ၅ ) ခုအကြောင်း ရှင်းပြနေခဲ့လေသည်။

ပထမဆုံး ဂိုဒေါင်ကို ရောက်သည့်အခါ၌ ယောင်ရန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဤနေရာ သည် ဂိုဒေါင်အလွတ်အပြင် လူများ ဝင်ထွက်မှုများသော တခြားသောဂိုဒေါင်များလည်း အများကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက နောက်ပိုင်း၌ လိုအပ်မည့် ပစ္စည်းအများကြီးအား နေရာလွတ် ထဲသို့ ထည့်ရန် စီစဉ်ထားခြင်းကြောင့် လူအများကြီး ဝင်ထွက်သွားလာနေသည့် နေရာသည် သူမ အတွက် မသင့်တော်ပေ။

“အစ်ကို..၊ ဒီနေရာက ကျွန်မအတွက် မသင့်တော်ဘူးရှင့်…။”

ဟု အိမ်ခြံမြေအကျိုးဆောင်အား သူမက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ဖောက်သည်အများစုသည် ပထမဆုံးအကြိမ် ပြသည့်နေရာကို သဘောမကျခြင်းမျိုးသည် ပုံမှန်ပင်ဖြစ် သည်။ ထို့ကြောင့်ပင် အိမ်ခြံမြေအကျိုးဆောင်က ပြုံးလိုက်ပြီး၊

“ပြဿနာမရှိပါဘူး။ မစ္စယောင်ရန် လိုအပ်ချက်နဲ့ ကိုက်ညီနိုင်မယ့် ဂိုဒေါင်( ၄ ) ခု ရှိနေပါသေးတယ်။ သွားကြည့်ရအောင်…။”

ပထမ ဂိုဒေါင်မှ ထွက်လာခဲ့ပြီးနောက် တခြားဂိုဒေါင်များဆီသို့ သွားခဲ့ကြလေသည်။ သို့သော်လည်း ကျန်သော ( ၄ ) ခုမှာလည်း ယောင်ရန်၏ လိုအပ်ချက်များဖြင့် မကိုက်ညီခဲ့ပေ။

ပူပြင်းသော နေရောင်အောက်တွင် ဂိုဒေါင် ( ၅ ) ခုလုံးအား လှည့်ပတ်ကြည့်ရှုရင်း သူတို့နှစ်ဦးသည် ( ၂ )နာရီမျှ အချိန်ကုန်သွားခဲ့ပြီ ဖြစ်သည်။ အိမ်ခြံမြေအကျိုးဆောင်သည် ပဝါဖြင့် ချွေးသုတ်လိုက်ရင်း

“မစ္စယောင်ရန်၊ ဒီနေ့ ကျွန်တော်ပြသခဲ့တဲ့ ဂိုဒေါင်တွေ အားလုံးဟာ သွားရေးလာရေး အဆင်ပြေတဲ့ နေရာကောင်းတွေမှာ တည်ရှိပါတယ်။ ဒီအခွင့်အရေးကို လွတ်သွားရင် ဒီထက် ကောင်းတဲ့နေရာမျိုးကို ရှာဖို့ ခက်ခဲပါလိမ့်မယ်…။” ဟု ပြောလိုက်ပြီး ဆွဲဆောင်လိုက်လေသည်။

ယောင်ရန်သည် ခဏမျှကြာအောင် စဉ်းစားလိုက်ပြီးနောက် အိမ်ခြံမြေအကျိုးဆောင် အားမေးလိုက် သည်။

“ဆရာ့ဆီမှာ လူအများကြီး မရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်က ဂိုဒေါင်ကြီးတစ်ခုများ ရှိပါသလား။ ကျွန်မက စူပါမားကတ်ဖွင့်ဖို့ စီစဉ်ထားတာမို့လို့ ဖွင့်လှစ်ဖို့အတွက် ပစ္စည်းအများကြီး ပြင်ဆင်ရမှာ ဖြစ်လို့ပါ။ နေ့ရော ညပါ ပစ္စည်းတွေ အများကြီး သယ်ရမယ်ဆိုတော့ တခြားသူတွေရဲ့ စီးပွားရေးကို ထိခိုက်စေနိုင် လို့ပါ…။”

အိမ်ခြံမြေအကျိုးဆောင်သည် သူမ၏စကားကို နားထောင်ရင်း မျက်လုံးများက အရောင်တောက်လာ ခဲ့သည်။ သူက ပြုံး၍ ပြောလိုက်လေသည်၊

“မစ္စယောင်ရန်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နေရာတစ်ခုတော့ တကယ်ပဲ ရှိပါတယ်…။”

“ကောင်းပါပြီ။ အခု သွားကြည့်လို့ရမလား…။”

“ရပါတယ်…။”

ထို့နောက် သူတို့နှစ်ဦးသည် ဆင်ခြေဖုံးရပ်ကွက်ဆီသို့ ကားမောင်းလာခဲ့ကြသည်။ လမ်းတွင် အိမ်ခြံမြေ အကျိုးဆောင်မှ ဂိုဒေါင်အကြောင်းကို ရှင်းပြလာခဲ့သည်၊

“ဂိုဒေါင်ပိုင်ရှင်က ပိုက်ဆံကို အရေးပေါ် လိုနေတာမို့လို့ လစဉ်ငှားရမ်းခက အရမ်းနည်းပါတယ်။ ဒါပေမဲ့ နေရာကြောင့် ဘယ်သူမှ မငှားကြပါဘူး။ မစ္စယောင်ရန် ကြိုက်တယ်ဆိုရင်တော့ ဈေးနှုန်းကို ပိုပြီး လျှော့ချနိုင်အောင် ဂိုဒေါင်ပိုင်ရှင်နဲ့ အကောင်းဆုံး ညှိနှိုင်းပေးပါ့မယ်…။”

ယောင်ရန်က ခေါင်းညိတ်ပြီး လိုက်ပြီး ၊

“ဒါဆိုရင်တော့ ဈေးနှုန်းညှိနှိုင်းဖို့ကို ဆရာ့ကိုပဲ တာဝန်ပေးလိုက်ပါတော့မယ်…။”

အိမ်ခြံမြေအကျိုးဆောင်သည် ရင်ဘတ်ကိုပုတ်၍ ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ကျွန်တော့်ကိုပဲ ယုံကြည်လိုက်ပါ…။”

ဂိုဒေါင်သို့ ရောက်သောအခါတွင်မူ ယောင်ရန်သည် ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြည့်ရှု လိုက်သည်။ ဤနေရာတွင် ဂိုဒေါင်တစ်ခုသာ ရှိပြီး တခြားအဆောက်အအုံများ မရှိပေ။ ဤနေရာသည် လူသွားလူလာနည်းပါးသော်လည်း လမ်းများက ကောင်းမွန်ပေသည်။ ထိုနေရာမျိုးသည် ယောင်ရန် အတိအကျ လိုချင်သော နေရာမျိုးပင်ဖြစ်လေသည်။ သူမသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ၊

“ဆရာ၊ ဒီနေရာကို ကျွန်မ လိုချင်ပါတယ်။ တစ်လစာ ငှားပါမယ်…။” ဟုပြောလိုက်လေသည်။

အခန်း (၁၀) စင်များကိုဝယ်ယူခြင်း

ယောင်ရန်၏ စကားကို ကြားပြီးသည့်နောက်တွင် အိမ်ခြံမြေအကျိုးဆောင်က ပြုံးလိုက်ပြီး

“ကောင်းပါပြီ၊ ပိုင်ရှင်ကို အကြောင်းကြားလိုက်ပါ့မယ်။ ပြီးရင် ပြန်ပြီး စာချုပ်ချုပ်နိုင်ပါပြီ…။” ဟုပြောလိုက်သည်။

ယောင်ရန်လည်း သဘောတူလိုက်ခြင်းကြောင့် နှစ်ယောက်သား အိမ်ခြံမြေရုံးသို့ ပြန်လာခဲ့ကြသည်။ နှစ်နာရီခန့် ကြာပြီးသည့်နောက်၌ စာချုပ်ချုပ်ဆိုခြင်းက ပြီးစီးခဲ့ပြီး ယောင်ရန်မှ ငှားရမ်းခ ပေးလိုက် သည်နှင့်တပြိုင်နက် ပိုင်ရှင်ကလည်း ဂိုဒေါင်သော့ကို လွှဲပေးလိုက်လေတော့သည်။

အိမ်ခြံမြေအကျိုးဆောင်သည် ပြုံး၍ နှုတ်ဆက်လိုက်သည်၊

“မစ္စယောင်ရန်၊ နောက်ထပ် အိမ်ခြံမြေ ရှာချင်တယ်ဆိုရင် ကျွန်တော့်ကို ဘယ်အချိန်မဆို ဆက်သွယ် နိုင်ပါတယ်…။”

ယောင်ရန်သည်လည်း ခေါင်းညိတ်ပြလိုက်ပြီး ရုံးခန်းတွင်းမှ ထွက်ခွာလာခဲ့သည်။ ဖုန်းထဲမှ အချိန်အား ကြည့်လိုက်သောအခါ စောနေသေးသည်နှင့် ဆာလောင်မှုကိုလည်း အနည်းငယ်ခံစားနေရခြင်းကြောင့် မုန့်ဆိုင်တစ်ခုထဲသို့ ဝင်ကာ ပေါင်မုန့်နှစ်ခုကို ဝယ်စားလိုက်လေသည်။

ဗိုက်ဖြည့်လိုက်ပြီးနောက် ယောင်ရန်သည် ကားငှားသည့် ကုမ္ပဏီသို့ သွားလိုက်လေသည်။ လိုအပ်သော ပစ္စည်းများကို စုဆောင်းရန်အတွက် နေရာအမျိုးမျိုးသို့ သွားရမည် ဖြစ်သည့်အတွက် ကားရှိထားခြင်း က ပို၍အဆင်ပြေစေနိုင်မည်ဖြစ်သည်။

ကားအနည်းငယ်ကို နှိုင်းယှဉ်ကြည့်ပြီးနောက်၌ ယောင်ရန်သည် ခိုင်ခံ့သော ထရပ်ကားငယ်လေးတစ်စီး ကို ငှားရမ်းရန်အတွက် ဆုံးဖြတ်လိုက်သည်။ ပစ္စည်းအားလုံးအား သူမ၏အကာကသ ထဲ၌ ထားနိုင် သော်လည်း ပစ္စည်းများ သယ်ယူရွှေ့ပြောင်းရာတွင် အဆင်ပြေစေရန်မှာမူ ကားတစ်စီးကိုတော့ အမှန် တကယ်ပင် လိုအပ်မည်ဖြစ်သည်။

ပိုက်ဆံနှင့် ပစ္စည်းများ အများအပြားရှိနေသော်လည်း ယောင်ရန်သည် လူများ၏ အာရုံစိုက်မှုကို မခံ ရအောင် သတိထားပြီးနေနေရသည်။ သဘာဝဘေးအန္တရာယ်များ စတင်ပြီးနောက်၌ သူမထံ၌ပစ္စည်း အများကြီး ရှိနေခြင်းကိုသာ တစ်ယောက်ယောက် သိသွားခဲ့မည်ဆိုပါက သူမအတွက် အန္တရာယ်ရှိနိုင် ပေသည်။

ထို့အပြင် အစိုးရကသာ သိသွားခဲ့မည်ဆိုပါက သူမ၏ပစ္စည်းများကို သိမ်းဆည်းခံရနိုင်ပြီး အသက်ပါ ဆုံးရှုံးနိုင်သည့်အတွက်ကြောင့် ယောင်ရန်သည် ဟိုင်ချန်မြို့မှ ပစ္စည်းများ ဝယ်ယူခဲ့ပြီးနောက် တခြား နိုင်ငံများသို့ ထွက်ကာ ပစ္စည်းများ ထပ်မံဝယ်ယူနိုင်ရန် စီစဉ်ထားခဲ့လေသည်။

အချိန် နှင့် ပိုက်ဆံသာ ရှိနေသေးမည်ဆိုပါက ပစ္စည်းများ ထပ်မံဝယ်ယူရန်အတွက် အနီးအနားရှိ မြို့အနည်းငယ်ကိုလည်း သွားရောက်ဝယ်ယူနိုင်ပေသေးသည်။

ကမ္ဘာပျက်ကပ်ကြီး မစခင်အချိန်မှာပင် ပိုက်ဆံများအားလုံးကို အကုန်သုံးပစ်ရပေမည်။ အဘယ် ကြောင့်ဆိုသော် ထိုအချိန်သို့ရောက်ပါက ပိုက်ဆံဆိုသည်မှာ အသုံးမဝင်တော့သည့် စာရွက်တစ်ရွက် သို့မဟုတ် ကိန်းဂဏန်းတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

ကားငှားရမ်းသည့်စာချုပ်ကို လက်မှတ်ထိုးပြီး သည့်နောက်၌ ကျသင့်ငွေကို ပေးချေလိုက်ပြီးနောက် ယောင်ရန်သည် ထရပ်ကားငယ်လေးအား မောင်းနှင်လာခဲ့ပြီး လက်ကားဈေးကွက်ဆီသို့ ဦးတည်သွား လိုက်ပေသည်။ လက်ကားဈေးကွက်ထဲတွင် ထုတ်ကုန်မျိုးစုံ အစုံအလင်ရှိပြီး ဈေးလည်းသက်သာသော ကြောင့် အများအပြားဝယ်မည်ဆိုပါက ဈေးနှုန်းသက်သက်သာသာဖြင့် ရရှိနိုင်ပေသည်။

လက်ကားဈေးကွက်သို့ ရောက်သည့်အချိန်သည် နေ့လယ်စာစားချိန် နီးနေပြီဖြစ်သောကြောင့် လူရှင်း နေခဲ့သည်။

ယောင်ရန်သည် သူမ၏ ပစ္စည်းများကို စနစ်တကျထားသိုနိုင်ပြီး ထုတ်ယူရလွယ်ကူနိုင်စေရန်အတွက် စင်များကို အရင်ဆုံးဝယ်ယူရန် လိုအပ်ပေသည် ။ သူမသည် ထရပ်ကားငယ်လေးကို စင်များ ရောင်းချ သည့် ဆိုင်တဆိုင်၏ရှေ့၌ ရပ်လိုက်ပြီး ဆိုင်ထဲသို့ ဝင်သွားလိုက်ပေသည်။

စီးပွားရေး အခြေအနေ မကောင်းသောကြောင့် ဆိုင်ပိုင်ရှင်သည် ယောင်ရန် ဝင်လာသည်ကို တွေ့လိုက် ရသောအခါ၌ အရမ်းပင်စိတ်လှုပ်ရှားနေခဲ့သည်။ ထိုသူသည် စီးပွားရေးလုပ်ငန်းရှင်ပီပီ ပြုံးပြလိုက်ပြီး၊

“ညီမလေး၊ ဘယ်လိုစင်မျိုး လိုချင်ပါသလဲ။ ကျွန်တော်တို့ဆိုင်မှာ အမျိုးအစားနဲ့ အရွယ်အစား အမျိုး မျိုးရှိပြီး စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်…။”

ယောင်ရန်၏ ကိုယ်ပိုင်အာကသတွင် စမ်းသပ်ကြည့်ခဲ့သည့်အတိုင်း အမြင့်ဆုံးအမြင့်သည်(၁၀) မီတာ ရှိပေသည်။ ပစ္စည်းအများကြီး ထားသိုရမည်ဖြစ်သည့်အတွက် အကာသထဲရှိ နေရာလွတ်ကို အလ ဟဿ မဖြုန်းတီး ချင်သောကြောင့် နေရာကို အများဆုံး အသုံးချနိုင်ရန်အတွက် စင်များကို အထပ် လိုက်ထားရန် ဆုံးဖြတ် လိုက်ပေသည်။ ဤကဲ့သို့ ဆုံးဖြတ်လိုက်ပြီးနောက်တွင် ယောင်ရန်သည်၊

“ကျွန်မ ဂိုဒေါင်နဲ့ စူပါမားကတ်တွေမှာ သုံးတဲ့ စင်မျိုး လိုချင်ပါတယ်။ ပစ္စည်းအလေးကြီးတွေ တင်နိုင် လောက်အောင် ခိုင်ခံ့တဲ့စင်ဆို ပိုကောင်းပါတယ်…။”

ဆိုင်ပိုင်ရှင်သည် ဤလုပ်ငန်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသော အတွေ့အကြုံရှိသူ တစ်ဦးဖြစ် သည်။ သူမ၏ တောင်းဆိုချက်များကို နားထောင်ပြီးသည့်နောက်၌ ယောင်ရန်သည် စူပါမားကတ်ဖွင့်ရန် စဉ်းစားနေခြင်းဖြစ်သည်ကို သိလိုက်ရပေသည်။

ဆိုင်ပိုင်ရှင်သည် သူမအား ဆိုင်နောက်ဘက်ရှိ ဂိုဒေါင်သို့ ခေါ်သွားလိုက်ပြီး ရှင်းပြခဲ့လေသည်။

“ဒါက စူပါမားကတ်နဲ့ ဂိုဒေါင်တွေမှာ အသုံးအများဆုံး စင်နှစ်မျိုးပါ။ အရမ်းခိုင်ခံ့ပြီး နေရာချွေတာဖို့ ထပ်ထားလို့ရပါတယ်…။”

ယောင်ရန်သည် စင်ကိုကြည့်ပြီး အရွယ်အစားကို စစ်ဆေးကြည့်လိုက်သည်။ အမြင့် သုံးမီတာ၊ အလျား နှစ်မီတာနှင့် အနံ တစ်မီတာမျှ ရှိပေသည်။ အလွန်ပင်ခိုင်ခံ့ပုံရပြီး ဘူးကြီးကြီးတစ်လုံးပင်ကောင်းမွန်စွာ ဝင်ဆန့်လောက်အောင်အထိပင် ကြီးမားလှပေသည်။

သူမက ခေါင်းညိတ်လိုက်ပြီး၊

“ဒီတစ်ခုကို ယူပါ့မယ်။ ဘယ်လိုရောင်းပါသလဲ…။”

“တစ်စင်ကို( ၂၅၀) ယွမ်ပါ။ အများကြီးဝယ်မယ်ဆိုရင်တော့ ဈေးလျှော့ပေးပါ့မယ်…။”

ယောင်ရန်သည် ခဏကြာမျှစဉ်းစားလိုက်ပြီးသည့်နောက်၊

“စင်အခုရေ (၃,၀၀၀) ယူပါ့မယ်…။” ဟု ပြောလိုက်သည်။

ဆိုင်ပိုင်ရှင်သည် ခဏလောက် ကြောင်အသွားပြီး ချက်ချင်းပင် ပြောလိုက်သည်။

“အများကြီး ဝယ်တာဆိုတော့ ဈေးလျှော့ပေးပါ့မယ်။ စင်အခုရေ (၃,၀၀၀) ကို ယွမ် (၆၅၀,၀၀၀) ပဲ ကျသင့်ပါမယ်…။”

ယောင်ရန်လည်း သဘောတူလိုက်ပြီး စရံငွေပေးချေပြီးသည့်နောက် ဂိုဒေါင်လိပ်စာအား ပေးခဲ့လိုက် သည်။

“သူဌေး၊ မနက်ဖြန်ကျရင် ဒီလိပ်စာကို ပို့ပေးပါ…။”

အော်ဒါကြီးကြီးတစ်ခု ရလိုက်သည့်အတွက်ကြောင့် ဆိုင်ပိုင်ရှင်သည် အရမ်းပျော်သွားပြီး စိတ်ကြီး ဝင်စွာဖြင့်၊

“ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ပဲ စင်တွေကို စုစည်းပေးထားလိုက်ပါ့မယ်…။”

စင်များဝယ်ယူပြီးသည့်နောက် ယောင်ရန်သည် အနီးအနားရှိ ဆန်ဆိုင်သို့ သွားလိုက်သည်။ စင်ရောင်း သည့် ဆိုင်ကဲ့သို့မဟုတ်ဘဲ ဆန်ဆိုင်သည် ဝယ်ယူသူများဖြင့် စည်ကားလျှက်ရှိနေပေသည်။ ယောင်ရန် သည် အလုပ်သမားများနှင့် ဝယ်သူများ ပစ္စည်းများဝယ်ယူပြီး ထုပ်ပိုးနေသည်ကို အေးဆေးစွာနှင့်ပင် ကြည့် နေခဲ့သည်။

ခဏအကြာ၌ ဆိုင်ပိုင်ရှင်က သူမကိုတွေ့သွားပြီး မေးလိုက်သည်၊

“ညီမလေး၊ ဘာဝယ်ချင်လို့လဲ…။”

စောင့်နေရင်းနှင့်ပင် ယောင်ရန်သည် ဆန်ဆိုင်၌ ရောင်းချသည့် ပစ္စည်းများကို ကြည့်နေခဲ့သည်။ ဤဆိုင် သည်ကြီးမားပြီး ကုန်ပစ္စည်းအစုံအလင်လည်း ရှိပေသည်။

သူမက ဆိုင်ပိုင်ရှင်ကို ကြည့်၍ မေးလိုက်သည်၊

“ဆန်က တစ်ကီလို ဘယ်လောက်လဲ…။”

ဆိုင်ပိုင်ရှင်က ပြုံးပြီး ပြန်ဖြေလိုက်သည်၊

“ဆန်လက်ကားဈေးက တစ်ကီလိုကို (၄.၃) ယွမ်ပါ။ ဒါပေမဲ့ ကျွန်တော်တို့က တန်နဲ့ ရောင်းပါတယ်…။“

“ညီမလေး ဘယ်လောက်ဝယ်ချင်ပါသလဲ…။” ဟုလည်း ထပ်၍မေးလိုက်လေသည်။

All Chapters