အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း ၁၇ ။ စုဆောင်းခြင်း (၇)
ကမ္ဘာပျက်စကာလ၏ သူမ၏အတွေ့အကြုံများကို ပြန်ပြောင်းစဉ်းစားမိရင်း ယောင်ရန်သည် ပစ္စည်း များ အကုန်ဝယ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။
သူမသည် ဆယ်လီတာအရွယ်အစား ရေသန့်ဗူး (၃၀၀,၀၀၀) ဗူး၊ (၁.၅) လီတာ၊ (၁) လီတာ၊ (၇၅၀) မီလီ လီတာ၊ (၅၀၀) မီလီလီတာ၊ (၃၅၀) မီလီလီတာနှင့် (၂၅၀) မီလီလီတာ အရွယ်အစားတွေများကိုတော့ တစ်မျိုးချင်းစီကို ပုံး (၂၀၀,၀၀၀) စီမှာလိုက်လေသည်။
ရေသန့်ဘူးများ မှာပြီးသည်နှင့် ယောင်ရန်က ရေသန့်စည်ပိုင်းကုမ္ပဏီကို ဖုန်းဆက်လိုက်လေသည်။ ခဏမျှစဉ်းစားပြီးသည့်အခါ ရေမျှော်စင် (၅၀)၊ လီတာ (၂၀,၀၀၀) ဆံ့သည့် ရေသိုလှောင်ကန် (၅,၀၀၀)၊ ရေသန့်စက်အတွက်သုံးသော ဂါလံပုံး (၅,၀၀၀) နှင့် အရွယ်အစားကြီးမားသော ရေပုံး (၅,၀၀၀) ကို ဝယ်ယူခဲ့လိုက်လေသည်။
နောက်ပိုင်း၌ အချိန်ရသည့် အခါတိုင်း ရေလှောင်ကန်ကိုသွားပြီး ရေမျှော်စင်များ၊ တိုင်ကီများ၊ ဂါလံ ပုံးများ နှင့် ရေပုံးများကို ရေဖြည့်ထားနိုင်ရန် သူမစီစဉ်ထားပေသည်။ သူမ၏ နေရာလွတ်ထဲ၌ ရေကန် တစ်ခုရှိသော်လည်း ရေအရင်းအမြစ်ကို ရှာမတွေ့ခဲ့သောကြောင့် ထိုရေကန်ထဲမှရေများသည် ပြန်ပြည့်နိုင်မလားဆိုသည် သူမ မသေချာသေးပေ။
သူမ၏ ရေစွမ်းအင်အဆင့်သည်လည်း တိုးတက်ဖို့ အချိန်အများကြီး လိုပေဦးမည်။ လက်ရှိအဆင့်သည် တစ်နေ့လျှင် ရေပုံးနှစ်ပုံးသာ ဖြည့်နိုင်သေးခြင်းဖြစ်သောကြောင့် နေ့စဉ်အသုံးပြုရန်အတွက် လုံးဝမလုံ လောက်မှုမရှိနိုင်သေးပေ။
ရေပြဿနာကို ဖြေရှင်းပြီးသည့်နောက်တွင် ယောင်ရန်က ခေါက်ဆွဲခြောက်၊ အသင့်စားအစားအစာ၊ အခြောက်ခံထားတဲ့အစားအစာ၊ အခြောက်ခံသစ်သီး၊ ဖိသိပ်ထားတဲ့ ဘီစကစ်၊ အသင့်စားဟင်းချို၊ အပူပေးစရာမလိုသော ထမင်းထုပ်နဲ့ ဟင်းထုပ် စသော အသင့်စားအစားအသောက်များ ရောင်းချသော ကုမ္ပဏီများ ၊ စက်ရုံများကို ဆက်သွယ်ခဲ့လေသည်။
ထို့နောက် ယောင်ရန်သည် စည်သွတ်ဘူးကုမ္ပဏီများကို ဖုန်းဆက်ပြီး စည်သွတ်ဘူးများကို ဝယ်ယူခဲ့ သည်။ စည်သွတ်ဘူး ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲ၊ အသား၊ ဟင်းချို၊ အသင့်စားအစားအစာနှင့် နို့ထွက်ပစ္စည်းများကို ပုံးပေါင်းများစွာ ဝယ်ယူခဲ့သည်။ ကုမ္ပဏီများ၊ စက်ရုံများမှာရှိသည့် ပစ္စည်းများ အားလုံးကို ဝယ်လိုက်ခဲ့ခြင်းဖြစ်သောကြောင့် သူမ၏ ဘဝတစ်လျှောက်လုံးအတွက် လုံလောက်အောင် ပင် ရှိနေပြီဖြစ်သည်။
ထို့အပြင် အရေးပေါ်အခြေအနေများတွင် စွမ်းအင်ပြန်ဖြည့်နိုင်ရန်အတွက် ခွန်အားဖြည့်ဘားတန်းများ၊ ချောကလက်များ၊ အားဖြည့်အချိုရည်များနှင့် စနီကာချောကလက်ချောင်းများကို အမြောက်အများမှာ ယူခဲ့လေသည်။
လက်ဖက်ခြောက်၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်နှင့် ထီးသေးသေးလေးများကိုပါ မှာယူထားလိုက်လေ သည်။ ကမ္ဘာပျက်ပြီးသည့်နောက် ထိုပစ္စည်းများက တန်ဖိုးရှိသည့် ငွေကြေးတရပ်အဖြစ် အသုံးဝင်လာ နိုင်ပေသည်။
ကမ္ဘာပျက်ပြီးသည့်နောက် မွေးလာမည့် ကလေးငယ်လေးများအတွက်ကိုပါ ထည့်တွက်ပြီး နို့မှုန့်၊ ဒိုင်ဘာ၊ အနီပျောက်ပျောက်လိမ်းဆေး၊ ကလေးသုတ်ပဝါ၊ ကလေးအဝတ်အစား၊ ကလေးဖိနပ် အစရှိ သော ကလေးသုံးပစ္စည်းအချို့ကိုလည်း ဝယ်ယူခဲ့လေသည်။
ထို့နောက် ရေသန့်ဆေးပြား၊ ရေသန့်စက်၊ အဝတ်လျှော်ဆပ်ပြာမှုန့်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ဆပ်ပြာ ခဲ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ သွားတိုက်တံ၊ အဆီလိမ်းဆေး၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လိမ်းဆေး၊ နေလောက်ဒဏ်ကာခရင် စသော နေ့စဉ်သုံးပစ္စည်းများကိုပါ ဝယ်ယူခဲ့လေသည်။
အိမ်သာသုံးစက္ကူ ၊ တစ်ရှုးအစို၊ ပိုးသတ်ထားသော အစိုဓာတ်ရှိသည့် သုတ်ပဝါ၊ အမျိုးသမီးသုံးပစ္စည်း၊ ပိုးသတ်ဆေး၊ အင်းဆက်ပိုး တွန်းလှန်နိုင်တဲ့ဆေး၊ မြွေတွန်းလှန်မှုန့် စသောပစ္စည်းများကိုလည်း သူမ၏ ဘဝတစ်လျှောက်လုံးအတွက် လုံလောက်အောင် ဝယ်ယူခဲ့ပေသည်။
စဉ်းစားမိလိုက်ပြီး သူမသည် စျေးပေါသော နေ့စဉ်သုံးပစ္စည်းများကို အများအပြားစုဆောင်းထားရန် ဆုံးဖြတ် လိုက်တယ်။ အကုန်လုံးကို မသုံးနိုင်ရင်တောင်မှ ကမ္ဘာပျက်ပြီးသည့်နောက်ပိုင်း၌ အခြားသော ပစ္စည်းများနှင့် လဲလှယ်၍ရနိုင်ပေသည်။ ထိုပစ္စည်းများကို နောက်ပိုင်း၌ ထပ်မံ၍ ထုတ်လုပ်နိုင်ရန်မှာ မဖြစ်နိုင်သောကြောင့် တန်ဖိုးများသည် ပိုပိုပြီး မြင့်တက်လာမည်ဖြစ်သည်။
မိုးကြီးပြီးသည့်နောက် လျှပ်စစ်မီး မရှိနိုင်သည်ကို စဉ်းစားမိပြီး ယောင်ရန်က နေရောင်ခြည်စွမ်းအင်သုံး ဆိုလပြား၊ နေရောင်ခြည်စွမ်းအင်သုံး ဂျင်နရေတာ၊ ရေနံဆီ၊ ဓာတ်ငွေ့ဘူး၊ ဓာတ်ငွေ့မီးဖို၊ ဓာတ်ငွေ့စလင် ဒါ နှင့် အရည်ဓာတ်ငွေ့စလင်ဒါများကို ဝယ်ယူရန်အတွက် ဆုံးဖြတ်လိုက်လေ၏။
ထို့အပြင် ထင်းမီးဖို၊ ကျောက်မီးသွေးမီးဖို၊ အရက်မီးဖိုနဲ့ အရက်ခဲများကိုလည်း အော်ဒါအကြီးကြီး တင်ခဲ့ပေသည်။ ဖယောင်းတိုင်၊ မီးခြစ်၊ ဓာတ်ခဲ၊ ဓာတ်မီးနဲ့ မီးမွှေးသည့်ပစ္စည်းများကိုလည်း စာရင်း ထဲတွင် ထည့်သွင်းထားလိုက်လေသည်။
မိုးကြီး၍ ရေလျှံပြီးနောက်ပိုင်း သူမ အပြင်ထွက်ရန် လိုအပ်လာနိုင်သည်ကြောင့် လေထိုးလှေ၊ မော်တာ လှေ၊ Kayak လှေအပြင် အသက်ကယ်အင်္ကျီ၊ မိုးကာအင်္ကျီ၊ အသက်ကယ်ဗူး၊ ငါးဖမ်းပိုက်၊ ငါးဖမ်းချိတ်၊ ငါးဖမ်းကိရိယာ၊ အစိုခံဖျာ၊ ရေငုပ်ဝတ်စုံ၊ ရေငုပ်ပစ္စည်းနဲ့ တခြားလိုအပ်သော ပစ္စည်များ ကိုပါ ဝယ်ယူခဲ့ သည်။
ယောင်ရန်သည် စောင်အမျိုးမျိုး၊ ဥပမာ - ဘဲငန်းမွေးစောင်၊ ပိုးစောင်၊ သိုးမွေးစောင်၊ ကက်ရှ်မီယား သိုးမွေးစောင် စသော စောင်တစ်မျိုးစီကို (၅၀၀) စီ မှာယူခဲ့လိုက်သည်။
ကမ္ဘာပျက်သောအခါ အဝတ်အစားများသည်လည်း ကုန်သွားနိုင်သည်မို့ သူမက ပိုပြီးပြင်ဆင်ထားဖို့ လိုအပ်ပေသည်။ အဝတ်အစားများကို ရာသီတစ်ခုချင်းစီအတွက် အစုံ (၁၀,၀၀၀) စီ မှာလိုက်သည်။
ထို့အပြင် အပူခံအဝတ်အစား၊ အအေးခံအဝတ်အစား၊ တိုက်ခိုက်ရေးဝတ်စုံနဲ့ စစ်ဝတ်စုံ (၃၀၀)စီကို လည်း အော်ဒါမှာထားလိုက်သည်။( ၂၅ ) ဒီဂရီစင်တီဂရိတ်တွင် အပူချိန်ကို တည်ငြိမ်စေနိုင်သော နာနိုစွတ် အထည်လိပ် (၃၀၀) နဲ့ အဝတ်အစားအစုံ ( ၂၀၀) ကိုလည်း စျေးအများကြီးပေး၍ ပြင်ဆင် ထားလိုက်လေသည်။
လက်တိုနဲ့ ဘောင်းဘီတိုအတွက် ယောင်ရန်က စတိုင်ကို ဂရုမစိုက်ဘဲ အရိုးရှင်းဆုံးဖြစ်သည့် အနက် ရောင် နှင့် မီးခိုးရောင်ကိုသာ ရွေးချယ်ထားလိုက်သည်။ အရောင်တစ်ခုစီအတွက် အစုံ(၃၀၀၀)ကျော်ကို တစ်ခါတည်းမှာခဲ့လိုက်လေသည်။
အမျိုးစားပိုများစေရန် ယောင်ရန်က စစ်ယူနီဖောင်း ဂျာကင်၊ သားရေဂျာကင်နှင့် ဂွမ်းဂျာကင်အစုံ ( ၂,၀၀၀) ထပ်မှာခဲ့သည်။ စျေးကြီးသော နွေးထွေးသည့်အဝတ်အစားအစုံ (၁,၀၀၀) ကိုလည်း ဝယ်ယူခဲ့ ပေသည်။
အဝတ်အစားပုံစံအမျိုးမျိုးနှင့် နှိုင်းယှဉ်လျှင် ဖိနပ်ပုံစံများက ရိုးရှင်းပေသည်။ ယောင်ရန်က အများကြီး စဉ်းစားမနေဘဲ တောင်တက်ဖိနပ်၊ အားကစားဖိနပ်၊ မိုးကာဖိနပ်၊ ဖိနပ်ကပ်နဲ့ အထူစား စစ်ဖိနပ်တွေကို တစ်စုံချင်းစီကို (၂၀၀) စီ မှာခဲ့သည်။ ပုံစံ နှင့် အရွယ်အစားတစ်ခုချင်းစီကို (၂၀၀) စီ ဝယ်ခဲ့လေသည်။
ထိုပစ္စည်းမျာသည် အနာဂတ်တွင် တခြားပစ္စည်းများနှင့် လဲလှယ်နိုင်မည်ဟု တွေးပြီး ယောင်ရန်က အမျိုးသားသုံးနဲ့ ကလေးသုံးပစ္စည်းအချို့ကို ထပ်ဖြည့်လိုက်လေသည်။
သူမကိုယ်တိုင် မသုံးနိုင်ရင်တောင်မှ အနာဂတ်မှာ ကြိုက်တဲ့သူကို ရှာပြီး ကိုယ်ပိုင်မိသားစုတစ်ခုကို ထူထောင်နိုင်ပေသေးသည်။ မျှော်လင့်ချက် မရှိဘူးဆိုပေသော်လည်း ပြင်ဆင်ထားသင့်တာကိုတော့ ပြင်ဆင်ထားခဲ့ပေသည်။
အလွန်အေးသည့်အချိန် ရောက်သောအခါ အနိမ့်ဆုံးအပူချိန်သည် အနှုတ် (၈၀) စင်တီဂရိတ် အထိ ရောက်နိုင်သောကြောင့် သူမက အန္တာတိကတိုက်မှ သိပ္ပံပညာရှင်များ အသုံးပြုသော နှင်းလျောစက်၊ အပူပေးအဝတ်အစား၊ ရေခဲပြင်စကိတ်၊ နှင်းစီးဖိနပ် စသောပစ္စည်းများကို မှာဖို့ ဆုံးဖြတ်လိုက်သည်။
အိမ်သာသွားရမည့် အခက်အခဲကိုလည်း မမေ့ဘဲ ယောင်ရန်က ကြောင်သဲအိတ်ကုမ္ပဏီကို ဆက်သွယ် ပြီး ကြောင်သဲတန်ချိန်( ၂၀၀) ကို ဝယ်ယူခဲ့ပေသည်။
ငလျင်အတွက် ပြင်ဆင်ရန် ယောင်ရန်က ဆောက်လုပ်ရေးစက်ရုံကို ဖုန်းခေါပြီး ဘိလပ်မြေ၊ သံချောင်း ၊ သဲ၊ အုတ် စသည်တို့ကို မှာလိုက်၏။ ငလျင်ပြီးနောက်ပိုင်း သူမ အိမ်ဆောက်ဖို့ လိုအပ် နိုင်သည်ကို သူမ တွေးထားခဲ့ပေသည်။
ထိုနေ့စဉ်သုံးပစ္စည်းများအပြင် ယောင်ရန်က သိပ္ပံနည်းကျ သုတေသနအဖွဲ့အချို့ကိုလည်း ဆက်သွယ်ပြီး ဓာတ်ရောင်ခြည်ကာကွယ်ရေးဝတ်စုံ၊ လေစစ်မျက်နှာဖုံး၊ သယ်ဆောင်၍ရနိုင်သည့် အိမ်သာ၊ စပေ့စ် ကပ်ဆူးအိမ်၊ ဆူနာမီနဲ့ ငလျင်အတွက် အရေးပေါ် လွတ်မြောက်ရေးယာဉ်၊ အိမ်တွင်း အပင်စိုက်ပျိုးမှု ကိရိယာ စသော သူတို့၏ ထုတ်ကုန်များကို မှာယူခဲ့လေသည်။
ထိုသူတို့ ထုတ်လုပ်သော ပစ္စည်းများအားလုံးကို ဝယ်ယူခဲ့ခြင်းဖြစ်၍ နည်းပညာမြင့်ပစ္စည်းများအတွက် (၃)ဘီလီယံသုံးစွဲခဲ့လိုက်သည်။ သူမသည် စရံငွေကို လွှဲပေးလိုက်သောအခါ သိပ္ပံပညာရှင်များသည် အရမ်းပင်ပျော်နေခဲ့ကြ၍ သူမကို "ဒယ်ဒီ" ဟုပင် ခေါ်မိတော့မလို ဖြစ်သွားခဲ့သည်။
နှစ်နာရီကြာပြီးနောက် ပစ္စည်းဝယ်ခြင်းသည် ပြီးဆုံးသွားသောအခါ သူမက ငါးဘီလီယံကျော် သုံးစွဲခဲ့ပြီး ပထမဆုံးအကြိမ် ပစ္စည်းတွေ ရောက်လာခဲ့ပြီဖြစ်ပေသည်။ ယောင်ရန်က ဖုန်းချလိုက်ပြီး ပစ္စည်းများကို သွားယူခဲ့လေသည်။
ရက်ပေါင်းများစွာ သူမသည် ပစ္စည်းများ စုဆောင်းခြင်းနှင့် ပစ္စည်းပို့လာသည်များကို လက်ခံနေခဲ့ရခြင်း ကြောင့် သူမ၏နေရာလွတ်နှင့် ဗီလာသေးသေးလေး တစ်ဝက်ကျော်သည် ပစ္စည်းများဖြင့် ပြည့် နေခဲ့ တော့သည်။
ခြောက်ရက်ကြာပြီးနောက် ယောင်ရန်ဆီသို့ အဘိုးရွှီဆီမှ ဖုန်းဝင်လာခဲ့သည်။ သူမက ဖုန်းကိုကိုင်ပြီး ပြုံးကာ မေးလိုက်လေသည်၊
“အဘိုးရွှီ၊ ကျွန်မလိုချင်တာတွေ ရောက်ပြီလား….။”
အခန်း (၁၈) လက်နက်များပို့ဆောင်ခြင်း
မီးဖိုချောင်သို့ လျှောက်လာလိုက်ရင်း ယောင်ရန်သည် ဖုန်းထဲမှ အဘိုးရွှီ၏ အသံကို ကြားလိုက်ရသည်၊
"ဟုတ်တယ်၊ ငါ့မြေး ရွှီဟန်ကို ပစ္စည်းတွေ သွားပြဖို့ ခေါ်ခိုင်းလိုက်မယ်…။"
ရွှီဟန် ဆိုသည်မှာ အဘိုးရွှီ၏ မြေးတစ်ယောက်ဖြစ်ပြီး ရွှီ အုပ်စု၏ အမွေဆက်ခံသူလည်း ဖြစ်သကဲ့သို့ အဘိုးရွှီက သူမနဲ့ မိတ်ဆက်ပေးချင်နေသူလည်း ဖြစ်လေသည်။
အဘိုးရွှီ၏ ရည်ရွယ်ချက်ကို သိလိုက်သော အခါ ယောင်ရန်က တစ်မျိုးကြီး ခံစားလိုက်ရသော်လည်း လက်နက်တွေကတော့ သူမအတွက် အရေး အကြီးဆုံးပင်ဖြစ်သည်။
ခဏကြာ စဉ်းစားပြီးသည့်နောက် သူမက ပြန်ပြောလိုက်လေသည်၊
ယောင်ရန်၏ အဖြေကိုကြားသောအခါ အဘိုးရွှီသည် ကျေနပ်စွာ ပြုံးလိုက်ပြီး ၊
"မခက်ပါဘူး၊ မခက်ပါဘူး။ မင်းလိပ်စာကို ပေးလိုက်ပါ။ ငါ ရွှီဟန်ကို မင်းကို လာခေါ်ခိုင်းလိုက်မယ်။ ပြီးတော့ သူ့ကို သခင်လေးရွှီလို့ ခေါ်တာ အရမ်းယဉ်ကျေးရာကျတယ်။ နောက်ဆို ရွှီဟန်ကို တွေ့ရင် အစ်ကိုကြီးလို့ပဲ ခေါ်လိုက်တော့….။"
ယောင်ရန်သည် မသိသေးတဲ့သူတစ်ယောက်ကို အနှောင့်အယှက် မပေးချင်သောကြောင့် အမြန်ပင်
"အဘိုးရွှီ၊ လိပ်စာလေးပဲ ပေးလိုက်ပါတော့။ သခင်လေးရွှီက အလုပ်များနေမှာပါ။ ကျွန်မကိုယ်တိုင် သွားလိုက်ပြီး သူ့ကို နောက်မှပဲ တွေ့ဆုံလိုက်ပါ့မယ်….။"
အဘိုးရွှီက ခဏငြိမ်သက်သွားပြီး သက်ပြင်းချလိုက်ကာ ပြောလိုက်လေသည်၊
"ကောင်းပြီလေ။ ဒါဆို ရွှီဟန်ကို မင်းကို လိပ်စာပို့ခိုင်းလိုက်မယ်….။"
ယောင်ရန် သက်ပြင်းချပြီး စိတ်သက်သာရာရသွားကာ ကျေးဇူးတင်ကြောင်းပြလိုက်သည်၊
"ကျေးဇူးတင်ပါတယ် အဘိုးရွှီ…။"
"အဘိုးနဲ့ဆိုရင် အဲဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ အချိန်ရရင် အဘိုးဆီကို လာလည်ဖို့ မမေ့နဲ့ နော်…။"
တစ်မိနစ်အကြာ၌ အမည်မသိနံပါတ်တစ်ခုမှ သူမဆီသို့ မက်ဆေ့ချ် တစ်စောင် ပို့လာခဲ့လေသည်။
[ကျွန်တော်က ရွှီရူဟန်ပါ…။]
ခဏအကြာ၌ပင် ရွှီရူဟန်သည် သူမကို လိပ်စာတစ်ခုပို့လိုက်လေသည်။
သူမသည် မနက်စာကို ရိုးရှင်းစွာပင်စားလိုက်ပြီး တက္ကစီဖြင့် ချိန်းထားသည့်နေရာသို့ သွားလိုက်သည်။ စားသောက်ဆိုင်ဖြစ်နေသည်ကို တွေ့သောအခါ ယောင်ရန်သည် လက်နက်များယူဖို့ သွားနေသည်နှင့် မတူပဲ ချိန်းတွေ့ဖို့သွားနေသကဲ့သို့ ခံစားချက်ကို ခံစားလိုက်ရသည်။
ဤစားသောက်ဆိုင်၏ ပတ်ဝန်းကျင်နှင့် နေရာကို ကြည့်ရုံမျှနှင့်ပင် ငွေကြေးတတ်နိုင်သည့်သူများသာ လာရောက်စားသောက်နိုင်လောက်သည်ကို ယောင်ရန် သတိထားမိလိုက်သည်။ စားသောက်ဆိုင်တွင်း သို့ လျှောက်သွားသောအခါ ဝိတ်တာနှစ်ယောက်က မှန်တံခါးကို သူမအတွက် ဖွင့်ပေးလိုက်သည်။
ဝိတ်တာတစ်ယောက်မှ ရောက်လာပြီးမေးလိုက်သည်၊
"အစ်မ၊ ချိန်းထားတာ ရှိပါသလား…။"
ယောင်ရန် ခေါင်းညိတ်ပြီး
"သခင်လေးရွှီနဲ့ တွေ့ဖို့ပါ….။"
ဝိတ်တာက ပြုံးပြီး လက်ဟန်ပြကာ ရှေ့မှလမ်းပြလိုက်လေသည်၊
"အစ်မ၊ ဒီဘက်ကို ကြွပါခင်ဗျာ…။"
ဝိတ်တာက လမ်းပြပေးပြီး နှစ်ယောက်သား သီးသန့်အခန်းတစ်ခုကို ရောက်လာခဲ့သည်။ ဝိတ်တာမှ သူမအတွက် တံခါးဖွင့်ပေးပြီး ထွက်ခွါသွားခဲ့လေသည်၊
"သခင်လေးရွှီက အထဲမှာ စောင့်နေပါပြီ…။"
ယောင်ရန်က ကျေးဇူးတင်စကားပြောပြီး အတွင်းသို့ ဝင်လာခဲ့လိုက်သည်။ အထဲမှာ ထိုင်နေသောလူက သူမဝင်လာသည်ကို မြင်သောအခါ မတ်တပ်ရပ်ပြီး ကြိုဆိုလိုက်လေသည်။
"ထိုင်ပါ ခင်ဗျာ၊ မစ္စယောင်…။"
ယောင်ရန်က သူ့ကို ခေါင်းညိတ်ပြလိုက်၍ ဝင်ထိုင်လိုက်ပြီးသည်နှင့် သူမက နှုတ်ဆက်လိုက်သည်၊
"သခင်လေးရွှီ၊ တွေ့ရတာ ဝမ်းသာပါတယ်…။"
ရွှီရူဟန်က ပြန်ထိုင်ပြီး သူမအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။ လက်ဖက်ရည်ကိုငှဲ့ပေးရင်းဖြင့် စကားစပြောလိုက်သည်၊
"အဘိုးက ခင်ဗျားအကြောင်း မကြာခဏပြောနေတယ်။ သူ ခင်ဗျားကို တကယ်သဘောကျနေပုံရ တယ်…။"
ယောင်ရန်က ပြုံးပြလိုက်ပြီး ဘာမှမပြောပါဘူး။ ရွှီရူဟန်သည် ချောမောသော်လည်း အေးစက်ပြီး ဘာခံစားချက်မှ မရှိသော မျက်နှာကို ကြည့်ပြီး ဒီလူက အရမ်းအန္တရာယ်များသည်ဆိုခြင်းကို ယောင်ရန် သိလိုက်ပေသည်။
*ဒီအနာဂတ် မြေအောက်လောကရဲ့ သူဌေးကို အလိုက်ထိုက်ဆက်ဆံတာ အကောင်းဆုံးပဲ…။*
သူတို့နှစ်ယောက်သည် တိတ်ဆိတ်စွာဖြင့်ပင် လက်ဖက်ရည်သောက်နေကြရင်း ယောင်ရန်မှ
"သခင်လေးရွှီ၊ ကျွန်မ ရှင့်ရဲ့အချိန်ကို မဖြုန်းတီးတော့ပါဘူး။ လာရင်းကိစ္စကို ပြောကြရအောင်…။" ဟု စကားစလိုက်လေသည်။
ရွှီရူဟန်က သူတို့၏ ဗလာဖြစ်သွားသောခွက်များကို ပြန်ဖြည့်ပေးလိုက်သည်။ ထို့နောက် ယောင်ရန်က ပြောလိုက်လေသည်၊
"ကျွန်မ ပစ္စည်းတွေကို စစ်ဆေးချင်ပါတယ်…။"
"ဟုတ်ကဲ့…"
သူ့ရဲ့အေးဆေးတည်ငြိမ်သည့် အဖြေကို ကြားလိုက်ရပြီးနောက် ယောင်ရန်က မျက်ခုံးပင့်လိုက်သည်။ ရွှီမိသားစုရဲ့ အဓိကစီးပွားရေးက လက်နက်ရောင်းချခြင်း ဖြစ်သည်ဆိုသော်လည်း သူမသည် ထိုကဲ့သို့ လက်နက်များကို အများကြီး တစ်ပြိုင်နက်တည်း ဘာကြောင့် ဝယ်ယူခဲ့လဲဆိုခြင်းကို သူက စူးစမ်းချင် စိတ်ရှိသည့်ပုံမပေါ်ပေ။
ရွှီရူဟန်က သူမ ဘာတွေးနေလဲဆိုတာ သိပုံရပြီး
"ကျွန်တော်တို့က စီးပွားရေးလုပ်နေတာပါ။ ဖောက်သည်တွေက ပစ္စည်းတွေကို ဘာလုပ်ချင်လဲဆိုတာ မမေးပါဘူး…။” ဟုပြောလိုက်လေသည်။
ထိုစကားကိုကြားသောအခါ ယောင်ရန်က တိတ်တိတ်ကလေး သက်ပြင်းချလိုက်မိသည်။ စျေးကြီးသည့် လက်ဖက်ရည်သောက်ပြီးနောက် ရွှီရူဟန်က မတ်တပ်ရပ်ပြီး မေးလိုက်လေသည်၊
"ကားနဲ့ လာတာလား…။"
ယောင်ရန်က ခေါင်းခါလိုက်သောအခါ ရွှီရူဟန်က
"ဒါဆို ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပါ။ နေရာက တော်တော်ဝေးတယ်…။"
"ဟုတ်ကဲ့….။"
သူမကလည်း ထိုအကြံပေးချက်ကို လက်ခံလိုက်သည်။
စားသောက်ဆိုင်ကနေ ထွက်ခွာပြီးနောက် ယောင်ရန်သည် ရွှီရူဟန်၏ ကားထဲ ဝင်ထိုင်လိုက်လေသည်။ ခရီး တစ်လျှောက်လုံး သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မည်သည့် စကားကိုမျှ မပြောခဲ့ ကြပေ။
နှစ်နာရီခန့် ကြာအောင် သွားပြီးနောက် ရွှီရူဟန်က ကားကိုရပ်လိုက်၏။ ယောင်ရန်က အောက်ဆင်း ပြီး ပတ်ဝန်းကျင်သို့ တစ်ချက်ဝေ့ကြည့်လိုက်လေသည်။ ထို့နောက် ရွှီရူဟန်၏ နောက်သို့ လိုက်သွားခဲ့လိုက် သည်။ သူတို့ရောက်လာသည်ကို တွေ့သောအခါ အနက်ရောင်ယူနီဖောင်းဝတ်ထားတဲ့ လူများက ရွှီရူဟန် ကို နှုတ်ဆက်ကြလေသည်။
"သူဌေး၊ ပစ္စည်းတွေ အဆင်သင့်ဖြစ်နေပါပြီ…။" ဟု တာဝန်ခံ တစ်ယောက်က ပြောလိုက်လေ၏။
ရွှီရူဟန်က သူ၏မေးငေါ့ပြီး အချက်ပြလိုက်သောအခါ သိုလှောင်ရုံ၏ သံမဏိတံခါးကြီးကို ဖွင့်ပေးလိုက် သည် ။ သူက ယောင်ရန်နဲ့အတူ ဝင်သွားလိုက်သည်။ စစ်ဘက်သုံး ရဟတ်ယာဉ်နှစ်စင်း၊ တင့်ကားနှစ်စင်း ၊ သံချပ်ကာ Off-Road စစ်ယာဉ်သုံးစင်း၊ ဇိမ်ခံအိပ်ခန်းပါတဲ့ ကားသုံးစင်းနှင့် စစ်ကားနှစ်စီးကို မြင်သော အခါ ယောင်ရန်သည် အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားခဲ့လေသည်။
သူမသည် အဘိုးရွှီအား ထိုအရာများကို တောင်းဆိုခဲ့သော်လည်း ဒီယာဉ်အားလုံးကို ရလိမ့်မည်ဟု သိပ်ပြီး မျှော်လင့်မထားခဲ့ပေ။ သို့သော်လည်း အဘိုးရွှီက သူမတောင်းဆိုထားသည်ထက် ပို၍ ပြင်ဆင် ပေးခဲ့လေသည်။
သူမ အံ့အားသင့်ပြီး ရပ်နေသည်ကို မြင်သောအခါ ရွှီရူဟန်က ရှင်းပြလိုက်သည်၊
"အဘိုးက ဒီပစ္စည်းတွေကို မင်းအတွက် မွေးနေ့အကြို လက်ဆောင်လို့ ပြောတယ်။ ယာဉ်တွေအားလုံး ကို ပြုပြင်ပြောင်းလဲထားပြီး ပိုပြီးကောင်းအောင် လုပ်ထားပြီးသားပါ…။"
"ကျေနပ်မှုရှိရဲ့လားဆိုတာ ကြည့်လိုက်ပါအုန်း ။ ပြောင်းလဲဖို့လိုတယ်လို့ ထင်ရင် ကျွန်တော့်ကို ပြောပါ။ ကျွန်တော် အခမဲ့ ပြောင်းလဲပြုပြင်ပေးပါ့မယ်….။"
သူ၏ စကားကိုကြားပြီးနောက် ယောင်ရန်က သူ့ကို ကြည့်ပြီး တွေးလိုက်မိသည်။
*ဘယ်သူက ခင်ဗျားကို မကျေနပ်ဘူးလို့ ပြောရဲမှာလဲ။ မကျေနပ်ဘူးလို့ ပြောရင် ခင်ဗျားက ပြောတဲ့သူရဲ့ ခေါင်းကို ပစ်ခွဲပြစ်မှာ မဟုတ်ဘူးလား…။*
ရွှီရူဟန်သည် သူ့ကိုကြည့်နေသည့် ယောင်ရန်၏ စိတ်ထဲ၌ ဘာတွေနေလဲဆိုခြင်းကို မသိခဲ့ပေ။ သူက လျှောက်သွားလိုက်ပြီး သတ္တုသေတ္တာတစ်ခုကို ဖွင့်လိုက်လေသည်။ ထို့နောက်…၊
"လက်နက်တွေကတော့ ခင်ဗျားအတွက် အကုန်လုံး ပြင်ဆင်ထားတယ်။ သေနတ်သေးသေးလေးတွေ၊ လှံစွပ်သေနတ်တွေ၊ သေနတ်၊ စက်သေနတ်ကြီးတွေအထိ ခင်ဗျား ကြိုက်တာကို ရွေးလို့ရပါတယ်။ အရင်ဆုံး တစ်ချက်ကြည့်လိုက်ပါ။ ထပ်ပြီးတော့ ထည့်ချင်တာတွေရှိရင်လည်း ကျွန်တော့်ကို ပြောပြဖို့ အားမနာပါနဲ့။ ခင်ဗျားရဲ့ တောင်းဆိုချက်ကို ကျွန်တော် သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်….။"
သူသည် လက်နက်များနှင့် စစ်ယာဉ်များကို ယောင်ရန်အား ရှင်းပြပေးနေသောအချိန်တွင် သူမက သေနတ်များ၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများနှင့် သတ္တုသေတ္တာများထဲတွင်ရှိနေသော ကျည်ဆံများကို စစ်ဆေးနေခဲ့လေသည်။
မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် ယောင်ရန်က မေးလိုက်သည်။
"ကျွန်မ ရှင့်ကို ဘယ်လောက်ပေးရမလဲ…။"