← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁) နေရာလွတ်ကိုအဆင့်မြှင့်တင်ခြင်း

မြေအောက်ဝိုင်ခန်းထဲက ထွက်လာပြီးနောက် ယောင်ရန်သည် မြေအောက်သိုလှောင်ခန်းဆီသို့ သွားခဲ့ လိုက်လေသည်။ အချိန်မဖြုန်းမနေတော့ ဘဲ အရာအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်ပေ တေ့သည်။ သူမသည် ထိုနေရာမှ ထွက်လာခဲ့ပြီးသောအခါတွင် ထိုနေရာတွင် ဆားပွင့် တစ်ပွင့်ပင် ကျန်ရှိမနေတော့ပေ။

လန်ကွမ်းဟွေ့သာ သူ၏ဘဏ္ဍာတိုက် အလုခံရပြီဆိုသည်ကို သိရသောအခါ ဘယ်လိုပုံစံမျိုး ဖြစ်သွား မလဲဆိုသည်ကို ယောင်ရန် စောင့်ကြည့်ချင်နေသေးသည်။ သူ့မျက်နှာအမူအရာသည် တကယ်ကိုပင် စိတ်ဝင်စားစရာ ကောင်းနေပေလိမ့်မည်။

လန်ကွမ်းဟွေ့၏ ဗီလာမှ ပစ္စည်းအားလုံးကို ယူပြီးသည့်နောက် ယောင်ရန်သည် တခြားနိုင်ငံတစ်ခု ကိုသွားရန် လေယာဉ်လက်မှတ်ဝယ်ယူလိုက်လေသည်။

လေယာဉ်မထွက်ခင် နာရီအနည်းငယ်အလို၌ အိမ်ခြံမြေရုံးကို သွားပြီး ဂိုဒေါင်သော့ကို ပြန်ပေးခဲ့လိုက် ၏။ ထို့အပြင် ကုန်တင်ကားလေးကိုလည်း ပြန်အပ်ခဲ့လိုက််သည်။ ထိုအရာ အားလုံးပြီးမှ ကားတစ်စီး ခေါ်ပြီး လေဆိပ်ကို ထွက်လာလိုက်လေသည်။

လေယာဉ်ပေါ် တက်ခါနီးအချိန်၌ လက်ထောက်ဟယ်ဆီမှ သူမထံ မက်ဆေ့ချ် ဝင်လာခဲ့လေသည်။

[မမလေး၊ မမလေးရဲ့ပိုင်ဆိုင်မှုတွေကို ရောင်းနေတယ်ဆိုတဲ့ သတင်းက ချမ်းသာတဲ့ အသိုင်း အဝိုင်း တွေကြားမှာ ပျံ့နေပါပြီ။ အိမ်၊ ဗီလာ၊ တိုက်ခန်းနဲ့ ကားအများစုကို ရောင်းပြီးပါပြီ။ ဒါပေမဲ့ ရှေးဟောင်း ပစ္စည်းနဲ့ လက်ဝတ်ရတနာတွေက အရမ်းစျေးကြီးတော့ ဘယ်သူမှ မဝယ်နိုင်ကြပါဘူး။ တခြားနိုင်ငံတွေ ကို ရောင်းလိုက်ရမလား…။]

ယောင်ရန် ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်လေသည်။

[မလိုပါဘူး။ လောလောဆယ် သိမ်းထားလိုက်ပါ။ အဲဒီရှေးဟောင်းပစ္စည်းနဲ့ လက်ဝတ်ရတနာတွေက ကျွန်မအဘိုးရဲ့စုဆောင်းမှုတွေနဲ့ ကျွန်မတို့ယောင်မိသားစုရဲ့အမွေအနှစ်တွေပါ။ ဘယ်သူမှ မတတ်နိုင်ရင် ကျွန်မပဲ ဆက်သိမ်းထားလိုက်မယ်…။]

[ဟုတ်ကဲ့၊ နားလည်ပါပြီ…။]

လက်ထောက်ဟယ်၏ အကြောင်းပြန်စာကို ဖတ်ပြီးသောအခါ ယောင်ရန်က ဖုန်းပိတ်ပြီး လေယာဉ်ပေါ် သို့တက်ခဲ့လိုက်သည်။ ဆယ်နာရီကြာပြီးနောက် ယောင်ရန်သည် လေယာဉ်ပေါ်က ဆင်းလာခဲ့ပြီး ဖုန်းဖွင့် လိုက်သောအခါ နောက်ထပ် ဘီလီယံ (၈၀) ဝင်လာသော အကြောင်းကြားစာ ကို တွေ့လိုက်ရလေ၏။

ဟိုင်ချန်မြို့တွင် ပစ္စည်းများဝယ်ယူရန် (၁၃.၅) ဘီလီယံ သုံးလိုက်သောကြောင့် သူမ၏ ဘဏ်အကောင့် ထဲတွင် (၃၅) ဘီလီယံ လောက်သာ ကျန်တော့သည် ။ ယခု နောက်ထပ် ဘီလီယံ (၈၀) ထပ်ဝင်လာသော ကြောင့် ယောင်ရန်သည် ပစ္စည်းများဝယ်ယူရန်အတွက် ရန်ပုံငွေများ ထပ်တိုးလာခဲ့ပြီဖြစ်သည်။

ဖုန်းကို တင်းတင်းဆုပ်ကိုင်ရင်း အသက်ပြင်းပြင်းရှူလိုက်ကာ လေဆိပ်မှ ထွက်လာခဲ့လိုက်လေသည်။

ဟိုတယ်ရောက်ပြီးနောက် ယောင်ရန်သည် ရေချိုးပြီး နူးညံ့သည့်အိပ်ရာပေါ်တွင် ထိုင်နေခဲ့သည်။ ဆံပင် ကို သဘက်ဖြင့်သုတ်ရင်း သူမ၏ နေရာလွတ်ထဲကို ကြည့်လိုက်သည်။ စိတ်ဝိညာဉ်က နေရာလွတ်ထဲသို့ ရောက်သွားသည့် အချိန်တွင် ယောင်ရန် အံ့ဩတကြီး ဖြစ်သွားခဲ့မိလေသည်။

စိတ်ဝိညာဉ်ကို ပြန်ရုပ်သိမ်းလိုက် နေရာလွတ်ထဲကို ထပ်ကြည့်လိုက်၊ အကြိမ်အနည်းငယ် ပြန်လုပ် ကြည့်ခဲ့သော်လည်း မြင်ကွင်းက အတူတူပင်ဖြစ်နေသည်။

နှစ်ဆ ပိုကြီးလာသော သူမ၏ကိုယ်ပိုင်နေရာလွတ်ကိုကြည့်ပြီး ယောင်ရန်သည် မယုံနိုင်စွာဖြင့် ရေရွတ် လိုက်မိလေသည်၊

“နေရာလွတ်စွမ်းရည်က တိုးမြှင့်လို့ မရဘူး မဟုတ်လား…။”

ခဏတာ ရှုပ်ထွေးသွားပြီးနောက် ယောင်ရန် စိတ်လှုပ်ရှားလာခဲ့သည်။ ယခင်က သူမ၏နေရာလွတ်သည် ပြောင်းလဲလို့ မရခဲ့ပေ၊ ဝယ်ယူထားသော ပစ္စည်းအရေအတွက်ကိုသာ ကန့်သတ်ရမည်ဟု ထင်ခဲ့ပေသ ည်။

သို့သော်လည်း နေရာလွတ်၏ပတ်လည်ကို ထပ်မံကြည့်လိုက်သောအခါ သူမ၏နေရာလွတ်ကို အဆင့် မြှင့်တင်ရန် နည်းလမ်းတစ်ခု ရှိနေခဲ့သည်ဆိုတာကို ယောင်ရန် တွေ့လိုက်ရပေတော့သည်။ သူမ ထို အရာကို ဘယ်လိုလုပ်ရမလဲဆိုသည်ကို မသိသေးခြင်းပင်ဖြစ်သည်။

နေရာလွတ် အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် လက်နက်၊ ယာဉ်၊ ဆေးဝါးနှင့် ဆီတိုင်ကီများ ထည့်ပြီး နောက် ပြည့်လုနီးပါးဖြစ်နေသော နေရာလွတ်ထဲတွင် နေရာလွတ်အများကြီး ကျန်နေပြန်သေးသည်။ လယ်ယာမြေလည်း နှစ်ဆ ပိုကြီးလာပြီး ရေကန်ဘေး၌ နောက်ထပ်ရေကန်ငယ်လေးတစ်ခု ပေါ်လာခဲ့ လေသည်။

ထိုရေကန်က အများကြီး မကြီးသော်လည်း အရင်က သူဝယ်ထားသောငါးများကို မွေးမြူရန်အတွက် လုံလောက်ပေသည်။ ရေကန်အပြင် မြက်ခင်းပြင်သည်လည်း နှစ်ဆ ပိုကျယ်လာခဲ့သည်။ ရေကန်ကြီး တစ်ခုတည်းကတော့ အရင်အတိုင်းပဲ ရှိနေပေသည်။

ယောင်ရန်သည် ရေကန်ကြီးထဲကို ကြည့်လိုက်သော်လည်း ဘာမှ ပြောင်းလဲသွားသည်ကို မတွေ့ရပေ။ ယခုအ ခါ နေရာပိုကျယ်လာပြီဖြစ်သောကြောင့် ပစ္စည်းများကို ဝယ်ယူသောအခါ၌ တုံ့ဆိုင်းနေစရာ မလိုအပ်တော့ပေ။

သူမသည် ဤနိုင်ငံတွင် ဂျုံ၊ မုယော၊ သစ်ဆိမ့်၊ ကောက်၊ ပြောင်း၊ ကီနိုအာနဲ့ တခြားကောက်နှံများ စုဆောင်းရန်အတွက် နှစ်ရက်ကြာ အချိန်ပေးခဲ့လေသည်။ ကောက်နှံတစ်မျိုးချင်းစီကို တန် (၄၀၀) ကျော် ဝယ်ပြီး အစိုးရမသိခင် ထိုနိုင်ငံကနေ ထွက်လာခဲ့လေသည်။

လေဆိပ်မသွားခင် ရုပ်ဖျက်ပြီး မေပယ်ရွက်နိုင်ငံကို လေယာဉ်ဖြင့်သွားခဲ့သည်။ သူမသည် တခြားနိုင်ငံ များကို လေယာဉ်စီးသည့်အခါတိုင်း တစ်စုံတစ်ယောက်က သူမကို သိနေခြင်း သို့မဟုတ် နောက်ယောင် ခံလိုက်ခြင်းမှ ကာကွယ်ရန်အတွက် ရုပ်ဖျက်လေ့ရှိပေသည်။

ယောင်ရန်သည် ကမ္ဘာအနှံ့ ခရီးသွားပြီး ဒိန်ခဲ၊ ဝိုင်၊ အသီးအနှံ၊ ဆေးပြင်းလိပ် စသော နိုင်ငံအသီးသီးမှ အထူးထုတ်ကုန်များကို အများအပြား ဝယ်ယူခဲ့လေသည်။

ကမ္ဘာအနှံ့ ရက် (၄၀) ကြာအောင် ပစ္စည်းများ ဝယ်စုပြီးသည့်နောက် ယောင်ရန်၏ နေရာလွတ်ထဲတွင် နေရာ အနည်းငယ်သာ ကျန်ရှိတော့သောကြောင့် သူမ၏ နိုင်ငံကို ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ အဝင်ဂိတ် ကနေ ထွက်လာသောအခါ လက်ထောက်ဟယ်သည် သူ၏ အနက်ရောင် ပြိုင်ကားကို မှီပြီး ဖုန်းဖြင့်စာ ရိုက်နေသည်ကို တွေ့လိုက်ရလေသည်။

ယောင်ရန်ရဲ့ အကြည့်ကို သိသော လက်ထောက်ဟယ်သည် မော့ကြည့်ပြီး သူမကို လက်ပြလိုက်လေ သည်။ ယောင်ရန်က ပြုံးပြပြီး သူ့ဆီကို လျှောက်လာခဲ့လိုက်သည်။

သူမ၏ ပင်ပန်းနေသော မျက်နှာကို ကြည့်ပြီး သူက အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်၊

“မမလေး အဆင်ပြေရဲ့လား…။”

ယောင်ရန် လက်ကာပြပြီး ၊

“အဆင်ပြေပါတယ်။ စောင့်နေရတာ ကြာသွားပြီလား…။”

လက်ထောက်ဟယ်က သူမအတွက် ကားတံခါးဖွင့်ပေးရင်း၊

“မကြာသေးပါဘူး။ အခုမှ ရောက်တာပါ…။”

သူမ ခါးပတ်ပတ်နေသည့်အခါ ဖျော့တော့နေသော မျက်နှာကို ကြည့်ပြီး သူ ခဏတာတွန့်ဆုတ်သွားပြီး..၊

“မမလေး အရင်နားလိုက်တာ ပိုကောင်းမယ်။ နေကောင်းလာမှ ဘဏ်သွားကြတာပေါ့….။”

မုန်တိုင်းလာဖို့ အချိန်အများကြီး မကျန်တော့ဘူးဆိုသည် တွေးမိသောကြောင့် ယောင်ရန် ခေါင်းခါလိုက် ပြီး….၊

“ကျွန်မ နောက်မှ နားလို့ရပါတယ်….။” ဟုပြောလိုက်သည်။

သူမ ဆုံးဖြတ်ချက်ကိုကြားပြီးနောက် လက်ထောက်ဟယ်က ထပ်ပြီး မတိုက်တွန်းတော့ဘဲ ဘဏ်သို့ ကားကိုမောင်းလာခဲ့သည်။ လက်ထောက်ဟယ်က ဦးဆောင်ပေးခြင်းကြောင့် ယောင်ရန်သည် ရှုပ်ထွေး သော အဆင့်များ မလုပ်ရဘဲ ဘဏ်တိုက်ကို ဖွင့်နိုင်ခဲ့ပေသည်။

လက်ထောက်ဟယ်သည် ဘဏ်တိုက်အပြင်၌ ရပ်တန့်လိုက်ပြီး၊

“မမလေး၊ ကျွန်တော် ဒီမှာပဲ စောင့်နေပါ့မယ်…။”

ယောင်ရန်က ခေါင်းညိတ်ပြီး သံတံခါးထူကြီးကို ဖြတ်ကျော်၍ ဝင်သွားခဲ့လေသည်။ ဘဏ်တိုက်ထဲတွင် သေတ္တာများစွာကို သေသပ်စွာ စီထားသည်ကို တွေ့လိုက်ရ၏။ သူမက သေတ္တာတချို့ကို ဖွင့်ကြည့်လိုက် သည့်အခါ အမျိုးမျိုးသော ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများကို တွေ့လိုက်ရပေသည်။

သူမသည် ရှေးဟောင်းပစ္စည်းများ သို့မဟုတ် ပန်းချီကားများကို နားမလည်သော်လည်း ချမ်းသာသော မိသားစုများပင် မတတ်နိုင်သောကြောင့် ဤအရာများသည် အလွန်ပင် တန်ဖိုးရှိမည်ဆိုသည်ကို သိပေ သည်။ လက်တစ်ဖက် လှုပ်လိုက်သည်နှင့် အရာအားလုံးကို သူမ၏ ကိုယ်ပိုင်နေရာလွတ်ထဲသို့ထည့် လိုက်ပြီး ဘဏ်တိုက်သည်လည်း ဗလာဖြစ်သွားခဲ့လေသည်။

သူမ ထွက်လာသောအခါ ဘဏ်ဝန်ထမ်းက သံတံခါးအထူကြီးကို ပိတ်ပြီး သော့ခတ်လိုက်တော့သည်။

ထို့နောက် လက်ထောက်ဟယ်က သူ့ဆီ သော့ကို လှမ်းပေးရင်းဖြင့်၊

“မမလေး၊ ဒါက ဘဏ်တိုက်သော့ပါ။ နောက်ဆိုရင် မမလေး တစ်ယောက်တည်း လာနိုင်ပါ တယ်။ မန်နေဂျာကို မမလေးအကြောင်း ပြောထားပြီးပြီမို့လို့ ပုံမှန်လုပ်ငန်းစဉ်တွေကို လုပ်စရာ မလိုတော့ ပါဘူး…။”

ယောင်ရန်က သူ့ဆီကနေ သော့ယူကိုလိုက်ပြီး နှစ်ယောက်သား ဘဏ်မှ ထွက်လာခဲ့ကြလေသည်။ လက်ထောက်ဟယ်သည် သူ၏ကားဘေး၌ ရပ်ပြီး စိုးရိမ်နေသည့်ပုံစံဖြင့် သူမအား ကြည့်နေခဲ့လေ သည်။

အခန်း (၂၂) ကျွင်းချန်မြို့သို့ ရောက်ရှိခြင်း

လက်ထောက်ဟယ်သည် အချိန်အတော်ကြာအထိ တိတ်ဆိတ်နေခဲ့ပြီး နောက်စကားစလိုက်သည်၊

“မမလေး ဒီနိုင်ငံကနေ တကယ်ပဲ ထွက်သွားတော့မလို့လား…။”

ယောင်ရန်သည် ခေါင်းခါရင်းဖြင့်

“ကျွန်မ စိတ်ပြောင်းသွားပြီ။ ဒီနိုင်ငံကနေ မထွက်သွားတော့ဘူး။ ဒါပေမဲ့ ဒီမြို့မှာလည်း မနေချင်တော့ ဘူး။ ကျွင်းချန်မြို့ကို ပြောင်းနေတော့မယ်…။”

ထိုစကားကိုကြားလိုက်သောအခါ လက်ထောက်ဟယ်သည် သူမဘာကြောင့် ထွက်သွားချင်လဲဆိုခြင်း နားလည်သွားခဲ့လေသည်။ သူက သက်ပြင်းချလိုက်ပြီး ထိုစကားကို ထောက်ခံလိုက်လေသည်၊

“ကောင်းပါတယ်…။ မမလေးရဲ့ဖခင်နဲ့ကော သူ့မိသားစုနဲ့ကော ဝေးဝေးနေတာ ပိုကောင်းပါတယ်…။”

သူမ၏ဘဝတွင် သူမကိုဂရုစိုက်ပေးသောသူ အများကြီးမရှိသော်လည်း လက်ထောက်ဟယ်ကတော့ ထိုအထဲက တစ်ယောက်ပင်ဖြစ်ချေသည်။

ယောင်ရန်က ခဏလောက်စဉ်းစားနေပြီးမှ ပြောလိုက်လေသည်၊

“လက်ထောက်ဟယ်၊ ကျွန်မ လျှို့ဝှက်သတင်းတစ်ခု ရထားတာက မုန်တိုင်းကြီးတစ်ခု တိုက်တော့မယ် တဲ့…။”

မုန်တိုင်းလာတော့မယ်ဆိုတဲ့ သတင်းက ရက်အတော်ကြာ ထုတ်လွှင့်နေခဲ့သည်မို့ လက်ထောက်ဟယ် သည်လည်းသိပေသည်။ သူသည် ယောင်ရန်ကို ကြည့်ပြီး စိုးရိမ်သံဖြင့်…၊

“မမလေး၊ ကျွန်တော့်ကို စိတ်မပူပါနဲ့။ မမလေး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုတယ်…။”

သူ၏ ရိုးသားသောမျက်နှာကိုကြည့်ရင်း ယောင်ရန်က သူ့ကိုတစ်လှမ်းပိုနီးကပ်သွားပြီး အသံကိုနှိမ့်ကာ၊

“လက်ထောက်ဟယ်၊ မြန်မြန်ပစ္စည်းတွေစုပြီး မြင့်တဲ့နေရာတွေမှာ သွားနေပါ…။”

လက်ထောက်ဟယ်သည် သူမပြောတာကိုကြားသောအခါ မျက်နှာပျက်သွားပြီး မေးလိုက်လေသည်၊

“မမလေး၊ လျှို့ဝှက်သတင်းတစ်ခုခု သိထားတာလား…။”

ယောင်ရန်က ခေါင်းညိတ်ပြီး ၊

“မုန်တိုင်းရောက်လာတဲ့အခါ မိုးသည်းထန်စွာ ရွာပြီး ရေကြီးနိုင်တယ်။ အခုကတည်းက ရာသီဥတု ဆိုးရွားလာရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြိုတင် ပြင်ဆင်ထားသင့်တယ်…။”

ဤကိစ္စရဲ့အရေးကြီးမှုကို သိသွားသော လက်ထောက်ဟယ်သည် ခေါင်းညိတ်လိုက်ပြီး ၊

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မမလေး…။”

ယောင်ရန်က ကုမ္ပဏီကို ရောင်းလိုက်သောကြောင့် လက်ထောက်ဟယ်က သူမ၏သီးသန့်လက်ထောက် မဟုတ်တော့ပေ။ သူမက ဝမ်းနည်းသည့်ပုံစံနှင့် စိုးရိမ်နေသော မျက်နှာထားဖြင့် သူမကို ကြည့်လိုက်ပြီး

“မမလေး၊ ဘာပဲဖြစ်ဖြစ် လိုအပ်ရင် ကျွန်တော့်ကို ဖုန်းဆက်ဖို့ မမေ့ပါနဲ့နော်….။” ဟုပြောလိုက်သည်။

“အင်း။ ဟုတ်ပါပြီ…။”

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် သူ နောက်ဆုံးတော့ နှုတ်ဆက်လိုက်လေသည်၊

“ဒါဆိုရင် ကျွန်တော် သွားတော့မယ်…။ နောက်မှတွေ့မယ် မမလေး….။”

ယောင်ရန်သည် သူ၏အနက်ရောင်ပြိုင်ကားထဲ ဝင်သွားသည်ကို ကြည့်ပြီး သူ့အားလက်ပြကာနှုတ်ဆက် လိုက်သည်။ လက်ထောက်ဟယ်သည် သူမကို နောက်ဆုံးတစ်ချက်ကြည့်ပြီး ကားမောင်းထွက်သွားခဲ့ လေသည်။

အနက်ရောင်ပြိုင်ကားလေးသည် သူမ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပြီးသည့်နောက် ယောင်ရန် သည် ဘီလီယံ (၃၀၀) ကို လက်ထောက်ဟယ်ဆီ လွှဲပေးလိုက်လေသည်။

ဤသို့ ခွဲခွာပြီးနောက် သူတို့နှစ်ယောက် ထပ်တွေ့နိုင်ဦးမလားဆိုခြင်းကို သူမ မသိပေ။ သို့သော်လည်း သူမပေးလိုက်သည့်ပိုက်ဆံများသည် သူ့အား အသက်ရှင်သန်ပြီး ပိုကောင်းသောဘဝကို ပိုင်ဆိုင်စေ လိမ့်မည်ဟု သူမ မျှော်လင့်ခဲ့မိလေသည်။

ယောင်ရန်သည် လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး မှိုင်းညို့နေသောကောင်းကင်ကို ကြည့်လိုက်လေ သည်။ ကမ္ဘာပျက် ဖို့ တစ်လပဲလိုတော့သည်မို့ ရာသီဥတု စတင်ပြောင်းလဲလာခဲ့လေပြီဖြစ်သည်။ သူမ၏ အရင်ဘဝတွင်လည်း ကမ္ဘာပျက်ခြင်းက သတိပေးမှုမရှိဘဲ ရောက်လာခဲ့ခြင်းတော့မဟုတ်ပေ။

လက္ခဏာတွေ အများကြီးရှိခဲ့ပါသော်လည်း လူများက သတိမထားမိခဲ့ပေ။ မုန်တိုင်းမတိုက်ခင် တစ်လ ကြာအောင် မိုးများရွာခဲ့လေသည်။ မိုးကရွာလိုက်၊ တိတ်လိုက်မို့ လူများကဂရုမစိုက်ခဲ့ကြပေ။ ထို့အပြင် စက်တင်ဘာလတွင် မိုးရွာသည်ကလည်း ပုံမှန်ပင်ဖြစ်သည်။

သူမ အတိတ်ကို ပြန်တွေးနေစဉ် ဤနှစ်၏ ပထမဆုံးမိုးက ရွာလာခဲ့လေသည်။ မိုးရေစက်များက သူမ၏ ပါးပေါ်ကျလာသောအခါ ယောင်ရန်သည် သတိပြန်ဝင်လာခဲ့လေသည်။ သူမသည် မှိုင်းညို့နေသော ကောင်းကင်ကနေ အကြည့်လွှဲပြီး ကားတစ်စီးခေါ်ကာ ကျွင်းချန်မြို့ကို သွားရန်အတွက် လေယာဉ် လက်မှတ် ဝယ်လိုက်လေသည်။

ဟိုင်ချန်မြို့နှင့် ကျွင်းချန်မြို့ ကြားရှိ အကွာအဝေးက တော်တော်လေး ဝေးပေသည်။ လေယာဉ်နှင့် ကျွင်းချန်မြို့ ကိုရောက်ရန် အချိန် သုံးနာရီကြာပေသည်။ ယောင်ရန် အဝင်ဂိတ်မှ ထွက်လာသောအခါ ဗိုက်အရမ်း ဆာနေခဲ့လေပြီ။

သူမ၏ ဖုန်းကိုကြည့်လိုက်သောအခါ အချိန်သည် နေ့လယ်သုံးနာရီရှိနေပေပြီ။ ယောင်ရန်သည် သူမ၏ ပိန်နေသောဗိုက်ကို ပွတ်သပ်ပြီး တွေးလိုက်မိလေသည်၊

*ဗိုက်က ဆာပြီပေ့ါ ။ နာရီ (၂၀) လောက်ကြာတဲ့ထိ ဘာကိုမှ မစားရသေးတာကိုး…။*

သူမက သက်ပြင်းချပြီး App ဖြင့် ကားတစ်စီးခေါ်လိုက်လေသည်။ (၁၀) မိနစ်မျှစောင့်ပြီးနောက် ယောင်ရန်သည် ကားထဲရောက်သွားပြီး လမ်းညွှန်လိုက်လေသည်၊

“ဦးလေး၊ အနီးဆုံးစားသောက်ဆိုင်ကို သွားပေးပါ…။”

ကားသမားက သူမကို နောက်ကြည့်မှန်ကနေတစ်ဆင့်ကြည့်ပြီး မေးလိုက်သည်၊

“မမလေး၊ ကျွင်းချန်မြို့ကို ပထမဆုံးအကြိမ် လာတာလား….။”

ကားသမား၏ မေးခွန်းကိုကြားသောအခါ ယောင်ရန်၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့ သည်။ သူမသည် အရင်ဘဝကတည်းက သတိထားတတ်အောင် လေ့ကျင့်ထားသည်မို့ ကားသမားက မေးခွန်းထုတ်သည်နှင့် ယောင်ရန် သတိအနေအထားဖြစ်သွားခဲ့သည်။

သူမ မျက်လုံး ရုတ်တရက်ဖွင့်လိုက်သည်ကို မြင်သောအခါ ကားသမား ရုတ်တရက် ကြောက်သွားခဲ့ လေသည်။

သူမ၏ အေးစက်သောမျက်လုံးများနှင့် စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ သူက အောင့်သက်သက် ဖြင့်ပြုံးပြပြီးလိုက်ပြီး ရှင်းပြလိုက်လေသည်၊

“ပုံမှန်ဆိုရင် လူတွေက ဆိုင်နာမည်ကို ပြောကြတယ်။ ခရီးသွားတွေပဲ ကားသမားကို အနီးအနားနေရာ ဒါမှမဟုတ် စားသောက်ဆိုင်၊ ဟိုတယ်ရွေးပေးဖို့ ပြောကြတာလေ…။”

ယောင်ရန် ကားသမားကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးမှ သူမ၏ သတ်ဖြတ်ချင်သောစိတ်ကို ပြန်ရုပ်သိမ်းလိုက်လေသည်။ လေထုထဲမှ ပြောင်းလဲသွားသောခံစားချက်ကို ခံစားမိသော ကားသမား သည် သူ့နဖူးပေါ်ကချွေးစေးများကို ခိုးသုတ်လိုက်လေသည်။

*ဒီမိန်းကလေးက ပုံစံတော့ အပြစ်ကင်းတဲ့ပုံပေါက်ပေမယ့် သူ့မျက်လုံးတွေက ကြောက်စရာကောင်း လိုက်တာ…။*

ယောင်ရန်က သူ့အကြည့်ကြောင့် ကားသမားကို ကြောက်လန့်သွားစေခဲ့သည်ဆိုသည်ကို မသိခဲ့ပေ။ သူမ သည် မျက်လုံးများကို မှိတ်လိုက်ပြီးနောက်

“ဟုတ်ကဲ့၊ နားလည်ပါပြီ။ ဒါဆိုလည်း နာမည်ကြီးပြီး ကောင်းတဲ့စားသောက်ဆိုင်တစ်ဆိုင်ကို လိုက်ပို့ပေး ပါ….။” ဟုပြောလိုက်လေသည်။

ကားသမားက သူမကြောင့် ကြောက်နေခဲ့သည်ဖြစ်သောကြောင့် ခပ်သွက်သွက်ပင် ပြန်ဖြေလိုက်သည်၊

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့…။”

ထို့နောက် ကားသမားက လီဗာကိုနင်းလိုက်ရာ အရှိန်အမြင့်ဆုံးနီးပါး ဖြစ်သွားခဲ့သည်။ ဆယ့်ငါးမိနစ် အတွင်းမှာပင် နာမည်ကြီးစားသောက်ဆိုင်တစ်ခုရှေ့တွင် ကားကို ရပ်တန့်လိုက်သည်။

“မမလေး၊ ရောက်ပါပြီ…။”

ယောင်ရန် မျက်လုံးဖွင့်လိုက်ပြီး ၊ “ကျေးဇူးပါ…” ဟုပြောလိုက်လေသည်။

သူမ ကားတံခါးပိတ်လိုက်သည်နှင့် တပြိုင်နက် ကားသမားက လီဗာကိုနင်းလိုက်ပြီး ကားလေးသည် သူမ၏ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။

ယောင်ရန်က မျက်ခုံးအနည်းငယ် ပင့်မိသွားသော်လည်း ဗိုက်အရမ်းဆာနေပြီဖြစ်သောကြောင့် ကားသမား ဘာဖြစ်သွားလဲဆိုသည်ကို မတွေးနေတော့ဘဲ စားသောက်ဆိုင်ထဲကို လမ်းလျှောက် ဝင်လာခဲ့လိုက်တော့သည်။

မိနစ်အနည်းငယ်အကြာ၌ ယောင်ရန်သည် အမဲသားခေါက်ဆွဲတစ်ပွဲ မှာလိုက်ပြီး ဖုန်းထဲမှ တစ်စုံတစ်ခု ကို ရှာဖွေနေခဲ့လေသည်။

သူမသည် အရင်ဘဝတုန်းက ကျွင်းချန်မြို့တွင် ရေကြီးခြင်း၊ ဆိုးရွားတဲ့အအေးဒဏ်၊ ဆိုးရွားတဲ့အပူဒဏ် နှင့် ငလျင်ဒဏ်များကို ခံစားခဲ့ရပြီးသည့်နောက်မှာပင် ကောင်းမွန်သောအခြေအနေဖြင့် ကျန်ရှိသော နေရာတစ်ခုအကြောင်း ကြားခဲ့ဖူးသည်ကို မှတ်မိနေခဲ့သည်။

ဤသည်က ကျွင်းချန်မြို့သည် ဖွံ့ဖြိုးတိုး တက်သော နေရာသစ်တွင် တည်ရှိခြင်းကြောင့် ထိုအဆောက် အအုံ တွင် တိုက်ခန်းဝယ်သည့်သူ အများ ကြီးမရှိပေ။ တိုက်ခန်း၏ (၄၀) ရာခိုင်နှုန်းလောက်သာ ငှားရမ်း နေကြလေသည်။

ယောင်ရန် ခဏမျှ ရှာဖွေပြီးသည့်နောက်၌ သူမလိုချင်သည်ကို တွေ့လိုက်ပေသည်။ ကြော်ငြာ ဓာတ်ပုံ များနှင့်ရင်းနှီးသော နာမည်တစ်ခုကို တွေ့လိုက်ရသောအခါတွင် သူမ၏ မျက်လုံးများသည် တောက်ပ သွားခဲ့လေသည်။

“လင်ယွမ်တိုက်ခန်းအဆောက်အအုံ ။ ဒီနေရာပဲ ဖြစ်ရမယ်…။”

All Chapters