← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃) ဒုတိယအကြိမ် အဆင့်မြှင့်တင်ခြင်း

လင်ယွမ်တိုက်ခန်းအဆောက်အအုံ၏ မာကတ်တင်းဌာန၏ ဖုန်းနံပါတ်ကို ယောင်ရန် တွေ့သည်နှင့် တစ်ပြိုင်နက် ဖုန်းကို ချက်ချင်းခေါ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာ၌ အမျိုးသမီးတစ်ဦးက ဖုန်းကို ကိုင်လိုက်ပြီး၊

"ဟယ်လို၊ လင်ယွမ်တိုက်ခန်းအဆောက်အအုံရဲ့ မာကတ်တင်းဌာနကပါရှင်။ ဘာများကူညီပေးရမလဲ ရှင်…။"

ယောင်ရန်က..၊

"ဟယ်လို၊ ကျွန်မ အဆောင် (၃) က တိုက်ခန်းတစ်ခန်း ငှားချင်လို့ပါ…။"

"ဟုတ်ကဲ့၊ အဆောင် (၃) မှာ တိုက်ခန်းလွတ်တွေ ရှိ၊ မရှိ စစ်ဆေးပေးပါ့မယ်။ ခဏလေး စောင့်ပေးပါ ရှင်…။"

စက္ကန့် (၃၀) ခန့် အကြာတွင် ဝန်ထမ်းအမျိုးသမီးက ပြန်ဖြေလာခဲ့လေသည်၊

"ဖောက်သည်ရှင်၊ အဆောင် (၃) မှာ တိုက်ခန်းလွတ်လေးတွေ ရှိပါသေးတယ်။ ဘယ်အထပ်ကို လိုချင်ပါ သလဲရှင်…။"

မုန်တိုင်းပြီးသည့်နောက်တွင် ကမ္ဘာပေါ်က တခြားနေရာများကဲ့သို့ပင် ကျွင်းချန်မြို့ တစ်မြို့လုံး ရေကြီး ရေလျှံမှုများနှင့် ကြုံခဲ့ရသည်။ လင်ယွမ်တိုက်ခန်းအဆောက်အအုံပင် ရေက အထပ် (၁၄) ထပ်အထိ ရောက်အောင်ပင်မြင့်တက်ခဲ့လေသည်။

တစ်မြို့လုံး ရေကြီးသည့်အချိန်တွင် ရေထဲမှာ မျောနေသော အမှိုက်များ၊ အလောင်းများနှင့် အမျိုး အမည်မသိသော ပစ္စည်းများစွာတို့ကို ယောင်ရန် ပြန်သတိရလိုက်ပြီး ပြတ်ပြတ်သားသားပင် ပြော လိုက်လေသည်၊

"အပေါ်ဆုံးအထပ်ကို လိုချင်ပါတယ်…။"

ကွန်ပျူတာစာရိုက်သံ ခဏကြာပြီးနောက်မှာ ဝန်ထမ်းက မေးလိုက်လေသည်၊

"ဖောက်သည်ရှင်၊ အဆောင် (၃) ရဲ့ အပေါ်ဆုံးအထပ်မှာ တစ်ခန်းပဲ ကျန်ပါတော့တယ်။ ယူမလားရှင်…။"

"ယူပါမယ်…။"

"ဟုတ်ကဲ့၊ ကျွန်မ အဆောင် (၃) ရဲ့ အပေါ်ဆုံးအထပ်က နောက်ဆုံးတစ်ခန်းကို မစ်စ်အတွက် ကြိုတင် စာရင်းသွင်းထားလိုက်ပါပြီ။ ညနေ ( ၆ )နာရီမတိုင်ခင် မာကတ်တင်းဌာနကို လာရောက် နိုင်ပါတယ်။ ဖောက်သည်ရဲ့ နာမည်လေး သိပါရစေရှင်…။"

"ကျွန်မနာမည် ယောင်ရန် ပါ…။"

"ဟုတ်ကဲ့ မစ်စ်ယောင်၊ လာရောက်လည်ပတ်တာကို စောင့်မျှော်နေပါ့မယ်…။"

ဖုန်းချပြီးနောက် ယောင်ရန်သည် နေ့လယ်စာကို အမြန်စားပြီး လင်ယွမ်တိုက်ခန်း၏ မာကတ်တင်းဌာန ရှိရာရုံးခန်းသို့ မြေအောက်ရထားဖြင့် သွားခဲ့လိုက်သည်။ လင်ယွမ်တိုက်ခန်းအဆောက်အအုံသည် ကျွင်းချန်မြို့ ၏ ဆင်ခြေဖုံးတွင်ရှိသည်မို့ ယောင်ရန်သည် ရုံးကိုရောက်ရန်အတွက် မြေအောက်ရထား နှစ်ဆင့်ပြောင်းစီးခဲ့ရလေသည်။

ယောင်ရန် ရုံးခန်းထဲသို့ ဝင်လာသည်ကိုမြင်သောအခါ စားပွဲခုံနောက်မှာ ထိုင်နေသည့် အသက်(၂၀) အရွယ် အမျိုးသမီးတစ်ဦးက ထရပ်လိုက်လေသည်။ ယောင်ရန်ဆီ လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းရင်း ပြုံးပြလိုက်လေ၏၊

"မစ်စ်ယောင်လားမသိဘူး…။"

ယောင်ရန်က သူမလက်ကို လှမ်းကိုင်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်ပါတယ်…။"

အမျိုးသမီးက ယောင်ရန်အားမေးလိုက်လေသည်၊

"အဆောက်အအုံပုံစံကို အရင်ကြည့်ချင်သေးလားမစ္စ…။"

"မကြည့်တော့ပါဘူး။ တိုက်ခန်းကိုပဲ အရင်ကြည့်ချင်ပါတယ်…။"

အမျိုးသမီး၏ မျက်လုံးများ အရောင်တောက်သွားပြီး စာရွက်စာတမ်းများကို သွားယူလိုက်လေသည်။ ထို့နောက် ယောင်ရန်ဆီ ပြန်လာပြီး ပြောလိုက်လေသည်၊

"ဒါဆို ကျွန်မ လိုက်ပို့ပေးပါ့မယ်…။"

လမ်းတစ်လျှောက်လုံးတွင် အမျိုးသမီးက ယောင်ရန်ကို ဤနေရာ၏ ပတ်ဝန်းကျင်အကြောင်း မိတ်ဆက်ပေးနေပြီး လင်ယွမ်တိုက်ခန်းအဆောက်အအုံမှာ နေထိုင်ရခြင်း၏ အကျိုးကျေးဇူးများကို လည်း ပြောပြခဲ့လေသည်။ အထပ် (၂၀) သို့ ဓာတ်လှေကားနှင့် တက်ပြီး ရောက်သည့်အချိန်မှာတော့ လင်ယွမ် တိုက်ခန်းအဆောက်အအုံ အကြောင်း အစအဆုံးကို ယောင်ရန် သိရှိပြီးသွားခဲ့လေသည်။

အမျိုးသမီးက လျှပ်စစ်သော့ကဒ်ဖြင့် တံခါးကို ဖွင့်လိုက်လေသည်။ သူမက အထဲဝင်သွားပြီး ရှင်းပြ လိုက်လေသည်၊

"မြင်တဲ့အတိုင်းပဲ၊ အပေါ်ဆုံးအထပ်က အကောင်းဆုံးရှုခင်းကို ပိုင်ဆိုင်ထားပြီး ဒီအထပ်မှာ တိုက်ခန်း သုံးခန်းပဲ ရှိပါတယ်။ အောက်ထပ်တွေနဲ့မတူတာကတော့ အပေါ်ဆုံးအထပ်မှာ ခေါင်မိုးထပ်ကိုပါ သုံးစွဲ ခွင့် ရှိပါတယ်…။"

ယောင်ရန်က တိုက်ခန်းအတွင်းကို လိုက်ကြည့်ပြီးနောက် မေးလိုက်သည်၊

"တစ်လငှားရမ်းခက ဘယ်လောက်လဲ…။"

အမျိုးသမီးက ပြုံးပြီး ပြန်ဖြေလိုက်လေသည်။

"တစ်လကို ယွမ် (၁၀,၀၀၀) ပါ…။"

ထိုစကားကိုကြားသောအခါ ယောင်ရန် အံ့အားသင့်သွားပြီး စဉ်းစားလိုက်မိလေသည် ၊

*သဘာဝဘေးအန္တရာယ်တွေ ကမ္ဘာကို ရိုက်ခတ်လာတဲ့အခါ တိုက်ခန်းရဲ့ (၄၀) ရာခိုင်နှုန်းပဲ ငှားရမ်းနိုင် တာ ဒါကြောင့်ကိုး။ ဒီစျေးနှုန်းနဲ့ဆိုရင် ဒီနေရာမှာ တိုက်ခန်းငှားနိုင်တဲ့သူ မများဘူး။ ဝယ်ဖို့ဆို ပိုလို့တောင် မတတ်နိုင်သေးတယ်…။*

ယောင်ရန် စဉ်းစားနေသည်ကိုမြင်တော့ အမျိုးသမီးက ပြုံးပြီး ရပ်နေခဲ့သည်။ ခဏတာ တိတ်ဆိတ်မှု အပြီး၌ ယောင်ရန်က အမျိုးသမီးကို ကြည့်ပြီး ပြတ်သားစွာပင်ပြောလိုက်လေသည်၊

"ဒီတိုက်ခန်းကို ကျွန်မ ယူပါမယ်…။"

ယောင်ရန်၏စကားကိုကြားတော့ အမျိုးသမီးရဲ့ မျက်လုံးများ တောက်ပသွားခဲ့လေသည်။ ဒီတိုက်ခန်းကို ငှားရမ်းလိုက်သည်နှင့် သူမ ဒီလအတွက် ဘောနပ်စ်ရတော့မည်ဖြစ်သည်။ အမျိုးသမီးက ကြိုတင် ပြင်ဆင်ထားခဲ့သော စာရွက်စာတမ်းများကို ထုတ်လိုက်လေသည်။

"မစ်စ်ယောင် ဆုံးဖြတ်ပြီးပြီဆိုတော့ အမြန်ဆုံး အစီအစဉ်တွေ ဆောင်ရွက်ပြီး စာချုပ်ချုပ်ရအောင်ပါ။ မစ်စ်ယောင်၊ ထိုင်ပါဦးရှင်…။"

ယောင်ရန်နှင့် အမျိုးသမီးတို့သည် ထမင်းစားပွဲဝိုင်းမှာ ထိုင်လိုက်ကြလေသည်။ တစ်လငှားရမ်းခက တခြားနေရာများ၏ ပျမ်းမျှလစဉ်ငှားရမ်းခထက် ငါးဆခန့် ပိုများသော်လည်း ဤတိုက်ခန်းသည် ပရိဘောဂအစုံအလင်ပါဝင်ပြီး သန့်ရှင်းသပ်ရပ်မှုရှိပေသည်။

စာချုပ်တွင် လက်မှတ်ထိုးပြီးသည့်နောက် အမျိုးသမီးက ခေါင်မိုးထပ်သော့ကို ယောင်ရန်ဆီ ပေး လိုက်ပြီး ပြောလိုက်လေသည်၊

"မစ်စ်ယောင်၊ ကျွန်မတို့မှာ ဒီအခန်းကို ဖွင့်ဖို့ သော့မရှိပါဘူး။ မစ်စ်က လျှို့ဝှက်နံပါတ်ပဲ ပြောင်းလိုက်ဖို့ လိုအပ်ပါတယ်။ မစ်စ်ကလွဲလို့ တခြားဘယ်သူမှ ဒီအခန်းကို ဖွင့်နိုင်မှာ မဟုတ်ပါဘူး…။"

ယောင်ရန်က သော့ကိုယူပြီး ခေါင်းညိတ်ကာ အမျိုးသမီးကို လိုက်ပို့ပေးလိုက်လေသည်။ မထွက်ခွာခင် ၌ အမျိုးသမီးက ထပ်မံလောကွတ်ပြုလိုက်လေသည်၊

"တခြားလိုအပ်တာများရှိရင် ကျွန်မတို့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်…။"

"ကျေးဇူးတင်ပါတယ်…။"

အမျိုးသမီး ထွက်သွားပြီးနောက် ယောင်ရန်ဟာ အခန်းတံခါး၏ လျှို့ဝှက်နံပါတ်ကို ပြောင်းပြီး ရေချိုး လိုက်လေသည်။ ထို့နောက် အိပ်ရာခင်းကို ပြောင်း၊ ဆံပင်အခြောက်ခံကာ အိပ်ရာထဲ ဝင်လိုက်သည်။ သူမ၏ ခေါင်းသည် ခေါင်းအုံးနဲ့ ထိလိုက်သည်နှင့် သူမ ချက်ချင်းပဲ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မှာတော့ ယောင်ရန်သည် လန်းဆန်းစွာ နိုးလာခဲ့သည်။ အလျင်အမြန် ရေမိုးချိုးပြီးနောက် ထမင်းစားပွဲဝိုင်းတွင် ထိုင်ရင်း ပဲနို့တစ်ခွက်၊ အကြော်စုံနှင့် ဖက်ထုပ်တစ်ပန်းကန်ကို စားလိုက်ပေသည်။ စားနေရင်းနှင့်ပင် သူမ၏ စိတ်ဝိညာဉ်ကို သူမ၏နေရာလွတ်ထဲသို့လွှတ်လိုက်သည်။

သူမသည် အခြားနိုင်ငံများကိုသွားပြီး ကုန်ပစ္စည်းများ ဝယ်ယူသိုလှောင်တုန်းက ယောင်ရန်သည် ပစ္စည်း များကို စနစ်တကျ ပြန်စီရန် အချိန်မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် ယွမ် (၂၀) ဘီလီယံကျော် ကျန်နေသေးသောကြောင့် ထောက်ပံ့ရေးပစ္စည်းများကို ပြန်စီပြီး နေရာလွတ်တွေ ဖန်တီးဖို့ လိုအပ်ပေ သည်။ သို့မှသာ ဘယ်ပစ္စည်းများကို မဝယ်ရသေးလဲဆိုသည်ကို မေ့သွားခဲ့လျင် တောင်မှ နောက်ထပ် ဝယ်ယူရန် အချိန်ရှိနေဦးမည်ဖြစ်သည်။

သူမ၏စိတ်ဝိညာဉ်က နေရာလွတ်ထဲသို့ ဝင်ရောက်လိုက်သည့်အခါမှာတော့ ယောင်ရန်သည် အံ့အား သင့် သွားခဲ့ပြီး သောက်လက်စ ပဲနို့များပင် သီးသွားခဲ့လေသည်။

သူမ မျက်တောင်အကြိမ်အနည်းငယ် ခတ်လိုက်ပြီး နှစ်ဆတိုးလာသော နေရာလွတ်ကို ကြည့်လိုက် လေသည်။ ဤတစ်ကြိမ်မှာတော့ ဧရိယာ ပိုကြီးလာခြင်းအပြင် ပစ္စည်းများရှိသော နေရာဘေးတွင် အိမ်တစ်လုံးလည်း ရှိနေခဲ့လေသည်။

ယောင်ရန်သည် အိမ်ကိုကြည့်ပြီး စဉ်းစားမိလိုက်သည်၊

*ကမ္ဘာပျက်ပြီးနောက်မှာ ကမ္ဘာပေါ်က ဘယ်နေရာမှ မလုံခြုံတော့ဘူး။ ဒီနယ်မြေထဲကို ဝင်ပြီး နေနိုင် မယ်ဆိုရင် သိပ်ကောင်းမှာပဲ…။*

ထိုအတွေးသည် သူမ၏စိတ်ထဲ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယောင်ရန်၏ ခေါင်းထဲ မူးဝေလာပြီး မျက်လုံးများကို မှိတ်လိုက်မိသည်။ နောက်စက္ကန့်မှာပင် သူမသည် ကြမ်းပြင်ပေါ် လဲကျသွားပြီး သူမ၏ တင်ပါးများက နာကျင်မှုကို ခံစားလိုက်ရလေသည်။

ယောင်ရန် က သူ့တင်ပါးကို ပွတ်သပ်ရင်း နာကျင်စွာ ညည်းတွားလိုက်မိသည်။

"အား...ကျွတ်…ကျွတ်… နာလိုက်တာ…။"

အခန်း (၂၄) မထင်မှတ်သော အံ့အားသင့်စရာ

သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ယောင်ရန်သည် နူးညံ့သော မြက်ခင်းပြင်ပေါ်တွင် ထိုင်နေမိ သည်ကို သတိထားမိလိုက်လေသည်။

သူမ၏ အရှေ့တွင်တော့ ခုနကမှ သူမ၏ နေရာလွတ်ထဲ၌ မြင်ခဲ့ရသော အိမ်လေးတစ်လုံးရှိနေခဲ့သည်။ သူမ အောက်ကို ငုံ့ကြည့်လိုက်သောအခါ သူမ၏ဘယ်ဘက်လက်ထဲ၌ တစ်ဝက်တစ်ပျက် စားလက်စ အကြော်တစ်ခုကို ကိုင်ထားလျက်သားရှိနေခဲ့သည်။

"ဒါ... ငါ့ရဲ့ ကိုယ်ပိုင်နေရာလွတ်ထဲကို ရောက်နေတာပဲ….။"

ဘယ်နေရာကို ရောက်နေမှန်း သိလိုက်သည်နဲ့ ယောင်ရန်၏ နှလုံးခုန်နှုန်းက မြန်ဆန်လာခဲ့သည်။ စိတ် လှုပ်ရှားစွာဖြင့် ချက်ချင်းထရပ်ပြီး နေရာလွတ်၏ အနှံ့အပြားကို အံ့အားသင့်စွာ လိုက်ကြည့်နေမိသည်။ အရာအားလုံးကို သေချာစစ်ဆေးပြီးနောက် အိမ်လေးဆီကို ပြန်လျှောက်လာခဲ့လေသည်။

စိတ်တည်ငြိမ်သွားသောအခါ ယောင်ရန်သည် အိမ်လေးထဲကို ဝင်ကြည့်လိုက်သည်။ အိမ်မှာ အရှေ့ တံခါးနှင့် ပရိဘောဂများ မရှိပေ။ အပေါ်ကို မော့ကြည့်လိုက်သောအခါ မျက်နှာကျက်ရှိ မီးသီးများမှ အလင်း ရောင်များ တောက်ပနေသည်ကို တွေ့လိုက်ရလေသည်။

ဧည့်ခန်းသည် စတုရန်းမီတာ (၁၀၀) လောက် ကျယ်ပြီး၊ ကြမ်းပြင်ကနေ မျက်နှာကျက်အထိ (၄) မီတာ လောက်မြင့်ပေသည်။ ကြီးမားပြီး ကြမ်းပြင်ကနေ မျက်နှာကျက်အထိရှိသော မှန်ပြတင်းပေါက်ကြီး များ၏ အပြင်ဘက်၌ ကျယ်ဝန်းသော လသာဆောင်တစ်ခုလည်း ရှိပေသည်။

ဧည့်ခန်းအပြင် စတုရန်းမီတာ (၃၀) လောက်ရှိသော ရေချိုးခန်းတစ်ခုလည်း ပါဝင်ပြီး အိမ်သာ၊ ရေချိုး ကန်၊ ရေပန်းများနှင့် အပြည့်အစုံပင်။ ရေပိုက်ခေါင်းကို ဖွင့်လိုက်တော့ သန့်ရှင်းသောရေများ ကျ လာခဲ့ သည်။

အိမ်ကို သေချာကြည့်ရှုပြီးနောက် ယောင်ရန်သည် ဧည့်ခန်းထဲ၌ လေထဲတွင် ရပ်တန့်လျက်ရှိသော အချိန်မှတ်နာရီတစ်ခုကို သတိထားမိလိုက်လေသည်။

[(၁၁) နာရီ၊( ၂၇) မိနစ်နဲ့ (၄၀) စက္ကန့်။]

စက္ကန့်များက ပြောင်းပြန် ရေတွက်နေသည်ကိုမြင်တော့ ယောင်ရန် ခဏစဉ်းစားပြီး ရေရွတ်လိုက်သည်၊

"ငါ ဒီမှာ အချိန်ကျန်နေသေးမှပဲ နေလို့ရတာလား…။"

သူမ၏ ခန့်မှန်းချက်ကို စမ်းသပ်ရန်အတွက် နေရာလွတ်ထဲကနေ ထွက်ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ တိုက်ခန်းဧည့်ခန်းကို ပြန်ရောက်လာပြီး နေရာလွတ်ထဲကို စိတ်ဝိညာဉ်ဖြင့် ပြန်ကြည့်လိုက်သောအခါ အချိန်မှတ်နာရီသည် ရပ်တန့်နေသည်ကို တွေ့လိုက်ရပေသည်။

သူမ၏ ခန့်မှန်းချက် မှန်ကန်ခဲ့သောကြောင့် ယောင်ရန် ပြုံးလိုက်ပြီး စိတ်ထဲမှ၊

*ဒါ တကယ့်ကို မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာပဲ။ ဒီနယ်မြေနဲ့ဆိုရင် နောင်လာမယ့် ဘေးအန္တရာယ် တွေကို ရင်ဆိုင်နိုင်ပြီး ရှင်သန်နိုင်မှာ သေချာတယ်…။*

ဤသို့တွေးပြီးနောက် ယောင်ရန်သည် သူမ၏စိတ်ဝိညာဉ်ဖြင့် ထောက်ပံ့ရေးပစ္စည်းများကို ဆက်လက် နေရာချနေခဲ့လိုက်သည်။ အလုပ်ပြီးသွားသည့်အခါ စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်။

"ထူးဆန်းလိုက်တာ...၊ လန်ကွမ်းဟွေ့ ရဲ့ ဗီလာကနေ ငါ ယူလာခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ ဘယ်ရောက် သွားတာလဲ…။"

အချိန်အတော်ကြာသည်အထိ ရှာဖွေခဲ့သော်လည်း ရှေးဟောင်းပစ္စည်းများကို ရှာမတွေ့သောကြောင့် သူမသည် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေခဲ့လေသည်။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူမ၏ မျက်လုံးတွေထဲတွင် သဘောပေါက်သွားသော အရိပ်အယောင်များ လင်းလက်လာခဲ့ပေသည်။

"အဘိုးရဲ့ စုဆောင်းမှုတွေ…။"

ယောင်ရန်သည် သူမ၏စိတ်ဝိညာဉ်ကို နေရာလွတ်ထဲသို့ အမြန်ပို့ပြီး ဟိုင်ချန်မြို့ ရှိ ဘဏ္ဍာတိုက်ကနေ ယူလာခဲ့သော သေတ္တာများကို ဖွင့်ကြည့်လိုက်လေသည်။ မိနစ်အနည်းငယ်ကြာသောအခါ အလွတ်ဖြစ် နေခဲ့သော သေတ္တာများကို တွေဝေစွာ ကြည့်နေလိုက်မိသည်။

"ငါ့ရဲ့ နေရာလွတ်က ရုတ်တရက်ပြောင်းလဲသွားတာ ဒါကြောင့်ကိုး။ ရှေးဟောင်းပစ္စည်းတွေကို မြိုချ လိုက်တော့ နေရာလွတ်က အဆင့်မြှင့်တင်သွားတာပဲ…။"

သူမ၏နေရာလွတ်ကို အဆင့်မြှင့်တင်ရန် နည်းလမ်းကို ရှာတွေ့သွားသည့်နောက် ယောင်ရန် သည် လက်သီးဆုပ်ပြီး ရယ်လိုက်သည်။ ဘုရားသခင်က သူ့ကို သနားပြီး ရှင်သန်နိုင်မယ့် လမ်းကြောင်းကို ပေးခဲ့ပုံရပေသည်။

ယောင်ရန်သည် သူမ၏စိတ်ဝိညာဉ်ကို နေရာလွတ်ထဲကနေ ထုတ်လိုက်ပြီး ပန်းကန်များကို စတင် ဆေး ကြောလိုက်သည်။ အလုပ်များပြီးသောအခါ တိုက်ခန်းကနေ ထွက်လာခဲ့လိုက်လေသည်။ ဤနေရာတွင် အနည်းဆုံး တစ်နှစ်နေရန် စီစဉ်ထားခြင်းကြောင့် တိုက်ခန်းလုံခြုံရေးကို တိုးမြှင့်ရန် ဆုံးဖြတ်လိုက်ပေ သည်။

လူတွေက ဆာလောင်ပြီး စိတ်ဓာတ်ကျလာတဲ့အခါ ဘာမဆိုလုပ်နိုင်ပေ၏။ ယောင်ရန်သည် အကြောင်း ပြချက်မရှိပဲသော ၊ ကိုယ်ကျင့်တရား ကင်းမဲ့သွားသော လူများနှင့် ရင်ဆိုင်ရခြင်းသည် အဘယ်မျှ ကြောက်စရာကောင်းလဲဆိုသည်ကို ကြုံခဲ့ရသော အတွေ့ကြုံများအရ သိခဲ့ပြီးဖြစ်လေသည်။ ဤတစ် ကြိမ်မှာတော့ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ထပ်မကြုံချင်တော့ပေ။

တိုက်ခန်းမှ ထွက်လာခဲ့ပြီးနောက် ယောင်ရန်သည် ကားအရောင်းပြခန်းကို အရင်ဆုံးသွားခဲ့လိုက်သည်။ သူမ၏ နေရာလွတ်ထဲတွင် စစ်တပ်သုံးယာဉ်တွေ အများကြီးရှိပေသော်လည်း ယခုအချိန်တွင် ထိုအရာ များကို ပေါ်ပေါ်တင်တင် မသုံးနိုင်သေးပေ။ ထို့ကြောင့် လတ်တလော အသုံးပြုရန်အတွက် ကားအနည်း ငယ် ထပ်ဝယ်ဖို့ လိုသည်ဟု စဉ်းစားမိလိုက်လေသည်။

အများပြည်သူသုံး လျှပ်စစ်စက်ဘီးတစ်စီး ငှားပြီး ယောင်ရန်သည် အနီးဆုံး ကားအရောင်းပြခန်းဆီ လာခဲ့လိုက်သည်။ သတ်မှတ်ထားသောနေရာမှာ စက်ဘီးကို ပြန်ထားပြီး ကားအရောင်းပြခန်းဆီကို မိနစ်အနည်းငယ်လောက် ထပ်လျှောက်သွားခဲ့ရလေသည်။

အဆောက်အအုံထဲကို ဝင်လိုက်သည်နဲ့ အရောင်းဝန်ထမ်းတစ်ဦးက ပြုံးပြီး သူမဆီ ချဉ်းကပ်လာခဲ့သည်။

"ကြိုဆိုပါတယ် မစ်စ်…။"

ယောင်ရန်က ခေါင်းညိတ်ပြလိုက်ပြီး အရောင်းဝန်ထမ်းက စတင်မိတ်ဆက်လိုက်သည်၊

"ကျွန်တော်တို့မှာ နောက်ဆုံးပေါ်ကားမော်ဒယ်တွေအတွက် အရောင်းမြှင့်တင်ရေး အစီအစဉ် ရှိပါတယ်။ ကြည့်ချင်ပါသလားခင်ဗျ…။"

ယောင်ရန် ခေါင်းထပ်မံညိတ်ပြသောအခါ ထိုဝန်ထမ်းက သူမကို ကားတွေပြရန် ခေါ်သွားခဲ့လေသည်။ ဝန်ထမ်း၏ ရှင်းပြသည်များကို နားထောင်ပြီးနောက် သူမက ဟမ်းမား ၊ အက်စ်ယူဗီ၊ မီနီဗန်၊ ထရပ်ကား အသေး၊ မီနီဘတ်စ် နှင့် အော့ဖ်ရုတ် ယာဉ်သုံးစီးတို့ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

ငွေပေးချေပြီးနောက် မနက်ဖြန်တွင် ကားများ လာပို့ပေးရန် မှာကြားပြီးနောက် ယောင်ရန်သည် သူမ၏ ထရပ်ကားလေးကို မောင်းပြီး ကားအရောင်းပြခန်းမှ ထွက်ခွာလာခဲ့ပေသည်။

မြေအောက်ကားပါကင်ကနေ မောင်းထွက်လာပြီးနောက် လမ်းတစ်ဖက်ရှိ စက်ဘီးဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။ ကမ္ဘာပျက်ကပ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ လမ်းအခြေအနေများကို တွေးမိပြီး စက်ဘီးဆိုင်ဘက်ကို ဦးတည်လိုက်လေသည်။

ဆိုင်အတွင်းလှည့်ပတ် ကြည့်ပြီးနောက် သူမသည် တောင်တက်စက်ဘီး အစီး (၃၀)၊ သုံးဘီးဆိုင်ကယ် (၁၀) စီး၊ လျှပ်စစ်စက်ဘီး အစီး (၂၀) နှင့် သူမ၏သက်တမ်းတစ်လျှောက်လုံး အသုံးပြုဖို့ရန်အတွက် လုံလောက်သော အပိုပစ္စည်းများကို ဝယ်ရန် ဆုံးဖြတ်လိုက်လေသည်။

ဟိုင်ချန်မြို့ နှင့် မတူဘဲ ကျွင်းချန်မြို့ ၏ စီးပွားရေးသည် စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းအပေါ် အခြေခံထားခြင်းစကြောင့် တိုင်းပြည်၏ တခြားမြို့များနှင့် ယှဉ်မည်ဆိုပါက ကျွင်းချန်မြို့ မှာ စက်ရုံတွေ အများကြီးရှိပေသည်။

စာရင်းကို စစ်ဆေးပြီးတော့ ယောင်ရန်သည် ဟိုင်ချန်မြို့ တွင် ပစ္စည်းအနည်းငယ် ဝယ်ဖို့ မေ့ခဲ့သည်ကို သတိရသွားပြီး ဤနေရာမှာပဲ ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

သူမသည် ထရပ်ကားလေးကို အကြီးဆုံးသော ခရီးသွားပစ္စည်းအရောင်းဆိုင်ကို မောင်းလာခဲ့လိုက် သည် ။ မကြာခင်မှာပင် သူမသည် ဆိုင်ထဲဝင်ပြီး ကောင်တာဆီကို သွားလိုက်သည်။ ကောင်တာနောက် မှ ဝန်ထမ်းက ပြုံးပြီးကြိုဆိုလိုက်လေသည်၊

"ကြိုဆိုပါတယ် မစ်စ်၊ ဘာများကူညီပေးရမလဲ…။"

ယောင်ရန်သည် ခဏလောက် စင်များကို ကြည့်ပြီး သူမလိုချင်သည်များကို ရွတ်ပြလိုက်လေသည်၊

"ငလျင်နဲ့ မီးဘေးအရေးပေါ်ပစ္စည်း၊ တဲ၊ မီးသတ်ပုဆိန်၊ တောင်တက်ကြိုး၊ မှန်ပြောင်း၊ ရေဒီယို၊ ပမာဏ များတဲ့ နေရောင်ခြည်စွမ်းအင်သုံးဘက်ထရီနဲ့ ပမာဏများတဲ့ နေရောင်ခြည်စွမ်းအင်သုံး အားသွင်း ကိရိယာတွေ ဝယ်ချင်ပါတယ်…။"

အမျိုးသားက ခေါင်းညိတ်ပြီး မေးလိုက်လေသည်။

"ဘယ်လောက်လိုချင်ပါသလဲခင်ဗျာ…။"

သူမ ခဏစဉ်းစားပြီးနောက်၊

"ပစ္စည်းတစ်ခုစီကို အခု (၂၀) စီ၊ ပမာဏများတဲ့ နေရောင်ခြည်စွမ်းအင်သုံးဘက်ထရီ (၂၀၀) နဲ့ ပမာဏ များတဲ့ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းကိရိယာ (၅၀) ပေးပါ…။"

ထိုစကားကိုကြားသောအခါ အမျိုးသားသည် ခဏလောက် အံ့အားသင့်သွားပြီးနောက် တောက်ပစွာ ပြုံးလိုက်လေသည်။

သူသည် ချက်ခြင်း ကောင်တာထဲကနေ ထွက်လာလိုက်ပြီး၊

"မစ်စ်က စွန့်စားရတဲ့လှုပ်ရှားမှုတွေကို အရမ်းနှစ်သက်ပုံရတယ်။ ကျွန်တော်တို့မှာ စခန်းချတာ ဒါမှ မဟုတ် တောင်တက်တဲ့အခါ အသုံးဝင်တဲ့ ပစ္စည်းတွေ အများကြီးရှိပါသေးတယ်…။"

ပြောနေရင်းဖြင့် ယောင်ရန် ကို ဆိုင်အနှံ့လိုက်ပြပြီး တိုက်ခိုက်ရေးဂျာကင်၊ အိပ်ယာအိတ်၊ ကျောက်မီး သွေးမီးဖို၊ ရေနံဆီမီးခွက် စသည်များကို စိတ်အားထက်သန်စွာဖြင့် အကြံပေးနေခဲ့သည်။

ယောင်ရန် က အမျိုးသားနောက်ကို လိုက်ရင်း မေးလိုက်သည်၊

"ဆဲလ်စီးယပ်စ် သုညအောက်၊ (၇၀) ဒါမှမဟုတ် (၈၀) ဒီဂရီအထိ အအေးဒဏ်ကို ခံနိုင်တဲ့ ပစ္စည်းမျိုး ရှိသလား…။"

All Chapters