← Chapters

မိုးခြိမ်းသံ

Vol. 24 Ch. 334

မိုးခြိမ်းသံ

Vol. 24 Ch. 334

အခန်း (၃၃၄) မိုးခြိမ်းသံ

အစီအရင်ကို မည်သို့အသုံးပြုရမည်ကို လုန်ယွိအား သင်ပေးပြီးနောက် ကျန်းလန် ကျောက်စိမ်းရေကန်မှ ပြန်သွားလေသည်။

ကျန်ရှိသည့်အချိန်များတွင် လုန်ယွိအနေဖြင့် အစီအရင်နှင့်အသားကျစေရန် အကောင်းဆုံးအခြေအနေသို့ ချိန်ညှိနိုင်မည် ဖြစ်သည်။

အများဆုံး အချိန် (၅)နှစ်အတွင်း လုန်ယွိသည် မိုးကောင်းကင်စမ်းသပ်ခြင်းကို ရင်ဆိုင်ရပေမည်။

လက်ရှိတွင် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်သည်မှာ (၄၅၅)နှစ် ရှိပြီ ဖြစ်လေရာ နောက်ထပ် (၁၂၅)နှစ်ကြာသည့်အခါ အများအမြင်တွင် သူက အင်မော်တယ်အဖြစ် အဆင့်တက်ရမည် ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအရှိန်က အတော်လေး လျှင်မြန်သည်ဟု ဆိုနိုင်သည်။

နဝမတောင်ထွတ်သို့ ပြန်လာသည့်အခါ ခြံဝင်းထဲတွင် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို တွေ့လိုက်ရသည်။ အတော်လေး အားနည်းနေကြဟန်ရှိသော်လည်း အသက်ရှင်သန်နေဆဲ ဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင် သူတို့က အတော်လေး အသက်ပြင်းကြသည်။

သူတို့ကို ဝိညာဉ်ဆေးရည်များ လောင်းပေးပြီးနောက် ကျန်းလန်က နဝမတောင်ထွတ်မှ မြက်ပင်များနှင့် အမှိုက်များကို ရှင်းလင်းရန် စီစဉ်လိုက်သည်။

နှစ်ပေါင်း (၂၀) ပစ်ထားမိလေရာ တောင်ပေါ်လမ်းတစ်ခုလုံး ချုံပင် မြက်ပင်များ ဖုံးလွှမ်းလျက် ရှိသည်။ ရင်ပြင်တစ်ခုလုံးမှာလည်း သစ်ရွက်ကြွေများနှင့် ပြည့်နက်လျှက်ရှိ၏။

သူမရှိလျှင် နဝမတောင်ထွတ်သည် ဤသို့နှယ်ပင် ဖြစ်သည်။

သူတောင်ပေါ်ရောက်စကတော့ နဝမတောင်ထွတ်က ရှင်းလင်းနေခဲ့သည်။ သူ မရောက်မီအချိန်က တောင်ပေါ်တွင် သန့်ရှင်းရေးလုပ်သူမှာ ဆရာဖြစ်သူသာလျှင် ဖြစ်ပေလိမ့်မည်။

သူ ရောက်လာသည့်အခါမှာတော့ ဆရာဖြစ်သူက တစ်ချက်လေးပင် မလှုပ်တော့ပေ။

သူ မည်မျှပင်အချိန်ကြာကြာ တံခါးပိတ်ကျင့်ကြံနေပါစေ ဆရာဖြစ်သူက သန့်ရှင်းရေးလုပ်ရန်တာဝန်ကို သူ့အတွက်သာ ချန်ထားလေ့ ရှိသည်။ ဤသည်က သူ့တာဝန်ပင်ဖြစ်သည် မဟုတ်ပါလား။

ထို့နောက် ကျန်းလန် သန့်ရှင်းရေးစတင်လုပ်လိုက်သည်။

လုန်ယွိကတော့ အင်မော်တယ်အဆင့်တက်ရန် အချိန်သိပ်မလိုတော့ပေ။

မိုးကောင်းကင်စမ်းသပ်ခံရခြင်းကိုရင်ဆိုင်သည့်အခါ မည်သူမှ ချောချောမွေ့မွေ့ မရှိနိုင်ပေ။ အားထုတ်မှုအပြည့်ဖြင့် ရင်ဆိုင်ကြရစမြဲပင် ဖြစ်သည်။

ထိုအချိန်…

သူနေထိုင်ရာခြံဝင်းဆီသို့ အပြေးအလွှားရောက်လာသည့် အဋ္ဌမမင်းသားကို တွေ့လိုက်ရသည်။

“ယောက်ဖ ၊ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီလား"

လုန်မန်က ကျန်းလန်ကို တအံ့တသြဖြင့် ကြည့်ရင်း ဆိုသည်။

အဋ္ဌမမင်းသား၏ ကျင့်ကြံခြင်းအဆင့်မှာ အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းက လျှင်မြန်စွာပင် မြင့်တက်လာခဲ့သလို အသက်လည်း ကြီးလာခဲ့ပြီ ဖြစ်သည်။

သူ အဋ္ဌမမင်းသားကို ကယ်တင်ခဲ့စဉ်က သူက အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်မျှသာ ရှိသေးသည်။ ယခု သူက မိုးကောင်းကင်အင်မော်တယ် အလယ်ဆင့်သို့ ရောက်ရှိတော့မည် ဖြစ်၏။

အဋ္ဌမမင်းသားကတော့ အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

ယှဉ်ကြည့်မည်ဆိုလျှင် အတော်လေး အဆင့်ကွာခြားသည်ဟု ဆိုနိုင်သည်။

မွေးရာပါအင်မော်တယ်တစ်ပါးထက်ပင် များစွာသာလွန်နေလေရာ မာန်တက်တတ်သူတစ်ယောက်သာဆိုလျှင် ပြဿနာများ လွယ်လွယ် ဖြစ်ပေါ်လာနိုင်သည်။

ကံကောင်းစွာဖြင့် ကျန်းလန်သည် သူ၏ စိတ်သဘောထားကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့သောကြောင့် ပြဿနားဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။ လူတစ်ယောက်သည် စိတ်မတည်ငြိမ်ပါက ပြဿနာရှိနိုင်လေသည်။

ကျန်းလန်က သန့်ရှင်းရေးလုပ်နေရင်း…

"ကျုပ် ကျောက်စိမ်းရေကန်က ပြန်လာတာ"

အဋ္ဌမမင်းသားက သူ့ကို ကူညီပြီး သန့်ရှင်းရေး လုပ်ပေးသည်။

"ကျုပ်က သားရဲဥလေးနဲ့ ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်လောင်းပေးမလို့ ရောက်လာတာ ၊ ဒါနဲ့ အစ်မက မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရင်ဆိုင်ရမယ်ဆို"

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"နောက် လေးငါးနှစ်ဆိုရင် သူ ရင်ဆိုင်ရတော့မယ်"

ထို့နောက် သူက မြက်များကို ရှင်းလင်းရင်း ဆက်ပြောသည်။

"ဒီနှစ်တွေအတွင်း မမျှော်လင့်တဲ့ ပြဿနာတွေ ဖြစ်မလာဘူးဆိုရင် သူ မိုးကောင်းကင်စမ်းသပ်ခံရတာ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး"

အဋ္ဌမမင်းသားက မြက်ပင်အချို့ကို ဆွဲနှုတ်လိုက်ရင်း…

"ယောက်ဖ ၊ တကယ်လို့ ဒီကိစ္စကို ကျုပ်သာ လျှောက်ပြောလိုက်ရင် မမျှော်လင့်တဲ့ပြဿနာတွေ ဖြစ်လာနိုင်သလား"

သူက ဆက်ပြောသည်။

"လွန်ခဲ့တဲ့နှစ်အနည်ငယ်လောက်က အမေလည်း အဲဒီလိုပဲ ပြောခဲ့ဖူးတယ် ၊ အမေပြောတာ မမျှော်လင့်တဲ့ပြဿနာတွေ ဖြစ်မလာဘူးဆိုရင် ကျုပ်ကို ပြန်ခေါ်သွားမယ်တဲ့ ၊ ပြီးလည်းပြီးရော မတော်တဆမှုက ထဖြစ်တာပဲ”

ကျန်းလန် : “……”

အဋ္ဌမမင်းသားနှင့် လုန်ရဲ့တို့ ခွန်လွန်တောင်ရောက်နေသည်မှာ ကြာပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း (၂၅၀)ခန့် သူနှင့်လုန်မန် ပထမဆုံးစတွေ့စဉ်က အဋ္ဌမမင်းသားက အသက် (၂၀) သာ ရှိသေးသည်။

ယခု အဋ္ဌမမင်းသား ခွန်လွန်တောင်တွင် နေထိုင်သည်မှာ နှစ်ပေါင်း (၁၅၀) ကျော်ခဲ့ပေပြီ။ ငယ်စဉ်ကပင် ခွန်လွန်တောင်တွင် အကျယ်ချုပ်ကျခံခဲ့ရသည်ဟု ယူဆနိုင်သည်။

သို့သော် သူ့ဘဝက မဆိုးလှပေ။ မည်သည့်ကန့်သတ်ချက်မှ မရှိဘဲ သူ သွားချင်ရာသို့ သွားလာနိုင်သည်။

အဋ္ဌမမင်းသားက သူ့ထက်ပင်ပိုပြီး လွတ်လပ်သေးသည်ဟု ကျန်းလန် တွေးမိသည်။ သူက ခွန်လွန်တောင်နှင့် အနည်းငယ်ဝေးသည့်နေရာသို့ ရောက်သွားလျှင် ဧကရာဇ်ရှီးဟယ်က အာရုံခံမိမည် ဖြစ်သည်။

သို့သော် ယခုတော့ နတ်ဘုရားရာထူးကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်လေရာ အခြေအနေက ထိုမျှလောက် မဆိုးတော့ပေ။

တစ္ဆေတိုင်းပြည်၏ ယာဇ်ပူဇော်ပွဲကို တုံ့ပြန်ပေးပြီးလျှင်လည်း သူပိုင်ဆိုင်သည့် နတ်ဘုရားရာထူးကို ပိုမိုထိန်းချုပ်နိုင်ဦးမည်ဟု ထင်မှတ်ရ၏။

အဋ္ဌမမင်းသားက…

"ခွန်လွန်တောင်အပြင်ဘက်မှာ တန်ခိုးစွမ်းအားတွေ တဟုန်ထိုးတက်လာတယ်လို့ မကြာခင်က ခံစားရတယ် ၊ တစ်ယောက်ယောက်က စွမ်းအားတွေကို အများကြီး စုစည်းထားသလိုမျိုးပဲ ၊ အဲဒါက အစ်မ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်တာမှာ ထိခိုက်မှု ရှိနိုင်မလား"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

"မရှိနိုင်ပါဘူး"

ရှောင်ယွိက ကျောက်စိမ်းရေကန် နတ်ဘုရားမ ဖြစ်သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုသည်က ခွန်လွန်တောင်အတွက် မည်မျှအရေးကြီးကြောင်း သူ နားလည်သည်။ ထို့အတူ တောင်သခင်များလည်း နားလည်ကြမည်ပင်။

တစ်စုံတစ်ယောက်က လုန်ယွိ အင်မော်တယ်အဖြစ်အဆင့်တက်ရောက်ခြင်းကို နှောက်ယှက်လိုသည်ဆိုလျှင် အလွန်တရာ စွန့်စားရမည်ဖြစ်ပြီး အောင်မြင်နိုင်ခြေလည်း မရှိပေ။

အနှောက်အယှက်များ ကင်းဝေးစေရန်အတွက်လည်း လုန်ယွိက ကျောက်စိမ်းရေကန်တွင်ပင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ကျောက်စိမ်းရေကန်ဆိုသည် မိုးကောင်းကင်လျှို့ဝှက်ချက်များအားလုံးကို ဖုံးကွယ်ထားသည့် နေရာတစ်ခု ဖြစ်၏။

သို့ဖြစ်ရာ လုန်ယွိ မိုးကောင်းကင်စမ်းသပ်ခံရမည်ကို မည်သူမှ သိရှိကြမည် မဟုတ်လေရာ သူမအနေဖြင့် စမ်းသပ်ခံရခြင်းကို အန္တရယ်ကင်းစွာ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။

ကျန်းလန်က ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးတည်ရှိရာမှ ထွက်ပေါ်နေသည့် အလင်းတန်းကြီးကို လက်ညှိုးထိုးပြရင်း မေးလိုသည်။

"စကားမစပ် အဲဒါဘာလဲဆိုတာ မင်းသိလား"

ထိုအလင်းရောင်က စတင်ထွက်ပေါ်လာသည့်နေ့မှစပြီး ယနေ့တိုင် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ သို့သော် ထိုအလင်းရောင်က မည်သည့်အန္တရယ်မှလည်း မရှိပေ။

အဋ္ဌမမင်းသားက ထိုအလင်းရောင်ကို လက်ညှိုးထိုးပြရင်း…

"အဲဒီဟာက… ကျုပ်ကြားတာတော့ ပထမတောင်ထွတ်က မီးထွန်းညှိထားတာတဲ့ ၊ တောင်ထွတ်တစ်ခုချင်းစီတိုင်းက နှစ်ပေါင်း (၂၀)မှာတစ်ကြိမ် အလင်းတိုင်ကို မီးထွန်းညှိမယ်တဲ့ ၊ နောင်နှစ်ပေါင်း (၁၆၀)မှာ တောင်ထွတ်တိုင်းက မီးထွန်းညှိတာ ပြီးဆုံးသွားလိမ့်မယ် ၊ ဘာလို့ အဲဒီလိုလုပ်ရတာလဲဆိုတာကတော့ ဘယ်သူမှ မသိကြဘူး"

နှစ်ပေါင်း (၁၆၀)…။

ထိုအချိန်ဆိုလျှင် သူ ခွန်လွန်တောင်သို့ ရောက်သည်မှာ နှစ်ပေါင်း (၆၁၀) ပြည့်ပြီ ဖြစ်ပြီး အများအမြင်တွင် အင်မော်တယ်အဖြစ် အဆင့်တက်ရမည့်အချိန်သို့ ရောက်ရှိပြီ ဖြစ်သည်။

သို့ဆိုလျှင် ထိုအလင်းရောင်က သူနှင့်လုန်ယွိ မင်္ဂလာပွဲနှင့် သက်ဆိုင်နေသည်လား။

ကျန်းလန် စိတ်ထဲမှ မှန်းဆလိုက်ခြင်းသာ  ဖြစ်ပြီး မှန်သည် ၊ မှားသည် အတည်မပြုနိုင်သေးပေ။

ကျန်းလန်က သန့်ရှင်းရေးဆက်လုပ်နေပြီး အဋ္ဌမမင်းသားက ဘေးတွင်ရပ်ကာ စကားဆက်ပြောနေ၏။

ခွန်လွန်တောင်မှ ဂိုဏ်းတူအစ်ကိုအများအပြားသည် တာအိုလက်တွဲဖော်များကြောင့် တိုက်ခိုက်လေ့ရှိကြသလို သေရည်ဆိုင်မှကောင်ငယ်လေးသည်လည်း ဇာမဏီကောင်မလေးထံမှ အချစ်ကိုရရှိရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း အဋ္ဌမမင်းသားက ပြောပြသည်။

ဇာမဏီကောင်မလေးက "အလုပ်များနေသည် ၊ ကောင်လေးထံမှ ပိုကောင်းသည့်အရာများမျှော်လင့်မိသည်" စသည့်စကားများပြောဆိုကာ ငြင်းဆိုလေ့ ရှိသည်။

အဋ္ဌမမင်းသားက သူ၏လှံရှည်ကိုပင် ငှားရမ်းပြီး ကောင်ငယ်လေးကို သူ၏ မိုးကြိုးလှံသိုင်းသင်ပြပေးခဲ့၏။ သူက ကောင်ငယ်လေး မာနကြီးလာစေရန် ထိုသို့ သင်ပြပေးခြင်း ဖြစ်သည်။

သို့ပေသိ ကံမကောင်းစွာပင် အနှီကောင်ငယ်လေးက လုံးဝပြောဆိုဆုံးမ၍ မရနိုင်လောက် မွှန်နေခဲ့သည်။ ထို့ကြောင့် အဋ္ဌမမင်းသားက ကျန်းလန်ကိုယ်တိုင်လာရောက်ပြီး ကောင်လေးကို ဆိုဆုံးမစေချင်သည်။

ထို့ပြင် အဋ္ဌမမင်းသားပြောသည်မှာ အနှီကောင်ငယ်လေးသည် ကျန်းလန်ပြောသည့်အတိုင်း ကြိုးကြိုးစားစား ကျင့်ကြနေသည်ဆိုသည့်အချက် ဖြစ်၏။

သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုကတော့ မြေးဖြစ်သူ ယခုလိုကြိုးစားကျင့်ကြံနေခြင်းအတွက် အလွန်ပျော်ရွှင်နေသည်ဟု သိရသည်။

"ကြည့်ရတာ ဆိုင်ရှင်အဘိုးကလည်း အခုတော့ ဇာမဏီကောင်မလေးကို သေရည်ဆိုင်မှာ နေစေချင်နေပြီထင်တယ် ၊ အရင်ကတော့ ကောင်ငယ်လေးစိတ်ချမ်းသာပါစေတော့ဆိုပြီး အလိုလိုက်တာ ဖြစ်ပေမယ့် အခုတော့ သူလည်း ကောင်မလေးကို ဆိုင်မှာဆက်နေဖို့ မျှော်လင့်တယ်ထင်တယ်”

ကျန်းလန် တွေးလိုက်သည်။


နောက်ပိုင်းတွင် မကြာခဏအိပ်တတ်သော်လည်း ယခုတော့ တန်ခိုးစွမ်းအားများ ပိုမို မြင့်မားလာပြီ ဖြစ်၏။

ကျန်းလန်က…

"ကောင်လေးက အရွယ်မရောက်သေးဘူး မဟုတ်လား"

"ဟုတ်တယ်၊ သူက ငယ်ငယ်လေးရှိသေးတယ် ၊ သူက ချုန်ချီသားရဲမျိုးဗီဇဖြစ်ပေမယ့် လူသားအသွင်ယူထားတာကို ကျုပ်အတော်လေး အံ့သြနေတာ ၊ ဒီအတိုင်းဆိုရင် သူ ကြီးပြင်းလာနိုင်မှာ မဟုတ်ဘူး ၊ ကျုပ်တို့နဂါးတွေဆိုရင် အသက်ကြီးလာကြတယ်ဗျာ ၊ ပြီးရင်တန်ခိုးစွမ်းအားတွေလည်း မြင့်မားလာကြတယ် ၊ ဒါပေမဲ့ သူကတော့ အဲဒီလို မဟုတ်ဘူး ၊ ဆယ်စုနှစ်တွေဒီလောက်ကြာအောင် ကျုပ် စောင့်ကြည့်လာတာ သူက အရပ်လေးနည်းနည်းတောင် ရှည်မလာဘူး”

အဋ္ဌမမင်းသားသည်လည်း ပဟေဠိဖြစ်လျှက် ရှိသည်။

ကျန်းလန်လည်း နားလည်နိုင်ခြင်း မရှိပေ။

အချိန်ကာလက ကောင်ငယ်လေးအပေါ် သက်ရောက်မှုမရှိခြင်းလား။ သို့တည်းမဟုတ် ကောင်ငယ်လေးက အခွင့်အရေးတစ်ခု လိုအပ်နေသည်လား။

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ထူးဆန်းသည့်အရာများစွာ ရှိလေသည်။ လူတစ်ယောက် အရွယ်ရောက်လာစေရန် နည်းလမ်းပေါင်းစုံ ရှိသည်။

အချို့သူများက ကျင့်ကြံခြင်းမြင့်တက်လာလျှင် အရွယ်ရောက်လာနိုင်ပြီး အချို့ကတော့ စိတ်ခံစားချက် ပြောင်းလဲသည်နှင့် အရွယ်ရောက်ခြင်းသို့ ရောက်နိုင်ကြသည်။

အချို့ဆိုလျှင် အရွယ်ရောက်ရန်အတွက် သွေးဖြင့်ရေချိုးရန် လိုအပ်ကြသည်။

ကောင်ငယ်လေးက မည်သည့်အမျိုးအစားတွင်ပါဝင်သည်ကို သူ မသိပေ။

သာမန်လူတစ်ယောက်ဆိုလျှင် အသက် (၁၈)နှစ်ပြည့်လျှင် အရွယ်ရောက်ပြီ ဖြစ်၏။

သို့သော် ကောင်ငယ်လေးကတော့ အသက် (၁၈၀)မကပင် ရှိနေပေပြီ။

ကျန်းလန်က…

"ဟို ဇာမဏီကောင်မလေးကရော အသက်ကြီးလာသလား"

"အင်း သူလည်း အရွယ်တော့ မရောက်သေးဘူး ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က လူသားအင်မော်တယ် အောင်မြင်ထားတဲ့အဆင့် ရောက်နေပြီ ၊ အင်မော်တယ်ဖြစ်ပြီဆိုတော့ ပုံမှန်ဆိုရင် သူလည်း အရွယ်ရောက်ပြီးတဲ့သူ ဖြစ်ရတော့မှာ"

အဋ္ဌမမင်းသားက ခဏမျှစဉ်းစားပြီးမှ ဆက်ပြောသည်။

"ဒါပေမဲ့ မွေးရာပါ အရပ်ပုနေတာလားတော့ မပြောတတ်ဘူး"

ကျန်းလန် ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှ ဆက်မပြောတော့ပေ။

ကောင်ငယ်လေးတွင် အခွင့်အရေး ရှိနိုင်ပါသေးသည်။

အကယ်၍ ဇာမဏီမျိုးနွယ်တွင် နတ်ဘုရားရာထူးတစ်ခု ရရှိခြင်းမရှိပါကေ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ပိုင်ဆိုင်ထားသည့် ဇာမဏီမလေးကို ပြန်ပြီးသတိရကြမည် ဖြစ်သည်။

နတ်ဘုရားရာထူးရှိသူများက ထိုကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ဆက်သွယ်နိုင်သည်။

ခွန်လွန်တောင်တွင် ကေရာဇ်ရှီးဟယ်နှင့်ချိတ်ဆက်နေသည့် ကံကြမ္မအခွင့်ကောင်းရောင်ဝါကို ပိုင်ဆိုင်သူ ရှိမည်လားဟု ကျန်းလန် တွေးနေခဲ့သည်။

ယခုအချိန်ထိတော့ အဋ္ဌမမင်းသားမှလွဲပြီး အခြားသူကို မတွေ့မြင်ဖူးသေးပေ။

အမှန်တော့ ခွန်လွန်တောင်တွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိသူ မည်သူမှ မရှိပေ။ မတော်တဆ နတ်ဘုရားရာထူးတစ်ခု ကောက်ခါငင်ကာ ရရှိခဲ့သူက သူသာလျှင် ဖြစ်သည်။

"ဂျိမ်း…"

ရုတ်တရက် ကောင်းကင်ထက်မှ မိုးခြိမ်းသံကြီးတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျန်းလန် ခေါင်းမော့ကြည့်လိုက်သည်။ နောက်ထပ် နတ်ဘုရားရာထူးတစ်ခု ထွက်ပေါ်လာမည့် နိမိတ်လက္ခဏာပင်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် နောက်ထပ်နတ်ဘုရားရာထူးတစ်ခု ထပ်မံ ထွက်ပေါ်လာတော့မည်လား။

နတ်ဘုရားရာထူးကို ရရှိသူများက ဇာမဏီမျိုးနွယ်တွေလား ၊ သို့မဟုတ် နတ်လူသားမျိုးနွယ်တွေများလား။

All Chapters