← Chapters

ပဉ္စမမြောက်နတ်ဘုရားရာထူး

Vol. 24 Ch. 335

ပဉ္စမမြောက်နတ်ဘုရားရာထူး

Vol. 24 Ch. 335

အခန်း (၃၃၅) ပဉ္စမမြောက်နတ်ဘုရားရာထူး

"ဘုန်း"

"ဘုန်း"

ပေါက်ကွဲသံများက ကျယ်လောင်သည်ထက် ကျယ်လောင်လာကြောင်း ကျန်းလန် အာရုံခံမိသည်။

နတ်ဘုရားရာထူးတစ်ခု ထွက်ပေါ်လာတော့မည် ဖြစ်၏။

နဂါးမျိုးနွယ်မှ အထွတ်ထိပ်ချန်ယွမ်နဂါမင်း ထွက်ပေါ်လာစဉ်က အချိန်အတန်ကြာနှောင့်နှေးခဲ့လေသည်။ ယခုတစ်ကြိမ်မှာတော့ နှောင့်နှေးခြင်း မရှိတော့ပေ။

ထိုအချိန် အဆုံးမရှိသည့် ကောင်းကင်ထက်တွင် ကြယ်တစ်စင်းထွန်းလင်းလာတော့မည့်အလား ခံစားလိုက်ရသည်။

သူ နတ်ဘုရားရာထူးကို ရရှိသည့်အခါ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က တုံ့ပြန်ပုံနှင့် အတူတူပင် ဖြစ်သည်။

"ဘုန်း"

ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

တစ်စုံတစ်ယောက်က နတ်ဘုရားရားရာထူးတစ်ခုဖြင့် ချိတ်ဆက်မိထားပြီး ဖြစ်ပုံရသည်။ မကြာမီ နတ်ဘုရားရာထူးနာမည် ထွက်ပေါ်လာပေတော့မည်။

ကျန်းလန် ခေါင်းကို အသာငုံ့လိုက်ပြီး သူ့နံဘေးတွင် စကားပြောနေသည့် အဋ္ဌမမင်းသားကို ကြည့်လိုက်သည်။ လုန်မန်ကတော့ ဘာကိုမှ သတိထားမိဟန် မတူပေ။

ဒီလောက်ကျယ်လောင်သည့် အသံကြီးများကို သူ မကြားနိုင်ဘူးလား။

"ဒါနဲ့ စကားမစပ် ၊ ကျုပ်သိထားတာတစ်ခုရှိတယ် ၊ သိလား ယောက်ဖ”

အဋ္ဌမမင်းသားက ရုတ်တရက် စကားပြောလာသည်။

"ခွန်လွန်တောင်ပတ်ဝန်းကျင်အနီးအနားမှာ မြေအောက်နတ်ဆိုးမျိုးနွယ်တွေရှိနေတယ် သိလား ၊ သူတို့တစ်ခုခုလုပ်နေတာဖြစ်ရမယ် ၊ သူတို့အုပ်စုတွေထဲမှာ အစစ်အမှန်အင်မော်တယ်တွေတောင်ပါတယ် ၊ ကျုပ် မြို့ထဲသွားတုန်းက မတော်တဆ တွေ့ခဲ့တာ ၊ ဒီတိုင်းပဲ ဖြတ်သွားဖြတ်လာ သွားကြတာလားတော့ မသိဘူး"

မြေအောက်နတ်ဆိုးတွေလား…။

ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

မြေအောက်နတ်ဆိုးများက ခွန်လွန်တောင်နှင့်ပတ်သက်ပြီး မည်သို့ တွေးထင်ပါသနည်း။ သူတို့က ဘာဖြစ်ချင်ပါသနည်း။

ခွန်လွန်တောင်မှ တပည့်ရင်းများနှင့် ဆက်ခံသူတပည့်များကို သတ်ဖြတ်ရန်အရင်က ရောက်လာကြသည့် မြေအောက်နတ်ဆိုးများနှင့် ဆက်စပ်မှုတစ်ခုခု ရှိနေပါသလား။

ကျန်းလန် အံ့အားသင့်သွားသော်လည်း နတ်ဘုရားရာထူးက ထွက်ပေါ်လာတော့မည် ဖြစ်လေရာ အဋ္ဌမမင်းသားကို မေးခွန်းပြန်မမေးနိုင်ခဲ့ပေ။

သူက နတ်ဘုရားရာထူးနာမည်ကို ကြားချင်နေပြီ ဖြစ်သည်။ နာမည်ကို ကြားရမှသာ မည်သည့်မျိုးနွယ်က နတ်ဘုရားရာထူး ရရှိသွားသည်လဲ သိရှိရမည်  မဟုတ်ပါလား။

ထို့ပြင် တစ်ဖက်လူရရှိမည့် နတ်ဘုရားရာထူး မတိုင်ခင် မည်သည့် နန်းတော်မှ နတ်ဘုရားဖြစ်မည်ကို သူ သိချင်နေမိသည်။

ရှေးဟောင်းအနောက်နန်းတော်။

ရှေးဟောင်းမြောက်ပိုင်းနန်းတော်။

ရှေးဟောင်းဧကရာဇ်အထက်ပိုင်းနန်းတော်။

ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်။

အရင်က ထိုနာမည်များအားလုံးကို သူ ကြားဖူးခဲ့သည်။

ယခု နတ်ဘုရားရာထူးက မည်သည့်နေရာက ဖြစ်မည်ကို သူ သိချင်သည်။

ကျန်းလန် တွေးနေစဉ်မှာပင် ကောင်းကင်ထက်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီး၏ အထက်တွင် အလင်းရောင်များ တောက်ပလာ၏။

အလင်းရောင်ထွက်ပေါ်လာရာသို့ ကြည့်လိုက်တော့ ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

"ခွန်လွန်ဝတ်ကျောင်းတော်လား"

နတ်ဘုရားရာထူးတစ်ခု ထွက်ပေါ်လာသည်ကို အဘယ့်ကြောင့် ခွန်လွန်ဝတ်ကျောင်းတော်က တုံ့ပြန်မှု ပြုရပါသနည်း။

အဋ္ဌမမင်းသားသည်လည်း ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။

သူက…

"ဘာဖြစ်ပြန်ပြီလဲ ၊ ခွန်လွန်တောင် အဓိကခန်းမဆောင်မှာ အနှစ် (၂၀)မှ တစ်ကြိမ် မီးတိုင်ထွန်းညှိမှာလေ ၊ ဒီနှစ်ကစပြီး မီးတိုင်းထွန်းညှိပြီးသွားပြီဆိုတော့ နောက်ထပ် အနှစ် (၂၀)မှ အလင်းရောင် ထပ်ပြီးထွက်ပေါ်လာရမှာ မဟုတ်ဘူးလား"

ကျန်းလန်လည်း မျက်မှောင်များကို ကြုံ့ထားသည်။ တစ်ခုခုမှားယွင်းနေပြီထင်၏။

အလင်းရောင်က ထူးခြားပြီး သာမန်အလင်းရောင်တစ်ခု မဟုတ်ပေ။ ထိုအလင်းရောင်က နတ်ဘုရားရာထူးနှင့် ဆက်စပ်နေသည်။

"ဧကရာဇ်ရှီးဟယ်များလား ၊ သူ ဘာတွေ လုပ်နေပါသနည်း"

ထိုအချိန်တွင် အလင်းရောင်သည် ပစ်မှတ်ကို ရှာဖွေနေသည့်အလား ကောင်းကင်သို့ ပျံတက်သွားသည်။

ထိုစဉ်…

အဋ္ဌမင်းသား၏ ခန္ဓာကိုယ်က တောက်ပလာသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။

ကျန်းလန် : “……”

ခွန်လွန်ဝတ်ကျောင်းတော်မှ ထွက်ပေါ်လာသည့် အလင်းရောင်၏ပစ်မှတ်က အဋ္ဌမမင်းသား ဖြစ်သည်။ ကျန်းလန် ချက်ချင်းပင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ုတ်ဖော်လိုက်သည်။

သူ့ကိုယ်သူ ဖုံးကွယ်ရန်မဟုတ်ဘဲ သူ့အတါင်းထဲမှ အရာအားလုံးကို ဖုံးကွယ်ရန် အသုံးပြုလိုက်ခြင်း ဖြစ်၏။

ဤသို့ဆိုလျှင် ဧကရာဇ်ရှီးဟယ်သည် သူ့အား အကဲခတ်ကြည့်ရှုနေမည်ကို စိုးရိမ်နေစရာ မလိုပေ။

မဟုတ်ပါက…

တစ်ဖက်လူက တစ်စုံတစ်ခုကို အာရုံခံရန် လွယ်ကူသွားပေလိမ့်မည်။

အဋ္ဌမမင်းသားသည် ဧကရာဇ်ရှီးဟယ်နှင့် ဆက်စပ်သေည်ဖြစ်ရာ သူတို့ (၂)ယောက် ရင်းနှီးလွန်းလျှင် သူ့ကို လွယ်လွယ်ပင် သံသယဝင်လာနိုင်သည်။

သို့သော် အဋ္ဌမမင်းသားက လုန်ယွိ၏ မောင်ငယ်လေး ဖြစ်လေရာ ကျန်းလန်မှာ အဋ္ဌမမင်းသားကို ရှောင်၍လည်း မရပေ။

"ဘုန်း"

အလင်းတန်းက အဋ္ဌမမင်းသား ရှိရာသို့ ဆင်းသက်လာသည်။

စွမ်းအားပြင်းထန်လှသည့် အလင်းတန်းကြောင့် ကျန်းလန်သည်ပင် နောက်သို့ အနည်းငယ် ဆုတ်လိုက်ရ၏။ သို့သော် အလင်းရောင်က မည်သည့်ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။

အဋ္ဌမမင်းသားသည်လည်း အန္တရယ်မရှိကြောင်း သိလိုက်သည့်တိုင် ဘာဖြစ်သွားမှန်း နားမလည်ခဲ့ပေ။ အလင်းရောင်က သူ့ထံ ဘယ်ကဘယ်လို ရောက်လာမှန်း မသိပေ။

ဧကရာဇ်ရှီးဟယ်က အဋ္ဌမမင်းသားအား နတ်ဘုရားရာထူးအသံကို ကြားစေလိုကြောင်း ကျန်းလန် နားလည်ခဲ့သည်။

အဋ္ဌမမင်းသားသည် မွေးရာပါ အင်မော်တယ်ဖြစ်ပြီး ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၄)ခု ရရှိထားသူဖြစ်လေရာ နတ်ဘုရားရာထးအသံကို ကြားသည်နှင့် နောက်ထပ် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု ထပ်မံ ရရှိနိုင်မည် ဖြစ်သည်။

"ဘုန်း"

အဆုံးမရှိကျယ်ပြန့်သည့် မိုးကုပ်စက်ဝိုင်းထံမှ အသံများ ထွက်ပေါ်လာပြန်သည်။

ကျန်းလန်က မော့မကြည့်ပေ။ သို့သော် အဋ္ဌမမင်းသား မော့ကြည့်လိုက်သည်ကို သူ တွေ့မြင်ရသည်။

အဋ္ဌမမင်းသားက ဘာဖြစ်ကြောင်းကို သိရှိဟန်ဖြင့် ကောင်းကင်ထက်သို့ တုန်လှုပ်စွာဖြင့် ကြည့်နေ၏။

"ကြည့်ရတာ အဋ္ဌမမင်းသား အဲဒီအသံတွေကို ကြားနေရပြီထင်တယ် ၊ ဧကရာဇ်ရှီးဟယ်က အဋ္ဌမမင်းသားကို ကံကြမ္မာအခွင့်ကောင်းရောင်ဝါရရှိဖို့ တကယ်လိုလားတာပဲ"

ကျန်းလန် စိတ်ထဲမှတွေးလိုက်သည်။

သို့သော် ဧကရာဇ်ရှီးဟယ်၏ ရည်ရွယ်ချက်ကိုတော့ ကျန်းလန် မသိရှိနိုင်ခဲ့ပေ။ သူက အဋ္ဌမမင်းသားကို တန်ဖိုးရှိသည်ထက်ရှိလာအောင် လုပ်ပေးနေခြင်းတော့ ဟုတ်ဟန် မတူပေ။

အဋ္ဌမမင်းသားက သူကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို ကျန်းလန်ကို ပြောပြချင်သော်လည်း သူ ကြားလိုက်ရသည့် နတ်ဘုရားရာထူးနာမည်ကို ထုတ်ဖော်မပြောဝံ့ခဲ့ပေ။

ဧကရာဇ်ရှီးဟယ်ကတော့ သူ့အစီအစဉ်ကို ယုံကြည်စိတ်ချမှု အပြည့်ရှိဟန်ဖြင့် အဋ္ဌမမင်းသားတည်ရှီရာသို့ တစ်ချက်ပင် မကြည့်ခဲ့ပေ။

"ဘုန်း"

ထိုအချိန်…

ကျန်းလန်သည်လည်း ကောင်းကင်ထက်မှ အသံတစ်သံထွက်ပေါ်လာကြောင်း ခံစားလိုက်ရသည်။

နတ်ဘုရားရာထူး ချိတ်ဆက်ထားပြီဖြစ်လေရာ နတ်ဘုရားရာထူးနာမည်ကို ဖွင့်ဟပြောဆိုတော့မည် ဖြစ်သည်။

ထိုစဉ်မှာပင် ကျယ်ပြန့်နက်ရှိုင်းသည့် အသံကြီးတစ်သံကို ကျန်းလန် ကြားလိုက်ရသည်။

"ရှေးဟောင်းတောင်ပိုင်းနန်းတော်"

"မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိကြီး"

"ရှေးဟောင်းတောင်ပိုင်းနန်းတော် ၊ မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိကြီး"

ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

"လက်စသတ်တော့ မြေအောက်နတ်ဆိုးတွေကိုး ၊ သူတို့ နတ်ဘုရားရာထူးတစ်ခု ရရှိသွားတယ်ဆိုတော့ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေ တိုက်ပွဲမှာ ရှုံးနိမ့်သွားလို့များလား"

သူက နတ်ဘုရားရာထူးရရှိမည့်သူမှာ နတ်လူသားမျိုးနွယ် သို့မဟုတ် ဇာမဏီမျိုးနွယ်မှဖြစ်မည်ဟု သူ တွေးထင်ထားခဲ့ပြီး မြေအောက်နတ်ဆိုးများ ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

နတ်လူသားမျိုးနွယ်များနှင့် ဇာမဏီမျိုးနွယ်များပြီးမှသာ မြေအောက်နတ်ဆိုးများ နေရာရမည်ဟု ထင်မှတ်ခဲ့သည်။

ယခုတော့ နတ်ဆိုးများက ထိုမျိုးနွယ် (၂)ခုကို ကျော်ဖြတ်ကာ အဘယ့်ကြောင့် နတ်ဘုရားရာထူးကို ရရှိခဲ့ပါသနည်း။ သို့မဟုတ် နတ်လူသားမျိုးနွယ်နှင့် ဇာမဏီမျိုးနွယ်များက နတ်ဘုရားရာထူးတစ်ခုကို ရှာမတွေ့ခဲ့ကြသောကြောင့်လား။

ခွန်လွန်တောင်က အနောက်ဘက်စွန့်ပစ်နယ်မြေတွင် တည်ရှိသောကြောင့် ရှေးဟောင်းအနောက်နန်းတော်နှင့်သက်ဆိုင်သည်။

နတ်မိစ္ဆာများက မြောက်ပိုင်းစွန့်ပစ်နယ်မြေတွင် နေထိုင်ကြသောကြောင့် ရှေးဟောင်းမြောက်ပိုင်းနန်းတော်နှင့် သက်ဆိုင်သည်။

မြေအောက်နတ်ဆိုးများက တောင်ပိုင်းစွန့်ပစ်နယ်မြေတွင် နေထိုင်သည့်အတွက် ရှေးဟောင်းတောင်ပိုင်းနန်းတော်နှင့် သက်ဆိုင်သည်။

နတ်လူသားမျိုးနွယ်များနေထိုင်ရာ အလယ်ပိုင်းလွင်ပြင်ဒေသဆိုလျှင်ရော…။

ရှေးဟောင်းအလယ်ပိုင်းနန်းတော်ဟူ၍ ဖြစ်လေမလား။

ရှေးဟောင်းဧကရာဇ်အထက်ပိုင်းနန်းတော်နှင့် ရှေးဟောင်းဧကရာဇ်အောက်ပိုင်းနန်းတော်တို့က ကွာခြားမှု သိပ်မရှိပေ။

နဂါးများသည် နတ်မိစ္ဆာများကို တိုက်ခိုက်ရာတွင် အနိုင်ရခဲ့သော်လည်း ခြေတစ်လှမ်းနောက်ကျခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းမြောက်ပိုင်းနန်းတော်သည် နတ်မိစ္ဆာများလက်အတွင်း ကျရောက်သွားခဲ့သည်။

မဟုတ်ပါက နဂါးမျိုးနွယ်များက ရှေးဟောင်းမြောက်ပိုင်းနန်းတော်ကို ရရှိမည် ဖြစ်၏။

နတ်ဘုရားရာထူးနာမည်ကို ကြေငြာသည့်အသံ ပျောက်ကွယ်သွားသည်နှင့် ဖြစ်စဉ်များအားလုံးလည်း ပျောက်ကွယ်သွားလေသည်။

ပဉ္စမမြောက် နတ်ဘုရားရာထူး ထွက်ပေါ်လာခဲ့ပြီကို ကျန်းလန် သိလိုက်သည်။ ဆဋ္ဌမမြောက်နတ်ဘုရားရာထူး မည်သူဖြစ်မည်ကို သူ သိချင်မိသည်။

အဋ္ဌမမင်းသားခန္ဓာကိုယ်ထက်ကျရောက်လသည့် အလင်းတန်းသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။

အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် အဋ္ဌမမင်းသားထံတွင် နောက်ထပ် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု ရရှိနေပြီဖြစ်ကြောင်း ကျန်းလန် တွေ့မြင်လိုက်ရသည်။

ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၅)ခု။

ယခု လုန်မန်က ပိုပြီး တန်ဖိုးမြင့်မားသွားပြီ ဖြစ်သည်။ နဂါးမျိုးနွယ်များက သူ့ကို ခွန်လွန်တောင်မှ ပြန်ပြီး ရွေးနိုင်ပါဦးမည်လား။

ထို့ပြင် အဋ္ဌမမင်းသား အနားတွင် ရှိနေခြင်းက သူ၏နတ်ဘုရားရာထူကို ထိန်းချုပ်ရာတွင် ပိုမိုမြန်ဆန်လွယ်ကူနေကြောင်း ကျန်းလန် ခံစားလိုက်မိသည်။  သို့သော် သိပ်တော့ မသိသာပေ။

လုန်မန်တွင် နတ်ဘုရားရာထူးမရှိသော်လည်း သူက နတ်ဘုရားရာထူး (၅)ခုလုံးနှင့် ချိတ်ဆက်ထားသူ ဖြစ်သည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးတွင် ထိုသို့သောစွမ်းရည်ရှိသူဆို၍ အဋ္ဌမမင်းသားတစ်ယောက်သာ ရှိနိုင်လေသည်။

အလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်ထက်တွင် စာတစ်စောင်ထွက်ပေါ်လာပြီး အဋ္ဌမမင်းသားရှေ့သို့ ရောက်ရှိလာ၏။

ကျန်းလန်လည်း စိတ်ရှုတ်ထွေးသွားသည်။

ထိုစာက ခွန်လွန်ဝတ်ကျောင်းတော်မှ ပေးပို့သည့်စာ မဟုတ်ပေ။ တောင်ထွတ်တစ်ခုမှ ပေးပို့လိုက်သည့်စာ ဖြစ်သည်။

စာကိုဖတ်ပြီးသွားသည်နှင့် အဋ္ဌမမင်းသား မချိပြုံးပြုံးလိုက်၏။

ကျန်းလန်က…

"ဘာဖြစ်လို့လဲ"

လုန်မန်ပတ်ဝန်းကျင်းကို တစ်ချက်အကဲခတ်လိုက်သည်။

သူ ကြားသိရသည့် နတ်ဘုရားရာထူးနာမည်ကို ထုတ်ဖော်မပြောရန် ဆုံးဖြတ်လိုက်ပြီး စာထဲတွင်ပါဝင်သည့် အကြောင်းအရာများကိုသာ ကျန်းလန်ကို ပြောပြလိုက်သည်။

"ဒုတိယတောင်ထွတ်ရဲ့ တောင်သခင်က စာပို့လိုက်တာ ၊ ကျုပ်က ခွန်လွန်တောင်မှာနေတာ ကြာပြီဆိုတော့ အလုပ်တစ်ခု လုပ်ပေးရမယ်တဲ့"

"လောလောဆယ်မှာ မြေအောက်နတ်ဆိုးတွေ ခွန်လွန်တောင်ပတ်ဝန်းကျင်မှာ ခြေရှုတ်နေကြတယ် ၊ အဲဒါ ဘာအကြောင်းကြောင့် လုပ်နေကြတာလဲဆိုတာ စုံစမ်းစေချင်တယ်"

ထို့နောက် အဋ္ဌမမင်းသားက စိတ်ပျက်လက်ပျက်ဖြင့်…

"နေ့တိုင်း သားရိုင်းတွေဖမ်းပြီးရောင်းနေတာ ငွေကို ရွှင်နေတာပဲ ၊ အခုတော့ ပိုက်ဆံမရတဲ့ အလုပ်ပိုတွေ လုပ်ရတော့မယ်"

ကျန်းလန် : "……"

သူ စိတ်ရှုတ်ထွေးသွားသည်။ ခွန်လွန်တောင်က အဋ္ဌမမင်းသားကို အဘယ့်ကြောင့် တဝန်တစ်ခု ပေးအပ်ရပါသနည်း။

အဋ္ဌမမင်းသားသည် ယခု အလွန်တန်ဖိုကြီးနေပြီဖြစ်သည်။

လုန်မန်ကိုသာ သတ်ဖြတ်လိုက်မည်ဆိုလျှင် သူရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ တစ်ခုလောက်ကိုတော့ ရရှိနိုင်မည် ဖြစ်၏။

သို့ဖြစ်ရာ ခွန်လွန်တောင်က အဋ္ဌမမင်းသားကို ငါးစာ ပြုလုပ်ခြင်းလေလား။

ကျန်းလန် ထိုအကြောင်းများကို မတွေးတော့ဘဲ စကားဆိုလိုက်သည်။

"တချို့ နတ်ဘုရားရာထူးတွေက မင်းကို အန္တရယ်ကနေ ကယ်တင်နိုင်တယ် ၊ သိတယ်မလား"

သူ အရင်ကလည်း ထိုအကြောင်းကို သတိပေးခဲ့ဖူးသည်။

ယခု ထပ်သတိပေးလိုက်သည်က အဋ္ဌမမင်းသား သတိရစေရန် ဖြစ်သည်။

မြေအောက်နတ်ဆိုးများသည်  သူတို့ နတ်ဘုရားရာထူးတစ်ခု ရရှိတော့မည်ကို ကြိုတင်သိရှိမည်ပဲ ဖြစ်၏။

သူတို့က နတ်ဘုရားရာထူးအတွက် ခွန်လွန်တောင်သိုံ ရောက်လာကြခြင်းလည်း ဖြစ်နိုင်သည်။

အကြောင်းရင်း အတိအကျသိလိုလျှင်တော့ နတ်ဆိုးများကို သွားမေးကြည့်မှသာ ဖြစ်ပေလိမ့်မည်။

All Chapters