← Chapters

နတ်ဘုရားများကို သုတ်သင်ခြင်းက ထိပ်ဆုံးသို့ ရောက်သွားလေပြီ

Vol. 12 Ch. 169

နတ်ဘုရားများကို သုတ်သင်ခြင်းက ထိပ်ဆုံးသို့ ရောက်သွားလေပြီ

Vol. 12 Ch. 169

နောက်တစ်နေ့ မနက်၌ …

တစ်ညတာ ကုန်ဆုံးသွားပြီးနောက် နတ်ဘုရားများကို သုတ်သင်ခြင်းသည် အဆင့် ၂၁ မှ အဆင့် ၁ သို့ လျင်မြန်စွာ တက်သွားသဖြင့် အခြား စာရေးဆရာများ ရုတ်တရက် ကြံရာမရသလို ခံစားလိုက်ရသည်။

ထိုသို့ တက်သွားသည့် တစ်လျှောက်တွင် မရေတွက်နိုင်သော စာဖတ်သူများက နတ်ဘုရားများကို သုတ်သင်ခြင်းအား ရှာတွေ့သွားသဖြင့် တောက်လျှောက်ဖတ်ရမှာ ထိပ်ဆုံးသို့ အလျင်အမြန် ရောက်သွားခြင်းပင်။

လူသစ်တစ်ယောက်၏ ဝတ္ထုသစ်က စာရင်း၏ ထိပ်ဆုံးသို့ ရုတ်တရက် ရောက်ရှိသွားခြင်း။ ၎င်းဖြစ်စဉ်ကြောင့် လူပေါင်းများစွာ မှင်တက်သွားကြသည်။ ဤသည်က ဖျက်မြင်းပင်။ စိတ်ဝိညာဉ်အထိ နက်မှောင်နေသော ဖျက်မြင်းတစ်ကောင်ပင်။

ကြောက်စရာ ကောင်းလှသည်။ ထိတ်လန့်စရာ ကောင်းလှပေသည်။

စာရေးသူများ အသိုင်းအဝိုင်း၌ ဆူညံပွက်လောက်ရိုက်နေ၏။ နတ်ဘုရားများကို သုတ်သင်ခြင်းနှင့် ပတ်သက်သည့် အပူတပြင်း ဆွေးနွေးမှု စတင်လျက် ရှိသည်။

“ချီးပဲ၊ အခုတလော ဒီဝတ္ထုအသစ် ပေါက်နေတယ်၊ မင်းတို့တွေ မြင်ပြီးပြီလား”

“မင်း နတ်ဘုရားများကို သုတ်သင်ခြင်းကို ပြောနေတာ မဟုတ်လား၊ ငါ ဖတ်ကြည့်ပြီးပြီ၊ ကောင်းတယ်”

“ငါ ဘာမှ ထူးခြားတာ မတွေ့ဘူး၊ သာမန်လိုပဲ ခံစားရတယ်၊ စာရင်းဇယား အချက်အလက်တွေက အတုအယောင်ပဲ ဖြစ်မယ်၊ ဘယ်လိုလုပ် လူတစ်ယောက်က အဲ့လောက် ကြောက်စရာ ကောင်းနေမှာလဲ”

“ငါလည်း အတုလို့ ထင်တယ်၊ အခု ငါ မင်းတို့ကို အချက်အလက်တွေ ပြမယ်”

ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ယောက်က နတ်ဘုရားများကို သုတ်သင်ခြင်း၏ အချက်အလက်ကို စာရေးသူများ၏ စကားပြောခန်းထဲသို့ ပို့လာသည်။

၎င်းကို ဖတ်ရန် သိမ်းဆည်းထားသူက ညတွင်းချင်း ငါးထောင်မှ တစ်သောင်းသုံးထောင်အထိ ဖြစ်လာသည်။ ထောက်ခံအားပေးသည့် မဲများကလည်း ကိုးထောင်မှ တစ်သောင်းငါးထောင်အထိ ရှိနေ၏။

ဝေဖန်အကြံပြုစားများက သုံးရာနီးပါး ရှိနေပြီး လက်ဆောင်များကလည်း နောက် အခုတစ်ရာ့နှစ်ဆယ်အထိ တက်နေသည်။

အားလုံးက တစ်ညတည်းနှင့် ဖြစ်ပျက်သွားခဲ့ခြင်းပင်။

ဤသို့သော ဖြစ်စဉ်က မရေတွက်နိုင်သော အကျော်အမော်များထက် ထူးထူးခြားခြား ချွန်ထွက်နေသည်။ ယင်းက စာရေးဆရာ တော်တော်များများကို ကြံရာမရသလို ခံစားရစေသည်။

တစ်ချိန်တည်းမှာပင် ချွမ့်ရှစ် တရုတ်စာပေ website ၏ တည်းဖြတ်ဌာနတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။

သူတို့အတွက် ဤအဖြစ်ကို လွတ်သွားရန် မဖြစ်နိုင်ပါ။ နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရလဒ်က အလွန် ကြီးမားလှသည်။

သူတို့ ဝတ္ထု၏ အချက်အလက်ကို နှစ်ကြိမ်၊ သုံးကြိမ်အထိ စစ်ဆေးခဲ့ပြီးမှ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ရသည်။

“ချီးကျူးစရာပဲ၊ သေချာပေါက် ချီးကျူးစရာပါလား၊ ကြည့်ရတာ နတ်ဘုရားလို စာရေးဆရာ မွေးဖွားလာတဲ့ပုံပဲ”

“ဒါကြီးက အရမ်း ထိတ်လန့်စရာ ကောင်းလွန်းတယ်၊ ဒါ ဆာဗာရဲ့ အချက်အလက်က မှားသွားတာများလား၊ ဒါ လူသစ်ဆိုတာ သေချာရဲ့လား”

“သေချာတယ်၊ သူက တကယ့်ကို လူသစ်ပဲ”

“လခွမ်း၊ ဒါ တကယ်ကို သမိုင်းတွင်မှာပဲ၊ ဒါ ဖျက်မြင်းပဲ”

“ဒီလို ဆက်သွားနေရင် သူ ဒီစာအုပ် တစ်အုပ်တည်းနဲ့ နတ်ဘုရား အဆင့်အတန်းဆီ တက်သွားတော့မယ်”

“ဒါက လူသစ်ဆိုတာ နည်းနည်း မယုံချင်စရာ ကောင်းနေတယ်၊ ဒီအချက်အလက်က မှားနေတာလား”

“မမှားနိုင်ဘူး၊ ငါ သုံးခါတောင် စစ်ပြီးသွားပြီ၊ သူ့ ဒေတာက ပုံမှန်ဖြစ်တဲ့ပုံပဲ၊ ဝုန်းခနဲ ထိုးတက်လာတယ်ဆိုပင်မယ့် အားလုံးက သေချာစိစစ်ထားတာ၊ ဒါ တကယ့် အချက်အလက်”

သူတို့ အဖြစ်အပျက်ကို တအံ့တဩ ဆွေးနွေးနေကြသည်။ သူတို့ အလုပ်လုပ်လာသည့် သုံးနှစ်လုံးလုံး ဤသို့သော ရလဒ်ကို ယခုမှ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

တကယ်တမ်းတွင်းလည်း ယင်းက ချွမ့်ရှစ်မှ လက်ရှိ အကျော်အမော်များထက် ချွန်ထွက်နေသည် မဟုတ်ပါ တကား။

“ဒါက ရှန်းရှ အမျိုးအစား ဝတ္ထုဆိုတာ မင်းတို့ သတိထားမိလား”

အယ်ဒီတာတစ်ယောက်က မေးလာသည်။

ထိုစကားက အယ်ဒီတာများ၏ ရင်ကို တုန်လှုပ်သွားစေသည်။ ရှန်းရှသည် ရေပန်းမစားတော့သည်မှာ ငါးနှစ် ရှိပြီ ဖြစ်သော်လည်း ယခု ဤမျှ ဆူညံစေသော ဝတ္ထုကို ထုတ်ဖော်နိုင်ခဲ့သည်။ တစ်ချက်တည်းဖြင့် မိုးထိအောင် မြင့်တက်သွားခြင်းပါတကား။

သူတို့၏ အကြည့်က ထောင့်တစ်ထောင့်၌ ငြိမ်နေသော ဒိန်ချဉ်ဆီ ချက်ချင်း အာရုံရောက်လာသည်။

ဒိန်ချဉ်က တံတွေးမျိုချလိုက်ပြီးမှ အားမရှိစွာ ပြောလိုက်သည်။

“အဟမ်း … အဲ့ဒါ ကျွန်တော် စာချုပ်ချုပ်လိုက်တဲ့ စာရေးဆရာလေ”

အယ်ဒီတာအားလုံး၏ မျက်နှာတွင် မနာလိုဟန်များ ပေါ်လာပြီး အားကျစိတ်တို့ ပြည့်နှက်လာ၏။

ဒိန်ချဉ်သည် ရှန်းရှအမျိုးအစားဘက်တွင် အချိန်အတော်ကြာအောင် အလုပ်လုပ်ခဲ့ပြီးနောက် ဤသို့ ကျော်ကြားသော ဝတ္ထုကို ရှာတွေ့ခဲ့လေသည်။ ဤသည်က သူ့အတွက် ကြီးမားသော ချိုးဖောက်မှုကြီးပင်။

“ဒိန်ချဉ် အခု မင်းက အတော်ဆုံးတွေထဲက တစ်ယောက် ဖြစ်သွားပြီ၊ အခုကစပြီး တည်းဖြတ်ဌာန တစ်ခုလုံးမှာ ငါက သနားစရာ အကောင်းဆုံး ဖြစ်သွားပါလား”

ကောင်းကင်ပြာက အောင့်သက်သက် ရယ်၍ ဒိန်ချဉ်အား စနောက်၍ ထိုးနှက်ဟန် ပြုလေသည်။

“ငါတို့ တစ်သက်လုံး ရွက်ပုန်းသီးလို နေမယ်လို့ ကတိပေးထားပင်မယ့် မင်းက ကတိဖျက်လိုက်တာပဲ”

“ငါ ကံကောင်းသွားရုံလေးပါ”

ဒိန်ချဉ်က ရှက်ကိုးရှက်ကန်း ရယ်၍ ခေါင်းကုတ်နေသည်။

“အခုကစပြီး ရှန်းရှအမျိုးအစားက အတိုင်းအတာတစ်ခုအထိ ပေါက်နေမှာပဲ၊ ငါ မနာလို ဖြစ်လာပြီ”

အခြား အယ်ဒီတာများက အနားလာပြီး ဒိန်ချဉ်အား စိတ်လှုပ်ရှားစွာ ဂုဏ်ပြုကြသည်။

ဒိန်ချဉ် တစ်ယောက်ချင်းစီကို စကား ပြန်ပြောနေရသည်။ ယခင်ကဆိုလျင် မည်သူမှ ရှန်းရှ အမျိုးအစားကို အရေးမလုပ်ကြချေ။ ရှန်းရှ အမျိုးအစားဖြစ်သော ဝတ္ထုများကိုတောင်မှ အထင်သေးကြလေသည်။

“ဒိန်ချဉ် မဆိုးဘူးကွ၊ မင်း ဒီလူသစ်ကို သေချာ စောင့်ကြည့်ထား၊ သူ့ကို ကောင်းကောင်း လက်သပ်မွေးထားကွ”

အယ်ဒီတာချုပ်က ပြောလေသည်။ ပြသနေသော ရလဒ်များအရ ဤစာရေးဆရာတွင် နာမည်ကျော်နိုင်မည့် အလားအလာ ရှိလေသည်။

မည်သည့် website မဆိုတွင် နာမည်ကျော်များက အဖိုးတန်သည်။ ရှန်းရှတွင် နာမည်ကြီးမည့်သူ တစ်ယောက်က ပို၍ အဖိုးဖြတ်မရချေ။

“အင် … ဟုတ်ကဲ့”

ဒိန်ချဉ် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ ဤသည်က သူ့ဘဝအတွက် ကြီးမားသော အပြောင်းအလဲ တစ်ခုပင်။

…

လုံအောင်းထျန်းသည် အတွေ့အကြုံရှိသော အွန်လိုင်း ဝတ္ထုဖတ်သူ တစ်ယောက် ဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ်လုံးလုံး စာကြမ်းပိုးဖြစ်ခဲ့သည့်အတွက် သူသည် ဝတ္ထုရွေးရာ၌ အလွန် ချေးများသည်။ တကယ့် ထိပ်တန်းများကိုသာလျင် သူ သဘောတွေ့တတ်သည်။

သူသည် လတ်တလော၌ ဖတ်စရာ စာအုပ်မရှိသည့် ဒုက္ခနှင့် ကြုံနေရသည်။ ချွမ့်ရှစ်တွင် ဖန်တရေတေနေသော ဝတ္ထုများစွာ ပေါ်နေသည်။ ၎င်းတို့သည် စနစ်စာစဉ် သို့မဟုတ် မျက်နှာဖြတ်ရိုက်၍ အရှက်ခွဲတတ်သော စာစဉ်များသာ။ အချိန်ဖြုန်းရန်အတွက် ဖတ်၍ကောင်းသော်လည်း သူ့စိတ်ထဲ၌ ဗလာဖြစ်နေသလို ခံစားနေ ရသေးသည်။

ဝတ္ထုကောင်းတစ်ပုဒ် ရှာတွေ့ရန် ခက်လှပေသည်။

သူ စိတ်ပျက်လက်ပျက်ဖြင့် QQ စာဖတ်သူများထဲ ဝင်လိုက်သည်။

QQ စာဖတ်သူများသည် တရားဝင် စာဖတ်သည့် ဆိုက်ဒ် တစ်ခု ဖြစ်သည်။ ထိုနေရာတွင် စာရေးဆရာများနှင့် ဆက်သွယ် ပြောဆိုနိုင်ပြီး သူတို့ကို တိုက်ရိုက် ပံ့ပိုးနိုင်သည်။

ဝတ္ထုတစ်ပုဒ် ရေးခြင်းက ခက်ခဲပေသည်။ စာရေးဆရာတစ်ယောက်ဖြစ်ရန် ပို၍ပင် ခက်ခဲသေး၏။

ရုံးအလုပ်များနှင့် ယှဉ်လိုက်လျင် စာရေးဆရာတစ်ယောက် ဖြစ်ရခြင်းက လှိုင်းထန်နေသော လှေပေါ်၌ အလုပ်လုပ် နေရသလိုပင်။ သူတို့တွင် ဝင်ငွေ တည်ငြိမ်မှု မရှိသလို အာမခံလည်း မရှိချေ။ သူတို့သည် တစ်ပိုင်းကို တစ်ပြား (တစ်ဒေါ်လာ၏ ၁၀၀ ပုံတစ်ပုံ) သာ ရသည့် ရာခိုင်နှုန်းကြေးဖြင့်သာ အသက်ဆက်နေရသည်။ သူတို့သည် မကြာခဏ စားကောင်း သောက်ဖွယ်များ မစားရချေ။

ထို့အပြင် သူတို့သည် သူတို့၏ အလုပ်အကိုင် ရွေးချယ်မှုအပေါ် မိသားစုများနှင့် မိတ်ဆွေများ၏ ဝေဖန် ပြစ်တင်မှုများကို သည်းခံရသည်။ သူတို့အတွက် ဘဝက ခက်ခဲပေသည်။

ဝတ္ထုတစ်ပုဒ် ဖတ်ခြင်းက လူတစ်ယောက်ကို စိတ်သက်သာစေသည်။ လုံအောင်းထျန်းသည် စာရေးဆရာများကို ထောက်ပံ့ရန် သူ အစွမ်းကုန် ကြိုးစားသင့်သည်ဟု အမြဲ ခံစားရသည်။

ထို့အပြင် တစ်ခန်းကို တစ်ပြားသာဖြစ်သဖြင့် သူ့အတွက် တစ်နေ့တွင် ပြားဂဏန်း အနည်းငယ်မျှသာ သုံးရန် လိုပေသည်။ ထိုမျှလောက်က တတ်နိုင်ပါ၏။

တောင်ကိုသိမ်း၍ ဘုရင်ဖြစ်ခြင်းထဲကို ဝင်လိုက်ပြီးနောက် သူ ရုတ်တရက် အံ့ဩသွားပြီးမှ မျက်နှာ သုန်မှုန်သွားသည်။

*ချီးပဲ Rugao Under The Bridge က ဘာလို့ သူ့အခန်းတွေကို မတင်သေးတာလဲ*

*ဘာတွေဖြစ်နေတာလဲ*

စာဖတ်သူများကို ပြောထားသည့် စာတိုတစ်ခုသာ ရှိနေသည်။

[ငါ တောင်းပန်ပါတယ် ချစ်ရတဲ့ စာရေးသူတို့ရေ၊ နတ်ဘုရားများကို သုတ်သင်ခြင်းက တအား စိတ်ဝင်စားဖို့ ကောင်းနေတယ်၊ ငါ စဖတ်လိုက်ကတည်းက ရပ်မရတော့ဘူး၊ မင်းတို့ ခွင့်လွှတ်ပေးဖို့ ငါ တောင်းဆိုပါရစေ၊ တစ်ခုခု ဖတ်ဖို့ လိုနေတဲ့လူတွေက နတ်ဘုရားများကို သုတ်သင်ခြင်းကို စမ်းဖတ်ကြည့်သင့်တယ်၊ ငါ လုံးဝ ထောက်ခံတယ်]

*သောက်ကျိုးနည်း၊ သူက နတ်ဘုရားများကို သုတ်သင်ခြင်းဆိုတဲ့ဟာကို ဖတ်ဖို့ သူ့အခန်းတွေ တင်တာကို ရပ်ထားတာလား*

*မင်းဖင်ကြီးကို ခွင့်လွှတ်ခံလိုက်*

*အဲ့ဒါက မင်းရဲ့ တောင်ကိုသိမ်း၍ ဘုရင်ဖြစ်ခြင်းနဲ့ ယှဉ်နိုင်လို့လား*

လုံအောင်းထျန်း အလွန်အမင်း စိတ်ပျက်သွားသည်။ နတ်ဘုရားများကို သုတ်သင်ခြင်းအား သူ ရှာမဖတ်ဘဲ အခြားဝတ္ထုကိုသာ ဖွင့်လိုက်သည်။

အတွေ့အကြုံရှိသော စာဖတ်သူ ဖြစ်သောကြောင့် သူ့စာကြည့်တိုက်ထဲ၌ ဝတ္ထု တစ်ပုဒ်မက ရှိ၏။ I Eat Potato ၏ ကောင်းကင်ဘုံသို့ တက်လှမ်းရာလမ်းကို ဖွင့်လိုက်သည်။

*ချီးပဲ ဒါကလည်း အပိုင်းသစ် မတင်ဘူးလား*

၎င်းတွင်လည်း စာရေးသူထံမှ တောင်းပန်စာ တင်ထားသည်။ ပေးသည့် ဆင်ခြေကလည်း အတူတူပင်။

[ငါ တောင်းပန်ပါတယ် ချစ်ရတဲ့ စာရေးသူတို့ရေ၊ နတ်ဘုရားများကို သုတ်သင်ခြင်းက တအား စိတ်ဝင်စားဖို့ ကောင်းနေတယ်၊ ငါ စဖတ်လိုက်ကတည်းက ရပ်မရတော့ဘူး၊ မင်းတို့ ခွင့်လွှတ်ပေးဖို့ ငါ တောင်းဆိုပါရစေ၊ တစ်ခုခု ဖတ်ဖို့ လိုနေတဲ့လူတွေက နတ်ဘုရားများကို သုတ်သင်ခြင်းကို စမ်းဖတ်ကြည့်သင့်တယ်၊ ငါ လုံးဝ ထောက်ခံတယ်]

*နတ်ဘုရားများကို သုတ်သင်ခြင်းတဲ့လား၊ အဲ့ဒါက ဘယ်လောက်ကောင်းတဲ့ ဝတ္ထု မို့လို့လဲ*

သူ တတိယမြောက် ဝတ္ထုကို ဖွင့်လိုက်သည်။ ၎င်းမှာ Alluring Tomato ၏ ကြီးမြတ်သော အုပ်ချုပ်သူ စာအုပ် ဖြစ်သည်။

လုံအောင်းထျန်း အော်ငိုချင်စိတ် ပေါက်သွားသည်။ ထိုဝတ္ထုသည်လည်း နတ်ဘုရားများကို သုတ်သင်ခြင်း စာအုပ်ကြောင့် အပိုင်းသစ် တင်ခြင်း ရပ်နားထားသည်။

*လုံအောင်းထျန်းဆိုတဲ့ ငါက ကလေးဘဝကတည်းက မတရား မခံခဲ့ရဖူးဘူး*

“ဒီနတ်ဘုရားများကို သုတ်သင်ခြင်းက ဘယ်လိုတောင် ကောင်းနေတာလဲဆိုတာကို ငါ သိအောင် လုပ်မယ်”

လုံအောင်းထျန်းက ချက်ချင်း နတ်ဘုရားများကို သုတ်သင်ခြင်းအား စာရိုက်၍ ရှာလိုက်သည်။

သူ အနှစ်ချုပ်ကို ဖတ်ကြည့်လိုက်သည်။ နတ်ဘုရားများကို သုတ်သင်ခြင်း၏ အနှစ်ချုပ်က လုံအောင်းချန်း၏ အသိအမှတ်ပြုမှုကို ရရှိသွားလေသည်။

*မဆိုးဘူး၊ သာမန် ဝတ္ထုတွေထက်တော့ ပိုကောင်းတယ်*

ထို့နောက် အခန်းတစ်၊ အခန်းနှစ် …

ထို့နောက်တွင်မူ သူ စိတ်အခြေအနေ တည်ငြိမ်လာပြီး စာအုပ်ထဲ ဈာန်ဝင်သွားလေသည်။

တစ်မျက်နှာပြီး တစ်မျက်နှာ ဖတ်သွားမိပြီးနောက် နောက်ဆုံးအခန်းအထိ ရောက်သွားလေသည်။ သူ နောက်တစ်မျက်နှာကို ဆက်ဖတ်ရန် ကြိုးစားသော်လည်း အနောက်တွင် စာမျက်နှာ ထပ်မရှိတော့သည်ကို တွေ့လိုက်ရသည်။ ယင်းက စာရေးသူ၏ အခန်းသစ် တင်ခြင်းကို စောင့်ရမည့် လက္ခဏာပင်။

*ဒါပဲလား*

*အဲ့လောက် တိုတာလား*

လုံအောင်းထျန်း လက်မလျှော့ဘဲ သူ ပြန်ထွက်၍ စာမျက်နှာကို ထပ်၍ ဖွင့်လိုက်သည်။ သို့သော် ရလဒ်က အတူတူပင်။

*ယီးပဲ၊ ဒါ အကုန်ပဲလား၊ ဒါ အရမ်း တိုလွန်းတယ်*

All Chapters