← Chapters

လက်ဆောင်များနှင့် ပြည့်နှက်ခြင်း

Vol. 12 Ch. 170

လက်ဆောင်များနှင့် ပြည့်နှက်ခြင်း

Vol. 12 Ch. 170

“ဘာလို့ အရမ်း တိုနေရတာလဲ”

လုံအောင်းထျန်း ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပါ။ သူ ဖုန်းကိုကိုင်၍ ဟိုလျှောက်ဒီလျှောက် လုပ်နေသည်။

*ငါ အခုမှ မင်းဝတ္ထုထဲ ဈာန်ဝင်စ ရှိသေးတာလေ၊ ငါ့စိတ်အားထက်သန်မှုတွေ ပွက်ပွက်ဆူခါစပဲ ရှိသေးတယ်၊ ငါ့အင်္ကျီလက်စကို ငါ ပင့်တင်နေတုန်းပဲ ရှိသေးတယ်၊ မင်းဇာတ်လမ်းက ပြီးသွားပြီလား*

ဆန့်တငင်ငင် ဖြစ်စေသော ခံစားချက်က လုံအောင်းထျန်းကို ရူးမတတ် ဖြစ်စေသည်။

သူ စာရေးသူ၏ အိမ်ကို အပြေးသွားပြီး ဇာတ်ကွက်က ဘယ်လို တက်လာမလဲ သွားမေးချင်စိတ် ပေါက်နေသည်။ သို့မဟုတ်ပါက သူ စိတ်လှုပ်ရှားလွန်း၍ ရောဂါရနိုင်သည်။ သူ့ဘဝက မီးထဲ ရောက်နေသလိုပင်။

မိမိဘောင်းဘီကို ဆွဲချွတ်၍ ဖွားဖက်တော်ကို အတင်း ဖြတ်တောက်ခံလိုက်ရသည်ဟုပင် သူ ခံစားမိလိုက်သည်။

“သေစမ်း တောင်ကိုသိမ်း၍ ဘုရင်ဖြစ်ခြင်း အခန်းသစ် တင်တာ ရပ်သွားတာကို မအံ့ဩတော့ဘူး၊ ဒီစာအုပ်က စောက်ရမ်း စိတ်ဝင်စားဖို့ကောင်းတယ်၊ စဖတ်လိုက်တာနဲ့ နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး”

လုံအောင်းထျန်းသည် သူ့စိတ်ထဲမှ အသည်းယားနေသောစိတ်ကို ဖျောက်မရ ဖြစ်နေသည်။ သူ စာအုပ်များစွာကို ဖတ်ခဲ့သော်လည်း ဘယ်စာအုပ်ကမှ သူ့ကို ဤသို့ ခံစားရအောင် မလုပ်နိုင်ခဲ့ပါ။

ယခု သူ ဝတ္ထုစဖတ်ခါစက အချိန်ကို ရောက်သွားသလို ခံစားနေရသည်။ အဆုံးမရှိသော ပင်လယ်ပြင်ထဲ ရွက်လွှင့်၍ အတွေးထဲ ပျော်ရွှင်ခြင်း၊ ခါးသက်ခြင်း၊ အချစ်နှင့် ရံဖန်ရံခါ မျက်နှာဖြတ်ရိုက်သော ကိစ္စများနှင့် ပြည့်နှက်ခဲ့သည်။

*ဒီလို ဖြစ်လို့မရဘူးနော်*

*ငါ ထပ်မစောင့်နိုင်တော့ဘူး*

လုံအောင်းထျန်းတွင် အပိုင်းများ မြန်မြန် တင်စေမည့် နည်းလမ်း ရှိလေသည်။

သူ စိတ်ကို ခိုင်ခိုင်ထားလိုက်ပြီးနောက် ဖုန်းထဲမှ လက်ဆောင်ပေးသော ကဏ္ဍကို ဖွင့်လိုက်သည်။ သူ လက်ဆောင် များများ ပို့လိုက်လျင် စာရေးသူက အပိုင်းသစ်များ ထပ်မတင်ဘဲ ငြိမ်နေနိုင်မည် မဟုတ်ပါ။

သူ ပရိသတ်များ၏ ဇယားကို ကြည့်လုကိ်သည်။ အမြင့်ဆုံး လက်ဆောင်ပေးထားသည်က ဒင်္ဂါး ၆၆၆၆ ပြား ဖြစ်သည်။ လုံအောင်ထျန်း တည်ငြိမ်စွာ ပြုံးလိုက်ပြီး ဒင်္ဂါး တစ်သောင်း ပေးလိုက်ကာ ၎င်းနှင့်အတူ စာတိုလေးပါ ထပ်ရေးလိုက်သည်။

[စာရေးသူရေ မင်းရဲ့ အခန်းတွေကို တင်ပေးပါတော့၊ တစ်ခန်းကို ဒင်္ဂါးတစ်သောင်း၊ အဲ့လောက်ဆို ရလား]

ဒင်္ဂါးတစ်သောင်းသည် ယွမ်တစ်ရာနှင့် ညီမျှသည်။ ထို့ကြောင့် တစ်ခန်းကို ယွမ်တစ်ရာ ပေးမည်ဟု ဆိုလိုလိုက်ခြင်းပင်။ ပိုက်ဆံရှိသော လူတစ်ယောက် ဖြစ်သဖြင့် ထိုမျှ ပိုက်ဆံလောက်လေးကို လုံအောင်းထျန်း အရေးစိုက်မနေပါ။

*ငါ့ပျော်ရွှင်မှုကို ဝယ်ဖို့က ခက်လွန်းတယ်၊ ဒီစာအုပ်က ငါ့အကြိုက် ဖြစ်သွားပြီ၊ လက်ဆောင်ရဖို့ ထိုက်တန်တယ်*

ထို့နောက် သူသည် လက်ဆောင် စာရင်း၏ ထိပ်ဆုံးနေရာသို့ ချက်ချင်း တက်သွားသည်။ “လုံအောင်းထျန်း” ဟူသည့် နာမည်က တောက်ပစွာ တည်ရှိနေပြီး သူ ပြုံးလိုက်မိသည်။ သူ အတော်လေး ကျေနပ်သွားလေသည်။

[သောက်ကျိုးနည်း အစ်ကိုလုံ ဒီကို ရောက်နေပါလား၊ ကျွန်တော့်အပြုအမူကို ခွင့်လွှတ်ပေးပါဗျို့]

[အစ်ကိုလုံက အမြဲ ရက်ရောနေတာပဲ]

[ငါ သိနေတယ်လေ၊ ဒီလိုစာအုပ်ကောင်းမျိုးကို အစ်ကိုလုံ သတိထားမိလာမယ်ဆိုတာ]

လုံအောင်းထျန်းက အွန်လိုင်းဝတ္ထု အသိုင်းအဝိုင်း၌ နာမည်ကျော်မှန်း သိသာလှသည်။ သူသည် ရှားပါးသော နာမည်ကြီးတစ်ယောက် ဖြစ်သည်။ သူ ကြိုက်သော စာအုပ်တစ်အုပ်ကို တွေ့သည်နှင့် ပိုက်ဆံ ပုံအော သုံးပစ်သည်က ပုံမှန်ပင်။

[ဟားဟားဟား အားလုံးပဲ မင်္ဂလာပါ၊ နတ်ဘုရားများကို သုတ်သင်ခြင်းက တကယ်ကို ဖတ်လို့ကောင်းတယ်၊ စာရေးသူက အခန်းတွေ မကြာခဏ တင်ပေးဖို့ ငါ မျှော်လင့်တယ်၊ ငါ သူ့ကို အားရပါးရ လက်ဆောင်ပေးဦးမှာ]

လုံအောင်းထျန်းက သူဌေးလေသံဖြင့် ပြောလိုက်သည်။ ထို့နောက် စာအုပ် ပရိသတ်များနှင့် စကား ပြောဆိုခန်းထဲသို့ ဝင်လိုက်သည်။

သို့သော် သူတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုနေချိန်တွင် လက်ဆောင် စာရင်းဇယားက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားသည်။

[(လက်ဆောင်) အသုံးပြုသူ တုကူရီထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး တစ်သိန်း လက်ဆောင် ပေးလိုက်ပါတယ်၊ ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်အခန်းတွေက ပိုပြီး စိတ်ဝင်စားစရာ ကောာင်းမယ်လို့ ငါ မျှော်လင့်ပါတယ်]

[အပိုင်းတွေကို မြန်မြန်တင်ပေးဖို့ မျှော်လင့်တယ်၊ လက်ဆောင် စာရင်းရဲ့ ထိပ်ဆုံးနေရာက ဘာမဟုတ်တဲ့ ဒင်္ဂါးတစ်သောင်းလေး ဖြစ်ရတယ်လို့၊ ရိုးလွန်းတယ်၊ ငါဆိုတဲ့ တုကူရီထျန်းက ရိုကျိုးစွာနဲ့ လက်ဆောင် ပေးလိုက်ပါတယ်၊ ဆက်တင်ပေးပါ]

လက်ဆောင်စာရင်းမှ တောက်ပသော စကားလုံးများက လူတိုင်းကို ထိတ်လန့်သွားစေပြီး တစ်ချို့ဆိုလျင် အသက်ရှူသံများ ပြင်းလာကြသည်။

*နောက်ထပ် သူဌေးကြီး လာပြီပဲ*

[အရှင်သခင်၊ အရှင်သခင်တစ်ယောက် ပေါ်လာပြီပဲ]

[ချီးပဲ ငါ အရှင်သခင်ရှေ့မှာ အညံ့ခံမိပြီ၊ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ ပထမဆုံး အရှင်သခင် မွေးလာပြီပဲ]

[ချမ်းသာတဲ့ သူဌေးတွေက သူတို့ စိတ်ကြိုက် ပြုမူတာပဲ၊ ငါလည်း စာရေးဆရာကို အားပေးချင်ပင်မယ့် ဗလာဖြစ်နေတဲ့ ငါ့ပိုက်ဆံအိတ်က စကားပြောနေတယ်၊ ငါ ဘေးကနေပဲ အားပေးနေပါတော့မယ်လေ …]

*ယီးပဲ*

လုံအောင်းထျန်း၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။ သူ့မျက်နှာကို တစ်ယောက်ယောက်က ဖြတ်ရိုက်လိုက်သကဲ့သို့ ပူလောင်လာသည်ဟု သူ ခံစားလိုက်မိသည်။

တုကူရီထျန်း၏ လက်ဆောင်ပေးသော စာတိုအောက်၌ သူ ချက်ချင်း စာပြန်ရိုက်လိုက်သည်။

[မင်း ငါ့ကို ရန်စနေတာလား]

[ဟမ်]

တုကူရီထျန်းက နောက်ထပ် သူဌေးတစ်ယောက် ဖြစ်သည်။

[မင်း မကျေနပ်ဘူးလား]

ထို့နောက် လုံအောင်းထျန်းက အပြုအမူဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။

[(လက်ဆောင်) အသုံးပြုသူ လုံအောင်းထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး နှစ်သိန်း လက်ဆောင် ပေးလိုက်ပါတယ်၊ ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်အခန်းတွေက ပိုပြီး စိတ်ဝင်စားစရာ ကောာင်းမယ်လို့ ငါ မျှော်လင့်ပါတယ်]

တူညီသော အရောင်အဝါများက လူပေါင်းများစွာကို အံ့အားသင့်သွားစေသည်။

[ဟဲဟဲ ငါ တုကူရီထျန်းက အရှုံးမပေးဘူးကွ]

[(လက်ဆောင်) အသုံးပြုသူ တုကူရီထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး သုံးသိန်း လက်ဆောင် ပေးပါတယ်၊ ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်အခန်းတွေက ပိုပြီး စိတ်ဝင်စားစရာ ကောာင်းမယ်လို့ ငါ မျှော်လင့်ပါတယ်]

[(လက်ဆောင်) အသုံးပြုသူ လုံအောင်းထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး လေးသိန်း လက်ဆောင် ပေးလိုက်ပါတယ်၊ ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်အခန်းတွေက ပိုပြီး စိတ်ဝင်စားစရာ ကောာင်းမယ်လို့ ငါ မျှော်လင့်ပါတယ်]

[(လက်ဆောင်) အသုံးပြုသူ တုကူရီထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး ငါးသိန်း သိန်း လက်ဆောင် ပေးလိုက်ပါတယ်၊ ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်အခန်းတွေက ပိုပြီး စိတ်ဝင်စားစရာ ကောာင်းမယ်လို့ ငါ မျှော်လင့်ပါတယ်]

…

သူတို့ အပြန်အလှန် ပြိုင်ဆိုင်နေခြင်းက အုတ်အော်သောင်းနင်း ဖြစ်လာစေသည်။ ဘေးလူများ အံ့ဩကုန် ကြသည်။

[လူချမ်းသာတွေကြားက ရန်ပွဲပဲ၊ မိုက်တယ်ဟေ့]

[ငွေအဆင့် အရှင်သခင်တွေ၊ လူသစ်တစ်ယောက်က ရေးတဲ့ စာလုံးရေ ခြောက်သောင်းဝန်းကျင်လောက်ပဲ ရှိတဲ့ ဝတ္ထုသစ်တစ်ပုဒ်က ငွေအဆင့် အရှင်သခင် နှစ်ယောက်ကို အရယူလိုက်နိုင်တာပဲ၊ မြတ်စွာဘုရား]

[ငါ့မျက်လုံးတွေက မနာလိုစိတ်ကြောင့် အစိမ်းရောင် ပြောင်းလာပြီ၊ ခေါင်းကြိမ်းလာပြီကွာ]

ထို့အပြင် အချို့သောသူများကလည်း လူချမ်းသာနှစ်ယောက်နောက်မှနေ၍ လက်ဆောင် လိုက်ပေးနေကြသည်။ သူတို့က သာမန်လောက်သာ ပေးနိုင်သော်လည်း သူတို့လည်း ခံစားချက်နှင့်အတူ လိုက်ပါ စီးမျော၍ သူတို့ ခံစားချက်များကို ထုတ်ဖော်နေကြသည်။

တစ်ယောက်ယောက် ယွမ် ငါးထောင်နှင့်အထက် လက်ဆောင်ပေးလိုက်လျင် website ပေါ်၌ စာသား ပေါ်လေ့ ရှိသည်။

တစ်ခဏကြာသော် QQ စာဖတ်သူများ အဖွဲ့အစည်း၌ ထူးခြားသော အဖြစ်အပျက် ဖြစ်လာလေသည်။

[အသုံးပြုသူ လုံအောင်းထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းကို ဒင်္ဂါး ငါးသိန်း လက်ဆောင်ပေးလိုက်တယ်၊ တစ်ချက် ကြည့်ကြည့်ရအောင်]

[အသုံးပြုသူ တုကူရီထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းကို ဒင်္ဂါး ငါးသိန်း လက်ဆောင်ပေးလိုက်တယ်၊ တစ်ချက် ကြည့်ကြည့်ရအောင်]

ထိုနာမည်နှစ်ခုက ဝတ္ထုတစ်ခုတည်းအတွက် လက်ဆောင်ပေးသော စာတနန်းက ခဏခဏ ပေါ်နေသည်။ ဤသည်က လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်သွားပြီး နတ်ဘုရားများကို သုတ်သင်ခြင်းအား မိမိ စာကြည့်တိုက်ထဲ ထည့်သည့်နှုန်းကလည်း ထိုးတက်လာ၏။

…

လုံခုန်း၌ များစွာသော စာရေးဆရာများနှင့် စာဖတ်သူများ ပါဝင်နေသည်။

၎င်းတွင် နာမည်ကျော်အချို့၏ ဆွေးနွေးမှုများ၊ ဝတ္ထုရေးခြင်းက အတွေ့အကြုံများကို ဝေမျှနေသည်။ ထို့အတူ မအောင်မြင်သော စာရေးဆရာများအတွက် ဖေးမကူညီသော အဖွဲ့လည်း ရှိသည်။ နာမည်ကျော်များက ပိုက်ဆံအား ပေါခြင်းသောခြင်း ပေးနေသည်ကိုပင် တွေ့ရနိုင်သည်။

ထို့နေ့တွင် သတင်းတစ်ခုက မူလကတည်းက သက်ဝင်လှုပ်ရှားလျက် ရှိသော လုံခုန်းအား ပို၍ သက်ဝင် လာစေသည်။

သတင်းခေါင်းစဉ်မှာ [အံ့ဩစရာ ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ကို မထင်မှတ်ဘဲ ရှာတွေ့ခြင်း၊ နတ်ဘုရားတွေ အကြောင်း ပါဝင်တဲ့ ဝတ္ထုတစ်ခုက ဒဏ္ဍာရီသက်သက် မဟုတ်တော့ဘူး]

[နတ်ဘုရားများကို သုတ်သင်ခြင်းတဲ့၊ ဝတ္ထုသစ်တစ်ပုဒ်ပဲ၊ ကောလာဟလအရတော့ အဲ့ဒါက လူသစ်တစ်ယောက် ရေးထားတဲ့ အကြမ်းဖျင်း စာလုံးရေ ခြောက်သောင်းရှစ်ထောင်ပါတဲ့ စာအုပ်တဲ့၊ ဒီက တော်တော်များများ အဲ့ဒါကို ရင်းနှီးမယ်လို့ ငါ ထင်တယ်၊ ဒီစာအုပ်က အရေးအသား ကောင်းပြီး ဇာတ်ကောင်တွေရဲ့ တည်ဆောက်ပုံကလည်း ပြစ်ချက်ကင်းတယ်၊ ရှန်းရှလောက နောက်ခံကိုလည်း ကောင်းကောင်း ရေးထားနိုင်တယ်၊ ဇာတ်ကွက်က တည်ငြိမ်ပြီး မှန်မှန်လေး သွားနေတာ၊ ဒါ ပရိုတစ်ယောက်ရဲ့ လက်ရာပဲ၊ ဒီစာရေးဆရာသာ ဒါကို ဆက်ရေးနေမယ်ဆိုရင် ပလက်တီနမ်အဆင့် စာရေးဆရာနေရာကိုတောင် ရောက်နိုင်တယ်]

[မယုံတဲ့သူတွေ ရှိမှာစိုးလို့ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရင်းဇယားကို ပြသပါရစေ၊ ဒါ ဝတ္ထုတင်တဲ့ ငါးရက်မြောက်နေ့ပဲ ရှိသေးတယ်၊ စာလုံးရေ ခြောက်သောင်းရှစ်ထောင်လောက်နဲ့ PK စာရင်းထဲ ပါသွားပြီးတော့ ဝတ္ထုသစ်တွေရဲ့ စာရင်းဇယားမှာ ထိပ်ဆုံးကို ချက်ချင်း ရောက်သွားပြီ၊ အဲ့ဒါတင် မကသေးဘူး၊ ဒါက လက်ဆောင်တွေ ရတဲ့နေရာမှာလည်း ပထမ ဖြစ်နေပြီ၊ အဲ့စာအုပ်ကို ထည့်သိမ်းတဲ့နှုန်းကလည်း လေးသောင်း ကျော်ပြီ၊ အကြံပေး ထောက်ခဲမဲကလည်း သုံးသောင်းထိ ရောက်နေပြီ၊ ဒီစာရင်းဇယားထဲက ဘယ်အချက်မဆိုက နာမည်ကြီး စာရေးဆရာတွေထက်တောင် သာနေတယ်၊ ကြောက်စရာ ကောင်းတယ်လို့ပဲ ပြောရတော့မယ်]

[ရှင်းအောင် ပြောထားမယ်နော်၊ ငါက လိမ်တဲ့သူ မဟုတ်ဘူး၊ ငါ ပြထားတဲ့အရာတွေအားလုံးက ဒေတာအပေါ် အခြေခံထားတာ၊ အဲ့ဒါက PK စာရင်းထဲတောင် ရောက်နေပြီ၊ နောက်တစ်ကြိမ်ဆို ဘာတွေဖြစ်မလဲ ငါ မတွေးတတ်ဘူး၊ ဘယ်လို ထိတ်လန့်စရာတွေ ဖြစ်လာဦးမလဲ၊ အဲ့ဒါကြောင့် ငါ ပလက်တီနမ်အဆင့် ရောက်နိုင်တယ်လို့ ပြောတာ၊ ငါ အထင်ကြီးနေမိတာလို့တော့ မတွေးမိဘူး]

ထိုသို့တင်လိုက်ပြီးနောက် ထိုသတင်းအား ကြည့်ရှုသူက များပြားလာသည်။ ထို့အတူ မရေတွက်နိုင်သော တုံ့ပြန်မှုများလည်း ရလာ၏။

ပထမ မှတ်ချက် [ဟီးဟီး အခု တင်လိုက်တဲ့သူက ငတုံးပဲ၊ စာရေးဆရာတွေရဲ့ လက်ဆောင်ရတဲ့ကိစ္စက ထမင်းစား ရေသောက်လို လွယ်တယ်များ ထင်နေလား]

ဒုတိယ မှတ်ချက် [အပေါ်ကလူ မဖတ်ဖူးဘဲ ပေါက်ကရ မပြောနဲ့၊ ငါ အခုလေးတင် နတ်ဘုရားများကို သုတ်သင်ခြင်းကို ဖတ်ပြီးသွားတာ၊ သိပ်ကောင်းတယ်၊ ဒီဝတ္ထု မပေါက်မှသာ အပြစ်ဖြစ်မှာ]

တတိယ မှတ်ချက် [ငါ ဒီသတင်း တင်ထားတဲ့သူကို ထောက်ခံတယ်၊ နတ်ဘုရားများကို သုတ်သင်ခြင်းက နတ်ဘုရား လက်ရာပဲ]

စတုတ္ထ မှတ်ချက် [မင်းတို့အားလုံး ဝတ္ထုရဲ့ နာမည်၊ အကြောင်းအရာနဲ့ စာရင်းဇယားတွေကိုပဲ အာရုံစိုက်နေကြတယ်၊ ဒါပေမဲ့ မင်းတို့ အရေးကြီးတဲ့ အရာတစ်ခုကို လျစ်လျူရှုထားတာပဲ၊ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ စာရေးဆရာ ကလောင်နာမည်ကိုလည်း ကြည့်လိုက်ဦး၊ မင်းတို့အားလုံး အံ့ဩသွားမယ်]

…

All Chapters