ပူးပေါင်းမယ်တဲ့လား
Vol. 25 Ch. 338
အခန်း (၃၃၈) ပူးပေါင်းမယ်တဲ့လား
ထိန်းချုပ်ခံထားရသည့် အဋ္ဌမမင်းသား ရုတ်တရက် လှုပ်ရှားလာသည့်အတွက် မြေအောက်နတ်ဆိုး အံ့အားသွင့်သွားရသည်။ တစ်ဖက်လူက မည်သို့ တန်ခိုးစွမ်းအားများ ပြန်လည်ရရှိပြီး လှုပ်ရှားလာနိုင်ရပါသနည်း။
အဋ္ဌမမင်းသားက လှံရှည်ကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ တစ်ဆက်တည်းပင် လုန်မန်၏နောက်ကွယ်မှ တန်ခိုးစွမ်းအားအသစ်တစ်ခု ထွက်ပေါ်လာကြောင်း မြေအောက်နတ်ဆိုး ခံစားလိုက်ရသည်။
သို့ပေသိ အဋ္ဌမမင်းသားက သူ့ကို စဉ်းစားချိန်ပင် မပေးဘဲ တိုက်ခိုက်မှုက ချက်ချင်းဝင်ရောက်လာသည်။ မြေအောက်နတ်ဆိုးသည်လည်း သူ၏ အကြီးမားဆုံးတန်ခိုးစွမ်းအားကို ထုတ်ဖော်တိုက်ခိုက်လိုက်သည်။
"ဘုန်း"
မြေအောက်နတ်ဆိုးက မီးလျှံနှင့် ချော်ရည်ပူများကို ထုတ်လွှတ်တိုက်ခိုက်လိုက်သည်။ ထို မီးလျှံချော်ရည်ပူတန်ခိုးစွမ်းအားက မြေအောက်နတ်ဆိုးမျိုးနွယ်များ၏ ထင်ရှားသည့် တန်ခိုးစွမ်းအားတစ်ခုပင်။
"ဘန်း"
တန်ခိုးစွမ်းအားက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို ဖျက်စီးပစ်လိုက်သည်။
ယန်ရှီးယွင်ကတော့ တိုက်ပွဲအနားသို့ မကပ်ရဲဘဲ အနည်းငယ်ဝေးကွာသည့် နေရာတွင် ပုန်းအောင်းနေ၏။ သူမအနေဖြင့် အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် မြေအောက်နတ်ဆိုးကို ရင်ဆိုင်တိုက်ခိုက်ရဲခြင်း မရှိပေ။
အဋ္ဌမမင်းသား နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသော်လည်း ချက်ချင်းပင် တိုက်ကွက်တစ်ခု ထပ်မံဖော်ထုတ်လိုက်သည်။
ချက်ချင်ပင် သူ့လက်ထဲရှိ လှံရှည်မှ အပြင်းထန်ဆုံးတန်ခိးစွမ်းအားများ နောက်တစ်ကြိမ်ထွက်ပေါ်လာသည်။
"မြေပြင်မိုးကြိုးတန်ခိုးစွမ်းအား"
"ဘုန်း"
မြေကြီးထက်မှ အဆုံးမရှိသည့် လျှပ်စီးတန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး လှံရှည်အတွင်းသို့ စုစည်းဝင်ရောက်သွားကြသည်။
"ဘန်း"
လှံရှည်မှ မြေပြင်မိုးကြိုးတန်ခိုးစွမ်းအားနှင့် မီးလျှံချော်ရည်ပူများ ရိုက်ခတ်မိသွားပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။
မီးလျှံချော်ရည်ပူများ တစ်စစီပြိုကွဲသွားပြီး မိုးကြိုးလျှပ်စီးများက လှံရှည်ထက ်ဟုန်ဟုန်းတောက်လျှက် ရှိ၏။
တိုက်ပွဲအခိုက်အတန့်တွင် လုန်မန်က လှံရှည်ကို အဆက်မပြတ်ဝှေ့ယမ်းတိုက်ခိုက်နေပြီး မြေအောက်နတ်ဆိုးသည်လည်း တန်ခိုးစွမ်းအားများကို အဆက်မပြတ် ထုတ်ဖော်လျှက် ရှိသည်။
"ဘန်း"
"ဘန်း"
တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပေါ်လျှက် ရှိပြီး မြေအောက်နတ်ဆိုးက တိုက်ပွဲတွင် အသာရလျှက် ရှိသည်။
သို့သော် ထိုမြေအောက်နတ်ဆိုးမှာ တန်ခိုးစွမ်းအားအပြည့်အဝထုတ်ဖော်နိုင်ခြင်းမရှိဘဲ အနည်းငယ် နှောင့်နှေးနေဟန်ရှိသည်။
အဘယ်ကြောင့်ဆိုသော် သူ့နောက်ကွယ်ထိန်းချုပ်နေသည့် ပုံရိပ်ကြောင့် ထိုသို့ဖြစ်နေရခြင်းပင်။ ထိုပုံရိပ်က သူ့ကို အကူအညီပေးနေသလို ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်စေခဲ့သည်။
သူ ကောင်းကင်ထက်မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်တွင် ပုံရိပ် (၂)ခု ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။
ထိုပုံရိပ် (၂)ခုမှာ သူ့ကို ကူညီပေးနေသည့် ပုံရိပ်နှင့် အဋ္ဌမမင်းသားကို ကူညီပေးနေသည့် ပုံရိပ်တို့ ဖြစ်သည်။ သူတို့သည်လည်း အချင်းချင်းတိုက်ခိုက်လျှက် ရှိကြ၏။
"ဘုန်း"
အဋ္ဌမမင်းသားက မီးလျှံချော်ရည်ပူများကို ဖြတ်သန်းပြီး မြေအောက်နတ်ဆိုးကို တိုက်ခိုက်လိုက်သည်။
"သေစမ်း"
အနက်ရောင်ဝတ်ဆင်ထားသည့် မြေအောက်နတ်ဆိုးကလည်း တစ်ချက်ပင်မတုံ့ဆိုင်းဘဲ တန်ပြန်တိုက်ခိုက်လိုက်သည်။ အဋ္ဌမမင်းသားကို ရှင်းပစ်နိုင်လျှင် အားလုံးက အခြေအနေတည်ငြိမ်သွားမည် ဖြစ်၏။
"မြေပြင်မီးလျှံချော်ရည်တံခိုးစွမ်းအား"
ထိုတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်းကျင် မြေပြင်တစ်ခုလုံး မြေအောက်လွှာကျောက်ရည်ပူများပမာ ပြောင်းလဲသွားသည်။ အဋ္ဌမမင်းသားမှာ ကျောက်ရည်ပူများထက်တွင် မတ်တတ်ရပ်ရန် အတော်လေး အခက်တွေ့သွားရသည်။
ထို့ပြင် ထိုတန်ခိုးစွမ်းအားက နတ်ဘုရားတန်ခိုးစွမ်းအားတစ်ခု ဖြစ်သောကြောင့် အဋ္ဌမမင်းသား တုန်လှုပ်သွားသည်။
နတ်ဘုရားတန်ခိုးစွမ်းအားနှင့် အင်မော်တယ်ကျင့်စဉ်များက မတူခြားနားသည်။ နတ်ဘုရားတန်ခိုးစွမ်းအားတစ်ခု၏ တိုက်ခိုက်မှုလမ်းကြောင်းကို ရှာဖွေခုခံရန်မှာ မဖြစ်နိုင်လေရာ တန်ပြန်တိုက်စစ်ဆင်ရန် အတော်လေး ခက်ခဲ၏။
မြေအောက်နတ်ဆိုးက…
"မင်းက ဆိုးတော့မဆိုးပါဘူး ၊ ဒါပေမဲ့ အခု ကျုပ်အသုံးပြုလိုက်တဲ့ တန်ခိုးစွမ်းအားကို မင်းခံနိုင်ပါလားကွ… ဟမ်"
ပြောပြီးသည်နှင့် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး များပြားစွာသော မီးလျှံချော်ရည်ပူများဖြင့် အရပ်မျက်နှာအသီးသီးသို့ ပစ်လွှတ်တိုက်လိုက်လိုက်သည်။
ထို့နောက် အလျှင်အမြန်ပင် အဋ္ဌမမင်းသားအနားသို့ တိုးကပ်လာ၏။
အဋ္ဌမမင်းသားကလည်း တုံ့ဆိုင်းမနေဘဲ ရှေ့သို့တိုးသွားသည်။ မီးလျှံချော်ရည်ပူများကို ရင်ဆိုင်ရန်အတွက် သူ့လက်ထဲမှ လှံရှည်က လျှပ်စီးမြွေတစ်ကောင်အသွင့်သို့ ပြောင်းလဲသွားသည်။
"ဘုန်း"
"ဘန်း"
တန်ခိုးစွမ်းအား (၂)ခု ရိုက်ခတ်မိသွားသည်။
အဋ္ဌမမင်းသားနှင့် မြေအောက်နတ်ဆိုးတို့ အလွန်နီးကပ်သွားကြသည်။ လုန်မန်က ချက်ချင်းပင် လှံရှည်ကိုလှည့်လိုက်ပြီး မြေအောက်နတ်ဆိုးကို ရိုက်ချလိုက်သည်။
သို့သော် မီးတောက်တစ်ခုထွက်ပေါ်လာပြီး မြေအောက်နတ်ဆိုးက နေရာမှာပင် ပျောက်ကွယ်သွားသည်။
သို့သော် ထိုသူက ချက်ချင်းပင် အဋ္ဌမမင်းသား၏ အနောက်ဘက်သို့ ရောက်ရှိလာပြီး မီးလျှံချော်ရည်ပူများဖြင့် တိုက်ခိုက်လိုက်၏။
"ဘန်း"
တိုက်ခိုက်မှုက ပြင်းထန်လှပြီး မီးလျှံချော်ရည်ပူများက အဋ္ဌမမင်းသား၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်။ လုန်မန်က အံကိုတင်းတင်းကြိတ်ကာ လှံရှည်ကို နောက်သို့ လှည့်လိုက်သည်။
မြေအောက်နတ်ဆိုးက လှံချက်ကို နောက်ဆုတ်ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း အဋ္ဌမမင်းသား၏ လက်တစ်ဖက်က သူ့ကို ဆုပ်ကိုင်ထားလိုက်သည်။
"မင်းက ပြေးချင်တာလားကွ"
သူ့စကားဆုံးသွားသည်နှင့် လှံရှည်က မြေအောက်နတ်ဆိုး၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်။
"ဟူး…"
"ဘုန်း…"
မြေအောက်နတ်ဆိုးက အဋ္ဌမမင်းသားကို သတ်ဖြတ်ပစ်ရန် ခန္ဓာကိုယ်ထဲမှ မီးတောက်များ မှုတ်ထုတ်လိုက်သည်။ အဋ္ဌမမင်းသားကလည်း လျှပ်စီးတန်ခိုးစွမ်းအားများကို ဖောက်ခွဲထုတ်လိုက်၏။
သူလည်း ထိုမြေအောက်နတ်ဆိုးကို နုတ်နုတ်စင်းပစ်ချင်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် သူတို့ (၂)ယောက်က မည်သူအရင်သေမည်လဲဟု ပြိုင်ဆိုင်နေကြသကဲ့သို့ပင် ဖြစ်သည်။
***
ကျန်းလန်က လုန်မန်နှင့် မြေအောက်နတ်ဆိုး၏တိုက်ပွဲကို ကြည့်နေစဉ်မှာပင်…
သူ့ခန္ဓာကိုယ်အတွင်းသို့ စွမ်းအားတစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။ သို့သော် ထိုတန်ခိုးစွမ်းအားက သူ၏ တန်ခိုးစွမ်းအား မဟုတ်ပေ။
သူ၏ တန်ခိုးစွမ်းအားများ တစ်စုံတစ်ယောက်က ထိန်းချုပ်ရန် ကြိုးစားနေဟန် ရှိ၏။
သူ၏ တန်ခိုးစွမ်းအား မလုံလောက်သော်လည်း မြေအောက်နတ်ဆိုးအဓိပတိဘိုးဘေး၏ တိုက်ခိုက်မှုကို ပြန်လည်တွန်းလှန်ရန်ကလွဲပြီး အခြား ရွေးခြယ်စရာ မရှိပေ။
"ဘုန်း"
ကျန်းလန်က ရန်သူနှင့် နီးကပ်နေသည့် အခြေအနေကို အခွင့်ကောင်းယူပြီး ထိုသူ၏ တန်ခိုးစွမ်းအားကို ခုခံနိုင်ရန် ကြိုးစားလိုက်သည်။
"ငါ့ရဲ့ မိုးကောင်းကင်အင်မော်တယ် တန်ခိုးစွမ်းအားကို ခန့်မှန်းနိုင်ဖို့ဆိုတာ ဒီလောက် မမြန်သင့်ဘူး ၊ ဒါက ပုံမှန်မဟုတ်ဘူး ဖြစ်နေတယ် ၊ မြေအောက်နတ်ဆိုးတွေက ငါ့တန်ခိုးစွမ်းအားကို ခန့်မှန်းနိုင်အောင် တောင်နဲ့ပင်လယ်ကြေးမုံလိုမျိုး ခပ်ဆင်ဆင် နည်းလမ်းတွေ အသုံးပြုနေတာ ဖြစ်ရမယ် ။
ကျန်းလန် တွေးလိုက်သည်။
ထို့နောက ်ချက်ချင်းပင် နွားရိုက်ကိုးကောင်တန်ခိုးစွမ်းအားကို စုစည်းလိုက်သည်။
"ဘုန်း"
ကျန်းလန်က အဋ္ဌမမင်းသားနှင့် မြေအောက်နတ်ဆိုးတိုက်ပွဲမှ တန်ခိုးစွမ်းအားသက်ရောက်မှုများကို ခံစားသိရမိသည်။ အဋ္ဌမမင်းသားက တိုက်ပွဲတွင် သေချာပေါက် အနိုင်ရမည့်ပုံ မပေါ်ပေ။
ကျန်းလန် ကြည့်နေစဉ်မှာပင် အဋ္ဌမမင်းသားမှာ အသက်မသေရန် အပြင်းအထန် ခုခံနေသည်ကို တွေ့မြင်လိုက်ရသည်။
သူ စောင့်မနေတော့ဘဲ နွားရိုင်းကိုးကောင်စွမ်းအားကို စုစည်းလိုက်ပြီး စွမ်းအားများ တဟုန်ထိုး မြင့်တက်လာကာ အန္တရယ်ကိုးသွယ်စွမ်းအား ထွက်ပေါ်လာသည်။
တစ်ဖက်မှ ပုဂ္ဂိုလ်က သူ့ကို တွေ့မြင်နိုင်သည်ဟု ကျန်းလန် အာရုံခံလိုက်မိသည်။
ထိုစဉ် အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
"တိုက်ခိုက်ဖို့ စိတ်မစောပါနဲ့ ၊ ကျုပ်တို့ ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်"
"ဘုန်း"
နွားရိုင်းကိုးကောင်စွမ်းအား ထွက်ပေါ်လာသည်။
"ခရက်"
"ဘန်း"
မြေအောက်နတ်ဆိုးအဓိပတိဘိုးဘေး၏ပုံရိပ်က ပေါက်ကွဲထွက်သွားသည်။
ပူးပေါင်းလုပ်ဆောင်မည်တဲ့လား…။
သူတို့၏တန်ခိုးစွမ်းအားက ညီမျှခြင်းမရှိလေရာ ထိုသို့သောလူမျိုးနှင့် အလုပ်တွဲလုပ်ရခြင်းက ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့ ရှိပေမည်။
သူက ရွေးခြယ်ခွင့်မရှိသောကြောင့်သာ ဧကရာဇ်ရှီးဟယ်နှင့် အလုပ်အတူ တွဲလုပ်ခဲ့ရခြင်း ဖြစ်သည်။ ဖြစ်နိုင်လျှင် ကျန်းလန်သည် နဝမတောင်ထွတ်မှာပင် တိတ်ဆိတ်စွာ တစ်ယောက်တည်းကျင့်ကြံနေလိုသည်။
ထို့နောက် ကျန်းလန်က သူ၏ တန်ခိုးစွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
သူက မြေအောက်နတ်ဆိုးအဓိပတိဘိုးဘေးကိုအနိုင်ယူလိုက်ပြီးနောက် အစစ်အမှန်အင်မော်တယ် မြေအောက်နတ်ဆိုးသည်လည်း တုံ့ပြန်မှုကို ခံစားခဲ့ရသည်။
"ဖူး"
ထိုမြေအောက်နတ်ဆိုးက အဋ္ဌမမင်းသား၏ မျက်နှာဆီသို့ သွေးတစ်ပွက် ဖူးခနဲ အန်ထုတ်လိုက်၏။
အဋ္ဌမမင်းသားက ရသည့်အခွင့်အရေးကို လက်လွတ်မခံဘဲ သူ၏လှံရှည်ဆီသို့ တန်ခိုးစွမ်းအားများ ပိုမိုထည့်သွင်းလိုက်သည်။
"ဝှစ်"
မိုးကြိုးတန်ခိုးစွမ်းအားများကြောင့် လှံရှည်ထက်တွင် မိုးခြိမ်းသံများထွက်ပေါ်နေပြီး မြေအောက်နတ်ဆိုး၏ခန္ဓာကိုယ်ကို တစ်စစီ စုတ်ဖြဲပစ်လိုက်သည်။
"ဘန်း"
"ဘုန်း"
မြေအောက်နတ်ဆိုးမှာ လျှပ်စီးများကြားပိတ်မိနေပြီး ပြင်းထန်သည့် လျှပ်စီးတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။
မီးလျှံချော်ရည်ပူများ တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး တောင်ထိပ်မှာလည်း ပြိုကျသွားလေသည်။
ကောင်းကင်ထက်တွင် ရပ်နေသည့် အဋ္ဌမမင်းသားမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားလေရာ စွမ်းအားကင်းမဲ့စွာဖြင့်ပင် လဲကျသွားရသည်။
"ဘန်း"
သူ မြေပြင်ထက် ဒူးထောက်ကျသွားပြီး သူ၏ခန္ဓာကိုယ်တည့်မတ်နေစေရန် လှံရှည်ကို မြေကြီးထက်တွင် ထောက်ကိုင်ထားလိုက်သည်။
မြေပြင်ပေါ်သို့ လဲကျမသွားစေရန် သူ့ကိုယ်သူထိန်းထားခြင်းဖြစ်ပြီး လဲကျသွားပါက ပြန်ထလာနိုင်တော့မည် မဟုတ်ကြောင်း သူ နားလည်ထား၏။
"အစ်ကို…"
အဋ္ဌမမင်းသားနောက်မှ ရုတ်တရက် အသံတစ်သံထွက်ပေါ်လာသည်။ လုန်မန်သည် လှံရှည်ကို တင်းကျပ်စွာဆုပ်ကိုင်ရင်း နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ့မျက်ဝန်းများထဲတွင် လျှပ်စီးရောင်များ ဝင်းဝင်တောက်ပလျှက် ရှိ၏။
အဋ္ဌမမင်းသား လှည့်ကြည့်လာသည်နှင့် ယန်ရှီးယွင်သည်လည်း ကြောက်န့်တခြား နောက်ဆုတ်သွားသည်။
သူမက….
"ကျွန်မကို မရိုက်နဲ့နော် ၊ ကျွန်မကို မရိုက်ဘူးဆိုရင် ရှင့်ကို သေရည်ဆိုင်က မောင်ငယ်လေးဆီ လိုက်ပို့ပေးမယ်"
အဋ္ဌမမင်းသားက…
"မင်း လမ်းသိလို့လား"
ယန်ရှီးယွင်က တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး…
"သိတယ်…"
"ဒါဖြင့်လည်း ကျေးဇူးပြုပြီး…"
ပြောပြီးသည်နှင့် အဋ္ဌမမင်းသား သတိလစ်လဲကျသွားလေတော့၏။
***
ယန်ရှီးယွင်က ချီလင်မျိုးနွယ်တစ်ယောက်ဖြစ်လေသည်။
သူမက တကယ်တမ်းတွင် လမ်းမသိသော်လည်း လုန်မန်ကို ခေါ်လာခဲ့သည်။ အဋ္ဌမမင်းသားနှင့် သေရည်ဆိုင်မှ ကောင်ငယ်လေးက သူမကို အဆိပ်မရှိသည့်မြွေပမာ သဘောထားသည်ကို ယန်ရှိးယွင် သဘောမကျခဲ့ပေ။
ဘာပဲဖြစ်ဖြစ် ယခုတော့ သူမက အဋ္ဌမမင်းသား၏ အားကိုးရာကယ်တင်ရှင် ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
လုန်မန် သတိရလာလေသည်။
တစ်စုံတစ်ယောက်က သူ့လက်ကို ဆွဲပြီး မြေပြင်ထက် ဒရွတ်ဆွဲခေါ်လာသည်ကို သူ သတိပြုလိုက်မိသည်။
"……"
ထို့နောက် ယန်ရှီးယွင်က သူ့ကို လက်မောင်းမှဆွဲပြီး ဒရွတ်ဆွဲခေါ်လာသည်ကို သတိပြုလိုက်မိသည်။
အဋ္ဌမမင်းသားက…
"ဒါက ဘယ်နေရာလဲ"
ကောင်းကင်ထက်တွင် နေထွက်နေပြီ ဖြစ်၏။
သူ ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် ဒဏ်ရာများက အတော်လေး သက်သာနေပြီ ဖြစ်သည်။
“အစ်ကို သတိရလာပြီလား”
မေးပြီးသည်နှင့် သူမက ချက်ချင်းပင် ဆက်ပြောလိုက်သည်။
“ကျွန်မတို့ ရောက်ခါနီးနေပြီ ၊ သိလား”
အဋ္ဌမမင်းသား ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်တော့ မြင်ဖူးနေသည့် ရေကန်တစ်ကန်ကို တွေ့လိုက်ရသည်။
ဒီနေရာက...
ဤရေကန်က အရှေ့တံတားအနီးတွင် ရှိနေသည့် ရေကန်ဖြစ်သည်။
"ဘယ်နားရောက်နေပြီလဲ ကြည့်လို့ရအောင် မင်း ကျုပ်ကိုခေါ်ပြီး ကောင်းကင်ပေါ် နည်းနည်းလောက် ပျံသန်းပေးနိုင်မလား"
သူ့စကားကို ယန်ရှီးယွင်က သဘောတူလိုက်သည်။
ထို့နောက်…
ကောင်းကင်ထက်မှနေပြီး မည်သည့်နေရာရောက်နေသည်ကို သိလိုက်ရသည့်အခါ အဋ္ဌမမင်းသား အံ့သြမှင်တက်သွားရသည်။
ယန်ရှီးယွင်သည်ကား သူ့ကို သေရည်ဆိုင်နှင့် ပိုဝေးသည့် နေရာတစ်ခုကို ခေါ်လာခြင်း ဖြစ်၏။
အစကတည်းက အမြဲလမ်းပျောက်နေသည့် ယန်ရှီးယွင်တစ်ယောက် လမ်းသိသည်ဟု ပြောသည့်စကားကို သူ ယုံကြည်သင့်ခဲ့ဘူး မဟုတ်ပါလား။