← Chapters

အခန်း (၁၈၃-၁၈၅)

Vol. 13 Ch. 183-185

အခန်း (၁၈၃-၁၈၅)

Vol. 13 Ch. 183-185

အပိုင်း(၁၈၃) တောရိုင်းမြေ၏ ကံကြမ္မာ၊ လူသားဧကရာဇ်၏ အာဏာ

"ဘာလို့ တစ်ယောက်ယောက်က ငါ့ကို စောင့်ကြည့်နေတယ်လို့ ခံစားရတာလဲ။ စိတ်ထင်တာပဲလား..."

သွေးရောင်လွှမ်းနေသော ရေခဲပြင်ပေါ်တွင် မုန့်ချင်ကျိုးက သာမန်စစ်သည်တစ်ဦးကဲ့သို့ စစ်မြေပြင်ကို ရှင်းလင်းရန်နှင့် သပ်ရပ်အောင် ကူညီလုပ်ဆောင်နေသည်။

ဓားအသိပိုင်နက်က အမြဲတမ်း သတိဝီရိယရှိစွာ လွှမ်းခြုံထားဆဲဖြစ်ပြီး ရှုပ်ထွေးမှုများကြားတွင် အလစ်အငိုက် တိုက်ခိုက်မည့် အစီအစဉ်မှန်သမျှကို သတိထားနေသည်။ သို့သော်လည် ဖျပ်ခနဲ အချိန်လေးအတွင်းမှာပင် နက်ရှိုင်းပြီး အစွမ်းထက်သော အရှိန်အဝါတစ်ခု ရုတ်တရက် ပျောက်ကွယ်သွားသည်ကို အာရုံခံလိုက်ရသည်။

သူတို့ ဆက်လက် စုံစမ်းစစ်ဆေးရန် ကြိုးစားသောအခါ သူတို့ကို လျှို့ဝှက်စွာ စောင့်ကြည့်နေသူမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

စစ်သည်တစ်ဦး ဆေးကုသမှု ခံယူနေစဉ် အမှတ်တမဲ့ နောက်လှည့်ကြည့်လိုက်ရာ အဝေးမှ ဆီးနှင်းဖုံးတောင်တန်း တစ်ခုပေါ်တွင် သွယ်လျသော ပုံရိပ်တစ်ခု ရပ်နေသည်ကို မြင်လိုက်ရပြီး နေဝင်ဆည်းဆာ အလင်းရောင်တွင် သူ၏ တောက်ပသော ရွှေရောင်ဆံပင်ရှည်များက လင်းလက်နေသည်။

စစ်သည်က မျက်လုံးကို ပွတ်ပြီး ပြန်ကြည့်လိုက်သော်လည်း သွယ်လျသော ပုံရိပ်မှာ ဘယ်နေရာတွင်မှ မတွေ့ရတော့ဘဲ လုံးဝမရှိခဲ့သည့်အတိုင်း ဖြစ်နေသည်။

"ထူးဆန်းတယ်။ သူက တခြားအင်အားစုက သူလျှိုများ ဖြစ်နေမလား။" စစ်သည်က သမားတော်ကို ပြောလိုက်သည်။ "ကျွန်တော့်ကို မကုနဲ့ဦး။ အနီးအနားမှာ မသင်္ကာစရာလူတွေ ရှိနိုင်တယ်လို့ ဓားသူတော်စင်ဆီ မြန်မြန် သွားသတင်းပို့လိုက်ပါ။"

...

"မသင်္ကာစရာလူ၊ ရွှေရောင်ဆံပင်ရှည်တွေနဲ့... "

သတင်းရရှိပြီးနောက် မုန့်ချင်ကျိုးက အချိန်အတော်ကြာ မလှုပ်မယှက် ရပ်နေသည်။ ခဏကြာသော် သူက သက်ပြင်းသဲ့သဲ့ချကာ လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။ "ငါသိပြီ။ မင်းအလုပ် မင်းဆက်လုပ်ပါ။"

သမားတော်က အနည်းငယ် ဦးညွှတ်ပြီး နောက်လှည့်ကာ ချက်ချင်းပင် ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။ "အရှင်မကို ဂါရဝပြုပါတယ်။"

"လျူလီလား..." မုန့်ချင်ကျိုး နောက်လှည့်လိုက်ရာ ရင်းနှီးသော ရနံ့တစ်ခုက သူ့ဆီသို့ ပျံ့လွင့်လာသည်။

နီရဲသော စစ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လှပသောမျက်နှာလေး အနည်းငယ် ဖြူရော်နေသော တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ ဘေးသို့ လျှောက်လာပြီး မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ။ တစ်ယောက်ယောက်က အလစ်အငိုက် တိုက်ခိုက်ဖို့ ကြိုးစားနေတာလား။"

"မဟုတ်ပါဘူး။ ကျုပ်စောင့်ကြည့်နေပါတယ်။ စိတ်မပူပါနဲ့။"

မုန့်ချင်ကျိုးက ဘာမှမပြောဘဲ တုန်းဖန်လျူလီ၏ အရိုးမပါသကဲ့သို့ နူးညံ့သော လက်ကလေးကို ကိုင်လိုက်ပြီး လက်ချောင်းနှစ်ချောင်းကို သူ၏ လက်ကောက်ဝတ်ပေါ် တင်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "သွေးခုန်နှုန်းက အရမ်းကို အားနည်းပြီး အသက်မပါသလိုပဲ။ ဒဏ်ရာက အဲဒီလောက်တောင် ပြင်းထန်တာလား။"

တုန်းဖန်လျူလီက လက်ကို မြန်မြန်ရုပ်သိမ်းလိုက်ပြီး ကျောနောက်တွင် ဝှက်ထားလိုက်သည်။ သူ၏ မျက်လုံးများတွင် အနည်းငယ် ထိတ်လန့်မှု အရိပ်အယောင် ပေါ်လာပြီး အတင်းအကျပ် ပြုံးပြလိုက်သည်။

"ဒါက ကိုယ်ခန္ဓာအမျိုးအစားကြောင့်ပါ၊ ခဏလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ။"

"တကယ်လား... " မုန့်ချင်ကျိုးက သံသယဖြစ်နေသည်။

တုန်းဖန်လျူလီ၏ အသက်စွမ်းအင်ကို စူးစမ်းရန် နတ်ဘုရားအာရုံကို အသုံးမပြုနိုင်သဖြင့် အလိုအလျောက် သိစိတ်ဖြင့်သာ တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားသိရှိခဲ့သည်။

သို့သော် တုန်းဖန်လျူလီက ထပ်မံပြောဆိုရန် ဆန္ဒမရှိသည်မှာ ရှင်းလင်းနေပြီး သူ အတင်းအကျပ် မမေးနိုင်ပေ။

"ငါက အုပ်ချုပ်သူ၊ မင်းက လက်အောက်ခံလေ။ မင်းကို လိမ်စရာလား။" တုန်းဖန်လျူလီက ချောင်းဟန့်လိုက်ပြီး အာဏာရှိသယောင် ဟန်ဆောင်လိုက်သည်။

အရင်ကဆိုလျှင် ဤစကားက မုန့်ချင်ကျိုး၏ သံသယများကို ဖယ်ရှားပေးလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဧကရီဆိုတာ ဘယ်သူလဲ။ သူက လူဆိုးမ မိစ္ဆာခေါင်းဆောင် မဟာကျင်းဧကရီလေ။ ဘာအကြောင်းမှမရှိဘဲ သာမန် လက်အောက်ခံတစ်ယောက်ကို ဘာလို့ လှည့်စားရမှာလဲ။

ယခုမူ မုန့်ချင်ကျိုးက တုန်းဖန်လျူလီကို သိရှိနေပြီဖြစ်သည်။ သူတို့နှစ်ဦးကို လူတစ်ယောက်တည်းအဖြစ် ဆက်စပ်တွေးတောရန် ခက်ခဲသော်လည်း ပြတ်သားပြီး မောက်မာသော ဧကရီ၏ နောက်ကွယ်တွင် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး တင့်တယ်လျောက်ပတ်သော အခြားပုံစံတစ်ခု ရှိနေကြောင်းကို သူ သိရှိထားသည်။

အဖြူရောင် မုသား တစ်ခုက ဧကရီ ချင်းလျူလီအတွက် မသင့်တော်သော်လည်း တုန်းဖန်လျူလီအတွက်တော့ သင့်တော်ပေသည်။

"အရှင်မ... ကျုပ် အဲဒါကို ယုံမယ်လို့ ထင်နေတာလား။ အမှန်အတိုင်းပြောပါ၊ မဟုတ်ရင် ဧကရာဇ်ကို လှည့်စားတယ်လို့ ကျွန်တော့်ကို အပြစ်မတင်နဲ့နော်။" မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ ချောမွေ့ဖြူဝင်းသော မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ရင်း နွေးထွေးစွာ ပြုံးပြလိုက်သည်။

ဧကရာဇ်ကို လှည့်စားပြီး ပုန်ကန်မှု ကျူးလွန်တယ်ပေါ့...

တုန်းဖန်လျူလီ အစပိုင်းတွင် မှင်သက်သွားပြီးနောက် သူ၏ ပါးပြင်များ နီမြန်းသွားကာ ရှက်ရွံ့မှုနှင့် မျှော်လင့်ချက်များ ရောပြွမ်းနေသော အမူအရာတစ်ခု မျက်နှာပေါ်တွင် ပေါ်လာသော်လည်း နှုတ်ခမ်းများမှာမူ တင်းမာနေဆဲဖြစ်သည်။

"ဟွန်း... ငါက တိုင်းပြည်ကို အုပ်ချုပ်တဲ့သူလေ။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို အခုလေးတင် အနိုင်ယူခဲ့ပြီး တောရိုင်းမြေရဲ့ အရှင်သခင် နေရာကို တက်လှမ်းတော့မယ်။ ဘယ်သူသိမလဲ။ နောင်တစ်ချိန်မှာ ငါက လူသားဧကရာဇ်တောင် ဖြစ်လာနိုင်တယ်... မင်းလို အောက်ခြေအမတ်လေးက ငါ့ကို စော်ကားရဲတယ်ပေါ့..."

မုန့်ချင်ကျိုး၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး သူ၏ နှလုံးသားမှာ တစ်ချက် ခုန်သွားသည်။

ဒါက ခြိမ်းခြောက်တာလား။ သိသိသာသာကို မြှူဆွယ်နေတာ မဟုတ်ဘူးလား။

လွန်ခဲ့သော နှစ်ရက်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်အမှတ်ရပြီး သူ ရုတ်တရက် အေးစိမ့်သွားကာ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ သိုးရေခြုံထားသော ဝံပုလွေဆိုးကြီး၏ အရှင်လတ်လတ် ဝါးမျိုခံရမည်ကို သူ ကြောက်ရွံ့သွားသည်။

မုန့်ချင်ကျိုး လည်ပင်းပုသွားပြီး တိတ်တဆိတ် နှစ်လှမ်းနောက်ဆုတ်သွားသည်ကို မြင်သောအခါ၊ တုန်းဖန်လျူလီ ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။

သူတို့နှစ်ဦး ဘေးချင်းယှဉ်လျက် ရပ်နေကြပြီး မည်သူကမျှ စကားမပြောကြပေ။

တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ တွဲလွဲကျနေသော လက်မောင်းကို လှမ်းကြည့်ကာ အကြိမ်ကြိမ် ကိုင်တွယ်ရန် ကြိုးစားသော်လည်၊ သူတို့ကို ခိုးကြည့်နေသော စစ်သည်များကို ပြန်ကြည့်မိပြီးနောက် လက်လျှော့လိုက်ရသည်။ သူ၏ စိတ်အခြေအနေမှာ ချက်ချင်း ဆိုးရွားသွားသည်။

"တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။" တုန်းဖန်လျူလီက ကျောက်စရစ်ခဲလေး တစ်လုံးကို ကန်ထုတ် လိုက်သည်။

"ဘာကိုလဲ။" မုန့်ချင်ကျိုးက နားမလည်စွာ မေးလိုက်သည်။

"မင်းအလုပ် မဟုတ်ဘူး... " တုန်းဖန်လျူလီက လက်ပိုက်ကာ နှုတ်ခမ်းနီနီလေးများကို ဆူလျက် ပြောလိုက်သည်။

မုန့်ချင်ကျိုး ခေါင်းကုတ်လိုက်ပြီး လုံးဝ တွေဝေသွားသည်။

ဒါက ဘာအဓိပ္ပာယ်မရှိတာတွေလဲ။ သူ့ကို ဘယ်သူကများ လာရှုပ်လို့လဲ။

"သေဆုံးသွားတဲ့ ထောင်နဲ့ချီတဲ့ စစ်သားတွေကြောင့် အရှင်မ စိတ်မကောင်းဖြစ်နေတာလား။ ပြောရရင် ရင်းနှီးတဲ့ မျက်နှာတော်တော်များများက ဒီတိုင်းတစ်ပါးမြေမှာ လုံးဝ မြှုပ်နှံခံလိုက်ရပြီး သူတို့ရဲ့ ရုပ်ကြွင်းတွေကိုတောင် ရှာလို့မရတော့ဘူးလေ။" မုန့်ချင်ကျိုးက ပြောလိုက်သည်။

တုန်းဖန်လျူလီ မှင်သက်သွားပြီး မုန့်ချင်ကျိုးကို လှည့်ကြည့်လိုက်သည်။

ငါးပိကောင်က ဘယ်တုန်းကများ ဒီလောက် စိတ်ခံစားလွယ်သွားတာလဲ။

"ငါ အဲဒီလို တစ်ခါမှ မတွေးဖူးဘူး။" တုန်းဖန်လျူလီ၏ လေသံမှာ အနည်းငယ် ပြတ်သားနေပြီး သူ၏ ခိုင်မာသော ပြောဆိုမှုမှာ တုန်လှုပ်ခြင်း မရှိပေ။

"ဘာလို့လဲဆိုတော့ ငါလုပ်နေတာက ကမောက်ကမဖြစ်မှုတွေကို အဆုံးသတ်ဖို့လေ... သာမန်စစ်သားပဲဖြစ်ဖြစ်၊ ဘုရင်ပဲဖြစ်ဖြစ်၊ ကိုယ့်အိပ်မက်တွေကို လိုက်စားရင်း သေဆုံးသွားပြီး စစ်မြေပြင်မှာ မြှုပ်နှံခံရတယ်ဆိုတာ ဂုဏ်ယူစရာကောင်းပြီး မင်္ဂလာရှိတဲ့ကိစ္စပဲ။"

"အလွန်ဆုံးရှိ ငါ နှမြောတသပြီး သက်ပြင်းချမယ်။ ဒါပေမဲ့ အဲဒီအတွက်နဲ့တော့ နာကျင်ခံစားမှာ မဟုတ်ဘူး။"

"ငြိမ်းချမ်းသာယာတဲ့ လောကကြီးတစ်ခု တည်ဆောက်ချင်ရင်၊ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်အဖြစ် အလောင်းကောင်တွေ တောင်လိုပုံနေအောင် ချထားဖို့ လိုအပ်တယ်။"

"မွန်းကျပ်နေဖို့ ဒါမှမဟုတ် အဲဒီထဲမှာ နစ်မွန်းနေဖို့ မလိုဘူး။"

မုန့်ချင်ကျိုး မှင်သက်သွားပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ကမ္ဘာကြီးကို သိမ်းပိုက်လိုတဲ့ ငါ့ဇနီးရဲ့ ရည်မှန်းချက်က ကမ္ဘာပေါ်မှာရှိတဲ့ သူရဲကောင်းတွေနဲ့ လူဆိုးတွေရဲ့ ၉၉%ထက် အမှန်တကယ်ပဲ သာလွန်နေတယ်။

"သွားရအောင်။ စစ်သုံ့ပန်းပစ္စည်းတွေ သွားသိမ်းဖို့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ နယ်မြေကို ငါ့နောက်လိုက်ခဲ့။" တုန်းဖန်လျူလီက တက်ကြွစွာ ပြုံးရွှင်လျက် ပြောလိုက်သည်။

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က တောရိုင်းမြတွင် နှစ်ပေါင်းထောင်ချီ ရပ်တည်ခဲ့ပြီး သူတို့ တည်ဆောက်ခဲ့သော စုဆောင်းထားသည့် အခြေခံအုတ်မြစ်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလောက်ပေမည်။

မြောက်ဘက်အရှင်သခင် ရှုံးနိမ့်သေဆုံးသွားမှုနှင့်အတူ မြောက်ပိုင်း၏ ကံကြမ္မာတစ်ခုလုံးကို မဟာကျင်းက ဝါးမျိုလိုက်မည်ဖြစ်သည်။

တောရိုင်းမြေ၏ ကံကြမ္မာကို မဟာကျင်းက သုံးပုံလေးပုံအထိ ဝါးမျိုလိုက်ပြီဖြစ်သည်။

ဤအောင်မြင်မှုမှာ အရင်က မကြုံစဖူး ကြီးမားလှပေသည်။

ကံကြမ္မာဆိုသော အယူအဆမှာ ဝေဝါးပြီး ဖမ်းဆုပ်ရခက်သော်လည်း အင်အားစုတစ်ခု၏ ကံကြမ္မာက အဆင့်တစ်ခုအထိ စုဆောင်းမိလာသောအခါ၊ ထိုအင်အားစုအတွင်းရှိ ပြည်သူများနှင့် ကျင့်ကြံသူအားလုံး အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်သည်။ ကျင့်ကြံမှု အရှိန်အဟုန်မှာ သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး၊ သိုင်းကျင့်စဉ် သွေဖည်သွားနိုင်ခြေလည်း လျော့ကျသွားမည် ဖြစ်သည်။

အကယ်၍ လူတစ်ဦးက အစွမ်းထက်သော အင်အားစုတစ်ခုတွင် အဆင့်မြင့် ရာထူးတစ်ခု ရယူထားမည်ဆိုပါက၊ သို့မဟုတ် ခေါင်းဆောင် သို့မဟုတ် ဧကရာဇ်ပင် ဖြစ်မည်ဆိုပါက သန်းပေါင်းများစွာသော ပြည်သူများ၏ ယုံကြည်မှုစွမ်းအားနှင့် ကြီးမားလှသော ကံကြမ္မာစွမ်းအားတို့၏ ပြုစုပျိုးထောင်ခြင်းကို ခံရမည်ဖြစ်သည်။ ထိုသူက ဘာမှမလုပ်ဘဲ နေမည်ဆိုလျှင်ပင် သူ၏ ကျင့်ကြံမှုမှာ တဖြည်းဖြည်း မြင့်တက်လာမည်ဖြစ်သည်။

ထို့ကြောင့်ပင် အင်အားစု အသီးသီးက ဒေသတွင်း ကြီးစိုးနိုင်ရေးအတွက် စစ်ပွဲစတင်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိနေကြခြင်းပင်။

တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ်ကို အုပ်ချုပ်ကာ လူသားဧကရာဇ် ဖြစ်လာခြင်းနှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင်၊ ၎င်းသည် ပို၍ပင် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်သည်။ [လူသားဧကရာဇ်၏ အာဏာ] တစ်ခုတည်းကပင် ဥပဒေသအချို့၏ ပြယုဂ်တစ်ခုကဲ့သို့ဖြစ်ပြီး၊ သာမန် သက်ရှိများကို နတ်ဘုရားတာဝန်များ ပေးအပ်နိုင်ခြင်း၊ တောင်များကို ဝိညာဉ်များအဖြစ် ပြောင်းလဲနိုင်ခြင်းနှင့် နတ်ဆိုးဘုရင်ရာထူးများကို ပေးသနားနိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်စွမ်းရှိသည်။

ယခုအခါ မဟာကျင်းသည် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို ချိုးဖျက်နိုင်ခဲ့ပြီး၊ မြောက်ပိုင်းနှင်းကွင်းပြင်တွင် နှစ်ပေါင်းတစ်သောင်းနီးပါး စုဆောင်းထားခဲ့သော ကံကြမ္မာများမှာ မဟာကျင်း၏ လုံးဝ ဝါးမျိုခြင်းကို ခံလိုက်ရပြီဖြစ်သည်။

၎င်းမှာ အကြီးမားဆုံး အမြတ်အစွန်းပင်...

"မုန့်လေး... ကျေးဇူးတင်ပါတယ်။" တုန်းဖန်လျူလီက နောက်လှည့်ကာ ချိုမြိန်စွာ ပြုံးလိုက်သည်။

မုန့်ချင်ကျိုးက စကားပြောရန် ပြင်လိုက်စဉ် တုန်းဖန်လျူလီက ထပ်ပြောလိုက်သည်။ "ဒီည နန်းတော်ကို လာခဲ့ပါ။ ငါက မင်းရဲ့ အကြီးမားဆုံး စစ်သုံ့ပန်းပစ္စည်း ဖြစ်လာမှာပါ။ ဟီးဟီး... "

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး၏ စိတ်များ တက်ကြွသွား၏။

သိပ်ကိုလှပတဲ့ မိန်းမချောလေးတစ်ယောက်ဆီက ဒီလိုဖိတ်ခေါ်တာကို ငါ ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ...

ယခင်နေ့က ကုတင်ပေါ်မှထရန် နံရံကိုမှီပြီး ထခဲ့ရသော အရှက်ရမှုကို သူ သေချာပေါက် ဆေးကြောပစ်ရမည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်၏။

"အရှင်မ... အရှင်မ စိတ်ကျေနပ်အောင် ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ်။" မုန့်ချင်ကျိုးက ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်။

...

အပိုင်း(၁၈၄) ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့၏ အခြေခံအုတ်မြစ်၊ မုန့်လေးအတွက် ဆုလာဘ်

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့သည် တောင်တန်းများကြားတွင် တည်ရှိပြီး ထိုနေရာတွင် သောင်းနှင့်ချီသော မဟာကျင်းစစ်သည်များက မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများကို အစောင့်အကြပ်ဖြင့် ခေါ်ဆောင်ကာ ရတနာတိုက်များကို ဖွင့်လှစ်ပြီး ဖုံးကွယ်ထားသော ရတနာအမျိုးမျိုးကို စုဆောင်းနေကြသည်။

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို အင်အားစု တစ်ရာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အင်အားစုတစ်ခုစီက နှစ်စဉ် သူတို့၏ အရင်းအမြစ် တစ်စိတ်တစ်ပိုင်းကို မဟာမိတ်ခေါင်းဆောင်ထံ ပေးအပ်ရပြီး ကျန်ရှိသည်များကို ကိုယ်ပိုင် ရတနာတိုက်များတွင် သိမ်းဆည်းထားကြသည်။

ရတနာတိုက်တစ်ခုစီကို ဖွင့်လိုက်တိုင်း အမှန်တကယ် အံ့ဩစရာကောင်းသည်မှာ၊ အချို့သော ရတနာတိုက်များက ရှားပါးပြီး အဖိုးတန်သော ရတနာများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာငယ်လေးများပင် ဖြစ်နေခြင်းဖြစ်သည်။

"နှစ်ပေါင်းတစ်သောင်းတိုင်တိုင် ရပ်တည်လာခဲ့တဲ့ ထိပ်တန်းအင်အားစုတစ်ခု ဆိုတဲ့အတိုင်း အခြေခံအုတ်မြစ်က တကယ်ကို မယုံနိုင်စရာပဲ... "

"ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က ဒီလောက်တောင် ချမ်းသာတယ်ဆိုရင် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်မှာ ရတနာဘယ်လောက်များများ ရှိနေမလဲဆိုတာ ငါ စိတ်ကူးတောင် မယဉ်နိုင်ဘူး... "

"ဒါက... ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်ပဲ... ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ဧကရာဇ်အဆင့် ဝိညာဉ်အပင်။ အဲဒါကို တစ်ပင်လုံးစားလိုက်ရင် သာမန်ကျင့်ကြံသူတစ်ယောက်ကို ညတွင်းချင်း ဓာတ်ကြီးငါးပါး တာအိုခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးနိုင်တယ်လို့ ဆိုကြတယ်... "

"သေခြင်းရှင်ခြင်း အသွင်ပြောင်းဆေးလုံးတွေ၊ ဆေးဖိုကြီးတစ်ခုလုံး အပြည့်ပဲ။ နတ်ဘုရားအဆင့် ကုသရေးဆေးရည်။ ဒါက... ဒါက... "

"ဧကရာဇ်အဆင့် နတ်ဘုရားလက်နက်တစ်ခု။ ချို့ယွင်းချက်ရှိနေတာ နှမြောစရာပဲ။ သူ့ရဲ့ စွမ်းအားက လုံးဝ ပျောက်ဆုံးသွားပြီ။ တကယ်လို့ ငါတို့ ဒါကို လက်မှုပညာရှင်တွေဆီ ပေးပြီး သွန်းလုပ်တဲ့ နည်းပညာတွေကို လေ့လာခိုင်းမယ်ဆိုရင် ထိပ်တန်း လက်မှုပညာရှင်တစ်စုကို ငါတို့ မွေးထုတ်နိုင်လိမ့်မယ်... "

"ဘုရားရေ... ဒီကမ္ဘာငယ်လေးတွေထဲမှာ ဝိညာဉ်ကျောက်တုံး သွေးကြောတွေ စိတ်ကူးမယဉ်နိုင်လောက်အောင် အများကြီးရှိတယ်ဆိုတာ ငါ ရုတ်တရက် သဘောပေါက်သွားတယ်။ အကြမ်းဖျင်း ခန့်မှန်းကြည့်တာတောင် အနည်းဆုံး ထောင်နဲ့ချီပြီး ရှိလိမ့်မယ်။ အဲဒီထဲက တချို့က နတ်ဘုရားအဆင့်တောင် ဖြစ်နေသေးတယ်... "

"ဝိညာဉ်ကျောက်တုံး သွေးကြော ဆယ်ခုရှိတယ်၊ အဲဒီထဲက တစ်ခုက ဧကရာဇ်အဆင့်ပဲ... "

...

မဟာကျင်း စစ်သည်များနှင့် ဝန်ကြီးများသည် ရတနာတိုက်ထဲသို့ ဝင်ရောက်လာကြပြီး သူတို့၏ မျက်လုံးများ အလိုလို ပြူးကျယ်သွားကာ မှောင်မိုက်သောညတွင် စိမ်းလဲ့လဲ့ တောက်ပနေသော ဝံပုလွေများကဲ့သို့ ဖြစ်နေကြသည်။

တုန်းဖန်လျူလီက အသူရာဂိုဏ်း၊ သန့်စင်မှုသုံးပါး ကျောင်းတော်၊ သူရဲကောင်းများစုစည်းမှုနှင့် အခြား အင်အားစုများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"မဟာကျင်းရဲ့စနစ်က ထိုက်တန်သူကို ဆုချီးမြှင့်တယ်... မင်းတို့က အဝေးကြီးကနေ ကူညီပေးဖို့ လာခဲ့ကြတာ ဆိုတော့ ရတနာတိုက် တစ်ရာထဲက ငါးခုကို ဆုချဖို့ ငါ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုခွဲဝေမလဲဆိုတာကိုတော့ မင်းတို့ဘာသာ ဆွေးနွေးကြပေါ့။"

"ပြီးတော့ မဟာကျင်း နယ်မြေအတွင်းမှာ အမည်ခံပြီး အသိအမှတ်ပြုထားတဲ့ အင်အားစုအားလုံးကို တရားဝင် ရာထူးတွေ ပေးအပ်မယ်လို့ ငါ ကြေညာတယ်။ သူတို့က သတ်မှတ်ထားတဲ့ တာဝန်အချို့ကို ထမ်းဆောင်ပြီးတော့ မဟာကျင်းရဲ့ ကံကြမ္မာရဲ့ ကောင်းချီးပေးမှုကို ခံစားရစေမယ်... "

ထိုစကားကို ကြားသောအခါ ရှူရာဂိုဏ်း၊ သန့်စင်မှုသုံးပါး ကျောင်းတော် နှင့် အခြားအင်အားစုများမှ အဆင့်မြင့် အဖွဲ့ဝင်များသည် ဝမ်းမသာနိုင်သေးခင်မှာပင် သူတို့အားလုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။

ဒုက္ခပါပဲ။ ဧကရီကတော့ အရင်အတိုင်းပါပဲလား။

ပထမဆုံး ချိုမြိန်တဲ့ စွန်ပလွံသီးလေးတစ်ခုနဲ့ ဆုချမယ်။ ပြီးတော့မှ ရိုက်နှက်မယ်။ တရားဝင် ရာထူးတစ်ခု ပေးပြီး ကံကြမ္မာကို မျှဝေခံစားခိုင်းမယ်။ ကြည့်ရတာ ဆုလာဘ်တစ်ခုလို ဖြစ်နေပေမဲ့ တကယ်တမ်းကျတော့ အဲဒါက ချုပ်ချယ်မှုတစ်ခုပဲ။

ယခင်က ဧကရီသည် နိုင်ငံအသီးသီးနှင့် ရင်ဆိုင်ဖြေရှင်းရန် အလုပ်များနေသဖြင့် နယ်မြေအတွင်းရှိ အချို့သော ဒေသခံ အင်အားစုများကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။

ယခုမူ ပြန့်ကျဲနေသော၊ လွတ်လပ်သည့် အင်အားစုများကို ဖြေရှင်းရန် အချိန်ရပြီဖြစ်သည်။

"အရှင်မ... ကျွန်တော်ထင်တာကတော့... " အသူရာဂိုဏ်းချုပ်က စကားပြောရန် ပြင်လိုက်သည်။

"ကျွန်တော်ကတော့ ကောင်းတယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လို ဓားသူတော်စင် တစ်ယောက်တောင်မှ မဟာကျင်းမှာ အစောင့်အဖြစ် တာဝန်ထမ်းဆောင်နေသေးတာပဲ။ တခြားအင်အားစုတွေက ဘယ်လိုလုပ်ပြီး ကင်းလွတ်ခွင့် ရနိုင်မှာလဲ။" မုန့်ချင်ကျိုးက ရုတ်တရက် ဝင်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အသူရာဂိုဏ်းချုပ်သည် ထွက်လာတော့မည့် စကားလုံးများကို တိတ်တဆိတ် ပြန်မျိုချလိုက်ရသည်။

ယနေ့ခေတ် မဟာကျင်းတွင် အကြောက်ရဆုံးနှင့် အလေးစားရဆုံး ပုဂ္ဂိုလ်မှာ ဧကရီ မဟုတ်တော့ပေ။ အချိန်-နေရာလွတ် ဓားသူတော်စင်၏ ဂုဏ်သတင်းမှာ ဧကရီ ချင်းလျူလီထက် မသိမသာ သာလွန်သွားခဲ့ပြီး သူ့ကို တိုင်းပြည်ကို စောင့်ရှောက်သော စစ်ပွဲနတ်ဘုရားတစ်ပါး ဖြစ်လာစေခဲ့သည်။

အချိန်-နေရာလွတ် ဓားသူတော်စင်က ဧကရီကို အခိုင်အမာ ထောက်ခံနေမှတော့၊ ဘယ်သူကများ ဆန့်ကျင်ဘက် စကားတစ်ခွန်း ပြောရဲမှာလဲ...

"အရှင်မရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... " အသူရာဂိုဏ်း ဂိုဏ်းချုပ်မှာ ရိုသေစွာ ဦးညွှတ်ရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။

သန့်စင်မှုသုံးပါးကျောင်းတော်၊ သူရဲကောင်းများစုစည်းမှုနှင့် အခြားအဖွဲ့အစည်းများမှ အဆင့်မြင့် အဖွဲ့ဝင်များက အချင်းချင်း အကြည့်ချင်းဖလှယ်ကာ ဘာမှမတတ်နိုင်ဘဲ ပြုံးလိုက်ကြသည်။ ဖြစ်ရပ်က ရုတ်တရက် ဆန်သော်လည်း သူတို့ မျှော်လင့်ထားပြီးသားဖြစ်သည်။

ထို့အပြင် သူတို့ကို တရားဝင် ရာထူးများ ပေးအပ်ခြင်းနှင့် တော်ဝင် ထောက်ပံ့မှုအောက်သို့ သွတ်သွင်းခြင်းက ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများသည်။ ယခင်ကလောက် လွတ်လပ်မည်မဟုတ်သော်လည်း သူတို့သည် ကြီးမားလှသော ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းကို ခံစားရမည်ဖြစ်ရာ ၎င်းမှာ လက်ခံနိုင်စရာ မရှိသည်တော့ မဟုတ်ပေ။

"လုဖုန်းနျန်... ခင်ဗျားနဲ့ ခင်ဗျားရဲ့ တပည့်တွေက နှစ်ပေါင်းများစွာ တိတ်ဆိတ်စွာ နေထိုင်ခဲ့ကြပြီး တကယ်ကို ခြိုးခြံချွေတာတဲ့ ဘဝကို ဖြတ်သန်းခဲ့ကြတယ်။ မဟာကျင်း နန်းတော်နဲ့ ပူးပေါင်းပြီး အလုပ်မလုပ်ရဘဲ လစာရတဲ့ ရာထူးတစ်ခု မယူချင်ဘူးလား။" ဧကရီက လှည့်ကာ နံနက်ခင်းအလင်းနယ်ပယ် တကိုယ်တည်း ကျင့်ကြံသူ လုဖုန်းနျန်ကို ကြည့်၍ မေးလိုက်သည်။

လုဖုန်းနျန် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် မကျေနပ်သည့်ပုံ ပေါ်နေသည်။

ကျက်သရေတုံးလိုက်တာ။ ငါက မင်းကို ကယ်ဖို့ ဒီလောက် အဝေးကြီး လာခဲ့ရတာကို၊ အခုတော့ အပြန်အလှန်အနေနဲ့ စုဆောင်းရေး စာရွက်တစ်ရွက် ရလိုက်တယ်ပေါ့လေ...

"ကျွန်တော်က အေးအေးဆေးဆေး နေရတဲ့ ဘဝကို ကျင့်သားရနေပြီ... "

"နောက်ဆုံးတိုက်ပွဲ စတင်နေပြီ။ မဟာကျင်းက အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နဲ့ စစ်ခင်းတော့မယ်။ ဆိုရိုးစကား အတိုင်းပဲ။ အကျပ်အတည်းကြုံလာတဲ့အခါ ပြည်သူတိုင်း ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ မင်း ငြင်းဆန်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ အဲဒီတုန်းက ငါ တကိုယ်တည်း ကျင့်ကြံသူတစ်ယောက် တစ်ယောက်ဖြစ်ပေမဲ့ အစုဆောင်းခံခဲ့ရတယ်။ တကယ်လို့ တခြားသူတွေ ကင်းလွတ်ခွင့်ရမယ်ဆိုရင် ကျွန်တော် မကျေမနပ် ဖြစ်မိမှာပဲ…" မုန့်ချင်ကျိုးက ရုတ်တရက် ထပ်ဝင်ပြောလိုက်သည်။

လုဖုန်းနျန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသပေါက်ကွဲတော့မည့်ဆဲဆဲတွင် ဘာကြောင့်မှန်းမသိ စစ်မြေပြင်ပေါ်က မုန့်ချင်ကျိုး၏ နတ်ဘုရားတစ်ပါးကဲ့သို့သော ပုံရိပ်ကို သူ ပြန်သတိရသွားသည်။

အချိန်-နေရာလွတ် ဓားသူတော်စင်အတွက် နံနက်ခင်းအလင်းနယ်ပယ် တစ်ယောက်ကို သတ်ဖို့ဆိုတာ သိပ်မခက်ခဲလောက်ဘူး...

၎င်းကို တွေးမိလိုက်သောအခါ လုဖုန်းနျန် ချက်ချင်း တည်ငြိမ်သွားပြီး အတင်းအကျပ် ပြုံးပြလိုက်သည်။

"အိုး... အရှင်မက ကျွန်တော့်ကို တကယ် နားလည်တာပဲ။ ကျွန်တော် အားလပ်နေတာ ကြာပြီဆိုတော့ အလုပ်တစ်ခုခု မရှိရင် စိတ်မအေးဖြစ်နေတာ။ အရမ်း အားလပ်နေလို့လည်း မဖြစ်ဘူးလေ..."

ထိုသို့ပြောပြီး လုဖုန်းနျန်က လက်နှစ်ဖက်ကို ယှက်ကာ နက်ရှိုင်းစွာ ဦးညွှတ်ပြီး ပြောလိုက်သည်။ "အရှင်မရဲ့ အမိန့်တော်ကို နာခံပါ့မယ်... "

တုန်းဖန်လျူလီ နှုတ်ခမ်းနီနီလေးကို စေ့လိုက်ပြီး သူ့ရှေ့တွင် ရပ်နေသော ပုံရိပ်၏ နောက်ကျောကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ ဘာကြောင့်မှန်းမသိ သူ၏ ရင်ထဲတွင် လုံခြုံမှုများ ပြည့်လျှံလာသည်ကို ခံစားလိုက်ရသည်။

ဒါက... မိသားစုတစ်ခု တည်ထောင်ရခြင်းရဲ့ အဓိပ္ပာယ်ပဲ ဖြစ်လိမ့်မယ်။

"စိတ်မပူပါနဲ့။ မင်းက ပထမဆုံးလူ မဟုတ်သလို၊ နောက်ဆုံးလူလည်း သေချာပေါက် ဖြစ်လာမှာ မဟုတ်ပါဘူး။"

"အင်ပါယာကို ပြန်ရောက်တာနဲ့၊ မဟာကျင်း နယ်မြေအတွင်းရှိ အင်အားစုအားလုံးကို သူတို့ရဲ့ တရားဝင် ရာထူးတွေ မှတ်ပုံတင်ဖို့နဲ့ ကံကြမ္မာကို မျှဝေခံစားဖို့ ဖိတ်ခေါ်တဲ့စာကို အရှင်မကိုယ်စား ရေးပေးပါ့မယ်။"

"အမိန့်ကို မနာခံရဲတဲ့ ဘယ်သူ့ကိုမဆို သဘောတရားတစ်ခု နားလည်သွားအောင် ကျွန်တော် လုပ်ပေးနိုင်ပါတယ်။ အဲဒါက ကျွန်တော့်ဓားက ရန်သူတွေကိုသာမက တခြားသူတွေကိုလည်း သတ်နိုင်တယ် ဆိုတာပါပဲ။"

တစ်ချိန်တည်းမှာပင်။

မုန့်ချင်ကျိုး၏ စကားများက မဟာကျင်း နယ်မြေ၏ ဟင်းလင်းပြင်နယ်ပယ် တစ်လျှောက်လုံး ပဲ့တင်ထပ်သွားပြီး နေရာအနှံ့အပြားသို့ ရောက်ရှိသွားသည်။

ချက်ချင်းပင် ပါဝင်ပတ်သက်သူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။

"ငါတို့ ဘာလုပ်သင့်လဲ။ အချိန်-နေရာလွတ် ဓားသူတော်စင်က ပြည်တွင်း ကမောက်ကမဖြစ်မှုတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းတော့မှာ။ ငါတို့ သူ့စာကို စောင့်သင့်လား... "

"စာကို စောင့်မလို့လား။ အဟက်... ရယ်စရာကောင်းလိုက်တာ... "

"ဒုက္ခပဲ... ဂိုဏ်းချုပ်။ ဓားသူတော်စင်ကို ထိပ်တိုက်ရင်ဆိုင်တော့မလို့လား..."

"ထွက်သွားစမ်း... ငါဆိုလိုတာက ငါတို့ စာကို စောင့်နေလို့မဖြစ်ဘူး။ အခုပဲ ထွက်သွားပြီး မြို့တော် ဂိတ်ပေါက်မှာ သွားစောင့်ကြစို့။ ဓားသူတော်စင်ကို စာရေးရအောင် ငါတို့ ဘယ်လိုလုပ် ခိုင်းရက်မှာလဲ။ အဲဒီလိုလုပ်ရင် ငါတို့က အရမ်းကို ထောက်ထားညှာတာမှု ကင်းမဲ့သလို ဖြစ်မနေဘူးလား။"

"..."

ဓားသူတော်စင်၏ စကားတစ်ခွန်းတည်းဖြင့် မဟာကျင်း တော်ဝင်မိသားစု မျိုးဆက်သုံးဆက်တိုင်တိုင် ဖြေရှင်း၍ မရနိုင်ခဲ့သော ခေါင်းမာသည့် အင်အားစုများက မြို့တော်သို့ ကမန်းကတန်း ထွက်ခွာသွားကြတော့သည်။

ထိုသို့ထူးခြားသော မြင်ကွင်းက လူများကို အံ့အားသင့်သွားစေသည်။

တစ်ချိန်က အလွန်မောက်မာပြီး ခေါင်းမာခဲ့ကြသော အင်အားစုများက ယခုအခါ လုံးဝကို ကျိုးနွံနေကြလေပြီ။

တိုက်ပွဲတစ်ပွဲတည်းနဲ့ နံနက်ခင်းအလင်းနယ်ပယ် (၁၀၀)ကို သုတ်သင်လိုက်တယ်...

ဘယ်လို ဒဏ္ဍာရီပါလိမ့်... ဒဏ္ဍာရီလို့ ခေါ်ဆိုထိုက်တဲ့ စွမ်းဆောင်ရည်တစ်ခုပဲ...

ပထမဆုံး လူသားဧကရာဇ်ပင်လျှင် ဤမျှကြောက်မက်ဖွယ်ကောင်းသော မှတ်တမ်းမျိုး မရှိခဲ့ရာ ဤတိုက်ပွဲက အင်အားစုအားလုံးအပေါ် မည်မျှကြီးမားသော သက်ရောက်မှုရှိခဲ့ကြောင်း စဉ်းစားကြည့်နိုင်သည်။

မဟာကျင်း နယ်မြေအတွင်း ပြန့်ကျဲနေသော အင်အားစုများသာ မဟုတ်ပေ။

မြောက်ပိုင်းရှိ ကျန်ရှိနေသော တိုင်းပြည်ငယ်များသည် သံတမန်များပင် စေလွှတ်ရန် မလိုတော့ဘဲသူတို့၏ အုပ်ချုပ်သူများက ကိုယ်တိုင်ကိုယ်ကျ လက်နက်ချစာများကို ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ထံ သယ်ဆောင်လာကာ ဧကရီကို ဂါရဝပြုကြတော့သည်။

အခုချက်ချင်း လက်နက်မချဘူးဆိုရင်၊ အချိန်-နေရာလွတ် ဓားသူတော်စင် မင်းတို့တံခါးဝကို ရောက်လာပြီး မင်းလည်ပင်းကို ဓားနဲ့ထောက်ကာ လက်နက်ချမလားလို့ လာမေးတာကို စောင့်နေမလို့လား။

...

အချိန်များ ကုန်လွန်သွားပြီး သန်းခေါင်ယံအချိန်ခန့်တွင် စစ်သုံ့ပန်းပစ္စည်းများကို စာရင်းပြုစုပြီး ကမ္ဘာငယ်လေး ဆယ်ဂဏန်းကျော်နှင့်အတူ သယ်ဆောင်သွားရန် ထုပ်ပိုးလိုက်ကြသည်။

ညကောင်းကင်ယံ။

မဟာကျင်း စစ်သည်များက အထုပ်အပိုးများကို ထုပ်ပိုးကာ မြို့တော်သို့ ပြန်မည့် ခရီးစဉ်ကို စတင်လိုက်ကြသည်။

နန်းတော်က လေထဲတွင် ဝဲပျံတက်သွားပြီး ၎င်းကို ကာကွယ်ထားသော အစောင့်များကို ဖြန့်ကျက်လိုက်သည်။ အထီးကျန်နေသော နန်းတော်က နေထွက်ရာဆီသို့ ဦးတည်ချီတက်နေသော စစ်တပ်၏ နောက်သို့ လိုက်ပါသွားသည်။

"စစ်သည်တွေက အရမ်းပင်ပန်းနေကြပြီဆိုတော့ အပြန်ခရီးက အများကြီး ပိုနှေးလိမ့်မယ်။ နောက်ထပ် ငါးရက်၊ ခြောက်ရက်လောက် ကြာနိုင်တယ်။"

"တခြားသူတွေအတွက် ဆုလာဘ်တွေ ခွဲဝေပေးပြီးသွားပြီ။ ပြီးတော့ ငါကိုယ်တိုင်တောင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ဆီကနေ ကြီးမားတဲ့ ကောင်းချီးကို ရခဲ့ပြီ... "

"မုန့်လေး... မင်းကို ဆုချရမယ့် အချိန်ရောက်ပြီ။ မင်းက ဒီတိုက်ပွဲမှာ အကြီးမားဆုံး အကျိုးပြုခဲ့တဲ့သူပဲ... "

...

အပိုင်း(၁၈၅) မျှော်လင့်ချက်မဲ့အခြေအနေ၊ နန်းရင်းဝန်၏ အကျပ်အတည်း

ညကောင်းကင်ယံတွင် မရေမတွက်နိုင်သော ကြယ်လေးများဖြင့် အလှဆင်ထားပြီး၊ သန်းခေါင်ယံအချိန်တွင် လမင်း၏ အလင်းရောင်များက မြေပြင်ပေါ်သို့ ဖြာကျနေသည်။

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ အရင်းအမြစ်များကို သိမ်းပိုက်ရရှိကာ ရတနာများစွာကို ရယူနိုင်ခဲ့ပြီးနောက် တုန်းဖန်လျူလီသည် အထူးအမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ စစ်သည်များကို ထောက်ထားညှာတာသောအားဖြင့် ကောင်းကင်ပျံသန်းခြင်း အခင်းအကျင်းကို မဆိုင်းမတွ အသက်သွင်းလိုက်သည်။

ကြီးမားလှသော အခင်းအကျင်းက မဟာကျင်းစစ်သည် သောင်းနှင့်ချီနှင့် အကျဉ်းသား သိန်းနှင့်ချီကို တင်ဆောင်ကာ မြေပြင်အထက် မီတာဆယ်ဂဏန်းခန့်တွင် ပျံသန်းနေပြီး အချိန်တိုင်းတွင် ဝိညာဉ်ကျောက်တုံး အရေအတွက် အမြောက်အမြားကို ကုန်ကျစေသည်။

အဘယ်ကြောင့် နေရာရွှေ့ပြောင်းရေး အခင်းအကျင်းကို သုံးပြီး မသွားရသလဲဆိုသည်ကိုတော့၊ အတွင်းသိ မသိသော သာမန်စစ်သည်များက စဉ်းစားရမှာကိုပင် ပျင်းရိနေကြသည်။ ပင်ပန်းနွမ်းနယ်မှုများက သူတို့ကို တွေးတောနိုင်စွမ်း ဆုံးရှုံးသွားစေသည်။ တွေးတောရာတွင် ကျွမ်းကျင်သော အချို့သော အမတ်များကမူ အဓိပ္ပာယ်ပါသော အပြုံးများဖြင့်၊ တိမ်တိုက်များကြားတွင် ပုန်းကွယ်နေသော နန်းတော်ဆီသို့ နောက်ပြောင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သစ္စာရှိပြီး ဖြောင့်မတ်သော အမတ်အချို့ကမူ တိတ်တဆိတ် စိတ်ပျက်နေကြသည်။

ဧကရီနဲ့ အချိန်-နေရာလွတ် ဓားသူတော်စင်တို့က ဘာမှဖုံးကွယ်မထားဘဲ ပေါ်ပေါ်ထင်ထင် ပူးပေါင်းနေကြတယ်။ ဓားသူတော်စင် မုန့်ချင်းက ဘယ်လောက်ပဲ ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့လုပ်ခဲ့၊ လူ့ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားတွေကိုတော့ လျစ်လျူရှုလို့ မရဘူးလေ...

မဟာကျင်းမှာ ဧကရာဇ် ရှိတယ်ဆိုတာ သူတို့ သိထားသင့်တယ်...

ဧကရာဇ် မုန့်ချင်ကျိုးက အသက်ရှင်နေသေးတယ်။ သူ မသေသေးဘူး...

စစ်တပ်တစ်ခုလုံးရဲ့ရှေ့မှာ ဓားသူတော်စင် မုန့်ချင်းကို နန်းတော်ဆီ ဆွဲခေါ်သွားပြီး တံခါးပိတ်ထားလိုက်တယ်။ ခေါင်းရှိတဲ့ ဘယ်သူမဆို သူတို့ ဘာလုပ်နေလဲဆိုတာ သိမှာပဲ။

"ဧကရာဇ်က အရမ်းကို ခံစားနေရရှာတယ်။ အရှင်မင်းကြီးက ဧကရီရဲ့ ရုပ်သေးရုပ်လို ဆက်ဆံခံနေရတာတောင် ဆိုးလှပြီဆိုမှ၊ ဧကရာဇ်ဖြစ်ကတည်းက ဧကရီကို တစ်ခါမှ မထိဖူးတဲ့အပြင်၊ အဆောင်တော်မှာလည်း အကျဉ်းချခံ ထားရသေးတယ်။ အခုတော့... သူ့မှာ ဇနီးသည်ရဲ့ ဖောက်ပြန်တာကို ခံရတော့မယ်... "

"ပြီးတော့ ငါတို့ကလည်း... ဖွင့်မပြောရဲကြဘူး။ ဘာလို့လဲဆိုတော့ ဒီကနေ့ မဟာကျင်းက ဓားသူတော်စင်မပါဘဲ ရှေ့ဆက်လို့ မရလို့ပဲ... "

"ငါ့အမြင်ပြောရရင် ဧကရီမှာ ပြောမပြနိုင်တဲ့ အခက်အခဲတွေ ရှိလောက်မှာပါ၊ မုန့်ချင်းကို စည်းရုံးဖို့ သူ့ကိုယ်သူ ပေးဆပ်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိလို့ နေမှာပေါ့။"

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး။ သေချာပေါက် ဓားသူတော်စင်က သူ့ကို အတင်းအကျပ် ခိုင်းတာ ဖြစ်ရမယ်။ မဟုတ်ရင် ယောကျ်ားတွေကို အရမ်းရွံမုန်းတဲ့ ဧကရီက ဘယ်လိုလုပ် အဲဒီလိုကိစ္စမျိုးကို လုပ်နိုင်မှာလဲ... စဉ်းစားကြည့်လေ။ ဓားသူတော်စင်မှာ ဘာလိုနေသေးလို့လဲ။ ရတနာတွေ၊ နတ်ဘုရားစွမ်းရည် ဒါမှမဟုတ် ဂုဏ်သတင်းနဲ့ အဆင့်အတန်းလား။ သူ့မှာ ဘာမှမလိုဘူးလေ။ ဧကရီကို တကယ် ထူးခြားစေတာက သူ့ရဲ့ ပြိုင်ဘက်ကင်း အလှတရားပဲ။ တောရိုင်းမြေနဲ့ ကောင်းကင်ပြည်နယ်ဆိုတဲ့ ကောင်းကင်ပြာ နှစ်ခုကြားမှာ သူ့ကို ဘယ်သူက ယှဉ်နိုင်မှာလဲ။"

"တကယ်တော့ ဧကရီ အရှင်မက မုန့်ချင်းရဲ့ ဖောက်ပြန်တဲ့ အကြိုက်တွေကို ဖြည့်ဆည်းပေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့တဲ့ပုံပဲ။ နန်းတော်ထဲမှာ တမင်တကာ ကာမဂုဏ်ကိစ္စတွေကို လုပ်ဆောင်နေတာ... ဧကရီ အရှင်မ ခံစားရတယ်၊ ဧကရာဇ်လည်း ခံစားရတယ်... "

"သည်းခံလိုက်ကြစမ်းပါ။ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး။ မင်းတို့က ဓားသူတော်စင်ကို တကယ့်သူ တော်စင်ကြီးများ မှတ်နေလား၊ အလုပ်တွေအကုန်လုံး သူ့ကိုလုပ်ခိုင်းပြီး ဘာမှမပေးဘဲ နေလို့ရမယ်လို့။"

ဝန်ကြီးအချို့က စက်ဝိုင်းပုံစံထိုင်ကာ အရက်သောက်နေကြသည်။ သူတို့၏ စိုးရိမ်ပူပန်မှုများက သူတို့ကို လွှမ်းမိုးထားပြီး သုံးခွက်ပင် မကုန်သေးမီ သူတို့ လုံးဝ မူးယစ်နေကြပြီဖြစ်သည်။ သတိတရားက သူတို့ကို အော်ဟစ်ခြင်းမှ တားဆီးထားပြီး သူတို့သည် တိုးတိုးလေးများဖြင့် တိတ်တဆိတ် ဆက်သွယ်ပြောဆိုနေကြသည်။

လူတိုင်းက အတင်းပြောရန် အလွန်စိတ်အားထက်သန် နေကြသဖြင့် သူတို့၏ မျက်နှာများ နီရဲလာသည်အထိ ပေါင်များကို ရိုက်နေကြသည်။

ဓားသူတော်စင် မုန့်ချင်းက ဧကရီ ချင်းလျူလီကိုသာ အရှက်ခွဲနေသည် မဟုတ်သကဲ့သို့ သူတို့ ခံစားနေရသည်။

သူက မဟာကျင်း ပြည်သူတိုင်း၏ ခေါင်းပေါ်တွင် ထိုင်ကာ၊ သူတို့ကို အထိန်းအကွပ်မရှိ အရှက်ခွဲပြီး ကစားနေသကဲ့သို့ ခံစားရစေကာ ဇနီးသည် ဖောက်ပြန်ခံရသူများကဲ့သို့ စိတ်မသက်မသာ ဖြစ်နေကြသည်။

ပစ္စုပ္ပန်ရွာမှ ရွာသားအနည်းငယ်သာ ထိုအုပ်စုကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ သူတို့ စကားပြောနေသည့် အကြောင်းအရာကို မကြားရသော်လည်း တာဟိုင်က သူတို့၏ မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာများနှင့် ကောင်းကင်နှင့် နန်းတော်ကို အကြိမ်ကြိမ် လှမ်းကြည့်နေပုံများကို ကြည့်ကာ အခြေအနေကို ခန့်မှန်းနိုင်ခဲ့သည်။

၎င်းကို မြင်သောအခါ ကျင်းကျောက်ရွာမှ ရွာသားများက အချင်းချင်း ကြည့်ကာ အေးဆေးစွာ ပြုံးလိုက်ကြပြီး အရက်မူးနေသော ကမ္ဘာကြီးတွင် သူတို့တစ်တွေသာ အမူးပြေနေသူများ ဖြစ်နေသကဲ့သို့ အနည်းငယ် ရယ်ချင်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

"ဒီအရူးတွေ စိတ်ကူးယဉ်နေပါစေဦး။ အမှန်တရားပေါ်လာတာနဲ့ ဒီအုပ်စုက သေတဲ့အထိ အတူတူ ထပ်သောက် ဖြစ်ကြတော့မှာ မဟုတ်ဘူး။"

"ဟားဟား၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက အဲဒီနေ့ကို မြင်ရဖို့ တကယ်ကို မျှော်လင့်နေတာ။"

ပစ္စုပ္ပန်ရွာမှ ရွာသားအချို့မှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။

ရုတ်တရက်။

သူတို့ထဲမှ တစ်ယောက်က ခံစားချက်ပြင်းထန်စွာဖြင့် အရက်ခွက်ကို မြှောက်ကာ လင်းလက်နေသော လမင်းကြီးဆီသို့ မျက်နှာမူပြီး မြေပြင်ပေါ်သို့ လောင်းချလိုက်သည်။

"ဖန့်ချန်၊ ယန်ရှန်းတယ်နဲ့ ဝူရှန်းဖျင်တို့ အဲဒီနေ့ကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်တာ နှမြောစရာ ကောင်းလိုက်တာ... "

"ဒီအရက်တစ်ခွက်က မင်းတို့အားလုံးအတွက်ပါ။ နောက်ဘဝကျရင် ငါတို့တွေ ရဲဘော်ရဲဘက်တွေအဖြစ် ပြန်ဆုံတွေ့နိုင်ကြပါစေလို့ ငါ မျှော်လင့်ပါတယ်။"

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နှင့် တိုက်ပွဲမှ ရရှိလာသော ကြီးမားသည့် အကျိုးအမြတ်များသည် အနောက်ပိုင်း ဗုဒ္ဓတိုင်းပြည်ကို ဆန့်ကျင်မည့် မဟာကျင်း၏ နောက်ဆုံးစစ်ဆင်ရေးအတွက် လုံလောက်သော်လည်း၊ စစ်ပွဲမှာ ခက်ခဲကြမ်းတမ်းနေဆဲဖြစ်သည်။

သို့သော် ပစ္စုပ္ပန်ရွာမှ ရွာသားများသည် ဤတိုက်ပွဲတွင် သူတို့လူ၏ သုံးပုံတစ်ပုံခန့် ဆုံးရှုံးခဲ့ရသည်။

တစ်ချိန်က စည်ကားခဲ့သော ထိုရွာလေးမှာ လူသူကင်းမဲ့တော့မည် ဖြစ်သည်။

ထိုအကြောင်းကို တွေးမိပြီး အုပ်စုမှာ တိတ်ဆိတ်သွားကြသည်။ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နှင့် နောက်ဆုံး တိုက်ပွဲအပြီးတွင် ပစ္စုပ္ပန်ရွာသည် လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။

"အဲဒီရွာလေးကို ပြန်သွားဖို့ အခွင့်အရေး ရဦးမယ်လို့ ငါ မျှော်လင့်ပါတယ်။ ရိုးရိုးသားသား ပြောရရင် ငါ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လာခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ၊ လောကကြီးရဲ့ လှုပ်ရှားရုန်းကန်မှုတွေ အားလုံးနဲ့ ဘဝရဲ့ အရသာအမျိုးမျိုးကို ငါ မြင်တွေ့ခဲ့ရပြီးပြီ။ ဒါပေမဲ့ ပစ္စုပ္ပန်ရွာလေးတစ်ခုတည်းကပဲ ငါ့ကို တကယ့် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တယ်။"

"ငြိမ်းချမ်းမှုကို ရှာတွေ့တဲ့နေရာက ငါ့ရဲ့ အိမ်ပါပဲ။ ငါ့ဘဝရဲ့ ထက်ဝက်လောက်ကို စစ်တပ်ထဲမှာ ကုန်ဆုံးခဲ့ပြီး အမြဲတမ်း တစ်ယောက်တည်း နေလာခဲ့တာ။ ငါ့ရင်ထဲမှာတော့ ပစ္စုပ္ပန်ရွာက ငါ့ရဲ့ ဒုတိယအိမ်ပဲ။ မဟာကျင်း အတွက် မဟုတ်ရင်တောင်မှ၊ ပစ္စုပ္ပန်ရွာကို ကာကွယ်ဖို့အတွက် ငါ သေရမယ်ဆိုရင်တောင် ဗုဒ္ဓဆီကနေ အသားတစ်ဖဲ့လောက် ဆွဲဆုတ်သွားဦးမယ်... "

"ပြောတာကောင်းတယ်။ ရော့ သောက်... ဗုဒ္ဓတိုင်းပြည်နဲ့ စစ်ပွဲကတော့ ရှောင်လွှဲလို့ မရတော့ဘူး။ မဟာကျင်းအတွက်၊ ပစ္စုပ္ပန်ရွာအတွက်... သေတဲ့အထိ တိုက်ကြမယ်... "

"သောက်ကြမယ်... "

...

တောင်ပေါ်သားရဲတစ်ကောင်ကို စီးနင်းကာ သူတို့က နန်းဆောင်ငယ်တစ်ခု၏ ထိပ်ဆုံးထပ်ကို သယ်ဆောင်လာခဲ့ကြသည်။

ချင်းဖုန်းဟော်သည် လက်ရန်းကို မှီကာ ပြင်းထန်သော အရက်အိုးတစ်အိုးကို ကိုင်ထားသည်။ သူက ခေါင်းကို နောက်သို့မော့ကာ တစ်ဝက်လောက်ကို လောင်းချလိုက်ရာ၊ တစ်ဝက်က သူ၏ နှုတ်ခမ်းများမှ စီးကျလာပြီး သူ၏ အဝတ်အစားများကို ရွှဲနစ်သွားစေကာ၊ ကျန်တစ်ဝက်က မြေပြင်ပေါ်သို့ ဖိတ်စင်သွားသည်။ နောက်ဆုံး ကျန်ရှိနေသော အရက်များကို သူ မျိုချလိုက်ပြီးနောက် လည်ချောင်းမှ ဟိန်းသံသဲ့သဲ့ ထုတ်ကာ သူ၏ ပါးစပ်ကို သုတ်လိုက်သည်-

"ပျော်စရာပဲ... "

ဘေးနားတွင် လှဲလျောင်းကာ လမင်းကို ငေးကြည့်နေသော နေမင်းအရှင်သခင်က ထိုစကားကို ကြားသောအခါ သူ၏ တွဲကျနေသော မျက်ခွံများကို တိတ်တဆိတ် ပင့်တင်လိုက်ပြီး ခွေးနှင့်တူသော သူ၏မျက်နှာတွင် မထီမဲ့မြင်ပြုမှုများ အပြည့်ဖြင့် မျက်လုံးပြူးကြည့်လိုက်သည်။

"နေမင်းအရှင်သခင်... ကျွန်တော့်ရဲ့ ရိုင်းပြမှုအတွက် ခွင့်လွှတ်ပေးပါ။ ကျွန်တော်က ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ထမ်းဆောင်ရဦးမှာဆိုတော့ ဘယ်လိုလုပ်ပြီး အရက်သောက်နိုင်မှာလဲ။ လူ့လောကက သာမန် ပြင်းထန်တဲ့ အရက်တွေတောင်မှ သူတို့ရဲ့ ကိုယ်ပိုင် အန္တရာယ်တွေ ရှိတယ်လေ။" ချင်းဖုန်းဟော်က ခေါင်းကုတ်ကာ အနေရခက်စွာ ရယ်မောလိုက်သည်။

နေမင်းအရှင်သခင်၏ ရှေ့မှောက်တွင် မျက်မမြင်တစ်ယောက်မှလွဲ၍ လူတိုင်းက သူ့ကို ဘိုးဘေးတစ်ဦးကဲ့သို့ အလွန်ရိုသေလေးစားစွာ ဆက်ဆံကြသည်။

နေမင်းအရှင်သခင်က နှာမှုတ်လိုက်ပြီး သူ့ကို ဆက်လက် မထီမဲ့မြင် ကြည့်နေသည်။

"ကျွန်တော့်ကို အဲဒီလို မကြည့်ပါနဲ့။ ကျွန်တော် စိတ်ဓာတ်ကျနေတာပါ၊ ဒါပေမဲ့ တကယ်မူးအောင်တော့ မသောက်ရဲပါဘူး။" ချင်းဖုန်းဟော်က တိုးတိုးလေး ပြောလိုက်သည်။

"ကျန်းစန်းဟိုင်က အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို အလစ်အငိုက်တိုက်ခိုက်ဖို့ သန်းနဲ့ချီတဲ့ စစ်တပ်ကြီးကို ဦးဆောင်သွားပြီး အရဟတ္တ နှစ်ပါးကို ဆက်တိုက် သတ်ပစ်ခဲ့တယ်လို့ ကြားတယ်။ အဲဒီနောက် အိုအေစစ် တစ်ခုမှာ ဗောဓိသတ်တစ်ပါးနဲ့ မရေမတွက်နိုင်တဲ့ ဇန်ကျင့်ကြံသူတွေရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံလိုက်ရတယ်တဲ့။"

"ကျန်းစန်းဟိုင်ရဲ့ စရိုက်အရဆိုရင် သူသာ စစ်တပ်စေလွှတ်ရဲတယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု ရှိရမယ်။ သူ့ကို ကျွန်တော် နားလည်ထားသလောက်တော့၊ သူ့ရဲ့ နောက်ဆုံးအကြံအစည်က သူ့အသက်ကို ပေးဆပ်ရလောက်တယ်။"

ထိုစကားကို ကြားသောအခါ နေမင်းအရှင်သခင်က သူ၏ မျက်လုံးများထဲမှ မထီမဲ့မြင်ပြုမှုကို မျိုသိပ်လိုက်ပြီး၊ လေးနက်လာကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်တစ်ခုကို ဖော်ပြလိုက်သည်။

ဆိုလိုရင်းက ရှင်းပေသည်။

အဲဒီ ကတုံးဘုန်းကြီးတွေကို သွားတိုက်ပြီး သတ်ပစ်လိုက်ရုံပဲ မဟုတ်ဘူးလား...

ချင်းဖုန်းဟော်က ခါးသီးစွာ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။

"အဲဒီလောက် မရိုးရှင်းဘူး။ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က ဘာလို့ သူတို့ကို မသတ်ဘဲ ဝိုင်းရံထားရုံပဲ ဝိုင်းရံထားတယ်လို့ ထင်လဲ။ ကျန်ရှိနေတဲ့ အရဟတ္တ (၁၆)ပါး၊ ဗောဓိသတ္တ (၃)ပါးနဲ့ အဲဒီဗုဒ္ဓကိုယ်တိုင်တောင် အခုထိ မလှုပ်ရှားသေးဘူး။"

"ဧကရီ အရှင်မ ကိုယ်တိုင် ကယ်ဆယ်ရေးကို ဦးဆောင်လာအောင် သူတို့က မျှားနေတာ။ အဲဒီအချိန်ကျရင် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က မဟာကျင်းကို တစ်ချက်တည်းနဲ့ အမြစ်ပြတ်ချေမှုန်းဖို့ မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား လှုပ်ရှားလာမှာ သေချာတယ်။"

အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က အလွန်နက်ရှိုင်းသော သမိုင်းကြောင်းရှိပြီး အတိုင်းအတာတစ်ခုအထိ သူတို့သာ ဆန္ဒရှိခဲ့လျှင် လွန်ခဲ့သော နှစ်များစွာကတည်းက တောရိုင်းမြေျကို စည်းလုံးညီညွတ်စေနိုင်ခဲ့သည်။

သို့သော် ဗုဒ္ဓတိုင်းပြည်ကို အုပ်ချုပ်သော ဗုဒ္ဓတွင် အချို့သော စိုးရိမ်ပူပန်မှုများ ရှိပုံရပြီး၊ ကောင်းကင်ထောက်တိုင် နယ်ပယ်ကို ဖောက်ထွက်ရန် စိတ်ပိုင်းဖြတ်ထားကာ ထိုအခါမှသာ စည်းလုံးညီညွတ်ရေး စစ်ပွဲကို စတင်၍ ဆင်နွှဲရဲပေလိမ့်မည်။

"ခက်တယ်။ တောရိုင်းမြေမှာ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်တောင် ကြောက်ရွံ့ရတဲ့ နောက်ထပ် အင်အားစုတစ်ခု ရှိနေတယ်။ ဒါကြောင့် အဲဒီဗုဒ္ဓက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွက်ရလိမ့်မယ်... "

ချင်းဖုန်းဟော်က သူ၏ မျက်လုံးများ နက်ရှိုင်းသွားကာ သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

ဘယ်လိုကြည့်ကြည့် ဗုဒ္ဓတိုင်းပြည်က နန်းရင်းဝန် ကျန်းစန်းဟိုင်ကို ဝိုင်းရံပိတ်ဆို့ထားခြင်းမှာ အဆုံးအဖြတ် ပေးမည့် ထိုးနှက်ချက်တစ်ခုပင်။

ကျန်းစန်းဟိုင်နှင့် ၎င်း၏ လက်ရွေးစင် စစ်တပ်ကြီး သန်းနှင့်ချီကို စွန့်ပစ်ကာ ဗုဒ္ဓကန္တာရထဲတွင် သေဆုံးခွင့် ပြုလိုက်မည်ဆိုပါက၊ ထိုအခြေအနေတွင် မဟာကျင်းသည်... မူလချီစွမ်းအင် အကြီးအကျယ် ထိခိုက် နစ်နာသွားပြီး၊ အတ္တကင်းမဲ့သောဗုဒ္ဓက ကောင်းကင်ထောက်တိုင် နယ်ပယ်ကို ဖောက်ထွက်ကာ တရားကျင့်ကြံရာမှ ထွက်လာမည့်အချိန်ကို စောင့်နေမည်ဆိုပါက မဟာကျင်းကို ဖျက်ဆီးပစ်ရန်မှာ အလွန် လွယ်ကူသွားပေလိမ့်မည်။

သူတို့ကို ကူညီရန် စစ်တပ် စေလွှတ်နိုင်သော်လည်း၊ တိုင်းတစ်ပါးမြေတွင်ဖြစ်ရာ ဗုဒ္ဓတိုင်းပြည်က သူတို့၏ ကိုယ်ပိုင်နယ်မြေ အားသာချက်ကို ရရှိထားမည် ဖြစ်သဖြင့် တိုက်ခိုက်ရန်မှာ အဆပေါင်းများစွာ ပိုမို ခက်ခဲပေလိမ့်မည်။

"ထွက်ပေါက်မရှိတဲ့ လမ်းဆုံးတစ်ခုပဲ။ ဖြေရှင်းစရာ နည်းလမ်းမရှိဘူး။"

နောက်ဆုံးတွင် ချင်းဖုန်းဟော်က အောင်ပွဲခံပြီးနောက် ပျော်ရွှင်မှုများ ကင်းမဲ့စွာဖြင့် စကားအနည်းငယ်ကို ရေရွတ်လိုက်ရာ သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေတော့သည်။

All Chapters