← Chapters

အခန်း (၁၈၆-၁၈၈)

Vol. 13 Ch. 186-188

အခန်း (၁၈၆-၁၈၈)

Vol. 13 Ch. 186-188

အပိုင်း(၁၈၆) နန်းတော်တွင်း ညပိုင်းဖြစ်ရပ်များ၊ ချင်ကျိုး၏ဒေါသ

နန်းတော်။

မုန့်ချင်ကျိုးက ကျယ်ဝန်းသော ကုတင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး သူ၏ မျက်မှောင်များ တွန့်ချိုးနေကာ အသက်ရှူသံများမှာလည်း ပိုမိုမြန်ဆန်လာသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက တိုက်ပွဲပေါင်း ဒါဇင်နှင့်ချီ ဖြစ်ပွားခဲ့သော်လည်း၊ ၎င်းတို့မှာ နှစ်ဖက်စလုံးမှ မည်သည့် အောက်တန်းကျသော နည်းဗျူဟာကိုမျှ အသုံးမပြုဘဲ စစ်တပ်နှစ်ခုကြား တရားမျှတစွာ ထိပ်တိုက်ရင်ဆိုင်မှုများသာ ဖြစ်ခဲ့သည်။

ယခုနှင့်တော့ မတူပေ။

စစ်ဝတ်စုံအနီကို ဝတ်ဆင်ထားသည့် တုန်းဖန်လျူလီက သူ၏နောက်တွင် ဒူးထောက်ကာ ရင်ဘတ်ကို လက်များဖြင့် တင်းကျပ်စွာ ဖက်ထားပြီး သူ၏နားနားသို့ ညင်သာစွာ လေမှုတ်လိုက်သည်။

"ဓားသူတော်စင်... ကျွန်မက အခု ရှင့်ရဲ့ စစ်သုံ့ပန်းပါ... "

"စစ်သုံ့ပန်းကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ ကျွန်မ ရှင့်ကို သင်ပေးစရာ မလိုပါဘူးနော်... ဟုတ်တယ်မလား။"

"ကျေးဇူးပြုပြီး ဓားသူတော်စင်... ရှင့်သဘောအတိုင်း အပြည့်အဝ ခံစားပါ... "

"သေချာတာပေါ့။ ဓားသူတော်စင် ျစိတ်ဝင်စားမယ်ဆိုရင် ကျွန်မကို အကျဉ်းသားတစ်ယောက်လိုလည်း ဆက်ဆံနိုင်ပါတယ်။ စိတ်ဝိညာဉ်ချီစွမ်းအားတွေကို ချုပ်နှောင်နိုင်တဲ့ သံကြိုးတစ်စုံ ကျွန်မမှာ ရှိပါသေးတယ်။"

"ဒီစစ်ဝတ်စုံကလည်း ရှင့်အတွက် ကျွန်မ သေသေချာချာ ဖန်တီးထားတာပါ။"

မုန့်ချင်ကျိုး၏ အသက်ရှူသံများ ပြင်းထန်လာပြီး တံတွေးများကို ရူးသွပ်စွာ မျိုချနေမိသည်။

ဤအခိုက်အတန့်တွင် ပုံရိပ်သုံးခုက သူ၏စိတ်ထဲ ဖျတ်ခနဲ ပေါ်လာသော်လည်း ၎င်းတို့ကို လူတစ်ဦးတည်းအဖြစ် သူ မဆက်စပ်နိုင်ပေ။

သူ့တွင် နူးညံ့သိမ်မွေ့ပြီး အရှက်အကြောက်ကြီးသော ဇနီးတစ်ယောက် ရှိသည်။

အစွမ်းထက်သော ဧကရာဇ်တစ်ပါး၏ ကြီးမြတ်မှုများကို ပိုင်ဆိုင်ထားပြီး သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ်ဟု တင်စားခံရသော မဟာကျင်းဧကရီလည်း ရှိသည်။

ထို့ပြင်... တပ်မက်ဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသော ကဝေမ ဝင်ပူးခံထားရတဲ့ မိစ္ဆာလို မိန်းမတစ်ယောက်လည်း ရှိနေသေးသည်။

ဒီအရာအားလုံးက လူတစ်ယောက်တည်း ဖြစ်နေနိုင်ပါ့မလား...

မုန့်ချင်ကျိုးက နောက်ဆုံးစက္ကန့်ရောက်မှ ရုတ်တရက် နောက်ဆုတ်ချင်စိတ် ပေါက်သွားသည်။

စစ်မဖြစ်ခင်က သူက ယခင်ရှုံးနိမ့်မှု၏ အရှက်ရမှုကို ဆေးကြောပစ်ရန် စိတ်ပိုင်းဖြတ်ထားကာ ယုံကြည်မှုများနှင့် စိတ်ဓာတ်များ အပြည့်အဝ ရှိနေခဲ့သည်။ သို့သော် စစ်မြေပြင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ဧကရီ၏ လေသံနှင့် အမူအရာများကို မြင်လိုက်ရသည်။

မုန့်ချင်ကျိုး၏ နှလုံးသားတစ်ချက် ခုန်သွား၏။

ဒုက္ခပါပဲ... ငါ လုံးဝကို အလိမ်ခံလိုက်ရပြီ...

စစ်ပွဲစတင်သည်နှင့် တစ်ပြိုင်နက် အသက်ရှင်ကျန်ရစ်ရန် အခွင့်အလမ်းမှာ သုညနီးပါးအထိ အလွန်ပင် နည်းပါးသွားသည်။ သေဆုံးဒဏ်ရာရမှုနှုန်းက ၉၉.၉၉%အထိ မြင့်မားနေသည်။

"ဓားသူတော်စင်... ကျွန်မက ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာကို ရှင်က ဘာမှမတုံ့ပြန်ဘူးပဲ... "

"ကျွန်မက အသက်ကြီးပြီး အားနည်းနေလို့လား။ ဒါကြောင့် ရှင်က မခံစားနိုင်တော့တာလား။"

တုန်းဖန်လျူလီ၏ အနည်းငယ် လှောင်ပြောင်နေသော အသံက ထွက်ပေါ်လာပြီး ပြင်းထန်သော သံသယများ ရောနှောနေပုံရသည်။

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး ရုတ်တရက် မတ်တပ်ရပ်ကာ နောက်လှည့်ပြီး တုန်းဖန်လျူလီ၏ ပခုံးကို ဆွဲကိုင်လိုက်သည်။

မခံစားနိုင်ဘူး ဟုတ်လား...

မင်းရဲ့ ကိုယ်ပိုင်ဇနီးက မင်းကို လက်ညှိုးထိုးပြီး အဲဒီလို ပြောရင် ဘယ်လိုလုပ်မလဲ။

ဒါက လွန်လွန်းတယ်…

ဒီနေ့ မိသားစု စည်းကမ်းတွေကို အသက်သွင်းပြီး သူ့ကို ပညာပေးရမယ်…

အိမ်ထောင်ဦးစီးက ဘယ်သူလဲ ဆိုတာပေါ့။

"သံကြိုးတွေ ဘယ်မှာလဲ။ ထုတ်လိုက်စမ်း... " မုန့်ချင်ကျိုးက အော်ပြောလိုက်သည်။

"ဟင့်အင်း... " တုန်းဖန်လျူလီ၏ ဇာမဏီမျက်လုံးများတွင် ရှက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေပြီး သူ၏ နှုတ်ခမ်းနီနီလေးများကို စေ့ထားလိုက်သည်။ သူက စစ်မြေပြင်သို့ ချဉ်းကပ်လာချိန်မှာပင် မိမိ ဆုံးဖြတ်ချက်ကို နောင်တရနေခဲ့သည်။

စိတ်ဝိညာဉ်ချီစွမ်းအားကို ချုပ်နှောင်ထားသည့် သံကြိုးများကို တပ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ လူတစ်ယောက်က အမှန်တကယ်ပင် အားနည်းသွားမည်ဖြစ်ပြီး တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရန် အဆင့်မြင့် ကျင့်ကြံမှုကို အားကိုး၍ ရနိုင်တော့မည် မဟုတ်ပေ...

၎င်းကို ဝတ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် ဝံပုလွေဆိုးကြီး ဘဝမှ သိုးငယ်လေးတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားပေမည်။

"မှတ်ထား၊ မင်းက အခု ငါ့ရဲ့ကျွန်ပဲ။ မင်းရဲ့သခင်ကို အာခံရဲသလား။" မုန့်ချင်ကျိုးက ဗိုလ်ကျတတ်သော စီအီးအို တစ်ဦး၏ ရောင်ဝါကို ထုတ်လွှတ်ကာ အေးစက်စွာ ပြောလိုက်သည်။

"မသာကောင်... ကျွန်မ အကျဉ်းသားတစ်ယောက် ဖြစ်သွားရင်တောင်မှ ရှင်ရဲ့ အနိုင်ကျင့်မှုကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။ ကျွန်မကို လွှတ်စမ်း... " တုန်းဖန်လျူလီက နူးညံ့သော ခန္ဓာကိုယ်လေးကို လိမ်ကောက်ကာ ရုန်းကန်ချင်ယောင် ဆောင်လိုက်သည်။ ကြမ်းတမ်းပုံရသော်လည်း အမှန်တကယ်တွင် သူက ခွန်အားအနည်းငယ်မျှပင် မသုံးခဲ့ပေ။

မုန့်ချင်ကျိုးမှာ တိတ်တဆိတ် အံ့ဩသွားသည်။

ငါ့မိန်းမက တကယ်ကို ဘယ်လိုပျော်အောင် နေရမလဲဆိုတာ သိတာပဲ။ သူ့ရဲ့ တွေးခေါ်ပုံက ခေတ်ရှေ့ကို အရမ်းရောက်နေတာပဲ။ ဘယ်သူမှ မသင်ပေးဘဲနဲ့ ဒီသရုပ်ဆောင်မှု အားလုံးကို ကျွမ်းနေတယ်။

ဒါက အမှန်ပဲ။ သူက ငါ့ကို [ပစ္စုပ္ပန်ရွာ]ကို ခေါ်လာကတည်းက သူတောင် သတိမထားမိဘဲ သရုပ်ဆောင်တဲ့ ဂိမ်း တစ်ခုကို ကစားနေခဲ့တာပဲ။

ဒါပေမဲ့ အဲဒီကာလအတွင်းမှာ ငါက အမှောင်ထဲမှာ ဖုံးကွယ်ခံထားရတယ်။ အခုတော့ အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားပြီ။ ငါက ဘာမှမခွဲခြားတတ်အောင် တုံးအတယ်လို့ ထင်နေတဲ့ နန်းတွင်ဝန်ကြီးတွေနဲ့ ဧကရီတို့ကပဲ လှည့်စားခံနေရတာ။

မုန့်ချင်ကျိုး တစ်ကြိမ်လောက် ရဲရဲဝံ့ဝံ့ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ယခု သူက တိုက်စစ်ဆင်နေပြီဖြစ်ရာ ကြမ်းကြမ်းတမ်းတမ်းနှင့် အေးအေးစက်စက် ကစားလိုက်သည်က ပိုကောင်းပေလိမ့်မည်။

"အောက်တန်းကျတဲ့ ကျွန်မ။ ငါက မင်းကို မနှိမ်နင်းနိုင်ဘူးလို့ ထင်နေတာလား။"

"ငါ့ရှေ့မှာ မင်းဘယ်လို ပြုမူနေလဲဆိုတာကို ဧကရာဇ် သိသွားစေချင်သလား... "

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီ မှင်သက်သွားပြီး ချောမောသော မျက်နှာလေးတွင် အံ့ဩမှုများ ပြည့်နှက်သွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။

ဒီလိုလည်း ကစားလို့ ရတာလား...

"မင်းက ငါ့ရှေ့မှာ ဒူးထောက်နေတယ်ဆိုတာကို နန်းတော်အပြင်ဘက်က စစ်သားတွေ သိသွားစေချင်တာလား။"

"မင်းရဲ့ ဧကရီ ဂုဏ်သိက္ခာကို တကယ်ပဲ ဆုံးရှုံးခံချင်တာလား။"

"အခု မင်းရဲ့ ဝိညာဉ်စွမ်းအားကို ချုပ်နှောင်ထားတဲ့ သံကြိုးတွေကို ပေးစမ်း။ ပြီးတော့ ကိုယ်တိုင် ဝတ်လိုက်... "

တုန်းဖန်လျူလီ အလွန်အမင်း တုန်လှုပ်သွားပြီး ခေါင်းများ ချာချာလည်သွားသည်။ သူ မစဉ်းစားတော့ဘဲ ဝိညာဉ်သံကြိုးများကို ထုတ်ယူကာ ကိုယ်တိုင် ဝတ်ဆင်လိုက်တော့သည်။

...

(၅)ရက်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။

(၅)ရက်အကြာ...

ဤအချိန်အတွင်း မဟာကျင်းသည် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို အနိုင်ရရှိခဲ့ကြောင်း သတင်းမှာ တောရိုင်းမြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

သူတို့၏ အောင်ပွဲခံ အပြန်ခရီးစဉ်တွင် ကမ်းပါးနှစ်ဖက်၌ အရပ်ရပ်မှ သံတမန်များ တန်းစီနေကြပြီး အဖိုးတန်ဆုံးသော လက်ဆောင်ပဏ္ဏာများကို ဆက်သနေကြသည်။

သို့သော်လည်း ဧကရီ ချင်းလျူလီနှင့် ဒဏ္ဍာရီလာ အစောင့်အရှောက် စစ်နတ်ဘုရား မုန့်ချင်ကျိုးတို့သည် ပေါ်မလာခဲ့ပေ။

(၅)ရက်ဆက်တိုက် ထိုနှစ်ဦးက နန်းတော်ထဲတွင် ပုန်းအောင်းနေပြီး တစ်လက်မမျှပင် အပြင်မထွက်ခဲ့ပေ...

တစ်ချိန်တည်းမှာပင်။

နန်းတော်အတွင်း၌။

မုန့်ချင်ကျိုးက ကုတင်ပေါ်တွင် လှဲနေပြီး သူ၏ ဓားအသိပိုင်နက်က နန်းတော်တစ်ခုလုံးကို လွှမ်းခြုံထားကာ အခန်းများ၏ အပြင်အဆင်များကို သူ၏စိတ်ထဲတွင် ရှင်းလင်းစွာ ပုံဖော်ကြည့်နိုင်စေသည်။

(၅)ရက်လုံးလုံး စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော နန်းတော်၏ ထောင့်တိုင်းတွင် သူနှင့် ဧကရီ၏ အရိပ်အယောင်များ ရှိနေခဲ့၏။

"အဓိပ္ပာယ်မရှိတာ။ လုံးဝကို အဓိပ္ပာယ်မရှိတာပဲ... "

မုန့်ချင်ကျိုးက အိပ်မက်မက်နေသကဲ့သို့ အနည်းငယ် တွေဝေသွားပြီး ထိုစစ်ပွဲကို သူ အနိုင်ရရှိခဲ့သည်ကို မယုံနိုင်အောင် ဖြစ်နေသည်။

ပြီးတော့ အဲဒါက ပြတ်ပြတ်သားသား အောင်ပွဲတစ်ခုပဲ...

နောက်ဆုံးတော့ တုန်းဖန်လျူလီက သူ့ကိုယ်သူ ဒုက္ခပေးလိုက်တာပဲ။ စိတ်ဝိညာဉ်ချီစွမ်းအားကို ချုပ်နှောင်ထားတဲ့ သံကြိုးတွေကို ဝတ်ဆင်လိုက်တာက သူ့ကို အချိန်တိုင်း အားနည်းတဲ့ အနေအထားမှာ ရှိနေစေခဲ့တယ်။

မုန့်ချင်ကျိုး ထူးဆန်းသည်ဟု ခံစားရသည်မှာ...

အချိန်ကုန်လွန်လာသည်နှင့်အမျှ တုန်းဖန်လျူလီ၏ သွေးခုန်နှုန်းက ပိုမို အားကောင်းလာပြီး၊ အသက်စမ်းရေကို သွင်းပေးလိုက်သကဲ့သို့ သူ့ကို ဒုတိယအသက်တစ်ခါ ပြန်လည်ရရှိစေကာ တက်ကြွမှုများ တစ်ဖန် ပြန်လည်၍ တောက်ပလာစေသည်။

"ဒါက [ ဟုန်မုန့်ဖန်ဆင်းခြင်းသွေးကြော ] ကြောင့်များလား။ ဒီအရာက... ဒီလို အကျိုးသက်ရောက်မှု ရှိတာလား... " မုန့်ချင်ကျိုးက သူ၏ မေးစေ့ကို ပွတ်သပ်ရင်း လုံးဝ အံ့အားသင့်နေမိသည်။

ဤအခိုက်အတန့်တွင် တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ ရင်ခွင်ထဲတွင် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ကွေးကွေးလေး အိပ်နေပြီး၊ သူ၏ လှပသော မျက်လုံးလေးများကို တင်းကျပ်စွာ မှိတ်ထားကာ မျက်ရည်များက နူးညံ့ရှည်လျားသော မျက်တောင်လေးများတွင် တွယ်ကပ်နေဆဲဖြစ်သည်။ မုန့်ချင်ကျိုး၏ ဖက်တွယ်ထားမှု ပိုမိုတင်းကျပ်လာသည်ကို ခံစားရသောအခါ သူက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ဟင့်အင်း။ တကယ်ကို ကျွန်မ မလိုချင်တော့ဘူး... "

"ကျွန်မ... ကျွန်မ သေတော့မယ်... "

"ဝါး... "

မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ ဆံပင်များကို ပွတ်သပ်ကာ သူ၏ သင်းပျံ့သော ရနံ့လေးကို ညင်သာစွာ ရှူရှိုက်ရင်း ရင်နာမှုကို ခံစားလိုက်ရသည်။

"တောင်းပန်ပါတယ်၊ ကိုယ် အရမ်း ကြမ်းတမ်းသွားတယ်။"

တုန်းဖန်လျူလီက အိပ်မောကျနေဆဲဖြစ်သည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်နိုင်သည်။ သူ၏ တစ်ချိန်က ကြည်လင်ပြတ်သားသော အသံလေးက အနည်းငယ် အက်ကွဲနေပြီး အိပ်မက်ထဲတွင် တိုးတိုးလေး ရေရွတ်နေသည်။

"ငါးပိကောင်... ကျွန်မ ရှင့်ကို တကယ် မခွဲသွားချင်ဘူး။ ရှင့်အနားမှာ ထာဝရ ရှိနေချင်တယ်။ ဒါပေမဲ့ ကျွန်မ... "

မျက်ရည်တစ်ပေါက် စီးကျလာပြီး မုန့်ချင်ကျိုး၏ လက်ပေါ်သို့ ကျရောက်လာ၏။

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်ပြီး သူ၏ အသက်ရှူသံများ ရပ်တန့်သွားသည်။

ဘာအဓိပ္ပာယ်လဲ...

ဘာလို့ ဒီစကားက နှုတ်ဆက်ခွဲခွာရတော့မယ့် ခံစားချက်မျိုး ပါနေရတာလဲ။

မင်း ဘာတွေကိုများ ဖုံးကွယ်ထားတာလဲ။

မုန့်ချင်ကျိုးက ရင်ခွင်ထဲက နူးညံ့တဲ့ ခန္ဓာကိုယ်လေးကို တိတ်တဆိတ် ဖက်ထားရင်း စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ ရုတ်တရက် သတိဝင်လာ၏။

ကျဆင်းနေတဲ့ သွေးခုန်နှုန်း၊ ညှိုးနွမ်းနေတဲ့ အသက်မီးတောက်...

သက်တမ်း ကုန်တော့မယ်...

အစကတော့ ငါ့ရဲ့ စိတ်ထင်တာပဲဖြစ်မယ် ဒါမှမဟုတ် တခြားအကြောင်းပြချက်တစ်ခုခု ရှိမယ်လို့ ငါထင်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံရေးလောကမှာ ထူးဆန်းတာတွေ အများကြီးရှိပြီး အချို့ အထူးကိစ္စတွေကို ယေဘုယျ သတ်မှတ်လို့ မရဘူးလေ။

သို့သော် ယခုတော့ မုန့်ချင်ကျိုးက ရက်စက်သော လက်တွေ့အမှန်တရားကို လက်ခံရပေတော့မည်။

လျူလီ အသက်အန္တရာယ်ရှိနေပြီ...

တုန်းဖန်လျူလီနှင့် တွေ့ဆုံခြင်း၊ သိကျွမ်းခြင်းနဲ့ ချစ်ကျွမ်းဝင်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်၍ အမှတ်ရလိုက်မိသည်။

သူတို့က အချင်းချင်း၏ စံပြအချစ်များ၊ အချင်းချင်း၏ ပထမဆုံး အချစ်များ ဖြစ်ခဲ့၏။ သူ ဆာလောင်ပြီး အေးခဲနေချိန်တွင် တုန်းဖန်လျူလီက သူ့ကို လက်ကမ်းပေးခဲ့ပြီး၊ သူတို့ ပထမဆုံး တွေ့ဆုံချိန်တွင် တုန်းဖန်လျူလီက ဧကရီဖြစ်လာမည်ကို သူ သေချာပေါက် သိခဲ့သည်။ သူတိုက အချင်းချင်း အသက်ရှင်သန်ရန် သတ္တိများ ပေးခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့က အုပ်ချုပ်သူနှင့် လက်အောက်ခံ၊ အချစ်တော်ဝန်ကြီးနှင့် ဧက၇ီ ဆိုသည့် ဆက်ဆံရေးမျိုးလည်း ရှိခဲ့သည်။

သူတို့က ပစ္စုပ္ပန်ရွာမှ ပူပင်သောကကင်းသော လူငယ်စုံတွဲတစ်တွဲလည်း ဖြစ်၏။

သူတို့က စစ်မြေပြင်တွင် ရဲဘော်ရဲဘက်များ ဖြစ်ကြပြီး နောက်ကျောကို ယုံယုံကြည်ကြည် အပ်ထား၍ရသည်။

"သက်တမ်း ကုန်ခမ်းနေပြီ။ ငါ့ရဲ့ ဟုန်မုန့်ဖန်ဆင်းခြင်း သွေးကြောက အဲဒါကို ယာယီ နှေးကွေးအောင် လုပ်ပေးနိုင်ပေမဲ့ ကုသဆေးတော့ မဟုတ်ဘူး။ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က အနီးကပ် စောင့်ကြည့်နေတယ်၊ အဲဒါကို သိမ်းပိုက်ဖို့ဆိုတာ ခက်ခဲတယ်... "

"မင်းကို မျှော်လင့်ချက်မဲ့သွားစေတာ ဗုဒ္ဓတိုင်းပြည်လား။ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်တွေးဖို့ အချိန်မရအောင် သူတို့က ဖိအားပေးနေလို့လား..."

မုန့်ချင်ကျိုးက အရာအားလုံးကို သဘောပေါက်သွားပုံရပြီး လက်သီးများကို တိတ်တဆိတ် ဆုပ်ထားလိုက်သည်။

အနောက်ဘက် ဗုဒ္ဓတိုင်းပြည်…

…

အပိုင်း(၁၈၇) ဧကရာဇ်၏ စစ်သည်တော်များ၊ ရွှေနန်းဆောင် ညီလာခံ

မဟာကျင်းမြို့တော်၌။

အောင်ပွဲခံပြီး ပြန်လာသော စစ်တပ်ကြီးကို ပြည်သူများက လှိုက်လှဲစွာ ကြိုဆိုကြပြီး စစ်သည်များ၏ လက်မောင်းများထဲသို့ ကြက်၊ ဘဲနှင့် ငန်းများကို အတင်းထိုးထည့်ပေးနေကြသည်။

မဟာကျင်း နယ်မြေအတွင်း ပြန့်ကျဲနေပြီး ထိန်းချုပ်မှုမရှိသော အင်အားစုများ၏ ခေါင်းဆောင်များက မြို့တံခါးဝတွင် ရိုသေစွာ စောင့်ဆိုင်းနေကြသည်။ အဝေးမှ နန်းတော်ကို မြင်လိုက်ရသည်နှင့် သူတို့အားလုံး ဒူးထောက်ချလိုက်ကြပြီး တိုင်းပြည်တံဆိပ်တုံးကို လက်ထဲတွင် ကိုင်ဆောင်ထားကြသည်။

တုန်းဖန်လျူလီက ကမ်းလှမ်းချက်အားလုံးကို လက်ခံခဲ့ပြီး အမိန့်ပေး ထိန်းချုပ်နိုင်သည့် တံဆိပ်တုံးကို သိမ်းဆည်းလိုက်သည်။

သူတို့ကို ရွှေနန်းဆောင်သို့ ဆင့်ခေါ်ကာ တရားဝင် ရာထူးများနှင့် ယ်မြေများ ပေးအပ်ခဲ့ပြီး ထိုနေရာများကို မဟာကျင်းအဖြစ် တရားဝင် သတ်မှတ်လိုက်သည်။

ဤနည်းဖြင့် မဟာကျင်းက အပြည့်အဝ စည်းလုံးညီညွတ်မှုကို ရရှိသွားခဲ့သည်။

နံနက်ခင်းအလင်းနယ်ပယ်မှ အစွမ်းထက်ပုဂ္ဂိုလ် (၆)ဦးက ဧကရီ၏ အမိန့်ကို နာခံကြောင်း ကြေညာခဲ့ကြသည်။ သေချာသည်မှာ ထိုအစွမ်းထက်ပုဂ္ဂိုလ်များ အညံ့ခံရခြင်း၏ အဓိကအကြောင်းရင်းမှာ မုန့်ချင်ကျိုးက ဘေးတွင် ဓားကိုင်ကာ အေးစက်သော မျက်နှာဖြင့် ရပ်နေပြီး အချိန်မရွေး ဓားဆွဲထုတ်ကာ လူသတ်တော့မည့်ပုံ ပေါက်နေသောကြောင့်ပင်။

နောက်ထပ် (၁၀)ရက်ဝန်းကျင်ခန့်။

ဧကရီ တုန်းဖန်လျူလီက အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို ကူညီရန် စစ်တပ်စေလွှတ်ဖို့ အလျင်မလိုဘဲ အင်အား ပြန်လည်ဖြည့်တင်းရန်နှင့် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ အရင်းအမြစ်များကို တိတ်တဆိတ် ခြေဖျက်ရန် ရွေးချယ်ခဲ့သည်။

နှစ်ပတ်အကြာ နံနက်ခင်းတစ်ခုသို့ ရောက်သည်အထိပင်။

မုန့်ချင်ကျိုး၏ နားထဲတွင် စက်သံဖြင့် စနစ် အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

[ ဂုဏ်ယူပါတယ် လက်ခံသူ။ သင် ဧကရီကို အောင်မြင်စွာ ကူညီပေးနိုင်ခဲ့ပြီး မဟာကျင်းတိုင်းပြည်ကို ပိုမို အင်အားကြီးမားလာစေရန် ကူညီပေးနိုင်ခဲ့ပါတယ် ]

[ ဧကရာဇ်အဆင့် - အမြင့်မြတ်ဆုံး ဧကရာဇ်လက်နက် - နတ်ဘုရားဘုရင်၏ အလောင်းကောင်ပတ်ဝတ်ရုံ ]

[ နတ်ဘုရားဘုရင်၏ အလောင်းကောင်ပတ်ဝတ်ရုံ - ကျဆုံးသွားသော နတ်ဘုရားဘုရင်၏ အလောင်းကောင်ပတ် ဝတ်ရုံ၊ သွေးများဖြင့် ရွှဲနစ်နေပြီး မသေမျိုး တိုက်ခိုက်ရေးအသိနှင့် ကြီးမားလှသော သွေးချီစွမ်းအင်များ စိမ့်ဝင်နေသည်။ တိုက်ခိုက်ရေးအတွက် မဟုတ်သော၊ ခုခံကာကွယ်ရေး အင်ပါယာရတနာတစ်ခုဖြစ်ပြီး၊ သီးခြား အခြေအနေများတွင် အဆုံးအစမရှိသော စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည် ]

မုန့်ချင်ကျိုးက သူ၏ခွေး ဝါကြီးကို မြို့ထဲတွင် ထုံးစံအတိုင်း လမ်းလျှောက်ထွက်လာစဉ် ရုတ်တရက် မှင်သက်သွားသည်။

ဝါး...

နတ်ဘုရားဘုရင်ရဲ့ အလောင်းကောင်ပတ်ဝတ်ရုံဆိုတဲ့ နာမည်ကတော့ ခမ်းနားပေမဲ့ "သီးခြားအခြေအနေ" ဆိုတာ ဘာအဓိပ္ပာယ်လဲ မသိဘူး... '

မည်သို့ပင်ဆိုစေ ၎င်းက ကြီးမြတ်သော ဧကရာဇ်အဆင့်ရှိ အလွန် အစွမ်းထက်သော ဧကရာဇ်လက်နက်တစ်ခု ဖြစ်နေဆဲပင်။ နှစ်ပေါင်းသောင်းချီကြာ ရတနာများ စုဆောင်းလာခဲ့သော ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့တွင်ပင် ချို့ယွင်းချက်ရှိသော လက်နက်တစ်ခုသာ ရှိခဲ့သည်။

"ဓားမဟုတ်တာ နှမြောစရာပဲ။"

မုန့်ချင်ကျိုး အနည်းငယ် နှမြောတသဖြစ်သွားသည်။ သေချာနားထောင်ကြည့်ရာ ဝါကြီးက သင့်တော်သောနေရာ မတွေ့သေးသဖြင့် အချိန်ဆွဲနေသေးကြောင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူက အလျင်စလို ပြောလိုက်သည်။

"မြန်မြန်လုပ်၊ မနက်ဖြန် မင်းအတွက် မျိုးပွားဖို့ အဖော်ရှာပေးမယ်။ မင်းအတွက် နည်းနည်း ရွေးထားတယ်၊ အားလုံးက အမကောင်းတွေချည်းပဲ။"

နေမင်းအရှင်သခင်၏ ခွေးမျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေ၏။

အဲဒီမျက်မမြင် အရူးကောင် ဘာဖြစ်သွားလဲဆိုတာ ငါ မသိပေမဲ့ မြို့တော်ကို ပြန်ရောက်ကတည်းက ငါ့ကို နေ့တိုင်း အချိန်မှန် လမ်းလျှောက်ထွက်ဖို့ ဆွဲထုတ်နေခဲ့တာ...

ပြီးတော့ လူရှေ့သူရှေ့မှာတောင် အပေါ့အလေး သွားခိုင်းသေးတယ်။

ငါ့ကို တမင်သက်သက် ကစားဖို့ ကြိုးစားနေသလိုပဲ...

မျက်မမြင်ကောင် အရမ်းစွမ်းအားကြီးလွန်းလို့ ငါက ဒါတွေအားလုံးကို သည်းခံခဲ့ရတာ။ သူ့ကို လုံးဝ မယှဉ်နိုင်တဲ့အပြင်ကို အခြေအနေအရ အလျှော့ပေးနေရသေးတယ်။

ဒါပေမဲ့...

အဲဒီမျက်မမြင်ကောင်က ငါ့ကို မျိုးပွားခိုင်းချင်နေသေးတယ်။ အမကောင်းတွေ ရှာတွေ့ထားတယ်လို့ သူပြောပေမဲ့ တကယ်တမ်းကျတော့ အဲဒါတွေက ခွေးမျိုးစိတ် မတူဘူးလေ...

"သေးပေါက်လို့ ပြီးပြီလား။ အဲဒါဆို အိမ်ပြန်ကြရအောင်။"

မုန့်ချင်ကျိုး ခဏနားထောင်ပြီးနောက် ကျေနပ်စွာ ပြုံးကာ ဝါကြီးကို ချီပြီး ချင်းစံအိမ်ဆီသို့ ပြန်လာခဲ့သည်။

ချင်းစံအိမ်။

တုန်းဖန်လျူလီက ပုံမှန် ရိုးရိုးရှင်းရှင်း အဝတ်အစားများကို ပြန်လဲဝတ်ကာ ခြံထဲတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေပြီး အင်္ကျီလက်များကို ခေါက်တင်ထားကာ ဆံပင်များကို ပခုံးပေါ်တွင် စည်းနှောင်ထားသည်။ မုန့်ချင်ကျိုး ခွေးနှင့် လမ်းလျှောက်ရာမှ ပြန်လာသည်ကို မြင်သောအခါ သူက ပြောလိုက်သည်။

"ရှင် ပြန်လာပြီပဲ။ ဧကရီက ရှင့်ကို နန်းတော်ဆီ ပြန်လာစေချင်နေတယ်။ အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးစရာ ရှိတယ်လို့ ပြောတယ်။"

လွန်ခဲ့သော လဝက်ခန့်က မြို့တော်သို့ ပြန်ရောက်ကတည်းက ဇနီးဖြစ်သူ၏ ကျန်းမာရေး အခြေအနေ တိုးတက်လာသဖြင့် အိမ်တွင် အနားယူနိုင်ရန် "ဧကရီ"က သူ့ကို လွှတ်ပေးခဲ့သည်။

မုန့်ချင်ကျိုးက ပြုံးပြီး အနားသို့ တိုးကပ်သွားကာ တုန်းဖန်လျူလီ၏ သွယ်လျသော ခါးလေးကို အနောက်မှ ဖက်ထားလိုက်ပြီး နားနားသို့ တိုးတိုးလေး ပြောလိုက်သည်။

"မင်းယောကျ်ားက အမြဲတမ်း ဧကရီနဲ့ပဲ အတူရှိနေပြီး သူ့ရဲ့ ကိုယ်ရံတော်အနေနဲ့တောင် လုပ်ပေးနေတာကို။ မင်း နည်းနည်းလေးမှ စိတ်မပူဘူးလား... "

"ဘာပဲဖြစ်ဖြစ် ဧကရီက လောကမှာ အထူးချွန်ဆုံး အမျိုးသမီးပဲလေ။ ဘယ်ယောကျ်ားမဆို သူ့ကို ငြင်းဆန်ဖို့ ဆိုတာ ခက်ခဲလိမ့်မယ်။"

တုန်းဖန်လျူလီက ဒေါသထွက်ချင်ယောင် ဆောင်လိုက်သည်။

"ရှင် လုပ်ရဲလား... "

"ပြီးတော့ ဧကရီက ရှင့်ကို ဘယ်လိုလုပ် သဘောကျမှာလဲ။"

မုန့်ချင်ကျိုးက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး မောက်မာသော လေသံဖြင့် ဆိုသည်။ "ဟုတ်လို့လား... "

"ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ တိုက်ပွဲမှာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်အကြောင်း မင်း မကြားဖူးဘူးလား။ မဟာကျင်း ပလ္လင်ကို ရယူဖို့ဆိုတာတောင် ကိုယ့်အတွက် သိပ်ခက်ခဲမှာ မဟုတ်လောက်ဘူး။ ဧကရီက ကိုယ့်ကို အထင်သေးမှာလား။"

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီက ဘာကြောင့်မှန်းမသိ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

သာမန်စုံတွဲတစ်တွဲဆိုလျှင် ယောကျ်ားဖြစ်သူ၏ စကားများကို ကြားသောအခါ ဒေါသထွက်ပြီး ထိုမိန်းမယုတ်နဲ့ ဝေးဝေးနေရန် ပြောလိမ့်မည် ဖြစ်သည်။

သို့သော် တုန်းဖန်လျူလီက ပြော၍ မရပေ။

ဘာမှမပြောဘဲ နေပြန်လျှင်လည်း မမှန်ပေ။

ယောကျ်ားက ဧကရီအပေါ် ခံစားချက်ရှိတယ်လို့ ပေါ်ပေါ်ထင်ထင် ဝန်ခံထားတာကို သူက တားမယ့်အစား အဲဒီလို ဖြစ်လာတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်နေတယ်ပေါ့…

သူက ယောကျ်ားဖြစ်သူကို လူရှုပ်တစ်ယောက် ဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား။

တကယ်လို့ မုန့်ချင်ကျိုးက အောင်မြင်မှု အရသာကို မြည်းစမ်းကြည့်ပြီး တခြားမိန်းမတွေကိုပါ အိမ်ခေါ်လာရင် ဘယ်လိုလုပ်မလဲ...

"ကျွန်မ... ရှင်... " တုန်းဖန်လျူလီ ပါးစပ်ဟလိုက်သော်လည်း အချိန်အတော်ကြာသည်အထိ ပြီးပြည့်စုံသော စကားတစ်ခွန်းမှ မထွက်လာခဲ့ပေ။ သူ၏ ချောမောသော မျက်နှာလေးမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားပြီး စိုးရိမ်ပူပန်မှုနှင့် အာရုံကြောများပါ တင်းမာနေသည်။

"ဒါဆို မင်းက တိတ်တဆိတ် သဘောတူနေတာပေါ့... "

"ကိုယ်နဲ့ ဧကရီရဲ့ ဆက်ဆံရေးကို နောက်တစ်ဆင့် တက်လှမ်းဖို့ ခွင့်ပြုတယ်ပေါ့... "

မုန့်ချင်ကျိုးက နောက်မဆုတ်ဘဲ လက်တစ်ဖက်ဖြင့် သူ၏ခါးကို ဖက်ထားကာ အခြားလက်တစ်ဖက်က သူ၏ ပါးပြင်ကို ပွတ်သပ်ရင်း တိုးညင်းစွာ ဆက်မေးလိုက်သည်။

"ကျွန်မ အဲဒီလို မပြောပါဘူး... " တုန်းဖန်လျူလီက သူ့ကိုယ်သူ သေချာမှုမရှိသလို ဖြစ်နေပြီး တိုးတိုးလေး စကားထစ်သွားသည်။

မုန့်ချင်ကျိုးက အလွန် တွေဝေသွားသည့် လေသံဖြင့် မေးလိုက်သည်။

"ဒါဆို ကိုယ့်ကို ပြောစမ်းပါ၊ ကိုယ် ဘာလုပ်ရမလဲ။ အချိန်ကြာလာတာနဲ့အမျှ ဧကရီအပေါ် ချစ်မိသွားဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုသင့်လား။ ဒါမှမဟုတ် ဧကရီနဲ့ ဝေးဝေးနေသင့်လား။ ကိုယ့်ကိုသာ ပြောလိုက်ပါ။ ကိုယ် ဘာလုပ်ချင်လုပ်ချင် လုပ်နိုင်ပါတယ်။"

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီ၏ မျက်လုံးများထဲတွင် ကြယ်လေးများ လင်းလက်သွားပြီး သူ၏ အတွေးများ လုံးဝ ဗလာကျင်းသွား၏။

ပွဲသိမ်းပဲ...

သူ့ဘက်ကကြည့်လျှင် ဘာပြောပြော မှားနေလိမ့်မည်။

"ရှင့်သဘောအတိုင်း လုပ်ပါ။ ကျွန်မက ကျင့်ကြံမှုမရှိတဲ့ ရုပ်ရည်ရိုးရိုးလေးနဲ့ တောသူမလေး တစ်ယောက်ပါ။ နာမည်ကျော် အချိန်-နေရာလွတ် ဓားသူတော်စင်နဲ့ မထိုက်တန်ပါဘူး။ ဧကရီက ပြိုင်ဘက်ကင်းတယ်။ ရှင်နဲ့သူ အချိန်ကြာလာတာနဲ့အမျှ ခံစားချက်တွေ ပေါ်လာတာ သဘာဝပါပဲ။ သွားပါ။ ရှင့်ရဲ့ ကံကြမ္မာကို သွားရှာလိုက်ပါ။" တုန်းဖန်လျူလီက ခြေဆောင့်ကာ ပါးစပ်ကိုဖောင်းပြီး မုန့်ချင်ကျိုး၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ ထို့နောက် ကျိုးနွံသော ဇနီးတစ်ဦးကဲ့သို့ နောက်လှည့်ကာ ကျောက်ခဲများကို ကန်နေတော့သည်။

မုန့်ချင်ကျိုးက စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်သည်။

မင်းတို့အကုန်လုံး အရင်တုန်းက ငါ့ကို လှည့်စားဖို့ ပူးပေါင်းကြံစည်ခဲ့တာပဲ။

မင်းတို့ဆီက ရစရာရှိတဲ့ အကြွေးတွေ အကုန် ငါ ဘယ်လိုပြန်တောင်းမလဲဆိုတာ စောင့်ကြည့်နေလိုက်။

"ကောင်းပြီလေ။"

"မိန်းမက ပြောမှတော့ ကိုယ်က ဧကရီကို သွားပြီး အမိန့်ပေးခံရသလို မြှူဆွယ်ရတော့မှာပေါ့။"

မုန့်ချင်ကျိုးက ထပ်ခါတလဲလဲ သက်ပြင်းချကာ အကျပ်ရိုက်နေသည့်ပုံ ဖမ်းလိုက်ပြီး နန်းတော်ဆီသို့ အလျင်အမြန် ထွက်သွားတော့သည်။

ယခုအခါတွင် တုန်းဖန်လျူလီ မှင်သက်သွားရမည့် အလှည့်ရောက်လာ၏။

ဟင်...

လုပ်ထုံးလုပ်နည်းတွေ မှားနေပြီ။ ဘယ်လိုလုပ်ပြီး ဒီတိုင်း ထွက်သွားရတာလဲ။ ရှင့်မိန်းမက သိသိသာသာကို စိတ်မကောင်းဖြစ်နေတာကို။ သူ့ကို နှစ်သိမ့်ရမယ့်အစား တခြားမိန်းမတွေကို သွားရှာတယ်ပေါ့...

ဒါက ဘာအဓိပ္ပာယ်ကြီးလဲ…

"အာ။ ဒီကောင်က သစ်တုံးကြီး ဆိုတာကို မေ့သွားတာပဲ။" တုန်းဖန်လျူလီက မိမိ၏ နဖူးကို ရိုက်လိုက်သည်။

...

မြို့တော်သို့ ပြန်ရောက်ပြီးကတည်းက ပြီးခဲ့သော ရက်အနည်းငယ်အတွင်း မုန့်ချင်ကျိုး၏ စိတ်အခြေအနေမှာ အများကြီး ပိုကောင်းလာခဲ့သည်။

နေ့စဉ်နေ့တိုင်း သူက ခွေးနှင့်အတူ လမ်းလျှောက်။ ချစ်စရာကောင်းသော ဓားနတ်ဘုရားမ စုချင်ချိုးဆီသို့ သွား၊ ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်မည့် အကြောင်း ဝူတျဲနှင့် ဆွေးနွေးခြင်းတတ်သည်။

ဝူတျဲက ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်မည့် အကြံအစည်ကို ကျောက်ကော်၏ အကျပ်ကိုင်မှုကြောင့် လုပ်ခဲ့ရပြီး ၎င်းကို လက်လျှော့လိုက်ပြီဟု အမြဲပြောနေသည်။

နောက်ဆုံးတွင် သူက ကိုယ်ပိုင် ဇနီးမိုက်လေးများကို နောက်ပြောင်ကျီစယ်သည်။ စက်ဝိုင်းတစ်ခုလို လှည့်ပတ်ပြီးနောက်၊ ခွေးတစ်ကောင်မှာ ဒေါသကြောင့် အံကြိတ်နေပြီး လူအချို့မှာ နောက်ပြောင်ခံရသဖြင့် မျက်နှာ နီမြန်းနေကာ၊ အချို့မှာမူ ထိတ်လန့်ကြောက်ရွံ့နေကြသည်။

မုန့်ချင်ကျိုးကမူ ထိုအထဲတွင် ပျော်ရွှင်မှုကို ရှာတွေ့ခဲ့သည်။

မုန့်ချင်ကျိုးက ရွှေနန်းဆောင်သို့ ချဉ်းကပ်လာချိန် ခြေလှမ်းများကို နှေးလိုက်ပြီး အပြုံးကို မျိုသိပ်လိုက်သည်။

ဇနီးဖြစ်သူက နန်းတော်သို့ စောစောပြန်သွားပြီး ဧကရီ၏ ဝတ်ရုံကို လဲလှယ်ဝတ်ဆင်နေသည်ကို သူ မျက်စိထဲ ပြန်မြင်ယောင်ကြည့်လိုက်သည်။

လဝက်အကြာတွင် မဟာကျင်းက ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ အရင်းအမြစ် တစ်စိတ်တစ်ပိုင်းကိုသာ ခြေဖျက်နိုင်ခဲ့ပြီး တောရိုင်းမြေ ကံကြမ္မာ၏ သုံးပုံလေးပုံကို သိမ်းပိုက်ရရှိခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ တိုင်းပြည်၏ အင်အားမှာ နေ့စဉ်နှင့်အမျှ တိုးတက်လာခဲ့သည်။

ဝူတျဲပင်လျှင် ပင်လယ်လွှမ်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ဖောက်ထွက်သွားခဲ့ပြီး စုချင်ချိုးမှာလည်း လရောင်ထွန်းလင်းနယ်ပယ်တစ်ပိုင်းသို့ ရောက်ရှိသွားခဲ့သည်။

ကတိအလားအလာရှိသော လူငယ်နှင့် လူလတ်ပိုင်း စစ်သူကြီးအချို့မှာ မြင့်တက်လာနေပြီး၊ လရောင်ထွန်းလင်း နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ပိတ်မိနေသော အခြားဝန်ကြီးအချို့မှာမူ တစ်ယောက်ပြီးတစ်ယောက် နံနက်ခင်းအလင်းနယ်ပယ်သို့ ဖောက်ထွက်သွားခဲ့ကြသည်။

အညံ့ခံခဲ့သော မဟာကျင်းအတွင်းရှိ ပြန့်ကျဲနေသည့် အင်အားစုများ အပါအဝင်၊ နံနက်ခင်းအလင်းနယ်ပယ် ခြောက်ယောက်ကို ထပ်မံရရှိခဲ့ရာ စုစုပေါင်း နံနက်ခင်းအလင်း အစွမ်းထက်ပုဂ္ဂိုလ် (၁၅)ယောက်အထိ ရှိလာခဲ့ပြီဖြစ်သည်။

"ဒီအချိန်မှာ ဝန်ကြီးတွေကို နန်းတော်ထဲ ဆင့်ခေါ်တာက... အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို စစ်ကြေညာဖို့နဲ့ နန်းရင်းဝန် ကျန်းစန်းဟိုင်ဆီ စစ်ကူလွှတ်ဖို့ ဖြစ်နိုင်တယ်။"

"ကျန်းစန်းဟိုင်... ကျန်းတာ့ဟိုင်၊ ချင်းဖုန်းဟော်... ချင်းဆန်းဟော်... ဟီးဟီး။”

…

အပိုင်း(၁၈၈) ဧကရာဇ်နှင့် ဧကရီကြား ပြဿနာတက်ပြီ…

"ဒါက အချိန်-နေရာလွတ် ဓားသူတော်စင်လား။ သူက တကယ်ကို ခန့်ညားတာပဲ။"

"ဓားသူတော်စင် ရှိနေမှတော့ နံနက်ခင်းအလင်းနယ်ပယ် အယောက်(၁၀၀)ကို တိုက်ပွဲတစ်ပွဲတည်းမှာ သတ်နိုင်တယ်။ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ဆိုတာ ကြက်တွေ၊ ခွေးတွေနဲ့ ဘာမှမကွာပါဘူး၊ လက်တစ်ချက် တောက်လိုက်ရုံနဲ့ အလွယ်တကူ ချေမှုန်းလို့ရတယ်။"

"မင်းက အရမ်း အကောင်းမြင်လွန်းနေပြီ။ ဗုဒ္ဓတိုင်းပြည်က အတ္တကင်းမဲ့သော ဗုဒ္ဓက လွန်ခဲ့တဲ့ ရက်အနည်းငယ်က တရားကျင့်ကြံရာကနေ ထွက်လာတယ်လို့ ကြားတယ်။ အဲဒါ ဘာအဓိပ္ပာယ်လဲ မင်းသိလား။"

"ဒါက အတ္တကင်းမဲ့ဗုဒ္ဓက တရားကျင့်ကြံရာကနေ ထွက်လာပြီဆိုတဲ့ အဓိပ္ပာယ်လား။"

"တော်စမ်းပါ။ အဲဒါ အတ္တကင်းမဲ့ဗုဒ္ဓက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွက်သွားပြီလို့ ဆိုလိုတာကွ။ သူတစ်ခါက ပြောဖူးတယ်၊ ငါက ကောင်းကင်ထောက်တိုင် နယ်ပယ်ကို မဖောက်ထွက်နိုင်ရင် သေတာကမှ ပိုကောင်းဦးမယ်တဲ့။"

"ကောင်းကင်ထောက်တိုင်နယ်ပယ် ဟုတ်လား..."

မဟာကျင်းနန်းတော်တွင် ရင်းနှီးသော မျက်နှာများစွာ ပျောက်ကွယ်သွားပြီး ရာထူးတိုးလာသော ဝန်ကြီးအသစ် အချို့ဖြင့် အစားထိုးခံခဲ့ရသည်။

ဧကရီ ချင်းလျူလီက ပုံမှန် ပျင်းရိလေးတွဲနေတတ်သော အမူအရာကို ပြောင်းလဲကာ မတ်မတ်ထိုင်နေပြီး၊ ကိုယ်ရည်ကိုယ်သွေးမှာလည်း အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦးမှ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

"အတ္တကင်းမဲ့ဗုဒ္ဓက တရားကျင့်ကြံရာကနေ ထွက်လာပြီး ဗုဒ္ဓတိုင်းပြည်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတာ မင်းတို့အားလုံး သိပြီးသား ဖြစ်မှာပါ။ အခြေအနေက အရေးကြီးနေပြီ။ နန်းရင်းဝန် ကျန်းစန်းဟိုင်နဲ့ သန်းနဲ့ချီတဲ့ စစ်တပ်ကြီးဟာ မိုင်ထောင်ချီ ကွာဝေးတဲ့ ကန္တာရထဲမှာ ရိက္ခာနဲ့ အကူအညီမပါဘဲ ပိတ်မိနေကြတယ်။ သူတို့ရဲ့ အသက်အန္တရာယ်က မျှင်မျှင်လေးပဲ ကျန်တော့တယ်။"

"ဒါက ဗုဒ္ဓတိုင်းပြည်ရဲ့ ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်ပြီး မဟာကျင်းရဲ့ အင်အားစုအားလုံးကို စေလွှတ်အောင် တမင်တကာ သွေးဆောင်နေတာဆိုတာကိုလည်း ငါ သိတယ်။ အလျင်စလို စစ်ပွဲတစ်ခု ဆင်နွှဲမယ်ဆိုရင် အနိုင်ရဖို့ အခွင့်အလမ်းက အတော်လေး နည်းပါးလိမ့်မယ်... "

"ဒါပေမဲ့ မဟာကျင်းအပေါ် သစ္စာရှိတဲ့ စစ်သည်တွေကို ငါ စွန့်ပစ်လို့မရသလို၊ နန်းရင်းဝန်းကိုလည်း ငါ စွန့်ပစ်လို့ မရဘူး... "

"နန်းရင်းဝန်က တိုင်းပြည်ရဲ့ မူဝါဒကို ချမှတ်ခဲ့ပြီး ဗုဒ္ဓတိုင်းပြည်ရဲ့ အာရုံစိုက်မှုကိုရဖို့ သူ့အသက်ကို ကိုယ်တိုင် စွန့်စားခဲ့လို့သာ မဟာကျင်းအနေနဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို အလစ်အငိုက် တိုက်ခိုက်နိုင်တဲ့ အခွင့်အရေး ရခဲ့ပြီးတော့ နောက်ဆုံးမှာ အနိုင်ရခဲ့တာ။ နန်းရင်းဝန်ကိုသာ ငါ စွန့်ပစ်ခဲ့မယ်ဆိုရင်၊ အနာဂတ်မှာ မင်းတို့ထဲက တစ်ယောက်ချင်းစီတိုင်းကို ငါ စွန့်ပစ်မိလိမ့်မယ်။"

"ဒါက မကောင်းဘူး။ ဒါကြောင့်... တောင်ပေါ်မှာ ကျားတွေရှိမှန်း သိနေရင်တောင်မှ တောရိုင်းမြေမှာ နောက်ဆုံး တိုက်ပွဲကို စတင်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ... "

"အနောက်ဘက် ဗုဒ္ဓတိုင်းပြည်မှာ သေတဲ့အထိ တိုက်ကြမယ်... "

ဧကရီ ချင်းလျူလီ၏ အားကောင်းသော အသံက ရွှေနန်းဆောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး ရှိနေသော လူတိုင်း၏ ရင်ဘတ်ကို လှုပ်ခတ်သွားစေခဲ့သည်။

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နှင့် တိုက်ပွဲကို ဖြတ်သန်းခဲ့ရပြီးနောက် စစ်သူကြီးများနှင့် နန်းတွင်းဝန်ကြီးများစွာက သွေးနှင့်မီးတောက်များ အကြားတွင် နှစ်ခြင်းခံခဲ့ရပြီး မျှော်လင့်ချက်မဲ့မှုနှင့် မျှော်လင့်ချက်များ၏ အတက်အကျများကို ကြုံတွေ့ခဲ့ရသည်။ သူတို့အားလုံးက သံမဏိလို ခိုင်မာသော သွေးဆန္ဒနှင့် သစ္စာအရှိဆုံး စစ်သည်များအဖြစ် ပြောင်းလဲသွားကြပြီး မျက်နှာတိုင်းတွင် ဆုံးဖြတ်ချက်များ ပြတ်သားနေခဲ့၏။

"တိုက်ကြမယ်... "

"တိုက်ကြမယ်... "

"တိုက်ကြမယ်... "

နန်းတွင်းနှင့် စစ်ဘက်ဆိုင်ရာ ဝန်ကြီးတွေက တိုးတိုးလေး ပြောနေကြသည်။ လူတစ်ယောက်၏အသံက မကျယ်သော်လည်း အသံရာထောင်ချီ ပေါင်းစုသွားသောအခါ နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်သွားနိုင်သည်။

လူတိုင်း၏မျက်နှာတွင် အသေခံနိုင်သော ဆန္ဒများ ပေါ်လွင်နေ၏။

ချွင်းချက်တစ်ခုအနေဖြင့် တစ်ချိန်လုံး ခံစားချက်ကင်းမဲ့နေသော လူတစ်ယောက် ရှိနေသည်။

"မုန့်လေး... မင်းက ဘာလို့ စကားတစ်ခွန်းမှ မပြောရတာလဲ။" တုန်းဖန်လျူလီက တည်ငြိမ်သော မျက်နှာထားဖြင့် မုန့်ချင်ကျိုးကို လှမ်းကြည့်ပြီး မေးလိုက်၏။

မုန့်ချင်ကျိုးက လက်ကိုင်တုတ်ကို မှီပြီး နန်းတွင်းနှင့် စစ်ဘက်ဆိုင်ရာ ဝန်ကြီးများ အရှေ့တွင် တစ်ယောက်တည်း ရပ်နေသည်။

အဓိက အကြောင်းရင်းမှာ မည်သူကမှ မုန့်ချင်ကျိုးနှင့် တစ်တန်းတည်း မရပ်ရဲကြ၍ပင်။၊ မည်သူကမှ သူတို့ကိုယ်သူတို့ အရည်အချင်းပြည့်မီသည်ဟု မထင်ကြပေ။

"အရှင်မက အရမ်းကို အဆင်အခြင်မဲ့နေတယ်လို့ ထင်ပါတယ်။ ဒီဝန်ကြီးတွေက စိတ်ခံစားမှုနောက်ကို လိုက်ပြီး အန္တရာယ်ရှိတဲ့ နယ်မြေထဲကို သိသိကြီးနဲ့ ဝင်သွားကြတာပါ။ ဒါက ရမ်းကားတာ သက်သက်ပါပဲ။ အရှင်မ၊ အရှင်မက နိုင်ငံသားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု ဝန်ထုပ်ဝန်ပိုးကို ပခုံးပေါ်မှာ ထမ်းထားရတာ၊ ဒီကိစ္စကို ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် သဘောထားနိုင်မှာလဲ။"

မုန့်ချင်ကျိုး၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။ "မုန့်လေး... မင်းဆီမှာ အကြံဉာဏ်ကောင်းတွေ ဘာရှိလဲ။ ငါ့ကို ပြောပြ။"

ခဏတာမျှ ရွှေနန်းဆောင်ကြီး တိတ်ဆိတ်သွား၏။

မည်သူကမျှ ကြားဖြတ်မပြောရဲဘဲ အားလုံးက ကြားနေအဖြစ်သာ နေကြသည်။ ဓားသူတော်စင်ကော၊ ဧကရီပါ မည်သူ့ဘက်မှ မပါကြပေ။ သူတို့က ငြင်းခုံရာတွင် အနိုင်ရသူ မည်သူ့ကိုမဆို နားထောင်မည်ဖြစ်ပြီး အဓိက ချဉ်းကပ်မှုမှာ အခြေအနေအရ လိုက်လျောညီထွေနေရန်ပင်။

မုန့်ချင်ကျိုးက အေးဆေးစွာ ပြောလိုက်သည်။

"အတ္တကင်းမဲ့ဗုဒ္ဓက တရားကျင့်ကြံရာကနေ ထွက်လာတယ်။ သူ့အကြောင်း နားလည်ထားသလောက်ဆိုရင် ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွက်နိုင်ခြေက ၉၉%လောက်အထိ မြင့်မားတယ်။"

"ကောင်းကင်ထောက်တိုင်နယ်ပယ်အောက်က လူတွေအားလုံးက ပုရွက်ဆိတ်တွေချည်းပဲ။ အရှင်မက ကျုပ်ရဲ့ စွမ်းအားကို မြင်တွေ့ခဲ့ပြီးပြီ။ တိုက်ပွဲတစ်ခုတည်းမှာ နံနက်ခင်းအလင်းနယ်ပယ် (၁၀၀)ကို သတ်နိုင်တယ်။ ဒါပေမဲ့ ဒါက ကောင်းကင်အောက်မှာသာ ပြိုင်ဘက်ကင်းတာ၊ ကောင်းကင်ကိုယ်တိုင်နဲ့ ယှဉ်ရင်တော့ အများကြီး နိမ့်ကျနေသေးတယ်။"

"မဟာကျင်းမှာ နံနက်ခင်းအလင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် နည်းနည်းပါးပါး ဒါမှမဟုတ် ဒါဇင်နဲ့ချီပြီး ထပ်တိုးလာတာက ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူတွေအတွက် ဘာမှ ကြီးကြီးမားမား ကွာခြားသွားစေမှာ မဟုတ်ဘူး။"

"ဒီနံနက်ခင်းအလင်းနယ်ပယ် (၁၂)ယောက်က အရှင်မကို စစ်ပွဲစတင်ဖို့ လုံလောက်တဲ့ ယုံကြည်မှုတွေ ပေးလိုက်တာများလား။ ဒါဆိုရင်တော့ အရှင်မက အရမ်းကို မိုက်မဲလွန်းတယ်လို့ ထင်ပါတယ်။"

"မဟုတ်ဘူး... လုံးဝကို အသိဉာဏ်မဲ့လွန်းတာ... "

နောက်ဆုံးတွင် မုန့်ချင်ကျိုးက တင်းမာသော အသံဖြင့် ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

ဝန်ကြီးများအားလုံး အရှေ့တွင် ဧကရီကို လူသိရှင်ကြား မိုက်မဲသည်ဟု ကြိမ်းမောင်းခြင်းမှာ အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းသော လုပ်ရပ်ပင်။

ဝန်ကြီးများ၏ မျက်လုံးများမှာ တုန်လှုပ်နေပြီး အားလုံး ထိတ်လန့်နေကြသော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ မတ်တပ်ရပ်ပြီး စွပ်စွဲခြင်း မပြုကြပေ။ ထိုအစား သူတို့အားလုံးက သူတို့၏ ခေါင်းများကို အခွံထဲသို့ နက်နက်ရှိုင်းရှိုင်း မြှုပ်ထားကြပြီး ငှက်ကုလားအုတ်များကဲ့သို့ ဟန်ဆောင်ချင်နေကြသည်။

ဒုက္ခပါပဲ... မဟာကျင်းရဲ့ မဏ္ဍိုင်ကြီးနှစ်ခု အချင်းချင်း ဆန့်ကျင်နေကြပြီ...

ဒီနှစ်ယောက်က အုပ်ချုပ်သူနဲ့ လက်အောက်ခံပုံစံ ပေါက်နေပေမဲ့ သူတို့ကြားထဲမှာ သံသယဖြစ်စရာ တစ်ခုခု ရှိနေတယ်။ သူတို့ လုံးဝ တိုက်ခိုက်ကြမှာ မဟုတ်ဘူး။ ဒေါသထွက်နေပေမဲ့ ဒေါသထွက်စရာ နေရာမရှိတဲ့အခါ သူတို့ ဘာလုပ်ကြမလဲ။ ဘေးကကြည့်နေတဲ့ ငါတို့က သူတို့ရဲ့ ဒေါသကို ဖြေဖျောက်ဖို့ အကောင်းဆုံး ပစ်မှတ်တွေ မဟုတ်ဘူးလား။

ထိုအကြောင်းကို တွေးမိပြီး အမတ်များက ကြားညပ်သွားမည်ကိုကြောက်၍ သတိထားပြီး အသက်ပြင်းပြင်းပင် မရှူရဲကြပေ။

"အိုး... "

"မင်းက ငါ့ကို မိုက်မဲတယ်လို့ ပြောတာလား..."

"ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ စွမ်းအားကို ငါက ဘယ်လိုလုပ် မသိဘဲနေမှာလဲ။ မဟာကျင်းကို ဗုဒ္ဓတိုင်းပြည်ဆီ လက်နက်ချ အညံ့ခံစေချင်နေတာလား။ ဒါမှမဟုတ် နန်းရင်းဝန်နဲ့ သန်းနဲ့ချီတဲ့ စစ်တပ်ကြီးကို စွန့်ပစ်စေချင်နေတာလား..." တုန်းဖန်လျူလီက ပြန်လည်ချေပလိုက်သည်။

မုန့်ချင်ကျိုး၏ မျက်နှာအမူအရာမှာ တင်းမာနေ၏။

သူက အသက်ကို အလွန်ချစ်မြတ်နိုးသူ ဖြစ်သည်။

သူ ဒေါသထွက်ပြီး အပြစ်ရှာနေသည်မှာ တုန်းဖန်လျူလီ၏ စစ်ပွဲစတင်ရန် မိုက်မဲပြီး အလျင်စလိုလုပ်ရပ်ကို မဟုတ်ဘဲ သူကိုယ်တိုင်၏ လုံခြုံရေးကို လုံးဝ လျစ်လျူရှုထားခြင်းကို ဖြစ်သည်။

ခန္ဓာကိုယ် ကျန်းမာရေး မကောင်းဘဲ သက်တမ်း ကုန်ခမ်းနေသည့်တိုင်၊ တုန်းဖန်လျူလီက နောက်ဆုံးတိုက်ပွဲကို အလျင်စလို စတင်ခဲ့သည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် နောက်ဆုံးတွင် သူတို့သည် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို အနိုင်ရရှိခဲ့လျှင်ပင် တုန်းဖန်လျူလီက သက်တမ်း ကုန်ခမ်းမှုကြောင့် သေချာပေါက် သေဆုံးသွားလိမ့်မည်။

"ကျုပ်မှာ အစီအစဉ်တစ်ခု ရှိတယ်။"

"ဧကရီနဲ့ ဝန်ကြီးအားလုံး လှုပ်ရှားစရာ မလိုဘူး။ မြို့တော်ကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်ထားပြီး ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ အရင်းအမြစ်တွေကို မြန်မြန်ဆန်ဆန် ခြေဖျက်ရမယ်။ ပိတ်မိနေတဲ့ စစ်သည်တွေနဲ့ နန်းရင်းဝန်ကို ကယ်တင်ဖို့ နည်းလမ်းရှာဖို့ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ဆီ ကျုပ်တစ်ယောက်တည်း သွားဖို့ ဆန္ဒရှိပါတယ်။"

"မဟာကျင်းက ဂိုဏ်းပေါင်းစုံရဲ့ အရင်းအမြစ်တွေကို အပြည့်အဝ ခြေဖျက်ပြီးတော့ ကြီးမားလှတဲ့ ကံကြမ္မာရဲ့ ကောင်းချီးကို ထပ်မံရရှိသရွေ့ တိုင်းပြည်အင်အားက အချိန်တိုအတွင်းမှာ သိသိသာသာ ခုန်ပျံတက်သွားမှာ သေချာတယ်။"

"အဲဒါက အရှင်မအနေနဲ့ ဗုဒ္ဓတိုင်းပြည်ကို စစ်ဆင်ရေးစတင်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လာလိမ့်မယ်... " မုန့်ချင်ကျိုးက ကျယ်လောင်စွာ ကြေညာလိုက်သည်။

ထိုစကားကို ပြောပြီးနောက် ရွှေနန်းဆောင်ကြီး တိတ်ဆိတ်သွား၏။

ဝန်ကြီးများက အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်ကို မကြည့်ဘဲ မနေနိုင်တော့ဘဲ မျက်လုံးများတွင် မယုံနိုင်မှုများ ပြည့်နှက်နေသည်။

အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ ဆန့်ကျင်မှုက ကောင်းကင်ထောက်တိုင်နယ်ပယ် အတ္တကင်းမဲ့ဗုဒ္ဓကို ကြောက်ရွံ့မှုကနေ မြစ်ဖျားခံတယ်လို့ ငါ အစက ထင်ခဲ့တာ။

ကျန်းစန်းဟိုင်ကို ကယ်ဖို့ ဗုဒ္ဓတိုင်းပြည်ဆီ တစ်ယောက်တည်း သွားမယ်လို့ ပြောလာလိမ့်မယ် မထင်ထားခဲ့ဘူး...

တုန်းဖန်လျူလီ၏ ဇာမဏီမျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး သူ၏ ပုလဲရောင် သွားလေးများက အောက်နှုတ်ခမ်းကို ကိုက်ထားကာ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"မရဘူး။ ငါ ခွင့်မပြုဘူး... "

"အချိန်-နေရာလွတ် ဓားသူတော်စင်။ တိုက်ပွဲတစ်ပွဲတည်းမှာ နံနက်ခင်းအလင်းနယ်ပယ် အယောက်(၁၀၀)ကို သတ်နိုင်ရုံနဲ့ မင်းကိုယ်မင်း တကယ်ပဲ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား... "

"အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က နက်ရှိုင်းတဲ့ သမိုင်းကြောင်းရှိပြီးတော့ အတ္တကင်းမဲ့ဗုဒ္ဓက ကောင်းကင်ထောက်တိုင် နယ်ပယ်ကို ဖောက်ထွက်သွားပြီလို့ သံသယရှိရတယ်။ ဗုဒ္ဓတိုင်းပြည်ရဲ့ နယ်မြေထဲမှာ မင်း ရဲရဲဝံ့ဝံ့ ကိုယ်ထင်ပြပြီး အတ္တကင်းမဲ့ဗုဒ္ဓက တွေ့သွားရင် မင်းတော့ သွားပြီ... "

"မင်း အရမ်းကို မိုက်မိုက်ကန်းကန်းနဲ့ ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ဘူးလား..."

မုန့်ချင်ကျိုးက အေးဆေးစွာ ပြုံးလိုက်ပြီး လှောင်ပြောင်ခံရပြီးနောက် ဒေါသထွက်ခြင်း၊ နာကြည်းခြင်းတို့ကို မပြသခဲ့ပေ။

တုန်းဖန်လျူလီက စိုးရိမ်ပြီး သူ့ကို အန္တရာယ်ထဲ ဝင်သွားမည်ကို မမြင်ချင်၍ မစဉ်းစားဘဲ စကားတချို့ကို ပြောလိုက်ကြောင်း သူ သိသည်။

ဒါပေမဲ့၊ မိုက်မဲတဲ့ မိန်းမရယ်...

မင်းက အသက်ကို စွန့်နိုင်တယ်ဆိုရင် မင်းရဲ့ ယောကျ်ားအနေနဲ့ မင်းအတွက် ငါ့အသက်ကို ဘယ်လိုလုပ် မစွန့်စားဘဲ နေနိုင်မှာလဲ။

"အရှင်မ... အရှင်မ ပြောခဲ့တဲ့ စကားလုံးတိုင်းကို အရှင်မဆီ ပြန်ပေးပါတယ်။"

"မဟာကျင်းရဲ့ လက်ရှိ အောင်မြင်မှုအတွက် ဘယ်သူ့မှာ အဓိက အကျဆုံးလဲဆိုတာ ပြည်သူတွေနဲ့ ဝန်ကြီးတွေ သေချာပေါက် ကောင်းကောင်း သိကြပါတယ်။ တကယ်လို့ ကျုပ်တောင်မှ နန်းရင်းဝန်ကို မကယ်နိုင်ဘူးဆိုရင်... "

"ကျုပ်ရဲ့မောက်မာမှုကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ ဒီမှာရှိတဲ့ ဘယ်သူမှ အဲဒီစွမ်းရည်မျိုး မရှိပါဘူး။ အရှင်မ အပါအဝင်ပေါ့... "

"မဟာကျင်းဧကရီ... ချင်း... လျူ...လီ... "

ဘုန်း…

တုန်းဖန်လျူလီက အရှေ့မှ စားပွဲကို ရိုက်ချလိုက်ရာ နတ်ဘုရားသံမဏိဖြင့် ပြုလုပ်ထားသော စားပွဲတစ်ခုလုံး ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။ သူ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဇာမဏီမျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေကာ ပြောလိုကိ၏။ "မုန့်ချင်း၊ မင်း တကယ်ပဲ မင်းသဘောအတိုင်း လုပ်ဖို့ ရည်ရွယ်ထားတာလား... "

မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ။ ချင်းလျူလီ…"

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ ငါ့ရဲ့ ဆုံးဖြတ်ချက်တွေကို မင်းက လွှမ်းမိုးနိုင်မယ်လို့ ထင်နေတာလား...”

All Chapters