← Chapters

အခန်း (၁၈၀-၁၈၂)

Vol. 13 Ch. 180-182

အခန်း (၁၈၀-၁၈၂)

Vol. 13 Ch. 180-182

အပိုင်း(၁၈၀) ချင်ကျိုး၊ ကျွန်မ အရမ်းကို ပင်ပန်းနေပြီ

အေးစက်စက်အသံ ထွက်ပေါ်လာချိန်တွင် စစ်မြေပြင်တစ်ခုလုံး ရပ်တန့်သွားသလို ဖြစ်သွားခဲ့၏။ ရေတွက်၍ မရနိုင်သော လူများက အသက်အောင့်ထားမိကြပြီး အသံလာရာဆီကို မယုံနိုင်စွာ လှမ်းကြည့်လိုက်ကြသည်။

လေထဲတွင် လွင့်ပျံနေသော အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ပေါ်ကို တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး သွေးများနှင့် ရွှဲနစ်နေသည့် လှပလွန်းလှသော တုန်းဖန်လျူလီကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ပြီး ကျန်လက်တစ်ဖက်က ဓားတစ်လက်ကို ကိုင်ဆောင်ထား၏။

ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်ကပင် သူ့ရှေ့ရှိ နံနက်ခင်းအလင်းနယ်ပယ် (၁၂)ယောက်ကို တုန်လှုပ်သွားစေရန် လုံလောက်နေခဲ့သည်။ နောက်ဆုံးအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များက တစ်လက်မပင် ရှေ့မတိုးရဲကြတော့။

"ချင်ကျိုး... " တုန်းဖန်လျူလီ၏ အမြင်အာရုံများ ဝေဝါးနေပြီး သူက တဖြည်းဖြည်း သတိလွတ်လာကာ ပတ်ဝန်းကျင်နှင့် သူတို့၏ အဆင့်အတန်း ကွာခြားမှုကိုပါ မေ့လျော့သွားတော့သည်။ သူက မုန့်ချင်ကျိုး၏ လည်ပင်းကို အတင်းဖက်တွယ်ထားလိုက်ပြီး လှပတဲ့ မျက်လုံးလေးများကို မှိတ်ကာ နူးညံ့ပြီး အားကိုးတကြီး ယုယမှုမျိုးနှင့် သူ့ရင်ခွင်ထဲ တိုးဝင်ရင်း ပင်ပန်းနွမ်းနယ်စွာ တိုးတိုးလေး ရေရွတ်လိုက်၏။

"နောက်ဆုံးတော့ ရှင် ရောက်လာပြီပဲ။ ကျွန်မ အရမ်းကို ပင်ပန်းပြီးတော့ အရမ်းကို နာကျင်နေပြီ... "

"လူတွေအများကြီး သေကုန်ပြီ။ ဝန်ထမ်းရေးရာဝန်ကြီး ဖန့်ချန်၊ မြောက်သိမ်းမြို့ အရှင်သခင် ဝူရှန်းဖျင်၊ အစောင့်တပ်ရင်း တပ်မှူး ယန်ရှန်းတယ်... ဟူး... ဟုတ်တယ်၊ စစ်ပွဲဝန်ကြီးဌာနရဲ့ ကောင်းကင်နတ်ဘုရား (၁၀)ပါးလည်း ပါတယ်။ သူတို့လည်း... တစ်ဝက်ကျော်လောက် ဆုံးရှုံးသွားကြပြီ... "

"စစ်သား နှစ်သိန်းမှာ တစ်သိန်းပဲ ကျန်တော့တယ်။ သူတို့ အကုန်လုံး သေကုန်ကြပြီ... "

ထိုသို့ပြောနေရင်း တုန်းဖန်လျူလီ၏ ပါးပြင်ပေါ်တွင် မျက်ရည်တစ်ပေါက် စီးကျလာသော်လည်း သူက မိမိ၏ အားနည်းချက်ကို မုန့်ချင်ကျိုး မြင်မည်စိုး၍ မျက်လုံးကို ဖွင့်မကြည့်ရဲပုံရသည်။ သူက သတိလစ်လုနီးပါး ဖြစ်နေပြီး အသံတိုးတိုးနှင့် တဆတ်ဆတ်တုန်ရီရင်း စကားပြောနေ၏။

မုန့်ချင်ကျိုးက တိတ်ဆိတ်စွာ နားထောင်နေပြီး သူ၏အသက်ရှူသံများ ပိုမိုလေးလံလာကာ၊ သတ်ဖြတ်လိုစိတ် အခဲလိုက်ဖြစ်လုမတတ် ဖြစ်လာသည်။ သူက ညင်သာစွာ ပြုံးလိုက်ပြီး တုန်းဖန်လျူလီ၏ခေါင်းလေးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်၏။

"စိတ်မပူပါနဲ့။ မင်းအတွက် ကိုယ် ပြန်တိုက်ခိုက်ပေးပါ့မယ်။ ဆယ်ဆ... မဟုတ်ဘူး။ အဆတစ်ရာ ပြန်တိုက်ခိုက်ပေးမယ်... "

"ခဏလောက် တိတ်တိတ်လေး အနားယူလိုက်ပါ။ ဒီလူတွေကို ပညာပေးပြီးတာနဲ့ ပြန်လာခဲ့မယ်။ ဟုတ်ပြီလား။"

တုန်းဖန်လျူလီက နှုတ်ခမ်းနီနီလေးကို စူလိုက်ပြီး၊ နိုးတဝက် အိပ်တဝက်နှင့် အားနည်းစွာ ပြောလိုက်သည်။

"ကောင်းပါပြီ... "

"အဲဒါဆို မြန်မြန်လုပ်နော်... "

ထိုသို့ပြောပြီးနောက် တုန်းဖန်လျူလီက မခွဲခွာချင်သော သူ၏ လက်များကို လွှတ်ပေးလိုက်ရာ မုန့်ချင်ကျိုးက သူ၏ နူးညံ့သောခန္ဓာကိုယ်လေးကို ရထားလုံးထဲသို့ ညင်သာစွာ ထည့်ပေးလိုက်၏။

ထိုမြင်ကွင်းက မရေမတွက်နိုင်သော လူများကို နက်ရှိုင်းစွာ ခံစားသွားရစေသည်။

လူတိုင်း၏စိတ်ထဲ ဖြတ်ပြေးသွားသော ပထမဆုံး စကားလုံးများက "ဘာတွေ ဖြစ်နေတာလဲ... " ဟူ၍ပင်။

ဧကရီနဲ့ မုန့်လေးတို့ကြားက ဆက်ဆံရေးက နည်းနည်းလေးများ အရမ်း နီးကပ်လွန်းနေသလားလို့။

"မုန့်ချင်း၊ မင်း ဘာလို့ ပြန်ရောက်နေတာလဲ။ ပြီးတော့... သခင်လေးကျိရော ဘယ်မှာလဲ။" အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူတစ်ယောက်က အံ့ဩဒေါသထွက်စွာ အော်မေးလိုက်သည်။

မုန့်ချင်ကျိုး၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူ၏ အမူအရာက အေးစက်နေ၏။

"သေပြီ။"

"တောရိုင်းမြေမှာ မြှုပ်နှံထားတဲ့ ရုပ်သေးကိုယ်ပွား တစ်သောင်းနှစ်ထောင်လုံးကို ဖယ်ရှားပစ်လိုက်ပြီ။"

ထိုစကားကို ကြားသောအခါ အနက်ရောင်ဝတ်ဆင်ထားတဲ့ နောက်လိုက် ဆယ်ဂဏန်းကျော်ရဲ့ မျက်နှာ အမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။

ပြိုင်စံရှား ကျိဝူရွှမ်က မုန့်ချင်ရဲ့လက်ထဲမှာ တကယ်ပဲ ရှုံးနိမ့်သွားခဲ့တာလား။ ပြီးတော့ သူရဲ့ ကျန်ရှိနေတဲ့ နောက်ဆုံးတိုက်ကွက်တွေကိုတောင် လုံးဝ ဖယ်ရှားပစ်ခံလိုက်ရတယ်ပေါ့။

"မဖြစ်နိုင်ဘူး... " အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

မုန့်ချင်ကျိုး၏ဒေါသက ပေါက်ကွဲလုမတတ် ဖြစ်နေလေပြီ။

ငါ့ဇနီးက ဒဏ်ရာအပြင်းအထန် ရထားတယ်။ ဒီကလူတိုင်းမှာ တာဝန်ရှိတယ်။

ကျိဝူရွှမ်ရဲ့ နောက်လိုက်တွေ အပါအဝင်ပေါ့။

သေချာတာပေါ့။ သူကိုယ်တိုင်လည်း ပါတယ်...

"ထွက်ပြေးဖို့ စဉ်းစားမယ့်အစား ငါ့ကိုတောင် မေးခွန်းထုတ်ရဲသေးတာလား။"

"ချီးကျူးထိုက်တဲ့ သတ္တိပဲ။"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်၊ အချိန်-နေရာလွတ်မြစ်ကြီးက အဟုန်နှင့် စီးဝင်လာပြီး မြောက်ပိုင်းနှင်းကွင်းပြင် တစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့လိုက်၏။

အချိန်စီးဆင်းမှု နှေးကွေးသွားပြီး နေရာလွတ် ကြားခံနယ်က ပုံပျက်သွားသည်။

အချိန်-နေရာလွတ် ဓားအသိများက မိုးရွာပြီးနောက် ပေါက်လာသော မှိုများလို ဓားအသိပိုင်နက် အထဲမှ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာကြ၏။

ရွှတ်...

အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု၏ ဦးခေါင်း ရုတ်တရက် ပေါက်ကွဲသွားပြီး ဖရဲသီးတစ်လုံးလို အပိုင်းပိုင်းကွဲကြေသွားကာ ၎င်းရဲ့ နတ်ဘုရားဝိညာဉ်နဲ့အတူ အားလုံး ပျက်စီးသွားတော့သည်။

တောက်ပသော နီရဲရဲသွေးများ၏ ဖျတ်ခနဲ လင်းလက်သွားမှုက ထိုနေရာရှိ လူတိုင်းကို နောက်ဆုံးတွင် အိပ်မက်ထဲမှ လန့်နိုးသွားစေခဲ့၏။

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ကျင့်ကြံသူများက ထိတ်လန့်တကြားနှင့် နောက်ကို ဆုတ်သွားကြပြီး ဆက်မတိုက်ချင်ကြတော့ဘဲ ထွက်ပြေးရန်ကိုသာ စဉ်းစားနေတော့သည်။ သို့သော် သူတို့ နောက်ဆုတ်လေလေ၊ ခန္ဓာကိုယ်များက အလိုအလျောက် ရှေ့ကို ရောက်လာလေလေ ဖြစ်နေပြီး သူတို့၏ လှုပ်ရှားမှုများကလည်း အလွန်အမင်း နှေးကွေးလေးလံနေခဲ့၏။

"ဒီနေရာမှာ ရှိနေတဲ့လူတိုင်း ဒီနေ့ သေရမယ်။ ဘာပဲဖြစ်ဖြစ်။ မင်းတို့ အတင်းအကျပ် ခိုင်းစေခံရတာလား ဒါမှမဟုတ် ဒီအခြေအနေကို အတင်းအကျပ် တွန်းပို့ခံရတာလားဆိုတာ ငါ ဂရုမစိုက်ဘူး။"

"ဘာလို့လဲဆိုတော့ မင်းတို့အားလုံး အပြစ်ရှိလို့ပဲ။"

မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်ပြီး ပြင်းထန်သော ဓားအသိများ ရူးသွပ်စွာ တိုက်ခတ်သွားကာ၊ မဟာကျင်း စစ်တပ် အပါအဝင် ထိုနေရာရှိ လူတိုင်းကို အကျဉ်းချပစ်လိုက်၏။

အနက်ရောင်ဝတ် ကျင့်ကြံသူများက လှုပ်ရှားရန်ပင် အချိန်မရလိုက်ခင်မှာပင် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံလိုက်ရပြီး သူတို့၏ အသက်များက ရက်စက်သော နည်းလမ်းဖြင့် ငြိမ်းသတ်ခံလိုက်ရသည်။

အချိန်တိုလေးအတွင်းမှာပင် အကူအညီပေးရန် ကမန်းကတန်း ပြန်လာခဲ့သော အနက်ရောင်ဝတ် ပုံရိပ်များထဲမှ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

ထိုလူက ဝတ်ရုံကို ဖယ်ရှားလိုက်ပြီး၊ ကြောက်ရွံ့မှုက တာအိုနှလုံးသားကို ချိုးဖျက်ပစ်လိုက်၏။ သက မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ပြီး မျက်ရည်များ စီးကျလာကာ တောင်းပန်လိုက်သည်။

"ကျွန်တော့်ကို ချမ်းသာပေးပါ။ ကျွန်တော်က အမိန့်ကို နာခံရုံသက်သက်ပါ။ ကျိမိသားစုက ကျွန်တော့်ကို ကျွန်အမှတ်အသား ခတ်နှိပ်ထားလို့ပါ... "

"ကျွန်တော့်အသက်ကိုသာ ချမ်းသာပေးမယ်ဆိုရင်၊ မဟာကျင်းရဲ့ လက်ပါးစေအဖြစ် အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်... "

မုန့်ချင်ကျိုးက စကားတစ်ခွန်းမှ မပြောဘဲ လက်ချောင်းငါးချောင်းနဲ့ သူ့ခေါင်းကို ဖိချလိုက်ပြီးနောက် အားကုန်ညှစ်ပစ်လိုက်သည်။

ဂျွတ်...

ဘုန်း...

ခေါင်းမရှိတော့သော အလောင်းကောင်ကြီးက ပျော့ခွေပြီး ပြိုလဲကျသွားကာ ကျိမိသားစု၏ နောက်ဆုံးအဖွဲ့ဝင် သေဆုံးသွားခဲ့လေပြီ။

"နောက်ထပ်က မင်းတို့အလှည့်ပဲ။"

မုန့်ချင်ကျိုးက နောက်လှည့်လိုက်ပြီး တင်းကြပ်စွာ မှိတ်ထားသော မျက်လုံးများက နံနက်ခင်းအလင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် (၁၂)ယောက်ကို စိုက်ကြည့်နေသလိုမျိုး ဖြစ်နေသည်။

လူ(၁၂)ယောက်က မုန့်ချင်ကျိုးကို အေးဆေးစွာ ပြန်ကြည့်နေ၏။

"ငါတို့က သေဖို့ အစောကြီးကတည်းက ပြင်ဆင်ထားပြီးသား။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ နောက်ဆုံးမှာ ရှုံးနိမ့်သွားတာ နှမြောစရာကောင်းပေမဲ့ ငါတို့ မင်းကို မကြောက်ဘူး။"

"ဟုတ်လား။"

မုန့်ချင်ကျိုးက ပြုံးလိုက်ပြီး ပုစဉ်းရင်ကွဲတေးသံဓားကို မြှောက်ကာ ဓားသွားကို လက်ချောင်းနှစ်ချောင်းနဲ့ သုတ်လိုက်သည်။

"ကျုပ် လျူလီကို ကတိပေးထားတယ်လေ။ ဆယ်ဆ၊ အဆတစ်ရာလောက် လက်စားချေပေးမယ်လို့။ ဓားတစ်ချက်တည်းနဲ့ ခင်ဗျားတို့ကို ဘယ်လိုလုပ် အလွယ်တကူ သေခွင့်ပေးနိုင်မှာလဲ။"

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ နံနက်ခင်းအလင်းနယ်ပယ် (၁၂)ယောက်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး ပြောသည်။ "လာစမ်းကြည့်လိုက်လေ။"

ထိုသို့ပြောပြီးနောက် သူတို့က မုန့်ချင်ကျိုးဆီသို့ တလှမ်းချင်း တိုးလာကြပြီး သူတို့၏ နံနက်ခင်းအလင်းနယ်ပယ် စွမ်းအင်များက ပေါက်ကွဲတော့မည့်အလား ဖောင်းကားလာတော့သည်။

အချိန်-နေရာလွတ် အတားအဆီးက သူတို့၏ နယ်ပယ်သဘာဝကို နှောင့်ယှက်ရန် ခက်ခဲစေသည်။ သူတို့က အချိန်-နေရာလွတ် အနှောင့်အယှက်ကို တိုက်ရိုက်ကျော်ဖြတ်ပြီး အကွာအဝေးကို ဖြတ်ကျော်ကာ မုန့်ချင်ကျိုး၏ ရှေ့မှောက်ကို ရောက်လာကြ၏။

"အတူတူ သွားကြတာပေါ့။ အချိန်-နေရာလွတ် ဓားသူတော်စင်... မင်းသေသွားရင် မဟာမိတ်အဖွဲ့အတွက် အောင်ပွဲခံဖို့ မျှော်လင့်ချက် ရှိသေးတယ်။"

မုန့်ချင်ကျိုးက ဂရုမစိုက်တဲ့ လေသံသော စကားလုံးအနည်းငယ်ကို ရေရွတ်လိုက်သည်။

" [ အချိန်-နေရာလွတ်။ အချိန်ပြန်လှည့် ] "

သူက ထိုအကွက်ကို သုံးခဲလှသည်။ ရိုးရိုးလေးပြောရလျှင် ၎င်းက အရမ်း ရက်စက်လွန်း၍ပင်။ သူ တစ်ခါက ကျောက်ကော်၏ အစောင့်အရှောက် ဓားအကြီးအကဲကို ရက်စက်စွာ သတ်ဖြတ်ရန် ၎င်းကို သုံးခဲ့ဖူး၏။

ဝူတျဲ အရမ်းလန့်သွားပြီး သတိလွတ်သွားခဲ့ရသည်။ ထိုနောက်ပိုင်း မုန့်ချင်ကျိုးကိုယ်တိုင်ပင် ထိုအကွက်မှာ ကောင်းကင်တာအိုကို ချိုးဖောက်နေသလို ခံစားခဲ့ရ၍ သူ ၎င်းကို အသုံးနည်းခဲ့ခြင်း ဖြစ်သည်။

အခုတော့ သူ၏ဒေါသက အကန့်အသတ်ကို ရောက်သွားပြီဖြစ်ရာ မိစ္ဆာတစ်ကောင် ဖြစ်သွားမည် ဆိုလျှင်ပင် သူက မိစ္ဆာအဖြစ် ပြောင်းလဲရန် ဆန္ဒရှိနေလေပြီ။

…

အပိုင်း(၁၈၁) ခွင့်လွှတ်ပေးပါ…

မြောက်ပိုင်း နှင်းကွင်းပြင်က မိုင်သောင်းချီ ကျယ်ဝန်းသော နယ်မြေဖြစ်ပြီး ထိုဒေသ၏ ထက်ဝက်ကျော်မှာ အချိန်-နေရာလွတ် နယ်ပယ်၏ လွှမ်းခြုံမှုကို ခံထားရသည်။

ကြီးမားပြီး ပွယောင်းနေသော နှင်းပွင့်ကြီးများက ဆွဲအားကို ဆန့်ကျင်ကာ အထက်သို့ လွင့်တက်နေပြီး၊ ရေခဲမြစ်အောက်ရှိ ရေစီးကြောင်းများမှာ ပိုမို ကြမ်းတမ်းလာကာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ သန်းနှင့်ချီသော ကျင့်ကြံသူများနှင့် သူတို့၏ သက်တမ်းများသည် လျင်မြန်စွာ ကုန်ဆုံးလာပြီး မဟာမိတ်အဖွဲ့မှ များစွာသော... ကျင့်ကြံသူများက သက်တမ်းအားလုံး ရုပ်သိမ်းခံလိုက်ရကာ အိုမင်းရင့်ရော်၍ သေဆုံးသွားကြသည်။

သေရမည်ကို မကြောက်ဘဲ ဆက်လက် တိုက်ခိုက်လိုသူ အချို့မှာ နေရာလွတ် ပုံပျက်နေသည်ကို တွေ့လိုက်ရပြီး ရှေ့သို့သွားခြင်းက နောက်သို့ဆုတ်သလို ဖြစ်နေသည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် မိုင်ထောင်ချီ ကွာဝေးသွားနိုင်သလို၊ မဟာကျင်းစစ်သည်များ၏ ဓားသွားပေါ်သို့ ပြေးဝင်မိကာ ချက်ချင်း သေဆုံးသွားခြင်းမျိုးလည်း ဖြစ်သွားနိုင်သည်။

မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူ အများစု အကြောက်ဆုံးအရာမှာ မဟာကျင်း၏ စစ်သည်များကမူ လုံးဝ ထိခိုက်မှု မရှိခြင်းပင်။

ဤသည်က မဟာမိတ်အဖွဲ့၏ ကျင့်ကြံသူများကို ခွေးအကောင်များဘဝမှ သိုးငယ်လေးများအဖြစ် ချက်ချင်း ပြောင်းလဲသွားစေပြီး အခြားသူများ၏ သနားညှာတာမှုအောက်သို့ ကျရောက်သွားစေသည်။

ထိတ်လန့်မှုများ ပျံ့နှံ့လာပြီး မရေမတွက်နိုင်သော မဟာမိတ်အဖွဲ့၏... ကျင့်ကြံသူများသည် ချီစွမ်းအင်များ ကျဆင်းလာကာ လက်နက်ချ အညံ့ခံလိုက်ကြသည်။

"ကျက်သရေတုံးလိုက်တာ။ မဟာကျင်းအင်ပါယာရဲ့ အချိန်-နေရာလွတ် ဓားသူတော်စင်ဆီကနေ အစွမ်းထက်တဲ့ အကူအညီသာ မရခဲ့ရင် သူတို့ ဒီတိုက်ပွဲကို နိုင်စရာအကြောင်း လုံးဝ မရှိဘူး... "

"ငါတို့က ဘာလုပ်နိုင်မှာလဲ။ မာနကြီးတဲ့ မဟာကျင်းဧကရီတောင်မှ အချိန်-နေရာလွတ် ဓားသူတော်စင်ကို စည်းရုံးနိုင်ဖို့ သူ့ကိုယ်သူ စတေးဖို့ ဆန္ဒရှိခဲ့တာပဲလေ။ ငါသာ ဓားသူတော်စင်ဆိုရင်လည်း သေချာပေါက် ငြင်းဆန်နိုင်မှာ မဟုတ်ဘူး... "

"ဒီထက်ပိုပြောနေလည်း အပိုပဲ။ လက်နက်ချလိုက်တာ အကောင်းဆုံးပဲ။ အထက်က အဘိုးကြီးတွေက တစ်ချိန်လုံး ဘေးကနေ ထိုင်ကြည့်နေခဲ့တာပဲ။ ငါတို့က ဘာလို့ အသေအလဲ တိုက်ပေးနေရမှာလဲ... "

"ငါတို့ လက်နက်ချတယ်။ ဆက်မတိုက်တော့ဘူး၊ ငါတို့ အသက်ကိုပဲ ချမ်းသာပေးဖို့ တောင်းဆိုပါတယ်... "

...

လူတစ်ယောက် လက်နက်ချလိုက်သောအခါ ကျန်သူများကလည်း လိုက်လုပ်ကြကာ သူတို့၏ လက်နက်များကို ချထားပြီး မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာမိတ်အဖွဲ့၏ သန်းနှင့်ချီသော... ကျင့်ကြံသူများက ဒိုးဇက်လေးများ ပြိုကျသကဲ့သို့ အစုလိုက်အပြုံလိုက် ပြိုလဲကာ လက်နက်ချသွားကြသည်။

ဤမြင်ကွင်းက မဟာကျင်း စစ်သည်များကို မှင်သက်သွားစေ၏။

ဧကရီက သတိလစ်နေပြီး ပြင်းထန်စွာ ဒဏ်ရာရထားသည်။ သူတို့ကို ဘယ်သူက အမိန့်ပေးနိုင်မှာလဲ...

လူတိုင်းက မသိစိတ်မှပင် မုန့်ချင်ကျိုးဆီသို့ အာရုံလှည့်သွားကြသည်။

"လရောင်ထွန်းလင်းနယ်ပယ်နဲ့အထက်က လက်နက်ချဖို့ ငြင်းဆန်သူတွေကို သတ်ပစ်မယ်။ တောင်ရွှေ့နယ်ပယ် အထက်နဲ့ လရောင်ထွန်းလင်းနယ်ပယ် အောက်မှာရှိတဲ့ ကျင့်ကြံမှုချိတ်ပိတ်ခံရသူတွေကို ကျွန်အမှတ်အသား ခတ်နှိပ်ပြီး နောင်ကျရင် အသေခံတပ်သားတွေအဖြစ် သုံးမယ်။ တောင်ရွှေ့နယ်ပယ်အောက်က လူတွေကိုတော့ အကျဉ်းချထားလိုက်... " မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မဟာကျင်းစစ်သည်များနှင့် ဝန်ကြီးများ အနည်းငယ် တွေဝေသွားကြသော်လည်း ထို့နောက် ချက်ချင်းပင် အလုပ်စတင်လိုက်ကြသည်။

လူဦးရေ ကွာခြားချက် ကြီးမားနေသော်လည်း အချိန်-နေရာလွတ် နယ်ပယ်ထဲတွင် ဤမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် သတ်ဖြတ်ခံရမည့် သိုးသူငယ်များနှင့် ဘာမှမကွာခြားပေ။

ရုတ်တရက်။

နားကွဲမတတ် စူးရှသောအော်သံတစ်ခု ထွက်ပေါ်လာသည်။ "ငါ့ရဲ့ နယ်ပယ်အဆင့်... လရောင်ထွန်းလင်း နယ်ပယ်ကို ဘယ်လိုလုပ် ကျဆင်းသွားရတာလဲ..."

ထိုအော်သံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ တုန်းဖန်လျူလီကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သော နံနက်ခင်းအလင်း အစွမ်းထက်ပုဂ္ဂိုလ် (၁၂)ယောက်သည် မုန့်ချင်ကျိုးကို မျက်နှာမူကာ ညီညာသော အတန်းလိုက် ခေါင်းငိုက်စိုက်ကျလျက် ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။

ထိုနံနက်ခင်းအလင်းနယ်ပယ် (၁၂)ဦးသည် ဗလာကျင်းနေသော မျက်လုံးများဖြင့် မြေပြင်ကို စိုက်ကြည့်နေကြပြီး တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်က အော်ဟစ်ကာ လန့်နိုးလာတတ်သည်။

ထို့အပြင် သူတို့၏ နယ်ပယ်မှာ အဆက်မပြတ် ကျဆင်းနေ၏။

နှစ်ပေါင်းထောင်ချီ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရသော အသီးအပွင့်များ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ် နေသည်...

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ မူလက နံနက်ခင်းအလင်း နယ်ပယ်တွင် ရှိခဲ့သော ထိုအစွမ်းထက်ပုဂ္ဂိုလ်များက ရုတ်တရက် ရူးသွပ်စွာ အော်ဟစ်ရယ်မောလာကြသည်။

"ငါ အသက်ကြီးပြီး ဇဝေဇဝါ ဖြစ်နေပြီ။ ငါ တာအိုကို တွေ့မြင်ခဲ့ရတယ်ဆိုတဲ့ ကွက်ကွက်ကွင်းကွင်း အိပ်မက် တစ်ခု မက်ခဲ့တယ်။ နံနက်ခင်းအလင်းနယ်ပယ်၊ မဟာမိတ်အဖွဲ့ရဲ့ ဘိုးဘေးကြီးအနေနဲ့ အရိုအသေပေးခံရပြီး ကိုးကွယ်ခံရတယ်ဆိုတာ... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။ ဒါပေမဲ့ ဒီအိပ်မက်က တကယ်ဖြစ်ခဲ့သလိုပဲ၊ အရမ်းရှည်လျားပြီး အရမ်းတကယ့်ကို လက်တွေ့ဆန်တယ်.။ ဘယ်ဟာက အစစ်ဖြစ်ပြီး ဘယ်ဟာက အတုလဲ။ ဟားဟားဟား... ငါ ခွဲခြားလို့မရတော့ဘူး၊ တကယ်ကို မရတော့ဘူး... "

ထိုလူများ၏ နယ်ပယ်မှာ ဆက်လက် ကျဆင်းနေပြီး၊ ပင်လယ်လွှမ်းနယ်ပယ်သို့ ကျဆင်းသွားကြပြီဖြစ်ကာ၊ အချို့မှာ တောင်ရွှေ့နယ်ပယ်သို့ပင် ရောက်ရှိသွားကြပြီဖြစ်သည်။ ထို့နောက်တွင် သူတို့၏ သက်တမ်းများ ညှိုးနွမ်းသွားပြီး ပြာတစ်ဆုပ်အဖြစ် ပြောင်းလဲသွားတော့သည်။

သူတို့က ဘာသာဝင်များကဲ့သို့ ရိုသေကိုင်းရှိုင်းစွာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ မုန့်ချင်ကျိုးကို ထပ်ခါတလဲလဲ ဦးညွှတ်နေကြသည်။

"ဓားသူတော်စင်။ ကျွန်တော်တို့လို မောက်မာတဲ့ အရူးတစ်သိုက်ကို ခွင့်လွှတ်ပေးပါ... ကျွန်တော်တို့က အိုမင်းမစွမ်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် နံနက်ခင်းအလင်းနယ်ပယ်ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေလို့ မိုက်မဲစွာ ယုံကြည်ခဲ့မိတယ်။ စီနီယာကို တိုက်ခိုက်ပြီး ဧကရီ အရှင်မကို အနှောင့်အယှက်ပေးမိတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ... "

"ကျွန်တော့်မှာ လုပ်ကျွေးပြုစုဖို့ သက်ကြီးရွယ်အို မိဘတွေနဲ့ ကလေးငယ်လေးတွေ ရှိသေးတယ်။ နေပါဦး၊ ကျွန်တော့်မှာ မိဘတွေ မရှိတော့ဘူး။ မျိုးဆက်သစ်တွေကရော သူတို့အားလုံး သေကုန်ပြီ ထင်တယ်၊ တချို့ကလည်း ဒူးထောက်ပြီး လက်နက်ချနေကြပြီ... "

"စီနီယာ။ သနားညှာတာပါ... အသက်ချမ်းသာပေးပါ... "

မုန့်ချင်ကျိုးက အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးမယ်၊ ဒါပေမဲ့ တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမယ်။"

ထိုစကားကို ကြားသောအခါ၊ ကျန်ရှိနေသေးသော အဘိုးအို ဆယ်ဂဏန်းကျော်မှာ ရုတ်တရက် ရပ်တန့်သွ ားကြပြီး ဒူးထောက်ဦးညွှတ်နေရင်းနှင့်ပင် သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။

ရုတ်တရက် သူတို့ထဲမှ တစ်ယောက်က သူ၏ ဓားကို ဆွဲထုတ်ကာ အနှစ်တစ်ထောင်ကြာ မိတ်ဆွေဖြစ်သူ၏ ခေါင်းကို ဖြတ်ချလိုက်ပြီး ဆံပင်ကို ကိုင်ဆွဲကာ မြှောက်တင်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"သေလိုက်စမ်း အရူးကောင်... ငါ မသေချင်သေးဘူး... "

ဖွတ်...

သူ၏ ဘယ်ဘက်ရင်ဘတ်ကို လက်တစ်ဖက်က ဖောက်ထွင်းဝင်ရောက်သွားရာ ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွား၏။

ထိုလူ၏ အပြုံးမှာ အေးခဲသွားပြီး အောက်သို့ ဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်ရာ လက်တစ်ဖက်က ခုန်နေသော နှလုံးသားတစ်ခုကို ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရပြီး ထို့နောက် လက်ချောင်းငါးချောင်းက ပေါင်းစုကာ ၎င်းကို ချေမွပစ်လိုက်သည်။

"သူငယ်ချင်းဟောင်း၊ မင်း... " ထိုလူက နောက်လှည့်လိုက်ပြီး မသေဆုံးမီမှာပင် အိပ်မက်ထဲမှ နိုးလာသကဲ့သို့ နောက်ဆုံးတွင် သတိဝင်လာကာ အရာအားလုံးကို ပြန်လည်အမှတ်ရသွားပြီး ကြေကွဲခါးသီးစွာ ပြုံးလိုက်သည်။ "အချိန်-နေရာလွတ် ဓားသူတော်စင် မဟုတ်ဘူး။ မင်းက မိစ္ဆာပဲ။"

တစ်ချိန်က အစွမ်းထက်ခဲ့သော နံနက်ခင်းအလင်းနယ်ပယ် ပုဂ္ဂိုလ်များသည် ဓားများကို မြှောက်ကာ သူတို့၏ နှစ်ထောင်ချီ မိတ်ဆွေများကို ပြန်လည်ဆန့်ကျင် တိုက်ခိုက်ကြသဖြင့် အချင်းချင်း သတ်ဖြတ်မှု စတင်လေတော့သည်။

ကမ္ဘာကြီး တစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ဖြစ်သွားပြီ၊ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရော မဟာကျင်း စစ်သည်များပါ တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

ဂလု...

တစ်စုံတစ်ယောက်က တံတွေးကို အားပါးတရ မျိုချလိုက်ရာ လည်စေ့မှာ လှုပ်ရှားသွားပြီး မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားကာ ကျောရိုးမှတစ်ဆင့် ခေါင်းအထိ အေးစက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီး မွေးညင်းများ ထသွား၏။

ဓားသူတော်စင် မုန့်ချင်းကို အမြဲတမ်း လေးစားအားကျခဲ့ကြသော မဟာကျင်း စစ်သည်များပင်လျှင် ထိုအခိုက်အတန့်၌ နက်ရှိုင်းသော ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။

တိုင်းပြည်အစောင့်အရှောက် နတ်သားရဲ တဖြစ်လည်း ကောင်းကင်ကို ဖုံးကွယ်ထားသော နဂါးခေါင်းကြီးက တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး၊ နေနှင့်လကဲ့သို့ နှိုင်းယှဉ်နိုင်သော ၎င်း၏ မျက်လုံးများတွင် ကြွင်းကျန်ရစ်သော ကြောက်ရွံ့မှုနှင့် စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခုကို ဖုံးကွယ်ထားသည်။

ဒါက အမှန်တကယ် ဒေါသထွက်နေတဲ့ အခြေအနေမှာရှိတဲ့ ဧကရာဇ်ပဲလား...

တကယ် ကြောက်စရာကောင်းတာပဲ...

ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်က ဉာဏ်ပညာရှိပြီး သူ၏ စွမ်းအားကို အလွဲသုံးစား မလုပ်ခဲ့ပေ။ သို့မဟုတ်ပါက သူ၏ကံကြမ္မာသည်လည်း အလွန် ဆိုးရွားကြေကွဲဖွယ် ကောင်းသွားလိမ့်မည်။

...

"ဒီလူက တကယ်ပဲ ကောင်းကင်ကြည့်ဆောင်က သတ်မှတ်ထားတဲ့ နောက်ထပ် ဧကရာဇ်လား... " ဝမ်ရှန်းကျား၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူရော်နေပြီး သူ၏ အင်္ကျီလက်ထဲတွင် ဖုံးကွယ်ထားသော လက်များမှာ အနည်းငယ် တုန်ယင်နေသည်။

အကြောက်အလန့် အကင်းဆုံးသူပင်လျှင် ဤမြင်ကွင်းကို မြင်လိုက်ရာတွင် ထိတ်လန့်တုန်လှုပ်သွားလိမ့်မည်။

သေရခြင်းက ကြောက်စရာ မဟုတ်။ ကြောက်စရာကောင်းသည်မှာ မရေမတွက်နိုင်သော နှစ်များစွာ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရမှုများ ပြာအဖြစ် ပြောင်းလဲသွားခြင်ပင်။ ကြောက်စရာကောင်းသည်မှာ လူတစ်ယောက်၏ စိတ်အသိများ ဝေဝါးသွားပြီး ကြိုးဆွဲခံ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားခြင်းပင်။ ကြောက်စရာကောင်းသည်မှာ ရူးသွပ်နေသကဲ့သို့ တွေဝေငေးမောစွာ သေဆုံးသွားရခြင်ပင်။

"သနားညှာတာတတ်တဲ့ နှလုံးသား၊ လျင်မြန်ပြတ်သားတဲ့ လုပ်ရပ်တွေ၊ ဧကရာဇ်တစ်ပါးရဲ့ ဟန်ပန်... အဲဒါနဲ့ ပတ်သက်ပြီး မှားသွားစရာ အကြောင်းမရှိပါဘူး။" လီကွမ်ယန်က ခေါင်းညိတ်လိုက်ပြီး၊ သူ၏ မျက်လုံးများမှာ တစ်ခုခုကို... လုပ်တော့မည့်အလား ပြတ်သားနေသည်။

ထိုစကားကို ကြားသောအခါ ဝမ်ရှန်းကျားမှာ လုံးဝ တွေဝေသွားပြီး၊ သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဲဒီထဲမှာ အမှန်တရားတချို့တော့ တကယ်ရှိနေတာပဲ။ ငါကပဲ သံသယလွန်ကဲနေတာလား..."

"ပထမဆုံး လူသားဧကရာဇ်တောင်မှ လူတစ်ယောက်ကို တစ်ချက်တည်းနဲ့ အများဆုံး သတ်နိုင်ရုံပဲ။ ဒီလိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရားစွမ်းရည် သတ်ဖြတ်မှုမျိုး ကျူးလွန်ဖို့ဆိုတာ ဝေလာဝေးပေါ့။"

...

စစ်မြေပြင်ပေါ်တွင် ဇွဲကောင်းသော မဟာမိတ်အဖွဲ့ဝင် အချို့ ရှိနေဆဲဖြစ်သည်။ ကျင့်ကြံသူတစ်ဦးမှာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေပြီး အချိန်ကြာလာသည်နှင့်အမျှ မာကျောလာခဲ့သော သူ၏ တာအိုနှ လုံးသားမှာ အက်ကွဲကာ တိတ်ဆိတ်စွာ ကြွေကျသွားသည်။ သူ၏ လက်များ ဖြေလျော့သွားပြီး ဂျလွတ်ခနဲ အသံနှင့်အတူ ဓားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူသည် အားကိုးရာမဲ့စွာ ဒူးထောက်ကျသွားပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ ထောက်တိုင်အားလုံး ဆုံးရှုံးသွားတော့သည်။

ထိုအရာကို ကြိုတင်မြင်ထားသော အခြားသူများလည်း ဆောင့်ကြောင့်ထိုင်နေရာမှ ဒူးထောက်သည့် အနေအထားသို့ တိတ်တဆိတ် ပြောင်းလဲလိုက်ကြသည်။

အချို့က သူတို့၏ ကျင့်ကြံမှုများကို ကိုယ်တိုင် ချိတ်ပိတ်လိုက်ကြပြီး သိုလှောင်လက်စွပ်များကိုပင် လွှဲပြောင်း ပေးလိုက်ကြသည်။

ငါက ခွင့်လွှတ်ပေးဖို့ တောင်းပန်ပြီးသွားပြီလေ...

…

ပစ္စုပ္ပန်ရွာမှ ရွာသားတစ်ဦးဖြစ်ပြီး တတိယအဆင့် ဝန်ကြီးရာထူးကိုလည်း ရယူထားသော အဘိုးအိုတစ်ဦးက သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ နားမလည်နိုင်စွာ ပြောလိုက်သည်။

"ထင်တဲ့အတိုင်းပဲ။ ဧကရာဇ်ရဲ့ သည်းခံနိုင်စွမ်း ကန့်သတ်ချက်က သူ့ရဲ့ ဇနီးပဲ။ ဒါပေမဲ့... ဧကရာဇ်က အခုထိ မသိသေးဘူးလေ။ ဧကရီ အရှင်မက မုန့်ကတော် ဖြစ်နေတယ်ဆိုတာကိုပေါ့။ ဒါဆိုရင် ဧကရာဇ်က ဘာလို့ ဒေါသထွက်နေရတာလဲ...”

…

အပိုင်း(၁၈၂) မီးပွားငယ်လေးမှ တောမီးအဖြစ်သို့

"ငါနိုင်ပြီ။ ငါတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်တာ... "

"သေလိုက်ကြစမ်း။ မင်းတို့အားလုံး သေလိုက်ကြ... "

"ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဥ်က အခုမှ စရုံပဲရှိသေးတာ။ ဒီနေရာမှာ အဆုံးသတ်သွားဖို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။"

စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖရိုဖရဲဖြစ်နေသော အဘိုးအိုတစ်ဦးသည် သွေးစွန်းနေသော လက်များကို ရူးသွပ်စွာ ဝှေ့ယမ်းကာ သတိလွတ်လုမတတ် ရယ်မောနေသည်။

သူ၏ ခြေရင်းတွင် အသက်မထွက်သေးသော အခြားလူတစ်ဦး လဲကျနေပြီး ထိုလူက သူ၏ ဘောင်းဘီစကို တင်းကျပ်စွာ ဆွဲကိုင်ထားကာ လွှတ်မပေးပေ။

"အဘိုးကြီးဟွမ်။ သတိထားစမ်းပါ... ငါတို့က အချိန်-နေရာလွတ် တာအိုရဲ့ ဝင်နှောင့်ယှက်မှုကို ခံထားရတာ။ ဒီလမ်းမှားကို ဆက်မလျှောက်ပါနဲ့တော့... "

"ထွက်သွားစမ်း... "

"အခုထိ လက်မလျှော့သေးဘူးလား။ ဒါဆိုလည်း မင်းကို သွားရာလမ်း အရောက်ပို့ပေးရတာပေါ့... "

ရူးသွပ်နေသော အဘိုးအိုက သားသတ်ဓားတစ်လက်ကို ကောက်ကိုင်လိုက်ပြီး ထိုလူ၏ ခေါင်းပေါ်သို့ ဖိချကာ အားကုန် ခုတ်ချလိုက်သည်။ သွေးများက သူ၏မျက်နှာပေါ်သို့ ပန်းထွက်လာသော်လည်း အဘိုးအိုက ပို၍ပင် ဝမ်းသာအားရ ရယ်မောလိုက်ပြီး ခေါင်းပြတ်ကြီးကို မြှောက်ကာ မုန့်ချင်ကျိုးကို ကြွားဝါသည့်ဟန်ဖြင့် ကြည့်၍ ပြောလိုက်သည်။

"စီနီယာ၊ ကြည့်ပါဦး။ ငါ နိုင်ပြီ... "

မုန့်ချင်ကျိုး၏ အပြုံးက အေးစက်သွားပြီး ခေါင်းညိတ်လိုက်သည်။ "မဆိုးပါဘူး၊ ခင်ဗျား နိုင်သွားပြီ။ အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးကို ရသွားပြီ။"

ထိုစကားကို ကြားသောအခါ ရူးသွပ်နေသော အဘိုးအိုက ကိုင်ထားသော ခေါင်းပြတ်ကြီးကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး စိတ်လှုပ်ရှားစွာ လက်ခုပ်တီးကာ အောင်ပွဲခံတော့သည်။

"ရေး... ရေး... "

"ငါနိုင်ပြီ... ငါနိုင်ပြီကွ... "

အဘိုးအိုက နောက်လှည့်ကာ ခုန်ပေါက်ပြေးလွှားရင်း အဝေးသို့ ထွက်သွားပြီး နေဝင်ဆည်းဆာ အလင်းရောင်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

မည်သူကမျှ သူ့ကို မတားဆီးသလို မည်သူကမျှလည်း စကားမဟကြပေ။

သို့သော် ထိုမြင်ကွင်းကို မျက်မြင်တွေ့ရှိသူတိုင်းမှာ သနားကြင်နာမှုနှင့် ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်၍ သွားကြသည်။

နိုင်သွားတာလား။

မဟုတ်ဘူး။ ခင်ဗျား လုံးဝကို ရှုံးနိမ့်သွားပြီ။

နှစ်ပေါင်းထောင်ချီ လက်တွဲလာခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ့်လက်နဲ့ကိုယ် သတ်ဖြတ်လိုက်ရမှတော့ ထာဝရ ရူးသွပ်နေတာကမှ ပိုကောင်းဦးမယ်။ ဒါပေမဲ့ တစ်နေ့နေ့မှာ ခင်ဗျား ပြန်ပြီး သတိဝင်လာခဲ့ရင်တော့ လက်ကျန်ဘဝတစ်လျှောက်လုံး နာကျင်မှုနဲ့ နောင်တတရားတွေထဲ နစ်မွန်းနေပြီး ခင်ဗျားရဲ့ သရုပ်မှန်နဲ့ နယ်ပယ်အဆင့်အတန်းကြားက ကွာဟချက်ကို ခံစားနေရလိမ့်မယ်။ အဲဒါက လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုပဲ...

အသတ်ခံလိုက်ရတဲ့ နံနက်ခင်းအလင်း အစွမ်းထက်ပုဂ္ဂိုလ်တွေက တကယ်ကို လွတ်မြောက်သွားကြတာ။ အသက်ရှင်ကျန်ရစ်သူတွေက ပိုကြီးမားတဲ့ အပြစ်ပေးခံရမှုကို ရင်ဆိုင်ရလိမ့်မယ်။

"တောင်ရွှေ့နယ်ပယ် ကျင့်ကြံခြင်းအဆင့်၊ အသက်ရာတန်း သက်တမ်း ရှိတယ်။ နောက်ဆယ်နှစ်ကြာရင် ခင်ဗျား တဖြည်းဖြည်း သတိပြန်ဝင်လာလိမ့်မယ်။ ကျန်တဲ့ နှစ်ကိုးဆယ်ကတော့ ခင်ဗျားအတွက် မိနစ်တိုင်း၊ စက္ကန့်တိုင်း ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်နေသလို ဖြစ်နေမှာပါ။" မုန့်ချင်ကျိုးက တိုးတိုးလေး ရေရွတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများက အချိန်-နေရာလွတ် ဓားသူတော်စင်ကို တိတ်တဆိတ် စောင့်ကြည့်နေကြပြီး သူတို့၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ ထိတ်လန့်ကြောက်ရွံ့မှုတစ်ခုက ဖုံးလွှမ်းလာသည်။

မဟာကျင်း စစ်သည်များမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး ဓားသူတော်စင် မုန့်ချင်းအပေါ် သူတို့၏ ကိုးကွယ်ယုံကြည်မှုမှာ နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော အဆင့်အထိ ရောက်ရှိသွားတော့သည်။

...

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ အကြီးအကဲများက သူတို့ ပြတ်ပြတ်သားသား ရှုံးနိမ့်သွားပြီဖြစ်ကြောင်းနှင့် အခြေအနေကို ပြောင်းပြန်လှန်ရန် စွမ်းအားမရှိတော့ကြောင်းကို သိလိုက်ကြသည်။

မြောက်ပိုင်း နယ်မြေ၏ ထက်ဝက်မှာ အချိန်-နေရာလွတ်မြစ်ကြီးဖြင့် လုံးဝ ဝန်းရံပိတ်ဆို့ခံထားရပြီး ပြေးစရာ လမ်းမရှိတော့ပေ။

မတတ်နိုင်တော့သည့်အဆုံး ခမ်းနားသပ်ရပ်စွာ ဝတ်စားဆင်ယင်ထားပြီး ပြစ်မျိုးမှဲ့မထင် ပြင်ဆင်ထားသော အဘိုးအိုတစ်စုက အချင်းချင်း တွဲမကာ ပြင်းထန်စွာ တုန်ယင်နေကြပြီး ယမမင်းကို မြင်တွေ့လိုက်ရသကဲ့သို့ သူတို့၏ နှုတ်ခမ်းများမှာ ဖြူရော်တုန်ရီနေကာ တာအိုအသံဖြင့် ပြောလိုက်သည်။

"ဓားသူတော်စင် အရှင်၊ မဟာမိတ်အဖွဲ့က လက်နက်ချ အညံ့ခံဖို့ ဆန္ဒရှိပါတယ်။ တောရိုင်းမြေရဲ့ စစ်ပွဲ စည်းမျဉ်းတွေအရ၊ လက်နက်ချတဲ့သူတွေကို ကောင်းမွန်စွာ ဆက်ဆံရပါမယ်။ ကျေးဇူးပြုပြီး လိုက်နာပေးပါ... အဲ မဟုတ်ဘူး၊ လိုက်နာဖို့ ကျွန်တော်တို့ မပြောဝံ့ပါဘူး။ ဓားသူတော်စင် အရှင်က အလွန်မြင့်မြတ်ပါတယ်။ ဘယ်စည်းမျဉ်းကိုမှ လိုက်နာစရာ မလိုပါဘူး။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုး မလုပ်ဖို့ပဲ ကျွန်တော်တို့ တောင်းဆိုပါတယ်။"

မဟာမိတ်အဖွဲ့တွင် အမြင့်ဆုံးအာဏာကို ကိုင်စွဲထားသော အကြီးအကဲမှာ ယခင်က သူ၏ မောက်မာမှုများ လုံးဝမရှိတော့ပေ။ သူ၏ သန့်ရှင်းခမ်းနားလှသော ဝတ်ရုံကြီးကို ဂရုမစိုက်နိုင်တော့ဘဲ ညစ်ပတ်ပြီး သွေးစွန်းနေသော မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်ချလိုက်တော့သည်။

သူတို့က မဟာမိတ်အဖွဲ့၏ နောက်ဆုံးမဏ္ဍိုင်များဖြစ်သော နံနက်ခင်းအလင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် (၁၂)ယောက်ကျော်၏ အဆုံးသတ်ကို မျက်မြင်တွေ့လိုက်ရပြီးနောက် သေမင်း၏ ခြိမ်းခြောက်မှုက နီးကပ်လာပြီ ဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။ သူတို့၏ ဂုဏ်ယူမောက်မာမှုများမှာ ရက်စက်လှသော လက်တွေ့အမှန်တရားကြောင့် တစ်လက်မချင်းစီ အပိုင်းပိုင်း ကွဲကြေသွားခဲ့ရသည်။

မွန်မြတ်လှသော အဘိုးအိုကြီးများ၏ ခမ်းနားထည်ဝါသော ဝတ်ရုံကြီးများက သွေးစွန်းနေသော စစ်မြေပြင်နှင့် ကြီးမားစွာ ဆန့်ကျင်ဘက်ဖြစ်နေပြီး ပျော်ပွဲစားထွက်လာသော အထက်တန်းလွှာများနှင့် တူနေသည်။

မုန့်ချင်ကျိုးက နောက်ကျောဘက်သို့ လက်ပိုက်ကာ ရပ်နေပြီး ပြောလိုက်သည်။

"သနားညှာတာဖို့ တောင်းဆိုတဲ့သူရဲ့ စိတ်နေသဘောထားကတော့ ရိုးသားတဲ့ပုံပဲ။"

"ငါမသိဘူးလို့ မထင်နဲ့။ မဟာမိတ်ခေါင်းဆောင် ဟိုင်လန်ထျန်းတို့က အရင်က ငြိမ်းချမ်းရေးယူဖို့ ဦးဆောင်ကြိုးပမ်းခဲ့ကြတယ်။ နယ်ရုပ်တွေအနေနဲ့ အသုံးချမခံချင်လို့ ငါ့ဆီလာပြီး ဆွေးနွေးခဲ့ကြတာ။"

"ဒါပေမဲ့ အဲဒီတုန်းက ငါ သဘောမတူခဲ့ဘူး။ နေ့တစ်ဝက်အကြာမှာပဲ ကျိဝူရွှမ် ရောက်လာတော့ မင်းတို့ အဘိုးကြီးတွေက ကျိမိသားစုရဲ့ သင်္ဘောကြီးပေါ် တက်ချင်ဇောနဲ့ ကောင်းကင်ပြည်နယ်ကလာတဲ့ ဒီဧည့်သည်ရှေ့မှာ ချက်ချင်း ဒူးထောက်ပြပ်ဝပ်ပြီး ဒီစစ်ပွဲဖြစ်အောင် အစွမ်းကုန် သွေးထိုးလှုံ့ဆော်ခဲ့ကြတာပဲ။"

"တစ်နည်းအားဖြင့် ပြောရရင် သေဆုံးသွားခဲ့ရတဲ့ မရေမတွက်နိုင်တဲ့ စစ်သည်တွေ၊ မဟာမိတ်ခေါင်းဆောင် ဟိုင်နဲ့ မဟာမိတ်အဖွဲ့ရဲ့ မဏ္ဍိုင်ကြီးတွေ၊ ပြီးတော့ ငါ့မဟာကျင်းရဲ့ သစ္စာရှိ ဝန်ကြီးတွေနဲ့ စစ်သူကြီးတွေ အများကြီး သေဆုံးခဲ့ရတာ အားလုံးဟာ... သေရမှာကြောက်ပြီး အခွင့်အရေးယူတတ်တဲ့ မင်းတို့လို သူရဲဘောကြောင်တဲ့ အဘိုးကြီးတွေကြောင့်ပဲ။"

မုန့်ချင်ကျိုးက အေးစက်စွာ ပြုံးလိုက်သည်။

"စစ်ပွဲပြီးသွားတာနဲ့၊ ဘေးကနေ လက်ပိုက်ကြည့်ပြီး လက်ဖက်ရည်သောက်ရင်း ပွဲကြည့်နေခဲ့တဲ့ မင်းတို့ လူကြီးလူကောင်း တစ်သိုက်က ကိုယ့်ကိုယ်ကိုယ် ဖုန်ခါလိုက်ပြီး ဒူးထောက်တောင်းပန်ရုံနဲ့ ပြစ်မှုတွေကနေ ကင်းလွတ်ခွင့်ရမယ်လို့ ထင်နေတာလား။"

"လက်နက်ချတဲ့သူတွေကို ကောင်းကောင််းမွန်မွန် ဆက်ဆံသင့်တယ်လို့ ပြောရုံလေးနဲ့ ငါ့ကို ဖယ်ရှားပစ်လို့ ရမယ်လို့ မင်းတို့ ထင်နေတာလား။"

ရယ်စရာကောင်းလိုက်တာ...

ထိုနေရာသို့ ရောက်သောအခါ မုန့်ချင်ကျိုးက အနည်းငယ် ဒေါသထွက်လာပြီး စူးရှစွာ အော်ပြောလိုက်သည်။

"အသေသင့်ဆုံး လူတွေက မင်းတို့ပဲ... "

"အစောင့်တွေ... သူတို့ကို ဆွဲထုတ်သွားကြ။ သူတို့ကို အနာကျင်ဆုံး၊ အရှက်ရဆုံးနဲ့ အရက်စက်ဆုံး ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားရပါစေ။ သူတို့ သေသွားတဲ့အခါ သူတို့ရဲ့ ရုပ်ခန္ဓာတွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး ခွေးကျွေးလိုက်၊ သူတို့ရဲ့ ဝိညာဉ်တွေကို ချေမှုန်းပစ်ပြီး သံသရာထဲ ဝင်စားခွင့် မပေးနဲ့... "

အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်တစ်စုက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ တုံ့ပြန်လိုက်သည်။ "အမိန့်အတိုင်းပါ... "

ထို့နောက် သူတို့က မဆိုင်းမတွပင် ထိုအဘိုးကြီးများကို အကျဉ်းချလိုက်ပြီး၊ မဟာကျင်းသို့ ပြန်ရောက်သည်နှင့် သူတို့၏ ဘဝတစ်သက်တာလုံး ညှဉ်းပန်းနှိပ်စက်ရန် ရည်ရွယ်ထားကြသည်။

မဟာကျင်းရှိ အကြောက်မက်ဖွယ်အကောင်းဆုံး ပြစ်ဒဏ်များအကြောင်း ပြောရမည်ဆိုလျှင်၊ ကောင်းကင် အကျဉ်းထောင်ထဲမှ ဖောက်ပြန်နေသူများအဖွဲ့က သူတို့ကို ထပ်ခါတလဲလဲ ရိုက်နှက်ပြီး ခန္ဓာကိုယ်မှသည် ဝိညာဉ်အထိ ညှဉ်းပန်းနှိပ်စက်ခြင်းပင် ဖြစ်ရမည်။ ထို့ပြင် သူတို့ကို ဘယ်သောအခါမှ ခေါင်းဖြတ်သတ်မည် မဟုတ်ပေ။ သူတို့က အိုမင်း၍ သေဆုံးသွားသည်အထိ ဆက်လက် ညှဉ်းပန်းနှိပ်စက်နေမည် ဖြစ်ပြီး၊ ထိုရာဇဝတ်ကောင်များ ပိုမို အသက်ရှည်စေရန်ပင် ကူညီပေးကောင်း ကူညီပေးလိမ့်မည်။

"ဟင့်အင်း... ကျေးဇူးပြုပြီး ဓားသူတော်စင် အရှင်မ၊ သနားညှာတာပါ... အားလုံး အဆင်မပြေဘူးဆိုရင် ကျွန်တော်တို့ကိုလည်း သတ်ပစ်လိုက်ပါ... "

အကြီးအကဲများမှာ အလွန်အမင်း ကြောက်လန့်သွားကြသဖြင့် မျက်နှာပေါ်တွင် နှပ်များ၊ မျက်ရည်များနှင့် တံတွေးများ စီးကျနေပြီး ပေါင်ကြားမှလည်း မည်သည့်အရည်မှန်းမသိသော အရည်များ စီးကျနေတော့သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် မုန့်ချင်ကျိုးက အချိန်အတော်ကြာ မလှုပ်မယှက် ရပ်နေပြီးမှ အချိန်-နေရာလွတ် ပိုင်နက်၏ ပိတ်ဆို့မှုကို ဖယ်ရှားရန် သူ၏လက်ကို ပင်ပန်းနွမ်းနယ်စွာ ဝှေ့ယမ်းလိုက်သည်။

သူ၏ ဓားအသိ အာရုံခံနိုင်စွမ်း အကွာအဝေးအတွင်းတွင် တစ်ချိန်က အင်အားကြီးမားခဲ့သော သုံးသိန်းမှ လေးသိန်းခန့်ရှိသည့် စစ်တပ်ကြီးသည် ယခုအခါ တစ်သိန်းခန့်သာ ကျန်ရှိတော့သည်ကို သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်ခဲ့သည်။

နှင်းကွင်းပြင်က ပူလောင်နေသော သွေးများကြောင့် အရည်ပျော်သွားပြီး သွေးရောင် လွှမ်းနေသော မြစ်တစ်စင်းအဖြစ် စုစည်းကာ ပင်လယ်ထဲသို့ စီးဝင်သွားသည်။ ညနေခင်း နေဝင်ဆည်းဆာက သွေးရောင် လွှမ်းနေသော မြစ်နှင့် နီရဲနေသော နှင်းကွင်းပြင်ကို ထင်ဟပ်နေသဖြင့် လောကကြီးတစ်ခုလုံး အရောင် တစ်ရောင်တည်းအဖြစ် ပေါင်းစပ်သွားသကဲ့သို့ ထင်ရသည်။

စစ်သည်များ၏ တိုက်ပွဲမှာ မပြီးဆုံးသေးပေ။ သူတို့က ရဲဘော်ရဲဘက်များ၏ အလောင်းများကို သင်္ဂြိုဟ်ရန် နေရပ်များသို့ ပြန်လည်၍ သယ်ဆောင်သွားရမည်ဖြစ်ပြီး၊ လက်နက်ချသူများ၏ စိတ်ဝိညာဉ်ချီစွမ်းအားကို ချုပ်နှောင်ထားသည့် သံကြိုးများ ခတ်ရမည်ကာ စစ်မြေပြင်နှင့် စစ်လက်နက်ပစ္စည်းများကို ရှင်းလင်း၍ သိမ်းဆည်းရမည်ဖြစ်သည်။

သူတို့၏ ဝိညာဉ်များထဲအထိ စိမ့်ဝင်နေသော ပင်ပန်းနွမ်းနယ်မှုများ ရှိနေသော်လည်း မည်သူကမျှ အောင်ပွဲအတွက် အောင်ပွဲခံ အော်ဟစ်ခြင်း မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် စစ်ပွဲဆိုသည်မှာ ရက်စက်ကြမ်းကြုတ်ပြီး နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ ညီအစ်ကိုများနှင့် ရဲဘော်ရဲဘက်များ သေဆုံးသွားသည်နှင့် လုံးဝ ပြန်မလာနိုင်တော့သောကြောင့်ပင်။

သာမန်စစ်သည်တစ်ဦးက ကျူရိုးပလွေတစ်လက်ကို ထုတ်ယူကာ နှုတ်ခမ်းတွင် တေ့ပြီး စတင်မှုတ်လိုက်ပြီး သူ၏ အသံများမှာ ရှိုက်သံများဖြင့် ဆို့နင့်နေသည်။

သာယာငြိမ့်ညောင်းပြီး လွမ်းဆွတ်ဖွယ်ကောင်းသော တေးသွားသံ ပဲ့တင်ထပ်သွားကာ ကျဆုံးသွားသော သူရဲကောင်းများကို နှုတ်ဆက်နေသကဲ့သို့ပင်။

မုန့်ချင်ကျိုး ဖြည်းညှင်းစွာ နောက်လှည့်လိုက်ရာ တောက်ပပြီး နွေးထွေးသော အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပျံ့နှံ့သွားသည်။ သူက လက်ထဲရှိ ပုစဉ်းရင်းသံတေးသံဓားကို မြှောက်ကာ အော်ဟစ်လိုက်သည်။

"မဟာကျင်း... မင်းတို့ နိုင်ပြီ... "

ထိုအခါမှသာ စစ်သည်များ အိပ်မက်ထဲမှ နိုးလာသကဲ့သို့ ဖြစ်သွားကြပြီး စစ်မြေပြင်ကို တွေဝေစွာ လှည့်ပတ် ကြည့်ရှုလိုက်ကြကာ နောက်ဆုံးတွင် စိတ်လှုပ်ရှားဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

"ငါတို့ နိုင်ပြီ။ ငါတို့တွေ နိုင်ပြီ... "

"မဟာကျင်း ထာဝရတည်မြဲပါစေ... ဓားသူတော်စင် ထာဝရသက်ရှည်ပါစေ... အရှင်မ ထာဝရ သက်ရှည်ပါစေ... "

စစ်သည်များ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး ရယ်မော အော်ဟစ်နေကြကာ မျက်လုံးအားလုံးက ဓားကိုင်ဆောင်ထားသော အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ပေါ်သို့ စူးစိုက်ကြည့်နေကြတော့သည်။

All Chapters