မဟာတာအိုနှင့်ပေါင်းစပ်ခြင်း
Vol. 25 Ch. 339
အခန်း (၃၃၉) မဟာတာအိုနှင့်ပေါင်းစပ်ခြင်း
အဋ္ဌမမင်းသားကို ချီလင်ကောင်မလေး ကယ်တင်သွားသည်နှင့် ကျန်းလန်က သူ့ကို အရေးမစိုက်တော့ပေ။
ယနေ့ သူရင်ဆိုင်ခဲ့ရသည့်ရန်သူက တန်ခိုးစွမ်းအားမြင့်မားလှသည်။ ထိုသူတွင်သာ ထူးခြားသည့် တိုက်ခိုက်မှုနည်းလမ်းတစ်ခုခု ရှိနေမည်ဆိုလျှင် ကျန်းလန် ထိုမျှလွယ်လွယ်နှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ထို့ပြင် တစ်ဖက်လူက နတ်ဘုရားရာထူးကို ရရှိထားသည့်တိုင် အကန့်အသတ်က ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် မသိလျှင် သူက တစ်ဖက်လူထက် တန်ခိုးစွမ်းအားမြင့်မားနေသယောင် ထက်မှတ်ရခြင်း ဖြစ်၏။
ဧကရာဇ်ရှီးဟယ်က ခွန်လွန်တောင်တွင် သူ့နာမည်ကို ခေါ်ဆိုလျှင် အန္တရယ်မှလွတ်မြောက်အောင် ကူညီပေးနိုင်သည်ဟု ပြောခဲ့ဖူးသည်။ ဆိုလိုသည်မှာ ခွန်လွန်တောင်အပြင်ဘက်တွင် သူ၏အာဏာကို ဖြန့်ကျက်နိုင်ဟန် မရှိပေ။
အခြားသော နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူများထဲတွင် ဧကရာဇက်ရှီးဟယ်ထက် တန်ခိုးစွမ်းအား မြင့်မားသူများ မရှိနိုင်ပေ။
သို့သော် ဤမြေအောက်နတ်ဆိုးအဓိပတိဘိုးဘေးကတော့ ကန့်သတ်ချက်အနည်းငယ်ကို ချိုးဖျက်နိုင်ဟန် ရှိသည်။
ထို့နောက် ကျန်းလန် ထိုအကြောင်းများကို မတွေးတော့ပေ။ လက်ရှိတွင် ထိုအရာများက သူ စဉ်းစားရမည့်အရာများ မဟုတ်သေးပေ။
လက်ရှိတွင် အခြားသော နတ်ဘုရားရာထူး ပိုင်ဆိုင်ထားသူများနှင့် ရင်ဆိုင်ရသည့်အခါ သူက အလွန်တရာတန်ခိုးစွမ်းအား နည်းပါးလွန်းနေသည်။
ထို့ကြောင့် အခြားသော နတ်ဘုရားရာထူး ရရှိထားသူများကို သွားပြီး မဆန့်ကျင်သည်က အကောင်းဆုံး ဖြစ်သည်။
ချောင်တစ်ချောင်တွင်ကုပ်နေရင်း တန်ခိုးစွမ်းအားမြင့်မားအောင် တိတ်တဆိတ်ကျင့်ကြံနေသည်က သူ့အတွက် အသင့်တော်ဆုံးပင်။
ရယူစရာ နတ်ဘုရားရာထူးများ မကျန်တော့သည့်တစ်နေ့တွင် လူအများစုက သူ့ကို ပစ်မှတ်ထားလာကြမည်ကို ကျန်းလန် စိတ်ပူမိသည်။
နတ်ဘုရားရာထူးရရှိထားသူများထဲတွင် သူက အညံ့ဆုံးဖြစ်နေသည် မဟုတ်ပါလား။
သူ့ကို သတ်ဖြတ်လိုက်လျှင် သူရရှိထားသည့် နတ်ဘုရားရာထူးကို အခြားတစ်ယောက်က ပိုင်ဆိုင်သွားမည် ဖြစ်သည်။
ထိုသို့မဟုတ်လျှင်တောင်မှ နတ်ဘုရားတစ်ပါးလျော့သွားအောင် သတ်ဖြတ်ခံရပေလိမ့်မည်။ နတ်ဘုရားတစ်ပါး လျော့သွားပါက နောက်ထပ်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာရန် မျှော်လင့်ချက်ရှိမည် မဟုတ်ပါလား။
အခြေအနေများက သူထင်ထားသည်ထက် ပိုမိုအန္တရယ်များသည်။
သူက ပြဿနာဝဲဂယက်ထဲ မကျရောက်လိုသူဖြစ်လေရာ သိုသိုသိပ်သိပ်ပင် ကြိုးစားကျင့်ကြံရင်း တန်ခိုးစွမ်းအားပိုမိုမြင့်မားလာစေရန် ပြုလုပ်ရမည် ဖြစ်၏။
***
နံနက်ခင်းအချိန်။
ကျန်းလန် ကျင့်ကြံခြင်းကို ရပ်နားလိုက်ပြီး ငရဲတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
ငရဲတံတခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲခြင်းမစတင်သေးပေ။ သို့ပေသိ နောင်နှစ်အနည်းငယ်ဆိုလျှင် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်တော့မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ပြင်ပလောကတွင်လည်း အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်ကြပေလိမ့်မည်။
ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့သည်။
ကောင်းကင်ထက်တွင် နေရောင်ခြည်က တောက်ပလျှက် ရှိ၏။
ကျန်းလန် တောင်ပေါ်လမ်းအလယ်တွင်ထိုင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်ရှုလျှက် ရှိသည်။ သူက စာဖတ်ရင်း ဝိညာဉ်ဆေးလုံးအချို့ကိုလည်း ဝါးစားနေ၏။
ထိုဆေးလုံးများစားခြင်းက ညအချိန် ကျင့်ကြံခြင်းပြုလုပ်သည့်အခါ ရွှေခန္ဓာရရှိရန် အထောက်အကူပြုသည်။
သို့သော် သူ စာဖတ်နေစဉ် ရုတ်တရက် သူ၏နတ်ဘုရားရာထူးနာမည်အား ခေါ်ဆိုသံကို ကြားလိုက်ရသည်။
သူ ဂရုတစိုက်နားထောင်လိုက်ချိန်မှာတော့ ထိုအသံက အဋ္ဌမမင်းသား၏ အသံဖြစ်ကြောင်း သိလိုက်ရသည်။
“အကြီးအကဲ ၊ မနေ့ညက ကျွန်တော် နတ်မိစ္ဆာတွေရော မြေအောက်နတ်ဆိုးတွေကိုပါ တွေ့ခဲ့တယ်”
ခဏကြာပြီးနောက် အဋ္ဌမမင်းသား၏အသံက ပျောက်ကွယ်သွားသည်။
အဋ္ဌမမင်းသား၏ စကားကို ကြးရသည့်အခါ ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
"နတ်မိစ္ဆာတွေက ခွန်လွန်တောင်နားမှာ အခုထိ ရှိနေကြတုန်းပဲလား ၊ ပြီးတော့ မြေအောက်နတ်ဆိုးတွေကလည်း ဘာလို့ ငရဲတံခါးကို တိုက်ခိုက်ချင်ရတာလဲ"
နတ်မိစ္ဆာများ ငရဲတံခါးကို တိုက်ခိုက်လိုသည်မှာ အကြောင်းရင်းများစွာ ရှိသည်။
သို့သော် ယခု မြေအောက်နတ်ဆိုးများကလည်း ငရဲတံခါးကို အဘယ့်ကြောင့် တိုက်ခိုက်လိုရပါသနည်း။
အကြောင်းရင်းတစ်ခုတော့ ရှိရပေလိမ့်မည်။
အရင်က မြေအောက်နတ်ဆိုးများသည် ငရဲတံခါးကို တိုက်ခိုက်လိုခြင်း မရှိကြပေ။
ယခု တိုက်ခိုက်လိုစိတ်ဖြစ်လာသည်မှာ အဘယ့်ကြောင့်ပါနည်း။
"သူတို့ဆီမှာ မြေအောက်နတ်ဆိုးအဓိပတိဘိုးဘေး ထွက်ပေါ်လာတာကြောင့် ငရဲတံခါးကို တိုက်ခိုက်ချင်ရတာများလား”
ထိုသို့သာဆိုလျှင်တော့ နောက်ပိုင်း ပြဿနာများစွာ ဖြစ်လာမည် အမှန်ပင်။
ထို့နောက်ကျန်းလန်က ဆေးလုံးများကို ဆက်ဝါးရင်း စာအုပ်ကိုသာ ဖတ်နေလိုက်သည်။
ငရဲတံခါးကို ရန်သူများ အာရုံစိုက်မိနေသည့်အတွက် ကျန်းလန် ထိတ်လန့်ခြင်း မရှိပေ။
ထိုအချက်ကြောင့်လည်း သူ၏လက်ရှိ ကျင့်ကြံခြင်းကို ပြောင်းလဲမည် မဟုတ်ပေ။
ယခုအချိန်တွင် သူ၏ ကျင့်ကြံခြင်းက အရှိန်အဟုန်ဖြင့် မြင့်တက်လျှက်ရှိလေရာ ပြောင်းလဲရန် မလိုအပ်ပေ။
သူသည် ဖြည်းဖြည်းမှန်မှန်ပင် တစ်လှမ်းချင်း လျှောက်လှမ်းလာပြီး တန်းခိုးစွမ်းအားများ မြင့်မားသည်ထက် မြင့်မားလာသည်။
ဤနှစ်များအတွင်း ဆရာဖြစ်သူက သူ့ကို အမြဲတမ်း ကာကွယ်ပေးခဲ့သည်။
ဆရာဖြစ်သူ သူ့ကို ကာကွယ်မပေးနိုင်တော့သည့်တစ်နေ့တွင် သူက ဆရာဖြစ်သူကို ပြန်လည်ကာကွယ်ပေးရမည် ဖြစ်သည်။
သို့ရာတွင် သူ့အနေဖြင့် အလျင်လိုစရာ မရှိပေ။
ခြေတစ်လှမ်းချင်းလှမ်းရင်းဖြင့်သာ ဆရာဖြစ်သူနှင့် အခြားသော တန်ခိုးစွမ်းအားမြင့်မားသူများကို ကျော်တက်ရမည် ဖြစ်သည်။
ဤနည်းအားဖြင့် ကျန်းလန် သူ့ကိုယ်သူနင့် သူ၏တန်ခိုးစွမ်းအားကိုလည်း လုံလောက်စွာနားလည်နိုင်မည် ဖြစ်၏။
သူ၏စိတ်ကို ပိုမိုကြံ့ခိုင်လာစေမည်ဖြစ်သလို သူ့ခြေထောက်အောက်မှ တာအိုလမ်းကိုလည်း အားကောင်းလာစေမည် ဖြစ်သည်။
ထို့နောက် ကျန်းလန် ရုတ်ချည်းပင် စာအုပ်ကိုပိတ်လိုက်ပြီး မျက်လုံးများကို မှေးမှိတ်လိုက်သည်။
သူ့ရင်ထဲတွင် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ထို့နောက် ကျန်းလန် နောက်တစ်ဖန် ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြန်လေသည်။
နေနှင့်လ တစ်လှည့်စီ လင်းလက်ခဲ့ကြပြီးနောက်...
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
ရှောင်ယွိတစ်ယောက် ဓားကိုစီးနှင်ကာ နဝမတောင်ထွတ်သို့ ရောက်ရှိလာသည်။
တောင်ပေါ်လမ်းနံဘေးတွင်ထိုင်ရင်း ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ဝင်ရောက်နေသည့် ကျန်းလန်ကို တွေ့မြင်လိုက်သည့်အခါ သူမပါးပြင်လေးများ သွေးရောင်လွှမ်းသွားသည်။
ထို့နောက် သူက ကျန်းလန်နံဘေးတွင် အတန်ကြာအောင် ထိုင်နေခဲ့သည့်။ ပြီးမှ သူမ နဝမတောင်ထွတ်မှထွက်ခွာကာ တတိယတောင်ထွတ်သို့ ရောက်လာခဲ့သည်။
ယခု လုန်မန်က တတိယတောင်ထွတ်၏ တောင်ခြေတွင် နေထိုင်လေသည်။ တတိယတောင်ထွတ်က မိန်းကလေးတပည့်များကိုသာ လက်ခံသည့် တောင်ထွတ်ဖြစ်လေရာ လုန်မန်ကို တောင်ပေါ်တွင် နေထိုင်ခွင့် မပြုပေ။
ယခင်က နဂါးမင်းသားသည် ပထမတောင်ထွတ်တွင်နေထိုင်ခဲ့သော်လည်း ယခုတော့ တတိယတောင်ထွတ်သို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။
သူက အစ်မဖြစ်သူ ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် ပိုမိုနီးနီးကပ်ကပ်နေထိုင်နိုင်ရန် ဤနေရာတွင် လာရောက်နေထိုင်ခြင်း ဖြစ်သည်။
နောက်တစ်ချက်မှာ ပထမတောင်ထွတ်ကလည်း ဆူညံလွန်းသောကြောင့် ဖြစ်၏။
"ယောက်ဖက ဉာဏ်အလင်းပွင့်ပြန်ပြီလား"
အိပ်ယာထက်တွင် ငုတ်တုတ်ထိုင်နေသည့် အဋ္ဌမမင်းသားက တအံ့တသြဖြင့် မေးလိုက်သည်။
လင်စီးယာသည်လည်း လုန်ယွိနံဘေးတွင် ရှိ၏။
သူမကလည်း တအံ့အသြဖြင့်…
"ဂိုဏ်းတူမောင်လေး ကျန်းလန်က နောက်တစ်ကြိမ် ဉာဏ်အလင်းပွင့်ပြန်ပြီလား ၊ ဘယ်လိုဖြစ်လို့ ခဏခဏ ဉာဏ်အလင်းပွင့်နေရတာလဲ"
သိပ်မကြာခင်ကပဲ ကျန်းလန်က ဉာဏ်အလင်းပွင့်ထားသေးသည် မဟုတ်လား။ ကျန်းလန်က ဘယ်လိုတပည့်မျိုးဖြစ်လို့ မကြာခဏ ဉာဏ်အလင်းပွင့်နေရပါသနည်း။
လုန်ယွိက ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်တယ်…"
သူမက ဆက်ပြောသည်။
"အဲဒီလိုဖြစ်တာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အသစ်ကြောင့် ဖြစ်နိုင်တယ်"
ကျန်းလန်က စိတ်စွမ်းအားကောင်းပြီး စိတ်အခြေအနေထူးခြားသည်ကို အားလုံးသိကြသည်ပင်။ သို့ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအသစ်ကြောင့် ဉာဏ်အလင်းပွင့်သည်မှာ ပုံမှန်ပဲ ဖြစ်သည်။
လုန်ယွိက အဋ္ဌမမင်းသားကို ကြည့်လိုက်ရင်း…
"မောင်လေးက ဘယ်လိုဖြစ်လို့ ဒဏ်ရာရလာရတာလဲ"
သာမန်ဆိုလျှင် အဋ္ဌမမင်းသားအနေဖြင့် ဒဏ်ရာရစရာအကြောင်း မရှိပေ။ ဒဏ်ရာရလျှင်လည်း ယခုလောက် အပြင်းထန်နိုင်ပေ။
ယခုတော့ လုန်မန်ကို သေရည်ဆိုင်မှ တောင်ပေါ်သို့ ခေါ်လာသည့်အချိန်တွင် အတော်လေး အခြေအနေမဟန်တော့ဟု လုန်ယွိ သတင်းကြားခဲ့ရသည်။
လုန်မန်က…
"မြေအောက်နတ်ဆိုးတွေကို သွားရှာရင်း ကျွန်တော် ဒဏ်ရာရသွားတာ"
ဟုအစချီပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်။
ထို့နောက် သူက စကားဆက်ပြောသည်။
"ဒါနဲပ အစ်မ… အစ်မ အင်မော်တယ်ဖြစ်လာတော့မယ်ဆိုတော့ ယောက်ဖအင်မော်တယ်ဖြစ်လာတဲ့အချိန်ကျ လက်ထပ်ကြရတော့မယ်နော် ၊ အဲဒါ သားဦးလေးရရင် ဘယ်လိုနာမည်ပေးမှာလဲဟင်"
အစ်မရော ယောက်ဖရော အင်မော်တယ် ဖြစ်လာရင် လက်ထပ်ရတော့မှာနော် ၊ အဲဒီကျ သားဦးလေးကို ဘယ်လိုနာမည်ပေးမှာလဲဟင်"
လုန်ယွိ : "……"
လင်စီးယာက…
"ဒါကတော့ ရှင့်ယောက်ဖကို မေးကြည့်တာ ပိုကောင်းလိမ့်မယ် ၊ သူက စာတွေအများကြီးဖတ်တော့ နာမည်ကောင်းကောင်းလေး ပေးတတ်မှာပေါ့"
သူတို့ အတန်ကြာ စကားစမြည်ပြောကြပြီးနောက် လုန်မန်သည် ထုံးစံအတိုင်းပင် စကားများလွန်းကြောင်း လုန်ယွိ နားလည်လိုက်သည်။
ထိုမျှ စကားများနေနိုင်လေရာ သူ့ဒဏ်ရာက အတော်လေး သက်သာနေပြီဟု သိနိုင်သည်။ ထိုအခါမှ သူမလည်း စိတ်သက်သာရာရသွားတော့၏။
လုန်မန်က သူမနှင့်သွေးသားတော်စပ်သူမောင်အရင်းဖြစ်ပြီး သူမနှင့်လည်း ဆက်ဆံရေးကောင်းမွန်သူ ဖြစ်သည်။
သူသာ ခွန်လွန်တောင်တွင် တစ်ခုခု ဖြစ်ခဲ့မည်ဆိုလျှင်…
ထိုအကြောင်းမှာ လုန်ယွိ မတွေးချင်ဆုံးအကြောင်းပင် ဖြစ်ပေတော့၏။
***
"သိပ်မကြာခင် ဂိုဏ်းတူအစ်မ အင်မော်တယ် ဖြစ်လာတော့မှာ မဟုတ်လား"
လုန်မန်ထံမှ အပြန်လမ်းတွင် လင်စီးယာက မေးလိုက်သည်။
လုန်ယွိက ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်တယ် ၊ မိုးကောင်းကင်စမ်းသပ်ခံရခြင်းအစီအရင်ကိုလည်း အနည်းနဲ့အများတော့ နားလည်ပြီးပြီ ၊ အဲဒီအစီအရင်နဲ့ ရင်းနှီးကျွမ်းဝင်အောင် ကိုယ့်ကိုယ်ကိုယ်ထိန်းညှိဖို့တော့ နည်းနည်းပါးပါး လုပ်ရဦးမယ် ၊ ဆိုတော့ နောက်ထပ်နှစ်နည်းနည်းလောက်ဆိုရင် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်နိုင်တော့မယ်"
လင်စီးယာက လုန်ယွိကို ကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ကျန်းလန် အင်မော်တယ်ဖြစ်လာတဲ့အချိန်ကျ ဂိုဏ်းတူအစ်မ သူနဲ့လက်ထပ်ရတော့မယ်နော် ၊ အဲဒါ ဂိုဏ်းတူအစ်မ လက်ထပ်ဖို့ ငြင်းမှာလားဟင်"
လုန်ယွိက တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းခါယမ်းလိုက်သည်။
"ဒါဖြင့် ဂိုဏ်းတူအစ်မက လက်ထပ်ဖို့ မျှော်လင့်နေတာပေါ့လေ"
လင်စီးယာက ထပ်မေးလိုက်သည်။
လုန်ယွိက လင်စီးယာကို ခေါင်းမော့ကြည့်ရင်း နူးညံ့သည့်လေသံဖြင့်
"လုံးဝမပြောပြဘူး"
လုန်ယွိအဖြေကြောင့် လင်စီးယာ ကျယ်လောင်စွာပင် အော်ဟစ်ရယ်မောလိုက်၏။
ထို့နောက် သူမက ထိုအကြောင်း ဆက်မမေးတော့ဘဲ အခြားအကြောင်းအရာများကို ပြောဆိုလိုက်သည်။
"ဂိုဏ်းတူအစ်မ ၊ ချစ်ရေးချစ်ရာကိစ္စတွေက အင်မတန်ရှုတ်ထွေးတယ်လို့ ကျွန်မ ကြားဖူးတယ် ၊ ဒီတော့ ဘေးလူတွေပြောစကား နားမယောင်နဲ့ ၊ အရေးအကြီးဆုံးက ဂိုဏ်းတူအစ်မရင်ထဲက ခံစားချက်ပဲ"
လုန်ယွိက လင်စီးယာကို တအံ့တသြဖြင့် ကြည့်လိုက်ရင်း...
"ဂိုဏ်းတူညီမလေးလည်း ဒီကိစ္စတွေကို တစ်နေ့တခြား ပိုပြီးနားလည်လာသလိုပဲနော်"
လင်စီးယာက ပြုံးလိုက်ရင်း...
"ဒါဖြင့် ဂိုဏ်းတူမောင်လေး ကျန်းလန်က ဂိုဏ်းတူအစ်မကိုပဲ တန်းတန်းစွဲဖြစ်ပြီး ဘယ်တော့မှ အဝေးကို ထွက်မသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မ သင်ပေးမယ်လေ”
သူမ လုန်ယွိနှင့် ကျန်းလန်၏ အချစ်ရေးကိစ္စကို အလွန်စိတ်ဝင်စားလေသည်။
အထူးသဖြင့် လုန်ယွိက အစပိုင်းတွင် ကျန်းလန်ကို သဘောမကျသလို ရှိခဲ့သော်လည်း ယခုတော့ ကျန်းလန်မှ ကျန်းလန် တွယ်တာနေခဲ့သည်ကို သူမ ရိပ်မိခဲ့သည်။
လုန်ယွိက...
"ဘာလဲ ၊ ငါ ခါးကော့ပြီး ကျောဆန့်ပြရဦးမှာလား"
လင်စီးယာက...
"အဲဒီလိုလုပ်တာ အသုံးဝင်လား"
"အင်း နည်းနည်းပေါ့"
"အဝတ်အစားတွေ ရေစိုစေတာကရော..."
"ကျန်းလန်က ငါ့ကို ရေမစိုစေနဲ့လို့ မှာထားတယ်"
"ဂိုဏ်းတူအစ်မက သူ့စကား နားထောင်တယ်ပေါ့လေ"
လုန်ယွိက ခေါင်းကို အသာငုံ့လိုက်ပြီး နူးညံ့သည့်လေသံလေးဖြင့်...
"ဒါပေါ့"
ထို့နောက် သူမတို့နှစ်ယောက် စကားတပြောပြောဖြင့် တတိယတောင်ထွတ်ဆီသို့ ဦးတည်ထွက်ခွာသွားကြလေတာ့၏။
***
နဝမတောင်ထွတ်။
ဉာဏ်အလင်းပွင့်သည့်အခြေအနေသို့ ရောက်ရှိနေသည့် ကျန်းလန်သည် မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်လျှက် ရှိသည်။
သူက ကောင်းကင် ၊ ကမ္ဘာမြေကြီးနှင့် လောကရှိအရာအားလုံးကို ကြည့်မြင်နေ၏။
ထိုအရာအားလုံးက တာအို၏အစိတ်အပိုင်းများ ဖြစ်ကြသည်။
သူလုပ်ရမည့်အလုပ်မှာ ထိုအရာများနှင့် တစ်သားတည်းစီးမျောသွားရန် ဖြစ်သည်။
သို့သော် ထိုအလုပ်ကို သူ ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့ပေ။
ယခုတော့ ရုတ်တရက်ပင် သူလုပ်နိုင်သည်ဟု ခံစားလိုက်ရလေတော့၏။