အခန်း (၁၇၈၆-၁၇၈၈)
Vol. 120 Ch. 1786-1788
အခန်း(၁၇၈၆) ရန်သူကို တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ထိခိုက်စေခြင်း
"ဒီအချိန်အတောအတွင်း မင်းကြိုးစားခဲ့တယ်။" ချူးယွင်ဖန်းက ယုချူးယွင်၏ပခုံးကို ပုတ်ပေးလိုက်သည်။
လီချန်းယွမ်၏ ဖိအားက သာမန်လူတစ်ယောက် ခံနိုင်ရည်ရှိသော ဖိအားမျိုး မဟုတ်သဖြင့် ဤအတောအတွင်း ယုချူးယွင် မည်မျှ ခံစားခဲ့ရမည်ကို တွေးကြည့်နိုင်သည်။
ယုချူးယွင်၏ နှလုံးသားတစ်ခုလုံး နာကျင်နေခဲ့ကာ ဤကာလအတွင်း သူသည် ဖိအားများအောက်၌ နစ်မြုပ်နေခဲ့ရသည်။ လီချန်းယွမ်က ချူးယွင်ဖန်းသည် အပြင်တွင် သေဆုံးကာ ပြန်လာတော့မည်မဟုတ်ဟုပင် အရိပ်အမြွက်ပြောခဲ့သည်။ ထိုပြင်းထန်သော ဖိအားက သူ့ကို ချေမွလုနီးပါးဖြစ်စေခဲ့သည်။ ယခုမှသာ ချူးယွင်ဖန်း နေ့တိုင်း မည်ကဲ့သို့သော ဖိအားမျိုး ခံစားနေခဲ့ရမည်ကို နားလည်လာခဲ့သည်။
သို့သော်လည်း သူသည် ချူးယွင်ဖန်းထံမှ ထိုကဲ့သို့သောဖိအားကို မခံစားရပေ။ ချူးယွင်ဖန်းတွင် မယုံနိုင်လောက်အောင် ယုံကြည်မှုရှိသည်ဟုပင် သူခံစားမိသည်။ ထိုကဲ့သို့သော ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုသည် လူတိုင်းကို ကူးစက်နိုင်ကာ သူ့နောက်သို့လိုက်ခြင်းဖြင့် ထိပ်ဆုံးသို့ရောက်ရှိနိုင်သည်ဟု မိမိတို့မသိလိုက်ခင်၌ပင် ယုံကြည်သွားစေနိုင်သည်။
ယုချူးယွင် အခြေအနေကို ထိန်းချုပ်ရန် အလှည့်ရောက်သောအခါ အရာအားလုံးသည် သူထင်ထားသည်ထက် များစွာပိုရှုပ်ထွေးနေသည်ကို သူသဘောပေါက်လိုက်သည်။ ချူးယွင်ဖန်းက ပေါင်းထိုင်တပ်ကို ပေါ့ပေါ့ပါးပါးစီစဉ်ပေးထားသောကြောင့် သူ၎င်းကို များများစားစား မစဥ်းစားခဲ့ပေ။
သူတာဝန်ယူသောအခါ ချူးယွင်ဖန်း အလွယ်တကူလုပ်ဆောင်နိုင်သောအရာသည် သူ့အတွက် အလွန်ခက်ခဲလွန်းသည်ကို သူသဘောပေါက်လိုက်သည်။ သူ အတွင်းရောအပြင်ပါ ဒုက္ခရောက်ခဲ့ကာ ယင်းက သူ့ကို အလွန် ခံစားရစေသည်။ သို့သော် သူ လက်မလျှော့နိုင်ခဲ့ပေ။ တရှ၏ စစ်ဘက်ဆိုင်ရာ စည်းမျဥ်းများသည် တင်းကျပ်သည်။ သူက စစ်တပ်ထဲသို့ မဝင်ရန် ရွေးချယ်နိုင်သော်လည်း စစ်တပ်ထဲသို့ဝင်ပြီးးသည်နှင့် စစ်ဘက်ဆိုင်ရာ ဥပဒေ ကန့်သတ်ချက်များကို လက်ခံရမည်။
ထိုစဥ်က ချူးယွင်ဖန်းက ပေါင်းထိုင်တပ်စခန်း၌ အဓိကတပ်ဖွဲ့အမျိုးမျိုးက ချန်ထားသော သူလျှိုများကို အမြစ်ပြတ်ဖယ်ရှားရန် ပြင်းထန်သော စစ်ရေးဥပဒေကို အားကိုးခဲ့သည်။ သူထွက်ပြေးပါက ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများပင် သူ့ကို သည်းခံမည်မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် နောက်ဆုံး၌ ပြန်ရောက်လာခဲ့သည်။ သူ စောင့်မျှော်ရသမျှက တန်သည်။
"စိတ်မပူပါနဲ့။ အခု ငါပြန်ရောက်ပြီဆိုတော့ လီချန်းယွမ် ငါတို့ကို ဘာမှလုပ်လို့မရတော့ဘူး” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ဒီကာလအတွင်းမှာ ငါကိုယ်တိုင် စစ်တပ်ကို ကြီးကြပ်သွားမယ်။ အဆိုးရွားဆုံး စစ်မြေပြင်ကို သွားရမယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်လို့ ယုံကြည်တာမို့ ဒီနေရာက ငါတို့ရဲ့
သင်္ချိုင်းမြေ ဖြစ်လာမှာ မဟုတ်ဘဲ စခန်းတစ်ခုလုံးအတွက် ဓားသွေးကျောက် ဖြစ်လာစေရမယ်"
"ငါ့မှာ ဝိညာဉ်ရေးရာ သစ်သီးတချို့ရှိတာမို့ စစ်သားတွေကို ဝေပေးဖို့ ကူပါဦး။
မင်းအပါအဝင် လူတိုင်း တစ်ခုစီ ရလိမ့်မယ်”
“မင်းတို့ရဲ့ ကျင့်ကြံရေးက အရမ်း အားနည်းလွန်းတယ်။ မြန်မြန်လုပ်ပြီး အဆင့်မြင့်ကြ”
ယုချူးယွင် စကားမပြောနိုင်အောင် ဖြစ်နေသည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည် နောက်ထပ်ကမ္ဘာကြီးကို တုန်လှုပ်စေသော ပြောင်းလဲမှုတစ်ခု ရှိနေသည်ကို သူခံစားမိသည်။
ချူးယွင်ဖန်းနှင့်တွေ့ပြီးသော အချိန်မှစ၍ ချူးယွင်ဖန်း၏ အနာဂတ်အလားအလာက အကန့်အသတ်မဲ့သည်ကို သူခံစားမိခဲ့သည်။
ဤကာလအတွင်း သူ၏တိုးတက်မှုသည် မသေးငယ်လှသည့်အပြင် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း သူရရှိခဲ့သောတိုးတက်မှုထက်ပင် ပိုများခဲ့သည်။ သို့သော် ချူးယွင်ဖန်းက သူ၏ကျင့်ကြံမှုက အားနည်းလွန်းသည်ဟု ပြောနေဆဲဖြစ်၍ ချက်ချင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။
ဤခရီးစဥ်၌ ချူးယွင်ဖန်း မည်သို့သော ကြောက်မက်ဖွယ်မြင်ကွင်းမျိုးမြင်ခဲ့မည်ကို ယုချူးယွင် မသိပေ။ ဒြပ်မဲ့ကျွမ်းကျင်အဆင့်တစ်သောင်းနှင့် စကြဝဠာအဆင့် နှစ်ထောင်ကျော်ရှိသည်။ ယုချူးယွင်၏ ကျင့်ကြံရေးအဆင့်က အတော်အတန်သင့်ကောင်းမွန်သော်လည်း ဒြပ်မဲ့ကျွမ်းကျင် တစ်သောာင်းနှင့်ယှဥ်လျှင် သူသည် အလွန်အဆင့်နိမ့်လွန်းလှသည်။
ဤအကြောင်းကြောင့်ပင် ချူးယွင်ဖန်းသည် ယုချူးယွင်နှင့် အခြားသူများ၏ စွမ်းအားကို မြှင့်တင်ရုံသာမက သူ၏ အခြားနောက်လိုက်ဆယ်ဦး၏ စွမ်းအားကို ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ မြှင့်တင်ရမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ပျိုးပင်များကို ကြီးထွားစေရန် ဆွဲထုတ်ခြင်းက အလုပ်မဖြစ်သော်လည်း
ဗြဟ္မာသစ်သီးဖြင့် အရာအားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။
တဲထဲသို့ ဝင်ပြီးနောက် ချူးယွင်ဖန်းသည် မှည့်သော ဗြဟ္မာသီးများကို ခူးကာ ယုချူးယွင်ထံ ပေးလိုက်သည်။ သူသည် တပ်တစ်ခုလုံး၏ အင်အားကို တိုးမြှင့်ရန်အတွက် တပ်အတွင်းရှိ လူတိုင်းကို အသီးတစ်လုံးစီ ပေးလိုက်သည်။ ထိုသို့သော သုံးစွဲမှုမျိုးသည် နည်းသော ပမာဏမဟုတ်ပေ။ အရင်းအမြစ်များ မည်မျှ သုံးစွဲခဲ့ကြောင်း မည်သူမျှ မသိပေ။ သာမန်လူများတွင် ထိုမျှ ကြီးမားသော ရည်မှန်းချက်နှင့် ခွန်အားများမရှိကြပေ။
ချူးယွင်ဖန်းပြန်ရောက်ပြီး မကြာမီတွင် သံချပ်ကာဝတ်ထားသော အသက်လတ်ပိုင်းအရွယ်လူတစ်ဦး စခန်းထဲသို့ဝင်လာသည်။
"ချူးယွင်ဖန်း ဘယ်မှာလဲ" ထိုလူက ကျယ်လောင်စွာ မေးလိုက်သည်။
ဤအော်သံသည် စခန်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ချက်ချင်းပင် ပေါင်းထိုင်၏ တပ်မတော်စိတ်ဝိဉာဥ်ပေါ်လာခဲ့သည်။ ဤသည်မှာ တပ်မတော်၏ အလိုအလျောက်တုံ့ပြန်မှုဖြစ်သည်။
တပ်မတော်ဝိဉာဥ်က လေထဲ၌ မျောလွင့်လျက် အသက်လတ်ပိုင်းလူကို မှင်သက်စွာ ရင်ဆိုင်လိုက်သောအခါ အသက်လတ်ပိုင်းလူက ၎င်းကို ပြန်စိုက်ကြည့်နေသည်။ တတိယတန်းစား တပ်မတော်၌ ထိုသို့သော အရာမျိုး မြင်ရလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
တရှရဲ့ တပ်မတော်အများအပြားကြား၌ပင် လက်ရွေးစင်တပ်များသည်သာ စစ်မှန်သော တပ်မတော်စိတ်ဝိဉာဥ်ကို စုစည်းနိုင်သည်။
တပ်မတော်စိတ်ဝိဉာဥ်ကို စုစည်းနိုင်မည့် အခြေအနေများသည် အလွန်ခက်ခဲသည်။ စစ်တပ်၌ ကြာကြာနေပြီးနောက် ထိုလူက ယင်းကို အကောင်းဆုံးသိသည်။
"ဒါက စစ်စခန်းတစ်ခုမှာ အရေးကြီးတဲ့နေရာပဲ။ ဘယ်သူက ရိုင်းစိုင်းနေတာလဲကွ"
ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
"ငါ မင်းကို အရင်တိုက်မယ်"
ချူးယွင်ဖန်း ဤသို့ပြောလျက် သူ့လက်ကို အနည်းငယ် မြှောက်လိုက်သည်။ စစ်တပ်ဝိညာဉ်ကလည်း လက်ကို မြှောက်ကာ အသက်လတ်ပိုင်းလူကို တိုက်ခိုက်လိုက်သည်။
"မင်း လုပ်ရဲလားကွ!"
အသက်လတ်ပိုင်းအရွယ်လူသည် ထိတ်လန့်အံ့သြကာ ဒေါသထွက်နေသည်။ ချူးယွင်ဖန်းက ကြိုတင်သတိပေးခြင်းမရှိဘဲ သူ့ကို ဦးစွာတိုက်ခိုက်ရဲသည်ကို သူမယုံနိုင်ပေ။
တပ်မတော်စိတ်ဝိဉာက်က လျှပ်စီးတစ်စင်း၏ အမြန်နှုန်းဖြင့် ခုန်အုပ်လိုက်သောအခါ
ထိုလူသည် အလွန် အန္တရာယ်များသော အခြေအနေ၌ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ပေါင်းထိုင်တပ်၏
တပ်မတော်စိတ်ဝိဉာဥ်က သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်ခဲ့ပါက ယခု ချူးယွင်ဖန်း၏ ဦးဆောင်မှုအောက်၌ တပ်မတော်စိတ်ဝိဉာဥ်သည် အံ့အားသင့်ဖွယ် အင်အားနှင့် ပေါက်ကွဲထွက်လာ၍ တပ်မတော်တစ်ခုလုံး၏ အင်အားကို လုံးဝ ထုတ်လွှတ်လိုက်သည်။ ယခင်က တပ်မတော်စိတ်ဝိဉာဥ်ကို လက်ခံမည့်သူတစ်ဦးမျှ မရှိခဲ့သော်လည်း ယခုမူ ချူးယွင်ဖန်း၏ ဦးဆောင်မှုအောက်၌
လုံးဝကွာခြားသောအဆင့်သို့ရောက်နေပြီဖြစ်သ်ည။
ယင်းက ယခင်ကထက်ပို၍ ကမ္ဘာမြေကြီးကို လှုပ်ခတ်စေခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ဦးခေါင်းကို ထိမှန်ခဲ့သည်။
ဖွီး
သူအော်ဟစ်၍ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ ထို့နောက် နောက်ပြန်လဲကျကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
အခန်း(၁၇၈၇) လီယွီ၏ ဒေါသ
လီယွီသည် တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှု အငွေ့အသက်များ ဖြတ်ပြေးသွားသည်။ သူသည် တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ စကြဝဠာအဆင့်၌ ရှိနေသောကြောင့် သူ့ကို အားနည်းသည်ဟု မယူဆကြပေ။ သို့သော် သူသည် တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်၌ အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော စစ်ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် သူ အကြောင်းအရင်းကို နားလည်သည်။ အကြောင်းမှာ သူသည် ပင်းယောင်အနီးရှိ စစ်စခန်းတစ်ခု၌ ရှိသောကြောင့်ဖြစ်သည်။ စစ်စခန်းက မိုင်ထောင်ပေါင်းများစွာရှည်လျား၍ မရည်မတွက်နိုင်အောင်များပြားလှသော စစ်သည်ဝိဉာဥ်များနှင့်စစ်အင်အားများသည် တစ်ခုတည်းသော စွမ်းအင်စီးကြောင်းအဖြစ် စုစည်းလာခဲ့သည်။ ၎င်းတို့က အထူးဖွဲ့စည်းမှုတစ်ခုကြောင့် တစ်ခုတည်းအဖြစ် စုစည်းလာခြင်းဖြစ်ကာ သန်းနှင့်ချီသော စစ်တပ်၏ စစ်ဝိဉာဥ်က ကြီးမားသော အင်အားတစ်ခုလည်းဖြစ်သည်။
နတ်ဆိုးဘုရင်ပင်လျှင် အပြည့်အဝ စွမ်းအားရှိသော တိုက်ခိုက်မှုနှင့်သေဆုံးနိုင်သည်။
မှန်သည်။ လူတိုင်းတွင် စစ်သားတစ်သန်း၏ စစ်ရေးစွမ်းအင်ကို စုစည်းနိုင်စွမ်းရှိရန် မဖြစ်နိုင်ပေ။ တစ်ကမ္ဘာလုံး၌ ဤစွမ်းရည်ရှိသူနှစ်ဦးသာရှိသည်။ တစ်ယောက်က လက်ရှိဘုရင်ဖြစ်ကာ ကျန်တစ်ဦးသည် စစ်တပ်၌ နံပါတ်တစ်ပုဂ္ဂိုလ်၊ တရှ၏ အကြီးအကဲဖြစ်သည်။
လူတစ်ဦး၏ ကျင့်ကြံမှုအခြေခံခိုင်မာလေလေ တရှ၌ သူ၏ အဆင့်အတန်းမြင့်မားလေလေဖြစ်ကာ ၎င်းတို့ စုစည်းနိုင်သော စစ်သားက ပို၍ များလေလေဖြစ်သည်။
မှန်သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုက ထိပ်တန်းအဆင့်မဟုတ်သကဲ့သို့ သူ၏ အဆင့်အတန်းကလည်း မမြင့်မားလှပေ။ သူသည် ဗိုလ်ချုပ်တစ်ယောက်သာဖြစ်သည်။ သို့သော် ဤနေရာက သူ၏ ဇာတိမြေဖြစ်သဖြင့် စွမ်းအားကလည်း သဘာဝအတိုင်း အံ့ဖွယ်ကောင်းလှသည်။
ချူးယွင်ဖန်းက သူ့ကို ဤမျှ ပေါ့ပေါ့တန်တန်တိုက်ခိုက်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ချူးယွင်ဖန်းပြန်လာကြောင်း သိလိုက်ရသောအခါ သူသည် လော့ကျောက်အတွက် ချူးယွင်ဖန်းကို ချက်ချင်းသွားရှာခဲ့သည်။ ဂိုဏ်း၏အကြီးအကဲ လော့ကျောက်အား ချူးယွင်ဖန်းကိုသတ်ရန် အမိန့်ပေးခံရပြီးကတည်းက လီယွီသည် သူနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။ လော့ကျောက်၏ အစွမ်းသည် လီချန်းယွမ်နှင့်တူလုနီးပါးဖြစ်ကာ ချူးယွင်ဖန်းထွက်ပြေးနိုင်လိမ့်မည်မဟုတ်ဟု သူအခိုင်အမာယုံကြည်ထားခဲ့သည်။
သို့သော် နောက်ဆုံး၌ ချူးယွင်ဖန်း ပြန်လာလိမ့်မည်ဟု မည်သူသိမည်နည်း။
ထိုကိစ္စက လီယွီကို ပြဿနာ၏ ပြင်းထန်မှုအပေါ် ချက်ချင်း သဘောပေါက်သွားစေသည်။ လော့ကျောက်သည် သံမဏိလှံဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ကာ လော့ကျောက်ကို ဖိတ်ခေါ်ခဲ့သူကလည်း သူပင်ဖြစ်သည်။ သူ ချူးယွင်ဖန်းကို ဘယ်သောအခါကမျှ အထင်မကြီးခဲ့ပေ။ ထို့ကြောင့် ချူးယွင်ဖန်းက ထိုသို့သော လုပ်ရပ်မျိုးလုပ်လိမ့်မည်ဟု ဘယ်သောအခါကမျှ မထင်ထားခဲ့ပေ။
စစ်စခန်းထဲကို ကျူးကျော်ဝင်ရောက်မှုနှင့် သူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ စကားပြောခွင့်လည်းမရခဲ့ပေ။
ရုတ်တရက် လီယွီက အတိတ်မှ လီချန်းယွမ်ကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ လီချန်းယွမ်၏ အတိတ်သည်လည်း ဤသို့ပင်ဖြစ်ကာ ဤခံစားချက်က လီယွီ၏နှလုံးသာကို တုန်လှုပ်စေသည်။ သူ ယင်းကို မြင်ပင် မမြင်ယောင်ကြည့်ရဲပေ။ တကယ်တမ်းတွင် ယင်းက ဖြစ်ပင်မဖြစ်နိုင်ဟု သူ ခံစားလိုက်မိသည်။
လီချန်းယွမ်ဟူသည်ကား မည်သူနည်း။
သူသည် ကံကြမ္မာ၏ အရှင်သခင် လူငယ်မျိုးဆက်၏ ပထမဆုံးမြို့ဝန်ဖြစ်ကာ နံပါတ်တစ်ကျွမ်းကျင်သူအဖြစ် လူသိများသည်။ ချူးယွင်ဖန်း၌ လီချန်းယွမ်နှင့် ယှဥ်နိုင်ရန် မည်သို့သော အရည်အချင်းမျိုးရှိသနည်း။
ချူးယွင်ဖန်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော လီယွီကိုကြည့်၍ မတ်တပ်ရပ်နေသည်။ သူ့မျက်လုံးများ အနည်းငယ် ကျဥ်းသွားသည်။ သူသည် လီယွီ၏ ကျင့်ကြံမှုမှတစ်ဆင့် ချက်ချင်းမြင်လိုက်ရသည်မှာ ယင်းကာ စကြဝဠာအဆင့်ပဥ္စမအဆင့်ပင်ဖြစ်၏။
ထိုသို့သော ကျင့်ကြံမှုအဆင့်မျိုးက မဆိုးလှသဖြင့် ရောက်လာသူက လီချန်းယွမ်နှင့်ဆက်စပ်နေသည်ကို သံသယဖြစ်ရန်မလိုပေ။ မဟုတ်ပါက အခြားသူများသည် သူ့ကို ပြဿနာရှာရန် အလျင်လိုကြမည်မဟုတ်ပေ။ သူက ချန်းယွမ်၏ စွမ်းအားကို နက်နက်ရှိုင်းရှိုင်းနားလည်သည်။
လီချန်းယွမ်က အမှန်တကယ်ပင် ထူးချွန်ထက်မြက်လှသဖြင့် သူ့အောက်၌ ကျွမ်းကျင်သူ များစွာရှိကာ ၎င်းတို့အနက် အသက်လတ်ပိုင်းလူ ကုန်းစွန်းလျန်နှင့် သူ ယခင်က သတ်ခဲ့သော လော့ကျောက်တို့ ပါဝင်သည်။
ဤကျွမ်းကျင်သူများအားလုံးသည် စကြဝဠာအဆင့်အထက်တွင်ရှိကာ ၎င်းတို့တစ်ဦးစီသည် အလွန်စွမ်းအားကြီးကြသည်။ သူ၏လက်အောက်ငယ်သားများတွင် အပြင်းထန်ဆုံးမှာ ဒြပ်မဲ့ကျွမ်းကျင်အဆင့်၌ရှိသော ယုချူးယွင်ပင်ဖြစ်သည်။ ၎င်းတို့၏ အခြေခံကွာခြားချက်က အလွန်ကြီးမားလွန်းလှ၏။
လီချန်းယွမ်သည် ရန်သူကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရထိုက်သည်။ ထိုကဲ့သို့သော ခွန်အားနှင့် အခြေခံအုတ်မြစ်သည် ချူးယွင်ဖန်းအား သတိရှိစေရန် လုံလောက်သည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် သူ့ကို တိုက်ရိုက်မတိုက်ခိုက်ခဲ့ဘဲ စခန်း၏ စစ်ရေးစိတ်ဓာတ်ကို အသုံးပြု၍ သူ့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။
ချူးယွင်ဖန်း၏ လက်ရှိတိုက်ခိုက်ရေးအစွမ်းနှင့် သူသည် စကြဝဠာအဆင့် စတုတ္ထအဆင့်၌ရှိသော ကျွမ်းကျင်သူတစ်ဦးနှင့်ဆုံရလျှင်ပင် သူ့ကိုယ်သူကာကွယ်နိုင်သည်။
ယခုအချိန်၌ လုပ်သင့်သည်က လီချန်းယွမ်၏ သတိကို လျော့စေကာ စကြဝဠဦအဆင့်သို့ဝင်ရောက်ရန် အချိန်ပေးရန်သာဖြစ်သည်။ စကြဝဠာအဆင့်သို့ ဝင်ရောက်ပြီးသည်နှင့် လီချန်းယွမ်နှင့် ရင်ဆိုင်ရလျှင်ပင် ယခင်ကတမျှ ရှက်ရတော့မည်မဟုတ်ပေ။
တဖြည်းဖြည်းနှင့် မသိစိတ်တွင် ချူးယွင်ဖန်းနှင့် လီချန်းယွမ်ကြားရှိ ကွာဟချက်က ကောင်းကင်ရှိ နတ်နဂါးတစ်ကောင်နှင့် မြေပြင်ရှိ ပုရွက်ဆိတ်တစ်ကောင်ကြားရှိ ကွာဟချက်မှ အရွယ်ရောက်ပြီးသော နတ်နဂါးတစ်ကောင်နှင့် ငယ်ရွယ်သော နဂါးတစ်ကောင်ကြားရှိ ကွာဟချက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ကွာဟချက်တစ်ခု ရှိနေသေးသော်လည်း အခြေခံကွာဟချက် မဟုတ်တော့ပေ။
ထို့ကြောင့် သူ ခံနိုင်ရည်ရှိရန် အချိန်လိုအပ်သည်။
လီချန်းယွမ်ကို စိတ်ရှုပ်ထွေးစေကာ သူ့အစွမ်းက အနည်းငယ်သာရှိ၍ ပင်းယောင်းအနီးရှိ သန်းပေါင်းများစွာသော စစ်သည်များ၏ စစ်ရေးစိတ်ဓာတ်ကြောင့်သာ ထိုမျှလောက်သော အရည်အချင်းရှိသည်ဟု ထင်မြင်စေနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
"ချူးယွင်ဖန်း၊ မင်း ပုန်ကန်ဖို့ ကြိုးစားနေတာလား။" လီယွီက ကြုံးဝါးလိုက်သည်။
"ပုန်ကန်နေတာ မင်းလို့ ငါထင်တာပဲ။ မင်းက ဘာကောင်မို့လို့လဲ။
တပ်မှူးကြီးတောင် ဒီလောက် မာနမကြီးရဲဘူး။ စစ်စခန်းထဲကို ဝင်ဖို့ မင်းမှာ ခေါင်းဘယ်နှစ်ချောင်းကျန်သေးလဲ ကြည့်ရအောင်"
တရှ၌ စစ်တပ်က တင်းကျပ်တဲ့စည်းမျဉ်းများရှိသည်။ အဆင့်မြင့်ဆုံးတပ်များကိုပင် အမိန့်မပြပါက စစ်ဆေးခံရမည်ဖြစ်ကာ ဘုရင်က ဤနေရာ၌ရှိနေလျှင်ပင် ဤမျှ ပေါ့ပေါ့ပါးပါး အလျင်စလိုလုပ်၍ မရပေ။
လီယွီ အတန်ငယ်နင်သွားသည်။ သူက ချူးယွင်ဖန်းကို အနိုင်ယူပြီးပါက ဖမ်းဆီးနိုင်လျှင် သူပြောချင်ရာပြောနိုင်သည်။ သို့သော် ချူးယွင်ဖန်းကြောင့် သူပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိပေ။
"မင်းက တမန်တော်လည်း မဟုတ်ဘူး၊ ငါ့ရဲ့ တိုက်ရိုက်အထက်လူကြီးလည်း မဟုတ်ဘူး။ မင်းက ပေါ်င်းထိုင်တပ်နဲ့ ဆက်နွယ်မှုမရှိဘူး။ ဟုတ်တယ် မင်းက နတ်ဆိုးတွေအတွက် ငါ့ကို နှုတ်ပိတ်ချင်နေမှန်း ငါသိတယ်ကွ”
လီယွီက ရုတ်တရက် သွေးတစ်ပွက်အန်ထုတ်ကာ မေ့လုမြောပါးဖြစ်သွားသည်။ ချူးယွင်ဖန်းသည် အလွန်ရှက်တတ်သောကြောင့် ရာဇဝတ်မှုတစ်ခုကို အလွယ်တကူကျူးလွန်မိခဲ့သည်။ တစ်ချိန်က ၎င်းသည် သူ၏အခွင့်အရေးဖြစ်သော်လည်း ယခုအခါ ချူးယွင်ဖန်းသည် သူ့ကိုကိုင်တွယ်ရန် အလားတူနည်းလမ်းများကို အသုံးပြုနေသည်။ ၎င်းသည် သူ့ကို သွေးအန်ချင်စိတ်ဖြစ်စေသည်။
"ဘယ်သူလွှတ်လိုက်လဲဆိုတာ ငါသိတယ်။ အဲ့လူ လာချင်ရင် ကိုယ်တိုင်လာဖို့ ပြောလိုက်။ ဒီလို ခိုးကြောင်ခိုးဝှက် နည်းလမ်းတွေ သုံးစရာမလိုဘူး။ ငါက ကျားဗိုလ်ချုပ်ကြီးပဲ။ မဟာကွပ်ကဲရေးရုံးအောက်ကမို့ မဟာကွပ်ကဲရေးမှူးပဲ ငါ့ကို အမိန့်ပေးနိုင်တယ်" ချူးယွင်ဖန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
"အခု လစ်လိုက်တော့”
ချူးယွင်ဖန်း အော်လိုက်သောအခါ လီယွီသည် ချက်ချင်းပင် စခန်းမှ အပြင်သို့လွင့်ထွက်သွားပြီဖြစ်သည်။
အခန်း(၁၇၈၈) စစ်တပ်ကို အံ့သြစေခဲ့တဲ့ သူ့နာမည်
ပေါင်းထိုင်တပ်စခန်းသည် တရှတပ်စခန်း၏ အစွန်အဖျားတွင်ရှိသော်လည်း ထိုကဲ့သို့ ကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် ထိုနေရာတွင် တပ်စွဲထားသော ကျွမ်းကျင်သူများစွာ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ အထူးသဖြင့် ချူးယွင်ဖန်း၏ စကားများက သူတို့ကို အံ့အားသင့်စေခဲ့သည်။
ဟန်ထျန်မြို့ဝန် လီချန်းယွမ်ကိုတိုက်ရိုက်ပြောလိုက်ခြင်းဖြစ်သည်။
လီချန်းယွမ်၏ စစ်တပ်ထဲ၌ ဂုဏ်သတင်းက ပြောရန်ပင်မလိုပေ။ သူ၏ ဂုဏ်သိက္ခာက အလွန်မြင့်မားကာ စစ်ပွဲများစွာကို ဦးဆောင်ခဲ့ဖူးသည်။ သူက အလောင်းများနှင့်သွေးပင်လယ်များပြည့်နေသည့် တောင်တန်းများကြား၌ ကြီးပြင်းလာခဲ့ကာ ဖန်လုံအိမ်ထဲပေါက်ဖွားလာသော ပန်းတစ်ပွင့်မဟုတ်ပေ။
သာမန်လူများအတွက် လီချန်းယွမ်၏ ကိုယ်ရေးအကျဥ်းက တောက်ပနေသည်။ သူသည် ကမ္ဘာ့ဇာတ်လိုက်ဖြစ်ရန် ကံကြမ္မာပါလာခြင်းမျိုးပင်ဖြစ်သည်။ သူက ထင်ရှားသော မိသားစု၌ မွေးဖွားလာခဲ့ကာ တရှ လူငယ်မျိုးဆက်၏ ပထမဆုံးသော မင်းမျိုးမင်းနွယ်ဖြစ်လာခဲ့သည်။
ချူးယွင်ဖန်းသည် လီချန်းယွမ်ကို မလေးမစားပြုခဲ့သည်။ သာမန်လူများ၏အမြင်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော လီချန်းယွမ်သည် ချူးယွင်ဖန်း၏အမြင်တွင် ဘာမှမဟုတ်ပေ။
"ဒီဗိုလ်ချုပ်အသစ်က ဘယ်သူလဲ"
"သူက အရမ်းမောက်မာတယ်။ လီချန်းယွမ်ကို သူလေးစားမှုမရှိဘူး။"
"ဒါ တကယ်ကို စိတ်ဝင်စားစရာပဲ။ လီချန်းယွမ်က ငါတို့လူကြီးတွေရဲ့ ခေါင်းပေါ်တက်ထိုင်နေတာ။
သူ့ကို ဘယ်သူမှ စိန်ခေါ်ရဲတာ နှစ်ပေါင်းများစွာ ရှိပြီ။"
အဝေးက စခန်းထဲ၌ ပြင်းထန်သော အရှိန်အဝါတစ်ခုသည် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နေသည်။ လူအများအပြားက ဟာသကားကြီးနေကြသည့်အလားကြည့်နေကြသည်။
မည်သို့ပင်ဖြစ်စေကာမူ လီချန်းယွမ်က မကြာသေးမီနှစ်များအတွင်း၌ ကြယ်တစ်စင်း၏ အမြန်နှုန်းဖြင့် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် သူ့ကို စစ်တပ်ထဲ၌ အားပေးထောက်ခံသူများရှိသကဲ့သို့ မကြိုက်သူများလည်း များစွာရှိသည်။
ချူးယွင်ဖန်းသည် မရင်းနှီးပုံရသော်လည်း သူပြသခဲ့သော ခွန်အားကြောင့် လူအများက သူသည် ထူးချွန်ထက်မြက်သည်ဟု ခံစားခဲ့ရသည်။ သူသည် မည်သည်ကိုမျှ မသိနားမလည်သည့်သူမျိုးမဟုတ်ပေ။
သာမန်လူတစ်ဦးအနေဖြင့် ပဉ္စမအဆင့် စကြဝဠာအဆင့်ကို တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိစေရန် မဖြစ်နိုင်ပေ။
မကြာခင်၌ပင် မြို့ဝန်ဟျန်ထျန်၏ တပ်မှူးတဲထဲ၌ လီယွီသည် တင်ပျဥ်ခွေထိုင်လျက် ပြန်လည်ကုသနေကာ လီချန်းယွမ်ကို အကုန်ပြောပြလိုက်သည်။ သူ့ဘေး၌ တည်ငြိမ်ပုံပေါ်သော လူများစွာရှိသည်။ ၎င်းတို့အပေါ်တွင် လီချန်းယွမ်ထိုင်နေသည်။ လီချန်းယွမ်က သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့်ထောက်ကာ ထိုင်ခုံ၏ လက်ရမ်းကို လက်တစ်ဖက်ဖြင့် ပုတ်နေလိုက်သည်။
သူ့မျက်လုံးများက အေးစက်နေကာ မျက်နှာသည်လည်း အေးစက်စက်အမူအရာမျိုးပေါ်နေသည်။
သူက နတ်ဆိုးနတ်ဘုရားတစ်ပါးလို ဖြစ်နေသည့်အပြင် သူထုတ်လွှတ်လိုက်သည့် ဖိအားကလည်း ငရဲကဲ့သို့ ခံစားရစေသည်။
"သူက စစ်သည်စိတ်ဝိဉာဥ်ကို သုံးပြီးမင်းကို ထိခိုက်အောင်လုပ်လိုက်တယ်လို့ မင်းပြောနေတာလား" လီချန်းယွမ်က အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။
"ဟုတ်ပါတယ် မြို့ဝန် သူက စစ်ရေးစွမ်းအင်ကိုပဲ အသုံးပြုပြီး ကျွန်တော့်ကို ထိခိုက်အောင် လုပ်နိုင်တယ်။ မဟုတ်ရင် ဘယ်လိုလုပ် ကျွန်တော့်ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ။" လီယွီက ဒေါသတကြီး ပြောလိုက်သည်။
ယနေ့သည် သူ့အတွက် အရှက်စရာဖြစ်သည်။ ချူးယွင်ဖန်း၏ ဤသို့သော အရှက်ခွဲမှုကို ခံရသည်က သူ တစ်ခါမျှ မကြုံဖူးသောအရာဖြစ်သည်။ ဤမျှ ဆိုးဆိုးရွားရွားရိုက်နှက်ခံရလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ပေ။
သို့သော် ၎င်းသည် ချူးယွင်ဖန်း၏ စစ်မှန်သော အစွမ်းသတ္တိ မဟုတ်ဘဲ သန်းပေါင်းများစွာသော စစ်တပ်၏ စစ်ရေးစိတ်ဓာတ် ဖြစ်သည်။ ထို့ကြောင့် လီယွီက အထူးပင် ယုံကြည်မှု ကင်းမဲ့သွားသည်။
"သူက စစ်ရေးစွမ်းအင်ကို ယူသုံးတာဆိုပေမယ့် ချူးယွင်ဖန်းရဲ့ ကြီးထွားမှုနှုန်းက အရမ်းမြန်နေတုန်းပဲ။ အခု စကြဝဠာအဆင့်ကို ရောက်နေပြီဖြစ်ရမယ်။ မဟုတ်ရင် စစ်ရေးစွမ်းအင်ကို ဒီလောက်အထိ စုစည်းနိုင်မှာ မဟုတ်ဘူး" လူတစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။
ကျန်သူများ၏ မျက်နှာများတွင် စိုးရိမ်မှုများ သိသိသာသာ ပေါ်လာသည်။ ၎င်းတို့၏ မျက်လုံးများထဲ၌ ချူးယွင်ဖန်း၏ အစွမ်းက တစ်ချက်တည်းနှင့် မခံနိုင်လောက်အောင် အားနည်းနေသေးသော်လည်း သူ့ကို သတ်ရန် နည်းလမ်းများစွာရှိသေးသည်။ ၎င်းတို့ တကယ် စိုးရိမ်နေသည်က ချူးယွင်ဖန်း၏ အစွမ်းက အံ့မခန်းအမြန်နှုန်းနှင့် လျင်မြန်စွာကြီးထွားလာခြင်းပင်ဖြစ်၏။ အလွန်မြန်ဆန်လွန်းလှသဖြင့် ၎၍်းတို့ကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
၎င်းတို့က ချူးယွင်ဖန်းကို သတိထားမိလာသည်က မကြာသေးသော်လည်း သူသည် စကြဝဠာအဆင့်သို့ရောက်နေပြီဖြစ်သည်။ စကြဝဠာအဆင့်၏ အနိမ့်ဆုံးဖြစ်သော်လည်း သူ့အသက်အရွယ်အတွက်မူ ၎င်းကပင် အံ့ဖွယ်ကောင်းလှ၏။ ၎င်းတို့က ဤသို့သော သူများကို များစွာ မြင်ဖူးကြသည်။ အပြင်မှလူများသည် ဤလူများကို ယှဥ်နိုင်စရာမရှိသော ပါရမီရှင်များဟု ခေါ်ကြသည်။ လီချန်းယွမ်ကို ၎င်းတို့ လိုက်ကြည့်သောအခါ လီချန်းယွမ်၏ အရှိန်အဟုန်နှင့် တိုးတက်လာမှုကိုလည်း မြင်တွေ့ခဲ့ရသည်။ နေ့တိုင်းလိုလို အပြောင်းအလဲများဖြစ်ပေါ်ခဲ့သည်။
လီချန်းယွမ်က ယခင်က သူ့ကို ဖိနှိပ်ရန်ကြိုးစားခဲ့သူအားလုံးကို မိုးကြိုးပစ်သကဲ့သို့ ပါးရိုက်ခဲ့သည်။ သူ၏ သန်မာသော တိုးတက်မှုက လူတိုင်းကို အံ့သြစေခဲ့၏။
ထို့နောက် ယခု လီချန်းယွမ်နှင့်တူသော နောက်ထပ်လူငယ်တစ်ဦးပေါ်လာပြန်သောအခါ ၎င်းတို့အားလုံး ခြိမ်းခြောက်ခံရသကဲ့သို့ ခံစားလိုက်ကြရသည်။
"သူ့ကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။ မဟုတ်ရင် သူကြီးပြင်းလာတာနဲ့ မြို့ဝန်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်" အခြားသူတစ်ဦးက ပြောသည်။
"မဖြစ်နိုင်ဘူး။ မြို့ဝန်က ပါရမီရှင်တစ်ယောက်ပဲ။ သူက မျိုးရိုးကနေ ဆင်းသက်လာပြီး ကံကောင်းခြင်းတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ချူးယွင်ဖန်းဆိုတာ ဘာကောင်မို့လို့လဲ"
"မြို့ဝန်အတွက် အန္တရာယ်မရှိရင်တောင် သူက ခြေထောက်ပေါ်မှာ တွားသွားနေတဲ့ ဖားတစ်ကောင်လိုပဲ။ လူတွေကို မထိခိုက်စေနိုင်ပေမယ့် ရွံစရာကောင်းတယ်!" တစ်ယောက်က ပြန်ပြောလိုက်သည်။
လီချန်းယွမ်၏ မျက်လုံးများသည် စိတ်မရှည်သောအရိပ်အယောင်များနှင့်တောက်ပနေသည်။ ချူးယွင်ဖန်းက စကြဝဠာအဆင့်သို့ဝင်ရောက်နိုင်ကြောင်း ကြားလိုက်ရသောအခိုက်၌ပင် သူတကယ်စိတ်ထဲမထားခဲ့ပေ။
"ချူးယွင်ဖန်းက ဘာမှမဟုတ်ဘူး။ ငါသူ့ကို ဂရုမစိုက်ဘူး။ နွေဦးရာသီစစ်ဆင်ရေးက သူ့ကိုဖယ်ရှားဖို့ အကောင်းဆုံးအချိန်ပဲ၊ ဒါပေမယ့် တပ်မှူးကြီးက စစ်တပ်ကို တာဝန်ယူထားတယ်။ တပ်မှူးကြီးက မျက်စိနောက်စရာကောင်းပြီး အရာအားလုံးကို မြင်နိုင်တယ်။ တပ်မှူးကြီးရဲ့ လက်အောက်ခံမှာ ငါတောင် ဘာမှလုပ်လို့မရဘူး၊ ဒါကြောင့် မင်းဆီ လွှဲပေးလိုက်တာ။ မင်းတို့ထဲက ဘယ်သူမှ ဘာမှလုပ်လို့မရဘူးဆိုတာ ဘယ်သူသိမှာလဲ။ မင်းက အမှိုက်ပဲ!" လီချန်းယွမ်က အေးစက်စက်ပြောလိုက်သည်။
"လီယွီ လော့ကျောက် ဘယ်မှာလဲ။ သူ ဘာလို့ ပျောက်နေတာလဲ။ ငါ့ကို လာနောက်နေတာလား ဒီလူက”
လီယွီ တုန်လှုပ်သွားပြီး လျင်မြန်စွာ ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး။ ဦးလေးလော့က အဲဒီလိုလူမျိုး မဟုတ်ဘူး။ သူက အခွင့်အရေးကို ရှာနေတာ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် သူ့အသက်ကို ဆန့်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ဘူး"
"အင်း ဖြစ်နိုင်တယ်။ သူ ငါနဲ့ လာကစားနေတာဆိုရင် သေတာထက် ပိုဆိုးတဲ့ဘဝကို နေထိုင်ရတာ ဘာကိုဆိုလိုမှန်း သူ့ကို ပြောပြမယ်" လီချန်းယွမ်က အေးစက်စက်ပြောလိုက်သည်။
"ချူးယွင်ဖန်းအတွက်ကတော့ အခုချိန်မှာ သူ့အတွက် စိတ်ပူစရာမလိုဘူး။ နောက်တစ်ခါ ငါအဆင့်တက်နိုင်ရင် ငါက ကမ္ဘာပေါ်မှာ ထိပ်တန်းပညာရှင် ဖြစ်လာလိမ့်မယ"