← Chapters

အခန်း (၁၇၈၉-၁၇၉၁)

Vol. 120 Ch. 1789-1791

အခန်း (၁၇၈၉-၁၇၉၁)

Vol. 120 Ch. 1789-1791

အခန်း(၁၇၈၉) သီးသန့်ကျင့်ကြံခြင်း

ဤအချိန်တွင် လီယွီကို အနိုင်ယူပြီးသော ချူးယွင်ဖန်းသည် သူ၏တပ်များကို စုစည်းခဲ့သည်။ လူ ၅၀၀ သာရှိသောကြောင့် ၎င်းတို့ကို အလျင်အမြန်စုစည်းခဲ့သည်။

"လူတိုင်း၊ ငါဒီမှာမရှိခဲ့တဲ့ကာလအတွင်းမှာ လူအများကြီးက မကောင်းတဲ့အမြင်တွေကို ဖြန့်ဝေခဲ့ကြတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့က လူသိရှင်ကြား မမြင်ရတဲ့ လူပြက်တွေသာသာပဲ" ချူးယွင်ဖန်းက လူအုပ်ကို လှမ်းကြည့်လိုက်သည်။

"ဒါပေမယ့် လူတိုင်းရဲ့ စွမ်းဆောင်ရည်ကို ငါအရမ်းကျေနပ်တယ်။ ဒီလို ငချွတ်လေးတွေကြောင့် မင်းတို့ စိတ်ဓာတ်မကျဘူး။ ဒါတွေက ငါရခဲ့တဲ့ ဆေးတွေအပြင် ဒီ ဗြဟ္မာသစ်သီးတွေလည်း ပါတယ်။ သူတို့က မင်းတို့ရဲ့ ခွန်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်လိမ့်မယ်။ တခြားလူတွေက ငါတို့ကို သေမင်းဆီ ပို့ချင်ကြပေမယ့် ဒါက ငါတို့အတွက် အခွင့်အရေးကောင်းတစ်ခုလို့ ငါခံစားရတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ လူတိုင်း ဒီဆေးလုံးတွေကို ချေဖျက်ပြီး ကျင့်ကြံမှုကို ဒြပ်မဲ့အဆင့်ထိ မြှင့်နိုင်ဖို့ သီးသန့်ကျင့်ကြံစေချင်တယ်။ ဒေသခံတပ်ရင်းတစ်ခုက တရှရဲ့ ထိပ်တန်းတပ်ရင်းတွေထဲက တစ်ခု မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ အချိန်တန်ရင် ငါ သူတို့ကို အံ့သြအောင်လုပ်ပေးမယ်"

ချူးယွင်ဖန်း၏ စကားများကိုကြားသောအခါ လူတိုင်း၏ နှလုံးသားများ ပြင်းထန်စွာ ခုန်ပေါက်သွားသည်။ မူလက အဆင့်အတန်း၏ အောက်ခြေရှိ ၎င်းတို့ကဲ့သို့ စစ်သားများအတွက် ၎င်းတို့၏ ကံကြမ္မာနှင့်ကိုက်ညီနေပြီးဖြစ်ကာ မည်သို့မျှ ပြောင်းလဲနိုင်ခြေမရှိတော့ပေ။ သို့သော် ချူးယွင်ဖန်းက ၎င်းတို့ကို ငရဲ၏ အနက်ရှိုင်းဆုံးအပိုင်းမှဆွဲထုတ်၍ ဂုဏ်မြှင့်တင်ပေးခဲ့သည်။ ထိုအချိန်မှစ၍ မည်သူမျှ ၎င်းတို့ကို အထင်မသေးရဲတော့ပေ။ ၎င်းတို့က ပေါင်းထိုင်၏ ခွေးများမဟုတ်တော့ပေ။

၎င်းတို့က ချူးယွင်ဖန်း၏နောက်သို့လိုက်ခဲ့သည်မှာ ခဏတာသာရှိသေးသော်လည်း ရွှေအမတေအဆင့်သို့ရောက်ရုံသာမက ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ထိပင် ရောက်ခဲ့ကြသည်။ ၎င်းတို့သာ ကျင့်ကြံလျှင် ၎င်းတို့ဘဝတွင် ရွှေအမတေအဆင့်သို့ပင်ရောက်နိုင်ကြမည်မဟုတ်ပေ။

ယခုအခါ ချူးယွင်ဖန်းသည် ‌ဆေးလုံးများကို လုံလောက်စွာ ထောက်ပံ့ပေးရုံသာမက မရေမတွက်နိုင်သော ကျင့်ကြံနည်းလမ်းများနှင့် သိုင်းပညာလက်စွဲစာအုပ်များလည်း ထောက်ပံ့ပေးခဲ့သည်။ သူတို့တွင် လိုအပ်သမျှ အားလုံးနီးပါး ရှိသည်။ ထို့ကြောင့် ၎င်းတို့က သာမန်ဂိုဏ်းငယ်များ၏ တပည့်များထက် မနိမ့်ကျပေ။

ယခု ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကို ဒြပ်မဲ့အဆင့်သို့ ရောက်ရှိရန်ပင် ကူညီပေးတော့မည်ဖြစ်သည်။ ဤသည်မှာ သူတို့ မတွေးဝံ့သော အရာတစ်ခုဖြစ်သည်။ သို့သော် ယခု ၎င်းတို့ ထိုအဆင့်သို့ရောက်နိုင်ပြီဖြစ်ကာ ယင်းက ၎င်းတို့၏ ဘိုးဘေးများနှင့် မိသားစုများအတွက် ဂုဏ်သိက္ခာဆောင်ကျဥ်းပေးနိုင်မည့်အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ မည်သည့်ဗိုလ်ချုပ်နောက်သို့ လိုက်စေကာမူ ပိုကောင်းသော အခွင့်အရေးများ သို့မဟုတ် ပိုကောင်းသောအခြေအနေများကို မရနိုင်ပေ။

"ဗိုလ်ချုပ်ကြီးက ကျွန်တော်တို့အပေါ် အရမ်းကောင်းလွန်းတယ်။ အခုကစပြီး ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးအတွက် မီးနဲ့ရေကို ဖြတ်သန်းမယ်လို့ ကျိန်ဆိုပါတယ်။ ဒီကျိန်ဆိုချက်ကို ချိုးဖောက်ရင် ကြောက်စရာကောင်းတဲ့ သေခြင်းကို ခံရလိမ့်မယ်" ယုချူးယွင်က ပြောလိုက်သည်။

"ဗိုလ်ချုပ်ကြီးက ကျွန်တော်တို့အပေါ် အရမ်းကောင်းလွန်းတယ်။ အခုကစပြီး ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးအတွက် မီးနဲ့ရေကို ဖြတ်သန်းမယ်လို့ ကျိန်ဆိုပါတယ်။ ဒီကျိန်ဆိုချက်ကို ချိုးဖောက်ရင် ကြောက်စရာကောင်းတဲ့ သေခြင်းကို ခံရလိမ့်မယ်"

အခြားစစ်သားများလည်း ဤစကားများကို သံယောင်လိုက်ကြရာ ၎င်းတို့၏ အရှိန်အဟုန်သည် စခန်းကို အနည်းငယ် တုန်ခါစေခဲ့သည်။ ဤသို့ဖြင့် ချူးယွင်ဖန်းသည် စစ်သားများ၏ နှလုံးသားကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိသည်။ ၎င်းတို့၏ မျက်နှာပေါ်မှ အမူအရာများကိုကြည့်လျှင် ဘုရင်၏ စကားများပင် ချူးယွင်ဖန်း၏ စကားများလောက်ထိရောက်မှုမရှိနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူက ၎င်းတို့ကို ချောက်ကမ်းပါးထဲမှ ဆွဲထုတ်ကာ ဂုဏ်ဆောင်ပေးခဲ့နိုင်သည်။

"ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန်မှာ လူတိုင်းက သဘာဝအတိုင်း နားလည်လာကြလိမ့်မယ်၊ ငါ ချူးယွင်ဖန်း မသေသရွေ့ လူတိုင်းဟာ အနာဂတ်မှာ ပျံဝဲပြီး သူတို့ရဲ့ဘိုးဘွားတွေအတွက် ဘုန်းအသရေကို ယူဆောင်လာပေးလိမ့်မယ်။" ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။

သူ၏မိန့်ခွန်းအပြီးတွင် ချူးယွင်ဖန်းသည် သူရရှိခဲ့သော ဆေးအချို့နှင့် ဗြဟ္မာသီး ၅၀၀ ကို ဝေငှပေးခဲ့သည်။ ၎င်းတို့သည် ပေါင်းထိုင်စစ်သားများကို အချိန်တိုအတွင်း အလွန်အမင်း တိုးတက်လာစေရန် လုံလောက်သည်။ သို့သော် ဤသာမန်စစ်သားများသည် ချူးယွင်ဖန်းကဲ့သို့ မဟုတ်ကြပေ။ သူသည် ကံကောင်းခြင်းအမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီး နတ်ဘုရား၏အကူအညီနှင့် ဆေးဧကရာဇ်၏ မှတ်ဉာစ်ကို ရခဲ့သည်။ သူသည် ဤအရာများကို လျင်မြန်စွာ ကောင်းစွာချေဖျက်နိုင်ကာ သူ၏ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်သည်။

လူတိုင်း ထိပ်ဆုံးကို တက်နိုင်စွမ်း မရှိပေ။ တရှ၌ လူများ အလွန်များပြားကာ ထိုသို့အလားအလာရှိသော သူများသည် ဖီးနစ်ငှက်မွှေးများနှင့် ချီလင်ဦးချိုများကဲ့သို့ ရှားပါးသည်။ တစ်သိန်းတွင် တစ်ခုသာရှိသည်။ ချူးယွင်ဖန်း ပေးခဲ့သည့် ဆေးလုံးများနှင့် ဗြဟ္မာသီးတို့နှင့်အတူ ပေါင်းထိုင်တပ်စခန်းသည် ချက်ချင်းပင် ပြင်းထန်သော သီးသန့်လေ့ကျင့်မှုအခြေအနေထဲသို့ရောက်သွားကြသည်။

စစ်ဝန်ကြီးဌာနမှ ပြောင်းရွှေ့အမိန့်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းတွင် ချူးယွင်ဖန်းသည် ဤကာလအတွင်း မည်သည့်နေရာတွင် ရှိနေခဲ့သည်နှင့် အဘယ်ကြောင့် ခွင့်ပြုချက်မရှိဘဲ ရာထူးမှ ထွက်ခွာသွားခဲ့သည်ကို မေးခွန်းထုတ်ထားသည်။ မှန်သည်။ ထိုမေးခွန်းများသည် မကောင်းသော ရည်ရွယ်ချက်များရှိသည်ကို သူသိသည်။ ခွင့်ပြုချက်မရှိဘဲ ရာထူးမှ ထွက်ခွာခဲ့မိကြောင်း ဝန်ခံပါက အကျိုးဆက်များသည် မယုံနိုင်လောက်အောင် များပြားလိမ့်မည်။

တရှ၏ စစ်ဘက်ဆိုင်ရာ အမိန့်များနှင့်ဆိုပါက ယင်းသည် အလွန်ကြီးမားသော ကိစ္စတစ်ခုဟုပြော၍ ရနိုင်သည်။ ရာထူးမရှိသော ဗိုလ်ချုပ်တစ်ဦးအနေဖြင့် သူ့ကို အရေးယူရုံသာမက စစ်ဘက်ဆိုင်ရာ ပြစ်ဒဏ်ကိုပါ ရင်ဆိုင်ရနိုင်သည်။

တရှ၏ သတ်ကိုသတ်ရမည့်စာရင်း၌ စကြဝဠာအဆင့် နတ်ဆိုးများပါသည်။ စကြဝဠာအဆင့် နတ်ဆိုးတိုင်း၏ ဦးခေါင်းသည် ကြီးမားသော ဂုဏ်ရည်တစ်ခုဖြစ်ကာ မည်သို့ပင်ရလာစေကာမူ တရှ၏ နောက်ဆုံးစစ်ရေးဂုဏ်ရည်ကိုသာ အသိအမှတ်ပြုသည်။ စစ်ရေးဂုဏ်ရည်နှင့် လဲလှယ်သူက နတ်ဆိုးကျွမ်းကျင်သူဖြစ်လျှင်ပင် အရေးမကြီးပေ။

ချူးယွင်ဖန်း လွှဲပြောင်းပေးအပ်ခဲ့သော စကြဝဠာအဆင့် နတ်ဆိုး၏ ဦးခေါင်းသည် စစ်ဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုကို ချက်ချင်းဖြေရှင်းပေးခဲ့သည်။ သူသည် ထူးဆန်းသော လိုက်လံဖမ်းဆီးမှုအကြောင်း ပေါ့ပေါ့တန်တန် ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့သည်။

စစ်ဝန်ကြီးဌာနက လူတချို့က သူ့ကို မယုံကြသော်လည်း သံသယဝင်၍တော့မပေ။

မည်သို့ပင်ဖြစ်စေကာမူ ထို စကြဝဠာနတ်ဆိုး၏ ဦးခေါင်းက အကောင်းဆုံးသက်သေပင်ဖြစ်သည်။ ၎င်းတို့ မည်မျှပင် မကျေမနပ်ဖြစ်ကြစေကာမူ မေးခွန်းထုတ်၍ မရပေ။

နောက်ကာလတွင် တရှ၏ နတ်ဆိုးများကို တိုက်ဖျက်သည့် နွေဦးရာသီစစ်ဆင်ရေးက ဆက်လက်ဖြစ်ပွားခဲ့သည်။ မသိလိုက်ဘဲ၊ ပေါင်းထိုင်တပ်သား ၅၀၀ သည် အပြင်းအထန်လေ့ကျင့်နေကြသည်။ နေ့စဉ်နှင့်အမျှ ရွှေအမတေအဆင့်မှ ဒြပ်မဲ့အဆင့်သို့

ကျွမ်းကျင်သူအများအပြား ဝင်ရောက်လာကြသည်။ ဗြဟ္မာသစ်သီး၏ ဆေးဖက်ဝင်အာနိသင်မှာ အံ့မခန်းဖြစ်သည်။ သူတို့၏အစွမ်းသတ္တိသည် ချူးယွင်ဖန်း၏အစွမ်းသတ္တိနှင့် မယှဉ်နိုင်သော်လည်း ချူးယွင်ဖန်းစားသုံးခဲ့သော ဗြဟ္မာသစ်သီးနှင့် အတူတူပင်ဖြစ်သည်။

ချူးယွင်ဖန်းက အတားအဆီးတစ်ခု ဆောက်လုပ်ထားသောကြောင့် ပြင်ပကမ္ဘာမှ မည်သူမျှ ဤအကြောင်းကို မသိကြပေ။

အခန်း(၁၇၉၀) နောက်ဆုံးအကြိမ်သုတ်သင်ခြင်း

လူရာပေါင်းများစွာ စုပေါင်းချီတက်မှုသည် စစ်စခန်းကို တုန်လှုပ်စေရန် လုံလောက်သည်။ စစ်သားသန်းပေါင်းများစွာ စုဝေးနေသည့်နေရာတွင်ပင် ထိုကဲ့သို့သော ချီတက်မှုသည် အလွန်ထိတ်လန့်ဖွယ်ကောင်းဆဲဖြစ်သည်။ သို့သော် ချူးယွင်ဖန်းက ၎င်းကို ဖုံးကွယ်ထားခဲ့သောကြောင့် ပေါင်းထိုင်တပ်စခန်း၌မည်သို့ဖြစ်ပျက်ခဲ့ကြောင်း မည်သူမျှ မသိရှိခဲ့ပေ။

ပေါင်းထိုင်တပ်သည် ဆယ်ရက်ကြာ သီးသန့်ကျင့်ကြံခဲ့ပြီးနောက် အချိန်များသည် မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့သည်။

ထိုအချိန်အတွင်း၌ ချူးယွင်ဖန်းက လီယွီကို ပြင်းထန်စွာဒဏ်ရာရစေခဲ့သည့် အဖြစ်အပျက်ကို တဖြည်းဖြည်းမေ့လျော့သွားခဲ့ကြသည်။ စစ်သားသန်းပေါင်းများစွာစုဝေးနေသည့် ထိုစစ်မြေပြင်၌ အံ့ဖွယ်အမှုအမျိုးမျိုးကို နေ့စဥ်ဖြစ်ပျက်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများ၌

မရေမတွက်နိုင်အောင်များပြားလှသည့် လူအမျိုးမျိုး သေဆုံးခဲ့ကြသော်လည်း တစ်ချိန်တည်း၌ပင် ထူးချွန်ထက်မြက်သူများလည်း ရှိခဲ့သည်။ ယင်းက ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကို အသုံးချ၍ ထူးချွန်သူများကို လေ့ကျင့်ပေးနေခြင်းဖြစ်သည်။

တရှသည် အထူးသဖြင့် စစ်တပ်တွင် အမြဲတမ်း ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည်။ ၎င်းတို့က တိုးတက်မှုလမ်းကြောင်းကို ချောမွေ့စွာ ထိန်းသိမ်းထားသည်။ လုံလောက်သော အရည်အချင်းရှိ၍ လုံလောက်သော ပံ့ပိုးကူညီမှုများ ပြုလုပ်သရွေ့ ၎င်းတို့သည် အမြဲတမ်း တိုးတက်လာနိုင်သည်။ ဤကဲ့သို့သော လူအနည်းငယ်သာ ရှိသော်လည်း၊ စစ်မှန်သော အရည်အချင်းရှိသူများကို ဂိုဏ်းကြီးအမျိုးမျိုး သို့မဟုတ် တရှ၏ ဧကရာဇ်တရားရုံးမှပင် ငယ်ရွယ်စဉ်ကတည်းက ရွေးချယ်လေ့ရှိသည်။ ဤလူများကို ငယ်ရွယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့ကြသည်။

ကျယ်ပြောလှသော သမုဒ္ဒရာ၏ စစ်မှန်သော ပုလဲသည် အလွန်ရှားပါးသည်။ သို့သော်

စစ်သားအရေအတွက် များပြားလွန်းသဖြင့် ပုလဲရွေးချယ်မှု၏ အတိုင်းအတာကို တရှ တပ်မတော်တစ်ခုလုံးအထိ တိုးချဲ့လိုက်သောအခါ ထိုလူများသည် အဆုံးမဲ့ ရေစီးကျောင်းထဲ၌ ပေါ်ထွက်လာခဲ့ကြသည်။

ထို့အပြင် လူအများစုက နောက်ကျမှ ထွက်လာကြသူများဖြစ်သော်လည်း ထူးချွန်ထက်မြက်ကြသည်။ ပေါင်းထိုင်တပ်စခန်းကိစ္စကို မျက်စိတစ်မှိတ်အတွင်း မေ့ပျောက်သွားခဲ့ကြသည်။

လီချန်းယွမ်သည် ပေါင်တိုင်းတပ်စခန်းကို အခက်ခဲဆုံးရှေ့တန်းသို့ ပြောင်းရွှေ့ရန် ကြိုးစားနေသော်လည်း မဟာကွပ်ကဲရေးရုံးမှ လျင်မြန်စွာ ငြင်းပယ်ခဲ့သည်။ လူအများ၏အမြင်တွင် ပေါင်တိုင်းတပ်စခန်းသည် တတိယတန်းဒေသခံတပ်စခန်းတစ်ခုသာဖြစ်သည်။ မဟာကွပ်ကဲရေးရုံးသည် ထိုကဲ့သို့သောအဖွဲ့ကို အသက်ပေးစေလွှတ်ရန်ထိ မမိုက်မဲပေ။ ထိုသို့လုပ်ရန်လည်းမလိုအပ်ပေ။

လူအများ၏ အမြင်၌ ပေါင်းထိုင်တပ်ကို ဤနေရာသို့ပြောင်းလာခြင်းက မတော်တဆမှုတစ်ခုဖြစ်သည်။

အဓိကစခန်းများမှ ကင်းသမားများပင် ဒုတိယတန်းစားတပ်များဖြစ်သည်။

ပေါင်းထိုင်တပ်သည် စစ်ရေးရိက္ခာများပို့ဆောင်ရန်ပင် အရည်အချင်းမရှိပေ။

ဆယ်ရက်အကြာတွင် ပေါင်းထိုင်စစ်သားများသည် ကြီးမားသောပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရသည်။ ချူးယွင်ဖန်းလည်း အလုပ်မလုပ်ဘဲမနေခဲ့ပေ။ သူသည် စစ်သားများ၏ ခွန်အားတိုးပွားစေရန်အတွက် ဗြဟ္မာသီးကို ချေဖျက်ရာတွင် ကူညီပေးသည့်အပြင် ဆေးလုံးများစွာလည်း ပေးခဲ့သည်။ တပ်တစ်ခုလုံးကို ဒြပ်မဲ့အဆင့်သို့ မြှင့်တင်ရန် ဆယ်ရက်လုံးလုံး အချိန်ယူခဲ့ရသည်။ ၎င်းတို့သည် ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရပြီး အလွန်အစွမ်းထက်ခဲ့သည်။

ဤအချိန်တွင် ပေါင်းထိုင်တပ်သည် မဟာကွပ်ကဲမှုရုံးမှ အမိန့်ကို လက်ခံရရှိခဲ့သည်။ ၎င်းတို့အားလုံးသည် နတ်ဆိုးဒေသကို နောက်ဆုံးစစ်ဆင်ရေးလုပ်ဆောင်ရန် ထွက်သွားရမည်ဖြစ်ကာ ဤနွေဦးရာသီ၏ နောက်ဆုံးစစ်ဆင်ရေးဖြစ်လိမ့်မည်။

ခဏအကြာ၌ ကျယ်လောင်၍ သီးခြားဆန်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

တရှတပ်မတော်သည် ၎င်းတို့၏ တပ်များကို လေ့ကျင့်ရန် ရှေ့တန်းသို့ တပ်များစေလွှတ်သည့် ယခင်နည်းလမ်းကို ပြောင်းလဲခဲ့သည်။ စစ်သားသန်းပေါင်းများစွာသည် လေထဲတွင် ပျံသန်းနေကြပြီး တရှရှိ စစ်မြင်းများစွာသည် ခိုင်မာသောခြေလှမ်းများဖြင့် ရှေ့သို့ လျှောက်လှမ်းနေကြသည်။

တပ်၏နောက်ဘက်တွင်ရှိသော ချူးယွင်ဖန်းသည် သူ၏မြင်းပေါ်သို့ ခုန်တက်လိုက်ကာ လက်သီးလက်မောင်းတန်း၍ အော်လိုက်သည်။

"အားလုံးပဲ၊ တိုက်ခိုက်ကြ! လူသားတွေက ကျော်ကြားမှုနဲ့ ဂုဏ်သိက္ခာကို ရှာဖွေကြတယ်။ ဒီနေ့ဟာ ငါတို့အတွက် ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပြီး ငါတို့ရဲ့ဘိုးဘေးတွေအတွက် ဂုဏ်သိက္ခာကို ယူဆောင်လာဖို့ အခွင့်အရေးကောင်းပဲ။ သားရဲတွေကို သတ်ပြီး လူသားမျိုးနွယ်ကို ကာကွယ်ကြ!" သူအော်လိုက်သောအခါ ပေါင်းထိုင်တပ်တစ်ခုလုံးက သူနှင့်အတူ ချီတက်လာသည်။

တရှက မည်သည့်လှည့်ကွက်မျှမသုံးထားပေ။ ၎င်းတို့၏ အစွမ်းသတ္တိတစ်ခုတည်းဖြင့် ရန်သူအားလုံးကို သုတ်သင်ရှင်းလင်းပစ်ရန် လုံလောက်သည်။

"သူတို့ကို သတ်လိုက်!"

မရေမတွက်နိုင်သော လူသားနှင့် နတ်ဆိုးများ၏ ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားသည်။ ပထမဆုံးတိုက်ခိုက်သည့်အရာမှာ စစ်တပ်၏နောက်ဘက်မှ မိုးသည်းထန်စွာရွာသွန်းသကဲ့သို့ ထွက်ပေါ်လာသော မရေမတွက်နိုင်သော မြားများဖြစ်သည်။ ၎င်းတို့သည် သန်းပေါင်းများစွာသော စစ်သားများထဲတွင် အထူးချွန်ဆုံး နတ်လေးသမားများဖြစ်ကြသည်။ တရှရှိ

အကောင်းဆုံးမြားပစ်သမားများသာ ၎င်းတို့နှင့်ပူးပေါင်းနိုင်သည်။ စစ်သား ၂၀၀,၀၀၀ ဆိုသည်မှာ မများသော်လည်း ရန်သူတိုင်းအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်သည်။

အသက်အနည်းငယ်ရှုစာအချိန်အတွင်း၌ မြားလှိုင်းခြောက်ခုက အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ထိုမိုးရေထဲ၌ မြှားတိုင်းသည် နတ်စွမ်းအားများနှင့် ဖုံးလွှမ်းနေကာ ဒုံးကျည်တစ်စင်းကဲ့သို့ ထင်ရသည်။

မြားတစ်သန်းကျော်က မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ထိုမြားတပ်ကြောင့် မရေမတွက်နိုင်အောင်များပြားသော သားရဲများ လုံးဝရှုံးနိမ့်သွားခဲ့သည်။

တစ်ချိန်က စစ်မြေပြင်ကို လွှမ်းမိုးခဲ့သော ဤသားရဲများသည် ပုံမှန်စစ်သားသန်းပေါင်းများစွာ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိကြပေ။ သို့သော် မကြာမီတွင် နတ်ဆိုးများ၏ စစ်မှန်သော လက်ရွေးစင်များ ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲများသည် စစ်တပ်တစ်ခုတွင် စီတန်းနေကြသည်။ ဤအချိန်တွင်၊ အကြံအစည်များအားလုံးသည် အသုံးမဝင်တော့ပေ။ ၎င်းတို့သည် စစ်မှန်သော ခွန်အားကိုသာ အားကိုးနိုင်ပြီး ထိပ်တိုက်တိုက်ခိုက်နိုင်ကြသည်။

သံချပ်ကာဝတ်ထားသော ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများသည် သန်းပေါင်းများစွာသော အင်အားရှိသော တရှတပ်မတော်ဆီသို့ တစ်ကောင်ပြီးတစ်ကောင် ချီတက်လာကြသည်။ ဤကြောက်မက်ဖွယ်ကောင်းသော စစ်သားရဲတစ်ကောင်ချင်းစီတွင် စကြဝဠာအဆင့် အစွမ်းသတ္တိရှိသည်။ ဤစစ်သားရဲများ၏ နောက်ကွယ်တွင် နတ်ဆိုးထိပ်တန်းတပ်သားများစွာသည် အလွန်စနစ်တကျ ချီတက်လာကြသည်။

မကြာမီတွင် ချူးယွင်ဖန်း၏ ပေါင်းထိုင်တပ်သည် တိုက်ပွဲ၏ ရှေ့တန်းသို့ ရောက်ရှိလာခဲ့ကာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ လျင်မြန်စွာ သဘောပေါက်လိုက်သည်။

တရှ တပ်မတော်တစ်ခုလုံးက ယှဉ်နိုင်စရာမရှိသော ဧရာမတပ်စုတစ်ခုကို ဖွဲ့စည်းခဲ့သည်။

ယင်းက ကြိတ်ဆုံတစ်လုံးကဲ့သို့ သားရဲများကို အဆက်မပြတ်သတ်ဖြတ်နေသည်။

သို့သော် ပေါင်းထိုင်တပ်မပါဝင်ပေ။ မည်သည့်နေရာသို့ ချီတက်ရမည်ကို အကြောင်းကြားပေးမည့် သတင်းပေးသူပင် မရှိပေ။

ယင်းက သန်းနှင့်ချီသော စစ်တပ်၌ ပုံမှန်မဟုတ်သော ကိစ္စဖြစ်၍ ထိုတိုက်ပွဲကို တာဝန်ယူထားသူက တရှ၏ အမြင့်ဆုံးရာထူးရှိသော စစ်ဦးစီးချုပ်ဖြစ်ကာ မဟာကွပ်ကဲရေးမှူးလည်းဖြစ်သည်။ သူ၏ ထိန်းချုပ်မှုအောက်၌ သန်းချီအင်အားရှိသော စစ်တပ်က သူလက်သူ့ခြေကဲ့သို့ လျင်မြန်ဖျတ်လတ်သည်။ ထိုအခြေအနေက အလွန်အမင်းကို လွန်ကဲလွန်း၏။

အခန်း(၁၇၉၁) အမှိုက်

ပေါင်းထိုင်မြို့စောင့်တပ်ကို မေ့လျော့ထားခဲ့သည်။

ချူးယွင်ဖန်း၏ မျက်နှာအမူအရာ ရုတ်တရက်ပြောင်းလဲသွားသည်။ ဤအချိန်တွင် ပိုမိုများပြားသော သားရဲများ ၎င်းတို့ ပတ်ပတ်လည်၌ စုဝေးလာကြသည်။ စစ်သားရဲတစ်ကောင်သည် ထောင်ပေါင်းများစွာသော လက်ရွေးစင်နတ်ဆိုးများကို ဦးဆောင်ကာ ဤတစ်ကိုယ်တော်တပ်ဆီသို့ အပြေးအလွှားသွားလာသည်။ အပြင်ဘက်တွင် ကျဆုံးသွားသော ဤတပ်ငယ်လေးကို ဝါးမျိုလိုကြောင်း ထင်ရှားသည်။

ဤအချိန်တွင် ကောင်းကင်ယံရှိ ရထားလုံးတစ်လုံးပေါ်၌ လီချန်းယွမ်သည် ကြီးမားသော စစ်တပ်အစွန်းတွင် ရှိနေသည့် ပေါင်တိုင်းတပ်စခန်းကို ကြည့်လိုက်ပြီး သူ့မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ဤသည်မှာ သဘာဝအတိုင်း သူ၏လုပ်ရပ်ဖြစ်သည်။ သူကိုယ်တိုင် လုပ်ရန်မလိုအပ်ပေ။ အရေးမပါသော အဖွဲ့တစ်ဖွဲ့ကို သူသတင်းမပို့သရွေ့ ချူးယွင်ဖန်းအား ထာဝရငရဲသို့ ပို့ရန် လုံလောက်သည်။

အကြီးတန်းကွပ်ကဲရေးရုံး၏ ရာထူးအမြင့်ဆုံးအရာရှိအနေဖြင့် အကြီးတန်းကွပ်ကဲရေးမှူးသည် အဘယ်ကြောင့် သာမန်တတိယတန်းတပ်စခန်းတစ်ခုကိုသာ အာရုံစိုက်နေရသနည်း။ ထို့ကြောင့် သူ၏ အစီအစဥ်တွင် ပေါင်းထိုင်တပ်စခန်းမရှိပေ။

လီချန်းယွမ်သည် တိုက်ရိုက်လှုပ်ရှားမှုမလုပ်နိုင်သော်လည်း ချူးယွင်ဖန်းကိုသတ်ရန် လုံလောက်သည်။ ချူးယွင်ဖန်း တိတ်ဆိတ်စွာသေဆုံးသွားပါက ကြယ်ကြွေကောင်းကင်ဂိုဏ်းကပင် သူ့ကိုအပြစ်တင်နိုင်မည်မဟုတ်ပေ။ စစ်သားသန်းပေါင်းများစွာ လှည့်လည်သွားလာနေသော စစ်မြေပြင်တွင် မင်းမျိုးမင်းနွယ်တစ်ဦးပင် သေဆုံးနိုင်သည်။ ထိုအကြောင်းတွေး၍ လီချန်းယွမ် စိတ်သက်သာရာရသွားသည်။ သူ့နောက်ကွယ်၌ မိုးတိမ်များထဲတွင် ထိပ်တန်းတပ်တစ်တပ်က ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်သည်။

"သွားကြစို့!" သူကြုံးဝါးလိုက်သည်။

သူ့နောက်၌ အထူးတပ်ဖွဲ့ဝင် ၅၀၀၀၀ က လျှပ်စီး၏ အမြန်နှုန်းနှင့် စတင်တိုက်ခိုက်ခဲ့သည်။

သူကိုယ်တိုင်ကလည်း မြားတစ်စင်းကဲ့သို့ ပြေးထွက်လာကာ နတ်ဆိုးအုပ်စုကြားထဲသို့ဝင်သွားသည်။ သူ့လက်ထဲက ဓားရှည်က ကမ္ဘာကြီးကို ဖျက်ဆီးလိုက်သည်။ ရိုးရှင်းသော ဓားချက်ဖြစ်သော်လည်း ဧရာမစစ်သားရဲများကို ချက်ချင်း ထက်ခြမ်းကွဲသွားစေသည်။ ထိုကြောက်မက်ဖွယ်စစ်မြေပြင်က သူလွတ်လပ်စွာသွားလာနိုင်သည့် ကမ္ဘာတစ်ခုဖြစ်လာသည်။

ချူးယွင်ဖန်းက သူ့ဆီချီတက်လာသော နတ်ဆိုးအဖွဲ့ငယ်လေးကို အေးစက်စွာကြည့်လိုက်သည်။ သူ့မျက်လုံးများက အေးခဲနေသည်။ ဤကဲ့သို့သော တပ်စုတစ်ခုသည် သူ့ကို သတ်ရန် မလုံလောက်ပေ။ သူ၏ခွန်အားဖြင့် သူသည် တိုက်ပွဲတစ်ခုလုံးကို လွှမ်းမိုးနိုင်သည်။ ထို့အပြင်၊ ပေါင်းထိုင်တပ်၏ ခွန်အားသည် ကမ္ဘာကို တုန်လှုပ်စေသော ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရသည်။

လီချန်းယွမ်က သူ့ကို ဤသို့သော လှည့်ကွက်ဖြင့်သတ်ရန် ကြိုးစားခဲ့ခြင်းသည် အမှန်တကယ်ပင် အိပ်မက်တစ်ခုဖြစ်သည်။

"အသင့်ပြင်ထား! မြှားတွေ… ပစ်” ချူးယွင်ဖန်းက အော်လျက် မျက်နှာအမူအရာက အေးစက်သွားသည်။

ချက်ချင်းပင်၊ ပေါင်းထိုင်တပ်သည် ၎င်းတို့၏ လေးများနှင့် မြားများကို ထုတ်ယူ၍ မြားရာပေါင်းများစွာ ရွာကျလာသည်။ ဒြပ်မဲ့အဆင့်တစ်ရာခန့်သည် အံ့မခန်းစွမ်းအားဖြင့် သားရဲတပ်ကို ပစ်ခတ်လိုက်သည်။ ချက်ချင်းပင် သားရဲတပ်က အကြီးအကျယ် ထိခိုက်ဒဏ်ရာရခဲ့ကာ ထပ်ထဲ၌ သားရဲတစ်ထောင်ကျော်ရှိသည့်တိုင် ၎င်းတို့၏ ကျင့်ကြံမှုက ရွှေအမတေအဆင့်၌သာရှိသည်။

၎င်းတို့က ပေါင်တိုင်းတပ်နှင့် မည်သို့ယှဥ်နိုင်မည်နည်း။

ဤအချိန်တွင် အထပ်ပေါင်းများစွာအမြင့်ရှိသော ဧရာမသတ္တဝါကြီးတစ်ကောင်သည် ဖုန်မှုန့်များကြားမှ တဟုန်ထိုးပြေးဝင်လာပြီး ပေါင်းထိုင်တပ်စခန်းဆီသို့ အပြေးအလွှားသွားလေသည်။

"တပ်စုဖွဲ့ပြီး တပ်မတော်ဝိဉာက်နဲ့တိုက်ကြ” ချူးယွင်ဖန်း အော်ပြောလိုက်သည်။

သူ၏ စစ်ရေးဗဟုသုတနှင့်ဆိုပါက စစ်သား ရာဂဏန်းအနည်းငယ်ကို အမိန့်ပေးရခြင်းက မည်သို့မျှမဟုတ်ပေ။

ဤအချိန်တွင်၊ ပေါင်းထိုင်တပ်၏အထက်တွင် တပ်မတော်ဝိညာဉ်တစ်ခုပေါ်လာသည်။ ဤတပ်မတော်ဝိညာဉ်သည် ပေါင်းထိုင်တပ်ကိုဖုံးလွှမ်းပြီး ဤကြီးမားသောစစ်သားရဲနှင့်တိုက်မိသွားသည်။

ဘမ်း

ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခုသည် ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ချူးယွင်ဖန်းက စောင့်ကြည့်နေသော်လည်း လှုပ်ရှားမှုမပြုခဲ့ပေ။ သူ့အမြင်တွင် ဤရက်စက်ကြမ်းကြုတ်သောတိုက်ပွဲသည် ပေါင်တိုင်းတပ်ကို လေ့ကျင့်ပေးရန် အခွင့်အရေးတစ်ခုဖြစ်သည်။

ပေါင်တိုင်းစစ်သားများသည် ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ခံရပြီးနောက် ခြေလှမ်းအနည်းငယ်ဆုတ်ခွာသွားကြသည်။ ၎င်းတို့သည် ၎င်းတို့၏တပ်တစ်ခုလုံးကို အသုံးပြု၍ ဤမျှကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို တားဆီးခဲ့ကြသည်။ လူတိုင်းသည် ပြင်းထန်သောထိုးနှက်ချက်တစ်ခု၏ တိုက်ခိုက်မှုကို ခံရသကဲ့သို့ ခံစားခဲ့ကြသော်လည်း မည်သူမျှ အရှုံးမပေးခဲ့ကြပေ။

ချူးယွင်ဖန်းသည် တပ်အလယ်တွင် ရပ်နေကာ ဧရာမတပ်မတော်ဝိညာဉ်နှင့် စစ်သားရဲတို့ကြား တိုက်ပွဲကို အေးစက်စွာ ကြည့်နေသည်။ တစ်ချိန်တည်း၌ အခြားသားရဲများစွာက အစုအဝေးတစ်ခုအနေဖြင့် ပြေးဝင်လာကြသည်။

ရုတ်တရက် ချူးယွင်ဖန်း၏အမြင်အာရုံသည် ဝေဝါးသွားပြီးနောက် ပုံရိပ်တစ်ခုသည် သူ့ရှေ့သို့ ပြေးဝင်လာသည်။ ထို့နောက် သွေးနီရောင်ပုံရိပ်တစ်ခု လင်းလက်သွားပြီး သွေးနီရောင်အလင်းတန်းတစ်ခု ချူးယွင်ဖန်း၏ဦးခေါင်းဆီသို့ ဖြာကျလာသည်ကို မြင်လိုက်ရသည်။

"သေစမ်း၊ ခွေးမသား”

ယှဉ်နိုင်စရာမရှိသော ကျယ်လောင်သော ကြုံးဝါးသံနှင့်အတူ ချူးယွင်ဖန်း၏ ခေါင်းကို ခုတ်ဖြတ်တော့မည့် ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။

ချွင်

ကျယ်လောင်သော တိုက်မိသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ချူးယွင်ဖန်းသည် ဓားကို ကာကွယ်ရန် လက်ကို မြှောက်လိုက်သည်။ ဓားသွားသည် အလွန်မြန်သော်လည်း သူ အလွယ်တကူ ကာကွယ်နိုင်ခဲ့သည်။

ဤအချိန်တွင် သွေးနီရောင်ပုံရိပ်သည် နောက်ဆုံးတွင် ပေါ်လာခဲ့သည်။ ၎င်းသည် သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူသားတစ်ဦးနှင့်တူသော ပုံရိပ်ဖြစ်သည်။

"သေစမ်း! ဒါ နတ်ဆိုးနတ်ဘုရားဂိုဏ်းပဲ!"

ယုချူးယွင်က လူသတ်သမားကို ချက်ချင်းသတိထားမိကာ ဒေါသထွက်လာသည်။

နတ်ဆိုးနတ်ဘုရားဂိုဏ်းက အလွန်ရဲတင်းလွန်းလှကာ ဤသို့စစ်မြေပြင်၌ပေါ်လာရဲသည်။

၎င်းတို့က ခေါင်းဆောင်ကို ဦးစွာတိုက်ခိုက်ချင်ကြခြင်းဖြစ်ကာ ချူးယွင်ဖန်း သေသရွေ့ ပေါင်းထိုင်တပ်က အဆုံးသတ်သွားလိမ့်မည်။

ဒီလူသတ်သမားက စကြဝဠာအဆင့်ပဲ!

ယုချူးယွင်က ဒြပ်မဲ့ကျွမ်းကျင်နှောင်းပိုင်းအဆင့်သို့ရောက်နေပြီဖြစ်ကာ ဤသူသည်မူ စကြဝဠာအဆင့်ဖြစ်သည်။

နတ်ဆိုးနတ်ဘုရားဂိုဏ်းမှ လူသတ်သမားမှာ အံ့အားသင့်သွားသည်။ သူ၏ အပြည့်အဝစွမ်းအားရှိသော တိုက်ခိုက်မှုသည် ချူးယွင်ဖန်းကို တစ်ချက်လေးမျှပင် ထိခိုက်စေနိုင်လိမ့်မည်ဟု သူဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ပေ။

“ချီးပဲ”

ထိုလုပ်ကြံသူက နတ်ဆိုးများအပေါ် အလွန်စိတ်အားထက်သန်သော်လည်း ပျားအုံကို ကန်မိပြီဖြစ်ကြောင်းသိလိုက်သည်။ ထို့ကြောင့် သူချက်ချင်း အနီရောင်ရောင်ခြည်အဖြစ်ပြောင်းလဲ၍ ထွက်ပြေးချင်စိတ်ပေါက်လာသည်။

ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"မင်းထွက်သွားဖို့ နောက်ကျသွားပြီ!"

ချူးယွင်ဖန်းက သူ့လက်ကိုဆန့်ထုတ်၍ ထိုလုပ်ကြံသူ၏ လည်ပင်းကို ဆွဲညှစ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်၌ စာလုံးတစ်လုံးပေါ်လာ၏။

ဘမ်း

နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်သူသည် သစ်တုံးတစ်တုံးကဲ့သို့ မလှုပ်ရှားနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

"အမှိုက်ပဲ" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။

All Chapters