← Chapters

အခန်း (၁၇၉၂-၁၇၉၄)

Vol. 120 Ch. 1792-1794

အခန်း (၁၇၉၂-၁၇၉၄)

Vol. 120 Ch. 1792-1794

အခန်း(၁၇၉၂) ချူးယွင်ဖန်း၏ ထိတ်လန့်ဖွယ် အမိန့်များ

စကြဝဠာအဆင့်ရှိ နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ ဤလုပ်ကြံသူသည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါတွင် ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိပေ။ ဤလုပ်ကြံသူသည် စကြဝဠာအဆင့်သို့ ဝင်ရောက်ခါစသာ ရှိသေး၏။ သို့သော် ချူးယွင်ဖန်း၏ အစွမ်းဖြင့် သာမန်စကြဝဠာအဆင့်များ သတိမထားပါက ချုံခိုတိုက်ခိုက်ခံရလိမ့်မည်။

ကံမကောင်းစွာဖြင့် လုပ်ကြံသူသည် ထူးဆန်းသူတစ်ဦးနှင့်ကြုံတွေ့ခဲ့ရသည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုအဆင့်က စကြဝဠာအဆင့်သို့မ‌ရောက်သေးသော်လည်း တိုက်ခိုက်ရေးအစွမ်းအရ သာမန် စကြဝဠာအဆင့်များသည် သူ့ကို အ နိုင်ယူရန် မလုံလောက်ပေ။

လုပ်ကြံသတ်ဖြတ်မှု၏ အဓိကသော့ချက်က တိုက်ခိုက်မှု မအောင်မြင်သောအခါ မိုင်ထောင်ပေါင်းများစွာသို့ ထွက်ပြေးရန်ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ချူးယွင်ဖန်းက သူ့ထက် များစွာ ပိုမြန်ကာ သူမတုံ့ပြန်နိုင်ခင်၌ပင် ရှုံးနိမ့်သွားခဲ့သည်။ သို့သော်လည်း နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ စကြဝဠာအဆင့်လူသတ်သမားတစ်ယောက်သည် အသက်ရှင်လျက်ရှိခြင်းက သေဆုံးခြင်းထက် များစွာ ပိုတန်ဖိုးရှိသည်။

ချက်ချင်းပင် ကိုယ်ပိုင်အစောင့်တစ်ဦး ရှေ့သို့ထွက်လာ၍ လူသတ်သမားကို ချည်နှောင်လိုက်သည်။ ဤအရာအားလုံးသည် ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်တကယ်တွင် အသက်ရှုစာအနည်းငယ်သာကြာခဲ့သည်။ ပတ်ဝန်းကျင်ရှိ အစောင့်များသည် ချူးယွင်ဖန်းကို အလွန်အမင်း စွဲလမ်းသော အမူအရာများဖြင့် ကြည့်နေကြသည်။ သူ၏ ခွန်အားသည် ပို၍ပင် မယုံနိုင်လောက်အောင် ကြီးမားလာသည်။

နတ်ဆိုးနတ်ဘုရားဂိုဏ်းက ကျွမ်းကျင်သူတစ်ယောက်ကို အနိုင်ယူရန် ၎င်းတို့ များစွာ ကြိုးစားအားထုတ်ကြရလိမ့်မည်။ သို့သော် ချူးယွင်ဖန်းက နတ်ဆိုးနတ်ဘုရားဂိုဏ်း၏ စကြဝဠာအဆင့်ရှိသူကို ပေါ့ပေါ့ပါးပါးလည်ပင်းညှစ်ထားရုံဖြင့် အမှိုက်အဖြစ်ပြောင်းလဲပစ်ခဲ့သည်။

ချူးယွင်ဖန်းနောက်သို့ ယခင်ကလိုက်ခဲ့သော ယုချူးယွင်နှင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းသားအချို့က ပို၍ပင် အံ့သြသွားကြသည်။ ယခု ချူးယွင်ဖန်းက ဝမ်ယိဖန်ကို အဘယ်ကြောင့် အလေးအနက်မထားခဲ့သည်ကို ၎င်းတို့ နားလည်သွားကြသည်။

ဧရာမစစ်သားရဲနှင့် ပေါင်းထိုင်တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသည်။ သူတို့တိုက်ခိုက်သည်နှင့်အမျှ ၎င်းတို့၏ အတွေ့အကြုံများ တဖြည်းဖြည်းတိုးလာကာ ၎င်းတို့၏အနေအထားကို လျင်မြန်စွာတည်ငြိမ်စေခဲ့သည်။ ၎င်းတို့ဆီသို့ ပြေးလာသော သားရဲများကိုပင် တန်ပြန်တိုက်ခိုက်နိုင်သည်။

ချူးယွင်ဖန်းသည် တပ်စုအလယ်တွင်ရှိနေ၍ တပ်စုကို အဆက်မပြတ်ပြောင်းလဲနေသောကြောင့် ထိပ်တန်းနတ်ဆိုးတပ်များကို ကြီးမားသောပျက်စီးဆုံးရှုံးမှုများဖြစ်စေခဲ့သည်။ တင်းကျပ်သောလေ့ကျင့်မှုကြောင့် စစ်သားသန်းပေါင်းများစွာတိုက်ခိုက်နေသော စစ်မြေပြင်တွင်ပင် ပေါင်းထိုင်တပ်သည် အစီအစဉ်တကျရှိနေဆဲဖြစ်သည်။

အားလုံးက ထိုအရေးကြီးသော အခိုက်အတန့်၌ စစ်မြေပြင်ကို ပြောင်းလဲခဲ့ကြကာ တစ်ချိန်တည်း၌ပင် တပ်စခန်းက မြှားတပ်စုအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်ကာ နောက်တစ်ချိန်၌ မြွေတပ်စုအရှည်ကြီးအဖြစ်ပြောင်းလဲသွားသည်။ ချူးယွင်ဖန်း၏ အမိန့်အောက်၌ တပ်စုအများအပြားကို အလွယ်တကူ ပြောင်းလဲနိုင်ခဲ့သည်။ ထို့အပြင်၊ ပေါင်းထိုင်စစ်သားများသည် အနည်းဆုံး ဒြပ်မဲ့အဆင့်သို့ရောက်နေကြပြီဖြစ်သည်။ ၎င်းတို့က ထို သားရဲများထက် များစွာပိုသန်မာကာ ထိခိုက်ဒဏ်ရာရသူလည်းမရှိပေ။

အသားကြိတ်စက်ကဲ့သို့ပင်၊ ပေါင်တိုင်းတပ်သည် ခုန်အုပ်လာသော ဤသားရဲများကို အလွယ်တကူ သတ်ပစ်ခဲ့သည်။

ယုချူးယွင်က ချူးယွင်ဖန်းကို ပါးစပ်အဟောင်းသားကြည့်လိုက်သည်။

ချူးယွင်ဖန်းက စစ်တပ်ကို မိုးတိမ်များနှင့် ရေစီးများကဲ့သို့ အမိန့်ပေးနေသည်ကို သူကြည့်နေမိသည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးအတွက်ပင် တပည့်များအတွက် စစ်ရေးစာအုပ်အချို့ ရှိသော်လည်း အမှန်တကယ် ဖတ်ရှုမည့်သူ အလွန်နည်းပါးပါသည်။ နေ့စဉ်လေ့ကျင့်ခြင်းတစ်ခုတည်းဖြင့် အချိန်များစွာ ကုန်သွားနိုင်သည်။ သူတို့တွင် ဤသင်တန်းကို မည်သို့လေ့လာရန် အချိန်ရှိနိုင်မည်နည်း။ ယုချူးယွင်ပင် ဂိုဏ်းမှ ထွက်ခွာသွားခြင်းမပြုမီ အခြေခံစစ်ရေးစာအုပ်များကိုသာ ဖတ်ဖူးပြီး ချီတက်ခြင်းနှင့် တိုက်ခိုက်ခြင်းအကြောင်း အချို့ကို ကောင်းစွာ သိရှိထားသည်။

ထို့အပြင်၊ ထိုစာအုပ်များကို အမှန်တကယ်နားလည်သည့်တိုင် အံ့သြဖွယ်ရာ အောင်မြင်မှုများရရှိရန် ခက်ခဲလိမ့်မည်။ အဆုံးစွန်အားဖြင့်၊ စစ်ပွဲဆိုင်ရာ စစ်မှန်သောစာအုပ်များ၏ အနှစ်သာရကို မင်းမျိုးမင်းနွယ်မိသားစုများတွင် ဝှက်ထားပြီး မိသားစု၏ တိုက်ရိုက်ဆုံးမျိုးဆက်များအတွက်သာ ဖွင့်လှစ်ထားမည်ဖြစ်သည်။ ပြင်ပလူများသည် ၎င်းကို မသင်ယူနိုင်ဘဲ သာမန်အရာအချို့ကိုသာ သင်ယူနိုင်သည်။ ဩဇာကြီးမားသော တပ်မှူးတစ်ဦးနှင့် တွေ့ဆုံပါက ၎င်းတို့သည် အချိန်တိုအတွင်း အသတ်ခံရလိမ့်မည်။

သို့သော် ချူးယွင်ဖန်းသည် စစ်တပ်သို့ ဝင်ရောက်ခါစကဲ့သို့ မထင်ရပေ။ သူသည် စစ်မှုထမ်းဟောင်းတစ်ဦးကဲ့သို့ ထင်ရှားသိသာကာ ဖွဲ့စည်းပုံနှင့် ပျက်စီးမှုအမျိုးမျိုးကို သိသည်။ သူ မည်သို့လုပ်ဆောင်ခဲ့သနည်း။ ပါရမီရှိခြင်းကဲ့သို့ ရိုးရှင်းခြင်းမဟုတ်ပေ။ သူ တကယ့်တိုက်ပွဲအတွေ့အကြုံများစွာ လိုအပ်သည်။ မဟုတ်ပါက သီအိုရီများသာ ဖြစ်လိမ့်မည်။ တကယ့်တိုက်ပွဲတွင် ကြုံတွေ့ရသော ပြဿနာများသည် စစ်ရေးစာအုပ်များကဲ့သို့ ရိုးရှင်းမှုမရှိပေ။

ချူးယွင်ဖန်း လာခဲ့သောနေရာက လက်ရှိ တရှနှင့် လုံးဝကွာခြားသည်ကို ယုချူးယွင် ဘယ်သောအခါမျှ သိနိုင်မည်မဟုတ်ပေ။ လူတိုင်းကို အရည်အချင်းများ ပျိုးထောင်ပေးရန်န အလေးပေးပြောကြားခဲ့သည်။ လူတိုင်းက ကောင်းကင်နှင့်‌မြေကြီးကိုသိသော နဂါးတစ်ကောင်ကဲ့သို့ပင် အရာရာ၌ ထူးချွန်သူများဟုပြော၍ရသည်။

ခွန်အားအရဆိုလျှင် ၎င်းတို့ကို တရှနှင့် နှိုင်းယှဥ်၍ မရပေ။ သို့သော် ဤကိစ္စ၌မူ တရှကမယှဥ်နိုင်ပေ။

ချူးယွင်ဖန်းသည် နတ်ဘုရား၏အကူအညီကို ရရှိခဲ့ရာ သူ၏နားလည်နိုင်စွမ်းသည် သာမန်လူများ၏ အတွေးထက် များစွာကျော်သွားသည်။ ထို့အပြင် သူသည် ပြည်ထောင်စု၌ စစ်ရေးခရီးစဉ်များစွာကို ဦးဆောင်ခဲ့သည်။ စစ်ရေးစွမ်းရည်အရ ချူးယွင်ဖန်း၏ အောင်မြင်မှုများကို သူ့မျိုးဆက်၏ ပါရမီရှင်တစ်ဦးဟု ခေါ်ဆိုနိုင်သည်။

ဘမ်း

ပေါင်းထိုင်စစ်သားများက ပိုမိုအားကောင်းလာကြသည်။ ပြင်းထန်သောတိုက်ပွဲများအပြီးတွင် စစ်တပ်ဝိညာဉ်၏ လှံရှည်သည် စစ်သားရဲပေါ်သို့ ဆင်းသက်ကာ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုသတ္တဝါသည် သွေးအန်လုမတက် အော်ဟစ်လျက် မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားသည်။

လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့၏ကိုယ်ပိုင်အစွမ်းဖြင့် စကြဝဠာအဆင့်သားရဲတစ်ကောင်ကို သတ်ခဲ့ခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ ၎င်းတို့၏နှလုံးသားတွင် တစ်စုံတစ်ခုထည့်သွင်းထားသကဲ့သို့ ခံစားလိုက်ရသည်။ ကျိန်းသေ အနိုင်ရမည်ဟူသော ယုံကြည်ချက်ဖြစ်သည်။ ဤယုံကြည်မှုသည် လေထဲတွင် ပေါက်ဖွားလာခြင်းမဟုတ်ဘဲ အဆုံးမရှိ အောင်ပွဲများမှတစ်ဆင့် စုဆောင်းရန် လိုအပ်သည်။

ဤတစ်ကြိမ်၌ ၎င်းတို့က ချူးယွင်ဖန်းကို အားကိုးရန်မလိုတော့ဘဲ ၎င်းတို့၏ စည်းလုံးညီညွတ်မှုကိုသာ အားကိုးနေရသည်။ စကြဝဠာစစ်သားရဲတစ်ကောင်ကို သတ်ရန် ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစကို အားကိုးခြင်းဖြင့် ၎င်းတို့သည် ကြီးမားသော ပံ့ပိုးကူညီမှုတစ်ခုလုပ်ခဲ့သည်ဟု ပြောနိုင်သည်။ အနည်းဆုံးအနေဖြင့် အားလုံးစုပေါင်းကာ တတိယအဆင့်ဂုဏ်ထူးဆောင်ဆုကို ရနိုင်မည်ဖြစ်သည်။ ၎င်းတို့အားလုံး ရာထူးတိုးမြှင့်ခံရကာ ချမ်းသာလာရန် အနည်းငယ်သာလိုတော့သည်။

ယင်းကိုတွေးမိသောအခါ အားလုံးက စိတ်လှုပ်ရှားသွားကြသည်။ သို့သော် ၎င်းတို့က ထူးထူးခြားခြား လှုပ်ရှားမှုများ မလုပ်ကြပေ။ ၎င်းတို့က ဂရုမစိုက်ဘဲ တိုက်ပွဲကွင်းကို သန့်ရှင်းရေးလုပ်၍ ၎င်းတို့၏ အကျိုးအမြတ်များကို နေရာဒေသဆိုင်ရာ ရှေးဟောင်းပစ္စည်းများနှင့် ဖြုန်းတီးလိုက်ကြသည်။

ချူးယွင်ဖန်းသည် စစ်သားရဲ၏ အလောင်းကို တောင်မြစ်ပန်းချီကားထဲသို့ ဆွဲယူကာ သွေးလုံးကြီးတစ်ခုအဖြစ် ညှစ်ထည့်လိုက်သည်။ ဦးခေါင်းကိုသာ ချန်ထားခဲ့၍ ကျန်သောအရာများကို ဗြဟ္မာပင်ပေါ်သို့လောင်းချလိုက်သည်။

ထို့နောက် စစ်မြင်းပေါ်သို့တက်ကာ

“မြှားပုံစံလုပ်ကြ… နယ်ခြားစည်းကို ဖြတ်ကြ”

ပေါင်းထိုင်တပ်သားများသည် ၎င်းတို့၏ စစ်မြင်းများကိုစီး၍ မြားတပ်တစ်တပ်ကို ဖွဲ့စည်းခဲ့ကြသည်။ ချူးယွင်ဖန်းကို မြားဦးအဖြစ် အသုံးပြုကာ နတ်ဆိုးတပ်မတော်ဆီသို့ အပြေးအလွှား ဦးတည်လာခဲ့ကြသည်။ အဆုံးမရှိ သားရဲတပ်ကို ရင်ဆိုင်၍ ပေါင်းထိုင်တပ်သားများသည် ၎င်းတို့၏ တိုက်ခိုက်မှုကို စတင်ခဲ့ကြသည်။

အခန်း(၁၇၉၃) နျူကလီးယားဗုံးများ၏ အစွမ်းသတ္တိ

ချူးယွင်ဖန်း၏တပ်သည် လက်ရွေးစင်နတ်ဆိုးများနှင့် စကြဝဠာစစ်သားရဲတစ်ကောင်ကို အလွယ်တကူသတ်ဖြတ်နိုင်ခဲ့ကာ ၎င်းသည် နတ်ဆိုးများကြားရှိ ပုဂ္ဂိုလ်ကြီးများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ ထို့နောက်တွင် လက်ရွေးစင်နတ်ဆိုးထောင်ပေါင်းများစွာသည် ဒီရေလှိုင်းကဲ့သို့ အရပ်မျက်နှာအားလုံးမှ အပြေးအလွှားဝင်ရောက်လာကြသည်။

ထိုသားရဲများသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ လူသားပုံစံပြောင်းကာ တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကြသော်လည်း အားလုံးတွင် အစိမ်းရောင်မျက်နှာများနှင့်

ချွန်ထက်သောသွားများရှိသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် သာမန်တပ်တစ်တပ်သာဆိုပါက အားလုံး သတိလစ်မေ့လဲသွားနိုင်သည်။

နတ်ဆိုးများစွာနှင့်ရင်ဆိုင်ရသောအခါ ချူးယွင်ဖန်းက မြှားတပ်ပုံစံသို့ပြောင်းလဲ၍

ဝိုင်းရံခံထားရသော နေရာမှ ခွဲထွက်ရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက သူ လူငါးရာနှင့်သေရလိမ့်မည်။ ပေါင်းထိုင်တပ်က မည်မျှပင် ထိပ်တန်းအဆင့်ရှိစေကာမူ ဤမျှကြီးမားသော တိုက်ပွဲကြီးနှင့် ရင်ဆိုင်ရလျှင် မလုံလောက်သေးပေ။ ထို့ကြောင့် ချူးယွင်ဖန်းက သူ၏အဖွဲ့ကို အဓိကတပ်ဆီဦးတည်ရန် ဆုံးဖြတ်လိုက်သည်။

“ရန်သူတွေကို ရှင်းထုတ်ပစ်!"

ချူးယွင်ဖန်း၏ အမိန့်အရ၊ ပေါင်းထိုင်တပ်သားများသည် ၎င်းတို့၏ ကြီးမားသော လေးကြီးများကို ထုတ်လိုက်ကြသည်။ ရှည်လျားသော မြှား‌ပေါင်းများစွာက ၎င်းတို့ရှေ့ရှိ လမ်းကို ဒုံးကျည်များကဲ့သို့ ဖယ်ရှားလိုက်ကြကာ မရေမတွက်နိုင်အောင် များပြားလှသော သားရဲများ ပေါက်ကြွထွက်ကုန်သည်။

သို့သော် အခြားသားရဲများက တစ်ကောင်ပြီးတစ်ကောင် ခုန်အုပ်လာကြသည်။

"အရာအားလုံးကို ဖောက်ထွက်ကြစမ်း ငါနဲ့အတူ ချီတက်!" ချူးယွင်ဖန်း၏ အမိန့်နှင့်အတူ အားလုံးက ထိပ်တန်းနတ်ဆိုးတပ်မတော်ကို စတင်တိုက်ခိုက်ကြသည်။

ချူးယွင်ဖန်း ဦးဆောင်သွားချိန်တွင် ယုချူးယွင်နှင့်ကြယ်ကြွေကောင်းကင်မှ လက်ရွေးစင်များသည်

သူ့ဘေးတွင် ရှိနေကြသည်။ ပေါင်းထိုင်တပ်သားများသည်လည်း အသန်မာဆုံးလက်ရွေးစင်များဖြစ်ကြသည်။ အစွမ်းသတ္တိအပြည့်ဖြင့် ၎င်းတို့သည် ဝိုင်းရံထားသော နေရာကို ဖောက်ထွက်နိုင်ခဲ့သည်။

ချူးယွင်ဖန်းက လေကို ဆုပ်ကိုင်လိုက်သည်နှင့် မရေမတွက်နိုင်အောင်များပြားလှသော မိုးကြိုးများက လှံအဖြစ်သို့ စုစည်းသွားသည်။ သူ လှံကို ဝှေ့ယမ်းလိုက်သောအခါ ပေထောင်ပေါင်းများစွာ ရှည်လျားသော ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု ဖြာထွက်လာပြီး သူ့ရှေ့ရှိ သားရဲရာပေါင်းများစွာကို နှစ်ခြမ်းခွဲလိုက်သည်။

မကြာခင်၌ပင် နတ်ဆိုးစစ်တပ်မှ လမ်းကြောင်းတစ်ခုဖောက်ထွက်လာခဲ့သည်။ ၎င်းတို့က ‌ပေါင်းထိုင်တပ်ကို မတားဆီးနိုင်ခဲ့ကြပေ။

ချူးယွင်ဖန်း၏တိုက်ပွဲက မကြာခင်၌ နတ်ဆိုးများကြားမှ လူတစ်ယောက်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ထိုနတ်ဆိုးသည် အသတ်လတ်ပိုင်းလူတစ်ဦးနှင့်တူကာ လှပသော ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူ့နောက်၌ အမြှီးရှည်တစ်ချောင်းရှိသည်။ သူသည် လူသားမဟုတ်ကြောင်းထင်ရှားသည်။

သူသည် လက်ရှိတွင် တရှ ၏ တပ်မတော်ကို ဝိုင်းရံရန် စစ်တပ်တစ်တပ်ကို စုစည်းနေသည်။ နတ်ဆိုးတပ်များကို သန်းပေါင်းများစွာသော ဤစစ်မြေပြင်သို့ စုစည်းထားပြီးဖြစ်သည်။ သားရဲများအပါအဝင် နတ်ဆိုးသန်းပေါင်းများစွာသည် စစ်မြေပြင်တွင် လှည့်လည်သွားလာနေကြသည်။ ဤအရာအားလုံးသည် အသက်လတ်ပိုင်းအရွယ်ရှိ ဤလူ၏ အမိန့်အောက်တွင်ရှိသည်။ ထို့ကြောင့် နတ်ဆိုးများကြားတွင် သူ၏အဆင့်အတန်းကို မြင်ယောင်ကြည့်နိုင်သည်။

သို့သော် သူ၏ အမိန့်ပေးမှုက ချောမွေ့မှုမရှိဟု သူခံစားလိုက်ရသည်။ မကြာခင်၌ပင် တရှဘက်မှ တိုက်ခိုက်နေသော လူသားရာပေါင်းများစွာပါဝင်သည့် စစ်တပ်တစ်ခုရှိနေသည်ကို မြင်လိုက်သည်။ လူမများလှသော်လည်း ၎င်းတို့အားလုံးက လက်ရွေးစင်များဖြစ်ကြသည်။ ထိုတပ်မတော်သည် ဒြပ်မဲ့အဆင့်များနှင့်ဖွဲ့စည်းထားသည့် လက်ရွေးစင်များထဲမှ လက်ရွေးစင်များဖြစ်ကြသည်။

အသက်လတ်ပိုင်းလူက အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။ ဤသည်မှာ တရှ၏ မဟာကွပ်ကဲရေးမှူး၏ လက်ချက်နှင့်မတူပေ။ သန်းပေါင်းများစွာသော တပ်ဖွဲ့ဝင်များပါဝင်သော စစ်ပွဲတွင် အကြံအစည်များနှင့် လျှို့ဝှက်ချက်များအားလုံးသည် အဓိပ္ပာယ်မရှိပေ။ လူ ရာဂဏန်းအနည်းငယ်သာရှိသော ဤကဲ့သို့သော သေးငယ်သည့် အထူးတပ်ဖွဲ့တစ်ခုကို စေလွှတ်ခဲ့ပါက ၎င်းတို့သည် မကြာမီ သေဆုံးသွားသင့်သည်။

သို့သော်လည်း မကြာမီတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူသဘောပေါက်လိုက်သည်။ ဤတပ်ဖွဲ့ငယ်လေးသည် သူမျှော်လင့်ထားသည့်အတိုင်း မသေဆုံဂသွာားကြပေ။

၎င်းတို့သည် ၎င်းတို့၏ ထွက်ပေါက်ကို ဖောက်ထွင်းကာ တိုက်ပွဲ၏ လက်ယာဘက်ရှိ သူ၏ တပ်ဖြန့်ချထားမှုကို အနှောင့်အယှက်ဖြစ်စေ၍ ဘယ်ဘက်တောင်ပံရှိ တပ်များကို ဖရိုဖရဲဖြစ်စေခဲ့သည်။

"စိတ်ဝင်စားစရာပဲ။ နောက်ထပ် လက်ရွေးစင် ၁၀၀၀၀ လွှတ်လိုက် စစ်တပ်က အဲ့မှာ ရှိနေတာ သေချာအောင်လုပ်ရမယ်။"

အသက်လတ်ပိုင်းလူ၏အကြည့်က မီးကဲ့သို့ ရဲရဲတောက်နေကာ

သန်းပေါင်းများစွာသော စစ်မြေပြင်၌ ချူးယွင်ဖန်းကို သူတွေ့ခဲ့သည်။ ချူးယွင်ဖန်း၏ စစ်ပွဲအောင်မြင်မှုများ အလွန်မြင့်မားသည်ကို သူမြင်လိုက်ရသောအခါ အံ့သြသွားရသည်။ သူတည်ဆောက်ထားသော ဖွဲ့စည်းပုံ၏ လွတ်လပ်များကို အမှန်တကယ်ရှာတွေကာ သွေးသံတရဲရဲ လမ်းကြောင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ချူးယွင်ဖန်းသာ မစဉ်းစားဘဲ ရှေ့သို့တိုးသွားခဲ့ပါက သူသေသွားမည်မှာ အတန်ကြာလောက်ပြီဖြစ်သည်

နတ်ဆိုးစခန်းမှ အမိန့်ကို လက်ခံရရှိပြီးနောက် စစ်မြေပြင်၏ ဘယ်ဘက်ခြမ်းတွင် တိုက်ခိုက်နေကြသည့် ချူးယွင်ဖန်းထံသို့ သောင်းနှင့်ချီသော နတ်ဆိုးတပ်ဖွဲ့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့ထဲတွင် စကြဝဠာအဆင့် ဆယ်ဦးထက်မနည်းပါသည်။

ချူးယွင်ဖန်းသည် သူ၏ပေါ့ဆမှုကြောင့် နတ်ဆိုးခေါင်းဆောင် အာရုံစိုက်မိသွားသည်ကို နားလည်သည်။ သို့သော် သူ့ကို ဝိုင်းရံ၍ နှိမ်နင်းရန် ကျွမ်းကျင်သူများစွာ စေလွှတ်ရခြင်းမှာ ၎င်းတို့က သူ့အပေါ် အထင်ကြီးကြခြင်း ဖြစ်ရမည်။

ယုချူးယွင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ သူတို့တွင် ရှိနှင့်ပြီးသား ရန်သူများအပြင်၊ ယခုအခါ ပတ်ဝန်းကျင်တွင် နတ်ဆိုးအထက်တန်းစား ထောင်ပေါင်းများစွာ ရှိနေသည်။ သန်းပေါင်းများစွာသော နတ်ဆိုးများနှင့် ဤတိုက်ပွဲကွင်းတွင် ဤသည်မှာ ဘာမှမဟုတ်ပေ။ သို့သော် သူတို့အတွက်မူ ၎င်းသည် လမ်းပိတ်တစ်ခုသာ ဖြစ်သည်။

"စီနီယာချူး၊ ကျွန်တော်တို့ အမြန်ဆုံး ထွက်သွားရမယ်၊ မဟုတ်ရင် သေရလိမ့်မယ်"

ချူးယွင်ဖန်း ရယ်လိုက်သည်။

“ငါ့မှာ အချိန်အတော်ကြာမသုံးဖြစ်တဲ့အရာတစ်ခုရှိတယ်။ ပုံမှန်ဆို သိပ်အသုံးမဝင်ပေမယ့် ဒါက သူ့စွမ်းအားကို ထုတ်ဖို့ အကောင်းဆုံးအချိန်ပဲ။ သေချာကြည့်။ စစ်သားထောင်ပေါင်းများစွာရှိတော့ရော ဘာဖြစ်လဲ”

ချူးယွင်ဖန်း ခုန်တက်သွားသည်နှင့် လူတိုင်း၏အမြင်အာရုံ မှုန်ဝါးသွားသည်။ မီးတောက်အမြီးရှည်များပါသော မြားအနည်းငယ်သည် ကောင်းကင်ယံတွင် တောက်ပစွာဖြင့် နတ်ဆိုးတပ်ထဲသို့ ကျရောက်နေသည်ကို သူတို့မြင်လိုက်ရသည်။

နတ်ဆိုးများသည် ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရား၏ စွမ်းအားတစ်ခု နီးကပ်လာသကဲ့သို့ သူတို့၏ဆံပင်များ ထောင်မတ်သွားသည်ကို ချက်ချင်းခံစားလိုက်ရသည်။ အားလုံးက ချက်ချင်းပင် ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီးနောက် အဆုံးတွင် ၎င်းတို့အားလုံးက အန္တရာဘ်ကို ချက်ချင်းခံစားလိုက်ရ၏။

သို့သော်လည်း ၎င်းတို့ နောက်ကျသွားပြီဖြစ်သည်။ ဤအရာများကို ယခင်က တစ်ခါမှ မမြင်ဖူးသောကြောင့် ၎င်းတို့က မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သဘာဝအတိုင်း နားမလည်ကြပေ။ ယင်းက ၎င်းသည် သာမန်မြားပုံစံတစ်ခုသာဖြစ်ကာ အနည်းငယ်ထူးဆန်းသည်ဟုသာ ထင်မြင်ကြသည်။

ဘမ်း

ဘမ်း

ဘမ်း

ကြီးမားလှသော မှိုပုံစံမီးခိုးလုံးကြီးများ ကောင်းကင်ကို ဖုံးလွှမ်းကာ မြေကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

အခန်း(၁၇၉၄) တရှ၏ မဟာကွပ်ကဲရေးမှူး

အချိန်အတော်ကြာပြီးနောက် နျူကလီးယားဗုံးများ ပေါက်ကွဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော မှိုတိမ်တိုက်သဖွယ်မီးခိုးလုံးကြီးက အရာအားလုံးကို ဝါးမြိုသွားသည်။

လူတိုင်း အံ့အားသင့်သွားကြသည်။ ယုချူးယွင်နှင့် အခြားသူများပင် ချူးယွင်ဖန်း၌ ထိုကဲ့သို့သော နည်းလမ်းရှိမှန်း မသိကြပေ။ ၎င်းသည် စစ်သားထောင်ပေါင်းများစွာကို တစ်ကြိမ်တည်းဖြင့် ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်ကောင်းသော မှော်လက်နက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် ထိုအဆင့်မြင့် လက်နက်ကို တစ်ခါမျှ မမြင်ဖူးသောကြောင့် ဝိဉာဥ်ပစ္စည်းတစ်ခခုဟုထင်ခဲ့ကြသည်။ သို့သော် မကြာခခင်၌ပင် ၎င်းတို့ အံ့သြသွားခဲ့ကြသည်။ တရှ၏ သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှုအဆင့်က ပြည်ထောင်စုထက် များစွာသာလွန်နေသည်။ ၎င်းတို့က နျူကလီးယားဗုံးကို တစ်ခါမျှ မမြင်ဖူးကြသော်လည်း ဝိဉာဥ်ပစ္စည်းအများအပြား၏ စွမ်းအားအကြောင်း ကြားဖူးကြသည်။

ချူးယွင်ဖန်းသည် တစ်ကြိမ်တည်းတွင် စစ်သားထောင်ပေါင်းများစွာကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်းမှာ ထူးဆန်းခြင်းမဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းတွင် ဤမျှလောက် အရည်အချင်းရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

ချူးယွင်ဖန်းက အပူလှိုင်းတစ်ခု အဝေးမှ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ နျူကလီးယားပေါက်ကွဲမှု၏ မြင့်မားသော အပူချိန်သည် အရာအားလုံးကို ချက်ချင်းဖျက်ဆီးရန် လုံလောက်သည်။ ဤနည်းဗျူဟာမြောက် နျူကလီးယားဗုံးများကို သူ၏ တောင်မြစ်ပန်းချီကားတွင် အချိန်ကြာမြင့်စွာ ထားရှိခဲ့သော်လည်း ၎င်းတို့ကို အသုံးပြုရန် သင့်လျော်သော အခွင့်အရေးကို ဘယ်သောအခါမှ မတွေ့ခဲ့ပေ။

နျူကလီးယားဗုံးများသည် လူတစ်ယောက်တည်းအပေါ်၌ သုံးပါက ထိရောက်မှုမရှိပေ။

အထူးသဖြင့် ထိပ်တန်းကျွမ်းကျင်သူများအတွက် ယင်းကမှန်သည်။ ၎င်းတို့က ရွှေအမတေအဆင့်ကို ကျော်လွန်နေသရွေ့ ၎င်းတို့၏ အန္တရာယ်အပေါ် အမြင်က အံ့ဖွယ်ဖြစ်လာလိမ့်မည်။ ၎င်းတို့အားလုံး

ရုတ်တရက် ဖမ်းမိသွားလျှင်ပင် ကြက်ကို သတ်ရန် အသားသတ်ဓားကို သုံးနေသကဲ့သို့ဖြစ်နေပေလိမ့်မည်။

၎င်းတို့က ဒြပ်မဲ့များ သို့မဟုတ် စကြဝဠာအဆင့်များဖြစ်ပါက ချက်ချင်း ဘေးကင်းသော အကာအကွယ်သို့ ထွက်ပြေးနိုင်လိမ့်မည်ဖြစ်သည်။

မြို့များကို ဖျက်ဆီးရန် မဟာဗျူဟာမြောက် နျူကလီးယားဗုံးကို အသုံးမပြုပါက ထိုကဲ့သို့သော ကျွမ်းကျင်သူများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။ သို့သော် ၎င်းသည်လည်း အလွန်ခက်ခဲသည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် ဤဗုံးများကို သိမ်းဆည်းထားခဲ့သော်လည်း ယခုအခါ စစ်မြေပြင်သည် ဤနည်းဗျူဟာမြောက် နျူကလီးယားဗုံးများကို အသုံးပြုရန် အကောင်းဆုံးနေရာ ဖြစ်လာခဲ့သည်။

၎င်းတို့က နတ်ဆိုးများ၏ ကောင်းစွာလေ့ကျင့်ထားသော တပ်များဖြစ်ကြသည်။ ပြင်းထန်သော အန္တရာယ်ကို ၎င်းတို့ ခံစားရလျှင်ပင် အရပ်မျက်နှာအားလုံးဆီသို့ ထွက်ပြေးမည့်အစား အလိုလိုစုဝေးကြလိမ့်မည်။ ယင်းက စစ်တပ်တစ်ခုနှင့်တစ်ခဦးချင်းသိုင်းပညာကျွမ်းကျင်သူတစ်ဦး၏ ကွာခြားချက်ဖြစ်သည်။

ဤတစ်ကြိမ်၌ ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း ဖမ်းမိခဲ့သည်။ အလယ်ရှိ စကြဝဠာအဆင့် ဆယ်ဦးသည် အသားတစ်စပင်မကျန်ဘဲ အရည်ပျော်ကျသွားသည်။ အဝေးရှိလူများပင် ထို ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် ချူးယွင်ဖန်းသည် အနည်းဆုံး ထိပ်တန်းနတ်ဆိုး ၃၀၀၀၀ ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

မများလှဟု ထင်ရသော်လည်း ပြည်ထောင်စူတွင် ယင်းက အံ့အားသင့်စရာတိုက်ပွဲမှတ်တမ်းတစ်ခုပင်ဖြစ်သည်။ ထိုထိပ်တန်းနတ်ဆိုးများထဲမှ အင်အားအနည်းဆုံးမှာ ချူးယွင်ဖန်း၏ရန်သူနတ်ဘုရားထက် များစွာသန်မာသည်။

ထိုစဥ်က ပြည်ထောင်စုက နတ်ဘုရားကို ကိုင်တွယ်ဖြေရှင်းရန် နျူကလီးယားဗုံးများစွာသုံးခဲ့သော်လည်း ၎င်းတို့ သူ့ကို မည်သို့မျှ မထိခိုက်စေနိုင်ခဲ့ကြပေ။ ယခု ဤဗုံးများသည် ကျွမ်းကျင်သူ ၃၀,၀၀၀ ကျော်ကို ချေမှုန်းပစ်နိုင်ခဲ့သဖြင့် ပေါင်းထိုင်တပ်က အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဟု ပြော၍ရနိုင်သည်။

“ဗိုလ်ချုပ်ချူးက တကယ်သန်မာပါပေတယ်” တစ်စုံတစ်ယောက်က အော်လိုက်သောအခါ တိုက်ပွဲတစ်ခုလုံးက ပေါင်းထိုင်တပ်၏ သြဘာသံများနှင့် ချက်ချင်းပြည့်သွားသည်။

ချူးယွင်ဖန်းက ထိုအင်အားကြီးရန်သူများကို မည်သို့ဖျက်ဆီးပစ်ခဲ့ကြောင်း ၎င်းတို့ ဂရုမစိုက်ကြပေ။ သူက နတ်ဆိုးတပ်သား သုံးသောင်းကျော်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်ကိုသာ ၎င်းတို့သိကြသည်။ ဒေသခံတပ်တစ်တပ်အနေနှင့် ဤမျှကြီးမားသော ပံ့ပိုးမှုတစ်ခုလုပ်ပေးနိုင်သည်က မကြုံစဖူးပင်ဖြစ်သည်။

ယခုအခါ ၎င်းတို့အားလုံး ချူးယွင်ဖန်းအပေါ် ယခင်ကထက်ပင် အထင်ကြီးလာကြသည်။

ဤအချိန်တွင်၊ တရှ တပ်မတော်၏ ဖွဲ့စည်းမှုအတွင်း၊ မျက်နှာထားတင်းမာလျက် သံချပ်ကာဝတ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တပ်မတော်၏ လက်ဝဲတပ်သို့ အကြည့်လွှဲလိုက်သည်။

ချူးယွင်ဖန်း ဖန်တီးခဲ့သော ဆူညံသံက နောက်ဆုံးတွင် သူ့ကို ထိတ်လန့်စေခဲ့သည်။

မျက်နှာထားတင်းမာသော သူသည် တရှ၏ စစ်နတ်ဘုရား တရှ၏ မဟာကွပ်ကဲရေးမှူးကြီးပင်ဖြစ်ကာ သူသည် တရှ၌ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်။ သူက အများအားဖြင့် သီးသန့်နေထိုင်တတ်သည်။ ဤအဆင့်တိုက်ပွဲ၌ သူက စစ်တပ်ကို အမိန့်ပေးရန်ထွက်လာခြင်းဖြစ်၏။

မဟာကွပ်ကဲရေးမှူးကြီးက ဘယ်ဘက်၌ လူရာဂဏန်းအနည်းငယ်ရှိသော တပ်မတော်တစ်ခု ရှိနေသည်ကို သတိမထားမိခဲ့ပေ။ လူသန်းပေါင်းများစွာရှိသော စစ်မြေပြင်တွင် အနည်းငယ်သော ပြောင်းလဲမှုသည် ဘာမှမဟုတ်ပါ။ သို့သော် ယခုအခါ သူသည် ထိုတပ်ဖွဲ့ငယ်လေး၏ ရှိနေခြင်းကို နောက်ဆုံးတွင် သတိပြုမိခဲ့သည်။

"ဒေသခံတပ်စခန်းလား" ကွပ်ကဲရေးမှူးက မျက်မှောင်ကြုတ်လိုက်သည်။

ထိုတပ်၏ သံချပ်ကာများသည် အပေါ့စားသံချပ်ကာများသာဖြစ်ကြောင်း သူမြင်လိုက်သည်။ ယင်းကို ဒေသခံတပ်စခန်းများအတွက် အသုံးပြုလေ့ရှိသည်။ အကယ်၍ ဒုတိယအဆင့်တပ်သားများလျှင်ပင် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်နိုင်သည့် လေးလံသော သံချပ်ကာများ ဝတ်ဆင်ထားလေ့ရှိသည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုတပ်သားများသည် သိုင်းပညာကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့က သန်မာကာ ပေါင်တစ်ထောင်အလေးကို သယ်ယူနိုင်သည်။ လေးလံသော သံချပ်ကာများသည် ၎င်းတို့အတွက် ဘာမှမဟုတ်သကဲ့သိုပင်ဖြစ်ကာ ၎င်းတို့ ဝတ်ဆင်ထားသည့် သံချပ်ကာများပေါ်မူတည်၍ တပ်ဖွဲ့အမျိုးမျိုး ခွဲခြားရန် လွယ်ကူသည်။

မဟာကွပ်ကဲရေးမှူးက ဒေသခံတပ်ရင်းတစ်ရင်းကို စည်းရုံးရန် ပြောင်းရွှေ့အမိန့်ထုတ်ပြန်ခဲ့သည်ကို မမှတ်မိခဲ့ပေ။ အဆုံးစွန်အားဖြင့် ဤသည်မှာ နွေဦးရာသီစစ်ဆင်ရေးတစ်ခုသာဖြစ်သည်။ ၎င်းသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့၏ စစ်ပွဲတစ်ခု မဟုတ်သဖြင့် ဒေသခံတပ်ရင်းတစ်ရင်းကို ခေါ်ယူရန် မလိုအပ်ပေ။ ထိုသို့သော တပ်မျိုးက ဤစစ်မြေပြင်၌ ဆယ်မိနစ်ထက်ပို၍ ခံနိုင်ခြင်းက အံ့ဖွယ်အမှုဖြစ်မည်ဖြစ်သည့်အပြင် ၎င်းတို့ကို စုစည်း၍တိုက်စေပါက အမြောက်စာများသာဖြစ်လိမ့်မည်။ သို့သော် သူ့ကို အံ့သြစေခဲ့သည်မှာ ဤဒေသခံတပ်တွင် ထူးကဲသောအစွမ်းသတ္တိရှိခြင်းပင်ဖြစ်သည်။

စစ်သားတိုင်းသည် အနည်းဆုံးတော့ ဒြပ်မဲ့အဆင့်၌ရှိနေကြသည်။ ဤသည်မှာ သာမန်ဒေသခံတပ်မဟုတ်ပေ။ ဧကရာဇ်တပ်မတော်၌ပင် ၎င်းတို့သည် လက်ရွေးစင်များအနက်မှ လက်ရွေးစင်များဖြစ်သည်။ ထိုအချက်က သူ့ကို စိတ်ဝင်စားလာစေသည်။

တိတိကျကျပြောရလျှင် သူသည် ဤဒေသခံတပ်၏ တပ်မှူးနှင့် သူပိုင်ဆိုင်သော အစွမ်းထက်သော မှော်ပညာကို စိတ်ဝင်စားခဲ့သည်။

သူ၏အတွေ့အကြုံနှင့် ထိုလက်နက်အစွမ်းနှင့်အားနည်းချက်များကို ဗိုလ်မှူးကြီးက တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်။ သို့သော် ထိုစစ်မြေပြင်၌ သေစေနိုင်သော လက်နက်အဖြစ်သတ်မှတ်ခံထားရသည်။

"အဲ့အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျုပ်ဆီ ပို့ပေး”

မကြာခင်၌ပင် ကင်းသမားတစ်ယောက်က သတင်းအချက်အလက်အားလုံးကို စုဆောင်း၍ သူ့ဆီလာပို့သည်။

"ကြယ်ကြွေကောင်းကင်ဂိုဏ်းက ချူးယွင်ဖန်း"

ချူးယွင်ဖန်းအကြောင်း အချက်အလက်အားလုံးကို ကျောက်စိမ်းပြားထဲ၌ သိမ်းဆည်းထားသည်။ ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ လာခဲ့ခြင်းဖြစ်ကာ ထိုနေရာ၌ တစ်နှစ်ပင်မပြည့်သေးပေ။ ထိုသို့သော တပ်မတော်ကို ဤအဆင့်အထိ လေ့ကျင့်ပေးနိုင်ခြင်းက အံ့သြဖွယ်ကောင်းလှသည်။ ချူးယွင်ဖန်း ဤနေရာသို့ ပြောင်းလာရသည့်အကြောင်းအရင်းကိုပင် မှတ်တမ်းတင်ထားသေးသည်။

“လီချန်းယွမ်”

မဟာကွပ်ကဲရေးမှူး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ လီချန်းယွမ်သည် သူ၏အာဏာကို အသုံးပြု၍ စစ်ဝန်ကြီးဌာန၏ ပြောင်းရွှေ့အမိန့်ကို လွှမ်းမိုးကာ ချူးယွင်ဖန်းအား စစ်မြေပြင်သို့ စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသော အချက်အလက်များကို သူဖတ်လိုက်ရသည်။ ထို့အပြင် သူသည် အထက်လူကြီးများထံ မပြောပြခဲ့သဖြင့် ချူးယွင်ဖန်းက နတ်ဆိုးတပ်နှင့် မတော်တဆ ထိပ်တိုက်တွေ့ရခြင်းဖြစ်သည်။

“ငါ့အမိန့်ကို ပြန်လိုက်။ ဟျန်းထျန်မြို့ဝန် လီချန်းယွမ်ကို ကိုယ်ရေးကိုယ်တာအကြောင်းပြချက်တွေနဲ့ သူ့ တရားဝင် ရာထူးကနေ ဖယ်ရှားလိုက်တယ်။ သူ့ကို တစ်နှစ်စာလစာဒဏ်ရိုက်ပြီး စစ်ဝန်ကြီးဌာနရဲ့ လက်ဝဲလက်ထောက်ဝန်ကြီးအဖြစ်ကနေလည်း ထုတ်လိုက်"

လီချန်းယွမ်သည် အခြားသူများအတွက် ကြီးကျယ်ခမ်းနား၍ ဩဇာကြီးမားသောသူဖြစ်သော်လည်း မဟာကွပ်ကဲရေးမှူးအတွက် မည်သည့်အဆင့်မျှမရှိပေ။ ၎င်းသည် သေးငယ်သောပြစ်ဒဏ်တစ်ခုသာဖြစ်သည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုမှော်ပစ္စည်းမျိုးလဲ"

နတ်ဆိုးစစ်တပ်ကို ဦးဆောင်နေသည့် အသက်လတ်ပိုင်းလူဟာ အံ့အားသင့်သွားပုံရသည်။ အင်အား ၃၀၀၀၀ ရှိသော နတ်ဆိုးတပ်ဟာ မျက်တောင်မခတ်ရသေးခင်၌ပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

ဤအဆင့်ရှိသော စစ်မြေပြင်၌ လူသိန်းချီ သို့မဟုတ် သန်းပေါင်းများစွာသေဆုံးခြင်းက ပုံမှန်သာဖြစ်သည်။ သူဂရုစိုက်သည်က ထို ထူးခြားသော မှော်ပစ္စည်းဖြစ်ကာ နတ်ဘုရားစွမ်းအား အပြောင်းအလဲလည်းမရှိပေ။ ထို့ကြောင့် ရုတ်တရက် တိုက်ခိုက်နိုင်ရသည့် အခြေခံအကြောင်းရင်းဖြစ်၏။

All Chapters