အခန်း (၁၇၉၈-၁၈၀၀)
Vol. 120 Ch. 1798-1800
အခန်း( ၁၇၉၈) အင်အားကုန် ကျင့်ကြံခြင်း
ချူးယွင်ဖန်း အံ့အားသင့်သွားသည်မှာ သူတို့ ခြေလှမ်းကြီးများဖြင့် ဆုတ်ခွာနေသော်လည်း နတ်ဆိုးတပ်ဖွဲ့သည် အားနည်းသည့် လက္ခဏာ မပြပေ။ အရာအားလုံးသည် စနစ်တကျ ဆုတ်ခွာနေကြသည်။ နောက်ဘက်ရှိ တပ်များသည် အတင်းအကျပ် ခုခံနေကြသော်လည်း အခြားတပ်များမှာမူ စနစ်တကျ ဆုတ်ခွာသွားကြသည်။
ဤအချက်တစ်ခုတည်းမှပင် ချူးယွင်ဖန်းသည် စစ်ရေးဗျူဟာတွင် ကျွမ်းကျင်သူဖြစ်ကြောင်း ပြောနိုင်သည်။ စစ်ရေးဗျူဟာတွင် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူ ယင်းကိုမြင်နိုင်သည်။
စစ်တပ်တစ်ခုကို စနစ်တကျတိုက်ခိုက်ခြင်းက အခက်ခဲဆုံးအရာမဟုတ်ပေ။ စစ်မှန်သော အခက်အခဲမှာ တပ်တစ်ခုလုံးပြိုလဲမသွားစေရန် စနစ်တကျ ဆုတ်ခွာရန်ဖြစ်သည်။ ရှေးကတည်းက ထိုသို့သော ဖြစ်ရပ်မျိုး များစွာရှိခဲ့ဖူးသည်။
ချူးယွင်ဖန်း စကားမပြောနိုင်အောင် ဖြစ်နေသည်။ နတ်ဆိုးစစ်တပ်တွင် ကျွမ်းကျင်သူတစ်ဦး အမှန်တကယ် ရှိနေခဲ့သည်။
သို့သော်လည်း တရှ၏ မဟာကွပ်ကဲရေးမှူးသည်လည်း ထူးချွန်ထက်မြက်သည်။ သူသည် အခြေအနေကို အခွင့်ကောင်းယူ၍ သတ်ဖြတ်ခဲ့ရာ နတ်ဆိုးတပ်သည် အကြီးအကျယ် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။
ချူးယွင်ဖန်းသည် ပေါင်းထိုင်တပ်ကို ဦးဆောင်၍ စကြဝဌာအဆင့်သားရဲများစွာနှင့် လက်ရွေးစင် နတ်ဆိုးများကို သုတ်သင်ခဲ့သည်။
အခြေအနေကို အခွင့်ကောင်းယူ၍ မိုင်တစ်ထောင်ကျော် သတ်ဖြတ်ပြီးနောက်၊ တရှ တပ်မတော်သည် နောက်ဆုံးတွင် ၎င်းတို့၏တပ်များကို ရုပ်သိမ်းကာ ဆက်လက် လိုက်လံတိုက်ခိုက်ခြင်းမပြုတော့ပေ။
မဟုတ်ပါက နတ်ဆိုးတပ်မတော်၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရနိုင်သည်။ ထိုသို့ဖြစ်ခဲ့ပါက ဆုံးရှုံးမှုများသည် ပိုမိုကြီးမားလိမ့်မည်။ ဤနွေဦးရာသီ စစ်ဆင်ရေးမှ ရိတ်သိမ်းမှုသည် လုံလောက်စွာ များနှင့်ပြီဖြစ်ကာ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းတပ်များသည် လုံလောက်သော လေ့ကျင့်မှုများ ရရှိထားပြီးဖြစ်သည်။
တပ်များ ဆုတ်ခွာပြီးနောက် အမိန့်များကို လျင်မြန်စွာ ထုတ်ပြန်ခဲ့သည်။ တပ်များသည် ၎င်းတို့၏ မူလနေရာများသို့ အမိန့်အမျိုးမျိုးဖြင့် ပြန်လည်ရောက်ရှိခဲ့ကာ သန်းနှင့်ချီသော တပ်မတော်ကို ဖြန့်ကျက်ခဲ့သည်။ ဤတပ်များထဲတွင် ပေါင်းထိုင်တပ်ရင်းက အထူးခြားဆုံးဖြစ်သည်။ ၎င်းတို့သည် ဒေသခံတပ်ရင်းတစ်ခုသာဖြစ်ကာမကြာမီ၌ ပေါင်းထိုင်သို့ပြန်ရန် အမိန့်ပေးခဲ့သည်။
ချူးယွင်ဖန်း ပေါင်းထိုင်သို့ပြန်ပြီးနောက် မဟာတပ်မှူးချုပ်၏ ရုံးခန်းသို့ သွား၍ ရာထူးတိုးပေးမည့်အမိန့်ကို ရခဲ့သည်။ သူသည် ကျားဗိုလ်ချုပ်အဆင့်မှ ပြင်ပ ဗိုလ်ချုပ်အဆင့်သို့ ရာထူးတိုးခံခဲ့ရသည်။ ၎င်းသည် တူညီသော ဂုဏ်ပုဒ်ဖြင့် ဗိုလ်ချုပ်သာဖြစ်သော်လည်း သူ၏ လက်ရှိအဆင့်အတန်းက လုံးဝပြောင်းလဲသွားပြီဖြစ်သည်။ အဆင့်(၂) သည် ခွဲခြားထားသော မျဥ်းတစ်ကြောင်းဖြစ်သည်။ သူ့ကို
ဧကရာဇ်တရားရုံး၏ အရာရှိကြီးတစ်ဦးအဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်ကာ သေးငယ်သော ပုဂ္ဂိုလ်တစ်ဦးအဆင့်၌မဟုတ်တော့ပေ။
ချူးယွင်ဖန်းက ကြီးမားသော ပံ့ပိုးမှုများ ပူးပေါင်းဆောင်ရွက်မှုများလုပ်ခဲ့ကာ စကြဝဌာအဆင့်နတ်ဆိုးများကို သတ်ဖြတ်ခဲ့သည်။ သူ၏ အတွေ့အကြုံမရှိမှုကြောင့်သာမဟုတ်ပါက သူသည် နောက်ထပ်အဆင့်သို့ လွယ်လင့်တကူ တက်နိုင်ပေလိမ့်မည်။
သို့သော် ဤအရာက ချူးယွင်ဖန်းကို ထူးခြားစေခြင်းဖြစ်သည်။ စကြဝဠာအဆင့်နတ်ဆိုးများကို သတ်နိုင်သူများသည် စကြဝဠာအဆင့်များသာဖြစ်ကြသည်။ ဤလူများသည် အဆင့်မြင့်ကြသည်။ ကျင့်ကြံရေးအဆင့် ခိုင်မာကြသည်။ ၎င်းတို့က ရုတ်တရက် အောက်ခြေမှ တက်လာသည့် ချူးယွင်ဖန်းကဲ့သို့ မဖြစ်နိုင်ပေ။ ဤအရာက ချူးယွင်ဖန်းကို အလွန်ထူးခြားစေသည်။
ပေါင်းထိုင်တပ်စခန်း၌ ချူးယွင်ဖန်းသည် ယုချူးယွင်အား မြို့နှင့် အနီးတစ်ဝိုက်ရှိ တပ်ဖွဲ့များစွာမှ ရာထူးတိုးမြှင့်ခံရခြင်းကို ဂုဏ်ပြုရန် စေလွှတ်လိုက်သော ကိုယ်စားလှယ်များနှင့် ဆက်ဆံပြီးနောက် နောက်တွင်နေရန် ညွှန်ကြားခဲ့သည်။
ယုချူးယွင် အလွန်ပျော်ရွှင်နေခဲ့သည်။ ချူးယွင်ဖန်းတစ်ယောက်တည်းသာ ဆုချီးမြှင့်ခံရခြင်းမဟုတ်ဘဲ ပေါင်တိုင်းတပ်တစ်ခုလုံးကို ရာထူးတိုးမြှင့်ပေးခဲ့သည်။ သူ့ကိုပင် အဆင့် ၅ ဗိုလ်ချုပ်ဘွဲ့ပေး ပေးအပ်ခဲ့သည်။ သူသည် အဆင့်နိမ့်ဗိုလ်ချုပ်ကြီးတစ်ဦးသာဖြစ်သော်လည်း တရှတွင် ဒြပ်မဲ့ကျွမ်းကျင်အဆင့်များစွာရှိသည်။ ၎င်းတို့အနက် အနည်းငယ်မျှသာ မည်သည့်ဘွဲ့မဆိုရှိသော ဗိုလ်ချုပ်ဖြစ်လာနိုင်သည်။
အထူးသဖြင့် စစ်တပ်၌ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်၍ ပံ့ပိုးကူညီမှုများလုပ်ခဲ့သူတစ်ဦးအတွက် ထိုမျှ တိုတောင်းသော အချိန်အတွင်း၌ ဗိုလ်ချုပ်အဆင့်သို့ ရာထူးတိုးမြှင့်ခံရသည်က ရှားပါးသည်။ ဤသည်မှာ သူ၏ ဘိုးဘွားများအတွက် ဂုဏ်ယူစရာဟု ယူဆ၍ ရသည်။
ယုချူးယွင်သည် ချူးယွင်ဖန်းနောက်သို့ လိုက်ရန် မှန်ကန်သောရွေးချယ်မှုပြုလုပ်ခဲ့ခြင်းအတွက် ဝမ်းသာနေသည်။ မဟုတ်ပါက သူသည် ကြယ်ကြွေကောင်းကင်၌ လူမသိသူမသိပုဂ္ဂိုလ်တစ်ဦးသာဖြစ်လာနိုင်သည်။
"ဂုဏ်ယူပါတယ်၊ ဗိုလ်ချုပ်ချူး။ အခု အခု ဗိုလ်ချုပ်ကို ပြင်ပဗိုလ်ချုပ်ရာထူးထိ တိုးပေးလိုက်ပြီဆိုတော့ လီချန်းယွမ်က တိုက်ဖို့မလွယ်တော့ဘူး” ယုချူးယွင်က ပြောသည်။
"ဒါက အစပဲရှိသေးတယ်" ချူးယွင်ဖန်းက လက်ပြကာ ပြောလိုက်သည်။
"မဟာကွပ်ကဲရေးမှူးရုံးက ရာထူးတိုးမြှင့်တဲ့ စာရွက်စာတမ်းကို မြင်တယ်မဟုတ်လား။ ငါတို့ရဲ့ တပ်စခန်းကို ပြင်ပတပ်မတော်အဖြစ် အဆင့်မြှင့်တော့မှာ တပ်စခန်းဟာ တရှ ရဲ့ အဓိက ကျောရိုးဖြစ်လာလိမ့်မယ်။ စစ်ဝန်ကြီးဌာနကလည်း သင်တန်းပြီးဆုံးသွားတဲ့ တပ်သားသစ်တွေကိုလည်း အမြန်ဆုံး လွှတ်ပေးလိမ့်မယ်" ချူးယွင်ဖန်းက ပြောသည်။
"ဒါပေမယ့် တပ်သားသစ်ဆိုတာ တပ်သားသစ်ပါပဲ။ သူတို့ ပေါင်းစည်းဖို့ အချိန်ယူရလိမ့်မယ်။ သူတို့ ဒီကိုရောက်ရင် အထူးလေ့ကျင့်မှုတွေ ခံယူရလိမ့်မယ်။"
"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါတယ်" ယုချူးယွင်ကပြောသည်။
"မဟာကွပ်ကဲရေးမှူးက အရမ်းရက်ရောတယ်။ ဒီတပ်မတော်ထဲက ရာထူးအားလုံးအတွက် ဧကရာဇ်အမိန့်ကို ငါရေးနိုင်ပြီ။ အခု ငါ့အထက်မှာ ဘယ်သူမှမရှိတော့ဘူး။ ငါက ဗိုလ်ချုပ်ဆို မင်းက ဒုဗိုလ်ချုပ်ပဲ။ ငါမရှိတဲ့အခါ မင်းစကားတွေက ငါ့စကားနဲ့ညီမျှတယ်”
ယုချူးယွင်က မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေပုံရသည်။ သူ ဤသို့တစ်ခါမျှ မတွေးခဲ့ဖူးပေ။ စစ်သားများ သောင်းနှင့်ချီရှိသောကြောင့် ၎င်းတို့၏ ပေါင်းထိုင်တပ်သည် အဆင့်နိမ့်အရာရှိများသာဖြစ်ခဲ့သည်။
၎င်းတို့ ရာထူးမြင့်မြင့်ကို ရရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် အရာရှိတစ်စုက အထက်မှ ပြုတ်ကျနိုင်ခြေအလွန်များသည်။
သို့သော်၊ အားလုံးအံ့အားသင့်နေကြသည်မှာ မဟာကွပ်ကဲရေးမှူးရုံးမှ အရာရှိအုပ်စုတစ်စုကို မစေလွှတ်ခဲ့ခြင်းဖြစ်စသည်။ ၎င်းတို့အားလုံးကို ချူးယွင်ဖန်း မှ ခန့်အပ်ခွင့်ရှိသည်ဖြစ်ကာ အခြေအနေမှာ လုံးဝကွဲပြားသည်။
"ဝမ်ယိဖန်နဲ့ တစ်နှစ်အတွင်းတိုက်ဖို့ နှစ်လလောက် သီးသန့်ကျင့်ကြံရမယ်။
စစ်ရေးကိစ္စတွေကို ကိုင်တွယ်ဖို့ မင်းကိုပဲ အားကိုးရတော့မယ်" ချူးယွင်ဖန်းကပြောလိုက်သည်။
"ကျွန်တော် ကိုင်တွယ်ပါ့မယ်။ စိတ်ချပါ ဗိုလ်ချုပ်ချူး" ယုချူးယွင်က ပြောသည်။
ထိုအချိန်၌ သူသည် ချူးယွင်ဖန်း၏ ရှုံးနိမ့်မှုများအတွက် စိုးရိမ်ပူပန်မှုမရှိတော့ပေ။ ချူးယွင်ဖန်း၏ ရေတိုနည်းလမ်းများကိုမြင်ပြီးနောက် ဝမ်ယိဖန်က ချူးယွင်ဖန်းကို တစ်နှစ်ပေးခြင်းအားဖြင့် အမှားတစ်ခု ကျူးလွန်ခဲ့ကြော်း သူနားလည်သွားခဲ့သည်။
ညွှန်ကြားချက်များပေးပြီးနောက် ချူးယွင်ဖန်းသည် သူ၏အစွမ်းကုန်ဖြင့် သီးသန့်စတင်ကျင့်ကြံခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ တရှ ၏ ဧကရာဇ်မြို့တော်၊မြို့ဝန်ဟန်ထျန်းနေအိမ်အတွင်း၌
လီချန်းယွမ်၊ သူ့နောက်လိုက်များ၊ လီယွီနှင့် အခြားသူများ စုဝေးခဲ့ကြသည်။
ချူးယွင်ဖန်းသည် ပဥ္စမအဆင့်ဗိုလ်ချုပ်မှ ဒုတိယအဆင့်ဗိုလ်ချုပ်သို့ ရာထူးတိုးမြှင့်ခံထားရကြောင်းကြားလိုက်ရသောအခါ လူတိုင်းစိတ်ဓာတ်ကျနေကြသည်။ ချူးယွင်ဖန်းက တရှ တစ်ခွင်လုံးတွင် အရေးပါသော ရာထူးတစ်ခုဟု မယူဆသော်လည်း ထိုကဲ့သို့သော ဘွဲ့တစ်ခု ရရှိရန် အလွန်ခက်ခဲသည်။ လီချန်းယွမ်ပင် မြို့ဝန်ဘွဲ့ ချီးမြှင့်ခံရခြင်းမပြုမီ တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ရသည်။
ဤသည်က ၎င်းတို့အတွက် သတင်းကောင်းတစ်ခုမဟုတ်ပေ။
အခန်း(၁၇၉၉) သံမဏိလှံဂိုဏ်း၏ ပြဿနာများ
၎င်းတို့အတွက် ချူးယွင်ဖန်းသည် သတ်၍မရသော ပိုးဟပ်တစ်ကောင်ကဲ့သို့ ဖြစ်သည်။ သူတို့က သူ့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း သူသည် အသက်ရှင်နေဆဲဖြစ်ကာ ကန်ကျောက်နေဆဲဖြစ်သည်။ ယခု သူသည် ဒုတိယတန်း ပြင်ပဗိုလ်ချုပ်ကြီးအဖြစ်သို့ အမှန်တကယ် ရောက်ရှိလာခဲ့သည်။
ချူးယွင်ဖန်း ပိုမိုအားကောင်းလာသည်နှင့်အမျှ သူ့ကိုကိုင်တွယ်ဖြေရှင်းရန် သူတို့ပေးဆောင်ရမည့်တန်ဖိုးသည် ပိုမိုကြီးမားလာခဲ့သည်။ ချူးယွင်ဖန်းသည် စကြဝဠာအဆင့်သို့ ရောက်ရှိနေပြီဟု သူတို့သံသယဝင်လာကြသည်။ အနည်းဆုံးတော့ သူ၏ခွန်အားသည် စကြဝဠာအဆင့်သို့ ရောက်ရှိနေပြီဟု ၎င်းတို့သေချာသည်။
စစ်သည်တော်တစ်ယောက် စကြဝဠာအဆင့်၌ ရှိမရှိက အလွန် အရေးကြီးသည်။ ယင်းက အလွန်အရေးကြီးသော စံနှုန်းတစ်ခုဖြစ်သည်။ ဒြပ်မဲ့ကျွမ်းကျင်အဆင့်၌ ရှိနေပါက ၎င်းတို့သေသွားသည့်တိုင် ကြယ်ကြွေကောင်းကင်၌ မည်သူမျှ သူ့အတွက်ရပ်တည်မည်မဟုတ်ပေ။ သူထိုသူသည် အသေးအဖွဲသာဖြစ်လိမ့်မည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အထက်လူကြီးများသည် ထိုသို့သော အသေးအဖွဲ့တစ်ယောက်ကို ဘယ်သောအခါမျှ သတိမထားမိကြပေ။
၎င်းတို့ကို ပါရမီရှင်များဟုလူသိများလျှင်ပင် ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ အလွန်များပြားသည်။
တရှနှင့်တစ်ကမ္ဘာလုံး၌ တစ်ကမ္ဘာလုံးမှာ ပါရမီရှင်မျမားသည် မြစ်ကို ဖြတ်ကူးနေသည့် ငါးများကဲ့သို့ပင်ဖြစ်၏။
သို့သော်၊ တစ်စုံတစ်ယောက်သည် စကြဝဠာအဆင့်သို့ ဝင်ရောက်သွားသည်နှင့် ၎င်းတို့သည် ကြယ်ကြွေကောင်းကင်တွင် အရေးပါသော အခွင့်အရေးတစ်ခုအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ၎င်းတို့ကို လူမဟုတ်သူများအဖြစ် သတ်မှတ်တော့မည် မဟုတ်ပေ။
ထိုကဲ့သို့သောလူတစ်ဦးကို ကိုင်တွယ်ရန် ပိုမိုသတိထားရမည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများကိုပင် ဝင်ရောက်စွက်ဖက်စေနိုင်သည်။ အဆုံးတွင်၊ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် ထိပ်တန်းဂိုဏ်းဆယ်ခုထဲမှ တစ်ခုဖြစ်ကာ ၎င်းတို့၏အစွမ်းသည် လီချန်းယွမ်ထက် များစွာသာလွန်သည်။
"စီနီယာ လော့ကျောက်အကြောင်း ဘာသတင်းမှ မရှိပါဘူး။"
လီချန်းယွမ်၏ နောက်လိုက်တစ်ဦးက ဦးဆောင်၍ ပြောလိုက်သည်။
လီယွီက အနည်းငယ် ကြောင်အသွားပုံရပြီး ၎င်းသည် လော့ကျောက်၏ကိစ္စကြောင့်သာ ဖြစ်သည်။ လူတိုင်းက လော့ကျောက်၏ နေရာကို ရှာဖွေနေကြသော်လည်း သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ သူ့ကို ချူးယွင်ဖန်း လက်ချက်ဖြင့် သေခဲ့ပြီဟုပင် သံသယဝင်ကြသည်။ ထိုသို့ဖြစ်ရန် အလားအလာ အလွန်နည်းသော်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ ချူးယွင်ဖန်းသည် လျှို့ဝှက်ဆန်းကြယ်၍ ပါးနပ်သောကြောင့် လူအများအပြား သူ့လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့ကြသည်။
သို့သော် တစ်ချိန်က လော့ကျောက်ကို ရှေးဒဿမသားရဲကြီးများဂူ၌ တွေ့ခဲ့သည်ဟူသော သတင်းတချို့ရှိခဲ့သည်။ လော့ကျောက်က အခြားဂိုဏ်းများ၏ စကြဝဠာအဆင့်များကို အစုလိုက်အပြုံလိုက်သုတ်သင်ခဲ့သည်ဟူသော သတင်းတချို့လည်းရှိသည်။
လီယွီက ယင်းကို ပထမဆုံးကြားခဲ့စဥ်က မယုံနိုင်ခဲ့ပေ။ သို့သော် လူတိုင်း၏ စကားများက တူနေသောကြောင့် အမှန်တရားမဟုတ်ဟုငြင်း၍ မရတော့ပေ။
သံမဏိလှံဂိုဏ်းနှင့် ညီမျှသော အင်အားစုများစွာ ရှိခဲ့သည်။ သံမဏိလှံဂိုဏ်းက အားကောင်းသော်လည်း မည်သည့်ခြိမ်းခြောက်မှုကိုမျှ မကြောက်ရွံ့သော ဂိုဏ်းကြီးဆယ်ဂိုဏ်းကဲ့သို့ အင်အားမရှိပေ။
သံမဏိလှံဂိုဏ်းသည် ယခုအချိန်၌ အခြေအနေ အနည်းငယ်ဆိုးရွားနေပြီဖြစ်ကာ အခြားဂိုဏ်းများ၏ ကိုယ်စားလှယ်များက ကြီးကျယ်ခမ်းနားသည့် ဂုဏ်ပြုပွဲများနှင့် ဤသို့ရောက်လာခဲ့ကြသည်။
အသတ်ခံရသော ပညာရှင်များထဲ၌ နတ်ဆိုးများနှင့် မိစ္ဆာကျွမ်းကျင်သူများပါဝင်သည်ကို ထည့်ပြောရန်ပင် မလိုတော့ပေ။ ဤလူများကို ကိုင်တွယ်ဖြေရှင်းခြင်းက သံမဏိလှံဂိုဏ်းကို ပြဿနာရှာခံရစေနိုင်သည်။
လူတိုင်းက သံမဏိလှံဂိုဏ်းမှ လော့ကျောက်ဖြစ်သည်ဟု ကျိန်ဆိုထားကြကာ
အသွင်အပြင်ကို အတုလုပ်၍ရသော်လည်း လော့ကျောက်အသုံးပြုသော ကျားနဂါးလှံသိုင်းသည် ပြီးပြည့်စုံ အဆင့်ကို ရောက်နေပြီဖြစ်သည်။ သူက သံမဏိလှံဂိုဏ်း၏ အဓိက လျို့ဝှက်သိုင်းပညာကို ကျင့်ကြံထားကြောင်း ထင်ရှားသဖြင့် လော့ကျောက်မဟုတ်သည်မှာ မဖြစ်နိုင်ပေ။
သံမဏိလှံဂိုဏ်းကပင် ထိုအချက်ကို ဝန်ခံရပေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ကျားနဂါးလှံပညာကို နောက်ဆုံးအဆင့်သို့ ရောက်သောသူများသာ သင်ယူနိုင်မည်ဖြစ်သည်။ သံမဏိလှံဂိုဏ်းသားများအားလုံး၌ ယင်းကို ပြီးပြည့်စုံအဆင့်ထိ ကျင့်ကြံနိုင်သူ ဆယ်ဂဏန်းသာရှိသည်။ ၎င်းတို့ ငြင်းချင်လျှင်ပင် ငြင်း၍ မရပေ။
ထို့ကြောင့် သံမဏိလှံဂိုဏ်းက လော့ကျောက်သည် ချူးယွင်ဖန်း၏လက်ထဲတွင် သေဆုံးသွားပြီဟု မထင်ထားကြပေ။ သို့သော် သူသည် ရုတ်တရက် ရူးသွပ်သွားပြီး လူများကို သတ်ပစ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ စတင်ပြသလာကြသည်။
လီယွီသည်လည်း လော့ကျောက်သည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးသွားပြီဟု ဘယ်သောအခါမှ မထင်ခဲ့ပါ။ သူ့ကို တိုက်ခိုက်ခဲ့သူမှာ ချူးယွင်ဖန်းဖြစ်သည်။ ဤသည်မှာ သံမဏိလှံဂိုဏ်းကို ဒုက္ခပေးရန် ချူးယွင်ဖန်း၏ အစီအစဉ်ဖြစ်သည်။ အဆုံးစွန်အားဖြင့် သူ၏လက်ရှိခွန်အားဖြင့် သံမဏိလှံဂိုဏ်းကို အမြစ်ပြတ်အောင် လုပ်နိုင်လောက်အောင် သူ့တွင် အင်အားမရှိပေ။ သူသည် ၎င်းတို့ကို အနည်းငယ်သာ ပြဿနာဖြစ်စေနိုင်သည်။
စကြဝဠာအဆင့်ထိ ကျင့်ကြံနိုင်သော အင်အားစုများသည် ရိုးရှင်းသော အင်အားစုများမဟုတ်ကြပေ။ ၎င်းတို့ထဲမှ အများစုက သံမဏိလှံဂိုဏ်းတို့နှင့် နှိုင်းယှဥ်နိုင်သည်။
"ဦးလေးလော့မှာ သူ့ကိုယ်ပိုင်အစီအစဉ်တွေ ရှိရမယ်။ သူ ဒီလောက်လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး။"
ဤအချိန်တွင် လီယွီသည် လော့ကျောက်၏ ရည်ရွယ်ချက်ကို မသိသော်လည်း ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်နိုင်ခဲ့သည်။ ဤအချိန်တွင် သူ ဘာမှ မသိကြောင်း ဝန်ခံရန် မဖြစ်နိုင်ပေ။
"လော့ကျောက်ရဲ့ အစီအစဉ်တွေက ဘာတွေလဲဆိုတာ ငါဂရုမစိုက်ဘူး။ သူ ငါ့ကို လိမ်ရဲတဲ့အတွက် သူ သေချာပေါက် ပေးဆပ်ရလိမ့်မယ်" လီချန်းယွမ်က အေးစက်စက်ပြောလိုက်သည်။
"အခု ချူးယွင်ဖန်းကို ပြင်ပဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပြီး မဟာကွပ်ကဲရေးရုံးရဲ့ မျက်စိရှေ့မှောက် ရောက်နေပြီဆိုတော့ ငါတို့အတွက် လှုပ်ရှားဖို့ ခက်ခဲတယ်။ ဒါပေမယ့် ချူးယွင်ဖန်းမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းက ဝမ်ယိဖန်နဲ့ တစ်နှစ်နေရင်တိုက်ဖို့ စိန်ခေါ်ချက် ရှိတယ်လို့ ငါကြားတယ်။"
လီချန်းယွမ်သည် သူ၏ယခင်က သေးငယ်သောလုပ်ရပ်များကြောင့် မဟာကွပ်ကဲရေးမှူး၏ မကျေနပ်မှုကို နှိုးဆွပေးပြီးသားဖြစ်ကြောင်း သိရှိထားသောကြောင့် မည်သူ့ကိုမျှ ရာထူးတိုးမြှင့်ရန် အစီအစဉ်မရှိပေ။
သူသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး၍ လူငယ်မျိုးဆက်၏ နံပါတ်တစ်ကျွမ်းကျင်သူဖြစ်သော်လည်း သူနှင့် မဟာကွပ်ကဲရေးမှူးကြီးကြားတွင် ကမ္ဘာတစ်ခုစာ ကွာခြားချက်တစ်ခု ရှိနေသေးသည်။ သူသည် လူငယ်မျိုးဆက်၏ နံပါတ်တစ်ကျွမ်းကျင်သူသာဖြစ်သော်လည်း တပ်မှူးကြီးမှာမူ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသည်။
မဟာကွပ်ကဲရေးမှူးသည် ကမ္ဘာပေါ်ရှိ စစ်သားအားလုံးကို တာဝန်ယူရသည်။ လီချန်းယွမ်က သူ့ကို ဒေါသထွက်စေပါက အမိန့်တစ်ခုတည်းဖြင့် သူ၏ရာထူးကို အလွယ်တကူ ရုပ်သိမ်းနိုင်သည်။
ဧကရာဇ်နန်းတော်၏ မင်းမျိုးမင်းနွယ်မိသားစုမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် လီချန်းယွမ်သည် ဂိုဏ်းများမှ ပါရမီရှင်အများစုထက် မဟာကွပ်ကဲရေးမှူးရာထူး၏ အဓိပ္ပာယ်ကို ပိုမိုသိသည်။ မြို့ဝန်ဘွဲ့ကို ချီးမြှင့်ခံရစဉ်က သူသည် တရှ၏ မဟာကွပ်ကဲရေးမှူးကို တစ်ကြိမ်မြင်တွေ့ခဲ့ဖူးသည်။ ထိုလူသည် အမှန်တကယ်ပင် နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
မဟာကွပ်ကဲရေးမှူးကြောင့် တရှသည် တည်ငြိမ်သော အပ်တစ်ချောင်းကဲ့သို့ ဖြစ်နေခဲ့သည်။ လေးမျက်နှာရှိ နယ်ခြားမျိုးနွယ်စုများသည် ပေါ့ပေါ့ဆဆ မလုပ်ရဲကြပေ။ သူသည် ရှုံးနိမ့်မှုကို ဘယ်သောအခါမှ ဝန်မခံခဲ့သော်လည်း လီချန်းယွမ်သည် သူနှင့် မဟာကွပ်ကဲရေးမှူးကြားမှ ကွာဟချက်ကို နားလည်ခဲ့သည်။
"ဟုတ်တယ်။ သူတို့ကြားမှာ တစ်နှစ်စာချုပ်ရှိတယ်။ အဲ့တုန်းက လူတိုင်းက ချူးယွင်ဖန်း ကို သူ့ရဲ့ကိုယ်ပိုင်အစွမ်းသတ္တိကို အလွန်အကျွံခန့်မှန်းမိလို့ လှောင်ပြောင်ခဲ့ကြတယ်၊ ဒါပေမယ့် အခုတော့ ဝမ်ယိဖန်က စကြဝဠာအဆင့်ကို ရောက်တာကြာပြီဆိုပေမယ့် သူက ချူးယွင်ဖန်း နဲ့ ယှဉ်နိုင်မယ်မထင်ဘူး" လီယွီက ပြောလိုက်သည်။
ချူးယွင်ဖန်း၏ ပါးနပ်မှုက သူ့အပေါ် နက်ရှိုင်းသော လွှမ်းမိုးမှု ချန်ထားခဲ့သည်။
အခန်း(၁၈၀၀) စကြဝဠာအဆင့်
အမျိုးမျိုးသော အဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပျက်ပြီးနောက် သူက ချူးယွင်ဖန်းကို နောက်ထပ်လျှော့မတွက်တော့ပေ။ မဟုတ်ပါက သူ၏ ဉာဏ်ရည်ကို စော်ကားရာကျလိမ့်မည်။ အစက ဝမ်ယိဖန် အနိုင်ရလိမ့်မည်ဟု သူထင်ခဲ့သော်လည်း ယခုမူ ထိုသို့မဖြစ်နိုင်ဟု ထင်ရသည်။
"ဟုတ်တယ်။ အခု အကြီးအကဲက ဒီကိစ္စကို စောင့်ကြည့်နေတာမို့ ငါတို့ လှုပ်ရှားမှုလုပ်ဖို့ မလွယ်တော့ဘူး။ အခု အကောင်းဆုံးနည်းလမ်းကတော့ ဝမ်ယိဖန်ရဲ့လက်ကိုသုံးပြီး ချူးယွင်ဖန်းကို ဖယ်ရှားပစ်ဖို့ပဲ" နောက်တစ်ယောက်က ပြောလိုက်သည်။
"ဒါပေမယ့် ချူးယွင်ဖန်း ဘယ်လောက်အားကောင်းလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ဝမ်ယိဖန်လည်း အနိုင်ရနိုင်မှာ မဟုတ်ဘူး" တစ်ယောက်ယောက်က စိုးရိမ်စွာ ပြောလိုက်သည်။
"ငါ ဘာလုပ်ရမလဲဆိုတာ သိတယ်။ လီယွီ၊ ဝမ်ယိဖန်နဲ့ စကားပြောဖို့ စီစဥ်ပေး။ ငါ ဘာလိုချင်လဲဆိုတာ သူ နားလည်သင့်တယ်" လီချန်းယွမ်က အေးစက်စွာ ပြောလိုက်သည်။
"ချူးယွင်ဖန်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ အချိန်တန်ရင် သူ သေရလိမ့်မယ်။ ဒီတစ်ခါတော့ မတော်တဆမှုတွေ မဖြစ်စေချင်ဘူး၊ မင်း နားလည်လား"
"နားလည်ပါပြီ အရှင်သခင်" လီယွီ ခေါင်းညိတ်လိုက်သည်။
"ငါ တစ်ယောက်တည်း သွားတော့မယ်။ ကျန်တာတွေကို မင်းတို့ကို တာဝန်ပေးလိုက်မယ်" လီချန်းယွမ် အခန်းထဲက ထွက်သွားသည်။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် လီယွီကို အာရုံစိုက်လိုက်ကြသည်။
ဤအဖြစ်အပျက်များ၊ အထူးသဖြင့် ကုန်းဆွန်းလျန် သေဆုံးမှုနှင့် လော့ကျောက်ပျောက်ဆုံးမှုတို့ကိုကြည့်ပါက လီယွီ အမှတ်များစွာ ဆုံးရှုံးသွားကြောင်း နားလည်နိုင်သည်။
ယခုအချိန်၌ ပြန်၍ ဖြည့်ဆည်း၍ နည်းလမ်းတစ်ခု မစဥ်းစားပါက သူ့နေရာသိမ်းပိုက်ရန် လူမည်မျှ များများက အော်ဟစ်နေကြမည်ကို မည်သူသိနိုင်မည်နည်း။ မည်သို့ပင်ဖြစ်စေကာမူ တရှ၏
ငယ်ရွယ်စဉ်က နံပါတ်တစ် ကျွမ်းကျင်သူကို လိုက်စားခြင်း၏ အကျိုးကျေးဇူးများကို သံသယဖြစ်စရာမလိုတော့ပေ။
***
ချူးယွင်ဖန်းသည် လီချန်းယွမ်က သူ့ကိုသတ်ရန်ကြံစည်နေသည်ကို မသိခဲ့ပေ။ သူသည် တောင်မြစ်ပန်းချီကားအတွင်း၌ တစ်လလုံး လေ့ကျင့်နေခဲ့သည်။ ဤကာလအတွင်း သူ၏ခွန်အားတိုးတက်မှုသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။ သူသည် ဒုံးပျံအမြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။ ပြင်ပလူများ ဤအကြောင်းကို သိပါက ချက်ချင်းပင် အံ့အားသင့်ကာ သေသွားကြလိမ့်မည်။
ဤတစ်လလုံး၌ သူက သူ့ကိုယ်သူ အဆက်မပြတ်ပြုပြင်၍ သူ၏ ကျင့်ကြံမှုအခြေခံကို ခိုင်မာစေခဲ့သည်။ ယင်းက သူ့အနာဂတ်အတွက် အလွန်အရေးကြီးသည်။ တစ်လလုံးကြာပြီးနောက်
သူ၏ကျင့်ကြံမှုကို ဒြပ်မဲ့ကျွမ်းကျင်အဆင့် အထွတ်အထိပ်အဆင့် ခိုင်မာစေရန် လုပ်ဆောင်နိုင်ခဲ့ကာ စကြဝဠာအဆင့်သို့ တက်လှမ်းရန် စတင်လေ့ကျင့်တော့မည်ဖြစ်သည်။
စကြဝဠာအဆင့်နှင့် ဒြပ်မဲ့ကျွမ်းကျင့်အဆင့်ကြား၌ အခြေခံအားဖြင့် ကွာခြားချက်တစ်ခုရှိသည်။ တစ်စုံတစ်ယောက်၏ သက်တမ်းသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ဝင်ရောက်ပြီးနောက် သက်တမ်းသုံးရာအထိရောက်ရှိနိုင်သည်ဆိုပါက စကြဝဠာအဆင့်သို့ ရောက်ရှိပြီးနောက် ၎င်းတို့၏ သက်တမ်းသည် ကမ္ဘာမြေကို တုန်လှုပ်စေသော ပြောင်းလဲမှုတစ်ခုကို ထပ်မံကြုံတွေ့ရလိမ့်မည်။
သူတို့သည် အသက်တစ်ထောင် သက်တမ်းကို ရရှိကြလိမ့်မည်။
ယင်းက စကြဝဠာကို ပြောင်းပြန်လှန်ကာ ကမ္ဘာ့ကံကြမ္မာကို သိမ်းပိုက်နိုင်မည့် ပထမခြေလှမ်းဖြစ်သည်။ လူ့ဘဝ၏ ကန့်သတ်ချက်များ၊ နတ်ဘုရားစွမ်းအင်များနှင့် ကန့်သတ်ချက်များကို ချိုးဖျက်ရန်ဖြစ်သည်။
ဒြပ်မဲ့ကျွမ်းကျင်အဆင့်၌ ရှိနိုင်သော လူ့ကန့်သတ်ချက်အားလုံးကို ချိုးဖျက်ရမည်။ စကြဝဠာအဆင့်သို့ရောက်သွားသည်နှင့် ထိုအရာများအားလုံးက ပြေလည်သွားကာ ရေစီးကြောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သွားမည်ဖြစ်၏။
ဤအဆင့်၌ အသက်ရှည်သူများကိုသာ တရှတွင် အမှန်တကယ်အရေးပါသော ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်နိုင်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ဂိုဏ်းတစ်ခု သို့မဟုတ် မင်းဆက်တစ်ခု၏ အုပ်ထိန်းသူဖြစ်ရန် အရည်အချင်းပြည့်မီသည်။
စကြဝဠာအဆင့်သည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်နှင့် လုံးဝကွဲပြားသော အယူအဆတစ်ခုဖြစ်သည်။
ထို့အပြင် ချူးယွင်ဖန်းတွင် ဆင့်ကဲပြောင်းလဲမှုဆေးလုံးတစ်လုံးရှိ၍ ယခုအချိန်သည် အဆင့်ဖြတ်ကျော်ရန် အချိန်ကောင်းဖြစ်သည်။ သီးခြားကြယ်ကိုသတ်ခြင်းအတွက် ဆုလာဘ်သည် နောက်ဆုံးတွင် အသုံးဝင်လာပြီဖြစ်ကာ ၎င်းသည် စကြဝဠာအဆင့်သို့ ဖြတ်ကျော်ရန် အထိရောက်ဆုံးပစ္စည်းဖြစ်သည်။
ချူးယွင်ဖန်းသည် ဆင့်ကဲပြောင်းလဲခြင်းဆေးလုံးကို ချက်ချင်းသောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ချက်ချင်းခံစားလိုက်ရပြီး သူ၏ခွန်အားကို အဆက်မပြတ်ဆုတ်ယုတ်စေခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်း ပြိုကွဲကာ ပြန်လည်စုစည်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤကြီးမားသော စွမ်းအင်ပမာဏသည် သာမန်လူများ စိတ်ကူးနိုင်သောအရာ မဟုတ်ပေ။
လူပြိုလဲတော့မည့်အလား ခံစားလိုက်ရသည်။
ယင်းက ဆင့်ကဲပြောင်းလဲခြင်းဆေးလုံး၏ စစ်မှန်သော အဓိပ္ပါယ်ဖြစ်သည်။ လူတစ်ယောက်ကို ပြန်လည်မွေးဖွားခွင့်ပေးသည်။
ချူးယွင်ဖန်းက မခုခံဘဲ ကြီးမားသောအားကို ဝင်ရောက်ခွင့်ပြုလိုက်ကာ သူ့ချွေးပေါက်များမှ သွေးများပင် စီးကျလာသည်။ သို့သော် နောက်တစ်ခဏတွင် သူ ပြန်လည်ပြုပြင်ခံရသည်။ ဤလုပ်ငန်းစဉ်တွင် သူ့ခန္ဓာကိုယ်သည် ပြိုကွဲပြီးနောက် ပြန်လည်စုစည်းနေကာ ပိုမိုအားကောင်းလာသည်။ ဤစွမ်းအားသည် သူ့ဝိညာဉ်၏ အနက်ရှိုင်းဆုံးအထိပင် ပျံ့နှံ့သွားပြီး ၎င်းကို ပြိုကွဲစေခဲ့သည်။
ဤစုတ်ဖြဲခြင်းသည် ပြန်လည်မွေးဖွားခြင်းဖြစ်သည်။ !
ချူးယွင်ဖန်းသည် ပထမဆုံးအကြိမ်အဖြစ် နတ်ဘုရားစိတ်ဝိဉာဥ်နယ်မြေနှင့် ထိတွေ့ခြင်းဖြစ်သည်။ ဤသည်မှာ ဒြပ်မဲ့ကျွမ်းကျင်အဆင့်နှင့် လုံးဝကွဲပြားသော လေ့ကျင့်မှုလမ်းကြောင်းတစ်ခုဖြစ်သည်။ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းနှစ်မျိုးလုံးကို လေ့ကျင့်ပြီးနောက်၊ လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် လုံလောက်သောစွမ်းအားရှိလာကာ သူ၏ဝိညာဉ်သည် အဆက်မပြတ်ပြောင်းလဲနေမည်ဖြစ်သည်။
တစ်လလုံးကြာပြီးနောက် ချူးယွင်ဖန်းသည် နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် လွန်ခဲ့သော တစ်လနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်ယံအရေပြားနှင့် ကျောက်စိမ်းအရိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ကျောက်စိမ်းလူသားတစ်ဦးနှင့် တူနေသည်။
သူ၏ စိတ်ပိုင်းဆိုင်ရာ အသွင်အပြင်တစ်ခုလုံးက ကြီးမားသော ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရသည်။ သူသည် ကောင်းကင်မှ ဆင်းသက်လာသည့် ကောင်းကင်ဘုံသားတစ်ပါးကဲ့သို့ပင်ဖြစ်၍
ရွှေရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု သူ့အရေပြားမှ စိမ့်ထွက်လာကာ အရေပြားပေါ်၌ လင်းလက်နေသည်။
"နောက်ဆုံးတော့ ငါ စကြဝဠာအဆင့်ကို ရောက်ပြီ!"
ချူးယွင်ဖန်း ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်သည်။ တစ်လကြာ ကြမ်းတမ်းသသော ကျင့်ကြံမှုအပြီးတွင် သူသည် ဆင့်ကဲဖြစ်စဉ်ဆေးလုံး၏ ဆေးစွမ်းအားလုံးကို နောက်ဆုံးတွင် ချေဖျက်၍ သူ၏ကိုယ်ပိုင် အစွမ်းအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၏ ပြောင်းလဲမှုကိုလည်း ကောက်ချက်ချနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ပါရှိသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ ခံစားနိုင်သည်။ ရိုးရိုးသားသားပြောရပါက သူ၏ လက်ရှိအစွမ်းက ယခင်ကထက် ဆယ်ဆနီးပါးပိုများနေသည်။
သူအဆင့်တက်ရန် ခြေတစ်စလှမ်းသာလိုတော့သည်။
ထိုအချိန်၌ သူသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်နှင့် စကြဝဠာအဆင့်သည် တစ်ထပ်တည်းမဟုတ်ကြောင်း တကယ်ခံစားလိုက်ရသည်။ မြေကြီးကို တုန်လှုပ်စေနိုင်သော ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှ အသက်ဓာတ်များစီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
သူ့သက်တမ်းက ယခင်ကနှင့်နှိုင်းယှဥ်ပါက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သို့သော် သာမန်လူများနှင့်ယှဥ်လျှင် သူ့သက်တမ်းက အနည်းဆုံး နှစ်ထောင်ချီတိုးလာသည်။ ယင်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
ယင်းက သူ့တွင်လေ့ကျင့်ရန် အချိန်များစွာရှိသည်ဟူသော အဓိပ္ပါယ်ပင်ဖြစ်ကာ သာမန်လူများနှင့်ယှဥ်ပါက သူ့တွင် အနည်းဆုံးအဆပေါင်းများစွာအချိန်ပိုရှိသည်။ ယင်းက သူ၏ အကြီးမားဆုံးအားသာချက်ဖြစ်၏။
ချူးယွင်ဖန်းသည် စကြဝဠာအဆင့်သို့ ဝင်ရောက်သည်နှင့် သူ၏ဝိညာဉ်သည် ဆယ်ဆပိုမိုအားကောင်းလာကာ ကောင်းကင်နှင့်မြေကြီးအကြောင်း ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်လာသည်ဟု ခံစားလိုက်ရသည်။
ထိုပြောင်းလဲမှုက အလုံးစုံအကျုံးဝင်ခဲ့၏။
သူ ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်သည်။