အခန်း (၁၈၀၁-၁၈၀၃)
Vol. 121 Ch. 1801-1803
အခန်း(၁၈၀၁) တိုက်ပွဲအင်အားတိုးလာခြင်း
အဆင့်ဖြတ်ကျော်မှုတိုင်းသည် ဘဝတစ်ခုမှ တစ်ခုသို့ လုံးလုံးလျားလျားခုန်ပျံကျော်လွှားခြင်းဖြစ်သည်။
ပုရွက်ဆိတ်များသည် ၎င်းတို့ထက် အဆလေးရာမျှလေးသော ပစ္စည်းကို အလွယ်တကူ မနိုင်သော်လည်း လူသားများသည်မူ ၎င်းတို့နှင့်အလေးချိန်တူသော ပစ္စည်းများကိုပင် မမနိုင်သလောက်ပင်ဖြစ်သည်။ သို့သော် လူသားများသည် ထိုပုရွက်ဆိတ်အုပ်ကို ဖိချေ၍ သေစေနိုင်သည်။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အားနည်းချက်က သူ၏ခွန်အားကို ကန့်သတ်ထားသည်။ ပုရွက်ဆိတ်တစ်ကောင်က သူ့ထက် အဆတစ်ထောင်ပိုလေးသော ပစ္စည်းတစ်ခုကို မနိုင်လျှင်ပင် လူသားတစ်ဦး၏ ခြေထောက်ကို
ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ချူးယွင်ဖန်းတွင် သူ့ထက်အဆင့်မြင့်သူများကို စိန်ခေါ်နိုင်စွမ်းရှိသည့်တိုင် လီချန်းယွမ်ကို ရင်ဆိုင်ရန် ခက်ခဲသည်။ လူများတွင် ကန့်သတ်ချက်များရှိသည်ကို သူကိုယ်တိုင်ဝန်ခံရပေမည်။ လီချန်းယွမ်နှင့်အဆင့်တူရောက်အောင် မကျော်လွှားနိုင်ပါက လီချန်းယွမ်နှင့် ယှဥ်ပြိုင်နိုင်မည်မဟုတ်ပေ။
ယခု ချူးယွင်ဖန်းသည် ဤနှောင်ကြိုးကို နောက်ဆုံးတွင် ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် အခွံမှ ကွဲထွက်ကာ အသစ်စက်စက် လူတစ်ယောက်အဖြစ် ပြောင်းလဲ၍ ဘဝအသစ်တစ်ခုသို့ ကူးပြောင်းသွားသည့်နှယ်ပင်ဖြစ်သည်။
"နောက်ဆုံးတော့ ငါ လီချန်းယွမ်နဲ့ တူညီတဲ့ အစမျဥ်းပေါ် ရပ်နေရပြီ!" ချူးယွင်ဖန်း ပြုံးလိုက်သည်။
အခြားသူများသာ ယင်းကိုကြားပါက ချူးယွင်ဖန်းက အလွန်မာန်တက်နေသည်ဟုထင်ကြလိမ့်မည်။
လီချန်းယွမ်က စကြဝဠာအဆင့်သို့ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကာ
ချူးယွင်ဖန်းကလည်း ဤအဆင့်သို့ ခြေချလာခါစသာာ ရှိနေသေးသော်လည်း သူက လီချန်းယွမ်နှင့် အတူတူရှိနေပြီဟု ထင်နေခြင်းသည်.. မာန်တက်နေခြင်းပင်ဖြစ်သည်။
တကယ့်တိုက်ခိုက်ရေးအစွမ်းအရ သူသည် လီချန်ယွမ်နှင့် အလှမ်းဝေးနေသေးသည်ကို ချူးယွင်ဖန်း သိသည်။ သူဟာ အဆပေါင်းများစွာ ဒါမှမဟုတ် ဆယ်ဆထက်ပို၍ပင် အင်အားနည်းနိုင်သည်။
စကြဝဠာအဆင့်၏ အဆင့်တစ်ခုချင်းစီကြားက ကွာခြားချက်ကို ယုတ္တိရှိရှိ တွက်ချက်ခြင်းဖြင့် မရနိုင်ပေ။ ချူးယွင်ဖန်း အဆင့်ဖြတ်ကျော်မှုတွင် ကန့်သတ်ချက်များရှိသည်။ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံနေသရွေ့ အထွတ်အထိပ်ကို အနှေးနှင့်အမြန် ရောက်နိုင်လိမ့်မည်။ သို့သော် ထိုနည်းလမ်းကို အလျင်စလိုအသုံးပြုကာ ၎င်းတို့၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေ၍ အဆင့်အထွတ်အထိပ်သို့ မဝင်ရောက်နိုင်ပါက အကြီးမားဆုံးရှုံးမှုပင်ဖြစ်လိမ့်မည်။
သို့သော်လည်း ချူးယွင်ဖန်းက ဂရုမစိုက်ပေ။ စကြဝဠာအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် မြေကြီးကို တုန်လှုပ်စေသော ပြောင်းလဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူက မယုံနိုင်လောက်အောင် သန်မာလာစေရန်အတွက် အံ့မခန်း ခန္ဓာကိုယ်နှစ်ခုဖြစ်သည့် ဧကရာဇ်ခန္ဓာကိုယ်နှင့် မိုးကြိုးဓားခန္ဓာကိုယ်တို့ကို အားကိုးခဲ့ရသည်။ ယခုအခါ သူသည် အင်မော်တယ်ဖီးနစ်နက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို ရရှိထားပြီးဖြစ်သောကြောင့် သူ၏ ပြန်လည်ကောင်းမွန်လာနိုင်စွမ်းသည် မယုံနိုင်လောက်အောင် အားကောင်းနေသည်။
သာမန်လူများအတွက်မူ ယင်းက မိမိကိုယ်ကိုယ် အပြီးအပိုင် ထိခိုက်စေမည့် လုပ်ရပ်တစ်ခု ဖြစ်လိမ့်မည်။ သို့သော် ချူးယွင်ဖန်းအတွက်မူ သူ ပြန်ကောင်းလာရန် အချိန်အနည်းငယ်သာ လိုသည်။ သာမန်လူများအတွက် အကြောက်ဆုံး လုပ်ရပ်က ၎င်းတို့၏ သက်တမ်းကို ဖျက်ဆီးပစ်ခြင်းဖြစ်သော်လည်း သူ့အတွက် ဘာမှ မဟုတ်ပပေ။ ထောင်ပေါင်းများစွာသော သက်တမ်းရကာ သူ တစ်ညတည်းနှင့် ချမ်းသာလာသည့်အလားဖြစ်၍ ကြောက်ရွံ့မှုမရှိဘဲ တားမြစ်နည်းလမ်းများကို အသုံးပြုနိုင်သည်။
မှန်သည်။ မလိုအပ်ပါက သူ ဤသို့နည်းလမ်းများကို မသုံးပေ။ မည်သို့ပင်ဖြစ်စေကာမူ မည်သူကမျှ အသက်ရှည်ရသောကြောင့် ညည်းညူနေမည်မဟုတ်ပေ။ ရှေးခေတ်ဧကရာဇ်များပင် ကောင်းကင်ဘုံကို ဖြိုခွင်းကာ အင်မော်တယ်ဘဝရနိုင်ခြေရှိသော ခေတ်တစ်ခေတ်ကို အဆုံးသတ်စေခဲ့ခြင်းမဟုတ်သလော။
ချူးယွင်ဖန်းသည် သူ၏တိုးတက်မှုကို အလွန်ကျေနပ်အားရခဲ့သည်။ ယခင်က လီချန်းယွမ်နှင့်တွေ့ဆုံခဲ့စဉ်က သူသည် ဓားအလင်းတံတိုင်းကိုအသုံးပြု၍ လီချန်းယွမ်ကို ကြံစည်ခဲ့သော်လည်း သူလွတ်မြောက်နိုင်ခဲ့ပြီး သေလုမတတ်ဖြစ်ခဲ့သည်။ ယခုအခါ ချူးယွင်ဖန်းသည် လီချန်းယွမ်နှင့် ယှဉ်ပြိုင်ရန် နည်းလမ်းတစ်ခုရှိလာကာ ဤအရာအားလုံးသည် နှစ်အနည်းငယ်သာကြာခဲ့သည်။ သူသည် ဤတိုးတက်မှုကို အလွန်ကျေနပ်အားရမိသည်။
သူ့တွင် ညည်းညူစရာမရှိပေ။ သူ တိုးတက်လာမှုက ဟျန်ထျန်းမြို့ဝန် နေအိမ်တစ်ခုလုံးကို ဖိအား မည်မျှ ယူလာမိသည်ကို သူမသိခဲ့ပေ။ သူသည် အလွယ်တကူ နင်းခြေ၍ ရနိုင်သော ပုရွက်ဆိတ်တစ်ကောင်မှ ၎င်းတို့ကို ခြိမ်းခြောက်နိုင်သည့် ရှင်သန်မှုတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
တစ်ယောက်က ကလေးတစ်ယောက်ဖြစ်ကာ နောက်တစ်ယောက်က လူကြီးတစ်ယောက်ဟု ၎င်းတို့ အမြင်တွင် မြင်နေသော်လည်း ၎င်းတို့က အဆင့်တူတူပင်ဖြစ်သည်။ ၎င်းတို့သည် ပုရွက်ဆိတ်နှင့်လူသားများကဲ့သို့မဟုတ်ဘဲ အားအကောင်းဆုံး ပုရွက်ဆိတ်ပင် အားအနည်းဆုံး ကလေး၏ ထိုးနှက်ချက်ကို မခံနိုင်ပေ။
စကြဝဠာအဆင့်သို့ ရောက်ရှိပြီးနောက် ချူးယွင်ဖန်းသည် သူ၏ သာမန်တိုက်ခိုက်ရေးအစွမ်းဖြင့် ပဉ္စမအဆင့် စကြဝဠာကို အလွယ်တကူ အနိုင်ယူနိုင်သည်။ အကယ်၍ သူသာ ဟိုပုံစံကို ပြောင်းလဲပါက သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် ပိုမိုတိုးတက်လာမည်ဖြစ်ကာ စကြဝဠာဆဠမအဆင့်ထက် နိမ့်ကျမည်မဟုတ်ပေ။
စကြဝဠာအဆင့်သို့ ရောက်ရှိပြီးနောက် ချူးယွင်ဖန်း၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် ပိုမိုတိုးတက်လာခဲ့သည်။ အင်မော်တယ်ဖီးနစ်နက်၏ ဝိသေသလက္ခဏာများနှင့် ပေါင်းစပ်လိုက်သောအခါ သူ့ခန္ဓာကိုယ်၏ ပြန်လည်ကောင်းမွန်လာနိုင်စွမ်းသည် ပို၍ပင် မူမမှန်ဖြစ်လာခဲ့သည်။
သူ ဟုတ်အဖြစ်ပြောင်းလဲရန် အချိန်ရခြင်းက ဆယ်ဆတိုးလာသည်။
မကြာလှသော်လည်း ၎င်းကပင် တိုက်ပွဲတစ်ခုကို အဆုံးသတ်ရန် လုံလောက်သည်။ တားမြစ်နည်းလမ်းများကို သူ အသုံးပြုလိုက်သည်နှင့် သူ၏တိုက်ခိုက်ရေးအစွမ်းက နောက်တစ်ဆင့်တက်သွားနိုင်သည်။ ထို့ကြောင့်သာ ချူးယွင်ဖန်းနှင့် လီချန်းယွမ်တို့က တူညီသော စမှတ်၌ ရပ်နေသည်ဟုပြောခြင်းဖြစ်သည်။
"လီချန်းယွမ်၊ မကြာခင်မှာ ငါတို့ တိုက်ပွဲစတော့မှာ" ချူးယွင်ဖန်းက မှင်သက်စွာပြုံးလိုက်သည်
"ဒါပေမယ့် အခုချိန်မှာတော့ ဝမ်ယိဖန်ကို ဖယ်ရှားပစ်ရမယ့်အချိန်ရောက်ပြီ။"
မြူခိုးများက ထိုနေရာကို ဝန်းရံထားပြီး ခရမ်းရောင်စွမ်းအင်များက လေထုကို ပြည့်နှက်နေသည်။ ကြယ်ကြွေကောင်းကင်သည် ကမ္ဘာမြေပေါ်ရှိ သုခဘုံတစ်ခုကဲ့သို့ ဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများတွက် ထိုနေ့သည် သာမန်နေ့တစ်နေ့ဖြစ်သည်။ သို့သော် လူအများစုအတွက်မူ ကွဲပြားသည်။ ယနေ့၌ အံ့ဖွယ်မိုးတိမ်တောင်ထွတ်က ပျော်ပွဲရွှင်ပွဲအငွေ့အသက်တို့ဖြင့် ပြည့်နှက်နေသည်။ ထိုတောင်ထိပ်သခင် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့် ဝမ်ယိဖန်သည် သီးသန့်ကျင့်ကြံမှုမှ ထွက်လာကာ လက်ဖက်ရည်ပွဲတစ်ပွဲကို ကျင်းပနေသည်။
ရိုးရှင်းသော လက်ဖက်ရည်ပွဲသာ ဖြစ်သော်လည်း ပါဝင်သူအားလုံးက
စကြဝဠာအဆင့် တပည့်များဖြစ်သည်။ ဆိုလိုသည်က ဝမ်ယိဖန်သည် သူ၏ တပည့်သစ်တစ်ယောက်အနေဖြင့် ရှက်စဖွယ် အဆင့်အတန်းကို ဖယ်ရှား၍ အကြီးတန်းတပည့်များ၏ အသိအမှတ်ပြုမှုကို ရနေပြီဖြစ်သည်။ မဟုတ်ပါက ဤလူများ စုဝေးပွဲသို့ရောက်လာမည်မဟုတ်ပေ။
ဝမ်ယိဖန်၏ နောက်လိုက်များအားလုံးအတွက်လည်း အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်သည်။ ထိုလက်ဖက်ရည်ပွဲနှင့်အတူ ဝမ်ယိဖန်၏ ရာထူးအဆင့်အတန်းက များစွာတိုးတက်လာကာ လူများနှင့်ပို၍ သိကျွမ်းလာလိမ့်မည်။
အံ့ဖွယ်မိုးတိမ်တောင်ထွတ်၌ လူတိုင်း အလုပ်ရှုပ်နေကြသည်။ မည်သူကမျှ အမှားလုပ်၍ ဝမ်ယိဖန် အမျက်ထွက်မည်ကို မလိုလားကြပေ။ မဟုတ်ပါက အကျိုးဆက်များက မယုံနိုင်စရာကောင်းလာပေလိမ့်မည်။
ဝမ်ယိဖန်အတွက် ဤသို့သော ပွဲမျိုးကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်၍ လူအနည်းငယ်သာ တက်ရောက်နိုင်သည့် လက်ဖက်ရည်ပွဲအပြင်၊ ပွဲတော်တစ်ခုလည်း ရှိ၍ ကြယ်ကြွေကောင်းကင်ဂိုဏ်း အတွင်းစည်းတပည့်များကို ဆွဲဆောင်နိုင်သည်။ အစွန်အဖျားတပည့်များကမူ ထို ကြီးကျယ်ခမ်းနားသော ပွဲ၌ ပါဝင်ရန် အရည်အချင်း မပြည့်မီပေ။
ပွဲခန်းမထဲတွင် လရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ယောက် လူအုပ်ကြားထဲသို့ ဖြတ်ပြေးလာကာ မကြာခင်၌ပင် သူသည် အသက်တူအရွယ်တူ လူငယ်တစ်စုရှေ့သို့ရောက်လာသည်။
ထိုလူငယ်များသည် သူနှင့်အသက်ရွယ်တူလောက်ရှိကာ အမျိုးသား အမျိုးသမီးများပါရှိသည်။ ခေါင်းဆောင်က အသက် ၂၇ နှစ် သို့မဟုတ် ၂၈ နှစ်လောက်ရှိနိုင်သည့် အမျိုးသမီးတစ်ဦးဖြစ်ကာ သူမတွင် လှပသော မျက်နှာနှင့် အရပ်ခပ်ရှည်ရှည် ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ ယင်းက တက်ရောက်လာသူတိုင်း၏ အာရုံစိုက်မှုကို ရခဲ့သည်။
သူမဝတ်ဆင်ထားသည့် ဝတ်ရုံကိုကြည့်ရုံနှင့် သူမသည် လက်ရွေးစင်တပည့်တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ သူမသည် စစ်မှန်သောတပည့်တစ်ဦးကဲ့သို့ အဆင့်မရှိလှသော်လည်း လက်ရွေးစင်တပည့်တစ်ဦးသည် ကြယ်ကြွေကောင်းကင်၌ ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
အခန်း(၁၈၀၂) ကောင်းကင်နှင့်မြေကြီး၏ ကွာခြားမှုကို မသိသော လူ
ဤလူငယ်ယောက်ျားမိန်းမတို့သည် ဦးဆောင်နေသော အမျိုးသမီးကို ဝိုင်းရံလိုက်ကြသည်။ လရောင်ဝတ်ရုံကိုဝတ်ထားသည့် လူငယ်လေး လျှောက်လာသည်ကို မြင်သောအခါ လက်များကို အလျင်အမြန်ဆန့်ထုတ်လိုက်ကြသည်။
"ကျင်းဟုန် ဘာလို့ဒီလောက်နောက်ကျနေတာလဲ။"
တောက်ပသောအပြုံးဖြင့် လူငယ်တစ်ဦးသည် ရှေ့သို့တိုးလာပကာ လူငယ်၏ရင်ဘတ်ကို ခပ်ပါးပါး လက်သီးတစ်ချက်ထိုးလိုက်သည်။
"ဆောရီး၊ ကျွန်တော်နောက်ကျသွားတယ်!"
ကျင်းဟုန်အမည်ရှိ လူငယ်က ရှက်ရွံ့စွာ ခေါင်းကို ကုတ်လိုက်သည်။
"ကံကောင်းလို့ ပွဲတော်က မစသေးဘူး။ ဒါက တကယ်ရှားတဲ့ အခွင့်အရေးပဲ။
သူ့ရဲ့ ပထမဆုံး လက်ဖက်ရည်ပွဲကို ကျင်းပဖို့အတွက် စီနီယာဝမ်က ပစ္စည်းကောင်းတွေအများကြီး ပေးမယ်တဲ့” တောက်ပသော အပြုံးဖြင့် လူငယ်က တောင့်တစွာ ပြောလိုက်သည်။
၎င်းတို့အားလုံးက အတွင်းစည်းတပည့်များဖြစ်ကြသော်လည်း ရှိနေသောလူများကြား၌ အနိမ့်ဆုံးအဆင့်တွင်သာ ရှိနေသည်။ ထို့အပြင် ၎င်းတို့၏ ကျင့်ကြံမှုအရင်းအမြစ်များသည် ကန့်သတ်ချက်ရှိ၍ ကောင်းမွန်သော ပစ္စည်းများပုံမှန်ရနိုင်မည်မဟုတ်ပေ။ ထိုသို့အဆင့်မြင့် ဂိုဏ်းကြီးများသည် ပွဲတော်တစ်ခုကျင်းပမှသာ အမှန်တကယ်ကောင်းမွန်သော အစားအစာများကို စားနိုင်ပေမည်။
မျက်နှာသာပေးရုံမျှသာ ဆိုလျှင်ပင် ထိုကြီးမားသော လုပ်ဆောင်ချက်များသည် အရည်အသွေးညံ့သောအရာတစ်ခုအား အရည်အသွေးကောင်းသည်ဟု မယူဆကြပေ။ ၎င်းတို့၏ စီနီယာများ၏ အဆိုအရ ထိုသို့ပွဲမျိုးတွင် ထမင်းစားရသည်က တစ်လမျှ ခါးသီးသော အလေ့အကျင့်နှင့် ညီမျှသည်။ မဟုတ်လျှင် လူများစွာ ရောက်လာမည်မဟုတ်ပေ။ သို့သော် လူတိုင်းက ထိုသို့လုပ်ရန် အရည်အချင်းရှိခြင်းမဟုတ်ပေ။ ၎င်းတို့၏ စီနီယအစ်မ စီနီယာ လျိုကြောင့်သာ ဤသို့ပွဲတက်နိုင်ခြင်းဖြစ်သည်။
"ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်လဲ။ မျှော်လင့်ထားတဲ့အတိုင်းပါပဲ" တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။
၎င်းတို့အတွက် စစ်မှန်သော တပည့်များသည် အလွန်အဆင့်မြင့်ကာ စွမ်းအားကြီးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ၎င်းတို့က ဂိုဏ်းသို့ဝင်ကာစဖြစ်သော်လည်း စစ်မှန်သော တပည့်များ၏ စွမ်းအားကို ကြားဖူးကြသည်။ တရှ၏ ပညာရှင်များထဲတွင် ၎င်းတို့အားလုံးသည် အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။
"ဟုတ်တယ်။ ငါတို့လိုလူတွေအတွက် ဒီဘဝမှာ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်လာဖို့ အရမ်းခက်တယ်။ လုံးဝမဖြစ်နိုင်ဘူး။ တပည့်စစ် တစ်ယောက်ဖြစ်လာဖို့ အိပ်မက်တောင် မမက်နိုင်ပါဘူးကွာ"
အချို့လူများသည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်ကြသည်။ ၎င်းတို့၏ မျက်နှာအမူအရာများ မှိုင်းညှို့နေကြသည်။ အပြင်လောက၌ ၎င်းတို့ကို ပါရမီရှင်များဟု လူသိများသော်လည်း ကြယ်ကြွေကောင်းကင်၌မူ အောက်ခြေအဆင့်၌သာရှိသည်။
ပါရမီရှင်များ နေရာတိုင်း၌ရှိနေသည်။ အုတ်ခဲတစ်လုံးပစ်ရုံနှင့် သားရဲအဆင့်ပါရမီရှင် ခြောက်ယောက်လောက်ကို ထိမည်မှာ သေချာသည်။ ယင်းက တရှ၏ ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ တစ်ခုဖြစ်သော ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ စစ်မှန်သော အစွမ်းသတ္တိတစ်ခုဖြစ်သည်။
ယင်းက ဂိုဏ်းငယ်လေးများ က ယှဥ်နိုင်သောအရာမဟုတ်ပေ။
"စီနီယာလျို့ကို ဒီအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောရမယ်။ မဟုတ်ရင် ဒီလိုပွဲမျိုးကို ကျွန်တော်တို့ ဘယ်တော့မှ တက်ရောက်ခွင့် ရမှာမဟုတ်ဘူး" တစ်ယောက်ယောက်က ပြောလိုက်သည်။
စီနီယာလျို့က ပြုံးရုံသာပြုံးလိုက်သည်။ ထို့နောက် သူမက ကျင်းဟုန်ကို လှမ်းကြည့်လိုက်သည်။
“ကျွန်မမှာ နည်းနည်းတော့ ပြောစရာရှိပါတယ်။ ကျွန်မ ဒီလိုခေါ်လာပေးနိုင်တာ နတ်သမီးတောင်ထွတ်က ကျွန်မတို့ရဲ့ စီနီယာကျန်းထိုင်က လက်ဖက်ရည်ပွဲတက်ဖို့ ဖိတ်ကြားခံရလို့ပါ”
စီနီယာလျို့က ယင်းကို ဂုဏ်ယူခြင်းမရှိသော်လည်း စီနီယာကျန်းထိုင်အကြောင်းပြောသောအခါ သူမ၏ မျက်နှာ၌ ဂုဏ်ယူသော အမူအရာပေါ်လွင်နေသည်။
"စီနီယာကျန်းထိုင်တောင် ရောက်နေပြီ။ ငါ ကြယ်ကြွေကောင်းကင်ကို မဝင်ခင်က သူ့အကြောင်း ကြားဖူးပြီးသားပဲ။ သူက တပည့်စစ် တွေကြားမှာ အရေးပါတဲ့သူပဲ မဟုတ်လား။ ဒီလက်ဖက်ရည်ပွဲကို သူတက်လိမ့်မယ်လို့ ငါမထင်ထားဘူး။ စီနီယာဝမ်က သူ့အတွက် တကယ်ကို အဆင်သင့်ဖြစ်နေပြီ"
၎င်းတို့က စီနီယာကျန်းထိုင်က မည်သူဖြစ်သည်ကို ရှင်းရှင်းလင်းလင်းသိကြသည်။ သူမကို ကြယ်ကြွေကောင်းကင်တပည့်စစ်များကြား၌ အရေးပါသူဟု သတ်မှတ်ကြသည်။ ၎င်းတို့ အားကျရသော စီနီယာလျို့ပင် စီနီယာကျန်းထိုင်၏ နောက်လိုက်တစ်ယောက်ဖြစ်သည်။ ထိုလူများအတွက်မူ ၎င်းတို့ သူမနောက်သို့ပင် လိုက်နိုင်မည်မဟုတ်ပေ။ အများဆုံးအနေဖြင့် ၎င်းတို့က စီနီယာကျန်းထိုင်၏ အပြင်ဘက်အင်အားစုများ၏ အစိတ်အပိုင်းတစ်ခုဟုသာ သတ်မှတ်၍ရသည်။ သို့သော် အတွင်းစည်းတပည့်သစ်များအနေနှင့် ကျောထောက်နောက်ခံပေးသူတစ်ဦးကို ဤမျှ မြန်မြန် အားကိုးရန် မလွယ်ကူပေ။
"ဟုတ်တယ်။ စီနီယာဝမ်က စီနီယာကျန်းထိုင်ကို တစ်ခါကူညီပေးခဲ့ဖူးတယ်။ ဒီတစ်ခါတော့ သူ့ကျေးဇူးကို ပြန်ဆပ်တယ်လို့ ယူဆလို့ရတယ်။" စီနီယာလျို့က ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်လိုက်သည်။
“ထိုင်ကြရအောင်”
စီနီယာလျို့က အဖွဲ့ကို ၎င်းတို့၏ ထိုင်ခုံများဆီသို့ ဦးဆောင်ခေါ်သွားပြီးနောက် ကျင်းဟုန်ကို စီနီယာလျို့ဘေး၌ ထိုင်ခိုင်းလိုက်သောအခါ လူအုပ်က လှောင်ပြောင်ခဲ့သည်။ ကျင်းဟုန်က ရှက်မနေဘဲ စီနီယာလျို့ဘေး၌ ဝင်ထိုင်လိုက်သည်။
မှန်သည် သူက အတန်ငယ်တည်ငြိမ်ပုံပေါ်သည်။
"ဒီနေ့ ဒီမှာ တပည့်စစ်တွေ အများကြီးပဲ။ တခြားဂိုဏ်းကြီးဆယ်ဂိုဏ်းက တပည့်စစ်တွေတောင် ရောက်လာပြီ။ ဒီလက်ဖက်ရည်ပွဲရဲ့ ပမာဏက အတော်လေး ကြီးမားတယ်။"
"ဟုတ်တယ်။ လက်ဖက်ရည်ပွဲရဲ့ အရွယ်အစား ကြီးမားလေ၊ အိမ်ရှင်ရဲ့ ဂုဏ်သတင်း မြင့်မားလေပါပဲ။ စီနီယာဝမ်က မကြာသေးခင်ကမှ တပည့်အစစ်အဖြစ် ရာထူးတိုးမြှင့်ခံရပေမယ့် သူ့ ခွန်အားက အတော် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်။"
"ဒီလက်ဖက်ရည်ပွဲပြီးရင် သူ့ကို အရေးကြီးတဲ့ တာဝန်တစ်ခု ပေးအပ်ခံရလိမ့်မယ်။"
“စီနီယာလျို့ စီနီယာဝမ်မှာ တစ်ယောက်ယောက်နဲ့ တစ်နှစ်တာ စိန်ခေါ်ချက်ရှိတယ်လို့ ကြားတယ်"
"တစ်နှစ်လား"
စီနီယာလျို၏ လှပသော မျက်လုံးလေးများတွင် ဇဝေဇဝါအမူအရာတချို့ ထင်ပေါ်လာပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော်ကြားဖူးတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားမှုကို မသိတဲ့ ထိပ်တန်းတပည့်တစ်ယောက်က စီနီယာဝမ်ကို စိန်ခေါ်ချင်နေပုံပဲ"
ထိုလူက ဂိုဏ်းထဲသို့ နည်းနည်းစောဝင်ထားခဲ့သောကြောင့် အခြားသူများ မသိသော အရာတစ်ခုကို သိထားသည်။ဂိုဏ်းထဲကို ဝင်လာသည့် အခြားတပည့်များ၏ မျက်နှာများတွင် ဇဝေဇဝါဖြစ်သွားသောအမူအရာများ ထင်ဟပ်လာကြသည်။ ၎င်းတို့အတွက် တပည့်စစ်များသည် မြင့်မြတ်၍ စွမ်းအားကြီးသော နတ်ဘုရားများနှင့် ထူးမခြားနားပင်ဖစ်ကာ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို မည်သူက စိန်ခေါ်ရဲသနည်း။
စကားပြောသူက လူတိုင်းက သူ့ကို ကြည့်နေသည်ကိုမြင်သောအခါ ချက်ချင်းပင် ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။
"လွန်ခဲ့တဲ့ တစ်နှစ်က ဂိုဏ်းထဲကို ဝင်လာတဲ့ တပည့်တစ်ယောက်က စီနီယာဝမ်ကို ရန်စပြီး စိန်ခေါ်ခဲ့တယ်။ တစ်နှစ်တာ စိန်ခေါ်ချက် လုပ်ခဲ့ပေမယ့် စီနီယာဝမ်က ရက်ရောပြီး သူနဲ့ အငြင်းအခုံ မလုပ်ခဲ့ဘူး။ တစ်နှစ်အတွင်းမှာပဲ စီနီယာဝမ်ကို စိန်ခေါ်နိင်မယ်ထင်နေတာ သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ။ ဟာသပဲ”
ထိုသူ၏ မျက်နှာတွင် မထီမဲ့မြင်ပြုသည့် အမူအရာ ရှိနေသော်လည်း မျက်လုံးများတွင်လည်း အံ့အားသင့်မှုအချို့ ရှိနေခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ကျော်က ထိုပုဂ္ဂိုလ်သည် အတွင်းစည်းတပည့်များကြား၌ ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သူ သတိရမိသည်။ သူသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ သို့သော် ဤတစ်နှစ်တာ စိန်ခေါ်ချက်ကို မြန်မြန်ဆန်ဆန် မေ့ပျောက်သွားခဲ့သည်။ အဆုံးစွန်အားဖြင့် ၎င်းတို့ထဲမှ တစ်ဦးက စစ်မှန်သော တပည့်ဖြစ်၍ နောက်တစ်ဦးမှာ အတွင်းညစ်းတပည့်ဖြစ်ကာ အများဆုံးအားဖြင့် သူသည် ယခုအခါ ထိပ်တန်းတပည့်တစ်ဦးသာ ဖြစ်လာနိုင်သည်။
၎င်းတို့နှစ်ဦးက အဆင့်မတူကြပေ။
ထိုတစ်နှစ်အတွင်း၌ ထိုလူသည် သဲလွန်စပင်မရှိဘဲ ပျောက်သွားခဲ့ကာ အနည်းဆုံး၎င်းတို့အတွက် ယင်းက ၎င်းတို့၏အ တွေးများကို အတည်ပြုပေးခဲ့သည်။
"အခု တစ်နှစ်ပြည့်တာတောင် သူ့ကို မတွေ့ရသေးဘူးလေ။ သူ ကြောက်လန့်ပြီး ထွက်ပြေးသွားပုံပဲ။"
"မဖြစ်နိုင်ဘူး၊ သူက အဲ့လိုလူမျိုး မဟုတ်ဘူး" ကျင်းဟုန်က စားပွဲကို ဆောင့်ရိုက်ချလျက် ဒေါသတကြီး ပြောလိုက်သည်။
အခန်း(၁၈၀၃) ဝမ်ယိဖန်ကို မစော်ကားနိုင်ရင်.. ချူးယွင်ဖန်းကို စော်ကားနိုင်လား
ကျင်းဟုန်၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော အမူအရာကြောင့် လူတိုင်း အံ့သြသွားကြသည်။ သူ ရုတ်တရက် ပေါက်ကွဲသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
“ချူးကျင်းဟုန် ဒါက ဘာကို ဆိုလိုတာလဲ” အစောပိုင်းက ပါးစပ်အဟောင်းသားဖြစ်နေသော လူငယ်က အံ့သြသွားရသည်။
ကျင်းဟုန်ဆိုသော လူငယ်က ချက်ချင်း သူ့အမှားကို သဘောပေါက်သွားကာ အလျင်အမြန်ပြန်ထိုင်လိုက်၏။
“သူမတိုက်ဘဲ ထွက်ပြေးလိမ့်မယ်လို့ ငါမယုံဘူး။ ဘာပဲဖြစ်ဖြစ်၊ ငါတို့သူ့ကို လှောင်ပြောင်နေတုန်းက သူဟာ ကြယ်ကြွေကောင်းကင်ရဲ့ အတွင်းစည်း တပည့်ဆယ်ယောက်ထဲက တစ်ယောက်အဖြစ်ပဲရှိခဲ့တာ အခု အချိန်တိုအတွင်းမှာပဲ ထိပ်တန်းတပည့်တစ်ယောက် ဖြစ်လာခဲ့တယ်ဆိုတာ မမေ့နဲ့"
ဤသို့ပြော၍ ချူးကျင်းဟုန်၏ မျက်နှာ၌ လှောင်ရိပ်တချို့သန်းနေသည်။
"ချူးကျင်းဟုန်၊ မင်း ပြဿနာရှာနေတာလား" လူငယ်က မပျော်ရွှင်စွာ ပြောလိုက်သည်။
"ချူးယွင်ဖန်းက မင်းနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ သူ့ကို ဒီလိုကာကွယ်နေတာလဲ"
"မဟုတ်ဘူး သူက မိုးကြိုးခရမ်းဓားနယ်မြေကပဲ။ မင်းလည်း အဲ့ကဆိုတော့ မင်းတို့ အမျိုးတော်တယ်လို့တော့ ငါ့ကို မပြောနဲ့”
ထိုလူငယ်က လှောင်ရယ်လိုက်သည်။
“ချူးယွင်ဖန်းက ကြောက်တတ်တဲ့လူမဟုတ်ရင် သူ စိန်ခေါ်ထားတာ ကြာလှပြီပဲ။ ဘာလို့ မင်း သူ့ကို ကာကွယ်ပေးဖို့လိုရမှာလဲ”
"ကောင်းပြီ၊ ရပ်လိုက်တော့။ ချူးယွင်ဖန်းအကြောင်း ကြားဖူးတယ်။ သူ မပေါ်လာရင်တောင်မှ ပါရမီရှင်တစ်ယောက် ဖြစ်နေဦးမှာပဲ။ ဘာပဲဖြစ်ဖြစ် သူ့ထက် အများကြီး ပိုအစွမ်းထက်တဲ့ စစ်မှန်တဲ့ တပည့်တစ်ယောက်ကို ဆန့်ကျင်တာက ပညာရှိရာ မရောက်ဘူး”စီနီယာလျို့က ပြောသည်။
ဤအချိန်တွင် စီနီယာလျို့သည် ချူးယွင်ဖန်းက မည်သူမည်ဝါဖြစ်ကြောင်း နောက်ဆုံးတွင် သတိရသွားသည်။ လွန်ခဲ့သော တစ်နှစ်က သူသည် အတွင်းညစ်းတပည့်များကြား၌သာမက လက်ရွေးစင်တပည့်များကြားတွင်ပါ ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေခဲ့သည်။ သူတို့ပင် ချူးယွင်ဖန်း၏ အနာဂတ်သည် အကန့်အသတ်မရှိကြောင်း ဝန်ခံရသော်လည်း ဤအရာအားလုံးသည် ချူးယွင်ဖန်းသည် ဝမ်ယိဖန်ကို မထိခိုက်စေဟူသော အယူအဆအောက်တွင် ရှိနေခဲ့သည်။
ချူးယွင်ဖန်းသည် တပည့်စစ်တစ်ဦးကို စော်ကားပြီးနောက် ကြယ်ကြွေကောင်းကင်၌ မည်သို့ရှင်သန်နိုင်မည်နည်း။ ဤနှစ်များအတွင်းတွင် ချူးယွင်ဖန်းက ပုန်းအောင်းနေခဲ့ကာ ပြန်မလာရဲတော့ပေ။
အနာဂတ်၌ ဝမ်ယိဖန်က ပို၍ သန်မာလာမည်ဖြစ်ကာ ချူးယွင်ဖန်း ရင်ဆိုင်ရမည့် ထိုးနှက်ချက်များသည်လည်း ပိုမို ပြင်းထန်လာလိမ့်မည်။ အခြေခံအားဖြင့် သူ့အတွက် အနာဂတ်ရှိတော့မည်မဟုတ်ပေ။ ဤအရာအားလုံးသည် တပည့်စစ်တစ်ဦးကို စော်ကားသည့်အခြေအနေများအောက်၌သာ ဖြစ်သည်။ ကြယ်ကြွေကောင်းကင်၏ သမိုင်း၌ နှစ်ပေါင်းများစွာအတွင်း ခြွင်းချက်မရှိခဲ့ပေ။
သို့သော်လည်း စီနီယာလျို့သည် ချူးကျင်းဟုန်ကို တွေးတောဆင်ခြင်စွာ ကြည့်လိုက်သည်။
ချူးကျင်းဟုန်၏ အစောပိုင်းလှုပ်ရှားမှုများအပြင် ၎င်းတို့နှစ်ဦးလု့းသည် မိုးကြိုးခရမ်းဓားနယ်မြေမှဖြစ်ကာ ထိုနှစ်ဦးကြားမှ ဆက်ဆံရေးက မရိုးရှင်းနိုင်ပေ။
"စီနီယာလျို့ ချူးယွင်ဖန်းက ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမားမှုကို မသိဘဲ စီနီယာဝမ်ကို စော်ကားခဲ့တယ်။ ကြယ်ကြွေကောင်းကင်မှာ သူ ဘယ်လိုအနာဂတ်မျိုး ရှိနိုင်မှာလဲ။ အခု သူ ပြန်မလာရဲဘူး။ တချို့လူတွေကို ထင်ရာမစိုင်းဖို့ အကြံပေးချင်တယ်" အမျိုးသားတပည့်က ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်သည်။
"ကျန်းချောင်၊ ငါဘာပဲလုပ်လုပ် မင်းမှာ ငါ့ကို ဝေဖန်ပိုင်ခွင့်မရှိဘူး" ချူးကျင်းဟုန်က အေးစက်စက်ပြောလိုက်သည်။
"မင်းကိုယ်မင်း စွန့်စားနေတာပဲကွ ချူးယွင်ဖန်းနဲ့ မင်းဆက်ဆံရေးက ဘယ်လိုလဲ" ကျန်းချောင်က လှောင်ရယ်လိုက်သည်။
ချူးကျင်းဟုန်က ခဏရပ်၍ အံကြိတ်လိုက်၏။
“သူက ငါ့ဝမ်းကွဲပဲ”
“ဘာ” လူအများအပြားက အံ့သြတကြီးအော်လိုက်ကြသည်။
ချူးယွင်ဖန်းသည် ကျန်းချောင်၏ ပါးစပ်ထဲ၌ မျောက်တစ်ကောင်ကဲ့သို့ ဖြစ်သော်လည်း တစ်နှစ်အတွင်း
ထိပ်တန်းတပည့်တစ်ဦးအဖြစ်သို့ တိုးတက်လာနိုင်သော သူတစ်ဦးဖြစ်သည်။ သူတို့ မည်သို့ သူ့ကို ရန်စနိုင်မည်နည်း။
ချူးယွင်ဖန်းက ဝမ်ယိဖန်ကို မစော်ကားနိုင်သော်လည်း ၎င်းတို့ကရော ချူးယွင်ဖန်းကို ရန်စနိုင်မည်လော။
“နားလည်ပြီ။” စီနီယာလျို့ နားလည်လိုက်သည်။
ထို့နောက် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာပြောလိုက်၏။
“နောင်မှာ မင်းဒီအကြောင်းကို ထပ်မပြောသင့်တော့ဘူး။ ချူးယွင်ဖန်းက လူတွေအများကြီးကို ရန်စမိခဲ့တယ်။ သူနဲ့ပတ်သက်တာ မင်းအတွက်မကောင်းတဲ့ကိစ္စပဲ”
"စီနီယာလျို့ ကျွန်တော် သေချာစဉ်းစားပြီးပါပြီ။ ကျွန်တော့်ဝမ်းကွဲနဲ့အတူ ရပ်တည်ချင်ပါတယ်!" ချူကျင်းဟုန်က ပြောသည်။
"အစ်ကိုဖန်းက ကျွန်တော့်ကို တစ်ခါကယ်တင်ခဲ့ဖူးတယ်။ သူ့ကို ဒီမှာ တစ်ယောက်တည်း ထားလို့မရဘူး။"
"မင်းနားမလည်ဘူး။ ငါမင်းအတွက် ဘာမှလုပ်မပေးနိုင်ဘူး။ ငါ စီနီယာကျန်းထိုင်ဆီသွားပြီး ချူးယွင်ဖန်းကို လက်ခံပေးဖို့ ပြောရင်ကောင်းမလား။ သူ့ရဲ့ အရည်အချင်းက အတော်လေးကောင်းပြီး ကျန်းထိုင်ရဲ့ နောက်လိုက်ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်။ စီနီယာဝမ်တောင် သူ့ကို ဘာမှလုပ်ရဲမှာမဟုတ်ဘူး" စီနီယာလျို့က ခဏစဥ်းစားပြီးနောက်ပြောလိုက်သည်။
နောက်ဆုံးတွင် သူမသည် နောက်ထပ်ဘာမှ မပြောနိုင်တော့ပေ။
"စီနီယာလျို့ ဒီကိစ္စက စီနီယာအတွက် အရမ်းခက်မှာပါ။ ကျွန်တော်လုပ်ခဲ့တာအတွက် တာဝန်ယူပါ့မယ်။ ဆရာတူအစ်မကို ကျွန်တော် အပြစ်မတင်ပါဘူး" ချူးကျင်းဟုန်က ပြောသည်။
စီနီယာလျို့က ယင်းကိုကြားသောအခါ အံ့သြ၍ ဒေါသထွက်သွားသည်။
"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ တပည့်စစ်တစ်ယောက်ကို စော်ကားတာက ဘယ်လောက်အရေးကြီးလဲဆိုတာ မင်းသိလား။ ဒီနှစ်မှဝင်တဲ့ မင်းလို တပည့်အသစ်တစ်ယောက်အတွက် စီနီယာဝမ်က မင်းကိုသတ်ချင်ရင် သူပြောလိုက်ရုံပဲ။ ငါက ထိပ်တန်းတပည့်ဆိုတော့ စီနီယာဝမ်က ငါ့ကို ဘာမှလုပ်ရဲမှာမဟုတ်ဘူး။"
ချူးကျင်းဟုန်က စီနီယာလျို့ကို ကြည့်ကာ စိတ်ထိခိုက်သွားသည်။ သူမတွင် တာဝန်များစွာရှိသည်ကို သူသိသည်။ သူသည် ငတုံးမဟုတ်ပေ။ စီနီယာလျို့၏ ရည်ရွယ်ချက်များကို သူမည်သို့ နားမလည်ဘဲနေလိမ့်မည်နည်း။
တခြားတပည့်များသည် ၎င်းတို့နှစ်ဦးကိုကြည့်နေကြသည်။ အမျိုးသားတပည့်များသည် ချူးကျင်းဟုန်ကို မနာလိုမုန်းတီးစွာကြည့်နေ၏။ စီနီယာလျို့က အလွန်ချောမောသည့်အပြင် ခွန်အားလည်း ကြီးမားကာ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်သည်။ သူမက ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများစွာ ကောင်းကင်ဘုံရဲ့ အိပ်မက်မက်နိုင်သည့် တပည့်မတစ်ဦးဖြစ်သည်။ သို့သော် ချူးကျင်းဟုန် ဂိုဏ်းထဲကို ဝင်လာပြီးကတည်းက သူမက ထိုကလေးကို နောက်ခံမကြည့်ဘဲ စိတ်ရင်းမှန်ဖြင့် ကောင်းစွာဆက်ဆံခဲ့သည်။
“လျို့ဝမ်ကျင်း ငါသာ မင်းနေရာမှာဆိုရင် ဒီလောက်မသေချာနေဘူး။ ဒီကောင်က ချူးယွင်ဖန်းနဲ့အမျိုးတော်တယ်။ ဒါဆို ငါသူ့ကို ခေါ်သွားလိုက်မယ်။ စီနီယာကျန်းထိုင်ကို ရှာရင်တောင် အသုံးမဝင်ဘူး။" ထိုအချိန်၌ အေးစက်စက်အသံတစ်ခု ကြားလိုက်ရသည်။ လရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်သုံးဆယ်ကျော်အရွယ် လူလတ်ပိုင်းတစ်ယောက် အနားတွင်ပေါ်လာသည်။
သူ့မျက်နှာအမူအရာက အရမ်းအေးစက်နေသည်။ ချူးကျင်းဟုန်ကို ကြည့်လျက် အပြုံးတစ်ခုပေါ်လာ၏။
"မင်း" လျို့ဝမ်ကျင်းက ကျန်းချောင်ကို ဒေါသတကြီး ကြည့်လိုက်သည်။ သူမရှေ့ကလူက ဤမျှမြန်မြန်ရောက်လာသည်ကို ကြည့်လျှင် ဤလုပ်ရပ်က ကျန်းချောင်မှတပါး မည်သူဖြစ်နိုင်မည်နည်း။
"ဟုတ်တယ် စီနီယာလျို့ ခေတ်ကာလကို နားလည်တဲ့ ပညာရှိတစ်ယောက် ဖြစ်အောင် လုပ်ဖို့ ငါ အကြံပေးတယ်။ ချူးယွင်ဖန်းက စီနီယာဝမ်ကို စော်ကားခဲ့တယ်၊ ဒါဆို သူ ဘယ်လိုလုပ် အဆုံးသတ်ကောင်းအောင် လုပ်နိုင်မှာလဲ။"
ကျန်းချောင်၏ မျက်လုံးများတွင် ရူးသွပ်မှုများပြည့်နေသည်။
သူ့မျက်လုံးများထဲတွင် လျို့ဝမ်ကျင်းကို လေးစားမှုအနည်းငယ်နှင့်ကြည့်နေသည်။ ထိုကလေး၏ ကောင်းကွက်က မည်သို့ဖြစ်သည်ကို သူနားမလည်နိုင်ပေ။ သူဂိုဏ်းကို ဝင်ပြီးကတည်းက လျိုဝမ်ကျင်းက သူ့ကို ကောင်းကောင်းဆက်ဆံခဲ့သည်။ သူ၏ကောင်းသော ရည်ရွယ်ချက်အားလုံးကို သူမက လျစ်လျူရှု့ထားသည်။
"ကျန်းချောင်၊ မင်း ဒီလောက်ဆိုးလိမ့်မယ်လို့ ငါ မထင်ထားဘူး!" လျို့ဝမ်ကျင်းဒေါသထွက်လွန်းသဖြင့် ပခုံးများတုန်သွားသည်။
"ဒါပေမယ့် ဖူဟန် ငါ့ရှေ့မှာ တစ်ယောက်ယောက်ကို ဖမ်းဖို့ နင် အလွယ်လေးစဥ်းစားနေတာမဟုတ်ဘူးလား”
သူမက အသတ်လက်ပိုင်းလူဘက်သို့လှည့်ကာပြောလိုက်သည်။