← Chapters

အခန်း (၁၈၀၄-၁၈၀၆)

Vol. 121 Ch. 1804-1806

အခန်း (၁၈၀၄-၁၈၀၆)

Vol. 121 Ch. 1804-1806

အခန်း(၁၈၀၄) ထွက်ပြေးသင့်တာ ငါမဟုတ်ဘူး ဝမ်ယိဖန်ပဲ

"လျိုဝမ်ကျင်း၊ ငါ စီနီယာကျန်းထိုင်ကို မျက်နှာသာပေးချင်ပေမယ့် ဒီလူက ချူးယွင်ဖန်းနဲ့ ဆွေမျိုးတော်နေတာ။ ဒီကိစ္စကို စီနီယာဝမ်က ကိုယ်တိုင်ညွှန်ကြားထားတာဆိုတော့ ငါ ရက်စက်ဖို့ပဲ ရှိတယ်" ဖူဟန်က အေးစက်စွာပြောလိုက်သည်။

"စီနီယာကျန်းထိုင်အပေါ် မှီခိုမနေဖို့ အကြံပေးချင်တယ်။ မင်းဆိုရင် စီနီယာကျန်းထိုင် ဝင်စွက်ဖက်နိုင်တယ်၊ ဒါပေမယ့် ဒီလိုတပည့်သစ်တစ်ယောက်အတွက် စီနီယာကျန်းထိုင်က စီနီယာဝမ်နဲ့ တိုက်ခိုက်မယ်ထင်လား"

"ဖူဟန်၊ နင့်ကိုယ်နင် ဘယ်သူလို့ထင်လဲ။ ကြယ်ကြွေကောင်းကင်မှာ ဥပဒေတွေ မရှိဘူးလား။ နင်ကြိုက်သလို လူတွေကို ဖမ်းနိုင်တယ်လို့ထင်နေလား။ စည်းမရှိကမ်းမရှိနဲ့” လျို့ဝမ်ကျင်း၏ လှပသော မျက်နှာက ဒေါသကြောင့် ရဲတက်လာသည်။

"စည်းကမ်းဟုတ်လား လျို့ဝမ်ကျင်း မင်းက စီနီယာတပည့်အဖြစ်သတ်မှတ်လို့ရနေပြီ။ တရှရဲ့ ဥပဒေတွေက ကြယ်ကြွေကောင်းကင်ဂိုဏ်းကို မထိရောက်ဘူးဆိုတာ မင်းမသိဘူးလား တပည့်စစ်တစ်ယောက်ရဲ့ ပါးစပ်ကထွက်တဲ့စကားက ဥပဒေပဲ” ဖူဟန်က လှောင်ရယ်လိုက်သည်။

ထိုအချိန်၌ ပွဲတက်နေသော ပတ်ဝန်းကျင်ရှိတပည့်များအားလုံး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ထိပ်တန်းတပည့်များသာမက အတွင်းစည်းတပည့်များလည်း များစွာရှိနေသည်။ မကြာခင်၌ မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့ နားလည်သွားကြသည်။ ချူးယွင်ဖန်းနှင့် ဝမ်ယိဖန်တို့၏ တစ်နှစ်တာစိန်ခေါ်ချက်က အချိန်ကြာလာသည်နှင့်အမျှ မေ့လျော့သွားကြသော်လည်း ထိုစဥ်ကမူ အံ့သြဖွယ်ကောင်းလှသည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်းကို တည်ထောင်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း အတွင်းစည်းတပည့်တစ်ဦးက တပည့်စစ်ကို စိန်ခေါ်ခြင်းသည် ယခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အရာအားလုံးက တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ ကြယ်ကြွေကောင်းကင်၌ မရေမတွက်နိုင်အောင် များပြားလှသော ပါရမီရှင်များရှိကာ

သဘာဝအတိုင်း ထက်မြက်သောလူများစွာရှိသည်။ ထိုစဉ်က ချူးယွင်ဖန်းသည် ဝမ်ယိဖန်ကို ဖမ်းစားရန် စကားလုံးများကိုသာ အသုံးပြုခဲ့သည်။ အတွင်းစည်းတပည့်တစ်ဦးအနေဖြင့် ဝမ်ယိဖန်ကို

တစ်နှစ်အတွင်း စိန်ခေါ်ရန် ခွန်အားရှိရန် မဖြစ်နိုင်ပေ။ ဝမ်ယိဖန်ထံမှ သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့ခြင်းသည်ပင် အံ့ဖွယ်ကိစ္စတစ်ခုဖြစ်နေပြီဖြစ်သည်။

ချူးယွင်ဖန်းသည် နောက်ပိုင်းတွင် နောက်ထပ်မှတ်တမ်းတစ်ခုကို ဖန်တီးခဲ့ကာ ဂိုဏ်းထဲသို့ ဝင်ရောက်၍ ထိပ်တန်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခံရသည့် ပထမဆုံးတပည့်ဖြစ်လာခဲ့သော်လည်း ထိပ်တန်းတပည့်များပင် ဝမ်ယိဖန်နှင့် ယှဥ်နိုင်ခြင်းမရှိခဲ့ပေ။ ထိပ်တန်းတပည့်များထဲတွင် တစ်ရာလျှင် တစ်ယောက်သာ စစ်မှန်သောတပည့်အဖြစ်သို့ တက်လှမ်းနိုင်သည်။ ထို့အပြင် ထိပ်တန်းတပည့်များကိုယ်တိုင်က တစ်ထောင်လျှင် တစ်ယောက်သာရှိသော ပါရမီရှင်များဖြစ်သည်။ ဤအဆင့်သို့ တက်လှမ်းရန် မည်မျှခက်ခဲသည်ကို မြင်တွေ့နိုင်သည်။

ချူးယွင်ဖန်းသည် အနာဂတ်တွင် စစ်မှန်သော တပည့်တစ်ဦး ဖြစ်လာနိုင်သော်လည်း သူ့ထက် အသက်ကြီးသော ဝမ်ယိဖန်ကို အနိုင်ယူနိုင်ဖွယ်မရှိပေ။

"ချူးယွင်ဖန်းက တစ်နှစ်မှာ တစ်ခါတောင် ပြန်မလာဘူး။ သူတကယ်ပဲ ဒီစိန်ခေါ်ချက်ကို တည်ရဲမှာလား”

"တစ်နှစ်အတွင်းမှာပဲ သူ့ကိုယ်သူ ထိပ်တန်းတပည့်တွေအဖြစ် တည်ငြိမ်အောင် လုပ်နိုင်တာကတင် ကောင်းနေပြီ။ ငါတို့ ဘာတွေမျှော်လင့်ရဦးမှာလဲ”

"အဲ့တုန်းက ချူးယွင်ဖန်းက ဝမ်ယိဖန်ကို မသတ်နိုင်အောင် ဝမ်ယိဖန်ကို ထောင်ချောက်ဆင်ဖို့ ဒါကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့တယ်။ သူ့မှာ လှည့်ကွက်တွေ ရှိပေမယ့် နောက်ဆုံးမှာတော့ သူ့ရဲ့ စစ်မှန်တဲ့ ခွန်အားကိုပဲ အားကိုးရဦးမယ်။"

လူတိုင်းက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသော်လည်း ချူးယွင်ဖန်းအပေါ် မည်သူမျှ အကောင်းမြင်စိတ်မရှိကြပေ။ မည်သို့ပင်ဖြစ်စေကာမူ သူပျောက်သွားသည်က တစ်နှစ်လုံးကြာခဲ့ပြီဖြစ်သည်။ သူ့ကို ပြင်ပဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးသည့်အခါ၌ပင် အောင်ပွဲခံခြင်းမျိုးမရှိခဲ့ပေ။ ယုချူးယွင်နှင့် အခြားသူများမှတပါး ယင်းကို မည်သူမျှ မသိကြပေ။

"တပည့်စစ်တစ်ယောက်ရဲ့ စကားတွေက ဥပဒေလား။ မင်း ဘယ်လိုတောင် သတ္တိရှိနေတာလဲ။ ငါတို့ဂိုဏ်းခေါင်းဆောင်တောင် ဒီလိုစကားမျိုး မပြောရဲဘူး။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ" လူအုပ်ထဲမှ ကြည်လင်သောအသံတစ်ခုထွက်ပေါ်လာသည်။

လူတိုင်းလှည့်ကြည့်လိုက်သောအခါ ရွှေရောင်အနားသတ်များနှင့် လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ထားသည့် လူငယ်တစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"ချူးယွင်ဖန်း!"

တစ်စုံတစ်ယောက်က ဤလူ၏မျက်နှာကိုမြင်သောအခါ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ လူတိုင်း အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်း တကယ်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

"အစ်ကိုဖန်း” ချူးကျင်းဟုန်က အနည်းငယ် အံ့သြတကြီးဖြင့် အော်လိုက်သည်။

လျို့ဝမ်ကျင်းနှင့်အခြားသူများသည် ချူးကျင်းဟုန်ကို အံ့သြတကြီးကြည့်နေကြသည်။

သူက ချူးယွင်ဖန်းကို သိကြောင်း ပြောခဲ့ကာ ၎င်းသည်မှန်သည်။ ၎င်းတို့၌ နက်ရှိုင်းသော ဆက်ဆံရေးရှိပုံရသည်။ မဟုတ်ပါက သူသည် ချူးယွင်ဖန်းအတွက် ဤမျှအန္တရာယ်များသော အလုပ်ကိုလုပ်ခဲ့မည်မဟုတ်ပေ။

"လာမယ်လို့ ဘာလို့ ငါ့ကို မပြောတာလဲ" ချူးယွင်ဖန်းက အနည်းငယ် ရင့်ကျက်လာသော ချူးဟုန်ချိုင်ကို ကြည့်ရင်း ပြောလိုက်သည်။

မှန်သည်။ ချူးကျင်းဟုန်သည် တကယ်တမ်းတွင် ချူးမျိုးနွယ်စုမှ ထွက်ပြေးလာသည့် ချူးဟုန်ချိုင်ဖြစ်သည်။ ဤကာလအတွင်း၌ ချူးဟုန်ချိုင်က သူ၏ အမည်ကို ဖုံးကွယ်ကာနေရာအနှံ့ပြောင်းလဲနေသည်။ နောက်ပိုင်း၌ ချူးယွင်ဖန်းအကြောင်းသိသွားသဖြင့် သူ့နာမည်ကိုပြောင်းကာ ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သည်။

ချူးယွင်ဖန်း ခေါင်းခါကာ ရယ်လိုက်သည်။ ဤကာလအတွင်း သူသည် ကြယ်ကြွေကောင်းကင်၌ မရှိသလောက်ပင်ဖြစ်ကာ လူအများစုသည် သူရှိနေသည့်နေရာကို မသိကြသောကြောင့် ချူးဟွန်ချိုင်အကြောင်း သတင်းမကြားရခြင်းသည် ပုံမှန်ဖြစ်သည်။

"ဒါကောင်းတယ်။ ချူးကျင်းဟုန်ကိုသုံးပြီး မင်းကိုဆွဲဆောင်ချင်ခဲ့တာ၊ ဒါပေမယ့် အခုတော့ မလိုအပ်တော့ဘူးလို့ ထင်ရတယ်။" ဖူဟန်က ချူးယွင်ဖန်းကို ရက်စက်စွာပြုံး၍ ကြည့်လိုက်သည်။

သူ၏ ပစ်မှတ်က အစကတည်းက ချူးကျင်းဟုန်မဟုတ်ပေ။ သူက ချူးယွင်ဖန်းကို ဆြွဆောင်ရန် ချူးကျင်းဟုန်ကို ငါးစာအဖြစ်အသုံးပြုလိုခြင်းသာဖြစ်သည်။ သို့သော် ချူးယွင်ဖန်းပေါ်လာပြီဖြစ်သောကြောင့် ချူးကျင်းဟုန်က အရေးမကြီးတော့ပေ။

"မင်းက နာခံမှုရှိရှိ လက်နက်ချမှာလား။ ဒါမှမဟုတ် မင်းရဲ့ ခြေလက်တွေကို ချိုးပြီး စီနီယာဝမ်ဆီ ခေါ်သွားစေချင်တာလား" ဖူဟန်က ကြောက်စရာကောင်းစွာ ရယ်မောလိုက်သည်။

စစ်မှန်သော တပည့်တစ်ဦးက သူ့ကို ထောက်ခံနေသောကြောင့် သူယုံကြည်မှုအပြည့်ရှိသည်။

ချူးယွင်ဖန်းက လွန်ခဲ့သော တစ်နှစ်လောက်ကမှ တပည့်တစ်ဦးဖြစ်လာခြင်းဖြစ်ကာ သူ့ကိုမည်သို့ယှဥ်နိုင်မည်နည်း။

"ချူးယွင်ဖန်း၊ အခုထွက်သွား။ ရှင်ဒီမှာ ကြာကြာမနေသင့်ဘူး" လျို့ဝမ်ကျင်းက အံကြိတ်ကာ ပြောလိုက်သော်လည်း သူမ၏ မျက်လုံးများက ချူးဟုန်ချိုင်ထံ၌သာရှိနေသည်။

ချူးယွင်ဖန်းက ချူးဟုန်ချိုင်ကို ကြည့်လိုက်သည်။ ချူးဟုန်ချိုင်က လျို့ဝမ်ကျင်းက ဤကိစ္စ၌ ပါဝင်ပတ်သက်နေသည်ကို သူသိသည်။

သူက ပြုံးလိုက်သည်။

"မင်း အရွယ်ရောက်လာပြီ။ အခု မင်းကို ကြိုက်နေတဲ့ မိန်းကလေးတွေ ရှိနေပြီပဲ။ ဒါပေမယ့် မင်းတို့အားလုံး ငါ့အပေါ် အထင်လွဲနေကြတယ်လို့ ငါထင်တယ်။ ပြေးရမယ်ဟုတ်လား။ ငါက ဘာလို့ပြေးရမှာလဲ။ ဒီနေ့ပြေးရမယ့်လူက ဝမ်ယိဖန်ပဲ”

လူတိုင်းက ရူးသွပ်သွားသူတစ်ယောက်ကို ကြည့်နေသကဲ့သို့ ပါးစပ်အဟောင်းသားဖြင့် ချူးယွင်ဖန်းကိုကြည့်နေကြသည်။

ထိုအချိန်၌ ဖူဟန် ရုတ်တရက် စိတ်လှုပ်ရှားသွားကာ ရယ်လိုက်သည်။

"မင်းရူးသွားပြီလား။ ငါ ဒါကို ဂရုမစိုက်ဘူး။ မင်းက သေချင်နေတာပဲ။

ဒါဆိုသေလိုက်တော့!" ဖူဟန်၏ ခန္ဓာကိုယ်သည် အတောင်ပံများဖြန့်ကျက်ထားသည့် မီးငှက်တစ်ကောင်နှင့်တူကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ချူးယွင်ဖန်းကို ခုန်အုပ်လိုက်သည်။

အခန်း(၁၈၀၅) မံမီတစ်ကောင်အဖြစ် ထိုးနှက်ခြင်း

ပတ်ဝန်းကျင်ရှိ လူတိုင်းနီးပါးသည် ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ချက်ချင်းခံစားမိကြသည်။ သည်။ ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ၎င်းတို့၏ နှလုံးသားထဲသို့ ထုရိုက်ဝင်ရောက်လာသော တူကြီးတစ်ချောင်းနှယ်ထင်ရသည်။

ဖူဟန်၏ အစွမ်းက ထိပ်တန်းတပည့်များထဲတွင် ထိပ်ဆုံးဖြစ်ကာ လျို့ဝမ်ချင်းက သူ့ကို တားချင်သော်လည်း အမှီမလိုက်နိုင်ခဲ့ပေ။ ချက်ချင်းပင် ဖူဟန်သည် ချူးယွင်ဖန်းထံသို့ အပြေးအလွှား ပြေးသွားသည်။ သူသည် သူ့ခန္ဓာကိုယ်ရှိ နတ်စွမ်းအားအားလုံးကို မြှင့်တင်၍ ချိပ်စည်းတစ်ခု ဖွဲ့စည်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တွင် မရေမတွက်နိုင်အောင်များပြားလှသည့် မိုးကြိုးများ စုပုံလာသည်။ မရေမတွက်နိုင်အောင်များသော မိုးကြိုးများသည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် တစ်ပြိုင်နက်တည်း တေးဆိုနေသော ငှက်ထောင်ပေါင်းများစွာကဲ့သို့ လင်းလက်သွားသည်။ ၎င်းတို့သည် ချိပ်စည်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ချူးယွင်ဖန်းကို ရိုက်ခတ်သွားသည်။

"မိုးကြိုးနည်းစနစ်လား" ချူးယွင်ဖန်းက တစ်ချက်ကြည့်လိုက်ရုံနှင့် မှတ်မိလိုက်သည်။

ယင်းက ကြယ်ကြွေကောင်းကင်မှ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသော မိုးကြိုးချိပ်စည်းတစ်ခုဖြစ်သည်။ ၎င်းကို နတ်လျှပ်စီးချိပ်စည်းဟုခေါ်သည်။ မိုးကြိုး၏ စွမ်းအားကို ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။ ထိုလျှပ်စီးကြောင်းနည်းစနစ်က အလွန်အစွမ်းထက်သည်။ ကံမကောင်းစွာဖြင့် ဖူဟန်က ချူးယွင်ဖန်းနှင့် တွေ့ခဲ့သည်။ ချူးယွင်ဖန်းက သူ့လက်ကိုဆန့်၍ လျှပ်စီးတစ်စင်းကို ကောက်ယူလိုက်သည်။

ထို့နောက် လက်သီးကိုထုပ်ကာ လက်သီးဖြင့်ထိုးလိုက်သည်။

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လက်သီးချက်က လေထဲသို့ ဖောက်ထွင်းသွားကာ ကြောက်မက်ဖွယ်ကောင်းစွာလဲကျသွားသည်။

သို့သော် ဖူဟန် မတုံ့ပြန်နိုင်ခင်၌ လက်သီးက သူ့ရင်ဘတ်ကို ထိမှန်သွားသည်။

ဘမ်း

လူတိုင်း ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ၎င်းတို့ တုံ့ပြန်နိုင်ခြင်း မပြုမီတွင်ပင် ကောင်းကင်ယံရှိ မိုးကြိုးနတ်ဘုရားကဲ့သို့ ဖူဟန်သည် မိုးကြိုးစွမ်းအားအားလုံးကို ချူးယွင်ဖန်း စုပ်ယူထားကာ ရင်ဘတ်ကို ထိုးခံလိုက်ရသည်ကို တွေ့လိုက်ရသည်။

ဖူဟန်သည် ကြိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ လွင့်ထွက်ကာ မြေပြင်ပေါ်သို့လဲကျသွားသည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ”

ချူးယွင်ဖန်းက မည်သို့ ဤမျှထိ စွမ်းအားကြီးလာသည်ကို တချို့လူများ မယုံနိုင်ကြပေ။

ဖူဟန်၏ ခွန်အားက ဒြပ်မဲ့ကျွမ်းကျင်အဆင့် အထွတ်အထိပ်သို့ရောက်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူသည် ထိုအဆင့်၌ နှစ်ပေါင်းများစွာပိတ်မိနေခဲ့ကာ စကြဝဠာအဆင့်သို့ ဆက်လက်တက်လှမ်းရန် အလွန်ခက်ခဲခဲ့သော်လည်း ဒြပ်မဲ့ကျွမ်းကျင်အဆင့် ထိပ်တန်းတပည့်များကြား၌ သူသည် ထိပ်ဆုံးတွင်ရပ်တည်နေသောသူဖြစ်သည်။

ယခု သူက လက်သီးတစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားပြီဖြစ်သည်။

ချူးယွင်ဖန်း၏ ပေါ့ပေါ့တန်တန်တိုက်ခိုက်မှုသည် သူ၏အစွမ်းသတ္တိအပြည့်အဝကိုပင် အသုံးမပြုခဲ့ပေ။ ဤသည်မှာ သူတို့တွေးနိုင်သောအတိုင်းအတာကို လုံးဝကျော်လွန်နေသည်။

"သူက အရမ်းသန်မာတာပဲ။ အို ဘုရားရေ၊ ဖူဟန်ကို ကြည့်ပါဦး!" တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်လိုက်သည်။

မြေပြင်ပေါ်၌ လဲကျသွားသော ဖူဟန်သည် လှုပ်ခြင်းမရှိပေ။ ပို၍ ကြောက်စရာကောင်းသည်မှာ ထိုထိုးနှက်ချက်က ဖူဟန်ကို မမ်မီတစ်ကောင်ကဲ့သို့ ပြောင်းလဲပစ်လိုက်ခြင်းဖြစ်ကာ တိုက်ရိုက်သေဆုံးသွားစေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲက သွေးများအားလုံးသည် မှော်ပညာ၏ တိုက်ခိုက်မှုခံရသည့်အလား စုပ်ယူခံရကာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း လူတိုင်းက ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ယခုလေးတင် မြင်တွေ့ခဲ့ကြရသည်။ ၎င်းသည် တရားမျှတသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ၎င်းသည် နတ်ဆိုးပညာမဟုတ်ပေ။ တစ်နည်းအားဖြင့် ဖူဟန်၏သွေးသည် ချူးယွင်ဖန်း၏ လက်သီးကြောင့် အငွေ့ပျံသွားခဲ့သည်။

လက်သီးအင်အားက ထိုသို့လုပ်နိုင်သည်က မည်မျှကြောက်မက်ဖွယ်ကောင်းလှသနည်း။ ယင်းသည် ခန္ဓာကိုယ်ကို ချိုးဖဲ့ပစ်ခြင်းထက် ဆယ်ဆပိုမိုခက်ခဲသည်။

ရှိနေသော အတွင်းစည်းတပည့်များတွင် အစွမ်းထက်သော ကျင့်ကြံမှုအခြေခံများရှိသည်။ ၎င်းတို့က သာမန်လူများမဟုတ်ကြပေ။ သဘာဝအတိုင်း အရာအားလုံးက မည်မျှထိတ်လန့်စရာကောင်းသည်ကို သူတို့မြင်နိုင်သည်။ ၎င်းတို့က ချူးယွင်ဖန်းကို ပြန်ကြည့်လိုက်သောအခါ အားလုံး၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။ ချူးယွင်ဖန်းက သူ့ကိုယ်သူ အထင်ကြီးလွန်းနေသည်ဟု မခံစားကြရတော့ပေ။ ချူးယွင်ဖန်းသည် လွန်ခဲ့သော တစ်နှစ်ကမှ လက်ရွေးစင်တပည့်အဖြစ် ရာထူးတိုးမြှင့်ခံရခြင်းဖြစ်ကာ တစ်နှစ်အကြာ၌ လက်ရွေးစင်တပည့်များထဲ၌ ထိပ်ဆုံး၌ ရပ်တည်နေသည့် ဖူဟန်ကို အလွယ်တကူ သတ်နိုင်ခဲ့သည်။ ထိုတိုးတက်မှုက အံ့အားသင့်စရာအဆင့်ကို ရောက်ရှိသွားခဲ့ကာ နောက်ထပ်နှစ်အနည်းငယ်ကြာလျှင် သူ့အတွက် စကြဝဠာအဆင့်သို့ တက်လှမ်းခြင်းက ဝင်ရောက်ရန် မဖြစ်နိုင်သောအရာဖြစ်တော့မည်မဟုတ်ပေ။ သူ ဤမျှ ယုံကြည်ချက်ရှိနေခြင်းသည် အံ့သြစရာမဟုတ်ပေ။ ချူးယွင်ဖန်း အဘယ်ကြောင့် ဝမ်ယိဖန်ကို စိန်ခေါ်ရဲရသည့်အကြောင်းကို လူများစွာနားလည်သွားကြသည်။

"ပျင်းစရာကောင်းလိုက်တာ။ သူ အရမ်းအားနည်းတာပဲ" ချူးယွင်ဖန်းက လက်ပြကာ ပြောလိုက်သည်။

"အ-ဒီလိုလုပ်တာ… စီနီယာဝမ်ရဲ့ဒေါသကို မကြောက်ဘူးလား"

တစ်စုံတစ်ယောက်က ချူးယွင်ဖန်း၏ ရက်စက်ကြမ်းကြုတ်မှုကို ကြောက်ရွံ့နေသကဲ့သို့ တုန်ရီသောအသံဖြင့် ပြောလိုက်သည်။

"ဝမ်ယိဖန်ဟုတ်လား ဒီနေ့ သူ အသက်ရှင်နိုင်မလားဆိုတာ ကြည့်ရအောင်။" ချူးယွင်ဖန်း ခေါင်းခါလျက် အေးစက်စွာပြုံးလိုက်သည်။

ဤအချိန်တွင် လူတိုင်းက ချူးယွင်ဖန်းကို သံသယအချို့ဖြင့် ကြည့်နေကြသော်လည်း သူ၏ကိုယ်ပိုင်အစွမ်းသတ္တိကို အလွန်အကျွံခန့်မှန်းနေသည်ဟု မည်သူမျှ မပြောရဲကြပေ။ ချူးယွင်ဖန်း ယခုပြသခဲ့သော အစွမ်းသတ္တိသည် စစ်မှန်သောတပည့်တစ်ဦးကဲ့သို့ မကောင်းသည့်တိုင် ၎င်းတို့နှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

သူ့မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိကောင်းရှိနိုင်မလား။

လူတိုင်းက ထိုသို့မတွေးဘဲ မနေနိုင်ကြတော့ပေ။

"ချူးယွင်ဖန်း၊ မင်းသတိထားရမယ်။ ဝမ်ယိဖန်ရဲ့အစွမ်းက မင်းထင်သလောက်မရိုးရှင်းဘူး။"

ရုတ်တရက် လူအုပ်ကြားထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ အင်မော်တယ်တပါးကဲ့သို့ ပျံသန်းနေသည်။

လူတိုင်းကြည့်လိုက်သောအခါ ဟွားရှန်းယွမ်မှတပါး အခြားသူမဟုတ်ကြောင်း သိလိုက်ရသည်။

လူအများက စပ်စုချင်နေကြဆဲဖြစ်သည်။

လွန်ခဲ့သော တစ်နှစ်က ဟွားရှန်းယွမ်က ချူးယွင်ဖန်းကို အနိုင်ယူခဲ့သည်။

ဟွားရှန်းယွမ်က မည်သို့ဆိုလိုသည်ကို ချူးယွင်ဖန်းသာ နားလည်သည်။ ဟွားရှန်းယွမ်သည် သူ့ကိုယ်သူ ရန်သူတစ်ယောက်ကဲ့သို့မြင်သည်။ ဤကမ္ဘာတွင် ရန်သူများ ရှားပါးသည်။ ချူးယွင်ဖန်းကို ထိုသို့ မသေစေချင်ပေ။ ယင်းက နှမျောစရာကောင်းသည်။

ဤသည်မှာ ပြိုင်ဘက်များအကြား အပြန်အလှန်လေးစားမှုပင်ဖြစ်သည်။

"ဝမ်ယိဖန်က စကြဝဠာအဆင့်ကို ရောက်တာကြာပြီ။

သူက ဖူဟန်လို အမှိုက်တွေ ယှဉ်နိုင်တဲ့သူမျိုး မဟုတ်ဘူး။ မင်းသူ့ကို အနိုင်မယူနိုင်မှတော့ ဘာလို့ နောက်မဆုတ်လိုက်တာလဲ မင်းရဲ့ပါရမီနဲ့ဆိုရင် ဝမ်ယိဖန်က နှစ်အနည်းငယ်အတွင်း မင်းနဲ့ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး" ဟွားရှန်းယွမ်က စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

သူသည် ချူးယွင်ဖန်းကို ရှုံးခဲ့ပြီးနောက် အတွင်းစည်း အတွင်းတပည့်ပြိုင်ပွဲတွင် အနိုင်မရခဲ့ပေ။ နောက်ဆုံးတွင် သူသည် လက်ရွေးစင်တပည့်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသော်လည်း ချူးယွင်ဖန်းထံမှ ယှဉ်ပြိုင်မှုကို ပြန်လည်ရယူနိုင်ကာ သူ၏ယခင်အရှက်ရမှုအတွက် လက်စားချေလိုခဲ့သည်။ သို့သော် ချူးယွင်ဖန်းသာ ဝမ်ယိဖန်၏လက်ချက်ဖြင့် သေဆုံးသွားပါက သူ့တွင် အခွင့်အရေးရှိမည်မဟုတ်ပေ။

ဟွားရှန်းယွမ်၏ အမြင်၌ ဝမ်ယိဖန်က မည်သည့်အဆင့်မျှမရှိပေ။ နောက်ထပ်နှစ်အနည်းငယ်ကြာလျှင် ဝမ်ယိဖန်ကိုကျော်ဖြတ်ဖို့ရန်မှာ အချိန်တစ်ခုသာဖြစ်သည်။

"အဆင်ပြေပါတယ်။ ဒီနေ့ တစ်နှစ်စိန်ခေါ်ချက်ကို တည်ဖို့ ရောက်လာတာပါ။ ဝမ်ယိဖန် ဘယ်လိုသေသွားလဲဆိုတာ ကြည့်ချင်ရင် လာကြည့်လို့ရတယ် " ချူးယွင်ဖန်း ခေါင်းခါလိုက်သည်။

ထိုတစ်နှစ်အတွက် ဟွားရှန်းယွမ်၏ တိုးတက်မှုက အံ့ဖွယ်ကောင်းလှသည်။

ဘုရင်အဆင့် ခန္ဓာကိုယ်တစ်ခုအနေနှင့် မျှော်လင့်ထားသကဲ့သို့ပင်ဖြစ်သည်။ သူသည် တစ်နှစ်အတွင်း၌ပင် ဒြပ်မဲ့ကျွမ်းကျင်အဆင့်အထွတ်အထိပ်သို့ရောက်ခဲံ့သည်။ စကြဝဠာအဆင့်သို့ရောက်ရန် အချိန်တစ်ခုသာလိုအပ်သည်။ သာမန်လူတစ်ယောက်ဆိုလျှင် ၎င်းတို့ သေလောက်အောင် ကြောက်နေကြပေလိမ့်မည်ဖြစ်၏။

သို့သော် ချူးယွင်ဖန်း၏တိုးတက်မှုသည် ဟွားရှန်းယွမ်ထက်မြန်သည်။

အခန်း(၁၈၀၆) ဒီနေ့ ဝမ်ယိဖန်ကို သတ်မယ်

အံ့ဖွယ်မိုးတိမ်တောင်ထွတ်၏ အနက်ရှိုင်းဆုံးနေရာ၌ လက်ဖက်ရည်ပွဲကျင်းပနေသော ဝမ်ယိဖန်နှင့် အခြားသူများထံသို့ ထိုရုတ်ရုတ်သဲသဲစကားသံများ မကြာခင်တွင် ရောက်လာခဲ့သည်။ ထိုလက်ဖက်ရည်ပွဲကို တက်ရောက်နိုင်သူ အများအပြားမရှိပေ။ တပည့်စစ်အချို့နှင့် လက်ရွေးစင်တပည့်အနည်းငယ်သာ ရှိသည်။

အခြားမည်သူမျှ အရည်အချင်းမပြည့်မီသော်လည်း လူအများစုအတွက် ပွဲတော်၌ ထမင်းစားရရုံကပင် လာရကျိုးနပ်သည်ဟု ပြောရမည်။ ကျင့်ကြံမှု၏ ပထမဆုံးလမ်းကြောင်းက စားသောက်ခြင်းဖြစ်ကာ မည်သို့ကောင်းကောင်းစားရမည်ကို မသိသောသူများသည် ကျင့်ကြံရေးလမ်းကြောင်း၌ ဝေးဝေးမရောက်နိုင်ပေ။

ဝမ်ယိဖန်သည် သတင်းကို အလွန်လျင်မြန်စွာ ရရှိခဲ့ပြီးနောက် မျက်နှာအမူအရာလည်း မှောင်မိုက်သွားသည်။ ချူးယွင်ဖန်း ပေါ်လာရုံသာမက ဖူဟန်ကို သတ်ခဲ့သည်။ ဖူဟန်သည် သူ၏ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားဖြစ်သည်။ သူ၏နောက်လိုက်များစွာထဲတွင် သူသည် သူအတန်ဖိုးထားဆုံးသူလည်းဖြစ်သည်။ ယခု ဖူဟန်သည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။

"မင်း ရဲတင်းလှချည်လား” ဝမ်ယိဖန်က အေးစက်စွာ ပြောလိုက်သည်။

အစည်းအဝေးတက်ရောက်နေသော တပည့်စစ်များသည်လည်း သတင်းကို လျင်မြန်စွာလက်ခံရရှိခဲ့ကြသည်။ ဤသတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ဤတပည့်စစ်များ၏မ မျက်နှာထက်၌ ဒေါသသို့မဟုတ် ပျော်ရွှင်နေသော အပြုံးများ ထင်ဟပ်နေသည်။ ချူးယွင်ဖန်းရောက်ရှိလာခြင်းကို လူတိုင်းကြိုဆိုခြင်းမရှိသော်လည်း လူတိုင်းက သူ့ကို မုန်းတီးနေခြင်းလည်းမဟုတ်ပေ။

"အစ်ကိုဝမ် အစ်ကို ပြဿနာတက်နေတယ်လို့ ကြားတယ်။ ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ်လား" အဖြူရောင်ဝတ်ရုံကို ဝတ်ထားသော လူငယ်တစ်ဦးက သံသယစိတ်ဖြင့်မေးလိုက်သည်။

"မလိုပါဘူး။ သူက လူပြက်တစ်ယောက်ပဲ ငါသူ့ကို ကိုင်တွယ်နိုင်တယ်" ဝမ်ယိဖန်က အေးစက်စက်ပြောလိုက်သည်။

ထိုလက်ဖက်ရည်ပွဲက ရိုးရှင်းသော ပွဲမဟုတ်ကြောင်း ဝမ်ယိဖန်သိသည်။ ထိုအသိုင်းအဝိုင်းထဲကို ဝင်ရောက်မည့် သူ၏ ပေါင်းစည်းမှုအစကို ကိုယ်စားပြုသည်။ စကြဝဠာအဆင့်၌ ၎င်းတို့၏ကိုယ်ပိုင်း အသိုင်းအဝိုင်းများရှိကြသည်။ ထိုအသိုင်းအဝိုင်းများထံမှ လွတ်လပ်နိုင်သူ မည်သူမျှမရှိပေ။

ဝမ်ယိဖန်၌ သူ့ကိုယ်ပိုင်အသိုင်းအဝိုင်းကို စတင်နိုင်မည့် အင်အားမရှိသဖြင့်

အသိုင်းဝိုင်းတစ်ခုကို ရွေးချယ်ခဲ့ကာ အသစ်ဝင်ရောက်လာသူတစ်ယောက်အနေနှင့် ထိုအသိုင်းအဝိုင်းသို့ဝင်နိုင်ရန် အခြားသူများ၏ အသိအမှတ်ပြုမှုကို ရယူရမည်ဖြစ်သည်။ သို့သော် လူတိုင်းက သူ့ကို ကြိုဆိုကြခြင်းမဟုတ်ပေ။ ပါဝင်သော အကျိုးအမြတ်များကို မျှဝေရခြင်းကပင် ပြဿနာတစ်ခုဖြစ်နေပြီဖြစ်သည်။

"စိတ်ဝင်စားစရာပဲ။ တပည့်စစ်တစ်ယောက်ကို စိန်ခေါ်နေတဲ့ အတွင်းစည်းတပည့်လား။ ကျွတ် ကျွတ်

ကြယ်ကြွေကောင်းကင်ဂိုဏ်းသားတွေက ဘယ်လိုကစားရမလဲဆိုတာ သေချာပေါက် သိကြတယ်!"ထိုလူငယ်က ပြုံး၍ပြောလိုက်သည်။

ဤစကားများသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းရှိ စစ်မှန်သောတပည့်အနည်းငယ်၏ မကျေနပ်သောအကြည့်များကို ချက်ချင်းဆွဲဆောင်ခဲ့သည်။ ဤလူများထဲတွင် အသက် ၂၅ နှစ် သို့မဟုတ် ၂၆ နှစ်ခန့်ရှိ၍ အဝါရောင်ဖျော့ဖျော့ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးရှိသည်။ ဖြောင့်စင်းသော အနက်ရောင်ဆံနွယ်ရှည်များက လေထဲ၌ လွင့်နေကာ သွယ်လျသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။

"ယဲ့ဝူရှဲ့ မင်း ကြွားဝါနေစရာ မလိုဘူး”

"စီနီယာကျန်းထိုင် ကျွန်တော်ကြွားတာမဟုတ်ပါဘူး။ တကယ်တော့ ဒီချူးယွင်ဖန်းက ခင်ဗျားတို့ဂိုဏ်းက ဉာဏ်ကြီးရှင်တစ်ယောက်လို့ထင်တယ်။ သူက တကယ်သတ္တိရှိတာပဲ။ ဟားဟားဟား” ယဲ့ဝူရှဲ ရယ်လိုက်သည်။

ယဲ့ဝူရှဲ့က ဝမ်ယိဖန်ကို ထိုအသိုင်းအဝိုင်းထဲသို့ မကြိုဆိုသည်မှာ ထင်ရှားသည်။

ဝမ်ယိဖန်၏ အမူအရာက ပို၍ ကြမ်းတမ်းလာသည်။

လေးထောင့်ကျကျမျက်နှာထားနှင့် ခန္ဓာကိုယ်အလယ်အလတ်ရှိသော အသက်လတ်ပိုင်းလူတစ်ယောက်က ရုတ်တရက်ထရပ်လိုက်သည်။

“သိုင်းတူလေး မင်းဘာမှလုပ်စရာမလိုဘူး။ ငါကိုယ်တိုင် သူ့ကို ဖမ်းပြီး တပည့်စစ်နဲ့ လက်ရွေးစင်တပည့်ကြားကွာခြားချက်ကို ပြပေးမယ်”

“ဟုတ် ဒါကို သိုင်းဦးလေးကို အပူကပ်ရဦးမယ်” ဝမ်ယိဖန်က ပြောလိုက်သည်။

သူက ခန်းမကြီးထဲ၌ လုံးဝ တည်ငြိမ်စွာထိုင်နေကာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ လူတိုင်း၏ အကြည့်များသည် ဤသိုင်းဦးလေးကျူ့ဆီသို့ အာရုံစိုက်နေကြသည်။ သူက ဝမ်ယိဖန်ကို မျက်နှာသာ ပေးချင်နေသည်မှာ ထင်ရှားသည်ဟု အားလုံးက တိတ်တဆိတ်တွေးလိုက်ကြသည်။

၎င်းတို့၏ ဤစီနီယာသည် ၎င်းတို့ထက် မျိုးဆက်တစ်ဆက်စာပိုကြီးသည်။ အသက်အရွယ်ချင်းမတူသော်လည်း နှစ်ဦးစလုံးက စကြဝဠာအဆင့်၌ရှိကြသည်။ သို့သော် လူတိုင်းက အကောင်းဆုံးအဆင့်၌ရှိနေကာ ၎င်းတို့၏ ကျင့်ကြံမှုက ခုန်ပျံကျော်လွှားတိုးတက်နိုင်သည်။

သို့သော် စီနီယာကျုကမူ ကွာခြားသည်။ သူသည် စကြဝဠာအဆင့်သို့ရောက်ခွင့်ရသည်ကပင် ကံကောင်းနေပြြီဖစ်၍ အသက်ကြီး၍ ရှေ့ဆက်တိုးတက်ရန် အလားအလာလည်း နည်းနေပြီဖြစ်သည်။

ဤအချိန်၌ သူ အားကိုးရမည့် ကျောထောက်နောက်ခံတစ်ယောက်ကို ရှာရတော့မည်။ မည်သို့ပင်ဖြစ်စေကာမူ စကြဝဠာအဆင့်က ကြယ်ကြွေကောင်းကင်တွင် အကြီးအကဲတစ်ဦးဖြစ်သော်လည်း ပြင်ပအကြီးအကဲသာဖြစ်သည်။ သူ့တွင် စွမ်းအားမရှိသကဲ့သို့ ကျင့်ကြံရေးအရင်းအမြစ်များလည်းမရှိပေ။ ဝမ်ယိဖန်နှင့်ယှဥ်ပါက သူက များစွာအဆင့်နိမ့်သည်။

"မင်းငါ့ကိုဖမ်းမှာလား"

ရုတ်တရက် အဝေးမှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လက်ဖက်ရည်ပွဲ ကျင်းပရာနေရာတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

"ချူးယွင်ဖန်း!" ဝမ်ယိဖန်က အံကြိတ်လိုက်သည်။

လွန်ခဲ့‌သော တစ်နှစ်ကနှင့်ယှဥ်ပါက ချူးယွင်ဖန်းက ပို၍ မာနကြီးပုံပေါ်နေသည်။ သူက သူ့ရှေ့၌ ပေါ့ပေါ့ပါးပါးပေါ်လာရဲသည်။ ယင်းက ကောင်းကင်ကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင်ဖြစ်၏။

ယီယွင်ယောင်၏နောက်ကွယ်၌သာ ပုန်း၍ အသက်ရှင်နိုင်သော ပုရွက်ဆိတ်တစ်ကောင်က သူ့မျက်လုံးကိုပင် စိုက်ကြည့်ရဲသည်။

ချူးယွင်ဖန်းသည် ဥယျာဉ်တစ်လျှောက် အကြည့်ကို ဝေ့ကြည့်လိုက်သည်။ လူ ၄၀ မှ ၅၀ ခန့်ရှိသည်။ ၎င်းတို့အနက် ၂၀ ကျော်သည် စကြဝဠာအဆင့်သို့ ဝင်ရောက်ခဲ့သော တပည့်စစ်များဖြစ်ကာ ကျန်သူများမှာ ဒြပ်မဲ့ကျွမ်းကျင်သူအဆင့် အထွတ်အထိပ်ရှိ ထိပ်တန်းတပည့်များဖြစ်သည်။

ထိုကဲ့သို့သော တပည့်အရေအတွက်သည် မနည်းလှပေ။ ဤစစ်မှန်သော တပည့်များထဲတွင် ကြယ်ကြွေကောင်းကင်ဂိုဏ်းသား ထက်ဝက်ခန့်ရှိကာ အခြားဂိုဏ်းများမှ တပည့်များက ထက်ဝက်ခန့်ရှိသည်။ ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ တပည့်များသာ ထိုကဲ့သို့သော အသိုင်းအဝိုင်းတစ်ခုကို စုစည်းနိုင်သည်။

ချူးယွင်ဖန်းသည် လူအများအပြား၏ အကြည့်များကို ရင်ဆိုင်ရာတွင် မကြောက်မရွံ့ပြုမူသည်။ သာမန်လူတစ်ယောက်၊ သာမန်တပည့်တစ်ယောက်ပင်လျှင် သူသည် ဤမျှ တည်ငြိမ်နေမည် မဟုတ်ပေ။

"ကျုပ်ကိုဖမ်းမယ်လို့ပြောလိုက်တာလား။ တစ်ယောက်တည်းဖမ်းဖို့ စီစဥ်နေတာလား။ ပြီးတော့ ခင်ဗျားက ဒီလိုရပ်တည်ပေးပြီး တစ်ယောက်ယောက်ရဲ့ အိမ်ဖော်လုပ်ဖို့ စိတ်အားထက်သန်နေတယ်ပေါ့” ချူးယွင်ဖန်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။

"မင်းကကိုယ့်သေတွင်းကိုယ်တူးနေတာပဲ!" စီနီယာကျူ့က ချူးယွင်ဖန်းကို စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဤသည်မှာ အမှန်တရားဖြစ်သော်လည်း၊ ချူးယွင်ဖန်းက လူသိရှင်ကြားဖော်ထုတ်လိုက်ခြင်းက သူ့ကို ဒေါသထွက်စေသည်။

"ဒီနေ့ အသက်ရှင်ဖို့တောင် မစဉ်းစားနဲ့။ ငါ မင်းကို အသက်ရှင်လျက် အရေခွံခွာပစ်မယ်!"

"ဟား အကြီးအကဲတစ်ယောက်အနေနဲ့ ကျုပ်တို့ တပည့်တွေကြားက တိတုက်ပွဲကို မင်းတကယ်ဝင်စွက်ဖက်ရဲတာလား။ ခင်ဗျားအသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်" ချူးယွင်ဖန်းက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

ကြယ်ကြွေကောင်းကင်၌ အကြီးအကဲများကိုလည်း အဆင့်များခွဲထားသည်။ အလွန်အစွမ်းထက်သော အကြီးအကဲများရှိသော်လည်း စကြဝဠာအဆင့်သို့ မရောက်ရှိသေးသူများလည်း ရှိသည်။ ဤအကြီးအကဲများသည် သာမန်တပည့်စစ်များရှေ့တွင် အဆင့်အတန်းမရှိပေ။ ၎င်းတို့သည် လက်ရွေးစင်တပည့်များရှေ့၌ ပေါ်လွင်နိုင်သော်လည်း ချူးယွင်ဖန်းရှေ့၌မူ ရယ်စရာကောင်းလှသည်။

ထို့နောက် ချူးယွင်ဖန်းက လူတိုင်းကို လှမ်းကြည့်လိုက်သည်။

"တစ်နှစ် စိန်ခေါ်ချက်ကြောင့် ငါဒီကို ရောက်လာတာ။ ဒီနေ့ ငါ ဝမ်ယိဖန်ကို သတ်ပစ်မယ်။ မင်းတို့ထဲက တစ်ယောက်ယောက် ဝင်ရောက်စွက်ဖက်ရဲရင် မင်းတို့ကို မညှာတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့.."

All Chapters