← Chapters

အခန်း (၁၈၁၀-၁၈၁၂)

Vol. 121 Ch. 1810-1812

အခန်း (၁၈၁၀-၁၈၁၂)

Vol. 121 Ch. 1810-1812

အခန်း(၁၈၁၀) ငါ့စွမ်းအားရဲ့ ၁၀% တောင်မသုံးခဲ့ဘူး

၎င်းတို့နှစ်ဦးလုံး ထုတ်လွှတ်လိုက်သည့် အရှိန်အဝါက အံ့ဖွယ်မိုးတိမ်တောင်ထွတ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ အမြင့်နေရာများ၌ ထိုင်နေနိုင်သေးသော တပည့်စစ်များမှ တပါး ကျန်သူများအားလုံးနီးပါး ထွက်ပြေးသွားကြသည်။

"ချူးယွင်ဖန်း၊ မင်းရဲ့ကျင့်ကြံမှု အများကြီးတိုးတက်လာတာနဲ့ ငါနဲ့ နှိုင်းယှဉ်နိုင်မယ်လို့ မင်းထင်နေတာလား" ဝမ်ယိဖန်က ချူးယွင်ဖန်းကို အေးစက်စွာကြည့်လျက် သူ့မျက်နှာတွင် ထိတ်လန့်မှုနှင့်သတ်ဖြတ်ချင်စိတ်တို့ပြည့်နေသည်။

"မင်းနဲ့ယှဉ်ရင်ဟုတ်လား။ မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ။ ငါသာ မင်းအရွယ်ဆိုရင် မင်းကို ချေမှုန်းဖို့ဆိုတာ ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းသလို လွယ်မှာပဲ" ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းက မာန်တက်နေပြန်ပြီပဲ” ဝမ်ယိဖန်က အော်လျက်ပင် ကြမ်းတမ်းသော ရထားတစ်စင်းကဲ့သို့ထွက်ပေါ်လာကာ ချူးယွင်ဖန်းရှေ့သို့ ချက်ချင်းပြေးသွားသည်။ ထို့နောက် ထိတ်လန့်ဖွယ် သက်တံ့တစ်စင်းအဖြစ် ပြောင်းလဲ၍ ကြယ်ကြွေကောင်းကင်လက်ဝါးချက်ဖြင့် ရိုက်ချလိုက်သည်။

ဤကြယ်ကြွေကောင်းကင်လက်ဝါးချက်၏ တိုက်ခိုက်မှု စွမ်းအားက အကြီးအကဲသုံးဦးပြသခဲ့သည့် စွမ်းအားထက်ပင် ပို၍ အံ့သြဖွယ်ကောင်းသည်။ ယင်းက ဝမ်ယိဖန်၏ အံ့ဖွယ်အရည်အချင်းကိုလည်းပြသနေခြင်းဖြစ်ကာ တကယ်တမ်းတွင် သူသည် ဘေး၌ရှိသော အကြီးအကဲများပင် ယှဥ်နိုင်သူမဟုတ်ပေ။

စကြဝဠာ စတုတ္ထအဆင့်

ဝမ်ယိဖန်က စကြဝဠာအဆင့်ရဲ့ စတုတ္ထအဆင့်ကို ရောက်နေပြီ!

စကြဝဠာအဆင့်၌ပင် ထိုသို့ကျင့်ကြံမှုမျိုးကို ပျမ်းမျှအဆင့်ဟု သတ်မှတ်ကြကာ အားနည်းသည်ဟု မယူဆကြပေ။ သို့သော် ရှိနေကြသော စကြဝဠာအဆင့်ရှိသူများ မည်သူမျှ မအံ့သြသွားကြပေ။ ဝမ်ယိဖန်တွင် ဤမျှ အစွမ်းမရှိပါက ဤလက်ဖက်ရည်ပွဲသို့ပင်ရောက်လာခဲ့ကြမည်မဟုတ်ပေ။ စကြဝဠာတပည့်စစ်များထဲ၌ အဆင့်အမျိုးမျိုးရှိခဲ့သည်။ အချို့လူများသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံး စကြဝဠာအဆင့် စတုတ္ထအဆင့်ထိ မကျင့်ကြံနိုင်ကြပေ။

ယင်းက ရက်စက်ကြမ်းကြုတ်သော အချက်ပင်ဖြစ်သည်။

သို့သော်လည်း ချူးယွင်ဖန်း၏ တုံ့ပြန်မှုမှာ နှေးကွေးခြင်း မရှိပေ။ သူသည် လက်သီးတစ်ချက် ထိုးလိုက်သည်။ သူသည် မည်သည့် သိုင်းပညာမျှ အသုံးမပြုထားပုံရသော်လည်း ရိုးရှင်းသော လက်သီးတစ်ချက်တည်းဖြင့် ကြယ်ကြွေကောင်းကင်လက်ဝါးရိုက်ချက်ကို ချိုးဖျက်နိုင်ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားသည် ဝမ်ယိဖန်ထံသို့ စီးဆင်းနေသော ကောင်းကင်မြစ်တစ်စင်းကဲ့သို့ ထင်ရသည်။

ထိုလက်သီးချက်က ဝမ်ယိဖန်ဆီသို့ရောက်သွားသောအခါ ဝမ်ယိဖန်က ကြယ်ကြွေကောင်းကင်လက်ဖဝါးတိုက်ခိုက်မှုကို သုံးကာ တားလိုက်သည်။

"ငါ့ခွန်အားရဲ့ ၃၀% ကို မင်းခံနိုင်ရည်ရှိလိမ့်မယ်လို့ ငါမထင်ထားဘူး။ မဆိုးဘူး။ မဆိုးဘူး။ မင်းကိုသတ်ရတာ တန်တယ်"

"၃၀%ဟုတ်လား။ ငါ့စွမ်းအားရဲ့ ၁၀% တောင် မသုံးခဲ့ဘူး။ မင်းမှာ ဒါပဲရှိရင် ကြိုးတစ်ချောင်းရှာပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချဖို့ ငါအကြံပေးတယ်။" ချူးယွင်ဖန်း လက်ပိုက်၍ ဝမ်ယိဖန်ကို အေးစက်စက်ကြည့်လိုက်သည်။

"မင်းက မာန်တက်နေတာပဲကွ" ဝမ်ယိဖန်က အော်လျက် ထပ်မံတိုက်ခို်ကလိုက်သ်ည။

သို့သော် ဤတစ်ကြိမ်၌ ယခင်ကနှင့်မတူဘဲ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ဆူပွက်လာကာ ပတ်ဝန်းကျင်ကို တုန်လှုပ်စေသည်။

“ကုန်းသတ္ထုဓား”

ဝမ်ယိဖန်၏ လက်ထဲ၌ ဓားတစ်စင်းပေါ်လာသည်။ ထိုဓားက အလင်းတန်းများထုတ်လွှတ်လျက်ရှိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ယောက်ကို ထက်ခြမ်းခွဲနိုင်သည်ဟူသော အထင်အမြင်မျိုးပေးနိုင်သည်။

“ဒါ ကုန်းသတ္တုလား”

ယဲ့ဝူရှဲ့ အပါအဝင် လူတိုင်း အံ့အားသင့်သွားကြသည်။

"ကုန်းသတ္ထုက သတ္ထုတွေရဲ့ အထွတ်အထိပ်ပဲ။ သာမန်နတ်ဘုရားလက်နက်တွေကို ကုန်းသတ္ထုနဲ့ ရောလိုက်ရင် သူတို့ရဲ့ စွမ်းအားက အရမ်းတိုးလာလိမ့်မယ်။ ဓားတစ်ခုလုံးကို အဲ့တာနဲံ သွန်းလုပ်ထားတာကို ထည့်မပြောတော့ဘူး။ ဓားနဲ့ ထိတွေ့မိတဲ့ ဘယ်အရာမဆို နည်းနည်းလေးဆိုရင်တောင် နှစ်ခြမ်းကွဲသွားနိုင်တယ်။"

"ဝမ်ယိဖန်က ဒီလောက်များတဲ့ ကုန်းသတ္ထုကို ဘယ်ကရှာတွေ့ခဲ့တာလဲ။ ကုန်းသတ္ထုပမာဏ နည်းနည်းလေးတောင် အဖိုးမဖြတ်နိုင်ဘူး။ ကုန်းသတ္ထုနဲ့လုပ်ထားတဲ့ ဓားတစ်ချောင်းလုံးရဲ့ တန်ဖိုးက အနည်းဆုံး အလယ်အလတ်အဆင့် ဝိဉာဥ်ကျောက်တုံး ၂၀ သန်းလောက်ရှိတယ်!"

လူတိုင်းက ချက်ချင်း အံ့သြတကြီးဖြင့် စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။ ထိုအလွန်အစွမ်းထက်လှပါသည်ဆိုသော တပည့်များပင် အံ့သြသွားကြသည်။ လူအများစုက ချူးယွင်ဖန်း၏ အခွင့်အလမ်းများကို အကောင်းမမြင်ကြတော့ပေ။ သူ့ခန္ဓာကိုယ်က လူများစွာကို အံ့သြစေခဲ့ကာ ထို အဆင့်နိမ့်လက်နက်များကိုလည်း ခံနိုင်ရည်ရှိခဲ့သည်။ သို့သော် ဤဓားက ကွဲပြားသည်။

" မင်းက ခန္ဓာကိုယ်ကျင့်ကြံသူတွေထဲမှာ အကောင်းဆုံးဆိုရင်ရော ဘာတတ်နိုင်မှာလဲ။ မင်းက ငါ့ရဲ့ သတ္တုဓားအောက်မှာ သေရလိမ့်မယ်!" ဝမ်ယိဖန်က လှောင်ပြောင်လိုက်သည်။

ဤလျှို့ဝှက်ချက်ကြောင့်ပင် ချူးယွင်ဖန်းက သူ၏ အံ့အားသင့်ဖွယ် ခန္ဓာကိုယ်ကျင့်ကြံမှုကို ပြသသောအခါ သူ ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။ အဆင့်နိမ့် ရှေးဟောင်းပစ္စည်းပင် သူ့ကို ဘာမှ မလုပ်နိုင်ပေ။

ခန္ဓာကိုယ်ကျင့်ကြံမှုက အဓိက မဟုတ်ရသည့် အကြောင်းရင်းတစ်ခုရှိသည်။ ခန္ဓာကိုယ်ကျင့်ကြံမှုသည် ကမ္ဘာ၌ ယှဉ်နိုင်စရာမရှိသော်လည်း ၎င်းတို့ကို ထိန်းချုပ်သည့် နည်းလမ်းများ အမြဲရှိနေသည်။

ဥပမာအားဖြင့်၊ ကုန်းသတ္ထုသည် ယင်းတို့အနက်မှ တစ်ခုဖြစ်သည်။ အစွမ်းအထက်ဆုံးကျင့်ကြံသူများပင် ထိုဓားကြောင့် ထိခိုက်နစ်နာကြရလိမ့်မည်။

"အရင်တုန်းက ငါ ကျားတစ်ကောင် မွေးပြီး ပြဿနာတွေကို ဖိတ်ခေါ်ခဲ့တယ်။ ဒီနေ့တော့ ငါ သက်ညှာမှာ မဟုတ်ဘူး။ မင်း သေမင်းကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး!" ဝမ်ယိဖန်အော်ပြောလိုက်သည်။

ခဏတာအတွင်း၌ပင် ဓားအလင်းရောင်တစ်ခု ပျောက်ကွယ်သွားပြီးနောက် ရွှေရောင်ဓားအလင်းရောင်တစ်ခုက ကောင်းကင်ကိုဖြတ်၍ ဖြာထွက်သွားသည်။ ထိုဓားအလင်းက ဓားမိုး သန်းပေါင်းများစွာအဖြစ် ကွဲထွက်သွားသည်။ မရေမတွက်နိုင်အောင်များပြားလှသည့် ဓားမိုးများက ချူးယွင်ဖန်းကို ဖုံးလွှမ်းသွားကာ ဓားစွမ်းအင်စက်ကွင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုအရာများအားလုံးက မြန်မြန်ဆန်ဆန်ပင်ဖြစ်ပျက်သွားခြင်းဖြစ်သည်။

ကောင်းကင်တစ်ခုလုံး ရွှေရောင်ဓားအလင်းများနှင့်ပြည့်နေသည်ကို မမြင်ခင်၌ပင် လူတိုင်း၏ အမြင်အာရုံများ ဝေဝါးသွားသည့်အလား ခံစားလိုက်ရသည်။

"ရယ်စရာကောင်းလိုက်တာ။ မင်းမှာ ကုန်းသတ္ထုဓားရှိရုံနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတာလား" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

သာမန်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ထိုဓားကိုထိပါက သေသွားနိုင်သည်။ ခန္ဓာကိုယ်ကျင့်ကြံသူများ၌ ယှဥ်နိုင်စရာမရှသော ခန္ဓာကိုယ်များရှိသော်လည်း ၎င်းတို့၏ခန္ဓာကိုယ်ကို အလွန်အမင်းအားကိုးပါက ခုခံမှုမအောင်မြင်သည်နှင့် သေကြရလိမ့်မည်။

သို့သော် ချူးယွင်ဖန်းက ကွဲပြားသည်။ သူသည် သာမန်ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်ပေ။ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်နှစ်ခု ရှိခြင်းနှင့်အတူ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် အံ့အားသင့်ဖွယ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ကျောက်စိမ်းရောင်အလွှာဖြင့် ဦးစွာ ဖုံးအုပ်ထားပြီးနောက် မိုးကြိုးစွမ်းအင်အလွှာတစ်ခု ပျံ့နှံ့သွားသည်။ ဤမိုးကြိုးစွမ်းအင်သည် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပါးလွှာသောသံချပ်ကာတစ်ခု ဖွဲ့စည်းပေးပြီး သူ့ကို တင်းကျပ်စွာကာကွယ်ပေးသည်။

နောက်တစ်ခဏအတွင်း၌ သူက ကျယ်လောင်စွာအော်လိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အတောင်များဖြန့်ကျက်ထားသည့် မီးငှက်တစ်ကောင်ကဲ့သို့ ပြောင်းလဲ၍ အလျင်အမြန် ထွက်သွားကာ ကောင်းကင်မှ ဓားမိုးများဆီ ပျံသန်းသွားသည်။

ဘမ်း

ဓားအလင်းတန်းများက ချူးယွင်ဖန်းကို ထိမှန်တော့မည့်အချိန်တွင် ချူးယွင်ဖန်းက လက်သီးတစ်ချက်ထိုးလိုက်သည်။ ချက်ချင်းပင် ဓားအလင်းတန်းများ ပြန့်ကျဲသွားသည်။

ဤရွှေရောင်ဓားအလင်းများသည် အလွန်မြန်ဆန်သည်။ လူအနည်းငယ်သာရှိနေခြင်းမှလွဲ၍ လူတိုင်း၏မျက်လုံးများက လိုက်မကြည့်နိုင်ပေ။ သူတို့မြင်နိုင်သည်မှာ ချူးယွင်ဖန်းသည် မရေမတွက်နိုင်သော ဓားအလင်းများကြောင့် နစ်မြုပ်နေသည်ကိုသာ ဖြစ်သည်။

"ပြီးပြီ။ ချူးယွင်ဖန်း ဘယ်လောက်ပဲ အစွမ်းကြီးပါစေ အသုံးမဝင်ဘူး။ သူ သေပြီ!"

"ဒီဓားမိုးတွေက တစ်ချက်တည်းနဲ့တောင် သူ့ကိုသတ်ဖို့ လုံလောက်တယ်၊ တစ်ချိန်တည်းမှာ အများကြီးထိဖို့ကို မပြောနဲ့တော့။ သူ့အတွက် မျှော်လင့်ချက်မရှိဘူး။"

"ဟုတ်တယ်။ ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လဲ။ သူ အောင်မြင်လိမ့်မယ်လို့ ငါထင်ခဲ့တာ။ တကယ်လို့ အဲဒီလိုဆိုရင် သူ သမိုင်းကို ဖန်တီးခဲ့မှာပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ ပြာဖြစ်သွားတယ်။"

လူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုက ချူးယွင်ဖန်း သေပြီဟုသာဖြစ်သည်။

ထို့နောက် မကြာမီ၌ များပြားသော ဓားအလင်းများသည် ကွဲအက်ကာ အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

ထို့နောက် အတွင်းထဲမှ လူတစ်ဦး အလျင်အမြန်ပြေးထွက်လာခဲ့သည်။

အခန်း(၁၈၁၁) ဝမ်ယိဖန်ကို သေသည်အထိ နင်းချေခြင်း

လူတိုင်းက ၎င်းတို့၏ အာရုံစိုက်၍ ကြည့်လိုက်သောအခါ ချူးယွင်ဖန်းဖြစ်နေသည်ကို မြင်လိုက်ကြရသည်။ ဓားအလင်းများ၏ ဖုံးလွှမ်းမှုကို အပြည့်အဝခံရပြီးနောက် သူ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ဟု လူတိုင်းက ထင်ကြသည်။ သို့သော် သူ အားလုံးကို ဖျက်ဆီးပစ်လိုက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူ့အဝတ်အစားများပင် ပျက်စီးသွားခြင်းမရှိပေ။

“မိုက်လိုက်တာ…”

လူများစွာက ပင့်သက်ရှိုက်လိုက်မိကြသည်။ ဝမ်ယိဖန်ပင် ထိုသို့ ကုန်းသတ္ထုဓားကို ခံနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကုန်းသတ္ထုဓားအလင်းက အလွန်ထက်မြက်ကာ ယင်းကို အသုံးပြုသူ၏ ကျင့်ကြံမှုအပေါ်မူတည်၍ စွမ်းအားက တိုးလာမည်ဖြစ်သည်။ စကြဝဠာအဆင့်ရှိသူတတစ်ဦးသုံးသည့် အဆင့်နိမ့် လက်နက်ပင် ထက်ဝက်ကျိုးသွားရလိမ့်မည်ဖြစ်သည်။ သို့သော် ဤမျှအစွမ်းထက်သော စွမ်းအားက ချူးယွင်ဖန်းကို မည်သို့မျှ မထိခိုက်စေနိုင်ခဲ့ပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်က မည်မျှပင် အစွမ်းထက်လှသနည်း။

ဝမ်ယိဖန်၏ မျက်လုံးများသည် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေသည်။

တစ်ယောက်ယောက်ကို ဤမျှသတ်ချင်ခဲ့သည်မဟုတ်ဟုပင်ပြော၍ရနိုင်သည်။ ချူးယွင်ဖန်းကို စကြဝဠာအဆင့်သို့တက်လှမ်းခွင့်ပေးလိုက်ခြင်း၏ အကျိုးဆက်များသည် မယုံနိုင်စရာပင်ဖြစ်ကာ ချူးယွင်ဖန်းသာ အနာဂတ်၌ ဆက်လက်တိုးတက်လာပါက သူနောက်ကျကျန်ခဲ့လိမ့်မည်မဟုတ်လော။

ဤအချိန်တွင် ချူးယွင်ဖန်းသည် ယခုအချိန်အထိ ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်သာရှိသေးသည်ကို ဝမ်ယိဖန်သတိရသွားသည်။ လွန်ခဲ့သော နှစ်နှစ်က ချူးယွင်ဖန်းသည် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ သူသည် သူ့ကို သူ့မျက်လုံးထဲ ဘယ်သောအခါမှ မထည့်ခဲ့ပေ။

သို့သော် နှစ်နှစ်အကြာတွင် အရာအားလုံးပြောင်းလဲသွားခဲ့သည်။ ချူးယွင်ဖန်းသည် ယခု သူ့ကို ဤအတိုင်းအတာအထိ တိုက်ခိုက်နိုင်ပြီဖြစ်သည်။ အစောပိုင်းက သူသည် ချူးယွင်ဖန်းကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သောကြောင့် ချူးယွင်ဖန်း၏ တိုးတက်မှုကို မျက်ကွယ်ပြုထားခဲ့သည်။ သို့သော် ယခုအခါ ချူးယွင်ဖန်း၏ ခြိမ်းခြောက်မှုက နီးကပ်လာပြီဟု သူ အမှန်တကယ် ခံစားခဲ့ရသည်။

"သူ့ကို ဆက်တိုးတက်ခွင့် မပေးနိုင်ဘူး။ မဟုတ်ရင် ဂိုဏ်းထဲမှာ ငါ့နေရာ ဆုံးရှုံးသွားလိမ့်မယ်" သူတွေးလိုက်သည်။

"ငါ မင်းကို သည်းခံတော့မှာမဟုတ်ဘူး”

သူ့လက်ထဲက ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ချူးယွင်ဖန်းကို စူးရဲသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ဓားအလင်းတန်းများသည် ကောင်းကင်ထဲသို့ ထိုးတက်သွားကာ အရာအားလုံးကို ထိုးဖောက်ဝင်ရောက်သွားသည်။ ကောင်းကင်ကိုပင် စုတ်ဖြဲပစ်နိုင်သည့် အသံကို ကြားလိုက်ရသည်။

မရေမတွက်နိုင်သော ဓားအလင်းများသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသော ဓားမိုးကဲ့သို့ ဖြာထွက်နေသည်။ ၎င်းတို့သည် လေကို ဖောက်ထွင်းကာ ယင်နှင့်ယန်ကို ပြောင်းပြန်လှန်လိုက်သည်။ ဓားအလင်းတိုင်းသည် ဖြာထွက်လျက် ကြောက်မက်ဖွယ်ကောင်းသော ရေတံခွန်တစ်ခုအဖြစ် စုစည်းသွားသည်။ ၎င်းတို့က ချူးယွင်ဖန်းကို ချက်ချင်းဝိုင်းရံထားလိုက်ကြသဖြင့် သူထွက်ပြေးရန် သို့မဟုတ် တိမ်းရှောင်ရန် မဖြစ်နိုင်တော့ပေ။

“ကုန်းသတ္ထုအလင်းက အစွမ်းထက်ပေမယ့် ငါ့ကို ထိခိုက်လောက်အောင်တော့ မလုံလောက်ဘူး” ချူးယွင်ဖန်းက လှောင်ရယ်လျက် အပေါ်ကို ခုန်တက်လိုက်သည်။ သူသည် တောင်ပံများကို ဖြန့်ထားသော မီးငှက်ကဲ့သို့ အသွင်ဖြင့် မြေပြင်သို့ နင်းချလိုက်သည်။

“ငရဲကန်ချက်ကိုးသွယ်… ပထမကန်ချက်”

ချူးယွင်ဖန်း ဤခြေလှမ်းကို လှမ်းလိုက်သောအခါ ငရဲရေများစွာသည် မည်သည့်နေရာမှမဆို ပျံ့နှံ့သွားသည်။ ရေများသည် ပြင်းထန်သောအင်အားတစ်ခုဖြစ်လာကာ ဓားမိုးများဆီသို့ ရက်စက်စွာ စီးဆင်းသွားသည်။

ဘမ်း

ဓားမိုးနှင့် ငရဲရေတို့ တိုက်မိသည်နှင့်အမျှ မိုးကြိုးပစ်သံကဲ့သို့သော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ရေက အရာအားလုံးကို နစ်မြုပ်စေပြီးနောက် ဓားမိုးက အရာအားလုံးကို ဆွဲဖြဲလိုက်သည်။ နှစ်ဖက်စလုံးက အဆက်မပြတ် တိုက်မိကြသည်။ ဝမ်ယိဖန်၏ ကျင့်ကြံမှုကို ကုန်းသတ္ထုဓားထဲသို့ အဆက်မပြတ် ထည့်သွင်းလျက်ရှိသဖြင့် ဓားအလင်းများက အဆက်မပြတ် ဖြာထွက်နေသည်။ ဤဓားအလင်းသည် မြို့တစ်မြို့လုံးကို ဖျက်ဆီးနိုင်သည်။ တရှ၏ အထက်လူကြီးများကဲ့သို့ စစ်မှန်သော တပည့်များသည် ထိုမျှလောက် ခွန်အားရှိသည်။

ဝမ်ယိဖန်က ကြုံးဝါးလိုက်သောအခါ ဓားအလင်းများပိုမိုထွက်ပေါ်လာပြီးနောက် ချူးယွင်ဖန်းကို တိုက်ခိုက်လိုက်သည်။

“ငရဲကန်ချက် ကိုးချက်”

“ဒုတိယကန်ချက်” ချူးယွင်ဖန်းက တည်ငြိမ်စွာပြောလိုက်သည်။

ဤခြေလှမ်းနှင့်အတူ အဆုံးမဲ့ ငရဲရေများ ပေါက်ကွဲထွက်လာသည်။ ကုန်းသတ္ထုဓားအလင်းများကို ဖိနှိပ်ထားသည်။ ဓားအလင်းများ၏ ထက်မြက်နှင့်ပင် ထိုငရဲရေကို မဖောက်ထွင်းနိုင်ပေ။

"သူက ဘယ်လိုလုပ် ဒီလောက် ခွန်အားကြီးတာလဲ?! " ဝမ်ယိဖန်က ကြုံးဝါး၍

ချူးယွင်ဖန်းကို ခုခံရန်ကြိုးစားကာ သူ့ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားများကိုလောင်ကျွမ်းစေခဲ့သည်။ သို့သော် ချူးယွင်ဖန်းက တတိယအကြိမ်မြောက်ကန်ချလိုက်၏။

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချူးယွင်ဖန်း၏ ကန်ချက်က မရေမတွက်နိုင်အောင်များပြားလှသည့် ရွှေရောင်ဓားအလင်းများကို ကျိုးကြေစေခဲ့သည်ကို လူတိုင်းမြင်လိုက်ရသည်။ ဓားအလင်းများသည် နှိုင်းယှဉ်၍မရလောက်အောင် ထက်ရှသည်။ သို့သော် ငရဲရေသည်လည်း သာမန်ရေမဟုတ်ဘဲ ငရဲကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော ရေတစ်မျိုးဖြစ်သည်။

တတိယမြောက် ကန်ချက် ကျရောက်လာသောအခါ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသည်။

"ဒါက ဘာနည်းစနစ်လဲ။ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်တာလဲ”

တပည့်စစ်တစ်ဦးက ပြောလိုက်သည်။ သူ့မျက်လုံးများတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်း၏ ငရဲကန်ချက်ကိုးချက်ကြောင့် သူ အံ့အားသင့်သွားသည်။

ချူးယွင်ဖန်းသည် ပထမဆုံး ကန်ချက် သုံးခုကိုသာ အသုံးပြုခဲ့သော်လည်း အစွမ်းက အံ့သြဖွယ်ကောင်းလှသည်။ ကန်ချက်တစ်ခုစီ၏ စွမ်းအားက အဆပေါင်းများစွာ ကွာခြားသည်။

သူ ကန်ချက်ကိုးချက်လုံးကို အသုံးပြုပါက မည်သို့သော မြင်ကွင်းမျိုး ဖြစ်မည်နည်း။

မည်သို့ပင်ဖြစ်စေကာမူ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများ၌ ထိုသို့သော ကျင့်ကြံနည်းမရှိသဖြင့် ယင်းက ၎င်းတို့ဂိုဏ်းမှ နည်းစနစ်တစ်ခုမဟုတ်သည်ကို သိလိုက်ကြသည်။ သို့သော် မည်သူမျှ မအံ့သြကြပေ။ အားလုံးက ကံကောင်းမှုများနှင့်ကြုံကြိုက်ခဲ့ကြသူများဖြစ်ရာ ယင်းက အဆင့်မြင့်နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းတို့အားလုံးက ကံကောင်းမှုတို့နှင့်ကြုံခဲ့ရသော်လည်း အံ့သြစရာမဟုတ်ပေ။

ထိုအချိန်၌ ချူးယွင်ဖန်း၏ စတုတ္ထမြောက်ကန်ချက် ထွက်ပေါ်လာသည်။

ဘမ်း

ထိုကန်ချက်က ဝမ်ယိဖန်ပေါ်သို့တိုက်ရိုက်ကျကာ သူ့ကို မြေပြင်ပေါ်သို့နင်းချလိုက်သည်။

ဘမ်း

ထို့နောက် ခဏအကြာ၌ လူတိုင်းက ဝမ်ယိဖန်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

ပိုတိတိကျကျပြောရပါက ဝမ်ယိဖန်၏ ရင်ဘတ်က ချူးယွင်ဖန်း၏ ခြေထောက်နှင့်ထိမိကာ ဖောက်ထွက်သွားသည်။ သွေးများ ပန်းထွက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းများအားလုံး ရွှံ့ဗွက်များဖြင့် ရောထွေးသွားသည်။

"ဝမ်ယိဖန်က ဒီလိုပဲ သေသွားတာလား" ယဲ့ဝူရှဲ့က ဝမ်ယိဖန်ကို ကြည့်လိုက်သည်။

ချူးယွင်ဖန်း၏ ကန်ချက် လေးချက်မျှကိုပင် ဝမ်ယိဖန်မခံနိုင်ပေ။

စီနီယာကျန်းထိုင်က မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားပြီး သူမ၏ လှပသော မျက်လုံးများသည် မယုံနိုင်စွာဖြင့် အနည်းငယ်တောက်ပသွား၏။

အခန်း(၁၈၁၂) ဝမ်ယိဖန် နတ်ဆိုးအဖြစ်ပြောင်းလဲခြင်း

လူတိုင်း အလွန်အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်းသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုသန်မာလာကာ ဝမ်ယိဖန် ကျရှုံးနိုင်သည်ဟု လူတိုင်းထင်မြင်ခဲ့ကြသော်လည်း ချူးယွင်ဖန်းသည် ဝမ်ယိဖန်ကို ဤမျှလွယ်ကူစွာ သတ်နိုင်လိမ့်မည်ဟု မထင်ခဲ့ကြပေ။ ယင်းက ချူးယွင်ဖန်းသည် ယခင်တိုက်ပွဲများ၌ အပျော်ကစားနေသည်ဟု ဆိုနိုင်သည်။ သူ၏ အစွမ်းအစကို လုံးဝမထုတ်သုံးခဲ့ပေ။ ချူးယွင်ဖန်း ယခုတင်ပြောခဲ့သော ၁၀% သာ သုံးထားသည်ဟူသော စကားက ဖြစ်နိုင်ချေရှိသည်။

ထိုအကြောင်းကိုတွေး၍ လူများစွာက ပင့်သက်ရှိုက်လိုက်မိကြသည်။ ထိုကာလအတွင်း၌ ချူးယွင်ဖန်း မည်သို့ ကြုံတွေ့ခဲ့ရသည်ကို သိချင်စိတ်ပြင်းပျလာကြ၏။ ကံကောင်းမှုတစ်ခုခုနှင့်ကြုံကြိုက်ခဲ့လျှင်ပင် ယင်းက အံ့သြဖွယ်ကောင်းလှနေသေးသည်။

စီနီယာကျန်းထိုင်၊ ယဲ့ဝူရှဲ့နှင့် အခြားသူများသည်ပင် မည်သို့သော ကံကောင်းမှုက ဤမျှ တိုတောင်းသော ကာလအတွင်း ထိုအဆင့်သို့ တက်လှမ်းနိုင်မည်ကို မသိကြပေ။

"သန်မာလိုက်တာ! စီနီယာဝမ်က အရမ်းအားနည်းတာပဲ အရမ်းကြောက်စရာကောင်းတယ်!"

“ချူးယွင်ဖန်း သေသွားမယ်ထင်ထားတာ”

“ဘယ်သူသိမလဲ နောက်ဆုံးတော့ စီနီယာဝမ်က အလွယ်တကူရိုက်နှက်ခံရပြီး သေသွားရှာတယ်”

အားလုံးဆွေးနွေးနေချိန်တွင် လျို့ဝမ်ကျင်းက မယုံနိုင်ဖြစ်နေသည်။ ချူးယွင်ဖန်းက သူမထက် နောက်ကျ၍

ဂိုဏ်းထဲသို့ဝင်လာခဲ့ခြင်းဖြစ်သော်လည်း ထိုမျှ တိုတောင်းသော အချိန်တိုအတွင်းတွင်

ဤမျှထိ ကြောက်စရာကောင်းသည့်အဆင့်ကို ရောက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူမသည် မူလက ချူးယွင်ဖန်း၏ စကားများက ကြီးကျယ်သော စကားများသာဖြစ်သည်ဟုထင်ခဲ့သည်။ ဂိုဏ်းထဲသို့ အလွန်နောက်ကျပြီးမှ ဝင်လာသည့် သူ့ကဲ့သို့သော သူသည် ဝမ်ယိဖန်ကို မည်သို့သတ်နိုင်မည်နည်း။ သူမ ဤသို့တွေးခဲ့ဖူးသည်။

ချူးဟုန်ချိုင်၏ မျက်နှာအမူအရာကသာ ပြောင်းလဲခြင်းမရှိပေ။ အစ်ကိုဖြစ်သူ၏ အံ့ဖွယ်ကောင်းသော ကိစ္စတိုင်းကို သူ မြင်ခဲ့ဖူးသည်။ ချူးယွင်ဖန်းက ပြိုင်ဘက်ကင်းသည်ဟူသော သဘောထားက သူ့နှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်းဝင်ရောက်ခဲ့ပြီးဖြစ်ကာ ဘယ်သောအခါကမျှ ယိမ်းယိုင်မှုမရှိပေ။ သူ့အမြင်အရ ချူးယွင်ဖန်းအတွက် မည်သို့သော စကားမျိုးကမဆို ပုံမှန်သာဖြစ်သည်။ ချူးယွင်ဖန်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းချုပ်ဖြစ်ချင်သည်ဟု ပြောလာလျှင်ပင် သူ အံ့သြမည်မဟုတ်ပေ။

လူအုပ်ကြားထဲ၌ ကျန်းချောင်၏ မျက်နှာက ရုတ်တရက် ဖြူဖျော့နေသည်။ သူက လူအုပ်ကြားထဲမှ ချူးဟုန်ချိုင်အကြောင်းပြောကာ သစ္စာဖောက်ချင်ခဲ့သော်လည်း ယခု ချူးယွင်ဖန်း၏ အစွမ်းအစကို မြင်ကာ ကြောက်ရွံ့နေပြီဖြစ်သည်။

ချူးယွင်ဖန်းသည် ယခင်က စစ်မှန်သောတပည့်တစ်ဦးဖြစ်သည့် ယီယွင်ယောင်က သူ့ကိုကာကွယ်ပေးခဲ့သောကြောင့် ထွက်ပြေးနိုင်ခဲ့သည်။ ကျန်းချောင်သည် လက်ရွေးစင်တပည့်အနည်းငယ်ကိုပင် မသိသောကြောင့် စစ်မှန်သောတပည့်တစ်ဦးဖြစ်လာနိုင်သည့် ချူးယွင်ဖန်းကဲ့သို့ အရေးမပါသောလူတစ်ဦးကို မည်သို့ ရန်စမိနိုင်မည်နည်း။

ထိုအကြောင်းတွေးကာ ကျန်းချောင်မည်သို့မျှ မတတ်နိုင်တော့ပေ။ သူ၏ ယခင်က လှောင်ပြောင်မှုက လူပြက်တစ်‌ယောက်ကဲ့သို့ဖြစ်နေကြောင်း သဘောပေါက်လိုက်သည်။

မကြာခင်၌ပင် ဝမ်ယိဖန်ကို သတ်ပြီးနောက် ချူးယွင်ဖန်းက မည်သည့်ခံစားချက်ကိုမျှ မပြသနေသည်ကို အားလုံး သိလိုက်ကြရသည်။ သူက အလောင်းကိုသာ စိုက်ကြည့်နေ၏။

ရုတ်တရက် ဝမ်ယိဖန်၏ ခန္ဓာကိုယ်ထဲမှ ရက်စက်သော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ အလွန်ကြောက်မက်ဖွယ် အမှောင်စွမ်းအင်အဖြစ်ပြောင်းလဲသွားသည်။

"နတ်ဆိုးစွမ်းအင်!" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

ရောက်ရှိလာသူအများအပြားသည် နတ်ဆိုးစွမ်းအင်နှင့် ရင်းနှီးကြသည်။ ထိုအခြားကမ္ဘာမှ နတ်ဆိုးများကို ထည့်မတွက်လျှင်ပင် နတ်ဆိုးပညာများကိုကျင့်ကြံ၍ နတ်ဆိုးစွမ်းအင်ကို အသုံးပြုသူ များစွာ ရှိသည်။

နတ်ဆိုးများသည် ကမ္ဘာ့အကြီးဆုံးရန်သူများဖြစ်ကြသည်။ တရှမှ နေရာထိုင်ရာအတွက် တိုက်ပွဲဝင်ရန် နတ်ဆိုးများကို နှိမ်နင်းခဲ့မည်ဆိုပါက နတ်ဆိုးများနှင့် စစ်ပွဲက သေရေးရှင်ရေးတိုက်ပွဲအစစ်အမှန်ဖြစ်လာပေမည်။

နတ်ဆိုးများသည် လူသားများနှင့်အတူတူပင်ဖြစ်သည်။ ၎င်းတို့က လေ့ကျင့်ရန် စွမ်းအင်ကို စုပ်ယူကြသည်။ ကွာခြားသည်က ၎င်းတို့လေ့ကျင့်ရန် စုပ်ယူသည့်စွမ်းအင်က နတ်ဆိုးစွမ်းအင်ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးများသွားသည့်နေရာတိုင်းတွင် ကမ္ဘာကြီးက နတ်ဆိုးစွမ်းအင်များနှင့်ပြည့်နေခြင်းဖြစ်၏။

လူသား ကျင့်ကြံသူများပင် နတ်ဆိုးစွမ်းအင်များ ပြည့်နေသည့် နေရာ၌ အလွန် မသက်မသာ ခံစားရကြပေမည်ဖြစ်သည်။ သာမန်လူများအတွက်မူ လှုပ်ရှားရန်ပင် ခက်ခဲပေလိမ့်မည်။

ယင်းက လမ်းပိတ်တစ်ခုပင်ဖြစ်၏။

နတ်ဆိုးများ ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာသည်နှင့် ၎င်းတို့၏ အခြေခံအုတ်မြစ်ပျက်ဆီးကာ

လူသားမျိုးနွယ်တစ်ခုလုံးကို မျိုးသုဉ်းစေလိမ့်မည်။

ဝမ်ယိဖန်က ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်စစ်တစ်ဦးဖြစ်သောလည်း ယခုမူ

နတ်ဆိုးစွမ်းအင်များ ထုတ်လွှတ်လျက်ရှိသည်။ ယင်းက လူများစွာကို အံ့အားသင့်စေခဲ့သည်။ ထိုကိစ္စက ချူးယွင်ဖန်းနှင့်ဝမ်ယိဖန်တို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုမျှသာ မဟုတ်တော့ပေ။ ယင်းကကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အကြီးအကဲများကိုပင် တုန်လှုပ်စေလိမ့်မည်။

ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်စစ်တစ်ဦးက နတ်ဆိုးတစ်ကောင်အဖြစ်သို့

ပြောင်းလဲသွားခဲ့သည့်အချက်က အနည်းငယ်သာ ပို၍ ပျံ့နှံ့သွားလျှင် ဧကရာဇ်နန်းတော်၏ အာရုံစိုက်မှုကိုပင် ခံရလိမ့်မည်။

ချူးယွင်ဖန်း၏ မျက်လုံးများသည် စူးရှသော အလင်းတချို့ဖြင့် တောက်ပသွားသည်။ ဝမ်ယိဖန်၏ နှလုံးခုန်သံကို သူကြားနေရသည်။ အသားစိုင်းအသားနှစ်အဖြစ်သို့ နင်းချေခံလိုက်ရသည့် အတွင်းအင်္ဂါအစိတ်အပိုင်းများသည် အံ့သြဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပြန်ကြီးထွားလာသည်။ သို့သော် ယခင်ကနှင့်မတူပေ။ အနက်ရောင်ကြွက်သားများကြီးထွားလာကာ ထိုအနက်ရောင်ကြွက်သားများပေါ်၌ အကြေးခွံများ ထူထပ်စွာကြီးမားလာသည်။

ဤသည်မှာ နတ်ဆိုးများ၏ သင်္ကေတဖြစ်သည်။

နတ်ဆိုးစွမ်းအင်က ဝမ်ယိဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားကာ သူ့အလောင်းသည်လည်း နတ်ဆိုးခန္ဓာကိုယ်အဖြစ်ပြောင်းလဲသွားသည်။ ဝမ်ယိဖန်က ခုန်ထလျက် ချူးယွင်ဖန်းကို ရက်စက်ကြမ်းကြုတ်သည့်အမူအရာဖြင့်ကြည့်လိုက်သည်။ သူ့တွင် လူသားပုံစံမရှိတော့ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အကြေးခွံများနှင့်ဖုံးလွှမ်းနေကာ နံရိုးများတွင်လည်း အတောင်များရှိနေသည်။

ယဲ့ဝူရှဲ့၊ စီနီယာကျန်းထိုင်နှင့်တကွ အစီအစဉ်ကို ကြည့်နေသော အခြားသူများသည် အပျင်းပြေထိုင်၍မရပေ။ နတ်ဆိုးများကို သတ်ဖြတ်ခြင်းသည် ဖြောင့်မတ်ခြင်းတည်ရှိရာနေရာဖြစ်သည်။ လူတိုင်း၏ စွမ်းအင်များ မြင့်တက်လာကာ ၎င်းတို့၏ စိတ်များ တင်းမာလာလျက် အချိန်မရွေးတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။

အတွင်းစည်းတပည့်များနှင့် လက်ရွေးစင်တပည့်များပင် ခြွင်းချက်မရှိပေ။ ၎င်းတို့အားလုံးက ဝမ်ယိဖန်ကို လက်ညှိုးထိုးလိုက်ကြသည်။

သို့သော် ထိုအချိန်၌ ဝမ်ယိဖန်က ၎င်းတို့ကို ဂရုမစိုက်သကဲ့သို့ကြည့်နေသည်။ သူက ချူးယွင်ဖန်းကို စိုက်ကြည့်လျက် သွေးနီရောင်မျက်လုံးများထဲ၌ အရိုးထိနက်ရှိုင်းသော အမုန်းတရားကို အတိုင်းသားမြင်နေရသည်။

"ချူးယွင်ဖန်း၊ မင်းငါ့ကိုဒီလောက်ထိဖိအားပေးခဲ့တယ်။ ဒီနေ့ငါသေရင်တောင် မင်းကိုငါနဲ့အတူဆွဲချမယ်!" ဝမ်ယိဖန်ပြုံးလိုက်သည်။ သို့သော် သူ၏ချောမောသောမျက်နှာသည် ယခုအခါ မကောင်းဆိုးဝါးအကြည့်ဖြင့်ပြည့်နှက်နေပြီး လူများကိုပျို့အန်စေသည်။

ဝမ်ယိဖန်၏ ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအင်များ ဆက်လက် များပြားလာကာ ပို၍ ပြင်းထန်လာသည်။

ထို့နောက် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် မုန်တိုင်းတစ်ခုဖြစ်လာ၏။

All Chapters