အခန်း (၁၈၁၃-၁၈၁၅)
Vol. 121 Ch. 1813-1815
အခန်း(၁၈၁၃) သူ့ကို တစ်ခါသတ်နိုင်ရင် နှစ်ခါလည်း သတ်နိုင်တယ်
နတ်ဆိုးဖြစ်လာပြီးနောက် ဝမ်ယိဖန်၏ အစွမ်းက များစွာတိုးလာသည်မှာ သိသာသည်။ သူသည် မူလက စကြဝဌာအဆင့် စတုတ္ထအဆင့်၌သာ ရှိနေခဲ့သော်လည်း နတ်ဆိုးဖြစ်လာပြီးနောက် စကြဝဠာအဆင့် ပဥ္စမအဆင့်သို့ ရောက်ှရိခဲ့ကာ ဆဠမအဆင့်ကို လျင်မြန်စွာချဥ်းကပ်လာခဲ့သည်။ ထိုအစွမ်းသတ္တိတိုးလာမှုက ယဲ့ဝူရှဲ့နှင့် အခြားသူများ၏ မျက်နှာအမူအရာများကို လေးနက်သွားစေသည်။ ယင်းက နတ်ဆိုးဖြစ်လာခြင်း၏ အဓိကအားသာချက်ဖြစ်သည်။ နတ်ဆိုးများသည် အစကတည်းကလူသားများထက် များစွာ ပို၍ အစွမ်းထက်သည်။ ထိုအကြောင်းကြောင့်ပင် လူများစွာက ၎င်းတို့၏ ခွန်အားကိုမြှင့်တင်နိုင်ရန်
နတ်ဆိုးများ၏ လက်အောက်ခံရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူအများစုက အသက်ကြီးနေခြင်း သို့မဟုတ် ၎င်းတို့၏ အောင်မြင်နိုင်သည့် အလားအာလများ ကုန်ဆုံးသွားခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့အတွက် ထိုအစီအစဥ်မှတပါး နောက်ထပ်တိုးတက်နိုင်မည့် လမ်းကြောင်း မရှိတော့ပေ။
"ဒါက နတ်ဆိုးမျိုးစေ့ပဲ ဖြစ်ရမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။
ယင်းက နတ်ဆိုးမျိုးစေ့ဖြစ်သည်ကို သူသိသည်။ လူများစွာက နတ်ဆိုးလမ်းကြောင်းထဲဝင်ချင်ကြသော်လည်း ဝင်၍ မရကြပေ။ လူ့ခန္ဓာကိုယ်က နတ်ဆိုးများနှင့် လုံးဝကွာခြားကာ နတ်ဆိုးစွမ်းအင်ကို အလျင်စလိုစုပ်ယူခြင်း သို့မဟုတ် နတ်ဆိုးများ၏ နတ်ဆိုးစွမ်းရည်များကို ကျင့်ကြံခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့်အတူတူပင်ဖြစ်သည်။ ထိုအခြေအနေကြော့်သာ နတ်ဆိုးမျိုးစေ့ ထွက်ပေါ်လာခြင်းဖြစ်၍ နတ်ဆိုးမျိုးစေ့ကို လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ထိုးထည့်ကာ ထိုမျိုးစေ့ကို နေ့နေ့ညညပျိုးထောင်ပြီဂနောက် နတ်ဆိုးခန္ဓာကိုယ်ထဲသို့ လူ့ခန္ဓာကိုယ်ကို ပေါင်းစည်းစေသည်။
ဤသည်က လူသားများ နတ်ဆိုးလမ်းစဥ်သို့ ဝင်ရောက်ရန် အမြန်ဆုံးနည်းလမ်းဖြစ်သည်။ နောက်ပိုင်းတွင် နတ်ဆိုးလမ်းစဥ်၌ ထူးချွန်ထက်မြက်သော ပါရမီရှိသူများသည် လူ့ခန္ဓာကိုယ်နှင့်လိုက်လျောညီထွေဖြစ်စေရန် ၎င်းတို့၏နတ်ဆိုးနည်းစနစ်များကို ပြုပြင်မွမ်းမံကာ
နောက်ဆုံး၌ နတ်ဆိုးလမ်းကြောင်းအဖြစ် ဖန်တီးကြသည်။ ထိုအလှည့်အပြောင်းတွင် ဤနတ်ဆိုးသိုင်းပညာများသည် နတ်ဆိုးကျင့်ကြံသူ အမြောက်အမြားကို ဖွံ့ဖြိုးတိုးတက်စေ၍ အခြားကမ္ဘာမှ နတ်ဆိုးများ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ကာ ၎င်းတို့၏ မျိုးရိုးကို ဖွဲ့စည်းခဲ့ကြသည်။ သို့သော် ပို၍ ကြီးမားသော ခွန်အားနှင့် အသက်ရှည်စေရန်အတွက် နတ်ဆိုးမျိုးစေ့ကို ပျိုးထောင်ရန် ရွေးချယ်၍ အန္တရာယ်ကို လက်ခံခဲ့ကြသူများလည်း ရှိနေသေးသည်။
"ဟုတ်တယ်။ ဒါက နတ်ဆိုးမျိုးစေ့ပဲ၊ အဆင့်မြင့်နတ်ဆိုးရဲ့ နတ်ဆိုးမျိုးစေ့ပဲ!" ဝမ်ယိဖန်က စူးရဲရဲပြုံးလိုက်သည်။
“ မင်းသိလိမ့်မယ်လို့ ငါမထင်ထားဘူး။ ငါဒါကို လိုအပ်တယ်
“ နတ်ဆိုးမျိုးစေ့။ အခု မင်းက ငါ့ကို အဆုံးမရှိတဲ့ ချောက်ထဲ ပြုတ်ကျအောင် လုပ်လိုက်တာကြောင့် ငါသေရင်တောင် မင်းကို ငါနဲ့အတူ ဆွဲချမယ်”
ဝမ်ယိဖန်က ဤစကားလုံးများကို ပြောလျက် မျက်နှာအမူအရာသည်လည်း ပိုမို ရက်စက်ကြမ်းကြုတ်လာသည်။ နတ်ဆိုးမျိုးစေ့၏ စွမ်းအားကို အားကိုးကာ ပြန်လည်ရှင်သန်လာသောကြောင့် သူ့ခွန်အားသည်လည်း ပိုမိုမြင့်မားသောအဆင့်သို့ တိုးလာသည်။ သူသည် ဆဠမအဆင့် စကြဝဠာအဆင့်၏ စွမ်းအားနှင့် နီးကပ်လာသည်။ ဤခွန်အားသည် စကြဝဠာအဆင့် အထွတ်အထိပ်ရှိ လူတစ်စု၏ ခွန်အားနှင့်ညီမျှသည်။
၎င်းသည် သူရောက်ရန် အိပ်မက်မက်ခဲ့ရသည့် အဆင့်ဖြစ်သော်လည်း သူသည် ဤကဲ့သို့ အသုံးပြုလိုက်ရသည်။
အရေးကြီးဆုံးမှာ ယနေ့တွင် ပြေးစရာနေရာမရှိကြောင်း သူသိသည်။ ထွက်ပြေးရန် မဖြစ်နိုင်ပေ။ အခြားနေရာတွင် ရှိနေပါက သူ့အသက်ကို ကယ်တင်နိုင်ခြေရှိသော်လည်း
ဤနေရာတွင်မူ ကွဲပြားသည်။ ဤသည်မှာ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ဌာနချုပ်ဖြစ်သည်။
ဝမ်ယိဖန်ကို ကျွမ်းကျင်သူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်စစ်တစ်ယောက်ဖြစ်ကာ ကြယ်ကြွေကောင်းကင် ကို မည်မျှ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများ ချောင်းမြောင်းနေကြောင်း သူအကောင်းဆုံးသိသည်။
သူလွတ်မြောက်နိုင်ခြင်းကသာ ကြီးမားသော ဟာသတစ်ခုဖြစ်လာလိမ့်မည်။
ခဏတာလေးသာဖြစ်သော်လည်း သတင်းက ပျံ့နှံ့သွားကာ ကြယ်ကြွေကောင်းကင်မှ ကျွမ်းကျင်သူများလည်း စုဝေးနေကြပြီဖြစ်သည်။ ထို့ကြောင့် သူ့တွင် အချိန်အမြောက်အမြားမကျန်တော့ပေ။ ယခု သူ့ရင်ထဲ၌ စကားလုံးတစ်လုံးသာရှိသည်။ ယင်းက လက်စားချေရန်သာဖြစ်၏။
သူ့ကို ထိုအခြေအနေထိ အတင်းအကျပ် ဖိအားပေးခဲ့သည်က ချူးယွင်ဖန်းဖြစ်ကာ သူသေရလျှင်ပင် ချူးယွင်ဖန်းကို အလွတ်ပေးမည်မဟုတ်ပေ။
"ဝမ်ယိဖန်၊ မင်းက နတ်ဆိုးတွေဘက်ကနေ ရပ်တည်ပြီး မင်းကိုယ်တိုင် နတ်ဆိုးမျိုးစေ့တစ်ခုပျိုးထောင်ခဲ့တာ။..”
ကြယ်ကြွေကောင်းကင်တပည့်စစ်တစ်ယောက်က ကြုံးဝါးလျက် သူ၏ နတ်ဘုရားစွမ်းအားကို အသက်သွင်းလိုက်သည်။
လက်ရှိအခြေအနေ၌ သူက ဝမ်ယိဖန်ကို ထောက်ခံပေးရန် ဂရုမစိုက်တော့ပေ။ ယင်းက မည်သို့သော ဟာသမျိုးနည်း။ ဝမ်ယိဖန်က နတ်ဆိုးများနှင့် ပူးပေါင်းကြံစည်နေခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီးဖြစ်ကာ မည်သို့ပင်ဖြစ်စေကာမူ နတ်ဆိုးများ၏ နတ်ဆိုးမျိုးစေ့ကို သာမန်အခြေအနေ၌ ကျင့်ကြံ၍ မရနိုင်ပေ။
ဝမ်ယိဖန်ကို ထောက်ခံရန် လာသူများသည် ထိုတာဝန်မှ လွတ်မြောက်နိုင်ကြမည်မဟုတ်ပေ။ ၎င်းတို့အားလုံးကို ဝမ်ယိဖန်၏ မဟာမိတ်များအဖြစ် ရှု့မြင်ကြလိမ့်မည်။ ၎င်းတို့နှင့် သူ၏ ဆက်ဆံရေးက ရင်းနှီးသော ဆက်ဆံရေးမဟုတ်သော်လည်း ၎င်းတို့၏ နာမည်များကို ဖျောက်နိုင်ရန် အချိန်အတန်ကြာလိမ့်မည်။ ၎င်းတို့၏ နာမည်များကို ဖျက်ပစ်ရန် ခက်ခဲမည်ဖြစ်သဖြင့် ကြေညာချက်တစ်ခု ထုတ်ပြန်ရုံမှတပါး အခြားရည်ရွယ်ချက်မရှိပေ။ မဟုတ်ပါက ဒုက္ခရောက်လိမ့်မည်။
"အားလုံးပဲ၊ အတူတူတိုက်ခိုက်ကြ။ သူ့ကို လွတ်မြောက်ခွင့်မပေးနိုင်ဘူး!" တပည့်စစ်တစ်ဦးက အော်ပြောလိုက်သည်။ သူ၏ စွမ်းအင်အားလုံးကို စုဆောင်းကာ ဝမ်ယိဖန်ကိုတိုက်ခိုက်ရန် ကြိုးစားနေသည်။ သို့သော် သူ့စကားမဆုံးခင်၌ပင် နတ်ဆိုးလက်သည်းတစ်ခုက လေဟာနယ်ကို ဖောက်ထွင်းကာ သူ့ရှေ့၌ ပေါ်လာသည်။
ဤ တပည့်စစ်က တုံ့ပြန်ရန် အချိန်ပင်မရှိပေ။ ထိုအမြန်နှုန်းက မြန်လွန်းလှသဖြင့် နတ်ဆိုးလက်သည်းတစ်ခုက သူ့ရင်ဘတ်သို့ ထိုးဖောက်ကာ နှလုံးသားကို ဆွဲထုတ်လိုက်သည်။
ထိုတပည့်က တုံ့ပြန်နိုင်ခြင်းမရှိဘဲ မျက်လုံးများပြူးကျယ်သွားသည်။ ဤနတ်ဆိုးလက်သည်းသည် အလွန်ကြောက်စရာကောင်းလွန်းသည်။ ၎င်းသည် သူ၏ရင်အုပ်နှင့် အကာအကွယ်စွမ်းအင်ဒိုင်းကို ဆုတ်ဖြဲသွားသည်။ သူ၏လေ့ကျင့်မှုဖြင့်ပင် ဤတိုက်ခိုက်မှုကို မခံနိုင်ပေ။
မူလက သူ့ ကျင့်ကြံမှုက ဝမ်ယိဖန်နှင့်အတူတူလောက်ပင်ဖြစ်ကာ အနည်းငယ်ပင် ပို၍ သန်မာနိုင်သည်။ ဝမ်ယိဖန် နတ်ဆိုးဖြစ်လာပြီးနောက် သူ ဤမျှ ကြောက်စရာကောင်းနေလိမ့်မည်ဟု မည်သူကထင်မည်နည်း။
စစ်မှန်သော တပည့်သည် ဤတိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။ ဝမ်ယိဖန်က တပည့်စစ်၏ နှလုံးသားကို ဆွဲထုတ်၍ လူတိုင်းရှေ့၌ ဝါးမျိုလိုက်သည်။ သွေးများ သူ့မေးစေ့မှ စီးကျလာသည်။ ထိုနှလုံးသားထဲ၌ သူ၏ စွမ်းအားအားလုံးပါနေခဲ့ရာ ယခု ၎င်းကို စုပ်ယူ၍ သူအသုံးပြုနိုင်မည့် စွမ်းအားအဖြစ်သို့ ပြောင်းလဲလိုက်သည်။
"ဘယ်သူဝင်စွက်ဖက်ပါစေ သူ့လိုဖြစ်သွားလိမ့်မယ်။ ဒါက မင်းတို့နဲ့ ဘာမှမဆိုင်ဘူး။ ငါ ချူးယွင်ဖန်းရဲ့ အသက်ကိုပဲ လိုချင်တာ!" ဝမ်ယိဖန်က ရက်စက်စွာ ရယ်လိုက်သည်။
ယခု သူသည် နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် သူ၏ သွေးဆာနေသော ဆန္ဒများ လွတ်မြောက်သွားခဲ့သည်။
ယခုအခါတွင် သားရဲတစ်ကောင်အဖြစ်ဖြင့် လူများကိုပင် သတ်စားခြင်းကို မည်သည့်အဟန့်အတားမျှ မရှိတော့ပေ။ သူသည် လူသားမဟုတ်ဘဲ နတ်ဆိုးတစ်ကောင် ဖြစ်သွားခဲ့ပြီဟု တွေးကြည့်နိုင်သည်။ သူ၏ တစ်ခုတည်းသော ဆင်ခြင်တုံတရားက အခြားသူများ ဝင်ရောက်စွက်ဖက်ခွင့် မပြုနိုင်ကြောင်း ပြောပြနေသည်။ မဟုတ်ပါက သူ၏ လက်စားချေလိုသော ဆန္ဒသည် မှားယွင်းသော အယူအဆတစ်ခု ဖြစ်လာလိမ့်မည်။
"မင်း ငါတို့ရှေ့မှာ လူတွေကို ဘယ်လိုသတ်ရဲတာလဲ!"
တပည့်များအားလုံး အံ့သြတကြီး ဒေါသထွက်နေကြသည်။ ဝမ်ယိဖန်က အလွန်သတ္တိရှိလွန်းသည်။ ဤအချိန်၌ ၎င်းတို့၏ မျက်လုံးထဲတွင် ယခင်က မာနကြီးသော ချူးယွင်ဖန်းက ဝမ်ယိဖန်နှင့်ယှဥ်ပါက မှေးမှိန်သွားသည်။ အနည်းဆုံး ချူးယွင်ဖန်းနက လူသားတစ်ယောက်ဖြစ်ကာ ဝမ်ယိဖန်ကမူ နတ်ဆိုးတစ်ကောင်ဖြစ်လာသည်။ ၎င်းတို့ကို တူညီသည်ဟု ပြော၍ မရပေ။
အထူးသဖြင့် စီနီယာကျန်းထိုင်က ဒေါသများဖြင့် တောက်လောင်နေသည်။
သူမ၏ လှပသော မျက်လုံးများသည် ကြောက်မက်ဖွယ်အလင်းများဖြင့် တောက်ပနေသည်။
သူမ၏ စွမ်းအင်များအားလုံးကို စုဆောင်းထားသည်။ ဝမ်ယိဖန်က နတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲသွားလျှင်ပင် သူမ ကြောက်ရွံ့ခြင်းမရှိပေ။
ယဲဝူရှီးနဲ့ တခြားဂိုဏ်းများ၏ တပည့်စစ်များကလည်း သတိထားနေကြသည်။
ဝမ်ယိဖန် ထပ်မံ ရူးသွားဦးမည်လားကို မည်သူ သိနိုင်မည်နည်း။
"အားလုံးပဲ၊ ဘာမှလှုပ်ရှားစရာမလိုပါဘူး။ သူ့ကို တစ်ခါသတ်နိုင်ရင် ငါ နောက်တစ်ခါ ထပ်သတ်လို့ရတယ်.."
အခန်း(၁၈၁၄) စကြဝဠာအဆင့်သို့ ခြေလှမ်းလှမ်းခြင်း
အားလုံးအတူတကွ တိုက်ခိုက်တော့မည့်အချိန်တွင် ချူးယွင်ဖန်းက ပြောလိုက်သည်။
လူတိုင်းက ချူးယွင်ဖန်းကို ကြည့်လိုက်ကြကာ သူအဘယ်ကြောင့် ထိုသို့ပြောသည်ကို နားမလည်ကြပေ။ ဝမ်ယိဖန်၏ ခွန်အားက နတ်ဆိုးတစ်ကောင်ဖြစ်လာပြီးနောက်၌ပင် သိသိသာသာ တိုးလာ၍ သူ့ကို ကိုင်တွယ်ရပိုခက်လာသည်ကို လူတိုင်းမြင်နိုင်သည်။
ချူးယွင်ဖန်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေခြင်းလား သို့မဟုတ် သူတွင် အမှန်တကယ် ထိုသို့ပြုလုပ်နိုင်သည့် စွမ်းရည်ရှိမရှိကို လူအများအပြား မသိကြပေ။
“တိုက်ပွဲလား။ စိတ်ဝင်စားစရာပဲ!”
ယဲဝူရှဲ့က ချူးယွင်ဖန်းကို အပြုံးဖြင့် ကြည့်လိုက်သည်။ ထိုချူးယွင်ဖန်းသာ တကယ်လုပ်ရဲပါက စိတ်ဝင်စားစရာကောင်းပေလိမ့်မည်။ ဝမ်ယိဖန်၏ နတ်ဆိုးပုံစံက ပြဿနာများသည်ဟု သူပင် ခံစားလိုက်ရသည်။ ယခု ချူးယွင်ဖန်း မည်မျှ တော်ကြောင်း ကြည့်ရမည့်အချိန်သို့ ရောက်လာပေပြီဖြစ်သည်။
"ဂျူနီယာချူး၊ ခေါင်းမာနေရမယ့်အချိန် မဟုတ်ဘူး။ ဒီနတ်ဆိုးတွေက သေထိုက်တယ်။ သူတို့အပေါ် ယဉ်ကျေးဖို့ မလိုပါဘူး" စီနီယာကျန်းထိုင်က ချူးယွင်ဖန်းနှင့် လုံးဝသဘောမတူသကဲ့သို့ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဤနတ်ဆိုးများကို ရင်ဆိုင်ကာ ဤနတ်ဆိုးကို သတ်ရန် ၎င်းတို့ အစွမ်းကုန်ကြိုးစားရမည်။ ဤနေရာက ဖြောင့်မတ်ခြင်း၏ နယ်မြေဖြစ်ကာ မည်သူမျှ မှားသည်ဟု မပြောရဲကြပေ။ ဝမ်ယိဖန်သတ်လိုက်သော
တပည့်စစ်က ပဉ္စမအဆင့် စကြဝဠာအဆင့်၌ရှိနေသော်လည်း ဝမ်ယိဖန်၏ လက်ချက်နှင့် ချက်ချင်းသေသွားခဲ့သည်။
"စီနီယာ၊ စိတ်မပူပါနဲ့။ ဒါက နတ်ဆိုးတစ်ကောင်ပါ။ ဝမ်ယိဖန်က နတ်ဆိုးမဖြစ်ခင်က ကျွန်တော့် ပြိုင်ဘက်မဟုတ်ခဲ့ဘူး အခုဆို ပိုလို့တောင်မဟုတ်သေးတယ်။
အခု သူက နတ်ဆိုးဖြစ်ပြီးနောက် ဘယ်လိုသတ်ရမလဲဆိုတာပဲသိတဲ့ သားရဲတစ်ကောင်ပဲ" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ဒီလိုသားရဲက ငါ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား"
"သေပေတော့ ချူးယွင်ဖန်း!"
ဝမ်ယိဖန်၏ ကုန်းသတ္ထုဓားက ဓားအလင်းသန်းပေါင်းများစွာကို ထုတ်လွှတ်လိုက်ပြီး ချူးယွင်ဖန်းကို တိုက်ရိုက်ဖုံးအုပ်လိုက်သည်။ သူ့တွင် ဆင်ခြင်တုံတရားရှိနေသေးကာ အခြားသူများကို စွပ်စွဲ၍ မရကြောင်းသိသည်။ အခြားတပည့်စစ်များ အတူတကွ တိုက်ခိုက်ပါက ထွက်ပြေး၍ မရသည့်တိုင်
ချူးယွင်ဖန်းကို လက်စားချေရန် သတ်မည်ဟူသော သူ့အကြံအစည်က အလကားဖြစ်သွားလိမ့်မည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းများသည် လေဆင်နှာမောင်းတစ်ခုကဲ့သို့ ကောင်းကင်ကို ဆုတ်ဖြဲကာ ချူးယွင်ဖန်းကို ဖုံးလွှမ်းသွားသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက ကုန်းသတ္ထုမှ ထုတ်လိုက်သည့် ဓားအလင်းများ၏ စွမ်းအားသည် ယခုအခါ အဆပေါင်းများစွာ ပိုမိုအားကောင်းလာသည်။
ဓား၏ စွမ်းအားက အသုံးပြုသူနှင့် အလွန် ဆက်စပ်နေသည်။ အသုံးပြုသူက အစွမ်းထက်ပါက ဧကရာဇ်များကိုပင် သတ်နိုင်သည်။ သို့သော် အသုံးပြုသူက လုံလောက်စွာအစွမ်းမထက်လျှင်မူ ဝမ်ယိဖန်ရူးသွပ်သွားပြီးနောက် သူ၏ ခွန်အားက သိသိသာသာတိုးလာကာ ဓား၏ အစွမ်းကလည်း အဆပေါင်းများစွာတိုးလာခဲ့သည်။
"အံ့ဖွယ် လက်သီးရှစ်ချက်!"
ဓားအလင်းမုန်တိုင်းမှ ထွက်ပေါ်လာသော ချူးယွင်ဖန်း၏ ကြုံးဝါးသံကို လူတိုင်းကြားလိုက်ရသည်။ ထို့နောက် ၎င်းတို့သည် ဆင့်ခေါ်ခံရသကဲ့သို့ ကောင်းကင်နဂါးရှစ်ကောင် လေထဲတွင် ပေါ်လာကာ ချူးယွင်ဖန်းကို ကာကွယ်နေသည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင်၊ လက်သီးအင်အားဖြင့် ဖွဲ့စည်းထားသော နဂါးများ ဆက်လက်တိုက်ခိုက်လျက် ဓားအလင်းမုန်တိုင်းကို အပိုင်းပိုင်းကြေမွစေသည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ?! ငါ့ရဲ့တိုက်ခိုက်မှုကို မင်းဘယ်လိုခုခံနိုင်မှာလဲ" ဝမ်ယိဖန်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
ချူးယွင်ဖန်းက အလွန် ခွန်အားကြီးမားလွန်းလှသည်။ သူ့ခွန်အားများ များစွာတိုးလာပြီးနောက် သူ၏ ပေါ့ပေါ့ပါးပါးတိုက်ခိုက်မှုက စွမ်းအားကြီးလာသည်။
ထို့ကြောင့် သူသည် ချူးယွင်ဖန်းထက် ခွန်အားအားဖြင့် ကျိန်းသေ သာလွန်ကြောင်း လုံးဝယုံကြည်ခဲ့သည်။ သူသည် ချူးယွင်ဖန်းထက် အဆင့်တစ်ဆင့်ပင် ပိုမိုအားကောင်းသင့်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ကျွမ်းကျင်သူများ ရောက်လာတော့မည်။ အချိန်မကျန်လှတော့သဖြင့် သူအန္တရာယ်ကိုသာ ရင်ဆိုင်နိုင်တော့သည်။ သူ၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်မှုကို ချူးယွင်ဖန်းက အလွယ်တကူ တားဆီးနိုင်လိမ့်မည်ဟု မည်သူထင်မည်နည်း။
ယင်းက သူ့ကို စိတ်ဓာတ်ကျစေသည်။
"ဟား" ချူးယွင်ဖန်း နှာခေါင်းရှုံ့လိုက်သည်။
"မင်းတစ်ယောက်တည်းက လျှို့ဝှက်ချက်ရှိတယ်လို့ ထင်နေတာလား။ ဒါက ငါ့အစွမ်းအစအကုန်ပဲလို့ မင်းထင်လား"
ချူးယွင်ဖန်း၏ နတ်ဘုရားစွမ်းအားက ဆူပွက်လာကာ မူလက ဒြပ်မဲ့ကျွမ်းကျင်အဆင့်မှ စကြဝဠာအဆင့်သို့ကျော်လွန်သွားခဲ့သည်။
စကြဝဠာအဆင့်သို့ရောက်ရှိပြီးနောက် ချူးယွင်ဖန်း၏ အရှိန်အဝါသည် အနည်းဆုံး ဆယ်ဆတိုးလာခဲ့သည်။ စီနီယာကျန်းထိုင်၊ ယဲ့ဝူရှဲ့နှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြပြီး လုံးဝမှင်သက်သွားကြသည်။
ချူးယွင်ဖန်းက သူ၏ အစွမ်းအစကို ဖုံးကွယ်ထားခဲ့သည်။ သူအကောင်းဆုံးတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့ထင်ခဲ့ကြသော်လည်း ယင်းက ရေခဲတောင်၏ ထိပ်ဖျားလေးသာဖြစ်လိမ့်မည်ဟု မည်သူက သိမည်နည်း။
ချူးယွင်ဖန်း၏ အစစ်အမှန် လျှို့ဝှက်ချက်မှာ သူသည် စကြဝဠာအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းမတိုင်မီက ၎င်းတို့သည် ယင်းအကြောင်းကို ဘာမှမသိခဲ့ကြပေ။
"တပည့်စစ်... သူက တပည့်စစ်အဆင့်ကို ရောက်သွားပြီ!"
လက်ရွေးစင်တပည့်များနှင့် အတွင်းစည်းတပည့်အားလုံး လုံးဝအံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအစွမ်းသည် တပည့်စစ်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်လျှင် ယခု သူသည် ဤအဆင့်သို့ရောက်ရှိသွားပြီဖြစ်သောကြောင့် သူသည် တပည့်စစ်ဖြစ်လာပြီဟု ဆိုနိုင်သည်။
နှစ်ပေါင်းများစွာ ဂရုတစိုက် လေ့ကျင့်ခဲ့ကာ နောက်ဆုံးတွင် တပည့်စစ်စာရင်းသို့ဝင်နိုင်ခဲ့သော ဝမ်ယိဖန်ကဲ့သို့ ပညာရှင်တစ်ဦးပင် သူ့လက်ချက်ဖြင့် သေဆုံးခဲ့သည်။ နတ်ဆိုးမျိုးစေ့မရှိလျှင် ဝမ်ယိဖန်သည် ရှေးယခင်ကတည်းက သေဆုံးသွားခဲ့ပြီဖြစ်သည်။
တပည့်စစ်နှင့် တပည့်စစ်မဟုတ်သူများသည် လုံးဝကွဲပြားသောအဆင့်နှစ်ဆင့်ဖြစ်သည်။ တပည့်စစ်များသည် ဂိုဏ်း၏အထက်လူကြီးများဖြစ်သည်။ အာဏာမရှိသောအကြီးအကဲများစွာသည် တပည့်စစ်များ၏ စွမ်းအင်နှင့်နှိုင်းယှဥ်၍ မရပေ။ ၎င်းတို့သည်ရှင်သန်နိုင်ရန် တပည့်စစ်များ၏ မျက်နှာသာရမှုကို ရယူရပေမည်။
ယခု ချူးယွင်ဖန်းသည် တပည့်စစ်တစ်ဦးဖြစ်လာသည်နှင့် သူသည် ကြယ်ကြွေကောင်းကင်၏ လေ့ကျင့်မှု၏ အဓိကအာရုံစိုက်သူ ဖြစ်လာလိမ့်မည်။ သူ၏အနာဂတ်အလားအလာများသည် အကန့်အသတ်မရှိပေ။ ထိုသို့သောအခြေအနေများတွင် လူအများအပြားသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးခဲ့ကြသည်။ လက်ရှိ ချူးယွင်ဖန်းသည် အလွန်အံ့မခန်းဖြစ်နေပြီဖြစ်သောကြောင့် အနာဂတ် ချူးယွင်ဖန်းက မည်သည့်အတိုင်းအတာအထိ ရောက်နိုင်မည်နည်း။
ထိုလူများအနက် ဝမ်းသာနေသည်က ချူးဟုန်ချိုင်တစ်ဦးတည်းသာဖြစ်သည်။ ယခုတင် ဝမ်ယိဖန် သေပြီးနောက် ခွန်အားများ ပို၍ မြင့်မားလာသဖြင့် သူ အလွန်အမင်းစိုးရိမ်နေခဲ့သည်။ သို့သော် သူ့ကဲသို့လူများက ထိုအဆင့်တိုက်ပွဲ၌ ပါဝင်ရန် အရည်အချင်းမပြည့်ကြောင်း
သူသိသည်။ ချူးယွင်ဖန်းက လျို့ဝှက်ချက်အသစ်ကို ထုတ်ပြောလိုက်သောအခါ နောက်ဆုံးတွင် သူစိတ်အေးလက်အေးဖြစ်သွားသည်။
"ဘာပဲဖြစ်ဖြစ် အစ်ကိုဖန်းကတော့ အစ်ကိုဖန်းပါပဲလေ သူဘယ်သွားသွား ဒဏ္ဍာရီတွေကို ဖန်တီးနိုင်တယ်” ချူးဟုန်ချိုင်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။
အခန်း(၁၈၁၅) အားနည်းလွန်းတယ်
ချူးယွင်ဖန်း၏ အရှိန်အဝါက ဝမ်ယိဖန်ထက် နိမ့်ကျခြင်းမရှိ မြင့်မားလှသည်။ ယင်းက ချူးယွင်ဖန်း၏ လျို့ဝှက်ချက် အစစ်အမှန်ပင်ဖြစ်ကာ သူသည် တကယ်တမ်းတွင် စကြဝဠာအဆင့်သို့ရောက်နေပြီဖြစ်၍ အခြား တပည့်စစ်များနှင့်အတူတူပင်ဖြစ်သည်။
"မင်း နတ်ဆိုးဆိုတော့ရော ဘာဖြစ်လဲ။ ငါမင်းကို တစ်ခါသတ်ပြီးပြီး နောက်တစ်ခါ ထပ်သတ်နိုင်တယ်”
ချူးယွင်ဖန်းက လက်ပိုက်၍ ဝမ်ယိဖန်ကို အေးစက်စွာကြည့်နေသည်။ သူ့အကြည့်က ဝမ်ယိဖန်၏ နှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားသည်။ ဝမ်ယိဖန်အတွက် ယင်းက အလွန် ကြီးမားသော အရှက်ခွဲမှုတစ်ခုဖြစ်၍ သူ့လက်ထဲက ဓားက ပို၍ ကြီးမားသော အလင်းတန်းများနှင့်ပေါက်ကွဲသွားသည်။
ယခင်ကထက်ပင် ပို၍ ကြောက်စရာကောင်းလာသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏နတ်ဆိုးထိန်းချုပ်မှုအဆင့်သည် ပိုမိုနက်ရှိုင်းလာကာ သူ၏အသိစိတ်သည် အားနည်းသထက် အားနည်းလာပါသည်။ သူသည် နတ်ဆိုးစွမ်းအင်၏ ဝါးမြိုခြင်းကို ခံခဲ့ရသည်။ ယင်းက နတ်ဆိုးမျိုးစေ့ကျင့်ကြံခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည်။
အကယ်၍ ထိုသူသည် ဉာဏ်ပညာရှိကာ ရဲရင့်သူတစ်ဦးဖြစ်ပါက နတ်ဆိုးစွမ်းအင်ကို ၎င်းတို့ကိုယ်တိုင်အသုံးပြုရန်အတွက် အသုံးပြုနိုင်သော်လည်း ၎င်းတို့၏ဆန္ဒ မခိုင်မာပါက နတ်ဆိုးစွမ်းအင်၏ ဝါးမြိုခြင်းကို ခံရကာ သတ်ဖြတ်နည်းကိုသာသိသော ပြိုင်ဘက်ကင်းသော နတ်ဆိုးတစ်ကောင် ဖြစ်လာလိမ့်မည်။
နတ်ဆိုးလမ်းကြောင်း မပေါ်မီကတည်းက လူပေါင်းများစွာသည် နတ်ဆိုးမျိုးစေ့အောက်တွင် သေဆုံးခဲ့ကြကာ သတ်ဖြတ်နည်းကိုသာ သိသော နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ သူတို့သည် ၎င်းတို့၏ကိုယ်ပိုင်အသိစိတ်ကိုပင် ပြန်လည် မရှာနိုင်ခဲ့ကြပေ။
ထို့အပြင် ဝမ်ယိဖန်သည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ကျွမ်းကျင်သူများ လာနေပြီဟု ယုံကြည်ထားသည်။ သူ ပိုမိုသန်မာလာသော်လည်း အချိန်က သူ့ဘက်တွင် မရှိပေ။ သူ့တွင် ရွေးချယ်စရာ မရှိပေ။
ကျယ်လောင်သော အော်သံနှင့်အတူ ဓားဖြင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် လေဆင်နှာမောင်းအဖြစ်သို့ ပြောင်းလဲသွားကာ ချူးယွင်ဖန်းထံသို့ တိုက်ခတ်သွားသည်။ သူသည် သူ၏တိုက်ခိုက်မှုအကွာအဝေးကို တိုးချဲ့ရန် မရွေးချယ်ဘဲ သူ၏ ကျန်ရှိနေသော ဆင်ခြင်တုံတရားက သူဤသို့ မလုပ်နိုင်ကြောင်း ပြောပြနေသည်။ မဟုတ်ပါက လက်စားချေခြင်းသည်ပင် မှားယွင်းသောအယူအဆတစ်ခု ဖြစ်လိမ့်မည်။
ချူးယွင်ဖန်းက ကြယ်ကြွေကောင်းကင်လက်ဝါးချက်ဖြင့် ရိုက်ချလိုက်သည်။ ယင်းက ဓားအလင်းများကို ထိမှန်လျက် သတ္ထုတိုက်မိသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။
ချူးယွင်ဖန်းသည် ဓားအလင်းများကို ကောင်းကင်တစ်ခွင်ပြည့်စေကာ
ပြန့်ကျဲနေသော အန္တရာယ်ကင်းသော ရွှေရောင်အလင်းများအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ၎င်းသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုမျှ မဖြစ်စေနိုင်ပေ။
ထိုအချိန်၌ ဝမ်ယိဖန်ကလည်း ကြယ်ကြွေကောင်းကင်နည်းပညာကိုအသုံးပြုခဲ့ရာ ခဏတာအတွင်း၌ပင် သူသည် ကောင်းကင်နှင့်မြေကြီးကြားမှ နတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့သည်။ နတ်ဆိုးစွမ်းအင်က ရပ်တန့်၍ ရပ်တန့်သွားပြီး အင်မော်တယ် စွမ်းအင်အဖြစ် ပြောင်းလဲတော့မည့်အခိုက်အတန့်သို့ရောက်ရှိလာကာ ကမ္ဘာတစ်ခုလုံးကို သူ့ဓားအလင်းဖြင့် ဖုံးလွှမ်းသွားသည်။
ဤသည်မှာ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အမြင့်ဆုံး ဓားသိုင်းဖြစ်သည်။
တပည့်စစ်များနှင့်အထက်ရှိသူများသာ ဤဓားသိုင်းကို ကျင့်ကြံရန် အရည်အချင်းပြည့်မှီသည်။
"ဒါ မင်းရဲ့တစ်ခုတည်းသောလှည့်ကွက်လား။ မင်းအရမ်းအားနည်းလွန်းတယ်”
ချူးယွင်ဖန်းက ကြုံးဝါးလျက် လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။
ထို့နောက် သူ့ခန္ဓာကိုယ် ပြောင်းလဲသွားကာ နဂါးရှစ်ကောင် သူ့ပတ်လည်တွင် ပေါ်လာသည်။ ထို့နောက် သူသည် နတ်ဆိုးအင်မော်တယ်ကို တိုက်ရိုက်နှိမ်နင်းလိုက်သည်။
"မဖြစ်နိုင်ဘူး! ငါ့ရဲ့အစွမ်းကို မင်းဘယ်လိုခံနိုင်ရည်ရှိတာလဲ"
ဝမ်ယိဖန်က အော်လျက် ပို၍ ပို၍ ဒေါသထွက်လာသည်။ နတ်ဆိုးရောင်ဝါက ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်သည်လည်း ခေါင်းတစ်လုံးပိုမြင့်လာကာ သန်မာသည့်ပုံပေါ်လာသည်။
ဤအချိန်တွင် ချူးယွင်ဖန်း၏ လက်သီးအားသည် အရှိန်မလျှော့ဘဲ ဝမ်ယိဖန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။
ဘမ်း
ထိုထိုးချက်က ဝမ်ယိဖန်၏ ရင်ဘတ်ကို သွေးစွန်းသွားစေခဲ့သည်။ နတ်ဆိုးတစ်ကောင်ဖြစ်လာပြီးနောက် သူသည် နတ်ဆိုးခန္ဓာကိုယ်ကိုရရှိခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက အနည်းဆုံး အဆင့်အနည်းငယ်တိုးလာသော်လည်း ချူးယွင်ဖန်းနှင့်ရင်ဆိုင်ရသောအခါ သူ့တွင်ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိသေးပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်က မည်မျှ သန်မာလာသည်ကို နောက်ဆုံး၌ နားလည်သွားသည်။ သူထင်ထားသလောက် မရိုးရှင်းပေ။
ဝမ်ယိဖန် သွေးတစ်ပွက်အန်ထုတ်လိုက်ကာ သူ့မျက်လုံးများ၌ အံ့သြသင့်နေသော အငွေ့အသက်များပေါ်လာသည်။ ချူးယွင်ဖန်းသည် ဤမျှအစွမ်းထက်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ချူးယွင်ဖန်းသာ ယခုကဲ့သို့နည်းလမ်းကို အသုံးပြုခဲ့ပါက သူ့ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်။
ဝမ်ယိဖန်သည် ရင်ဘတ်ထဲမှ နာကျင်မှုကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာပင်၊ နတ်ဆိုးတစ်ကောင်ဖြစ်လာပြီးနောက် သူ့ခန္ဓာကိုယ်၏ခွန်အားသည် များစွာတိုးလာခဲ့သည်။ မဟုတ်ပါက သူ့ရင်ဘတ်ကို ထိုးဖောက်ခံရကာ သေသွားပေလိမ့်မည်။
နတ်ဆိုးများပင် ၎င်းတို့၏ ရင်ဘတ်များကို ဖောက်ခံရကာ နှလုံးနှင့်ကိုယ်တွင်းအင်္ဂါများပေါက်ကွဲသွားပါက သေရလိမ့်မည်။ အသက်ရှင်ရန် မဖြစ်နိုင်ပေ။ နတ်ဆိုးများ၏ ခွန်အားက မည်မျှပင် သန်မာနေစေကာမူ ၎င်းတို့က သွေးသားများပင်ဖြစ်သည်။
"မင်းငါ့ကိုသတ်မှာလား။ ငါသေရင်တောင် ငါနဲ့အတူ မင်းကို ဆွဲချမယ်!"
ဝမ်ယိဖန်က အစိမ်းပုတ်ရောင်မျက်နှာနှင့် ပါးစပ်ထဲမှ သွားစွယ်ကြီးကို ဖြဲကာ ကြုံးဝါးလိုက်သည်။
"မင်း အသက်ရှင်နေသေးတယ်" ချူးယွင်ဖန်း အနည်းငယ် အံ့အားသင့်သွားသည်။
ဝမ်ယိဖန်အသက်ရှင်ဦးမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
မှန်သည် ချူးယွင်ဖန်းတစ်ယောက်တည်းသာ ဤသို့ဖြစ်ခြင်းမဟုတ်ဘဲ ကျန်သောသူများလည်း ချူးယွင်ဖန်း၏ ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းကြောင့် ကြောက်လန့်ကုန်ကြသည်။ ၎င်းတို့အားလုံး အံ့သြသွားကြ၏။
ယေဘုယျအားဖြင့် အဆင့်တူနတ်ဆိုးများသည် အဆင့်တူလူသားများထက် ပို၍ သန်မာကြသည်။ ခန္ဓာကိုယ်ကျင့်ကြံသူများမှလွဲ၍ သာမန်လူသားကျွမ်းကျင်သူများသည် ရုပ်ပိုင်းဆိုင်ရာခွန်အားအရ နတ်ဆိုးကျွမ်းကျင်သူများနှင့် နှိုင်းယှဥ်၍မရပေ။ သို့သော် ချူးယွင်ဖန်းသည် သူ့ထက်အဆင့်မြင့်သဖြင့် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားသော ဝမ်ယိဖန်ကို ပြင်းထန်စွာဒဏ်ရာရစေခဲ့သည်။
"အားးးးး!"
ဝမ်ယိဖန်က ဆက်အော်လိုက်သည်။ သူအော်လိုက်သည်နှင့်အမျှ သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအင်က ပိုပို ပြင်းထန်လာကာ ယခင်ကထက် နှစ်ဆ ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။
ထိုနည်းတူစွာပင်၊ လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် သူသည် စကြဝဠာအဆင့်၏ ဆဋ္ဌမအဆင့်သို့ ခြေလှမ်းလှမ်းလိုက်လေသည်။ လူတိုင်း၏ မျက်နှာအမူအရာများပြောင်းလဲသွားသည်။
ဝမ်ယိဖန်၏ ကျင့်ကြံမှုက ထိုမျှ တိုတောင်းသော အချိန်အတွင်းတွင် အဆင့်နှစ်ဆင့် တိုးတက်လာခဲ့သည်။ ပုံမှန်ကျင့်ကြံမှုဆိုလျှင် အရည်အချင်းနည်းသူများသည် ထိုသို့လုပ်နိုင်ရန် အနည်းဆုံး ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်လောက်ကြာနိုင်သည်။ ကံကောင်းမှုများ မကြုံရပါက ၎င်းတို့ ဘဝတစ်လျှောက်လုံးတွင် နောက်ထပ် အောင်မြင်မှုရနိုင်မည်မဟုတ်ပေ။
ထို့အပြင် ယခု ဝမ်ယိဖန်က ထိုအရာများအားလုံးကို အချိန်တိုအတွင်း အပြီးသတ်နိုင်ခဲ့သည်။
ယခုအချိန်တွင် ဝမ်ယိဖန်၏ နတ်ဆိုးစွမ်းအားက ပို၍ ထိတ်လန့်ဖွယ်ကောင်းလာသည်။
၎င်းသည် သူ၏ ကျိုးကြောင်းဆင်ခြင်တုံတရားကို ဝါးမျိုကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာစေ၏။
ဘမ်း
ဝမ်ယိဖန်က ကောင်းကင်ကို ဖြိုခွင်းလိုက်သောအခါ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤအချိန်တွင် သူသည် ဓားကို စွန့်လွှတ်ကာ သားရဲတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်သည်။
ယခုအချိန်၌ သူ့တွင် ဆင်ခြင်တုံတရားမရှိတော့သဖြင့် လူသားတစ်ယောက်ဟု သတ်မှတ်၍ မရတော့ပေ။
သူသည် သတိမရှိသော သားရဲကြီးတစ်ကောင်ပင်ဖြစ်သည်။