← Chapters

အခန်း (၇၅၃-၇၅၄)

Vol. 76 Ch. 753-754

အခန်း (၇၅၃-၇၅၄)

Vol. 76 Ch. 753-754

အခန်း (၇၅၃) - ဒီလိုကိုး ၊ အခန်းတစ်ခန်းတည်း ၊ ဒီလောက်တောင် ချောတဲ့ တာအိုဆရာလေး ရှိပါလား

"မှန်ပါတယ်၊ ငါ နဲ့ ကျိုးတင့် သခင်လေးက နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တဲ့ မိတ်ဆွေရင်းတွေပါ။ သူ သေဆုံးသွားတာက ထူးဆန်းလွန်းလို့ ငါ အလောင်းကို စစ်ဆေးကြည့်ခဲ့တယ်၊ ကျိန်စာအတတ်နဲ့ အသတ်ခံရတာ သေချာပါတယ်"

ထဲ့ရှင်းရဟန်းကြီးက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

ဖူဝမ်ကြင်ယာတော်မှာ ထိတ်လန့်သွားပြီး မျက်နှာပျက်သွားရသည်။ အရာအားလုံးကို နောက်ကွယ်မှ ကြိုးကိုင်နေသည့် လက်မည်းကြီးတစ်ခု ရှိနေသည်ဟု သူမ ခံစားလိုက်ရသည်။

"ဪ... ဒါကြောင့်ကိုး" လီယန်ချူးက ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။

ထို့နောက် သူသည် လှည့်ထွက်ကာ ဖူဝမ်ကြင်ယာတော်ကို ခေါ်ဆောင်၍ ထွက်ခွာသွားတော့သည်။

".........." ထဲ့ရှင်းရဟန်းကြီး။

ထိုအသက် ၃၀ ကျော်အရွယ် ကတုံးကြီးမှာ ချက်ချင်းပင် ခြေတစ်လှမ်း ကျော်တက်လိုက်ပြီး လီယန်ချူး၏ ရှေ့သို့ ရောက်လာသည်။

"အမိတာဘ... ငါ့စကားက မဆုံးသေးဘူး၊ တာအိုဆရာက ဘာလို့ ချက်ချင်း ထွက်သွားရတာလဲ"

ဟု ထဲ့ရှင်းက နားမလည်နိုင်စွာ မေးလိုက်သည်။

"ကျွန်တော်က ပိုးထည်ဆိုင် မန်နေဂျာကို မသိဘူး။ သူ အရက်သောက်လို့ သေတာဖြစ်ဖြစ်၊ ကျိန်စာအတတ်နဲ့ အသတ်ခံရတာဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ ဘာမှမဆိုင်ပါဘူး။ ဒါက အစိုးရရုံးတော်က ဖြေရှင်းရမယ့် ကိစ္စပဲလေ"

လီယန်ချူးက အလွန်တည်ငြိမ်သော လေသံဖြင့် ပြန်ပြောလိုက်သည်။ သူ၏ မျက်နှာမှာ အလွန်ပင် အလေးအနက်ထားဟန် ပေါ်နေသည်။

".........." ထဲ့ရှင်းရဟန်းကြီး၏ နှုတ်ခမ်းများ တွန့်သွားရကာ။

"ခုနကတင် တာအိုဆရာကိုယ်တိုင် ပိုးထည်ဆိုင် မန်နေဂျာနှစ်ယောက်အကြောင်းကို အသေအလဲ မေးနေခဲ့တာ မဟုတ်ဘူးလား"

"ဪ... အဲ့ဒါက အပျော်သဘော စိတ်ဝင်စားလို့ မေးလိုက်တာပါ"

လီယန်ချူးက ဘာမှမဟုတ်သလို ပြန်ဖြေသည်။ သူ၏ မျက်နှာတွင် 'ငါနဲ့မဆိုင်ဘူး' ဆိုသည့် စာသားများ ရေးထားသကဲ့သို့ပင်။

".........." ထဲ့ရှင်းရဟန်းကြီး။

ခဏအတွင်းမှာပင် သူ စကားလုံး ဆွံ့အသွားရသည်။ ပြောဖို့ ပြင်ထားသမျှ စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်နေတော့သည်။

"ကျွန်တော် အကြံပေးချင်တာကတော့ ဆရာကြီးအနေနဲ့ ဒီကိစ္စကို အစိုးရရုံးတော်ကို အကြောင်းကြားလိုက်တာ ပိုကောင်းပါလိမ့်မယ်။ ကျန်းနန်မြို့တော်က ပါရမီရှင်တွေ ပေါများသလို ပညာရှင်တွေလည်း အများကြီးမို့ မန်နေဂျာငယ်အတွက် တရားမျှတမှုကို သေချာပေါက် ဖော်ထုတ်ပေးနိုင်မှာပါ"

လီယန်ချူးက လေးနက်စွာ ဆိုလိုက်သည်။

ပြောပြီးသည်နှင့် သူသည် ဖူဝမ်ကြင်ယာတော်ကို ဆွဲခေါ်ကာ ထွက်သွားတော့ရာ၊ ထဲ့ရှင်းရဟန်းကြီးတစ်ယောက်တည်း လေထဲတွင် ကြောင်တောင်တောင် ကျန်ရစ်ခဲ့တော့သည်။

"အမိတာဘ..."

ထဲ့ရှင်းရဟန်းကြီးသည် လီယန်ချူး၏ နောက်ကျောကို အတော်ကြာအောင် စိုက်ကြည့်နေမိပြီးမှ သက်ပြင်းတစ်ချက်ချကာ ဘုရားစာ ရွတ်ဆိုလိုက်သည်။

သူ စိတ်လှုပ်ရှားသွားရပြီ။

...

လီယန်ချူးနှင့် ဖူဝမ်ကြင်ယာတော်တို့သည် လူအုပ်ကြားထဲတွင် တိုးဝှေ့သွားရင်း မကြာမီမှာပင် တည်းခိုခန်းတစ်ခုကို ရှာတွေ့ခဲ့သည်။

ဤတည်းခိုခန်းအမည်မှာ ဖူရုံ တည်းခိုခန်း ဖြစ်ပြီး အတော်အတန် အဆင့်အတန်း မြင့်မားပုံရသည်။

လီယန်ချူးက ဆိုင်းဘုတ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

"ကြည့်ရတာ ယိုကျန်း တို့ လိုင်ဖူ တို့လို ဆိုင်ခွဲ တွေက ကျန်းနန်မြို့တော်အထိ မရောက်သေးဘူးထင်တယ်"

ဖူဝမ်ကြင်ယာတော်မှာ ခေါင်းမော့ကြည့်ရင်း ကြောင်သွားရသည်။ သူမသည် 'ဆိုင်ခွဲ' ဆိုသည့် စကားလုံးကို နားမလည်သော်လည်း အနည်းငယ် စဉ်းစားကြည့်လိုက်သောအခါ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။

"ယိုကျန်း တည်းခိုခန်း လိုင်ဖူ တည်းခိုခန်း"

ဖူဝမ်ကြင်ယာတော်မှာ ခုနက ထဲ့ရှင်းရဟန်းကြီး ပြောသွားသည့် စကားများကို စဉ်းစားနေရာမှ လီယန်ချူး၏ စကားကြောင့် အတွေးပြောင်းသွားရသည်။ သူမအနေဖြင့် ထိုတည်းခိုခန်းအမည်များကို တစ်ခါမျှ မကြားဖူးပေ။

"တာအိုဆရာ... ထမင်းစားမှာလား၊ ဒါမှမဟုတ် တည်းမှာလားခင်ဗျာ"

တည်းခိုခန်း အကူလေးက ပျူငှာစွာ လာမေးသည်။

"တည်းမယ်၊ အထူးခန်း နှစ်ခန်း ပေးပါ" လီယန်ချူးက အေးအေးဆေးဆေး ပြောလိုက်သည်။

အိမ်တွင် လက်ဖက်တောင်တစ်တောင် ပိုင်ဆိုင်ထားသူပီပီ သူသည် ဤမျှအထိ ရက်ရောနိုင်စွမ်း ရှိသည်။

"တစ်ခန်းပဲ ပေးပါ"

နောက်ကျောဘက်မှ နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

လီယန်ချူး လှည့်ကြည့်လိုက်ရာ ဖူဝမ်ကြင်ယာတော်ကို မြင်သဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

ဖူဝမ်ကြင်ယာတော်၏ နုနယ်သော ပါးပြင်လေးပေါ်တွင် ပန်းဆီရောင် သမ်းသွားကာ သူမသည် ခေါင်းငုံ့၍ ရင်ခွင်ထဲမှ ကလေးကို ဖြည်းဖြည်းချင်း ချော့နေမိသည်။ လီယန်ချူးကို မကြည့်ရဲပေ။

မင်းစိုးရာဇာကတော်... ကြင်ယာတော်... မုဆိုးမလေး... အားကိုးရာမဲ့...

ဖူဝမ်ကြင်ယာတော်အပေါ်တွင် စာနာစရာ အခြေအနေများစွာ ထပ်နေသည်။ သို့သော် လီယန်ချူးက ချက်ချင်း သဘောပေါက်လိုက်သည်။ ဖူဝမ်ကြင်ယာတော်မှာ သူနှင့် ခွဲနေရလျှင် တစ်ခုခု ဖြစ်မည်ကို စိုးရိမ်နေခြင်း ဖြစ်ပေလိမ့်မည်။

တည်းခိုခန်း အကူလေးကတော့ အပြုံးမပျက်ဘဲ ရှိနေသည်။ သူသည် ဤလူငယ်တာအိုဆရာနှင့် ချောမောလှပသော အမျိုးသမီးကြီးတို့၏ ပတ်သက်မှုကို ခန့်မှန်း၍မရသဖြင့် အဖြေကိုသာ ငြိမ်၍ စောင့်နေလိုက်သည်။

"ဒါဆိုရင်လည်း တစ်ခန်းပဲ ပေးပါတော့"

လီယန်ချူးက စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကောင်းပါပြီခင်ဗျာ အထဲကို ကြွပါ"

တည်းခိုခန်း အကူလေးက စိတ်အားထက်သန်စွာဖြင့် လမ်းပြခေါ်ဆောင်သွားသည်။ သူသည် အလွန်ပင် ကျွမ်းကျင်မှုရှိရာ စိတ်ထဲတွင် လျှောက်မတွေးသလို ထူးဆန်းသော အမူအရာလည်း မပြပေ။

သူ၏ အမြင်တွင် အလှသွေးကြွယ်သော အမျိုးသမီးကြီးတစ်ဦးနှင့် ချောမောခန့်ညားသော တာအိုဆရာလေး တစ်ဦး... သူတို့ကြားတွင် ပြောပြ၍မရသော ရိုမန်တစ်ဆန်သည့် ပတ်သက်မှုတစ်ခု ရှိမည်မှာ သေချာလှသည်။

ကျန်းနန်တွင် စာပေယဉ်ကျေးမှု ထွန်းကားသဖြင့် လူထုကြားတွင် အချစ်ဇာတ်လမ်း ဝတ္ထုများစွာ ရေပန်းစားလှသည်။ တာအိုဆရာက အမျိုးသမီးခေါ်လာသည်ကို ထားပါဦး၊ ရဟန်းတော်များက ဇနီးမယားနှင့် သားသမီးများကို ခေါ်လာသည်ကိုပင် သူ မကြာခဏ မြင်ဖူးလှပြီ ဖြစ်သည်။

သူတို့နှစ်ဦး အပေါ်ထပ်သို့ တက်သွားစဉ်မှာပင် "ဒေါက် ဒေါက် ဒေါက်" ဆိုသည့် ခြေသံအကျယ်ကြီးကို ကြားလိုက်ရသည်။ လီယန်ချူး လှည့်ကြည့်လိုက်ရာ အလွန်ပင် ဝဖြိုးသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးမှာ အရပ်လည်းမြင့်ကာ ဝလည်းဝသည်။ အရပ်မှာ ခြောက်ပေခန့် ရှိပြီး ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားသည်။ သူမ၏ ကြီးမားသော ခန္ဓာကိုယ်အောက်တွင် ထိုဓားမှာ အလွန်ပင် သေးငယ်နေသလို ခံစားရသည်။

ပို၍ ထူးခြားသည်မှာ သူမ ဝတ်ဆင်ထားသည်မှာ တာအိုဝတ်စုံ ဖြစ်နေခြင်းပင်။ နက်ပြာရောင် တာအိုဝတ်စုံမှာ သူမ၏ ခန္ဓာကိုယ်နှင့် မဆံ့သလို ဖြစ်နေသည်။ လီယန်ချူးအနေဖြင့် လှပချောမောသော တာအိုမယ် များကို မြင်ဖူးသော်လည်း ဤမျှ ဝဖြိုးသော တာအိုမယ်ကို မြင်ဖူးသည်မှာ ပထမဆုံးပင်။

ထိုတာအိုမယ်မှာ လှေကားပေါ်မှ ဆင်းလာရင်း လီယန်ချူးကို မြင်သောအခါ မသိမသာ ငေးကြည့်မိသွားသည်။ လီယန်ချူး၏ ထင်းရှားသော မျက်ခုံး၊ တောက်ပသော မျက်လုံးနှင့် ခန့်ညားလှပသော ရုပ်ရည်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

"ဒီတာအိုဆရာလေးက တော်တော်ချောတာပဲ"

တာအိုမယ်က စိတ်ထဲမှ အံ့သြမိသွားသည်။

သူမ၏ ဂိုဏ်းထဲတွင် ချောမောသော တာအိုဆရာများစွာ ရှိသော်လည်း၊ ယနေ့တွေ့ရသည့် လူငယ်ကဲ့သို့ အရှိန်အဝါ မြင့်မားကာ ရုပ်ရည်ထူးခြားသူကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

တာအိုမယ်၏ အကြည့်မှာ လီယန်ချူးနောက်မှ ဖူဝမ်ကြင်ယာတော်ဆီသို့ ရောက်သွားပြီးမှ၊ ကြင်ယာတော်၏ ရင်ခွင်ထဲရှိ ဖူဝမ်စံအိမ်တော်၏ သားငယ်လေး ဆီသို့ ရောက်သွားသည်။

တာအိုမယ်၏ ခြေလှမ်းများမှာ အနည်းငယ် တုံ့သွားသည်။ လီယန်ချူးသည် ဖူဝမ်ကြင်ယာတော်ကို ခေါ်ကာ လှေကားထောင့်တွင် ခဏ စောင့်နေပေးလိုက်သည်။ ထိုတာအိုမယ်၏ ခန္ဓာကိုယ်မှာ ကြီးမားလှသဖြင့် သူမ ဆင်းလာချိန်တွင် ဘေးမှကပ်၍ တက်သွားရန် မလွယ်ကူသောကြောင့် ဖြစ်သည်။

တာအိုမယ် ဆင်းလာပြီးနောက် အကြည့်ကို ပြန်ရုပ်သိမ်းကာ "ဒေါက် ဒေါက် ဒေါက်" နှင့် အောက်ထပ်သို့ ဆင်းသွားတော့သည်။

...

အခန်းထဲသို့ ရောက်သောအခါ အကူလေး ထွက်သွားပြီ ဖြစ်သည်။ ကျန်းနန်မှာ ချမ်းသာကြွယ်ဝသော နယ်မြေဖြစ်ရာ ဤအထူးခန်း၏ ပြင်ဆင်မှုမှာလည်း အလွန်ပင် ကျော့ရှင်းလှသည်။

ဖူဝမ်ကြင်ယာတော်မှာ ကလေးကို ပွေ့ချီရင်း ခုတင်ဘေးတွင် ထိုင်လိုက်သည်။

"တာအိုဆရာ... ကျွန်မကို အပြစ်မမြင်ပါနဲ့။ ဒီလမ်းတစ်လျှောက်လုံးမှာ ကျွန်မ တကယ်ကို ကြောက်လွန်းလို့ပါ"

ဖူဝမ်ကြင်ယာတော်က တောင်းပန်စကား ဆိုလိုက်သည်။ လီယန်ချူးက ခေါင်းယမ်းပြကာ သူမကို နားလည်ကြောင်း ပြလိုက်သည်။

"နားလည်နိုင်ပါတယ်"

ထိုသို့ပြောပြီးနောက် နှစ်ဦးသား တိတ်ဆိတ်သွားပြီး စကားပြတ်သွားတော့သည်။ လီယန်ချူးက မိမိကိုယ်မိမိ လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ပြီး စဉ်းစားခန်း ဝင်နေမိသည်။ ဖူဝမ်ကြင်ယာတော်က သူ့ကို အကြိမ်ကြိမ် ခေါင်းမော့ကြည့်ကာ တစ်ခုခု ပြောချင်နေသလို ရှိနေသည်။

"ဘာဖြစ်လို့လဲ" လီယန်ချူးက သတိထားမိသဖြင့် မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး... ကျွန်မ သိချင်တာက ခုနက ရဟန်းကြီး ပြောသွားတဲ့ စကားတွေကို တာအိုဆရာက ဘာလို့ ဂရုမစိုက်သလို နေခဲ့တာလဲဆိုတာပါပဲ"

ဖူဝမ်ကြင်ယာတော်က တိုးတိုးလေး မေးသည်။

လီယန်ချူးက ပြုံးလိုက်သည်။

"မင်းထင်သလောက် မရှုပ်ထွေးပါဘူး။ သာမန်အတိုင်းပဲ... သူတပါးကိစ္စထဲ ဝင်မပါချင်လို့ပါ"

"ဒီလောက်လေးပဲလား" ဖူဝမ်ကြင်ယာတော်မှာ အံ့သြသွားရသည်။

"ဟုတ်တယ်၊ ပိုးထည်ဆိုင်က ကျိုးတင့်ဟာ အခုလိုအချိန်မှာ ရုတ်တရက် သေဆုံးသွားတာက မင်းနောက်ကို လိုက်နေတဲ့သူတွေရဲ့ လက်ချက်ဆိုရင်၊ ဒီမြို့တော်က မင်းအတွက် မလုံခြုံတော့ဘူး"

လီယန်ချူးက လေးနက်စွာ ဆိုလိုက်သည်။

"အခုချိန်မှာ ငါ တခြားကိစ္စတွေထဲ ဝင်မပါချင်သေးဘူး"

လီယန်ချူး၏ အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ သူ တစ်ယောက်တည်းဆိုလျှင် ကြိုက်သည့်ကိစ္စကို စုံစမ်းနိုင်သော်လည်း၊ ယခုမှာ ကလေးတစ်ဖက်နှင့် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်ထားရသည်။ အကယ်၍ ထူးဆန်းသော နည်းလမ်းများ သုံးတတ်သည့် ပြိုင်ဘက်နှင့် တွေ့လျှင် အရာအားလုံးကို သူ အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် မလိုအပ်ဘဲ ကိစ္စမရှာတော့ခြင်း ဖြစ်သည်။ ၎င်းအပြင် ထိုနေရာတွင် ထဲ့ရှင်းရဟန်းကြီး ရှိနေသည် မဟုတ်ပါလား။

ဖူဝမ်ကြင်ယာတော်သည် ထိုစကားကို ကြားသောအခါ လီယန်ချူးကို စိုက်ကြည့်ရင်း

"ကျွန်မတို့ သားအမိအတွက် ဒီလောက်အထိ အစစအရာရာ စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုဆရာ"

လီယန်ချူးက ပြုံးလိုက်သည်။

တကယ်တော့ 'လိုက်လံသတ်ဖြတ်ခြင်း' ဆိုသည်မှာ ဖူဝမ်ကြင်ယာတော်တို့ အတွက်သာ ဖြစ်သည်။ လီယန်ချူးအတွက်မူ ရန်သူတို့၏ လုပ်ရပ်မှာ 'လာရောက် အသေခံခြင်း' သာ ဖြစ်သည်။

အခုထိဆိုလျှင် သူတို့အဖွဲ့ သုံးဖွဲ့ကို သူ ရှင်းလင်းပြီးပြီဖြစ်သလို၊ မြို့စောင့်နတ်ကျောင်းက ကျောင်းစောင့်အိုကြီးကိုလည်း သတ်ပစ်ခဲ့ပြီးပြီ။

လီယန်ချူးက တွေးနေမိသည်မှာ... အကယ်၍ ရန်သူတွေက ဒီလိုပဲ အသေခံအဖွဲ့တွေ ဆက်တိုက် လွှတ်နေဦးမယ်ဆိုရင် နောက်ဆုံးမှာတော့ သူတို့ရဲ့ ခေါင်းဆောင်ကြီး ကိုယ်တိုင် ထွက်လာလိမ့်မည်လား။ ခုနက ကျောင်းစောင့်အိုကြီးကို မသတ်ခဲ့သင့်ဘူးလား...

လီယန်ချူးက ဖူဝမ်ကြင်ယာတော်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ကျန်းနန်မြို့တော်ရဲ့ နောက်ကွယ်မှာ ပိုင်ကျီမိစ္ဆာနိုင်ငံတော်က လူတွေ လှုပ်ရှားနေကြတယ်။ မင်းကို ပစ်မှတ်ထားတဲ့သူတွေက နည်းလမ်းအလွန်ညစ်ပတ်တယ်ဆိုတာ မင်း ပိုသိမှာပါ။"

ဖူဝမ်ကြင်ယာတော်၏ ကိုယ်လေး တုန်ယင်သွားသည်။ ထိုလူများတွင် သိုင်းပညာရှင်များ၊ ကျင့်ကြံသူများသာမက မိစ္ဆာများပါ ပါဝင်ပြီး အကွက်ကျကျ စီစဉ်တတ်ကြသဖြင့် သူမအတွက် ထွက်ပြေးစရာ လမ်းမရှိသလို ခံစားခဲ့ရဖူးသည်။ အကယ်၍ လီယန်ချူးနှင့် မတွေ့ခဲ့လျှင် သူမမှာ ဖမ်းဆီးခံရသည်မှာ ကြာပြီဖြစ်သည်။

"ငါ မင်းကို ဒီပဋိပက္ခတွေနဲ့ ဝေးရာကို ပို့ပေးနိုင်တယ်"

လီယန်ချူးက ဖြည်းဖြည်းချင်း ဆိုလိုက်သည်။

အခန်း (၇၅၄) - အခြေအနေက ဒီလောက်အထိတော့ မဆိုးလှပါဘူး ၊ လေယာဉ်မူးပျောက်ဆေး ၊လူစည်ကားရာလမ်းမထက်က မြင်းစီးနှင်ခြင်း

"လီတာအိုဆရာ... အခုဆိုရင် ဖူဝမ်စံအိမ်တော်ကလည်း ဆူပူသောင်းကျန်းမှုတွေဖြစ်နေပြီ၊ ဝမ်မင်းသား ကိုယ်တိုင်တောင် အသတ်ခံရပြီး အစားထိုးခံလိုက်ရတာ။ စံအိမ်တော်က သိုင်းပညာရှင်တွေလည်း သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူရနဲ့ အကုန်ပြုန်းတီးကုန်ပြီ။ မြို့တော်ထဲက လျှို့ဝှက်စခန်းတွေကလူတွေတောင် ထူးထူးဆန်းဆန်း သေဆုံးနေကြပြီဆိုတော့ ကျွန်မ ဘယ်ကို ပြေးရတော့မှာလဲ"

ဖူဝမ်ကြင်ယာတော်၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းသွားကာ အားကိုးရာမဲ့သည့် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာမျိုး ပေါ်လာသည်။ သူမသည် မိမိ၏လက်ရှိအခြေအနေမှာ အလွန်ပင် အန္တရာယ်ကြီးမားသည့် တွင်းနက်ထဲ ရောက်နေသည်ကို ကောင်းကောင်းသိထားသည်။

"အခြေအနေက အဲ့ဒီလောက်အထိတော့ မျှော်လင့်ချက်မမဲ့သေးပါဘူး"

လီယန်ချူးက ပြုံးလျက် ဆိုလိုက်သည်

"လုံဟူရှန်း ၊ တာ့ရှန့်ကော်ဘုရားကျောင်း၊ ပြီးတော့ မြို့တော် ရဲ့ တရားရုံးတော်ချုပ်... ဒီသုံးနေရာကိုတော့ ပိုင်ကျီမိစ္ဆာနိုင်ငံတော်ရဲ့ လက်လှမ်းမမီနိုင်ပါဘူး"

ဖူဝမ်ကြင်ယာတော်မှာ ကြောင်အသွားပြီး

"ဒါပေမဲ့ ရန်သူတွေက ကျွန်မတို့ကို ဒီလောက်လွယ်လွယ်နဲ့ ထွက်သွားခွင့်ပေးပါ့မလား"

သူမ၏ စိုးရိမ်ပူပန်မှုမှာလည်း အကြောင်းမဲ့တော့မဟုတ်ပေ။

မှော်လွန်းပျံ အကြောင်းကို နည်းနည်းလောက် လေ့လာထားသင့်တယ်... လီယန်ချူးက စိတ်ထဲမှ ရေရွတ်ရင်း ခပ်ပြုံးပြုံးဖြင့်

"ဒါကိုတော့ မင်း စိုးရိမ်စရာမလိုပါဘူး"

"လုံဟူရှန်း နဲ့ တရားရုံးတော်က ကျုပ် နဲ့ အဆက်အသွယ်ရှိပါတယ်။ မင်းအနေနဲ့ ဒီနှစ်နေရာထဲက တစ်နေရာကို ရွေးချယ်နိုင်တယ်လို့ ထင်တယ်"

ဖူဝမ်ကြင်ယာတော်မှာ သူမ၏ နီရဲသော နှုတ်ခမ်းလေးကို ခပ်တင်းတင်းကိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

"အားလုံးကို လီတာအိုဆရာ စီစဉ်ပေးတဲ့အတိုင်းပဲ နာခံပါ့မယ်"

လီယန်ချူးက ရယ်မောကာ

"တရားရုံးတော် ဆိုတာက ချန်နိုင်ငံရဲ့ မိစ္ဆာနှိမ်နင်းရေးကို အဓိကတာဝန်ယူထားတဲ့ နေရာပဲ။ တရားရုံးတော်ရဲ့ ဒုတိယအကြီးအကဲ ရွှီထျန်းနန် က ကျုပ်ရဲ့ မိတ်ဆွေဟောင်းပါ။ ကျုပ် ကိုယ်တိုင်လည်း တရားရုံးတော်ရဲ့ အရာရှိရာထူးကို ယူထားပြီး လူတွေကို ဟောက်စားလုပ်နေတာဆိုတော့ မင်း တရားရုံးတော်ကို သွားတာက ပိုကောင်းမယ်လို့ ကျုပ် ယူဆတယ်"

"ကောင်းပါပြီ"

ဖူဝမ်ကြင်ယာတော်က ခေါင်းလေးညိတ်ပြသည်။ သူမ၏ ပုံစံမှာ အလွန်ပင် သနားစရာကောင်းလှရာ ဘယ်သူမဆို သူမကို ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်ပေးချင်စရာပင်။

သို့သော် လီတာအိုဆရာမှာ ယခင်ကကဲ့သို့ လူငယ်လေး မဟုတ်တော့ပေ။ အိမ်တွင်လည်း အလှဘုရင်မလေးကဲ့သို့ ဆွဲဆောင်မှုရှိသော ဆိုင်ရှင်မ ရှိနေသဖြင့် အမျိုးသမီးများအပေါ် ထားရှိသည့် သူ၏ ခုခံအားမှာ ထိတ်လန့်စရာကောင်းလောက်အောင် မြင့်မားနေပြီ ဖြစ်သည်။

သူသည် လက်ထဲမှ လက်ဖက်ရည်သစ်ကို အလျင်စလို မသောက်သေးဘဲ စဉ်းစားနေမိသည်။ ရန်သူတွေက ဖူဝမ်ကြင်ယာတော်နဲ့ သားငယ်လေးကို ပစ်မှတ်ထားနေတာဖြစ်လို့ သူတို့ကို မိမိဘေးမှာ ခေါ်မထားသင့်ပေ။ မိမိတစ်ယောက်တည်းဆိုလျှင် ကြိုက်သလို လျှောက်သွားနိုင်သော်လည်း သူတပါးအသက်ကိုပါ ဘေးနားခေါ်ပြီး စွန့်စားနေခြင်းမှာ မသင့်တော်လှပေ။

"ဒီသားအမိကို တရားရုံးတော်ချုပ်ကို ပို့လိုက်မယ်။ ပိုင်ကျီမိစ္ဆာနိုင်ငံတော်က တရားရုံးတော်ချုပ်ကိုတောင် ဖြိုလှဲနိုင်တဲ့အထိ စွမ်းအားရှိနေတယ်ဆိုရင်လည်း သူတို့ နောက်ကွယ်မှာ ဒီလိုမျိုး ကွယ်ဝှက်ပြီး ကိစ္စရှာနေစရာ အကြောင်းမရှိတော့ဘူး"

လီယန်ချူးက ခပ်ပြုံးပြုံးဖြင့် တွေးလိုက်သည်။

သူသည် သူ၏ သိုလှောင်အိတ် ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ကာ ကြင်ယာတော်အား ပေးလိုက်သည်။

"ဒါကို ခဏနေရင် သောက်လိုက်ပါ"

ဖူဝမ်ကြင်ယာတော်မှာ ကြောင်သွားသော်လည်း ငြင်းဆန်ခြင်းမရှိဘဲ

"လီတာအိုဆရာ... ဒါက ဘာဆေးလဲဟင်" ဟု တိုးတိုးလေး မေးရှာသည်။

လီယန်ချူးက ခဏမျှ စဉ်းစားကာ အလေးအနက် ပြောလိုက်သည်။

"အတိအကျ ပြောရရင်တော့... ဒါက လေယာဉ်မူးပျောက်ဆေး ပဲ"

"ဟင်"

ဖူဝမ်ကြင်ယာတော်မှာ မျက်လုံးလေးဝိုင်းကာ လီယန်ချူးကို ကြည့်နေမိသည်။ လီယန်ချူး ပေးလိုက်သည်မှာ သာမန် ဝိညာဉ်ဆေးလုံးတစ်လုံးသာ ဖြစ်သည်။ ဖူဝမ်ကြင်ယာတော်ကဲ့သို့ သာမန်အမျိုးသမီးတစ်ဦးအတွက် ထိုဆေးက ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး မှော်လွန်းပျံ ပေါ်တွင် ခရီးနှင်သည့်အခါ ဒုက္ခမရောက်အောင် ကူညီပေးလိမ့်မည်။

ဤဆေး၏ အာနိသင်မှာ အလွန်ပင် နူးညံ့လှသည်။ သူတို့သားအမိနှစ်ယောက် စားသုံးလိုက်လျှင် မှောင်လွန်းပျံ၏ တုန်ခါမှုဒဏ်ကို ခံနိုင်ရည်ရှိသွားပေလိမ့်မည်။

မြို့ထဲမဝင်ခင်ကတည်းက သူတို့ကို ပို့လိုက်ရမှာ... လီယန်ချူးက စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

သူသည် ဖူဝမ်ကြင်ယာတော်ကို ခေါ်ဆောင်ကာ ကျန်းနန်မြို့တော်၏ လမ်းကြားတစ်ခုအတွင်းရှိ တိတ်ဆိတ်သောနေရာသို့ လာခဲ့သည်။ မြို့တော်ရှိ ပိုးထည်ဆိုင်မှ မန်နေဂျာငယ် ကျိုးတင့် သေဆုံးသွားခြင်းနှင့် ထိုကတုံးကြီး ထဲ့ရှင်း ပေါ်လာခြင်းတို့က လီယန်ချူးကို အလိုလိုနေရင်း စိုးရိမ်စိတ်အချို့ ဖြစ်ပေါ်စေသည်။ ဒါကလည်း ဖူဝမ်ကြင်ယာတော်ကို ပို့ဆောင်ပေးရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။

သူသည် မှော်လွန်းပျံ ကို ထုတ်လိုက်သည်။ အလင်းတန်းတစ်ခု ဝင်းလက်သွားပြီးနောက် မှော်လွန်းပျံမှာ လှေငယ်လေးတစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။

"မင်းနဲ့ ကလေး တစ်ယောက် တစ်ဝက်စီ ခွဲသောက်လိုက်၊ အခုပဲ သောက်လိုက်တော့"

လီယန်ချူးက အေးဆေးစွာ အမိန့်ပေးသည်။

ဖူဝမ်ကြင်ယာတော်မှာ လီယန်ချူး၏ အစီအစဉ်ကို လိမ္မာယဉ်ကျေးစွာ နာခံရှာသည်။ ဆေးကို မျိုချလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသော ဆေးအရှိန်အဝါများက လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။

"ဘယ်လို ခံစားရလဲ"

"အလွန် သက်သောင့်သက်သာ ရှိပါတယ်"

လီယန်ချူးက ခေါင်းညိတ်ပြသည်။ သို့သော်လည်း စိတ်မချနိုင်သေးပေ။ အကြောင်းမှာ မှော်လွန်းပျံ၏ စီးနင်းရမှုမှာ အလွန်ပင် ကြမ်းတမ်းလှသောကြောင့် ဖြစ်သည်။

သူသည် ဖူဝမ်ကြင်ယာတော်၏ ခန္ဓာကိုယ်အတွင်းသို့ ဇီဝအသက်ဓာတ် တစ်ခုကို ထပ်မံ ထည့်သွင်းပေးလိုက်သည်။ ဖူဝမ်ကြင်ယာတော်မှာ ညည်းသံသဲ့သဲ့လေး ထွက်ပေါ်လာကာ မျက်ဝန်းများ ဝေဝါးသွားပြီး ပါးပြင်လေးများ နီမြန်းလာကာ သတိလစ် မေ့မြောသွားတော့သည်။

သားငယ်လေး အလှည့်တွင်မူ လီယန်ချူးက ဇီဝအသက်ဓာတ်ကို အလွန်ပင် နှေးကွေးစွာ ထည့်ပေးလိုက်သည်။ ကလေးငယ်အတွက် လိုအပ်သည့် ဝိညာဉ်စွမ်းအင်မှာ အလွန်မများလှသဖြင့် မကြာမီမှာပင် ကလေးငယ်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

လီယန်ချူး၏ ခန္ဓာကိုယ်ထဲမှ ကိုယ်ပွား တစ်ဦး ထွက်လာသည်။ အစိမ်းရောင် တာအိုဝတ်စုံ ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် ကိုယ်ပွားသည် ဖူဝမ်ကြင်ယာတော် သားအမိကို ပွေ့ချီကာ လှေငယ်ပေါ်သို့ တက်သွားသည်။

ဝူး

အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

လီယန်ချူး၏ စိတ်မှာ ချက်ချင်းပင် ပေါ့ပါးသွားတော့သည်။

အထူးခန်း တစ်ခန်းတည်း ယူခဲ့မိတာ ကံကောင်းတယ်... ဟု သူ တွေးတောမိသည်။

တိတ်ဆိတ်သော လမ်းကြားလေးထဲမှ ထွက်လာသောအခါ လီယန်ချူး၏ စိတ်အခြေအနေမှာ အလွန်ပင် ကြည်လင်နေသည်။

ကိုယ်ပွားတွေ နည်းနည်း နည်းနေသေးတာပဲ... လီယန်ချူးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

နေရောင်ခြည်မှာ သူ၏ ထင်းရှားသော မျက်နှာပေါ်သို့ ကျရောက်နေပြီး လမ်းဘေးမှ ဖြတ်သွားသော သူဌေးသမီးလေးများနှင့် မိန်းကလေးငယ်များမှာ ရင်ခုန်သွားကာ မျက်နှာလေးများ နီမြန်းကုန်ကြသည်။

"အား တော်တော်ချောတဲ့ တာအိုဆရာလေးပဲ"

"ဟယ် ဒီလောက် ချောတဲ့ တာအိုဆရာလေး လောကမှာ ရှိသေးတာပဲလား "

လီယန်ချူးက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ရာ မိန်းကလေးငယ် ဆယ်ဂဏန်းခန့်က သူ့ကို စိုက်ကြည့်နေသည်ကို တွေ့ရသဖြင့် ချောင်းတစ်ချက်ဟန့်ကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာခဲ့သည်။

...

ကျန်းနန်မြို့တော်၏ လမ်းမကြီးများမှာ အလွန်ပင် ကျယ်ဝန်းလှသည်။ အကျယ်ဆုံးလမ်းမှာ ပေ ၁၃၀၀ ခန့်ရှိကာ လမ်းဘေးဝဲယာတွင် ဆိုင်ခန်းများမှာ စီတန်းနေပြီး အလွန်ပင် စည်ကားလှသည်။

လီယန်ချူးသည် လမ်းဘေးမှ တစ်ပဲတန် ကျွဲစာအနီသီး တစ်ထုပ်ကို ဝယ်စားလိုက်သည်။ ချဉ်ချဉ်ချိုချို အရသာမှာ အလွန်ပင် ခံတွင်းတွေ့လှသည်။ သူသည် လမ်းမပေါ်တွင် လျှောက်လှမ်းရင်း ကျန်းနန်မြို့တော်၏ စည်ကားပုံကို ကြည့်ရှုကာ ကျန်းနန်ခရိုင် အုပ်ချုပ်ရေးမှူးရုံး ဆီသို့ ဦးတည်ခဲ့သည်။

ဟီးးးးးးးး

မြင်းခွာသံမှာ မိုးကြိုးသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ မြင်းပေါ်တွင် ပိုးထည်ဝတ်စုံနှင့် လူငယ်တစ်ဦးမှာ အလွန်ပင် ရမ်းကားသော အမူအရာဖြင့် စီးနှင်းလာသည်။

"လူစည်ကားရာလမ်းမှာ မြင်းကို အရှိန်နဲ့ စီးတာလား"

လီယန်ချူး ကြောင်သွားသည်။ ကျန်းနန်မြို့တော်မှာ ဒီလောက်အထိ ရမ်းကားတဲ့ သူဌေးသားတွေ ရှိနေတာလား။

ဟီးးးးးးးး

နောက်ထပ် မြင်းခွာသံတစ်ခု ထွက်ပေါ်လာပြန်သည်။ နောက်ထပ် လူငယ်တစ်ဦး မြင်းစီး၍ ရောက်လာပြန်သည်။ သူသည်လည်း မြင့်မြတ်သောအသွင်၊ ခန့်ညားသော ဝတ်စုံနှင့်ဖြစ်ကာ ရှေ့ကလူနှင့် မြင်းပြိုင်စီးနေကြခြင်း ဖြစ်ပုံရသည်။

တစ်လမ်းလုံးတွင် တောလဲသကဲ့သို့ ဆူညံသွားကာ လမ်းသွားလမ်းလာများမှာ ကြောက်လန့်တကြား ရှောင်တိမ်းနေကြရသည်။ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ကံကောင်းသည်မှာ သူတို့ရောက်နေသည့် ရုန်ဟွာလမ်း မှာ အလွန်ပင် ကျယ်ဝန်းသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် ကျဉ်းမြောင်းသော လမ်းတွင်ဆိုပါက လူများစွာ မြင်းနင်းခံရပြီး သေဆုံးနိုင်ပေသည်။ သို့သော်လည်း ယခုပင် ကိစ္စတက်တော့မည်!

မိခင်ဖြစ်သူနှင့် လူအုပ်ကြားထဲ ကွဲသွားသော မိန်းကလေးငယ်လေးတစ်ဦးမှာ လမ်းလယ်တွင် ရပ်ကာ ငိုနေရှာသည်။ ထိုလူငယ်မှာ မြင်းအရှိန်ကို မလျှော့သည့်အပြင် မြင်းကို ပို၍ နှင်လိုက်ကာ နှင်တံကို မြှောက်ပင့်လိုက်သေးသည်။ တစ်ဖက်လူနှင့် ယှဉ်ပြိုင်လိုစိတ်ကြောင့် ဘာကိုမှ ဂရုမစိုက်သည့် ပုံစံပင်။

မိန်းကလေးငယ်လေးမှာ မြင်းခွာအောက်တွင် အရိုးများကြေမွပြီး သေဆုံးတော့မည့် အခြေအနေကို မြင်ရသောအခါ လူအများမှာ မကြည့်ရဲသဖြင့် မျက်စိမှိတ်ထားလိုက်ကြသည်။

လီယန်ချူးက လက်ညှိုးလေးဖြင့် ခပ်ဖွဖွ ညွှန်လိုက်သည်။

"ကိုယ်ခန္ဓာ ချုပ်နှောင်ခြင်းအတတ် "

ထိုမြင်းမှာ ချက်ချင်းပင် ရှေ့ခြေနှစ်ဖက်ကို မြှောက်ထားသည့်အတိုင်း လေထဲတွင် ရပ်တန့်သွားကာ လှုပ်ရှား၍ မရတော့ပေ။ မြင်ကွင်းမှာ ချက်ချင်းပင် ရပ်တန့်သွားသလို ဖြစ်သွားသည်။

ရှူးးးးးး

"အားးးးးးးးးးးးးးးး"

လူရိပ်တစ်ခုသည် မြင်းကျောပေါ်မှ လွင့်ထွက်သွားသည်။ ထိုသူမှာ ပိုးထည်ဝတ်ထားသည့် သူဌေးသားလေးပင် ဖြစ်သည်။

ဘုန်း

ပြေးနေသော မြင်းက ရုတ်တရက် ရပ်တန့်သွားသဖြင့် အဟုန် ကြောင့် သူသည် လွင့်ထွက်ကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျသွားတော့သည်။

နောက်ထပ် လူငယ်တစ်ဦးမှာ ထိုမြင်ကွင်းကို မြင်သောအခါ ကြောင်သွားသော်လည်း သူ၏ မျက်နှာတွင် အလွန်အမင်း ဝမ်းသာသည့် အမူအရာ ပေါ်လာသည်။ ဤသူမှာ မျက်လုံးများ ရီဝေနေကာ အရက်အတော်သောက်ထားပုံ ရသည်။ သူသည် အခြေအနေ၏ လေးနက်မှုကို သတိမထားမိဘဲ မိမိ နိုင်တော့မည်ဟုသာ ထင်နေပုံရသည်။

နေ့ခင်းကြောင်တောင် အရက်သောက်ပြီး ရမ်းကားနေသူများကို လီယန်ချူးအနေဖြင့် အရှိန်ဝါကြည့်အတတ် နှင့် ကြည့်နေစရာပင် မလိုပေ။ ဤကောင်များမှာ သာမန်လူတွေကို နှိပ်စက်လေ့ရှိသည့် အရှိန်အဝါကြီးမားသော နောက်ခံရှိသည့် သူဌေးသားများ ဖြစ်မည်မှာ သေချာလှသည်။

လီယန်ချူးက လက်ညှိုးလေးဖြင့် ထပ်မံ ညွှန်လိုက်ပြန်သည်။

"တာအိုအတတ်"

"ကိုယ်ခန္ဓာ ချုပ်နှောင် "

ထိုလူငယ် စီးနှင်းလာသော၊ တစ်သောင်းတွင် တစ်ကောင်သာရှိသည့် အလွန်ပင် ခန့်ညားသော ဝူရွှယ်ကျွေးယွင် (နှင်းနက်တိမ်လိုက်မြင်း) မှာ ပြေးနေသည့် ဟန်အတိုင်း ချက်ချင်း ရပ်တန့်သွားတော့သည်။

"အားးးးးးးးးးးးးးးး"

ဘုန်း

နောက်ထပ် သူဌေးသားလေး တစ်ဦးမှာလည်း မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ကျသွားတော့သည်။ လီယန်ချူးသည် ထိုလူငယ်၏ ကိုယ်ပေါ်တွင် ထူးဆန်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။ သူသည် မျက်ဝန်းထဲတွင် မှော်အလင်းတန်းများ ဝင်းလက်စေကာ ကြည့်လိုက်သည်။

"ဝိညာဉ်မျက်စိအတတ် "

ထိုလူငယ်၏ ပခုံးပေါ်တွင် တစ်ပေခန့်မြင့်သော မုတ်ဆိတ်ဖြူနှင့် အဖိုးကြီးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုအဖိုးကြီးမှာ လူးလိမ့်နေအောင် ရယ်မောနေသည်။

ဒါက... အမြဲတမ်း ဘေးမှာရှိနေတတ်တဲ့ နတ်ဘုရားအဖိုးကြီး လား။

လီယန်ချူး ကြောင်အသွားရတော့သည်။

All Chapters