← Chapters

အခန်း (၇၅၉-၇၆၀)

Vol. 76 Ch. 759-760

အခန်း (၇၅၉-၇၆၀)

Vol. 76 Ch. 759-760

အခန်း (၇၅၉) - ရုပ်သေးအတတ်ကြီး ၊ ဗုဒ္ဓဘာသာ လျှို့ဝှက်အတတ် ၊ မိုးသက်လေပြင်းနှင့် မြေပြင်မီးတောက်များ ၊ သစ္စာဖောက်

သခင်ကြီးစုန့်သည် စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထားလိုက်သည်။ ဤနာရေးသုံးပစ္စည်းဆိုင်အတွင်းတွင် သူသည် အထူးအင်းကွက်တစ်ခုကို ခင်းကျင်းထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤတာအိုဆရာလေးမှာမူ မဖိတ်ခေါ်ဘဲနှင့် အသံမထွက်ဘဲ အလိုအလျောက် ရောက်ရှိလာခဲ့ရာ သူ့ကို များစွာ အံ့အားသင့်စေခဲ့သည်။

ထို့အပြင် သူ၏နောက်မှ လိုက်လာသော ကြမ်းကြုတ်ခက်ထန်သည့် ပုံစံရှိသည့် ထိပ်ပြောင်ကြီးမှာလည်း အတော်အတန် တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုဘုန်းကြီးသည် ဒုတိယအဆင့် ကျင့်ကြံမှု ၏ နောက်ဆုံးပိုင်း အဆင့်လောက်သာ ရှိသေးပုံရသည်။

"အမှိုက်ပဲ..." ဟု စုန့်သခင်ကြီးက စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။

လီယန်ချူး၏ လက်ထဲတွင် အဖမ်းခံထားရသော မြေခွေးမလေးသည်လည်း အသိပြန်ဝင်လာပြီး ဒေါသတကြီး အော်ဟစ်တော့သည်။

"ဒီတာအိုဆရာ... ငါ့ကို အခုချက်ချင်း လွှတ်စမ်း၊ မဟုတ်ရင် မင်းရဲ့ အရေကိုခွာ၊ အရိုးကိုထုတ်ပြီး မင်းရဲ့ ဝိညာဉ်ကို ကိုးထပ်ငရဲအောက်မှာ ထာဝရ ချုပ်နှောင်ထားလိုက်မယ်"

လီယန်ချူးက ပြုံးလိုက်ပြီး

"ကိုးထပ်ငရဲအောက်မှာ ထာဝရ ချုပ်နှောင်မယ် ဟုတ်လား။ ကောင်းပြီလေ... တော်တော်လေးတော့ အရှိန်အဝါ ရှိသားပဲ"

သူ၏ ဂရုမစိုက်သော အမူအရာကြောင့် မြေခွေးမလေးမှာ ပို၍ပင် ဒေါသထွက်လာတော့သည်။

"သခင်ကြီး... ဒီတာအိုဆရာလေးကို သတ်ပစ်လိုက်ပါ"

ဟု မြေခွေးမလေးက အော်ဟစ် တိုက်တွန်းသည်။

စုန့်သခင်ကြီး၏ မျက်နှာမှာ အနည်းငယ် တွန့်သွားကာ မြေခွေးမလေးကို တစ်ချက် ကြည့်လိုက်သည်။

'သက်ပြင်း... ငါ ဘာလို့ ဒီလို ပိုင်ကျီ မိစ္ဆာနိုင်ငံတော်ထဲမှာ အသင်းဖော်တွေနဲ့ လာဆုံနေရတာလဲ'

သို့သော် သူသည် လီယန်ချူးကို ကြည့်လိုက်သောအခါ မျက်ဝန်းများမှာ ပြန်လည် အေးစက်သွားသည်။ ခုနက သူ၏ စက္ကူအရုပ်များက ထိုထိပ်ပြောင်ကြီးကို အလဲထိုးနိုင်ခဲ့ခြင်းက စုန့်သခင်ကြီးအား ယုံကြည်မှု တိုးစေခဲ့သည်။

သူသည် မန္တန်ကို ရွတ်ဆိုလိုက်ရာ၊ မူလက တိုက်ခိုက်မှု ရပ်တန့်နေသော စက္ကူအရုပ်များ၏ အရှိန်အဝါမှာ ရုတ်တရက် ပြန်လည် မြင့်တက်လာသည်။

ခုနကထက် အဆပေါင်းများစွာ ပိုမို အားကောင်းလာခြင်း ဖြစ်သည်။ သူသည် လီယန်ချူးကို ချက်ချင်း မတိုက်ခိုက်သေးဘဲ အနုပညာဆန်ဆန် ပုံဖော်နေခြင်း မဟုတ်ပေ။ အသီရင် တစ်ခု ဖြစ်ပေါ်လာစေရန် အချိန်ယူနေခြင်း ဖြစ်သည်။

ယခုတွင်မူ အစီရင်မှာ အောင်မြင်သွားပြီ ဖြစ်သည်။

ပါးပြင်ပေါ်တွင် အနီရောင်ဆေးခြယ်ထားသော စက္ကူအရုပ်တစ်ရုပ်သည် လျှပ်စီးကဲ့သို့ လျင်မြန်သော လက်သည်းများဖြင့် လီယန်ချူး၏ ရင်ဘတ်ကို တိုက်ရိုက် ကုတ်ဆွဲလိုက်သည်။ ခုနက ထိပ်ပြောင်ကြီး၏ ဗုဒ္ဓဘာသာ ရွှေရောင်ကိုယ်ခံပညာကို ဖျက်ဆီးခဲ့သည်မှာ ဤလက်သည်းများပင် ဖြစ်ပြီး၊ ယခုတွင်မူ ၎င်း၏ စွမ်းအားမှာ အဆပေါင်းများစွာ ပိုမို ပြင်းထန်နေပြီ ဖြစ်သည်။

ထိပ်ပြောင်ကြီး ထဲ့ရှင်းဘုန်းကြီးက ထိတ်လန့်တကြား ဟစ်အော်လိုက်သည်။

"တာအိုဆရာ... သတိထား"

ဒုန်း... ဂျွတ်...

ကမ္ဘာမြေပြင်တွင် ကြီးမားသော ခေါင်းလောင်းသံကြီး တစ်ချက် မြည်ဟီးသွားပြီးနောက်၊ တဖျပ်ဖျပ် ကျိုးပဲ့သွားသံ တစ်ခု ထွက်ပေါ်လာသည်။ ထိုပါးနီရောင် စက္ကူအရုပ်၏ လက်သည်းများမှာ ခဏချင်းအတွင်း ကျိုးပဲ့သွားတော့သည်။

လီယန်ချူး၏ ရှေ့တွင် အကာအကွယ် အငွေ့အသက် များသည် စဉ်ဆက်မပြတ် လည်ပတ်နေပြီး၊ ဖောက်ထွင်းမြင်ရသော အတားအဆီးတစ်ခု၊ သို့မဟုတ် မမြင်ရသော လေတံတိုင်း ကဲ့သို့ ရှိနေသည်။

"........" ထဲ့ရှင်းဘုန်းကြီး။

"........" စုန့်သခင်ကြီး။

"........" မြေခွေးမလေး။

စုန့်သခင်ကြီးသည် ခက်ခဲနက်နဲသော မန္တန်တစ်ခုကို အလျင်အစလို ရွတ်ဆိုလိုက်သည်။ ထိုအခါ အေးစက်သော ယင်လေများ တိုက်ခတ်လာပြီး၊ နားထဲတွင် စစ်မြေပြင်မှ ဓားလှံလက်နက်သံများနှင့် မြင်းဟီသံများကို ကြားလိုက်ရသည်။ စက္ကူအရုပ်များသည် လီယန်ချူးထံသို့ ထပ်မံ ပြေးဝင်သွားကြပြီး၊ လေထဲတွင် ထက်ရှသော လေဓားများ ဖြစ်ပေါ်လာသည်။

လီယန်ချူးသည် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။ ပြင်းထန်သော သွေးချီအရှိန်အဝါ များသည် လက်သီးမှတစ်ဆင့် လွင့်စင်ထွက်သွားပြီး၊ ထိုစက္ကူအရုပ်ကို တစ်ခဏချင်းအတွင်း အမှုန့်ဖြစ်သွားစေသည်။

စုန့်သခင်ကြီးသည် မန္တန်ကို ပိုမိုမြန်ဆန်စွာ ရွတ်ဆိုလိုက်ရာ၊ စက္ကူအရုပ်များနှင့် စက္ကူမြင်းများသည် အရူးအမူး ရှေ့သို့ တိုးဝင်လာကြသည်။ လီယန်ချူး၏ မျက်လုံးထဲတွင် ထိုစက္ကူအရုပ်များသည် တစ်ခဏအတွင်း အသက်ဝင်လာသကဲ့သို့ ဖြစ်နေပြီး၊ ကိုယ်ပေါ်တွင် ပြင်းထန်သော မိစ္ဆာအငွေ့အသက်များ ရစ်ပတ်နေသည်။

ဤသည်မှာ ရိုးရှင်းသော စက္ကူအရုပ်အတတ် မဟုတ်တော့ပေ။ တိတိကျကျ ပြောရလျှင် "ရုပ်သေးအတတ်ကြီး" ဟု ခေါ်ဆိုနိုင်ပြီး၊ သွေးသားနှင့် ဝိညာဉ် ရှိနေသကဲ့သို့ပင်။ မိစ္ဆာအငွေ့အသက်ဖြင့် ကိုယ်ထည်ကို တည်ဆောက်ထားပြီး၊ ယင်ဓာတ်ဖြင့် ဝိညာဉ်ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းတို့သည် သာမန်အချိန်တွင် ဆိုင်ထဲ၌ ငြိမ်သက်နေသော်လည်း၊ တိုက်ခိုက်ချိန်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး အရောင်အသွေး ပြောင်းလဲသွားပြီး၊ ဤနာရေးသုံးပစ္စည်းဆိုင်မှာ ပျောက်ကွယ်သွားကာ လီယန်ချူးသည် အလောင်းများ တောင်လိုပုံနေသော သွေးပင်လယ် စစ်မြေပြင်ကြီးထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားရသည်။ စက္ကူအရုပ် အနည်းငယ်သာ ရှိသော်လည်း၊ တစ်သောင်းသော စစ်သည်တော်များ၏ သတ်ဖြတ်လိုသော အရှိန်အဝါများ ရှိနေသည်။

ဘေးတွင်ရှိသော ထဲ့ရှင်းဘုန်းကြီးမှာ အနီးကပ်ဆုံးဖြစ်၍ ပိုမို ခံစားရသည်။ သူ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့သွားပြီး၊ ဤမြို့တော်ရှိ သေးငယ်သော ဆိုင်လေးတစ်ဆိုင်ထဲတွင် ဤကဲ့သို့သော ကျွမ်းကျင်သူ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ခုနက သူသည် ရန်သူကို အထင်မသေးခဲ့လျှင်ပင် ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ပေ။

သို့သော် လီယန်ချူးမှာမူ မူလနေရာမှာပင် မလှုပ်မယှက် ရပ်နေပြီး၊ တည်ငြိမ်သော အမူအရာ ရှိသည်။ သူသည် ဓားကိုပင် မထုတ်သေးပေ။ သူသည် လက်ကို အသာအယာ မြှောက်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ပြင်းထန်သော လေလှိုင်းများနှင့်အတူ မရေမတွက်နိုင်သော လက်ဝါးရိပ်များ ဖြစ်ပေါ်လာပြီး သူ့ကို ဗဟိုပြုကာ ဘေးပတ်ပတ်လည်သို့ လွင့်စင်သွားသည်။

ဘုန်း... ဘုန်း... ဘုန်း...

ထဲ့ရှင်းဘုန်းကြီးကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သော ထိုထူးဆန်းသည့် စက္ကူအရုပ်များသည် လီယန်ချူး၏ လက်ဝါးတစ်ချက်အောက်တွင် အားလုံး ပျက်စီးသွားတော့သည်။ လီယန်ချူး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်ပြီး ယန်ဓာတ်ကြွယ်ဝလှရာ၊ ဤကဲ့သို့သော အမှောင်ထုနှင့် ဆိုင်သော အရာများအတွက် အကြီးမားဆုံးသော ရန်သူပင် ဖြစ်သည်။

"........" ထဲ့ရှင်းဘုန်းကြီးမှာ စကားမပြောနိုင်တော့ပေ။

စုန့်သခင်ကြီး၏ မျက်နှာမှာ များစွာ ပျက်သွားပြီး၊ ချက်ချင်းပင် အမည်းရောင် အငွေ့အသက်တစ်ခုအဖြစ် ပြောင်းလဲကာ နောက်သို့ ထွက်ပြေးရန် ကြိုးစားတော့သည်။

သူသည် ပိုင်ကျီ မိစ္ဆာနိုင်ငံတော်တွင် ရာထူးမနိမ့်လှဘဲ "အကြီးအကဲ" ရာထူးကို ရရှိထားသူ ဖြစ်သည်။ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်ကြားတွင် အမြဲတမ်း အဟန့်အတား ရှိတတ်သော်လည်း၊ သူကဲ့သို့သော လူသားမိစ္ဆာ များမှာ အသုံးဝင်သလောက် ယုံကြည်မှုတော့ သိပ်မရရှိကြပေ။

သို့သော် သူ၏ စွမ်းအားမှာ ထိပ်တန်းအဆင့်တွင် ရှိသည်။ ထဲ့ရှင်းဘုန်းကြီးကဲ့သို့ ပါရမီရှင် လူငယ်များသာမက၊ ဂိုဏ်းကြီးများမှ အကြီးအကဲများပင် သူ့ကို အလွယ်တကူ မနိုင်နိုင်ပေ။ ယန်ဝိညာဥ် အဆင့်အောက်တွင် သူ့ကို ယှဉ်နိုင်သူမှာ ရှားပါးလှသည်။

သူသည် အမည်းရောင်အငွေ့အဖြစ် ထွက်ပြေးနေစဉ်၊ နောက်ကျောမှ ပြင်းထန်သော အရှိန်အဝါတစ်ခု ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။ စုန့်သခင်ကြီးမှာ ထိတ်လန့်သွားပြီး သူ၏ မူလကိုယ်ထည်ကို ပြန်လည် ဖော်ထုတ်လိုက်ရသည်။

ခုနကကဲ့သို့ ကိုယ်ဖျောက်ထားသော အခြေအနေတွင် သူသည် အကာအကွယ် မလုပ်နိုင်ပေ။

အကယ်၍ မရှောင်တိမ်းနိုင်ပါက သေလမ်းသာ ရှိတော့သည်။

ထို့ကြောင့် သူသည် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ လက်များမှာ ထူးဆန်းသော အစီရင်များကို ဖော်လိုက်ပြီး၊ သူ၏ ရှေ့တွင် ဗုဒ္ဓကြာဖြူ တစ်ပွင့် ပေါ်လာသည်။ ထိုကြာဖြူမှာ အလွန်ပင် သန့်ရှင်းမြင့်မြတ်လှပြီး၊ မြင်ရသူတိုင်း၏ စိတ်နှလုံးကို ဆေးကြောပေးသကဲ့သို့ ခံစားရစေကာ ဒူးထောက် အညံ့ခံချင်စိတ်များ ဖြစ်ပေါ်စေသည်။

ဝုန်း...

လေလှိုင်းတစ်ခု ပတ်ဝန်းကျင်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်ရှိ အုတ်ခဲများမှာ အမှုန့်ဖြစ်သွားသည်။

လီယန်ချူးက လက်ကို မြှောက်လိုက်ရုံဖြင့် ကြီးမားသော လက်ဝါးရိပ်ကြီးတစ်ခုက အားပြင်းစွာ ရိုက်ချလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ထိုဗုဒ္ဓကြာဖြူသာ လီယန်ချူး၏ လက်ဝါးရိပ်ကို တားဆီးမထားနိုင်ပါက စုန့်သခင်ကြီးမှာ ဝိညာဉ်ပင် ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။

"ကြာပန်းဖြူဂိုဏ်းလား..." လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။

"မင်း စုံစမ်းနေတဲ့ ကိစ္စတွေ အားလုံးက ဒီမြေခွေးမလေး လုပ်တာပါ။ ငါနဲ့ ဘာမှမဆိုင်ဘူး၊ ဘာလို့ ဒီလောက်အထိ လိုက်ဖိနှိပ်နေရတာလဲ"

ဟု စုန့်သခင်ကြီးက အေးစက်စွာ ပြောသည်။ သူသည် မြေခွေးမလေးကို စတေးရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။

မြေခွေးမလေးမှာ မျက်လုံးပြူးသွားပြီး လူစကားဖြင့် အော်ဟစ်တော့သည်။

"စုန့်သခင်ကြီး... ရှင် ကျွန်မကို အခုလို ပစ်ပယ်လို့ မရဘူးလေ။ ကျွန်မက ဒီနှစ်တွေမှာ နိုင်ငံတော်အတွက် သွေးရော ချွေးပါ ရင်းပြီး အလုပ်အကျွေး ပြုခဲ့တာပါ။ ရှင် ဘယ်လိုလုပ် အခုလို လုပ်ရက်ရတာလဲ"

"ပါးစပ်ပိတ်စမ်း... ဒီတိရစ္ဆာန်။ မင်းသာ ဒီပြဿနာတွေကို မရှာခဲ့ရင် ဒီနေ့ အခုလို ဖြစ်ပါ့မလား"

စုန့်သခင်ကြီး၏ မျက်နှာမှာ သေလူကဲ့သို့ အေးစက်နေသော်လည်း၊ မျက်ဝန်းထဲတွင်မူ ဒေါသများ ပြည့်နှက်နေသည်။

ဘယ်သူက ထင်ထားမှာလဲ၊ ဤမိစ္ဆာနိုင်ငံတော်က သူတွေက အလုပ်လုပ်တာ ဒီလောက်တောင် မသေချာဘူးလား။ အရေးကြီးတဲ့ စာအုပ်ကို ပို့ဆောင်ရမယ့် အချိန်မှာတောင် ယောက်ျားတွေဆီက ယန်ဓာတ်ကို သွားစုပ်နေရသေးတယ်၊ တကယ့် တိရစ္ဆာန်တွေပဲ။

စုန့်သခင်ကြီး၏ လက်ထဲတွင် မန္တန်များ လည်ပတ်နေဆဲ ဖြစ်သည်။ ထိုဗုဒ္ဓကြာဖြူသည် သူ၏ ရှေ့တွင် ထူးခြားသော နည်းလမ်းဖြင့် လည်ပတ်နေပြီး သူ့ကို အကာအကွယ် ပေးထားသည်။

မြေခွေးမလေးသည် စုန့်သခင်ကြီး၏ စကားကို ကြားသောအခါ ဒေါသ အကြီးအကျယ် ထွက်သွားသည်။

"ကောင်းပြီလေ... ငါ့ကို လိုရင်သုံး၊ မလိုရင် လွှတ်ပစ်မယ့် အရာလို့ မှတ်နေတာလား။ တာအိုဆရာ... ကျွန်မကို လွှတ်ပေးပါ။ ဒီနေရာမှာ ဖြစ်ပျက်နေတဲ့ အကြောင်းစုံကို ရှင် သိချင်တာ အကုန် ပြောပြပါ့မယ်"

လီယန်ချူးက သူမကို တစ်ချက် ငုံ့ကြည့်ကာ

"မင်း တကယ် ပြောမှာလား" ဟု မေးသည်။

မြေခွေးမလေးက အလျင်အစလို ခေါင်းညိတ်ပြသည်။

"ပြောပါ့မယ်။ အဲ့ဒီလူကို အရင် သတ်ပေးပါ။ သူက ဒီမြို့တော်မှာရှိတဲ့ မိစ္ဆာနိုင်ငံတော်ရဲ့ အကြီးအကဲပဲ။ သူ့ဆီမှာ သူလျှိုတွေရဲ့ စာရင်းရှိတယ်။ သူ့ကို ဖမ်းပြီး ဝိညာဉ်ကို နှိပ်စက်မေးမြန်းရင် အကုန် သိရလိမ့်မယ်"

လီယန်ချူးက ပြုံးလိုက်ပြီး "အစီအစဉ် ကောင်းသားပဲ" ဟု ဆိုသည်။

ထိပ်ပြောင်ကြီး ထဲ့ရှင်းဘုန်းကြီးမှာမူ အခြေအနေကို ကြည့်ပြီး မှင်တက်နေသည်။ မူလက အသေအလဲ တိုက်ခိုက်ရမည့် အခြေအနေဟု ထင်ထားသော်လည်း၊ လီတာအိုဆရာ၏ စွမ်းအားကြောင့် တစ်ဖက်လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ပြန်လည် သစ္စာဖောက်နေကြပြီ မဟုတ်ပါလား။

"ဒီလိုလည်း ရတာပဲလား..." ထဲ့ရှင်းဘုန်းကြီး အံ့အားသင့်နေမိသည်။

စုန့်သခင်ကြီး၏ မျက်နှာမှာ မှောင်မှောင်မှားမှား ဖြစ်သွားပြီး အေးစက်စွာ ဆိုသည်။

"မြေခွေးမ... ခုနက မင်းကို မသတ်လိုက်မိတာ ငါ့ရဲ့ အမှားပဲ"

မြေခွေးမလေးက ပြန်လည် အော်ဟစ်သည်။

"ရှင်က ကျွန်မကို ကျွန်တစ်ယောက်လို ဆက်ဆံပြီး အခုကျမှ လာဟိတ်ထုတ်မနေနဲ့"

ထို့နောက် သူမက လီယန်ချူးဘက်သို့ လှည့်ကာ

"လီတာအိုဆရာ... ခုနက ရှင်မေးတဲ့ ဝမ်သခင်ကြီး ကိစ္စက ဟိုလျှို့ဝှက်စာအုပ်နဲ့ ပတ်သက်နေတာပါ။ အဲ့ဒီစာအုပ်ရဲ့ အကြောင်းကိုတော့ ဒီစုန့်ဆိုတဲ့ ခွေးသူခိုးပဲ သိတယ်။ သူက အရမ်း ကောက်ကျစ်တာ၊ သူ့ကို ဖမ်းမိရင် သူ့စကားကို မယုံနဲ့။ ပြင်းပြင်းထန်ထန် နှိပ်စက်မှ သူက အမှန်အတိုင်း ပြောမှာ"

လီယန်ချူး မျက်ခုံးပင့်သွားသည်။

လျှို့ဝှက်စာအုပ်

ဝမ်သခင်ကြီး ကိစ္စအတွက် သဲလွန်စအသစ်ကို ရရှိလိုက်ပြီ ဖြစ်သည်။ သို့သော် သူ၏ စိတ်ထဲတွင်တော့ တွေးနေမိသည်မှာ 'ဒီလူနှစ်ယောက် သစ္စာဖောက်တာ တကယ်ကို မြန်လွန်းတာပဲ' ဟူ၍ ဖြစ်သည်။

စုန့်သခင်ကြီးက အေးစက်စွာ ဆိုသည်။

"မိစ္ဆာမျိုးနွယ်တွေ လူ့လောကကို အုပ်စိုးတော့မှာက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ။ ဒီခေတ်ကာလဟာ မိစ္ဆာတွေရဲ့ ခေတ်ပဲ။ ဒီလို ကြီးမားတဲ့ အပြောင်းအလဲအောက်မှာ လူတစ်ဦးတစ်ယောက်ရဲ့ အင်အားက ဘာမှ မဟုတ်ဘူး။ တာအိုဆရာ... ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်လမ်းကို မရွေးပါနဲ့"

သူသည် စကားပြောရင်း ကိုယ်တွင်းရှိ စွမ်းအားများကို စုစည်းလိုက်သည်။ ဗုဒ္ဓကြာဖြူ၏ လည်ပတ်မှုမှာ ပိုမို ဆန်းကြယ်လာပြီး အလင်းတန်းများ ဖြာထွက်လာသည်။ စုန့်သခင်ကြီး သိသည်မှာ ခုနက တိုက်ခိုက်သံများကြောင့် မြို့စောင့်စစ်သည်များ မကြာမီ ရောက်လာတော့မည် ဖြစ်သည်။

သူတို့မှာ သာမန်လူများ ဖြစ်သော်လည်း၊ ထိုစစ်သည်များ ရှိနေခြင်းက ဤတာအိုဆရာလေးကို အဟန့်အတား ဖြစ်စေလိမ့်မည်။ ထို့ပြင် မြို့တော်ထဲတွင် အစွမ်းထက်သော ပညာရှင်များလည်း ရှိနေနိုင်သဖြင့် အခြေအနေ ရှုပ်ထွေးသွားလျှင် သူ ထွက်ပြေးရန် ပိုမို လွယ်ကူသွားပေလိမ့်မည်။ ထို့ကြောင့် သူက တိုက်ခိုက်ရန် မလောဘဲ အချိန်ဆွဲနေခြင်း ဖြစ်သည်။

"မိစ္ဆာတွေရဲ့ ခေတ် ဟုတ်လား..."

"လူအချို့ကတော့ သူတို့ကိုယ်သူတို့ မြင့်မြတ်လှပြီ ထင်နေကြတာပဲ။ မင်းတို့ရဲ့ ပိုင်ကျီ နိုင်ငံတော်ရှင် ဆိုတဲ့လူနဲ့တင် မင်းတို့ရဲ့ အိပ်မက်တွေက ဝေးလွန်းပါသေးတယ်"

ဟု လီယန်ချူးက လှောင်ပြောင်လိုက်သည်။

ပိုင်ကျီနိုင်ငံတော်ရှင်ကို သူ မြင်ဖူးသည်။

သူမသည် ကလေးမလေးတစ်ဦး၏ ပုံစံရှိပြီး ထူးခြားသော လျှို့ဝှက်ချက်များ ရှိသော်လည်း၊ လောကကြီးကို သိမ်းပိုက်နိုင်လောက်သည့် အဆင့်အထိတော့ မဟုတ်ပေ။

လီယန်ချူး တွေ့ဆုံခဲ့စဉ်က သူမသည် အထွတ်အထိပ် အဆင့်တွင် မရှိခဲ့လျှင်ပင်၊ တစ်ကိုယ်တည်းနှင့် လောကကို သိမ်းပိုက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။

ယန်ဝိညာဥ် အဆင့်ရှိသော ပညာရှင်များမှာ ရှားပါးလှသော်လည်း၊ သူမသည် လုံဟူရှန်း သို့မဟုတ် တာ့ရှန့်‌ေကာဘုရားကျောင်းကနေတောင် လွတ်အောင် ထွက်နိုင်ပါ့မလား။

စုန့်သခင်ကြီးက ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။ ဤတာအိုဆရာလေး၏ စွမ်းအားမှာ ခန့်မှန်းရ ခက်လှရာ ယန်ဝိညာဥ် အဆင့်ရှိသူတစ်ဦး ဖြစ်နေနိုင်ပေသည်။ သူသည် စွမ်းအားများကို နောက်ဆုံးအကြိမ် လှည့်ပတ်လိုက်ပြီးနောက်

"ဗုဒ္ဓကြာဖြူ လျှို့ဝှက်အတတ်"

သူ၏ ကိုယ်ထည်မှာ တဖြည်းဖြည်းနှင့် ဝေဝါးလာတော့သည်။

"မင်းနဲ့ စကားပြောနေတာက အချိန်ဖြုန်းတာပဲ။ လောကကြီးက ဘယ်သူ့လက်ထဲ ရောက်မလဲဆိုတာ စောင့်ကြည့်နေလိုက်ပါ"

ဟု စုန့်သခင်ကြီး၏ အသံမှာ ဝေးလံသော နေရာမှ လာသကဲ့သို့ ပဲ့တင်ထပ်နေသည်။

လီယန်ချူးက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သော်လည်း၊ ပြင်းထန်သော လေလှိုင်းမှာ စုန့်သခင်ကြီး၏ ကိုယ်ထည်ကို တိုက်ရိုက် ဖြတ်သန်းသွားသည်။ ယခုအချိန်တွင် စုန့်သခင်ကြီး၏ ကိုယ်ထည်မှာ နာမ်လောကနှင့် ရုပ်လောကကြား ရောက်ရှိနေသဖြင့် တိုက်ခိုက်၍ မရနိုင်တော့ပေ။

"အလဟဿ အားမထုတ်ပါနဲ့၊ မင်း ငါ့ကို ဖမ်းထားလို့ မရဘူး။ မိစ္ဆာနိုင်ငံတော် အင်အားကြီးလာတဲ့အခါ မင်းရဲ့ ခေါင်းနဲ့ပဲ အောင်ပွဲခံရလိမ့်မယ်"

စုန့်သခင်ကြီး၏ မျက်နှာမှာ မြင့်မြတ်သော အသွင်ဆောင်နေပြီး၊ သူ၏ အသံမှာ ပိုမို ဝေးကွာသွားကာ အောင်နိုင်သူတစ်ဦး၏ အမူအရာ ရှိနေသည်။ အကယ်၍ ဤကြာဖြူလျှို့ဝှက်အတတ်သာ မရှိလျှင် သူသည် ယနေ့ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သူ၏ ကိုယ်ထည်မှာ ကြာဖြူနှင့်အတူ အပေါ်သို့ ဖြည်းဖြည်းချင်း လွင့်တက်သွားသည်။ ဤအတတ်သည် တိုက်ခိုက်မှု အားလုံးကို ခုခံနိုင်ရုံသာမက၊ လုံးဝ ပျောက်ကွယ်သွားသည့်အခါ သူ၏ အငွေ့အသက်မှာလည်း အစအန မကျန်တော့ပေ။ ထို့ကြောင့် သူသည် လီယန်ချူးကို လှောင်ပြောင်သလို ကြည့်ကာ

'ဟက်... တိုက်နိုင်ခိုက်နိုင်လည်း ဘာထူးမှာလဲ၊ ငါ့ကိုမှ ဖမ်းမထားနိုင်တာ'

စုန့်သခင်ကြီး၏ ကိုယ်ထည် ဝေဝါးနေစဉ်မှာပင်၊ သူ၏ မျက်စိရှေ့တွင် ဓားအလင်းတန်းတစ်ခု တဖျပ်ဖျပ် လက်သွားသည်။ ထိုဓားအလင်းမှာ အလွန်ပင် လျင်မြန်လှပြီး ကောင်းကင်မှ ကြယ်တာရာများကဲ့သို့ တောက်ပလှသည်။

ရွှပ်...

စုန့်သခင်ကြီး၏ ဦးခေါင်းပေါ်ရှိ ဗုဒ္ဓကြာဖြူမှာ တိုက်ရိုက် အပိုင်းပိုင်း ပြတ်သွားတော့သည်။

ဘုန်း...

သူ၏ ကိုယ်ထည်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး၊ မူလအတိုင်း ပြန်လည် ပေါ်လာတော့သည်။

"........" စုန့်သခင်ကြီး။

သူနှင့် လီယန်ချူးတို့ မျက်လုံးချင်း ဆုံသွားကြရာ အတော်လေး အနေရခက်စရာ ဖြစ်သွားသည်။ ကြုံးဝါးခဲ့သမျှ စကားတွေလည်း ပြောပြီးပြီ... ဒါပေမဲ့ ထွက်မပြေးနိုင်ခဲ့ဘူး။

သူ့မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေပြီး

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်တာ။ ဘာလို့လဲ..."

ဟု သူသည် ကြောင်တောင်တောင် ဖြစ်နေမိသည်။

"တကယ်ကို ဆန်းကြယ်တဲ့ အတတ်ပဲ။ ဒါပေမဲ့... အသုံးမပြုခင် အချိန်ယူရတာ အရမ်း ကြာလွန်းတယ်"

ဟု လီယန်ချူးက အေးဆေးစွာ ပြောသည်။

စုန့်သခင်ကြီးမှာ လီယန်ချူး ပြောသည်ကို နားမလည်သော်လည်း၊ ယခုအချိန်မှာ သေရေးရှင်ရေး ဖြစ်နေပြီမှန်း သိလိုက်သည်။

"မိုးသက်လေပြင်းနဲ့ မြေပြင်မီးတောက်များ လာစမ်း... အမိန့်တော်အတိုင်း ဖြစ်စေရမည်"

ရုတ်တရက် လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာပြီး၊ မြေပြင်မှလည်း တောက်လောင်နေသော မီးတောက်များ ထွက်ပေါ်လာကာ လီယန်ချူးတို့ကို ဝါးမျိုရန် ကြိုးစားတော့သည်။

သို့သော် လေပြင်းများမှာ လီယန်ချူး၏ အနီးသို့ ရောက်သောအခါ ပျောက်ကွယ်သွားသည်။ လီယန်ချူး၏ ကိုယ်ပေါ်တွင် "လေငြိမ်ပုတီး" ရှိနေသဖြင့် ဤမျှလောက်သော လေပြင်းမှာ သူ့အတွက် အန္တရာယ် မရှိပေ။

ထိုမီးတောက်များမှာလည်း လီယန်ချူး၏ အကာအကွယ် အငွေ့အသက်အောက်တွင် ငြိမ်းသတ်သွားရသည်။ စုန့်သခင်ကြီးမှာ ထိုမီးတောက်များထဲတွင် ပုန်းကွယ်နေသော်လည်း လီယန်ချူးက ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားအလင်း တစ်ချက် လက်သွားပြီးနောက် စုန့်သခင်ကြီး၏ ဒူးနှစ်ဖက်စလုံးမှာ ပြတ်တောက်သွားတော့သည်။ သို့သော် ထူးဆန်းသည်မှာ သူ၏ ခြေထောက်များ ပြတ်သွားသော်လည်း သွေးတစ်စက်မှ ထွက်မလာခြင်းပင်။

"ရုပ်အလောင်း ရုပ်သေးလား..."

လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။ ဤစုန့်သခင်ကြီး၏ ကိုယ်ထည်မှာ သူ၏ မူလကိုယ် မဟုတ်ဘဲ ရုပ်သေးရုပ် တစ်ခု ဖြစ်နေပုံရသည်။

ယခုအချိန်တွင် စုန့်သခင်ကြီးမှာ စိတ်ဓာတ်များ ပြိုလဲသွားပြီ ဖြစ်သည်။ ဒီတာအိုဆရာက အဆမတန် အစွမ်းထက်လွန်းနေပြီ မဟုတ်ပါလား။ သူသည် အားယူကာ ပြန်ထရပ်လိုက်သည်။ ခြေထောက်ပြတ်သွားသော ဒဏ်ရာက သူ့ကို ထိခိုက်မှု မရှိပုံရသော်လည်း၊ သူ၏ အရပ်မှာ ရုတ်တရက် ပုဝင်သွားပြီး အတော်လေး အကြည့်ရ ဆိုးသွားသည်။

ယခု မြင်ကွင်းမှာ အတော်လေး အနေရခက်စရာ ကောင်းလှသည်။ ခုနက သူသည် အရှိန်အဝါ အပြည့်ဖြင့် ကြုံးဝါးခဲ့ပြီး၊ နှာခေါင်းရှုံ့ကာ အနာဂတ်ကို ဟောကိန်းထုတ်ခဲ့သူ မဟုတ်ပါလား။

ပုံမှန်ဆိုလျှင် သူသည် ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ပြန်ပေါ်လာမှသာ ဤတာအိုဆရာလေးကို အဆုံးစီရင်ရမည် ဖြစ်သည်။ သို့သော် သူ ထွက်ပြေးမည့် ကြာဖြူကို လီယန်ချူးက ဓားနှင့် ခုတ်ချလိုက်သလို၊ သူ၏ မိုးသက်လေပြင်း မန္တန်မှာလည်း အရာမထင်ခဲ့ပေ။

နွေရာသီ ဖြစ်သော်လည်း စုန့်သခင်ကြီးမှာမူ ဆောင်းဦးလေအေး တိုက်ခတ်ခံရသကဲ့သို့ တစ်ကိုယ်လုံး အေးစိမ့်နေမိသည်။

"ဟိုလေ... တကယ်လို့ ကျွန်တော် ခုနက ပြောခဲ့တာတွေက နောက်ပြောင်တာလို့ ပြောရင်... တာအိုဆရာက ကျွန်တော့်ကို လွှတ်ပေးနိုင်မလား"

ဟု စုန့်သခင်ကြီးက စမ်းသပ်မေးမြန်းကြည့်သည်။

လီယန်ချူးက သူ၏ စကားကို ဂရုမစိုက်ဘဲ အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြောလိုက်သည်။

"ကြာပန်းဖြူဂိုဏ်းက လူတွေက ဒီလောက်တောင် သတ္တိနည်းတာလား"

ထိုစကားကို ကြားသောအခါ စုန့်သခင်ကြီး၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး

"တာအိုဆရာ ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က ဘယ်တုန်းက ကြာပန်းဖြူဂိုဏ်းက ဖြစ်သွားရမှာလဲ"

မြေခွေးမလေးသည်လည်း အံ့အားသင့်သွားပြီး သူမ၏ အထက်လူကြီးကို ကြည့်လိုက်သည်။

'ကြာပန်းဖြူဂိုဏ်းလား... ဟိုလျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်းပေါ့။ ငါ့ရဲ့ အထက်လူကြီးက သူလျှိုလား'

လီယန်ချူးက အေးဆေးစွာ ဆိုသည်။

"မင်းရဲ့ ခေါင်းပေါ်မှာ အဲ့ဒီလောက်ကြီးတဲ့ ကြာပန်းဖြူကြီး ပေါ်နေတာကို ငါတို့ကို မျက်စိကန်းနေတယ်လို့ မှတ်နေတာလား"

"........" စုန့်သခင်ကြီး။

"တာအိုဆရာ အထင်လွဲနေပါပြီ။ ကျွန်တော်က ပိုင်ကျီ မိစ္ဆာနိုင်ငံတော်ရဲ့ လက်အောက်ခံပါ၊ ဒီမြေခွေးမလေးနဲ့ တစ်ဖွဲ့တည်းပါ"

ဟု သူက ရယ်မောပြီး ငြင်းဆိုသည်။

"ဟက်..." လီယန်ချူးက နှာခေါင်းရှုံ့လိုက်သည်။

သူ၏ ရင်ဘတ်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး စုန့်သခင်ကြီး၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။

စုန့်သခင်ကြီးမှာ ထိတ်လန့်သွားပြီး ကိုယ်တွင်းရှိ စွမ်းအားများကို သုံးကာ ခုခံရန် ကြိုးစားသော်လည်း၊ သူ၏ ကိုယ်ထည်မှာ ရုတ်တရက် တောင့်တင်းသွားပြီး နတ်သက်ကြိုး ဖြင့် အချည်ခံလိုက်ရသကဲ့သို့ မလှုပ်နိုင်တော့ပေ။

ထိုအလင်းတန်းမှာ အရွယ်အစားကြီးမားသော ယမမင်းက‌ေလာင်တံ ပင် ဖြစ်သည်။ စုတ်တံမှ ထွက်ပေါ်လာသော ပြင်းထန်သော ဖိနှိပ်မှု စွမ်းအားသည် စုန့်သခင်ကြီးကို လုံးဝ ချုပ်နှောင်ထားလိုက်ပြီ ဖြစ်သည်။

"အခုမှ ထပ်ပြေးနိုင်ဦးမယ်ဆိုရင်တော့၊ ဒီမြေခွေးမလေးကို မင်းအတွက် မိန်းမအဖြစ် လက်ဆောင်ပေးလိုက်မယ်"

ဟု လီယန်ချူးက ပြုံးကာ ပြောလိုက်ပြီး လက်ထဲမှ မြေခွေးမလေးကို မြှောက်ပြလိုက်သည်။

"........" စုန့်သခင်ကြီး။

"........" မြေခွေးမလေး။

"........" ထဲ့ရှင်းဘုန်းကြီး။

လီယန်ချူးက ထဲ့ရှင်းဘုန်းကြီးကို ကြည့်ကာ

"ဘယ်လိုလဲ... မကြာခင် ကင်းလှည့်စစ်သည်တွေ ရောက်လာတော့မယ်။ မင်း ပြေးနိုင်သေးရဲ့လား"

ထဲ့ရှင်းဘုန်းကြီးက ခေါင်းယမ်းလိုက်ပြီး မျက်နှာရှုံ့မဲ့ကာ

"ဒဏ်ရာ အနည်းငယ်ပါပဲ၊ ဘာမှ မဟုတ်ပါဘူး"

"အင်း... ဒါဆို သွားကြစို့"

"အဲ... ဘာဖြစ်လို့လဲ မသိဘူး၊ ရုတ်တရက်ကြီး ခန္ဓာကိုယ်က အားပြတ်သွားသလိုပဲ၊ လမ်းမလျှောက်နိုင်တော့ဘူး"

ဟု ထဲ့ရှင်းဘုန်းကြီးက ဟန်ဆောင်ပြီး ပြောသည်။

မြေခွေးမလေးက "ခစ်" ကနဲ ရယ်မောလိုက်ပြီး

"ဒီဘုန်းကြီးက တကယ်ပဲ မျက်နှာရဖို့ ကြိုးစားနေတာလား" ဟု ဆိုသည်။

ထဲ့ရှင်းဘုန်းကြီးမှာ အတော်လေး အနေရခက်သွားရသည်။

လီယန်ချူးက ပြုံးကာ ခေါင်းယမ်းလိုက်ပြီး စိတ်အာရုံဖြင့် ယမမင်းက‌ေလာင်တံကို ပြန်သိမ်းလိုက်သည်။ ထို့နောက် ဒူးနှစ်ဖက် ပြတ်နေသော စုန့်သခင်ကြီးကို ဖမ်းဆွဲလိုက်သည်။ ယခုအချိန်တွင် စုန့်သခင်ကြီး၏ စွမ်းအားများမှာ လုံးဝ အပိတ်ခံထားရပြီ ဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ သူ၏ ကိုယ်ထည်မှာ တဖြည်းဖြည်းနှင့် စက္ကူအရုပ်ပုံစံသို့ ပြောင်းလဲလာပြီး လူပုံစံ ပျောက်ကွယ်လာခြင်းပင်။

လီယန်ချူး၏ ခါးတွင် အိတ်တစ်အိတ် ချိတ်ထားပြီး၊ ထိုအိတ်ထဲတွင် လွီရွှေကော၏ အလှမယ် ရှီးယွိ ရှိနေသည်။ သူ၏ ဘယ်ဘက်လက်တွင် မြေခွေးမလေးကို ကိုင်ထားပြီး၊ ညာဘက်လက်တွင် စုန့်သခင်ကြီးကို ဆွဲထားသည်။ ထို့နောက် ထဲ့ရှင်းဘုန်းကြီးဆီသို့ သူ၏ အငွေ့အသက်ကို ပို့လွှတ်လိုက်သည်။

"တျန်းကန်းလက်ဝါး - နဂါးနှင့် ကြိုးကြာကို ဖမ်းဆီးခြင်း"

ထဲ့ရှင်းဘုန်းကြီးမှာ ကြောင်သွားသည်။

လီယန်ချူး ဘာလုပ်မလဲဆိုတာ သူ မသိပေ။ 'သူက ဘာလို့ ငါ့ကို လာမထူတာလဲ' ဟု တွေးနေစဉ်မှာပင် လီယန်ချူး၏ ကိုယ်ထည်မှာ မှောင်မိုက်သော ညယံအတွင်းသို့ တစ်ခဏချင်း ပျောက်ကွယ်သွားသည်။

ထဲ့ရှင်းဘုန်းကြီးမှာ မှင်တက်သွားပြီး

'ဟင်... ငါ့ကို ထားခဲ့တာလား'

သို့သော် ချက်ချင်းပင် သူ၏ ကိုယ်ပေါ်သို့ ပြင်းထန်သော စွမ်းအားတစ်ခု သက်ရောက်လာပြီး၊ သူ၏ ကိုယ်ထည်မှာ ထိန်းချုပ်၍မရဘဲ လေထဲသို့ လွင့်ထွက်သွားတော့သည်။

လီယန်ချူးက ရှေ့မှ ပြေးနေပြီး၊ ထဲ့ရှင်းဘုန်းကြီးက နောက်မှ လိုက်နေသည်။ တိတိကျကျ ပြောရလျှင် လီယန်ချူးက စွန်လွှတ်နေသကဲ့သို့ ထဲ့ရှင်းဘုန်းကြီးကို သူ၏ အစွမ်းဖြင့် ဆွဲခေါ်သွားခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကင်းလှည့်စစ်သည်များ ရောက်ရှိလာကြသည်။ သူတို့သည် လီယန်ချူးကို မမြင်လိုက်သော်လည်း၊ လေထဲတွင် သွေးများ စိုရွှဲနေသော ထိပ်ပြောင်ကြီးတစ်ဦး ပျံသန်းသွားသည်ကို မြင်လိုက်ရသဖြင့် လန့်သွားကြသည်။

သူတို့သည် မြို့တော်တွင် နေထိုင်လာကြသဖြင့် ထူးဆန်းသော အတတ်ပညာရှိသူများကို မြင်ဖူးသော်လည်း ဤမြင်ကွင်းမှာ ထူးဆန်းလွန်းလှသည်။

"ဘယ်က မိစ္ဆာဘုန်းကြီးလဲ။ မြို့တော်ထဲမှာ ဆူပူအောင် လုပ်ရဲတယ်ပေါ့... မြားနဲ့ပစ်"

ဟု သန်မာသော အရာရှိတစ်ဦးက အမိန့်ပေးလိုက်သည်။

ရှူး... ရှူး... ရှူး...

မြားပေါင်းများစွာမှာ ထဲ့ရှင်းဘုန်းကြီးဆီသို့ ဦးတည် ပြေးဝင်သွားသည်။ ထဲ့ရှင်းဘုန်းကြီးမှာ ထိုမြားများကို မြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး ဗုဒ္ဓဘာသာ အတတ်ဖြင့် ခုခံရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် လီယန်ချူးက ရှေ့မှနေ၍ ကွေ့လိုက်ရာ၊ ထဲ့ရှင်းဘုန်းကြီးမှာလည်း နောက်မှနေ၍ ပိုမိုကြီးမားသော အကွေ့တစ်ခုဖြင့် လွင့်သွားတော့သည်။

လီယန်ချူးနှင့် သူ၏ကြားတွင် အငွေ့အသက်ဖြင့် ချိတ်ဆက်ထားသဖြင့် လီယန်ချူးက စွန်ကို ဝှေ့ယမ်းလိုက်သကဲ့သို့ ဖြစ်သွားခြင်း ဖြစ်သည်။ ထိုသို့ ဝှေ့ယမ်းလိုက်မှုကြောင့် ထဲ့ရှင်းဘုန်းကြီးမှာ မြားအားလုံးကို ရှောင်ကွင်းသွားပြီး၊ ထူးဆန်းသော လှုပ်ရှားမှုဖြင့် လမ်းကြားထဲသို့ ကျရောက်ကာ ပျောက်ကွယ်သွားတော့သည်။

ထိုအရာရှိကြီးမှာ မျက်မှောင်ကြုတ်ကာ

"အရာရှိမင်း... ဆက်လိုက်ကြဦးမလား" ဟု စစ်သည်တစ်ဦးက မေးသည်။

အရာရှိကြီးက ဒေါသတကြီး ဆဲဆိုတော့သည်။

"မင်း အမေကို လိုက်ခိုင်းလိုက်။ အဲ့ဒီဘုန်းကြီး ပျံသွားတဲ့ပုံကို မမြင်ဘူးလား၊ သေချင်လို့ လိုက်မလို့လား"

ထို့နောက် သူသည် လက်အောက်ငယ်သားများကို ခေါ်ကာ အမြန် ထွက်သွားတော့သည်။ ထိုဘုန်းကြီး ပျံသန်းသွားသည့် ပုံစံမှာ အလွန်ပင် ကောက်ကျစ်ပြီး ထူးဆန်းလှရာ၊ လေထဲတွင် စက်ဝိုင်းကြီးတစ်ခု ဆွဲသွားသကဲ့သို့ ရှိနေခြင်းကြောင့် အရာရှိကြီးပင် ကြောက်ရွံ့သွားခြင်း ဖြစ်သည်။

လီယန်ချူးသည် မြို့တော်ထဲတွင် လျင်မြန်စွာ ပြေးလွှားနေရင်း၊ လေထဲတွင် ဝဲနေသော ထဲ့ရှင်းဘုန်းကြီးကို ပြန်ကြည့်လိုက်သည်။ ထိုသို့ ပျံနေခြင်းမှာ လူသိများလွန်းလှသဖြင့် သူသည် ထဲ့ရှင်းဘုန်းကြီးကို အောက်သို့ နိမ့်ချလိုက်သည်။ ထို့နောက် ထဲ့ရှင်းဘုန်းကြီး၏ ကိုယ်ထည်ကို မြေပြင်နှင့် အပြိုင် ဖြစ်အောင် ပြောင်းလဲပေးလိုက်သည်။

လီယန်ချူးက ရှေ့မှ ပြေးနေပြီး၊ ထဲ့ရှင်းဘုန်းကြီးမှာမူ နောက်မှနေ၍ လီယန်ချူး၏ လှုပ်ရှားမှုအတိုင်း လိုက်ပါနေသည်။ လမ်းကွေ့များတွင် နံရံနှင့် မတိုက်မိစေရန် လီယန်ချူးက သူတို့ကြား အကွာအဝေးကို လျှော့ချပေးလိုက်သည်။ သို့သော် ထဲ့ရှင်းဘုန်းကြီး၏ ပျံသန်းပုံမှာ ယခုတော့ ပို၍ ထူးဆန်းသွားသည်။

သူသည် ဘေးတိုက် ပျံနေခြင်း ဖြစ်သည်။

ရှေးဟောင်း ပုံပြင်များတွင် နတ်ဘုရားများသည် နဂါးစီး၊ ကြိုးကြာစီး သို့မဟုတ် တိမ်စီးကာ မတ်တပ်ရပ် ပျံသန်းလေ့ ရှိကြသည်။ ယခု ထဲ့ရှင်းဘုန်းကြီး၏ ပျံသန်းပုံမှာမူ အနောက်တိုင်း သိပ္ပံဝတ္ထုထဲက "စူပါမန်း" တို့ကဲ့သို့ ဖြစ်နေသည်။

နောက်ဆုံးတွင် လီယန်ချူးသည် တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။ ထဲ့ရှင်းဘုန်းကြီး၏ ဒဏ်ရာမှာမူ ပြန်လည် မသက်သာသေးပေ။

ဤသည်ကို ကြည့်ခြင်းဖြင့် ခုနက စက္ကူအရုပ်များမှာ မည်မျှ အစွမ်းထက်ကြောင်း သိနိုင်သည်။ ထဲ့ရှင်းဘုန်းကြီးသည် တာ့ရှန့်‌ေကာ်ဘုရားကျောင်း မှ ပါရမီရှင် ကျဲခုံး ဘုန်းကြီးနှင့် တိုက်ခိုက်လျှင်ပင် ၅၀-၅၀ အခြေအနေ ရှိသူ ဖြစ်သည်။ သူ အခုလို ရှုံးနိမ့်သွားခြင်းမှာ သူ ညံ့၍ မဟုတ်ဘဲ ရန်သူက အလွန် အစွမ်းထက်လွန်းသောကြောင့် ဖြစ်သည်။

ဤစုန့်သခင်ကြီးမှာ ရုပ်သေးအတတ်ကို ကျွမ်းကျင်သူ ဖြစ်ပြီး၊ တိုက်ခိုက်မှု စွမ်းအားမှာလည်း အလွန် ပြင်းထန်သည်။ ထို့အပြင် ကိုယ်ထည်ကို ဝေဝါးစေသော ကြာဖြူလျှို့ဝှက်အတတ်လည်း ရှိနေသေးသည်။ ဤကဲ့သို့သော သူမျိုးကို မိစ္ဆာနိုင်ငံတော်က သူလျှိုအဖြစ် စေလွှတ်ထားခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

ယန်ဝိညာဥ် အဆင့်ရှိသူနှင့် မတွေ့သရွေ့ သူသည် လွတ်အောင် ပြေးနိုင်သူ ဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် ယနေ့ညတွင် သူသည် လီယန်ချူးနှင့် တွေ့ဆုံကာ အမှားအယွင်း ဖြစ်သွားရတော့သည်။

လီယန်ချူးသည် တိတ်ဆိတ်သော နေရာတွင် သူ ဖမ်းလာသူများကို ချထားလိုက်သည်။ ထိုသူများမှာ မိစ္ဆာနိုင်ငံတော်၏ စုန့်သခင်ကြီး၊ ဝမ်သခင်ကြီး ကိစ္စနှင့် ပတ်သက်နေသော မြေခွေးမလေး ရှောင်ထောင်၊ လီယန်ချူး၏ ခါးမှ အိတ်ထဲတွင်ရှိသော အလှမယ် ရှီးယွိ နှင့် ယနေ့ည အတူတူ အလုပ်လုပ်ခဲ့သော ထိပ်ပြောင်ကြီး ထဲ့ရှင်းဘုန်းကြီး တို့ ဖြစ်ကြသည်။

လီယန်ချူးက စုန့်သခင်ကြီးကို ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။

"ပိုင်ကျီ မိစ္ဆာနိုင်ငံတော်က ဒီမြို့တော်ထဲမှာ ဘာတွေ ကြံစည်နေတာလဲ။ မင်းရဲ့ ဒီရုပ်သေးကိုယ်ထည်က သာမန်မဟုတ်ဘူး၊ ဝိညာဉ် ပါဝင်နေတယ်။ မင်း အမှန်အတိုင်း ပြောမယ်ဆိုရင် ငါ မင်းကို လွှတ်ပေးမယ်"

စုန့်သခင်ကြီး၏ မျက်နှာမှာ စွမ်းအားများ အပိတ်ခံထားရသဖြင့် ပို၍ပင် ညှိုးနွမ်းနေသည်။

အကယ်၍ သူသာ မိစ္ဆာနိုင်ငံတော်အပေါ် သစ္စာရှိသူ ဆိုလျှင်တော့ အလွယ်တကူ ပြောပြလိမ့်မည် မဟုတ်ဘဲ၊ သူ၏ သတ္တိကို ပြသရန် အချိန်ဆွဲပေလိမ့်မည်။ သို့သော် ဤစုန့်သခင်ကြီးမှာ အထောက်အထား အမျိုးမျိုးရှိသော ဒုတိယအဆင့် သစ္စာဖောက် တစ်ဦးသာ ဖြစ်သည်။

"ပိုင်ကျီ မိစ္ဆာနိုင်ငံတော်က ရှေးဟောင်း မိစ္ဆာသားရဲကြီး တစ်ကောင်ကို ပြန်လည် အသက်သွင်းဖို့ ကြံစည်နေတာပါ။ အဲ့ဒီအချိန်ကျရင် ဒီမြို့တော်ထဲမှာရှိတဲ့ ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"

စုန့်သခင်ကြီးက မိစ္ဆာနိုင်ငံတော်၏ လျှို့ဝှက်ချက်ကို အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ အကုန် ပြောပြလိုက်တော့သည်။

'မိစ္ဆာနိုင်ငံတော်ရဲ့ ကိစ္စက ငါ့ကြာပန်းဖြူဂိုဏ်းဝင် တစ်ယောက်နဲ့ ဘာဆိုင်လို့လဲ'

ဟူသော သဘောပင်။

ထိုစကားကို ကြားလိုက်ရသောအခါ ထဲ့ရှင်းဘုန်းကြီးမှာ အံ့သြတုန်လှုပ်သွားတော့သည်။

လီယန်ချူးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ရှေးဟောင်း မိစ္ဆာသားရဲကြီး ဟုတ်လား..."

အခန်း (၇၆၀) - စစ်ဆေးမေးမြန်းခြင်း၊ သေရာမှ ပြန်လည်ရှင်သန်ခြင်းနှင့် ဒဏ္ဍာရီလာ ရွာကလေး

"အသေးစိတ် ပြောစမ်း"

လီယန်ချူးက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။ ရှေးဟောင်းမိစ္ဆာသားရဲကြီးဟု အမည်တပ်ခံရသည့်အရာမှာ သာမန်အဆင့်အတန်းမျိုး မဟုတ်နိုင်သည်မှာ သေချာသည်။ လီယန်ချူးကိုယ်တိုင်ပင် ဤသတင်းစကားကြောင့် အတော်လေး အံ့အားသင့်သွားရသည်။

စုန့်သခင်ကြီးမှာ တိတ်ဆိတ်သွားပြန်သည်။ လီယန်ချူးက မျက်ခုံးပင့်ကာ

"မပြောချင်ဘူးလား"

စုန့်သခင်ကြီးက ခေါင်းယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလျက်

"မပြောချင်တာ မဟုတ်ပါဘူး တာအိုဆရာ ... ကျွန်တော် တကယ်ပဲ အသေးစိတ် အစီအစဉ်ကို မသိတာပါ"

လီယန်ချူးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး

"မင်းရဲ့ စွမ်းအားအရဆိုရင် ပိုင်ကျီမိစ္ဆာနိုင်ငံတော်မှာ အဆင့်မြင့်အရာရှိ ဖြစ်နေလောက်ပြီ။ အခုကျမှ ဘာမှမသိဘူးလို့ ပြောနေတာလား"

"တာအိုဆရာ... ဒီလူက တကယ်ကို အရေထူနေတာပဲ။ သူ့ကို အရှင်လတ်လတ် အရေခွံခွာပြီး အသားတွေကို တစ်စစီ လှီးဖြတ်ပစ်ဖို့ ကျွန်မ အကြံပေးပါတယ်။ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ရအောင်"

ဟု မြေခွေးမလေးက ဒေါသတကြီး ကြားဖြတ်ပြောသည်။

စုန့်သခင်ကြီး၏ မျက်နှာ ပျက်သွားကာ ပြန်လည် ဆဲဆိုတော့သည်။

"ဒီမြေခွေးမက ဘာတွေ လာရှုပ်နေတာလဲ။ တာအိုဆရာ ဘာလုပ်မလဲဆိုတာ သူ့ဘာသာ သိတယ်။ မင်းက ဘာမို့လို့ လာပြီး လက်ညှိုးထိုးနေရတာလဲ"

တစ်ဦးက ဓားနှင့်ထိုး၊ တစ်ဦးက ဘေးကနေ မြှောက်ပင့်ပေးနေကြသဖြင့် လီယန်ချူး၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားကာ သူတို့နှစ်ဦး၏ ဆဲဆိုပွဲကို တားဆီးလိုက်သည်။ သူသည် စုန့်သခင်ကြီးကို အေးစက်စွာ စိုက်ကြည့်လျက်

"မြေခွေးမလေး ပြောတာလည်း အကျိုးအကြောင်း ရှိသားပဲ။ မင်း တကယ်လို့ မပြောဘူးဆိုရင်လည်း မင်းကို ပြုပြင်ပေးဖို့ ငါ့မှာ တခြား နည်းလမ်းတွေ ရှိပါတယ်"

"........"

စုန့်သခင်ကြီး တစ်ကိုယ်လုံး တုန်ရင်သွားကာ အလောတကြီး ရှင်းပြတော့သည်။

"တာအိုဆရာကြီး... ဒီကိစ္စရဲ့ အသေးစိတ်ကို ကျွန်တော် တကယ် မသိတာပါ။ ကျွန်တော်က လူသားမျိုးနွယ်လေ။ မိစ္ဆာနိုင်ငံတော်ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်နေပေမဲ့ အဓိက အစီအစဉ်တွေကိုတော့ သူတို့ ကျွန်တော့်ကို ပေးမသိကြဘူး"

လီယန်ချူး ခဏမျှ စဉ်းစားလိုက်ပြီး မြေပြင်ပေါ်တွင် တရားထိုင်ကာ အားပြန်ဖြည့်နေသော ထဲ့ရှင်းဘုန်းကြီးကို လှည့်မေးလိုက်သည်။

"အမှန်‌ေပြာခြင်းမန္တန် က ဒီလူ့အပေါ် သက်ရောက်မှု ရှိမလား"

ထဲ့ရှင်းဘုန်းကြီးက ခေါင်းယမ်းလျက်

"မဖြစ်နိုင်ဘူး ထင်တယ်"

ဗုဒ္ဓဘာသာ၏ အမှန်‌ေပြာခြင်း မန္တန်မှာ ကံကြမ္မာဆိုင်ရာ အတတ်မျိုး မဟုတ်ဘဲ ဗုဒ္ဓ၏ တန်ခိုးတော်ဖြင့် စိတ်နှလုံးကို သန့်စင်စေခြင်းသာ ဖြစ်သည်။ ယခု စုန့်သခင်ကြီးမှာ လီယန်ချူး၏ ဖိနှိပ်ခြင်းကို ခံထားရသော်လည်း သူသည် အမှန်တကယ်ပင် ယင်ဝိညာဉ် အထွတ်အထိပ် အဆင့်တွင် ရှိနေသူ ဖြစ်သည်။ ထဲ့ရှင်းဘုန်းကြီးမှာ သူ၏ ကျင့်ကြံမှုအဆင့်အောက် နိမ့်ကျနေသဖြင့် မန္တန်မှာ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။

"ကောင်းပြီလေ... ဒါဆိုရင် ထားလိုက်တော့။ ဒီလူ့ကို သတ်လိုက်မယ်"

လီယန်ချူးက အေးအေးဆေးဆေးပင် ဆုံးဖြတ်လိုက်သည်။

"........" စုန့်သခင်ကြီး။

သူသည် မျက်လုံးပြူးသွားကာ အလန့်တကြား အော်ပြောတော့သည်။

"မလုပ်ပါနဲ့... မသတ်ပါနဲ့ဦး ကျွန်တော့်ဆီမှာ တခြား သတင်းအချက်အလက်တွေ ရှိပါသေးတယ် "

လီယန်ချူးက သူ့ကို ရွံရှာသလို ကြည့်ကာ

"ဒီလောက် အရေးကြီးတဲ့ ကိစ္စတွေကိုတောင် မသိတဲ့လူက ဘာသတင်း ပေးနိုင်မှာလဲ"

စုန့်သခင်ကြီးက အမြန်ပင်

"မေးပါဦး မေးပါဦး တာအိုဆရာကြီး"

သူ မမျှော်လင့်ထားသည်မှာ လီယန်ချူးက ရှေ့တစ်ခွန်းတွင် ပြုပြင်ပေးမည်ဟု ပြောပြီး၊ နောက်တစ်ခွန်းတွင် မေးရတာ ပျင်းစရာကောင်းသဖြင့် တန်းသတ်မည်ဟု ပြောခြင်းပင်။ ဤလူက ဘယ်လိုလူမျိုးပါလိမ့်။

လီယန်ချူးက သူ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် စုန့်သခင်ကြီး တစ်ကိုယ်လုံး အေးစိမ့်သွားရသည်။

"ကောင်းပြီ... ကျန်းနန်မင်းသားစံအိမ် ထဲက ကိစ္စတွေက ဘာလဲ"

"အဲ... အဲဒါက... မ... မသိပါဘူး"

"ဒါဆိုရင် ရှေးဟောင်းမိစ္ဆာသားရဲက ဘာလဲဆိုတာတော့ မင်းသိမှာပေါ့ "

"မ... မသိပါဘူး"

"ဟက်"

လီယန်ချူးက အေးစက်စွာ ရယ်မောလိုက်သည်။

"သတ္တိရှိသားပဲ..."

သူသည် ရှေ့သို့ တိုးကာ လက်ဖြင့် ဖမ်းဆွဲလိုက်ရာ ပြင်းထန်သော နတ်စွမ်းအားများ သူ၏ လက်ဝါးတွင် လှိုင်းထသွားသည်။

ဝိညာဉ်ဖမ်းယူခြင်း အတတ်

စုန့်သခင်ကြီး၏ ကိုယ်ပေါ်တွင် ရုတ်တရက် အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး လူးလွန့်နေတော့သည်။ ခဏချင်းအတွင်းမှာပင် လီယန်ချူးက ဆွဲထုတ်လိုက်ရာ စုန့်သခင်ကြီးနှင့် တစ်ပုံစံတည်း တူသော လူတစ်ဦးသည် သူ၏ ရုပ်သေးကိုယ်ထည်အတွင်းမှ ကျွတ်ထွက်လာတော့သည်။

၎င်းမှာ စုန့်သခင်ကြီး၏ မူလဝိညာဉ် ပင် ဖြစ်သည်။

ယခင်က ဤဝိညာဉ်ကို ယမမင်းကလောင်တံ ဖြင့် တိုက်ရိုက် ချိပ်ပိတ်ထားခဲ့သဖြင့် ရုပ်ခန္ဓာနှင့် ဝိညာဉ် စွမ်းအားများအားလုံး တစ်ပြိုင်နက် အပိတ်ခံထားရခြင်း ဖြစ်သည်။

ယခုအချိန်တွင် စုန့်သခင်ကြီးမှာ အံ့အားသင့် ထိတ်လန့်နေမိသည်။ သူ၏ ရုပ်သေးအတတ်မှာ ဂိုဏ်း၏ ရှေးဟောင်း အမွေအနှစ်မှ လာခြင်းဖြစ်ပြီး ဝိညာဉ်နှင့် ရုပ်ခန္ဓာကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ခန္ဓာကိုယ်ပြင်ပ ကိုယ်ပွား နှင့် ဆင်တူသည်။ ဤဝိညာဉ်သည် ရုပ်သေးခန္ဓာနှင့် လုံးဝ တစ်သားတည်း ဖြစ်နေသဖြင့် ဝိညာဉ်ခွဲထုတ်ခြင်း သို့မဟုတ် ဝိညာဉ်ပုံရိပ် ဖော်ဆောင်ခြင်းများ မလုပ်နိုင်သော်လည်း၊ တကယ်တမ်းတွင်မူ အပိုအသက်တစ်ချောင်း ရထားခြင်းနှင့် တူညီသည်။

ထို့ကြောင့်ပင် ဝိညာဉ်နှင့် ရုပ်သေးကိုယ်ထည်၏ ဆက်နွှယ်မှုမှာ အလွန် ရှုပ်ထွေးခိုင်မာလှသည်။

အကျိုးကျေးဇူးမှာ ဝိညာဉ်ကို ဆွဲထုတ်ခြင်း သို့မဟုတ် အော်ခေါ်ခြင်းဆိုင်ရာ အတတ်များကို မကြောက်ရခြင်းပင်။ ဝိညာဉ်တိုက်ခိုက်မှု ကျွမ်းကျင်သူအချို့ပင် စုန့်သခင်ကြီးကို ဘာမှမလုပ်နိုင်ကြချေ။ သို့သော် ဤကဲ့သို့ ခိုင်မာသော ဆက်နွှယ်မှုကို လီယန်ချူးက လက်တစ်ဖက်ဖြင့် ဆွဲထုတ်ပစ်လိုက်သဖြင့် စုန့်သခင်ကြီး အကြီးအကျယ် တုန်လှုပ်သွားခြင်း ဖြစ်သည်။

"ငါ့ကို လာနောက်နေတာလား"

လီယန်ချူးက အေးစက်စွာ ဆိုသည်။

ဒီလူက အကုန်ပြောပြတော့မည့်ပုံစံ ဖမ်းနေပြီးမှ တကယ်တမ်း မေးသည့်အခါကျ "သုံးခွန်းမေး သုံးခွန်းမသိ" ဖြစ်နေသည်။ ထို့ထက် ပိုဆိုးသည်မှာ သူ့ကို မေးခိုင်းပြီးမှ မသိဘူးဟု ပြန်ဖြေနေခြင်းပင်။

ဒါက ငါ့ကို စိန်ခေါ်နေတာလား

လီယန်ချူး၏ လက်ဝါးထဲတွင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး စုန့်သခင်ကြီး၏ ဝိညာဉ်ကို စတင် မြှိုက်ကင်တော့သည်။

"အားးးးးးးးးး"

စုန့်သခင်ကြီး၏ ဝိညာဉ်ထံမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လီယန်ချူး၏ လက်ထဲမှ မီးတောက်မှာ ယန်မီးတောက် ဖြစ်ရာ သူကဲ့သို့ ယင်ဝိညာဉ်များအတွက်မူ တောက်လောင်နေသော မီးဖိုကြီးထဲသို့ ရောက်သွားသကဲ့သို့ပင်။ တကယ်တမ်းတွင် ယန်မီးတောက် အနည်းငယ်မျှ ဝိညာဉ်ပေါ်သို့ ကျရောက်ရုံဖြင့်ပင် ဖော်ပြမရနိုင်သော နာကျင်မှုကို ခံစားရစေသည်။

ဝိညာဉ်မှာ မည်မျှပင် အစွမ်းထက်ပါစေ၊ ရုပ်ခန္ဓာမရှိသော အခြေအနေတွင် အလွန် နုနယ်လှသည်။

"တာအိုဆရာကြီး... ကျွန်တော် ခင်ဗျားကို မလိမ်ပါဘူး ခင်ဗျားမေးတဲ့ ကိစ္စတွေကို ကျွန်တော် တကယ် မသိလို့ပါ"

စုန့်သခင်ကြီးက နာကျင်မှုနှင့် နာကျည်းမှု ပေါင်းစပ်ကာ အော်ဟစ်သည်။

"ပိုင်ကျီမိစ္ဆာနိုင်ငံတော်က ဒီလောက် ကိစ္စအများကြီး ကြံစည်နေတာကို မင်းက ဘာမှ မသိဘူးလား"

လီယန်ချူးက အေးစက်စွာ ရယ်မောလိုက်သည်။ သူ လုံးဝ မယုံကြည်ပေ။

"တကယ်ပါ... ပိုင်ကျီမိစ္ဆာနိုင်ငံတော်ရဲ့ ခုနစ်ပါးအာရုံ အရှင်သခင် သေဆုံးသွားပေမဲ့ အကြီးအကဲတွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်က နောက်မှ ဝင်လာတဲ့ အကူအကြီးအကဲ တစ်ယောက်ပါ။ ကျန်းနန်မြို့တော်ထဲက ကိစ္စတွေကိုပဲ တာဝန်ယူရတာပါ။ ကျန်တဲ့ ကိစ္စတွေကို တခြားလူတွေက သီးသန့် တာဝန်ယူကြတာမို့ ကျွန်တော် တကယ် ဘာမှ မသိတာပါ။ လူနဲ့ မိစ္ဆာကြားမှာ လမ်းကြောင်း မတူတဲ့အတွက် ကျွန်တော်က မိစ္ဆာတွေကြားမှာ အနှိမ်ခံရပါတယ်..."

"အားးးးးးးးးးးး" စုန့်သခင်ကြီးမှာ အဆက်မပြတ် အော်ဟစ်နေရသည်။ ယန်မီးတောက်ဖြင့် ဝိညာဉ်ကို မြှိုက်ကင်ခံရသော နာကျင်မှုမှာ သူ လုံးဝ တောင့်မခံနိုင်သော အရာပင်။

"မင်းရဲ့ ဒီရုပ်သေးထဲမှာ ဝိညာဉ်တစ်ခုနဲ့ လိပ်ပြာသုံးခုကို ထည့်ထားတာ။ အဲဒီ ဝိညာဉ် အစိတ်အပိုင်းတွေ အစအန မကျန် ပျောက်ကွယ်သွားတာကို မြင်ချင်ရင်တော့ ဆက်ပြီး တောင့်ခံထားလိုက်လေ"

လီယန်ချူးက အေးစက်စွာ ဆိုသည်။

"တာအိုဆရာကြီးကို လိမ်ဖို့ လုံးဝ မဝံ့ရဲပါဘူး"

စုန့်သခင်ကြီး၏ ဝိညာဉ်မှာ လိမ်ဖယ်ကာ အလွန်အမင်း နာကျင်နေရသည်။

မြေခွေးမလေးမှာ တစ်ချက် ထပ်ဆင့်နှိမ်ချင်သော်လည်း ရှေ့မှ ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် လန့်သွားရသည်။ စုန့်သခင်ကြီး၏ ရုပ်သေးအတတ် မည်မျှ နက်နဲသည်ကို သူမ အနည်းငယ် သိထားသော်လည်း၊ ဤလူငယ် တာအိုဆရာက အထဲမှ ဝိညာဉ်ကို လက်ဖြင့် ဆွဲထုတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လီယန်ချူးက စုန့်သခင်ကြီးကို ကြည့်ကာ ဆက်မမေးတော့ဘဲ ဝိညာဉ်ကို ယန်မီးဖြင့် ဆက်လက် မြှိုက်ကင်ထားလိုက်သည်။

"အားးးးးးးးးး" စုန့်သခင်ကြီး၏ ဝိညာဉ်မှာ စူးစူးဝါးဝါး အော်ဟစ်နေတော့သည်။

ကောင်းကင်ဘုံကသာ သိပါလိမ့်မည်။ သူသည် တကယ်တမ်းတွင် သူသိသမျှကို အကုန်ပြောပြချင်နေခြင်း ဖြစ်သည်။ အကြောင်းမှာ သူသည် ကြာပန်းဖြူဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးသာ ဖြစ်ပြီး ပိုင်ကျီမိစ္ဆာနိုင်ငံတော်နှင့် ပတ်သက်မှုမှာ သိပ်မနက်နဲလှပေ။

သို့သော် ဆက်ဆံရေး မနက်နဲသဖြင့်ပင် သူသည် အဓိက လျှို့ဝှက်ချက်များကို မသိရှိခဲ့ခြင်း ဖြစ်သည်။ လီယန်ချူး မေးသမျှကိစ္စများကို သူ တကယ်ပင် မသိခဲ့ပါ...။

ယခုတွင်မူ သူ၏ ဝိညာဉ်မှာ ယန်မီးဖြင့် မြှိုက်ကင်ခံရသော ဒုက္ခကို ခံစားနေရသည်။ သူ၏ အော်ဟစ်သံမှာ ဝိညာဉ်အခြေအနေမှ ထွက်ပေါ်လာခြင်း ဖြစ်သဖြင့် အပြင်သို့တော့ မပေါက်ကြားပေ။ လီယန်ချူးက သူ့ကို ဘေးသို့ ပစ်ထားလိုက်ပြီး ဆက်လက် မြှိုက်ကင်ထားကာ မြေခွေးမလေးကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။

မြေခွေးမလေးမှာ မိုးကြိုးပစ်ခံရသကဲ့သို့ တုန်တက်သွားကာ သွေးကြောများပင် ခဲသွားသလို ခံစားလိုက်ရသည်။

"တာ... တာအိုဆရာကြီး... ကျွန်မက အောက်ခြေအဆင့်လေးပါ၊ မိစ္ဆာနိုင်ငံတော်ရဲ့ ကိစ္စတွေကို သိပ်မသိပါဘူး..."

"နောက်ထပ် သစ္စာရှိတဲ့ အမှုထမ်းတစ်ယောက်ပေါ့လေ"

လီယန်ချူးက လှောင်ရယ်လိုက်သည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်မ ဆိုလိုတာက တာအိုဆရာကြီး မေးသမျှ ကျွန်မ ဖြေပါ့မယ်။ ဒါပေမဲ့ မသိတဲ့ ကိစ္စဆိုရင်တော့ ကျွန်မရဲ့ စေတနာကို မသံသယဖြစ်ပါနဲ့လို့ ပြောတာပါ"

ဟု မြေခွေးမလေးက အလျင်အစလို ရှင်းပြသည်။

"ရှောက်ယန်ခရိုင်က ဝမ်သခင်ကြီး ကိစ္စက ဘာလဲ"

လီယန်ချူးက မေးသည်။

မြေခွေးမလေးသည် သူမ စုန့်သခင်ကြီးကို ပြောပြခဲ့သည်များကို တစ်ခေါက် ထပ်ပြောပြလိုက်သည်။ ထို့အပြင်

"အခု အဲဒီ လျှို့ဝှက်စာအုပ်ကို ကျွန်မ စုန့်သခင်ကြီးဆီ ပေးလိုက်ပါပြီ။ ဒါပေမဲ့ သူ ဘယ်လို လုပ်လိုက်သလဲဆိုတာတော့ မသိတော့ဘူး"

ဟု ပြောကာ ပြဿနာကို စုန့်သခင်ကြီးဆီသို့ ပြန်လွှဲချလိုက်သည်။

"လျှို့ဝှက်စာအုပ်"

"သေရာမှ ပြန်လည်ရှင်သန်ခြင်း"

လီယန်ချူး ဤစကားကို ကြားသောအခါ စိတ်ဝင်စားသွားသည်။ ယခင်က သူသည် မြေခွေးမလေး၏ အငွေ့အသက်နောက်ကို လိုက်လာရင်း နာရေးဆိုင်ထဲ ရောက်ခဲ့ခြင်း ဖြစ်သဖြင့် သူမနှင့် စုန့်သခင်ကြီးတို့၏ စကားဝိုင်းကို မကြားခဲ့ရပေ။ ယခု ဝမ်သခင်ကြီး သေရာမှ ပြန်ရှင်လာသည်ကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားခြင်း ဖြစ်သည်။

ကိစ္စက အရေးကြီးသဖြင့် သူသည် ယန်မီးကို ပြန်သိမ်းကာ စုန့်သခင်ကြီးကို ကြည့်လိုက်သည်။ စုန့်သခင်ကြီးမှာ အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး နာကျင်မှုကြားမှ သတိပြန်ဝင်လာရန် ကြိုးစားနေရသည်။

လီယန်ချူးက ခဏမျှ စဉ်းစားပြီး တည်ငြိမ်သော အသံဖြင့် မေးလိုက်သည်။

"မြေခွေးမလေး ပြောတဲ့ လျှို့ဝှက်စာအုပ်က ဘာလဲ။ အခု ဘယ်မှာလဲ"

စုန့်သခင်ကြီး၏ နှုတ်ခမ်းများ တုန်ရီသွားကာ

"အဲဒီ စာအုပ်ရဲ့ အရင်းအမြစ်ကို ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ အဲဒါကို ကျွန်တော် ဖန့်အကြီးအကဲ ဆီကို လွှဲပေးလိုက်ပါပြီ။ အခု ဖန့်အကြီးအကဲ မြို့တော်ထဲမှာ ရှိသေးလားတော့ မသိပါဘူး"

စုန့်သခင်ကြီးမှာ သတိပြန်ဝင်လာပြီးနောက် လီယန်ချူး ထပ်မံ မြှိုက်ကင်မည်ကို စိုးရိမ်သဖြင့် တစ်ဆက်တည်း အကုန်ပြောပြလိုက်ခြင်း ဖြစ်သည်။

လီယန်ချူးက "ဖန့်အကြီးအကဲက ဘယ်သူလဲ" ဟု မေးသည်။

စုန့်သခင်ကြီးက အလောတကြီး ရှင်းပြသည်

"ဖန့်အကြီးအကဲက မိစ္ဆာနိုင်ငံတော်ထဲမှာ သက်တမ်းအရှည်ဆုံးသူပါ။ သတင်းတွေအရ အခု ပိုင်ကျီနိုင်ငံတော်ရှင်ကိုတောင် ဖန့်အကြီးအကဲက ပျိုးထောင်ပေးခဲ့တာလို့ သိရပါတယ်။ အဲဒါအပြင် သူက ချီလင် သွေးမျိုးဆက် တစ်ယောက်ကိုလည်း ပျိုးထောင်ပေးခဲ့ပြီး မိစ္ဆာနိုင်ငံတော်ထဲမှာ သြဇာအရမ်း ကြီးမားပါတယ်"

နှိပ်စက်ခံရပြီးနောက် စုန့်သခင်ကြီးမှာ လီယန်ချူး မယုံမည်ကို အလွန် ကြောက်ရွံ့နေမိသည်။

ချီလင် သွေးမျိုးဆက်

လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။ ဤစုန့်သခင်ကြီး ပြောနေသည်မှာ ယခင်က လင်ရှီးဘုရားကျောင်းအနီးရှိ ချိုင့်ဝှမ်းတွင် သူ တွေ့ခဲ့သော 'ချီလင်သား' ဖြစ်ရပေမည်။

လီယန်ချူး စကားမပြောသည်ကို မြင်သောအခါ စုန့်သခင်ကြီးမှာ ပို၍ စိုးရိမ်လာကာ

"အဲဒီ ချီလင်သွေးမျိုးဆက်က တကယ်ကို ကြောက်ဖို့ကောင်းပါတယ်။ အချိန်တိုအတွင်းမှာပဲ ယင်ဝိညာဉ် အထွတ်အထိပ်ကို ရောက်သွားခဲ့တယ်။ ဖန့်အကြီးအကဲက သူ့အတွက် ကြီးမားတဲ့ အစီအစဉ်တွေ လုပ်ထားပေးတယ်လို့ ကြားရပါတယ်။

အခုဆိုရင် အဲဒီ ချီလင်ဟာ ယန်ဝိညာဉ် အဆင့်ကို ရောက်နေလောက်ပြီ။ တာအိုဆရာကြီး တွေ့ရင် သတိထားပါ။ ဒီချီလင်ဟာလည်း ရှေးဟောင်း မိစ္ဆာသားရဲတွေထဲက တစ်ကောင်ပါပဲ"

သူ ပြောနေပုံမှာ လီယန်ချူးနှင့် တစ်ဖွဲ့တည်းကျနေသကဲ့သို့ပင်။ ထိုကဲ့သို့ စိုးရိမ်ပူပန်ပေးနေသော အမူအရာမှာ တကယ်ပင် ကြည့်ကောင်းလှသည်။

မြေခွေးမလေးက နှုတ်ခမ်းမဲ့ကာ အေးစက်စွာ ရယ်မောလိုက်သည်။

"ဟက် ရှင်က အမြဲတမ်း သေလူလို မျက်နှာပေးနဲ့ နေတာလို့ပဲ ကျွန်မ ထင်နေခဲ့တာ"

သူမသည် စုန့်သခင်ကြီးနှင့် အတူ အလုပ်လုပ်စဉ်က တစ်ဖက်လူ၏ အေးစက်ခက်ထန်သော မျက်နှာပေးနှင့် ဖိနှိပ်မှုများကိုသာ မြင်ဖူးခဲ့သဖြင့်၊ ယခုကဲ့သို့ စိုးရိမ်ပေးနေသော အပြုံးမျိုး မြင်ရသည်ကို အလွန်ပင် မထီမဲ့မြင် ဖြစ်နေခြင်း ဖြစ်သည်။

လီယန်ချူးကတော့ ဘာမှ ဝင်မပြောပေ။ ထိုချီလင်သွေးမျိုးဆက်မှာ သူ၏လက်ဖြင့် သွေးချီဆေးလုံး အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ပိုင်ကျီမိစ္ဆာနိုင်ငံတော်၏ အစီအစဉ်တစ်ခု လျော့သွားပြီဟု ဆိုရမည်။

"အဲဒီ ဖန့်အကြီးအကဲကို ဘယ်လို ဆက်သွယ်ရမလဲ"

လီယန်ချူးက ဆက်မေးသည်။

"ပုံမှန်ဆိုရင် သူကပဲ ကျွန်တော့်ကို လာဆက်သွယ်တာပါ။ ကျွန်တော် သူ့ကို ဆက်သွယ်လို့ မရပါဘူး။ တာအိုဆရာကြီး... ကျွန်တော် ခင်ဗျားအပေါ် တကယ် သစ္စာရှိပါတယ်။ နောင်ကျရင် ခင်ဗျားရဲ့ နောက်လိုက်အဖြစ် အမှုထမ်းပါရစေ"

ဟု စုန့်သခင်ကြီးက အလောတကြီး ဖြည့်စွက်ပြောသည်။

သူသည် ဝမ်းနည်းနေမိသည်။ ဤလူငယ် တာအိုဆရာအတွက် သူ ပေးနိုင်သော သတင်းက သိပ်မရှိသဖြင့် နောက်တစ်မိနစ်တွင် သူ့ကို အရှင်လတ်လတ် မြှိုက်ကင်သတ်ပစ်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ မြင့်မြတ်သော မာန်မာနကို ချကာ အညံ့ခံလိုက်ခြင်း ဖြစ်သည်။

"မေးတာကိုပဲ ဖြေစမ်းပါ၊ သစ္စာလာရှိမနေနဲ့"

လီယန်ချူးက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ဘေးတွင် စကားပြောချင်သော်လည်း အောင့်ထားရသော ထိပ်ပြောင်ကြီး ထဲ့ရှင်းဘုန်းကြီးကို တစ်ချက်ကြည့်ကာ စုန့်သခင်ကြီးကို မေးလိုက်သည်။

"ပိုးထည်ဆိုင်ရဲ့ သခင်လေး ကျိုးတင့် ဘယ်လို သေသွားလဲဆိုတာ မင်း သိလား"

ထဲ့ရှင်းဘုန်းကြီးမှာ သက်ပြင်းချလိုက်နိုင်သည်။

နောက်ဆုံးတော့ ငါ့ကိစ္စကို မေးပြီ

"ကျိုးတင့်ကို သတ်တာက 'ရွာ' ထဲက လူတွေပါ။ မိစ္ဆာနိုင်ငံတော်နဲ့ မဆိုင်သလို ကျွန်တော်နဲ့လည်း မဆိုင်ပါဘူး"

ဟု စုန့်သခင်ကြီးက အမြန် ဖြေသည်။

"ရွာ" လီယန်ချူး၏ မျက်လုံးများ လက်သွားသည်။

‌ေကာင်းပုရွာ ၏ သဲလွန်စမှာ လျှို့ဝှက်စာအုပ်ကြောင့် ပြတ်တောက်သွားပြီဟု ထင်ထားသော်လည်း၊ ဤကျိုးတင့် သေဆုံးမှုက ထိုရွာနှင့် ပတ်သက်နေသည်ဟု မထင်မှတ်ဘဲ သိလိုက်ရခြင်း ဖြစ်သည်။

"ဘယ်ရွာလဲ။ အသေးစိတ် ပြောစမ်း"

"အဲဒါ ကျန်းနန်မြို့နယ်ထဲက ရွာတစ်ရွာပါ။ နာမည်တော့ မရှိဘူး။ အဲဒီရွာက လူတွေက အပြင်လူနဲ့ သိပ်မဆက်ဆံကြဘူး။ ဒါပေမဲ့ အင်အားကြီးအဖွဲ့အချို့နဲ့တော့ ဆက်ဆံရေး ရှိကြတယ်"

"ဘာဆက်ဆံရေးလဲ"

"ကုန်သွယ်မှုပါ... 'လူသတ်ကုန်သွယ်မှု' ပေါ့။ အဲဒီရွာက အပ်နှံတဲ့ အလုပ်မှန်သမျှ လက်ခံတယ်။ မှူးမတ်တွေ၊ ကျင့်ကြံသူတွေ၊ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကိုတောင် သတ်ပေးတယ်။ ပိုက်ဆံပေးနိုင်ဖို့ပဲ လိုတယ်"

ဟု စုန့်သခင်ကြီးက ပြောသည်။

လီယန်ချူး မှင်တက်သွားကာ

"လူသတ်သမားရွာ ပေါ့"

ဤကဲ့သို့သော လူသတ်အဖွဲ့မျိုးကို ယခင်က သူတစ်ခါ တွေ့ဖူးသည်။ ရှန်းထော်နိုင်ငံ နှင့် လူကုန်ကူးမှု လုပ်ခဲ့သော ရှန်းဟိုင်လို ပင် ဖြစ်သည်။ ယခု ကျန်းနန်တွင်လည်း လူသတ်သမားရွာ တစ်ခု ရှိနေပြန်သည်။

'လူသတ်သမားတွေက ဒီလောက်တောင် အေးအေးဆေးဆေး နေရတာကို ကြိုက်ကြတာလား' ဟု လီယန်ချူး စိတ်ထဲမှ တွေးမိသည်။

"အဲဒီရွာကလူတွေ ကျိုးတင့်ကို သတ်မှန်း မင်း ဘယ်လို သိတာလဲ"

"အဲဒီရွာကလူတွေက နှစ်ခေါက် ဆက်တိုက် လက်စွမ်းပြခဲ့တာပါ။ ဖာမင်ဘုရားကျောင်း ရဲ့ ကျောင်းထိုင်ဘုန်းကြီးက ကျိန်စာအတတ်နဲ့ သေဆုံးခဲ့တယ်။ ကျိုးတင့်က ဒုတိယမြောက်ပဲ၊ သူလည်း အဲဒီ ကျိန်စာအတတ်နဲ့ပဲ သေတာ။ တောင်ပိုင်းဒေသရဲ့ မေတ္တာဖျက်ကျိန်စာ ပေါ့။ လူရဲ့ ခုနစ်ပါးအာရုံထဲက တစ်ခုကို ဖျက်ဆီးပြီး စိတ်ဝိညာဉ် လွင့်ပါးစေကာ အသိစိတ်တွေ မှောက်မှားပြီး သေစေတာပါ"

လီယန်ချူးက မျက်မှောင်ကြုတ်ကာ ထဲ့ရှင်းဘုန်းကြီးကို လှည့်ကြည့်လိုက်သည်။ ထဲ့ရှင်းဘုန်းကြီး၏ မျက်ဝန်းထဲတွင် ဒေါသများ တောက်လောင်နေပြီး လက်သီးကို တင်းတင်းဆုပ်ထားကာ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

"ကျိုးတင့်က ပိုးထည်ဆိုင်ရဲ့ သခင်လေး တစ်ယောက်ပဲလေ။ အဲဒီ လူသတ်သမားရွာက သူ့ကို ဘာလို့ သတ်ရတာလဲ။ ပြီးတော့ ကျိုးတင့် သေတာက အဲဒီရွာနဲ့ ပတ်သက်နေမှန်း မင်း ဘယ်လို သိတာလဲ"

လီယန်ချူးက အေးစက်စွာ မေးလိုက်သည်။

ခုနက စုန့်သခင်ကြီးက ကျိုးတင့်မှာ 'မေတ္တာဖျက်ကျိန်စာ' ကြောင့် သေသည်ဟု ပြောခဲ့သည်။ သို့သော် လူသတ်သမားများမှာ လျှို့ဝှက်စွာ လုပ်ဆောင်ကြသဖြင့် အလောင်းကို မကြည့်ဘဲ ဤကျိန်စာအကြောင်း သိနိုင်ရန် မဖြစ်နိုင်ပေ။

"ကျိုးမိသားစု သားအဖ သေဆုံးပုံက ထူးဆန်းနေတယ်။ သူတို့ အသုံးပြုတဲ့ စက္ကူအရုပ်နဲ့ စက္ကူငွေတွေကို ကျွန်တော့်ဆိုင်ကပဲ မှာယူတာမို့ ကျွန်တော် သွားကြည့်ခဲ့ပါတယ်။ အဲဒီမှာ ကျိုးတင့်လည်း အဲဒီ ကျိန်စာနဲ့ သေတာကို သိခဲ့တာပါ"

နာရေးဆိုင် ပိုင်ရှင်တစ်ဦးအနေဖြင့် သေလူနှင့် ပတ်သက်သော ကိစ္စများစွာကို သူ ကောင်းကောင်း သိထားခြင်း ဖြစ်သည်။

"ဖာမင်ဘုရားကျောင်း ကျောင်းထိုင် သေတာကိုရော ဘယ်လို သိတာလဲ။ ဘုရားကျောင်းကလည်း မင်းဆီက စက္ကူအရုပ်တွေ လာဝယ်လို့လား"

လီယန်ချူးက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"ဖာမင်ဘုရားကျောင်း ကျောင်းထိုင်က ဗုဒ္ဓတရားတော်မှာ ကျွမ်းကျင်ပြီး မိစ္ဆာတွေကို နှိမ်နင်းသူပါ။ ပိုင်ကျီမိစ္ဆာနိုင်ငံတော်က အမိန့်ထုတ်ပြီး ကျွန်တော့်ကို ကျော်ကာ လူသတ်သမားရွာကို ခိုင်းပြီး သတ်ခိုင်းလိုက်တာပါ"

စုန့်သခင်ကြီးက ရှင်းပြသည်။

ထဲ့ရှင်းဘုန်းကြီး၏ မျက်ဝန်းထဲတွင် ဒေါသများ ပေါက်ကွဲသွားကာ

"ဘုန်း..."

သူ၏ လက်သီးက မြေပြင်ကို ရိုက်ချလိုက်ရာ မြေပြင်မှာ အက်ကွဲသွားတော့သည်။

"ကျိန်စာတိုက်စမ်း... ပိုင်ကျီမိစ္ဆာနိုင်ငံတော်"

စုန့်သခင်ကြီးက ထဲ့ရှင်းဘုန်းကြီးကို အံ့သြသလို ကြည့်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူ သဘောပေါက်သွားပုံရသည်။ ဤထိပ်ပြောင်ကြီးမှာ ထိုဖာမင်ဘုရားကျောင်း ကျောင်းထိုင်နှင့် ပတ်သက်မှု ရှိရပေမည်။ ဆရာနှင့် တပည့် ဖြစ်နေနိုင်ပါသည်...။

"မင်းက ကြာပန်းဖြူဂိုဏ်းက လူဆိုတော့၊ ကြာပန်းဖြူဂိုဏ်းက ဒီကိစ္စမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်နေလဲ"

လီယန်ချူးက မျက်မှောင်ကြုတ်လိုက်သည်။

ကြာပန်းဖြူဂိုဏ်းက ဤကဲ့သို့ ယင်ဝိညာဉ် အထွတ်အထိပ် အဆင့်ရှိသူကို မိစ္ဆာနိုင်ငံတော်ထဲတွင် သူလျှိုအဖြစ် ထည့်သွင်းထားပြီး မြို့တော်တွင် အခြေချခိုင်းထားခြင်းမှာ တစ်စုံတစ်ရာ ရည်ရွယ်ချက် မရှိဘဲ မနေနိုင်ပေ။ အနည်းဆုံးတော့ ဤစုန့်သခင်ကြီးသည် ကိစ္စရပ်များကို ကြာပန်းဖြူဂိုဏ်းထံ သတင်းပို့နေမည်မှာ သေချာသည်။

စုန့်သခင်ကြီးသည် ပိုင်ကျီမိစ္ဆာနိုင်ငံတော်ကိုတော့ အကုန် ရောင်းစားပြီးပြီ ဖြစ်သည်။ သို့သော် သူ၏ အလုပ်ရှင်ဟောင်း ဖြစ်သော ကြာပန်းဖြူဂိုဏ်းကို ရောင်းစားရန်ကျတော့ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေပုံရသည်။

သို့သော် လီယန်ချူး၏ အေးစက်သော အကြည့်နှင့် ခုနက ဝိညာဉ် မြှိုက်ကင်ခံရသည့် နာကျင်မှုကို သတိရသွားသောအခါ စုန့်သခင်ကြီးက အလျင်အစလို ပြောတော့သည်။

"ကြာပန်းဖြူဂိုဏ်းက တကယ်တော့..."

သူ၏ စကားမဆုံးခင်မှာပင် တစ်ကိုယ်လုံး ငြိမ်သက်သွားကာ စကားလုံးများမှာ လည်ချောင်းထဲတွင် ရပ်တန့်သွားသည်။ သူ၏ ဝိညာဉ်မှာ ရုတ်တရက် ပျောက်ကွယ်သွားကာ ဝေဝါးလာတော့သည်။

၎င်းတင်မကသေးဘဲ မြေပြင်ပေါ်ရှိ သူ၏ ရုပ်သေးကိုယ်ထည်မှာလည်း မီးစွဲလောင်လာပြီး ကမ္ဘာမြေပြင်မှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

လီယန်ချူး မျက်မှောင်ကြုတ်သွားသည်။ နောက်ထပ် တားမြစ်အစီရင် လား။

သူသည် ဤကဲ့သို့သော တားမြစ်ချက် ပါသူများနှင့် ကြုံဖူးသည်။ ရှန်းရှန်းနန်းတော် မှ အဖြူရောင်ဝတ် လူငယ်၏ ကိုယ်ထဲတွင်လည်း တားမြစ်ချက် ပါသလို၊ နတ်ပန်းချီကို ထိန်းချုပ်သည့် လျန်ယွီချင်း မှာလည်း ထိုနည်းအတိုင်းပင်။

"မိစ္ဆာနိုင်ငံတော် အကြောင်းမေးတုန်းက ဘာမှမဖြစ်ဘဲ ကြာပန်းဖြူဂိုဏ်းအကြောင်း မေးတော့မှ ပြဿနာဖြစ်သွားတာဆိုတော့၊ ဒီတားမြစ်ချက်က ကြာပန်းဖြူဂိုဏ်းက လုပ်ထားတာပေါ့ "

သို့သော် လီယန်ချူး စိတ်ထဲတွင် တစ်ခုခု မှားနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။ သူသည် စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ မြို့တော်၏ တစ်စိတ်တစ်ပိုင်းကို လွှမ်းခြုံသွားသော်လည်း ထူးခြားသော အငွေ့အသက်မျိုး ရှာမတွေ့ပေ။

"သွားပြီ... မိစ္ဆာနိုင်ငံတော်ရဲ့ တခြားသူလျှိုတွေ ဘယ်မှာလဲဆိုတာ မမေးရသေးဘူး"

လီယန်ချူး၏ စိတ်ထဲတွင် လေးလံသွားရသည်။

အဓိကမှာ စုန့်သခင်ကြီးတွင် ကြာပန်းဖြူဂိုဏ်းနှင့် မိစ္ဆာနိုင်ငံတော် ဆိုသည့် အဆင့်အတန်း နှစ်ခုစလုံး ရှိနေသဖြင့် အရေးကြီးသော ကိစ္စများမှာ သူ၏ အပေါ်တွင်သာ ရှိနေသည်ဟု လီယန်ချူးက ယူဆခဲ့ပြီး အများကြီး မေးမိသွားခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ဤကိစ္စကို မမေးရသေးမီမှာပင် တားမြစ်ချက်ကြောင့် သူ သေဆုံးသွားခဲ့ရသည်။

သူသည် မြေခွေးမလေးကို လှည့်ကြည့်ကာ

"ခုနက ငါ သူလျှိုတွေအကြောင်း မေးဖို့ မေ့သွားတယ်။ မင်း ဘယ်လောက် သိလဲ"

မြေခွေးမလေးသာ မသိဘူးဟု ဆိုပါက တန်းသတ်ပစ်ရန် လီယန်ချူး ဆုံးဖြတ်ထားသည်။

မြေခွေးမလေးမှာ ထိုအချိန်တွင် အသိတရား ဝင်လာပြီး အသက်ရှင်လိုစိတ်များ အလောတကြီး ပေါ်လာတော့သည်။ သူမက ချက်ချင်းပင်

"တာအိုဆရာကြီး... ကျွန်မ အမှန်အတိုင်း ပြောရင် ကျွန်မကို လွှတ်ပေးမလား"

"ဟင်" လီယန်ချူးက မျက်ခုံးပင့်လိုက်သည်။

"အဲဒါကလေ... စည်းကမ်းအရဆိုရင် ကျွန်မက တခြားသူလျှိုတွေရဲ့ အကြောင်းကို မသိရဘူး။ ဒါပေမဲ့ မြို့တော်ထဲမှာ အားလုံးက သူလျှိုလုပ်နေကြတာဆိုတော့ တကယ်တမ်းကျ အရမ်း ပျင်းစရာကောင်းတာလေ။ ဒါကြောင့် စည်းကမ်းတွေကို တိတိကျကျ မလိုက်နာကြဘဲ အချင်းချင်း သိနေကြတယ်။ အဲဒီကောင်တွေ အကုန်လုံးကို ကျွန်မ သိတယ်၊ တာအိုဆရာကြီးကို ကျွန်မ လိုက်ပြပါ့မယ်"

မြေခွေးမလေးမှာ အချိန်ဆွဲမနေဝံ့တော့ဘဲ အလောတကြီး ပြောလိုက်သည်။ လီယန်ချူးက သူမကို ကြည့်ကာ

"မင်းက သူတို့ကို ဒီအတိုင်းပဲ ရောင်းစားတော့မှာလား"

မြေခွေးမလေးက ခေါင်းညိတ်ပြလျက်

"ကျွန်မ စဉ်းစားမိတယ်။ လူသားနဲ့ မိစ္ဆာမျိုးနွယ်တွေကြားမှာ တိုက်ခိုက်နေတာမျိုး မဖြစ်သင့်ဘူး။ အခု လူသားတွေက အင်အားကြီးနေတာဆိုတော့ မိစ္ဆာတွေက တောတောင်ထဲမှာပဲ ကျင့်ကြံနေသင့်တယ်။

လူ့လောကထဲမှာ လာနေရင်တောင် လူသားတွေရဲ့ စည်းကမ်းအတိုင်း နေထိုင်ရမှာပေါ့။

အခု ပိုင်ကျီမိစ္ဆာနိုင်ငံတော် လုပ်နေပုံက ကောင်းကင်ဘုံရဲ့ အလိုတော်နဲ့ ဆန့်ကျင်နေတာမို့ မမှန်ဘူးလို့ ကျွန်မ ထင်တယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကျွန်မ အမှောင်ကို စွန့်ပြီး အလင်းကို လိုက်ပါတော့မယ်။ တာအိုဆရာကြီးကို ကူညီပြီး မိစ္ဆာနိုင်ငံတော်ရဲ့ အစီအစဉ်တွေကို ဖော်ထုတ်ပေးပါ့မယ် "

မြေခွေးမလေးက စိတ်အားထက်သန်စွာ ပြောနေတော့သည်။

"........" လီယန်ချူး။

နောက်တစ်နေ့...

ကျန်းနန်မြို့တော်အတွင်း လူပျောက်မှုပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ ပျောက်ဆုံးသွားသူများထဲတွင် စာသင်ကျောင်းမှ ဆရာ၊ ခရိုင်ရုံးမှ အမှုထမ်း၊ ရောင်းဝယ်ရေးလုပ်ငန်းမှ ပိုင်ရှင်နှင့် ကချေသည် အမျိုးသမီးများလည်း ပါဝင်သည်။ မြို့တော်အတွင်းရှိ လူများမှာ စိုးရိမ်ထိတ်လန့်နေကြရသည်။

သို့သော် သတင်းများအရ

မနေ့ညက မြို့တော်အတွင်းတွင် ထိပ်ပြောင် မိစ္ဆာဘုန်းကြီး တစ်ပါး လှုပ်ရှားနေသည်ဟု သိရသည်။ ထိုဘုန်းကြီးမှာ တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး... ပျံသန်းနိုင်ကာ... ပျံသန်းသည့်အခါတွင်လည်း အကွေ့ကြီးများ ကွေ့၍ ပျံသန်းလေ့ရှိသဖြင့် အလွန်ပင် ထူးဆန်းလှသည်ဟု ဆိုကြသည်။

တစ်ညတည်းဖြင့် 'မိစ္ဆာဘုန်းကြီး' ၏ နာမည်မှာ ကျန်းနန်မြို့တော်အတွင်း ပျံ့နှံ့သွားတော့သည်။

လူဦးရေ သိန်းနှင့်ချီရှိသော မြို့တော်ကြီးတွင် လူအနည်းငယ် ပျောက်ဆုံးသွားခြင်းမှာ ရေလှိုင်းလေးတစ်ခုမျှသာ ဖြစ်သော်လည်း၊ အာဏာပိုင်များကတော့ ဤကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ရန် အမိန့်ထုတ်ထားသည်။

အကြောင်းမှာ လက်ရှိတွင် ပန်းနတ်ဘုရားပွဲတော် ကာလ ဖြစ်နေသဖြင့် ကျန်းနန်မြို့တော်အတွင်း၌သာမက အနယ်နယ်အရပ်ရပ်မှ ပညာရှိများ၊ သူဌေးသူကြွယ်များ စုဝေးရောက်ရှိနေသောကြောင့် ဖြစ်သည်။ အကယ်၍ တစ်ခုခု အမှားအယွင်းဖြစ်ပါက တာဝန်ယူရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် အစိုးရရုံးမှ ကျင့်ကြံသူများ၊ အာဏာပိုင်များနှင့် ရင်းနှီးသော ဘုရားကျောင်းများ၊ တာအိုကျောင်းများမှ ကျွမ်းကျင်သူများမှာလည်း ဤကိစ္စကို စတင် စုံစမ်းနေကြပြီ ဖြစ်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံး

အသက်လတ်ပိုင်း အရွယ်ရှိသော မြေပြင်အနေအထား ကျွမ်းကျင်သူ တစ်ဦးမှာ လက်ဖက်ရည်ကို အရသာခံ သောက်နေသည်။ သူ၏ စားပွဲပေါ်တွင် မြေပုံများနှင့် ပုံစံထုတ်ချက်များ အများအပြား ရှိနေသဖြင့် မသိလျှင် အင်ဂျင်နီယာတစ်ဦးဟု ထင်ရပေလိမ့်မည်။

သူ၏ ရှေ့တွင်တော့ အသက်လတ်ပိုင်းအရွယ် တာအိုဆရာတစ်ဦး ထိုင်နေသည်။ ထိုနှစ်ဦးအနက် တစ်ဦးမှာ တည်ငြိမ်နေသော်လည်း အခြားတစ်ဦးမှာမူ အလွန်ပင် စိုးရိမ်ပူပန်နေပုံရသည်။ စိုးရိမ်နေသူမှာ တာအိုဆရာပင် ဖြစ်သည်။

"ငါ ပြောမယ်... ဒီလက်ဖက်ရည်ကို ဆက်မသောက်နေပါနဲ့တော့ မနေ့က နေ့ခင်းမှာ ယန်ချီရှား က ပြဿနာရှာတယ်၊ ညမှာကျတော့ ထိပ်ပြောင် မိစ္ဆာဘုန်းကြီးက လူတွေကို လိုက်ဖမ်းနေပြန်ပြီ။ ဒီကိစ္စကို အမြန်ဆုံး အစီရင်ခံရမယ်၊ မဟုတ်ရင် အထက်လူကြီးက အပြစ်တင်လာရင် ဘယ်လို ရှင်းပြမလဲ"

"ရှင်းပြရမယ် ဘယ်သူ့ကို ရှင်းပြရမှာလဲ ငါက ဖုန်းရွှေဆရာလေ၊ ဘယ်သူ့ကို ရှင်းပြရမှာလဲ"

ဟု ဖုန်းရွှေဆရာက တာအိုဆရာကို စိုက်ကြည့်ကာ မေးသည်။

"အခု မင်းက အစီရင်ကို ထိန်းသိမ်းထားရတာဆိုပေမဲ့၊ အထက်က အပြစ်ပေးလာရင် မင်းလည်း လွတ်မှာ မဟုတ်ဘူး။ ဒီလို စကားတွေ မပြောဘဲ အားလုံး အတူတူ တိုင်ပင်ကြရအောင်"

ဟု တာအိုဆရာက အလောတကြီး ဆိုသည်။

ဖုန်းရွှေဆရာက လက်ဖက်ရည်ခွက်ကို ချကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

တာအိုဆရာက ဆက်လက်၍

"မှန်တယ်၊ အခု မင်းက အစီရင်ကို ဦးဆောင်နေတာ၊ နဂါးသွေးကြောတွေကို ရှာဖွေနေတာ။ ဒါပေမဲ့ နောက်ပိုင်းကျရင်ရော"

ဖုန်းရွှေဆရာက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဒီ ယန်ချီရှား ပဲဖြစ်ဖြစ်၊ ညက လူဖမ်းတဲ့ မိစ္ဆာဘုန်းကြီးပဲဖြစ်ဖြစ်... မြို့တော်ထဲမှာ အောက်ခြေလှိုင်းတွေ လှုပ်နေပြီ။ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ လက်မည်းကြီး တစ်ခု ရှိနေပုံရတယ်။ ဒါပေမဲ့ အထက်လူကြီးက ကျင့်ကြံခြင်း မဝင်ခင်မှာ ပြောခဲ့တယ်၊ လှုပ်ရှားမှု မှန်သမျှကို မင်း တာဝန်ယူရမယ်လို့။ ဒါကြောင့် ဒီကိစ္စကို မင်းပဲ ပိုပြီး စိတ်လှုပ်ရှားပေးပါဦး"

ဖုန်းရွှေဆရာက ပြောပြီးနောက် တာဝန်ကို တာအိုဆရာဆီသို့ ပြန်လွှဲချလိုက်သည်။

"........" တာအိုဆရာ။

ဖုန်းရွှေဆရာ ထရပ်လိုက်ပြီး

"ငါ ပေမန်ရွာ ကို သွားပြီး ဆေးဖက်ဝင် အပင်တွေ ရင့်မှည့်ပြီလား သွားကြည့်ဦးမယ်၊ သွားပြီနော်"

ဟု အေးဆေးစွာ ပြောကာ ထွက်သွားတော့သည်။

တာအိုဆရာ တစ်ဦးတည်းသာ ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။

"နောက်ကွယ်က ကြိုးကိုင်သူ ဟုတ်လား "

All Chapters