အခန်း (၇၀၃-၇၀၄)
Vol. 36 Ch. 703-704
အပိုင်း(၇၀၃) ရွှီဟွမ်တို့ မိသားစု
"ဖေးခန်း... ကျန်းဟွေး... ဝူကျန်းယွီ... ဆုန်ဖေး... ရွှီဟွမ်"
"အခု ကြေညာသွားတဲ့ ငါးယောက်ကို ဂုဏ်ပြုပါတယ်... ခင်ဗျားတို့ စာမေးပွဲ အောင်မြင်သွားပါပြီ"
မိမိနာမည်ကို ကြားလိုက်ရသောအခါ ရွှီဟွမ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ရင်ဘတ်ထဲ၌လည်း နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။
ပြင်းထန်သော ဝမ်းသာပီတိလှိုင်းလုံးကြီးက ဦးခေါင်းထဲသို့ အဟုန်ပြင်းစွာ ရိုက်ခတ်သွား၏။
သူ အရွေးခံလိုက်ရပြီ။
အရွေးမခံရသူများ၏ မျက်နှာထက်တွင်မူ ချက်ချင်းပင် စိတ်ပျက်အားငယ်သွားသည့် အရိပ်အယောင်များ ပေါ်လွင်သွားကြသည်။
အချို့မှာ လက်မခံနိုင်ကြဘဲ ဒေါသတကြီး အော်ဟစ်မေးမြန်းကြတော့သည် "ဘာလို့လဲ... ဘာလို့ ကျွန်တော့်ကို မရွေးတာလဲ... ကျွန်တော်က စိတ်စွမ်းအင်အစွမ်းပိုင်ရှင်လေ... စိတ်အဝေးထိန်းအစွမ်းနဲ့ စက်ကိရိယာတွေကိုတောင် ထိန်းချုပ်နိုင်တာကို ဘာလို့ အရွေးမခံရတာလဲ"
သုတေသနဌာနမှ မစ်ရှင်ရှိသူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေသည် "ကျိုးဟယ်... ခင်ဗျားရဲ့ စာမေးပွဲရလဒ်တွေ အကုန်လုံးက ကောင်းပါတယ်... ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပိုင်းမှာ နည်းနည်း လိုအပ်နေသေးတယ်... ပြီးတော့ လူတွေ့စစ်ဆေးတုန်းက ခင်ဗျားပြောခဲ့တဲ့ ဒီမစ်ရှင်မှာ ပါဝင်ချင်တဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံမှု မရှိဘူး"
"ဒါပေမဲ့ ခင်ဗျားတို့လည်း အရမ်း စိတ်ဓာတ်ကျမနေပါနဲ့... ဒီတစ်ခေါက် စမ်းသပ်ပျံသန်းမှု မစ်ရှင်သာ အောင်မြင်သွားရင် နောက်ထပ် စမ်းသပ်ပျံသန်းမှုတွေ အများကြီး လာဦးမှာမို့ ခင်ဗျားတို့အတွက် အခွင့်အရေး ရှိလာဦးမှာပါ"
"စာမေးပွဲအောင်သွားတဲ့သူတွေကတော့ ဒီနေ့ကစပြီး ထိုက်ယန်တောင်မှာ နေလို့ရပြီ... ကင်းလှည့်တပ်ဖွဲ့က ခင်ဗျားတို့ရဲ့ မိသားစုတွေကို သွားကြိုပြီး တောင်ပေါ်မှာ နေရာချထားပေးလိမ့်မယ်"
"အဲ့ဒီအခါကျရင် မစ်ရှင်အတွက် ဆုကြေးတွေကိုလည်း ခင်ဗျားတို့ကို ကြိုတင်ပေးထားမယ်... အဲဒီဆုကြေးတွေကို ဘယ်လိုသုံးမလဲဆိုတာကိုတော့ အမြန်ဆုံး စီစဉ်ထားကြပါ"
"အစီအစဉ်အရဆိုရင်... သန်ဘက်ခါကျရင် စမ်းသပ်ပျံသန်းတဲ့ မစ်ရှင်ကို တရားဝင် စတင်မှာဖြစ်လို့ ခင်ဗျားတို့ မိသားစုနဲ့ အတူနေဖို့ အချိန်တစ်ရက် ရဦးမယ်"
"လူစုခွဲလို့ ရပြီ"
အရွေးခံရသူများမှာ စောစောက အလွန်အမင်း စိတ်လှုပ်ရှားခဲ့ကြသော်လည်း ယခုအခါတွင်မူ အနည်းငယ် တိတ်ဆိတ်သွားကြသည်။
သင်တန်းတက်ရောက်ပြီးနောက်မှသာ ဤမစ်ရှင်သည် မည်မျှအန္တရာယ်ကြီးမားကြောင်းကို သူတို့ ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားခဲ့ကြခြင်း ဖြစ်သည်။
ထိုကောင်းကင်ယံထက်တွင် မိုးကြိုးတိမ်တိုက်များ ရှိနေရုံသာမက ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ချောက်နက်သားရဲကြီးများကလည်း သူတို့ကို ဝင်ရောက်တိုက်ခိုက်ကြမည် မဟုတ်ပါလော။
ဤတစ်ကြိမ် သူတို့၏ ရည်မှန်းချက်မှာ တစ်ခုတည်းသာ ရှိသည်။ တိမ်လွှာများကို ဖောက်ထွက်ပြီး ဘေးကင်းကင်းဖြင့် ပြန်လည်ရောက်ရှိလာရန်ပင်။
နားထောင်ကြည့်လျှင် လွယ်ကူသည်ဟု ထင်ရသော်လည်း လုပ်ငန်းစဉ်တစ်ခုလုံးမှာ အသက်အန္တရာယ်များဖြင့် ပြည့်နှက်နေလေသည်။
ရွှီဟွမ်က အံကြိတ်လိုက်ပြီး မည်သည့်စကားမျှ မဆိုခဲ့ပေ။
သူက စောစောစီးစီးကတည်းက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားပြီးဖြစ်သည်။ ဤမစ်ရှင် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အနည်းဆုံးတော့ သူ၏ ညီမလေးနှင့် မိခင်ဖြစ်သူတို့ ထိုက်ယန်တောင်ပေါ်တွင် ဆက်လက် အသက်ရှင်နေထိုင်သွားနိုင်မည် ဖြစ်သည်။
သူ့အတွက်တော့ ဤမျှဆိုလျှင် လုံလောက်နေပါပြီ။
ကင်းလှည့်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်မှာ အလွန် မြင့်မားလှသည်။ ထိုနေ့မွန်းလွဲပိုင်းတွင်ပင် စမ်းသပ်ပျံသန်းမည့်သူများ၏ မိသားစုဝင်များကို တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့ကြပြီ ဖြစ်သည်။
"အားလုံးပဲ... ခင်ဗျားတို့ရဲ့ မိသားစုတွေကို ထိုက်ယန်တောင် ဘက်စုံသုံး မိသားစုအိမ်ရာဘက်မှာ နေရာချပေးပြီးပါပြီ... အခု ခင်ဗျားတို့ရဲ့ မစ်ရှင်ဆုကြေးတွေကို ထုတ်ပေးပါမယ်"
မစ်ရှင်ရှိသူတစ်ဦးက ရွှီဟွမ်၏ ရှေ့သို့ ရောက်လာပြီး နေထိုင်ခွင့်ကတ် သုံးကတ်ကို အရင် ကမ်းပေးလိုက်သည်။
ထို့နောက် မျိုးရိုးဗီဇမျိုးစေ့ သုံးလုံးကို ထပ်မံပေးအပ်လေသည်။
ဤမျိုးရိုးဗီဇမျိုးစေ့ သုံးလုံးမှာ သူ၏ တောင်းဆိုချက်အရ သီးသန့် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။
၎င်းတို့မှာ ရေဓာတ်တစ်လုံး၊ မီးဓာတ်တစ်လုံးနှင့် အလျင်အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ တစ်လုံးစီ ဖြစ်ကြသည်။
ထိုအထဲမှ မီးဓာတ်မျိုးစေ့ကိုမူ သူကိုယ်တိုင် အသုံးပြုရန် ချန်ထားခဲ့ခြင်း ဖြစ်၏။
ရေဓာတ်မျိုးစေ့ကိုတော့ ညီမဖြစ်သူအတွက် ဖယ်ချန်ထားခဲ့သည်။
ညီမလေး၏ ရေဓာတ်အစွမ်းမှာ တိုက်ခိုက်ရေး အမျိုးအစား မဟုတ်ဘဲ ကုသရေးအမျိုးအစား အစွမ်းအဖြစ် နိုးထလာခဲ့ခြင်း ဖြစ်သည်။
ကုသရေးအစွမ်း အများစုမှာ စိတ်စွမ်းအင်အမျိုးအစား သို့မဟုတ် သစ်သားဓာတ်အမျိုးအစားများသာ ဖြစ်လေ့ရှိသဖြင့် ယခုကဲ့သို့သော အခြေအနေမှာ အလွန် ရှားပါးလှပေသည်။
ရေဓာတ်ကနေ ကုသရေးအစွမ်း နိုးထလာသည်ဟူသည်ကို ယခုအချိန်အထိ တစ်ခါမျှ မကြားဖူးခဲ့ချေ။
အလျင်အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့မှာမူ မိခင်ဖြစ်သူအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သူ၏ မိခင်မှာ အလျင်အမျိုးအစား အစွမ်းပိုင်ရှင်ဖြစ်ရာ မိခင်၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများကို ကုသပြီးနောက် မျိုးရိုးဗီဇမျိုးစေ့အဆင့်သို့ ထိုးဖောက်ကျော်လွန်နိုင်ရန် ကူညီပေးမည်ဟု သူ စိတ်ကူးထားသည်။
ဤသို့ စီစဉ်ထားခြင်းဖြင့် မစ်ရှင်ထမ်းဆောင်စဉ် သူ အသက်ပေးလိုက်ရလျှင်တောင်မှ မိခင်နှင့် ညီမဖြစ်သူတို့ ထိုက်ယန်တောင်ပေါ်၌ အနည်းဆုံးတော့ အဆင်ပြေပြေ ဆက်လက် ရှင်သန်သွားနိုင်မည် မဟုတ်ပါလော။
"အစ်ကို... အစ်ကို... ဒါတွေက ဘယ်လိုဖြစ်တာလဲ"
ရွှီဟွမ် ပြန်ရောက်လာသည့်အခါ ရွှီလဲ့က သူ့ကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်ရင်း ဘာတွေဖြစ်ပျက်ခဲ့သလဲဟု မေးမြန်းတော့သည်။
"ညီမလေး ထမင်းချက်မလို့ လုပ်နေတုန်း လူတစ်စု ရုတ်တရက် ရောက်လာပြီး... ထိုက်ယန်တောင် ကင်းလှည့်တပ်ဖွဲ့ဆိုပြီး အစ်ကို့ဆီကို ခေါ်လာကြတာပဲ"
"အစ်ကို... ဒါက ဘယ်လို အခြေအနေကြီးလဲ"
ရွှီဟွမ်က စိုးရိမ်ထိတ်လန့်နေရှာသော ညီမလေးကို ကြည့်ရင်း အပြုံးတစ်ခု ပေါ်လာသည်။
"ညီမလေး... ဘာမှမဖြစ်ပါဘူး... အစ်ကို ပြောဖူးတာ မှတ်မိသေးလား... အစ်ကိုက ညီမလေးနဲ့ အမေ့ကို ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ နေရအောင် သေချာပေါက် လုပ်ပေးမယ်ဆိုတာလေ"
"ကြည့်လိုက်ဦး... ဒါ ဘာလဲဆိုတာကို"
ထိုသို့ပြောရင်း သူက နေထိုင်ခွင့်ကတ် သုံးကတ်ကို ထုတ်ပြလိုက်သည်။
ရွှီလဲ့ ကြောင်အသွားပြီး နေထိုင်ခွင့်ကတ်များကို မြင်လိုက်ရချိန်တွင် အံ့သြဝမ်းသာသွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာတော့သည်။
"အစ်ကို... ဒါ... ဒါက"
ရွှီဟွမ်က ရယ်မောလျက် "ဒါက ထိုက်ယန်တောင် နေထိုင်ခွင့်ကတ်တွေလေ... ဒါရှိရင် နောက်ဆို ညီမလေးနဲ့ အမေ ထိုက်ယန်တောင်ပေါ်မှာ နေလို့ရပြီပေါ့"
"အော် မဟုတ်သေးဘူး... ထိုက်ယန်တောင် မဟုတ်ဘူး... ထိုက်ယန်တောင်ထက်တောင် ပိုပြီး နေလို့ကောင်းတဲ့ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် မှာ နေရမှာ"
"အပြင်ကလူတွေ ပြောတာ ကြားဖူးတယ်... နွေရာသီ ရောက်လာတဲ့အခါ ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင်က သေချာပေါက် ဆက်ပြီး မြင့်တက်လာဦးမှာတဲ့"
"အဲဒီအချိန်ကျရင် ထိုက်ယန်တောင်တောင် ရေမြုပ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်"
"အဲဒီအခါကျရင် ရေပေါ်ကျွန်း တွေကသာ အသက်ရှင်နေထိုင်နိုင်မယ့် တစ်ခုတည်းသော နေရာဖြစ်လာလိမ့်မယ်"
"ညီမလေးနဲ့ အမေ့မှာ ဒီနေထိုင်ခွင့်ကတ်တွေ ရှိရင် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ရေပေါ်ကျွန်းထဲကို ကြိုပြီး ပြောင်းရွှေ့သွားလို့ ရပြီ"
"အဲဒီအထဲမှာ နှင်းတွေလည်း မရှိဘူး... မုန်တိုင်းတွေလည်း မရှိဘူး... အစ်ကို ကြားဖူးတာတော့ အဲဒီနေရာက ရာသီလေးခုလုံး နွေဦးလို နွေးထွေးပြီး ထွက်ကုန်တွေလည်း ပေါများတယ်တဲ့... ကမ္ဘာမပျက်ခင်က အဆောက်အအုံတွေ အများကြီးကိုလည်း ထိန်းသိမ်းထားသေးတယ်လို့ ပြောတယ်"
"အဲဒီကို ရောက်သွားရင် ညီမလေးတို့ ဘာမှ စိတ်ပူစရာ မလိုတော့ဘူး"
ရွှီလဲ့သည် ထိုစကားကို ကြားလိုက်ရသော် မျက်လုံးများ ပြူးကျယ်သွားပြီး လက်ထဲမှ နေထိုင်ခွင့်ကတ်များကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။
"ဒါ... ဒါ တကယ်လားဟင်... အစ်ကို... ဒါက တကယ်ကြီးလား"
ရွှီဟွမ်က ပြုံးကာ "အင်း... တကယ်ပေါ့... အပေါ်မှာ ထိုက်ယန်တောင် ခေါင်းဆောင်စံအိမ်က တံဆိပ်တုံးတောင် ပါသေးတယ်... ညီမလေးနဲ့ အမေ့ရဲ့ အချက်အလက်တွေကိုလည်း အကုန် ဖြည့်ပြီးသွားပြီ"
ရွှီလဲ့မှာ ချက်ချင်း ဝမ်းသာအားရ အော်ဟစ်လိုက်သော်လည်း ဝမ်းသာလွန်း၍ အော်ပြီးပြီးချင်းမှာပင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။
"အစ်ကို... အစ်ကို့ဆီမှာ ဘယ်လိုလုပ်ပြီး နေထိုင်ခွင့်ကတ်တွေ ရှိနေတာလဲ... ဒီလိုကတ်မျိုးက အရမ်းဈေးကြီးတယ်လို့ ညီမလေး အရင်က ကြားဖူးတယ်နော်"
ရွှီဟွမ် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စဉ်းစားကြည့်ကာ သူမကို မပြောပြရန် ဆုံးဖြတ်လိုက်သည်။
မိမိမစ်ရှင်သွားထမ်းဆောင်ပါက အသက်ရှင်လျက် ပြန်လာနိုင်မည်၊ မလာနိုင်မည်ကိုပင် မသိနိုင်ပေ။
သူမကို ပြောပြလိုက်လျှင် မိခင်နှင့် ညီမဖြစ်သူကို ပူပန်စေရုံသာ ရှိမည် မဟုတ်ပါလော။
သူက ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းရင်း "ညီမလေး မမေးပါနဲ့တော့... အစ်ကို့မှာ အစ်ကို့နည်းလမ်း ရှိပါတယ်"
"ဒါနဲ့... အစ်ကို စိတ်စွမ်းအင် ပြန်လည်ကောင်းမွန်စေတဲ့ ဆေးရည်လည်း ဝယ်လာတယ်... ဒီဆေးရည်လေးသာ ရှိရင် အမေ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ကုသလို့ ရပြီ"
ရွှီလဲ့ကမူ လှုပ်ရှားခြင်း မရှိဘဲ အစ်ကိုဖြစ်သူ ရွှီဟွမ်ကို စူးစိုက်ကြည့်နေသည်။ သူမက အရူးတစ်ယောက် မဟုတ်ပေ။
အစ်ကိုဖြစ်သူမှာ နေ့စဉ် အပြင်ထွက်၍ ငါးဖမ်းနေရပြီး တစ်နေ့တာအတွက် အမှတ်ငါးရာ စုဆောင်းနိုင်လျှင်ပင် မဆိုးလှဟု ဆိုရမည်။ စားသောက်စရိတ်များကို နုတ်ပယ်ပြီးပါက သူတို့ တစ်နေ့လျှင် အမှတ်လေးရာခန့် ချွေတာနိုင်ခြင်းကပင် အလွန် ချွေတာရာကျနေပြီ ဖြစ်သည်။
ထို့ကြောင့် ဤနေထိုင်ခွင့်ကတ်များကို အစ်ကိုဖြစ်သူ ဝယ်ယူထားခြင်း လုံးဝ မဖြစ်နိုင်ကြောင်း သူမ အသေအချာ ပြောရဲသည်။
ယခု အစ်ကို့ထံတွင် နေထိုင်ခွင့်ကတ် ရှိနေရုံသာမက နှစ်ကတ်ပင် ဖြစ်နေပြီး မိခင်ဖြစ်သူ လိုအပ်နေသော စိတ်စွမ်းအင် ပြန်လည်ကောင်းမွန်စေသည့် ဆေးရည်ကိုပါ ဝယ်ယူလာခဲ့သေးသည် မဟုတ်ပါလော။
အလိုအလျောက် သိစိတ်က ဤအရာမှာ မူမမှန်ကြောင်း ရွှီလဲ့ကို သတိပေးနေသည်။
"အစ်ကို... ညီမလေးကို ပြောပြစမ်းပါ... အစ်ကို ဘာတွေ သွားလုပ်ခဲ့တာလဲ"
"ဒီပစ္စည်းတွေ အကုန်လုံးက အစ်ကို အခု ဝယ်နိုင်မယ့်ဟာတွေ လုံးဝ မဟုတ်ဘူး... အစ်ကို... အစ်ကို ဘာတွေ သွားလုပ်ခဲ့တာလဲ"
ရွှီလဲ့က ရွှီဟွမ်ကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်လျက် အဆက်မပြတ် မေးမြန်းနေတော့သည်။
ရွှီဟွမ်သည် ဤကိစ္စကို လှည့်စား၍ မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချကာ မိမိ၏ အခြေအနေကို အမှန်အတိုင်း ဖွင့်ဟဝန်ခံလိုက်ရတော့သည်။
ရွှီဟွမ် ဤမျှ အန္တရာယ်များသော မစ်ရှင်ကို လက်ခံခဲ့ကြောင်း ကြားလိုက်ရသော် ရွှီလဲ့မှာ ချက်ချင်း ထိတ်လန့်ပြာယာခတ်သွားသည်။
သူမ၏ မျက်ဝန်းများ ချက်ချင်း နီရဲလာပြီး မျက်ရည်များ ဝဲတက်လာကာ လက်ထဲရှိ နေထိုင်ခွင့်ကတ်များကို ရွှီဟွမ်၏ လက်ထဲသို့ အတင်း ပြန်ထည့်ပေးလိုက်သည်။
"အစ်ကို... ညီမလေး ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ မနေချင်တော့ဘူး... ဒီမစ်ရှင်ကနေ အစ်ကို အမြန်ပြန်နုတ်ထွက်လိုက်ပါ... အစ်ကို ဒီမစ်ရှင်မှာ မပါတော့ဘူးလို့ သူတို့ကို သွားပြောလိုက်ပါနော်"
"အစ်ကို ဒီမစ်ရှင်ကို သွားလုပ်တာ ညီမလေး မလိုချင်ဘူး... အစ်ကို ညီမလေးတို့နဲ့အတူတူ ဘေးကင်းကင်း ရှိနေဖို့ပဲ လိုချင်တာပါ"
ရွှီဟွမ်က သက်ပြင်းတစ်ချက်ချကာ ညီမဖြစ်သူအား ပြောလိုက်သည် "ညီမလေး... ဒီခေတ်ကြီးက ဘယ်လိုဖြစ်နေလဲဆိုတာ ညီမလေးလည်း အမြင်ပဲလေ... အစ်ကိုတို့လို အရည်အချင်းမျိုးနဲ့ အပြင်မှာ ဘယ်အချိန်အထိ အသက်ရှင်နိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"အခုလို အစ်ကို့အသက်နဲ့ရင်းပြီး အနာဂတ်တစ်ခုကို တည်ဆောက်နိုင်မယ့် အခွင့်အရေးမျိုး ရဖို့ဆိုတာ မလွယ်ဘူး... အစ်ကို ဒီအတိုင်း လက်လွှတ်မခံနိုင်ဘူး"
"ဒီမစ်ရှင်ကို သွားမလုပ်ရင်တောင် နောက်ပိုင်း ရေခဲတွေ အရည်ပျော်လာရင် အစ်ကိုတို့မှာ သွားစရာ နေရာရှိမှာ မဟုတ်ဘူး... ရေကြီးတဲ့ဒဏ်နဲ့ သန္ဓေပြောင်းသားရဲတွေရဲ့ တိုက်ခိုက်မှုအောက်မှာ သေရနိုင်ချေ ရှိသေးတယ်"
"အဲဒီလိုသာဆိုရင် အစ်ကိုတို့ သေရတာက ပိုပြီး အလကားဖြစ်မသွားဘူးလား"
"အခု အနည်းဆုံးတော့ အစ်ကိုက ညီမလေးနဲ့ အမေ ဆက်ပြီး အသက်ရှင်နိုင်မယ့် အခွင့်အရေးတစ်ခုကို လဲလှယ်ပေးနိုင်ခဲ့ပြီ မဟုတ်လား"
ရွှီလဲ့က စိတ်လှုပ်ရှားစွာဖြင့် "မဟုတ်ဘူး... အဲ့လို မဟုတ်ပါဘူး... ဒီလိုလုပ်ရမယ်ဆိုရင်တောင် ညီမလေးကပဲ ဒီလိုမစ်ရှင်မျိုးကို သွားလုပ်သင့်တာပါ"
"အစ်ကိုက မီးဓာတ်အစွမ်းပိုင်ရှင်လေ... တိုက်ခိုက်ရေးစွမ်းရည်လည်း ထူးချွန်တယ်... အစ်ကိုရှိနေမှ အမေ့ကို ပိုပြီး ကောင်းကောင်း ကာကွယ်ပေးနိုင်မှာပေါ့"
"ညီမလေးကိုပဲ သွားခိုင်းသင့်တာပါ... ညီမလေးကို သွားခွင့်ပြုပါ"
ရွှီဟွမ်က ခေါင်းခါယမ်းလိုက်ပြီး "ညီမလေး... အစွမ်းပိုင်ရှင်တွေထဲမှာ တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့သူတွေက အရမ်းများတယ်... သတ်ကြဖြတ်ကြတာတွေက နောက်ဆုံးတော့ အောက်ခြေအဆင့်ပဲ ရောက်သွားမှာ"
"ညီမလေးလို ကုသရေးအမျိုးအစား အစွမ်းပိုင်ရှင်တွေကမှ အဖွဲ့အစည်းတိုင်း လိုချင်ကြတဲ့ ရတနာတွေပဲ"
"အနာဂတ်မှာ ခိုလှုံရေးစခန်းကြီးတွေ တည်ဆောက်ပြီးသွားရင် စည်းကမ်းဥပဒေတွေလည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာမှာ သေချာတယ်... အဲဒီအချိန်ကျရင် ညီမလေးတို့လို အစွမ်းပိုင်ရှင်တွေရဲ့ ခေတ်ရောက်လာတော့မှာ"
"ညီမလေးက စည်းစနစ်ကျတဲ့ ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ဖို့ ပိုပြီး သင့်တော်တယ်"
"ဘာမှ ဆက်မပြောပါနဲ့တော့... မစ်ရှင်ဆုကြေးတွေလည်း ထုတ်ပေးပြီးသွားပြီမို့ အစ်ကို နုတ်ထွက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"
ရွှီဟွမ်က ညီမလေး၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးရင်း နူးညံ့သောအသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။
ရွှီလဲ့မှာ ရှိုက်ကြီးတငင် ငိုကြွေးနေပြီး အိမ်ထဲမှ မိခင်ဖြစ်သူ၏ အသံထွက်ပေါ်လာမှသာ ကပျာကယာ အငိုတိတ်သွားတော့သည်။
ရွှီဟွမ်က "အမေ့ကို အရင် မပြောပြနဲ့ဦး ကြားလား... အမေသာ ဒီကိစ္စကို သိသွားရင် စိတ်စွမ်းအင်ဆေးရည်ကိုတောင် သုံးချင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ရွှီလဲ့မှာ မျက်ဝန်းများ နီရဲလျက် ခေါင်းညိတ်ကာ သဘောတူလိုက်ရုံမှတစ်ပါး အခြား မတတ်နိုင်တော့။
သူတို့နှစ်ဦး အိမ်ထဲသို့ ဝင်သွားကြပြီး မိခင်ဖြစ်သူအား လျှို့ဝှက်ကာ စိတ်စွမ်းအင် ပြန်လည်ကောင်းမွန်စေသည့် ဆေးရည်ကို အသုံးပြုပေးလိုက်ကြသည်။
စိတ်စွမ်းအင်ဆေးရည် အသုံးပြုပြီးသည်နှင့် တစ်ပြိုင်နက် မိခင်ဖြစ်သူ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများမှာ တကယ်ပင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ယခင်က နိုးလာပြီး နာရီဝက်ခန့်အကြာတွင် မေ့မြောသွားတတ်သော်လည်း...
ယခုတစ်ကြိမ်တွင်မူ မေ့မြောသွားမည့် အရိပ်အယောင် လုံးဝ မပြတော့ချေ။
မိသားစု တစ်စုလုံး အလွန် ဝမ်းသာပျော်ရွှင်သွားကြပြီး ရွှီဟွမ့်မိခင်ကလည်း မူမမှန်သည်ကို ရိပ်မိသွားသဖြင့် ဘာတွေဖြစ်နေသလဲဟု ကပျာကယာ မေးမြန်းတော့သည်။
မောင်နှမနှစ်ယောက်စလုံးက ဝိုင်းဝန်း လိမ်ညာကာ ဤကိစ္စကို ဖုံးကွယ်ထားလိုက်ကြသည်။
တစ်ရက်တာ အချိန်မှာ လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားပြီး နောက်တစ်နေ့ နံနက်စောစောတွင် ရွှီဟွမ်သည် စာတစ်စောင် ချန်ထားရစ်ကာ အိမ်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
သို့သော် အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် မျက်ဝန်းများ နီရဲနေသော ညီမဖြစ်သူက တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
ရွှီဟွမ် သက်ပြင်းတစ်ချက်ချကာ "ညီမလေး နိုးသွားတာလား" ဟု မေးလိုက်သည်။
"အစ်ကို... မသွားလို့ မရဘူးလားဟင်" ဟု ရွှီလဲ့က ငိုယိုကာ မေးရှာသည်။
ရွှီဟွမ်က ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်ပြီး "အစ်ကို ထွက်သွားပြီးမှပဲ အမေ့ကို ပြောပြလိုက်ပါတော့" ဟု ဆိုလိုက်သည်။
သူက ညီမလေး၏ လက်ထဲသို့ စာကို ထည့်ပေးလိုက်ပြီးနောက် ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် အိမ်အပြင်သို့ ထွက်သွားတော့သည်။
ဓာတ်ခွဲခန်းသို့ ရောက်ရှိလာသောအခါ အခြား စမ်းသပ်ပျံသန်းမည့်သူများလည်း အသီးသီး နေရာယူထားပြီးဖြစ်သည်ကို တွေ့ရသည်။
သုတေသနဌာနမှ မစ်ရှင်ရှိသူများလည်း အစုံအလင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ပါမောက္ခ လီဟန်ကျုံး၊ ရင်ကျဲ၊ ဖုချီပေါ်၊ ရှန်ယွင်ရှီး စသည့် အရေးကြီး ပုဂ္ဂိုလ်များအားလုံး ရောက်ရှိနေကြ၏။
ရွှီဟွမ်က သူတို့ကို ကြည့်လိုက်ရာ ထိုသူများသည် စမ်းသပ်မှုကို ချက်ချင်း စတင်ကြေညာခြင်း မရှိဘဲ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေကြကြောင်း သတိပြုမိသွားသည်။
သူက သူ့ထက်စောပြီး ရောက်နှင့်နေသော လုပ်ဖော်ကိုင်ဖက် ဖေးခန်းကို လေသံတိုးတိုးဖြင့် မေးကြည့်လိုက်သည်။
ဖေးခန်းက လေသံတိုးတိုးဖြင့် ပြန်ဖြေသည် "ဆရာလင်း လာမှာကို စောင့်နေကြတာလို့ ကြားတယ်"
ရွှီဟွမ် ချက်ချင်း အံ့ဩသွားပြီး "ဆရာလင်း... အဲဒီ ဆရာလင်းလား"
"ဒီသုတေသနဌာနက တာဝန်ရှိသူတွေကို ရိုရိုသေသေ စောင့်နေအောင် လုပ်နိုင်တဲ့သူ နောက်ဘယ်သူ ရှိဦးမှာလဲ" ဟု ဖေးခန်းက လေသံတိုးတိုးဖြင့် ဆိုသည်။
ဆရာလင်း၏ နာမည်ကြီးမှုသည် ထိုက်ယန်တောင် တစ်ခုလုံးတွင် ကိုးကွယ်ယုံကြည်မှုတစ်ခုအလား တည်ရှိနေခြင်း ဖြစ်သည်။
သူ၏ စွမ်းဆောင်ချက်များကို မသိသူဟူ၍ မရှိချေ။
ပြန်ကြားရေးဌာနမှ လူများသည် ဆရာလင်းက သူတို့ကို အထပ်မြင့်တိုက်ကြီးထဲမှနေ၍ မည်သို့မည်ပုံ ဖောက်ထွက်ခေါ်ဆောင်လာခဲ့ပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ကိုယ်တိုင်ကိုယ်ကျ မည်သို့ တည်ထောင်ခဲ့ကြောင်း ဂုဏ်ယူဖွယ်ရာ ဇာတ်လမ်းများကို နေ့စဉ်နှင့်အမျှ ဖြန့်ဝေလျက်ရှိသည်။
ထို့ကြောင့် ရွှီဟွမ်တို့သည် ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ လူများ မဟုတ်ကြလျှင်ပင် ဤနာမည်ကိုမူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကောင်းကောင်းကြီး ကြားဖူးထားကြသည်။
လူအများ မျှော်လင့်တကြီး စောင့်စားနေကြစဉ်မှာပင် အပြင်ဘက်မှ လူရိပ်အချို့ ဝင်ရောက်လာကြသည်။
ထိုအခါ သုတေသနဌာနမှ ခေါင်းဆောင်ပိုင်းများအားလုံး တဖျပ်ဖျပ် မတ်တတ်ထရပ်ကာ ကြိုဆိုနှုတ်ဆက်ကြလေသည်။
ရွှီဟွမ်က လှမ်းကြည့်လိုက်ရာ ဦးဆောင်လာသူမှာ အရပ်မောင်း ကောင်းကောင်းနှင့် ခန့်ညားထည်ဝါလှပြီး တည်ငြိမ်ရင့်ကျက်သော မျက်နှာထားဖြင့် သူရဲကောင်းတစ်ဦးအလား ထူးခြားပေါ်လွင်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူ့စိတ်ထဲတွင် မနေနိုင်ဘဲ တိတ်တဆိတ် ရေရွတ်လိုက်မိသည် "ဒီလူက ဆရာလင်း ဆိုတာများလား"
ဆက်ရန်...
အပိုင်း(၇၀၄) ထိုက်ယန်တောင် အမှတ်(၁) စမ်းသပ်ပျံသန်းခြင်း
"ဆရာလင်းယွမ်... ရောက်လာပြီလား"
လီဟန်ကျုံးက ချက်ချင်း ဆီးကြိုလာပြီး လင်းယွမ်ကို ပြုံးကာ နှုတ်ဆက်လိုက်သည်။
လင်းယွမ်က မေးလိုက်သည်။ "ပြင်ဆင်ပြီးပြီလား"
"အားလုံး ပြင်ဆင်ပြီးပါပြီ... အချိန်မရွေး စမ်းသပ်ပျံသန်းလို့ ရပါပြီ"
"စမ်းသပ်ပျံသန်းမယ့် လေယာဉ်မှူးတွေရဲ့ အခြေအနေကရော ဘယ်လိုလဲ"
"ခန္ဓာကိုယ်ကြံ့ခိုင်မှုရော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါ စစ်ဆေးပြီးပါပြီ... အကုန်လုံးက အလွန် ထူးချွန်ကြပါတယ်"
"ကျွန်တော် ပြောတာက သူတို့ရဲ့ မိသားစုတွေနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကိုပါ" လင်းယွမ်က လေးလေးနက်နက် မေးလိုက်သည်။
"အကုန်လုံး အဆင်ပြေအောင် စီစဉ်ပေးပြီးပါပြီ"
လင်းယွမ်က ရွှီဟွမ်တို့အဖွဲ့ဆီသို့ လျှောက်သွားလိုက်ရာ လီဟန်ကျုံးက ဘေးမှနေ၍ လူအုပ်ကို ပြောလိုက်သည်။ "အားလုံးပဲ... ဒါက ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင် ဆရာလင်းယွမ်ပဲ ဖြစ်ပါတယ်"
ရွှီဟွမ်တို့လည်း အလျင်အမြန် နှုတ်ဆက်လိုက်ကြသည်။
"မင်္ဂလာပါ ဆရာလင်းယွမ်"
"မင်္ဂလာနံနက်ခင်းပါ ဆရာလင်းယွမ်"
......
လင်းယွမ်က လူအုပ်ကို ခေါင်းညိတ်ပြလိုက်ပြီး လီဟန်ကျုံးက လေယာဉ်မှူးများကို တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလေသည်။
"ဒါက ဖေးကန်းပါ... လေယာဉ်မှူးတွေထဲမှာ ဉာဏ်အကောင်းဆုံး တစ်ယောက်ပေါ့... သူက စိတ်စွမ်းအင် အစွမ်းပိုင်ရှင် တစ်ယောက်ဖြစ်ပြီး ကြောက်စရာကောင်းတဲ့ အန္တရာယ်ကို ကြိုတင်အာရုံခံနိုင်စွမ်း ရှိတယ်... ကြိုတင်သတိပေးနိုင်တဲ့ အစွမ်းထက် အလိုလိုသိစိတ် အစွမ်းမျိုးပဲ"
"ဒီစမ်းသပ်ပျံသန်းမှုမှာ သူက ခေါင်းဆောင်အနေနဲ့ ယာဉ်ပျံရဲ့ လမ်းကြောင်းတစ်ခုလုံးကို ထိန်းချုပ်ပေးမှာပါ... သူ့ရဲ့ ကြိုတင်သတိပေးနိုင်စွမ်းက အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်"
လင်းယွမ်က သူ့ကို ကြည့်ကာ ပြုံးလိုက်သည်။ "မင်္ဂလာပါ ရဲဘော်ဖေးကန်း... ထိုက်ယန်တောင်ကနေ ကြိုဆိုပါတယ်... ကျွန်တော်တို့ ထိုက်ယန်တောင် သုတေသနဌာနကို ယုံကြည်ပြီး ဒီစမ်းသပ်ပျံသန်းမှုမှာ ကိုယ်တိုင်ဆန္ဒအလျောက် ပါဝင်ပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်"
ဖေးကန်းက အလျင်အမြန် ပြန်ပြောလိုက်သည်။ "ကျွန်တော်ကသာ ဒီလိုအခွင့်အရေးမျိုး ပေးတဲ့အတွက်... ဆရာလင်းယွမ်နဲ့ ထိုက်ယန်တောင် သုတေသနဌာနကို ကျေးဇူးတင်ရမှာပါ"
"ဆရာ မသိလို့... အပြင်မှာ ကျွန်တော့်လို အစွမ်းပိုင်ရှင်တွေက နွားမွေးလောက်ကို ပေါတာပါ... ဒီအခွင့်အရေးကို ကျွန်တော် တကယ် တန်ဖိုးထားပါတယ်"
လင်းယွမ်က ခေါင်းအသာညိတ်လိုက်ပြီး "ခင်ဗျားမှာ မိန်းမနဲ့ ကလေး ရှိသေးတယ် ဆို" ဟု မေးလိုက်သည်။
"ဟုတ်ပါတယ်"
"အကုန်လုံး အဆင်ပြေအောင် နေရာချပေးပြီးပြီလား"
"နေရာချပြီးပါပြီ... သုတေသနဌာနက ဆုကြေးတွေလည်း ချပေးထားပါတယ်... အခု သူတို့က ထိုက်ယန်တောင် ခိုလှုံရေးစခန်းက နေထိုင်သူတွေ ဖြစ်နေပါပြီ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ခေါင်းအသာညိတ်လိုက်ပြီး လီဟန်ကျုံးကို ပြောလိုက်သည်။ "ဒီစမ်းသပ်ပျံသန်းမှုရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ... သူတို့မိသားစုတွေကို ကင်းလှည့်တပ်ဖွဲ့ဝင် မိသားစုတွေရဲ့ အမြင့်ဆုံး ခံစားခွင့်တွေပေးရမယ်"
"ကောင်းပါပြီ... ကျွန်တော် ထောက်ပံ့ရေးဌာနကို အကြောင်းကြားခိုင်းလိုက်ပါ့မယ်"
လင်းယွမ်က ခေါင်းအသာညိတ်လိုက်ပြီးနောက် အခြားလူများနှင့် ဆက်လက် မိတ်ဆက်လေသည်။
ရွှီဟွမ်ရှေ့သို့ ရောက်လာသောအခါ ရွှီဟွမ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "မင်္ဂလာပါ ဆရာလင်းယွမ်... ကျွန်တော်က ရွှီဟွမ်ပါ" ဟု ပြောလိုက်သည်။
လီဟန်ကျုံးက မိတ်ဆက်ပေးလိုက်သည်။ "သူက မီးဓာတ် အစွမ်းပိုင်ရှင်ပါ... ဒီအစွမ်းက ထိုက်ယန်တောင်မှာတောင် ရှားတယ်"
"သူ့ရဲ့ စိတ်ဓာတ်နဲ့ ဇွဲလုံ့လက အရမ်းကောင်းပါတယ်... ပြီးတော့ လုပ်ရည်ကိုင်ရည်လည်း မြင့်မားတယ်... ယာဉ်ပျံပေါ်က တိုက်ခိုက်ရေးစနစ်နဲ့ အကာအကွယ်စနစ်တွေကို သူက တာဝန်ယူရမှာပါ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ရွှီဟွမ်ကို ပြောလိုက်သည်။ "မင်္ဂလာပါ... မိသားစုတွေရော နေရာချပြီးပြီလား"
"ဆရာလင်းယွမ် စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်... အကုန်လုံး နေရာချပြီးပါပြီ" ရွှီဟွမ်က အားတင်း၍ ပြုံးလိုက်သည်။
လင်းယွမ်က ပြောလိုက်သည်။ "အခက်အခဲ တစ်ခုခုရှိရင် ချက်ချင်း ပြောပြပါ... ဒီမစ်ရှင်ရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ရဲ့ မိသားစုတွေကို ထိုက်ယန်တောင် ခိုလှုံရေးစခန်းက အဆုံးထိ တာဝန်ယူ စောင့်ရှောက်ပေးသွားမှာပါ"
ရွှီဟွမ်က ပြန်ပြောလိုက်သည်။ "ဆရာ့ရဲ့ ဒီစကားတစ်ခွန်းနဲ့တင် ကျွန်တော် ရွှီဟွမ် ကျေနပ်ပါပြီ... ဆရာလင်းယွမ်... ပါမောက္ခလီ... ခင်ဗျားတို့ စိတ်ချလက်ချသာ နေပါ... ဒီတစ်ခေါက် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ"
"အားလုံးပဲ... အချိန်မစောတော့ဘူး... အစီအစဉ်အတိုင်း ယာဉ်ပေါ်တက်ဖို့ ပြင်ကြတော့"
စကားအနည်းငယ် ပြောဆိုပြီးနောက် လီဟန်ကျုံးက ရွှီဟွမ်တို့ကို ပြောလိုက်သည်။
လူအားလုံး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လွင်သွားပြီးနောက် ထိုက်ယန်တောင် အမှတ်(၁) ယာဉ်ပျံပေါ်သို့ အစဉ်လိုက် ဝင်ရောက်သွားကြသည်။
ပုံမှန်လေ့ကျင့်ထားသည့်အတိုင်း ရွှီဟွမ်တို့သည် ကိုယ့်တာဝန်ကိုယ် ယူကာ မိမိတို့နေရာ အသီးသီးသို့ အသီးသီး ဝင်ရောက်သွားကြသည်။
လင်းယွမ်တို့လည်း အစည်းအဝေးခန်းမထဲသို့ ဝင်သွားပြီး ဗဟိုထိန်းချုပ်ရေး မျက်နှာပြင်ကြီးကို ကြည့်လိုက်ကြသည်။
လီဟန်ကျုံးက မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး "ထိုက်ယန်တောင် အမှတ်(၁)... အလိုအလျောက် စစ်ဆေးရေး အစီအစဉ်ကို စတင်ပါ" ဟု ပြောလိုက်သည်။
"ဒါက ထိုက်ယန်တောင် အမှတ်(၁) ပါ... အလိုအလျောက် စစ်ဆေးရေး အစီအစဉ် စတင်နေပါပြီ" ဖေးကန်းက လျင်မြန်စွာ ပြန်ဖြေသည်။
ထို့နောက် လျှပ်စစ်စီးကြောင်းများ စတင်စီးဆင်းသွားသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"အကာအကွယ်စနစ် ပုံမှန် အလုပ်လုပ်ပါတယ်"
"တိုက်ခိုက်ရေးစနစ် ပုံမှန် အလုပ်လုပ်ပါတယ်"
"စွမ်းအင်မောင်းနှင်မှုစနစ် ပုံမှန်ပါပဲ"
"အရေးပေါ် လွတ်မြောက်ရေးယာဉ်စနစ် ပုံမှန်ပါပဲ"
"လေထုကို စွန့်ထုတ်နေပြီး တံခါး စပိတ်ပါပြီ"
"လေဖိအား တည်ငြိမ်ပြီး စွမ်းအင် ပုံမှန်ရှိပါတယ်"
......
စနစ်အမျိုးမျိုး စတင်အလုပ်လုပ်လာသည်နှင့်အတူ အလိုအလျောက် စစ်ဆေးရေးအစီအစဉ်က ယာဉ်တစ်စီးလုံး စစ်ဆေးခြင်းကို လျင်မြန်စွာ ပြီးစီးသွားသည်။
အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါ ဖေးကန်းနှင့် ရွှီဟွမ်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး အခြားလူများကိုပါ တစ်ချက် ဝေ့ကြည့်လိုက်ကြသည်။
အားလုံးက ကိုယ်စီ ခေါင်းညိတ်ပြလိုက်ကြသည်။
ဖေးကန်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး "အခြေစိုက်စခန်း... အခြေစိုက်စခန်း... ဒါက ထိုက်ယန်တောင် အမှတ်(၁) ပါ... စစ်ဆေးမှု အားလုံး ပုံမှန်ပါပဲ... အခု စမ်းသပ်ပျံသန်းဖို့ ခွင့်ပြုချက် တောင်းခံပါတယ်" ဟု ပြောလိုက်သည်။
ခဏအကြာတွင် လီဟန်ကျုံး၏ အသံ ထွက်ပေါ်လာသည်။ "စမ်းသပ်ပျံသန်းဖို့ ခွင့်ပြုတယ်"
ဖေးကန်းက လက်လှမ်းကာ စက်နှိုးခလုတ်ကို ဖိနှိပ်လိုက်သည်။
"ဝီ" ဟူသော တုန်ခါသံကြီး ထွက်ပေါ်လာသည်။
တစ်ခဏချင်းအတွင်းမှာပင် စွမ်းအင်မောင်းနှင်မှုစနစ်က အရှိန်အဟုန်ဖြင့် လည်ပတ်သွားပြီး ၎င်းနှင့်အတူ ပြင်းထန်သော လေစီးကြောင်းများက လေထွက်ပေါက်များမှတစ်ဆင့် အပြင်းအထန် ပန်းထွက်လာသည်။
ထိုက်ယန်တောင် အမှတ်(၁) တစ်စီးလုံး မြေပြင်မှ လျင်မြန်စွာ စတင်ကြွတက်လာသည်။
အောက်ဘက်မှ ဂျက်များကဲ့သို့ စွမ်းအင် ခြောက်ခုက ပန်းထွက်လာပြီး ယာဉ်ကို အလွန် တည်ငြိမ်စွာ ပျံသန်းနိုင်စေသည်။
တောင်ပံနှစ်ဖက်ရှိ စွမ်းအင်ပန်းထုတ်ကိရိယာများ စတင်အလုပ်လုပ်လာသည်နှင့် တစ်ပြိုင်နက် ယာဉ်ပျံတစ်ခုလုံးသည် ထိုက်ယန်တောင် အထက်ကောင်းကင်ယံသို့ တမုဟုတ်ချင်း ပျံသန်းသွားပြီး တိမ်တိုက်များဆီသို့ တည့်တည့်မတ်မတ် ထိုးတက်သွားတော့သည်။
ကောင်းကင်တစ်ခွင် နှင်းပွင့်များ ကျဆင်းနေပြီး ယာဉ်ပျံက နှင်းပွင့်များနှင့် ဆန့်ကျင်ဘက်သို့ တိုးထွက်ပျံသန်းသွားသည်။
ဖေးကန်း၊ ရွှီဟွမ်နှင့် အခြားသူများ၏ မျက်လုံးများတွင် ပြတ်သားမှုများ အပြည့်ရှိနေပြီး ထူထပ်နေသော မိုးတိမ်မည်းကြီးများကို ကြည့်ကာ မည်သူမျှ စကားမပြောကြပေ။
ထိုက်ယန်တောင် သုတေသနဌာန အစည်းအဝေးခန်းမထဲတွင် လူအားလုံးက ဗဟိုမျက်နှာပြင်ကြီးကို ကြည့်နေကြသည်။ ၎င်းသည် ယာဉ်ပျံပေါ်ရှိ ကင်မရာမှ ပြန်လည်ပို့လွှတ်ပေးသော အချက်ပြမှုများ ဖြစ်သည်။
လင်းယွမ်က မေးလိုက်သည်။ "ရေဒီယို လှိုင်းတွေ အနှောင့်ယှက်မခံရဘူးလား... လှိုင်းတွေကို ဘယ်လိုများ ပို့လွှတ်နေတာလဲ"
လီဟန်ကျုံးက ဘေးမှနေ၍ ရှင်းပြသည်။ "သန္ဓေပြောင်းစွမ်းအင်တွေ ရှိနေတာက ရေဒီယိုလှိုင်းတွေကို အမှန်တကယ် နှောင့်ယှက်နိုင်ပါတယ်"
"အကွာအဝေး နီးတော့ သိပ်မသိသာဘူး... ခြောက်မိုင်ထက် ကျော်သွားတာနဲ့ လှိုင်းပြတ်တောက်မှုတွေ အများကြီး ဖြစ်လာတယ်"
"ဒါပေမဲ့ ကျွန်တော်တို့က မုန်ယာကုမ္ပဏီရဲ့ သံချပ်ကာကားပေါ်ကနေ သင်္ကေတ အသစ်တစ်မျိုးကို ရှာတွေ့ခဲ့တယ်... အဲဒါကို ကျွန်တော်တို့က လှိုင်းစစ်ထုတ် သင်္ကေတ လို့ နာမည်ပေးထားတယ်... ဒီသင်္ကေတက သန္ဓေပြောင်းစွမ်းအင် အမြောက်အမြားကို စစ်ထုတ်ပေးနိုင်ပြီး သတ်မှတ်ထားတဲ့ လှိုင်းနှုန်းစဉ်ကို ဆက်လက် ထိန်းသိမ်းထားပေးနိုင်တယ်"
"သံချပ်ကာကားပေါ်က လှိုင်းပို့လွှတ်ရေး ကိရိယာတွေက... အဲဒီ လှိုင်းစစ်ထုတ် သင်္ကေတ နည်းပညာကို သုံးထားတာပါ"
"ကျွန်တော်တို့က အဲဒါကို ဖြုတ်ယူပြီး ယာဉ်ပျံပေါ်မှာ ပြန်တပ်ဆင်လိုက်တာ... အဝေးကြီးကနေ လှိုင်းတွေ ပို့လွှတ်နိုင်ရုံတင်မကဘူး ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေ ချိန်ညှိပြီးတဲ့အခါ အဝေးက ရုပ်ထွက်တွေကိုပါ မြင်နိုင်လာတယ်"
"ဒါကြောင့် အခုလို အဝေးကနေ ဗီဒီယိုလှိုင်းတွေ ဖမ်းယူနိုင်တာပါ"
လင်းယွမ်က ဝေဝေဝါးဝါးသာ နားလည်လိုက်သည်။ ဤဗဟုသုတများက သူ၏ သိမြင်နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
သို့သော် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စများကို ကျွမ်းကျင်သူများလက်သို့သာ အပ်ထားလိုက်သည်။
သူက အရာအားလုံး၏ သဘောတရားကို သိနေရန် မလိုပေ။ ထို့ကြောင့် သူက ပြုံးလျက် "ခင်ဗျားတို့ကတော့ တကယ် နည်းလမ်းရှိတာပဲ" ဟု ပြောလိုက်သည်။
လီဟန်ကျုံးက ပြုံးလိုက်ပြီး "ဒါက သိပ်ခက်ခဲတဲ့ နည်းပညာ မဟုတ်ပါဘူး... အဓိကက အဲဒီ သင်္ကေတ အနည်းငယ်ပါပဲ... ဗီဒီယိုလှိုင်း နည်းပညာကတော့ ကမ္ဘာမပျက်ခင်က နည်းပညာတွေပါပဲ" ဟု ပြောလိုက်သည်။
"သန္ဓေပြောင်းစွမ်းအင် သံလိုက်စက်ကွင်းရဲ့ သက်ရောက်မှုကိုသာ ကျော်လွှားနိုင်ရင်... ကမ္ဘာမပျက်ခင်က နည်းပညာတော်တော်များများကို ပြန်သုံးလို့ ရနိုင်ပါတယ်"
"အခုလောလောဆယ် ကျွန်တော်တို့လူတွေက ဒေသတွင်းကွန်ရက်ကို ပြန်လည်တည်ဆောက်ဖို့ သုတေသန လုပ်နေကြပြီ... မကြာခင် အနာဂတ်မှာ ကျွန်တော်တို့ ထိုက်ယန်တောင် ပိုင်နက်ထဲမှာ အင်တာနက် ပြန်သုံးလို့ ရလာနိုင်တယ်"
"ဆရာ အရင်က စုဆောင်းလာခဲ့တဲ့ လျှပ်စစ်ပစ္စည်းတွေ... တက်ဘလက်တွေ... ဖုန်းတွေက တစ်ချိန်ကျရင် ပြန်သုံးလို့ ရကောင်းရလာနိုင်တယ်"
လင်းယွမ်က ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ "တကယ်လား... အဲဒါက ဂြိုဟ်တုလှိုင်းတွေ မလိုဘူးလား"
လီဟန်ကျုံးက ရယ်မောလိုက်သည်။ "ဒေသတွင်း ကွန်ရက်လေးပါပဲ... အဲဒီလောက် မရှုပ်ထွေးပါဘူး"
လင်းယွမ်က သူ့စကားကို ရိုးရှင်းစွာ ကြားလိုက်ရသဖြင့် အနည်းငယ် မျှော်လင့်ချက်ထားလာမိသည်။
အင်တာနက်သာ ပြန်လည်ကောင်းမွန်လာမည်ဆိုလျှင် လူသားတွေရဲ့ နည်းပညာအဆင့်အတန်းကလည်း တကယ်ကို အမြန်ဆုံး...
"တိမ်လွှာတွေထဲ ဝင်တော့မယ်"
ရုတ်တရက် ရမ်ကျဲက သတိပေးလိုက်သည်။
လူအားလုံး လန့်သွားကြပြီး ဗဟိုမျက်နှာပြင်ကြီးကို အလျင်အမြန် ကြည့်လိုက်ကြသည်။
ဘေးမှ ဖုချီပေါ်က "ကျွန်တော်တို့ရဲ့ ယာဉ်ပျံက မိုးကြိုးဒဏ်ကို ဘယ်လောက်ခံနိုင်ရည်ရှိမလဲဆိုတာ စစ်ဆေးဖို့ အချိန်ကျလာပြီ" ဟု ပြောလိုက်သည်။
"စွမ်းအင်အကာအကွယ်နဲ့ အမွေးအတောင်တွေ ဖုံးအုပ်ထားတဲ့ ယာဉ်ကိုယ်ထည်က... ဒီလောက် ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိပါ့မလား မသိဘူး"
မျက်နှာပြင်ပေါ်ရှိ တိမ်လွှာများနှင့် ပို၍ နီးကပ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးတန်းများက လူတိုင်း၏ မျက်စိရှေ့တွင် ပေါက်ကွဲနေသကဲ့သို့ ဖြစ်ပေါ်နေသည်။
ရုတ်တရက် မျက်နှာပြင်က ဝါးသွားပြီး သိပ်သည်းလှသော နှင်းပွင့်များ အမြောက်အမြား ပေါ်လာသည်။
တာဝန်ကျဝန်ထမ်းများက အလျင်အမြန် အော်ပြောလိုက်သည်။ "ဗီဒီယိုလှိုင်း ပြတ်သွားပြီ"
"ဆက်သွယ်ရေးလှိုင်းကရော" လီဟန်ကျုံးက ချက်ချင်း မေးလိုက်သည်။
"ထိုက်ယန်တောင် အမှတ်(၁)... ထိုက်ယန်တောင် အမှတ်(၁)... ဒါက အခြေစိုက်စခန်းပါ... ဒါက အခြေစိုက်စခန်းပါ... ကြားရင် ပြန်ဖြေပါ... ကြားရင် ပြန်ဖြေပါ"
ဆက်သွယ်ရေးအရာရှိက ထိုက်ယန်တောင် အမှတ်(၁) သို့ အလျင်အမြန် ဆက်သွယ်လေသည်။
သို့သော် မိုက်ခရိုဖုန်းထဲတွင် လျှပ်စစ်စီးသံများသာ ဆက်တိုက် ထွက်ပေါ်နေသည်။
လူအားလုံး၏ ရင်ထဲတွင် အထိတ်တလန့် ဖြစ်သွားကြသည်။
လင်းယွမ်က မျက်မှောင်ကြုတ်ကာ လီဟန်ကျုံးကို ကြည့်လိုက်သည်။
လီဟန်ကျုံးက ပြောလိုက်သည်။ "မိုးကြိုးတိမ်တိုက်ထဲက သံလိုက်စက်ကွင်းက အရမ်းပြင်းထန်လွန်းလို့... လှိုင်းပို့လွှတ်မှုကို ကြီးကြီးမားမား နှောင့်ယှက်နေတာ ဖြစ်နိုင်တယ်"
"ဒါဆို အခု ဘယ်လိုလုပ်မလဲ" လင်းယွမ်က မေးလိုက်သည်။
လီဟန်ကျုံးက မလှမ်းမကမ်းရှိ ရှန်ယွင်ရှီးကို ကြည့်ကာ ပြောလိုက်သည်။ "လေယာဉ်မှူးတွေရဲ့ အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းတွေကို စစ်ဆေးကြည့်ပါ"
ရှန်ယွင်ရှီးက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူ့ရှေ့ရှိ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် အနည်းငယ် နှိပ်နယ်လိုက်ကာ ချက်ချင်း ပြောလိုက်သည်။ "ရွှီဖေးနဲ့ ဖေးကန်း နှစ်ယောက်လုံးရဲ့ နှလုံးခုန်နှုန်းက မြင့်တက်နေတယ်... ၁၅၀ ကျော်နေပြီ"
"ကျန်းဟွေးနဲ့ ဝူကျန်းယွီ နှစ်ယောက်က နှလုံးခုန် မမှန်ဘူး... သွေးပေါင်ချိန်လည်း တက်နေတယ်... ဒါပေမဲ့ ထိန်းချုပ်လို့ရတဲ့ အတိုင်းအတာထဲမှာ ရှိနေသေးတယ်"
"ရွှီဟွမ်ရဲ့ ခန္ဓာကိုယ် အချက်အလက်တွေကတော့ အားလုံး ပုံမှန်ပါပဲ"
လီဟန်ကျုံးက သက်ပြင်းချလိုက်ပြီး "သူတို့ ဘာမှမဖြစ်ဘူး ထင်တယ်... ဒီရွှီဟွမ်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက တကယ်ကို အံ့ဩစရာပဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "သူတို့ရဲ့ လက်ရှိ ခန္ဓာကိုယ် အချက်အလက်တွေကိုပါ သိနိုင်တာလား"
လီဟန်ကျုံးက ပြုံးလိုက်သည်။ "ဒါက သန္ဓေပြောင်းအစွမ်း သက်သက်ပါ... ကျွန်တော် မိတ်ဆက်ပေးပါ့မယ်"
သူက မလှမ်းမကမ်းရှိ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို လက်ညှိုးထိုးပြကာ ပြုံးလျက် ပြောလိုက်သည်။ "သူက ဆေးဘက်ဆိုင်ရာ ဌာနက ရှာဖွေတွေ့ရှိထားတဲ့ လူသစ်ပါ... နာမည်က ချောင်ရှန်ဟွာတဲ့... သူ့ရဲ့ နိုးထလာတဲ့ အစွမ်းက သွေးကြော အာရုံခံနိုင်စွမ်းပဲ"
"တစ်ဖက်လူရဲ့ သွေးတစ်စက်လောက် ရလိုက်တာနဲ့တင်... အဲဒီလူရဲ့ ခန္ဓာကိုယ် အချက်အလက်တွေကို သူ ကောင်းကောင်း အာရုံခံနိုင်တယ်... ဒီဖြစ်စဉ်က သွေးထဲက ဆဲလ်တွေ အသက်ဝင်မှု မရှိတော့တဲ့အချိန်အထိ ကြာရှည်ခံတယ်"
"အခု သူက ဆေးဘက်ဆိုင်ရာ ဌာနမှာ သွေးစစ်ဆေးတာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို တာဝန်ယူနေပါတယ်... သူက ဒေါက်တာရန်ရဲ့ လက်ရုံးတစ်ဆူပဲဗျ"
ချောင်ရှန်ဟွာဆိုသော အမျိုးသမီးက ဤဘက်သို့ လှည့်ကြည့်လာပြီး လင်းယွမ်ကို ကြည့်သော သူမ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှု၊ စိတ်အားထက်သန်မှုနှင့် ကျေးဇူးတင်မှုများ ပါဝင်နေသည်။
လင်းယွမ်က သူမကို ပြုံးပြကာ ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် တွေးမိလိုက်သည်။ ယခုအချိန်တွင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းက တဖြည်းဖြည်း ကြီးမားလာသည်နှင့်အမျှ လာရောက်ခိုလှုံသူ ပညာရှင်များလည်း ပို၍များပြားလာပြီ ဖြစ်သည်။
ထူးဆန်းအံ့ဩဖွယ်ကောင်းသော သန္ဓေပြောင်းအစွမ်း မျိုးစုံ ပေါ်ထွက်လာပြီး နေရာအသီးသီးတွင် အကျိုးပြုနေကြသည်။
ဤအမျိုးသမီး၏ အစွမ်းသည် ဆေးဘက်ဆိုင်ရာ ဌာနတွင် အလုပ်လုပ်ရန် အလွန် သင့်လျော်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
လင်းယွမ်က "သူက ထိုက်ယန်တောင်ကို နောက်မှ ရောက်လာတာလား" ဟု မေးလိုက်သည်။
လီဟန်ကျုံးက ခေါင်းခါလိုက်ပြီး "ယန်ကွမ်းမြို့သစ်ဘက်က လွတ်မြောက်လာတဲ့ သူပါ... အဲဒီ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဆရာကိုယ်တိုင် ကယ်တင်ခဲ့တာလေ... အခု သူတို့ထဲက တော်တော်များများက သန္ဓေပြောင်းအစွမ်းတွေ နိုးထလာကြပြီ" ဟု ဖြေလိုက်သည်။
လင်းယွမ်က သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ ဤချောင်ရှန်ဟွာက သူ့ကို ထိုကဲ့သို့သော အကြည့်မျိုးဖြင့် ကြည့်နေသည်မှာ မဆန်းပေ။
"အခု ယာဉ်ပျံဘက်က အခြေအနေ ဘယ်လိုရှိနေမလဲ မသိဘူး" လီဟန်ကျုံးက ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ယံကို ကြည့်ရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
ရမ်ကျဲက "ပါမောက္ခလီ... ကျွန်တော်တို့ရဲ့ ဒီဇိုင်းကို ယုံကြည်စမ်းပါဗျ" ဟု ပြောလိုက်သည်။
ဖုချီပေါ်ကလည်း "ဟုတ်တယ်... ကျွန်တော်တို့ရဲ့ ယာဉ်ပျံက အတွင်းပိုင်း မိုးကြိုးခံနိုင်ရည် စမ်းသပ်မှုတွေ လုပ်ထားပြီးသားမို့ ပြဿနာမရှိလောက်ပါဘူး" ဟု ထောက်ခံပြောဆိုသည်။
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားရာ ဆယ်မိနစ်ခန့် ကြာသွားသည်။
ရုတ်တရက် နှင်းပွင့်များ ပြည့်နှက်နေသော မျက်နှာပြင်က ရုတ်ခြည်း ခုန်တက်သွားပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။
"လှိုင်းပြန်ရပြီ"
တာဝန်ကျဝန်ထမ်းများက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
လူအားလုံး အလျင်အမြန် ကြည့်လိုက်ကြရာ မျက်နှာပြင်ပေါ်တွင် ပြာလဲ့နေသော ကောင်းကင်ယံကြီးကို တွေ့လိုက်ရသည်။
ကောင်းကင်ယံတွင် ရွှေဝါရောင် နေရောင်ခြည်များက အလွန် စူးရှတောက်ပနေသည်။
ကြီးမားလှသော လေပေါ်ကျွန်းကြီးများသည် အနီးတစ်ဝိုက်နှင့် အဝေးတစ်နေရာတို့တွင် လွင့်မျောနေကြသည်။
ထိုလေပေါ်ကျွန်း တောင်တန်းများကြားတွင် တိမ်ခိုးတိမ်ငွေ့များ စီးဆင်းနေပြီး ကောင်းကင်ယံတွင်မူ ဧရာမ ငွေရောင်နဂါးငွေ့တန်းကြီး တစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားကာ ဆွဲထားသော မြစ်ကြီးတစ်စင်းအလား အမြောက်အမြားသော ရေစီးကြောင်းများက ၎င်းထဲမှ ဒလဟော စီးကျနေသည်။
ထိုရေစီးကြောင်းများ ကျဆင်းလာစဉ် လေပေါ်ကျွန်းများပေါ်သို့ ရိုက်ခတ်သွားပြီး ရေတံခွန် စမ်းပေါက်များအဖြစ် ပြောင်းလဲသွားခြင်း သို့မဟုတ် တိမ်ခိုးတိမ်ငွေ့များအဖြစ် အငွေ့ပျံသွားခြင်း၊ သို့မဟုတ် အဆုံးအစမဲ့သော မိုးတိမ်မည်းကြီးများထဲသို့ ပေါင်းစပ်သွားခြင်းများ ဖြစ်ပေါ်နေသည်။
အမည်မသိ ကြောက်မက်ဖွယ် ဧရာမ သားရဲကြီးများကလည်း ကောင်းကင်ယံတွင် ပျံသန်း သွားလာနေကြသည်။
အချို့က အုပ်စုလိုက် သွားလာနေကြပြီး အချို့ကမူ တစ်ကောင်တည်း ပျံသန်းနေကြသည်။
သို့သော် ချွင်းချက်မရှိ အားလုံးက ဧရာမ ကိုယ်လုံးကိုယ်ပေါက်များ ရှိကြပြီး အသေးဆုံးကောင်ပင်လျှင် ပေသုံးဆယ်ကနေ ပေခြောက်ဆယ်လောက်အထိ ရှိကြသည်။
မျက်နှာပြင်တစ်ခု ခြားနေသော်လည်း သုတေသနဌာနတွင်းရှိ လူတိုင်းသည် ၎င်းတို့၏ ကြောက်မက်ဖွယ် ဖိအားများကို ခံစားနေရသည်။
ဆက်ရန်...