← Chapters

အခန်း (၇၁၃-၇၁၄)

Vol. 36 Ch. 713-714

အခန်း (၇၁၃-၇၁၄)

Vol. 36 Ch. 713-714

အပိုင်း (၇၁၃) ရွှေရောင်အဆင့် အရည်အသွေး အစွမ်း

နောက်တစ်ခဏတွင် ရန်မေ၏ မျက်နှာအမူအရာက ထပ်မံပြောင်းလဲသွားပြီး ယခင်ကလို နူးညံ့သိမ်မွေ့သည့် ပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။

သူမက နှုတ်ခမ်းဟကာ ပြောလိုက်သည်။ "ကျွန်မက ဘယ်သူ့ရဲ့ ခန္ဓာကိုယ်အငှားခံမှ မဟုတ်ဘူး... ကျွန်မက ကျွန်မပဲ... ကျွန်မမှာ မိသားစုရှိတယ်... ကလေးရှိတယ်"

"ရှင် ကျွန်မရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်နေတာ... ရှင် အကြံအောင်ဖို့ ကျွန်မ လုံးဝ အခွင့်အရေးပေးမှာ မဟုတ်ဘူး"

"သာမန်လူသား အောက်တန်းစားမ... နင် တော်တော် ရဲတင်းနေပါလား" သူမ၏ မျက်နှာက ရုတ်တရက် ရှုံ့မဲ့သွားပြန်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ထိုအသိစိတ်က ပြန်လည် ဖိနှိပ်ခံလိုက်ရ၏။

လင်းယွမ်က ဘေးမှ ရပ်ကြည့်နေပြီး သူ၏ မျက်နှာထားမှာ အလွန်တရာ လေးနက်တည်ကြည်နေသည်။

ရန်မေ၏ ခန္ဓာကိုယ်အတွင်း၌ ကွဲပြားသော စိတ်ဝိညာဉ် အသိစိတ်နှစ်ခုက ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်ရရန် ပြင်းထန်စွာ အားပြိုင်နေကြသည်ကို သူ မျက်ဝါးထင်ထင် မြင်တွေ့နေရသကဲ့သို့ပင်။

သို့သော် ယခုအချိန်တွင် လင်းယွမ်က ဝင်ရောက်ကူညီပေး၍ မရနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် မျိုးရိုးဗီဇအဆင့်မှ လာသော ဤတိုက်ပွဲမျိုးတွင် ရန်မေ ကိုယ်တိုင်သာ ပါဝင်ဆင်နွှဲနိုင်သောကြောင့် ဖြစ်သည်။

ရန်မေ၏ မျက်နှာအမူအရာ အဆက်မပြတ် ပြောင်းလဲနေသည်ကို ကြည့်ရင်း လင်းယွမ်က စိတ်ပူပန်စွာဖြင့် ချက်ချင်း အော်ပြောလိုက်သည်။ "အမမေ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အပေါ်မှာပဲ အာရုံစိုက်ထား... သူနှောင့်ယှက်တာကို မခံနဲ့"

"သူ ဒီလိုတွေ ပြောနေတာက အမရဲ့ အာရုံစူးစိုက်မှုကို ပြန့်လွင့်သွားအောင် လုပ်ချင်ရုံ သက်သက်ပဲ"

ရန်မေ၏ မူလအသိစိတ်က ဆက်လက်၍ စကားများမနေတော့ဘဲ မျိုးရိုးဗီဇများကို စီစဉ်ချထားရန် ချက်ချင်း အာရုံစိုက်လိုက်သည်။

သို့သော် လင်ယွီရုံ၏ အသိစိတ်က ချက်ချင်း ထွက်ပေါ်လာပြီး ဒေါသထွက်မနေတော့ဘဲ ရုတ်တရက် ညုတုတု အမူအရာမျိုး ပြောင်းလဲသွားလေသည်။

"ရန်မေ... နင် သိလား... နင့်ယောကျ်ားရဲ့ စွမ်းဆောင်ရည်တွေကို ခုခံဖို့ နင်က ငါ့ရဲ့ အသိစိတ်ကို အသုံးချခဲ့တုန်းက ငါ ဘယ်လောက်တောင် သာယာခဲ့ရလဲ ဆိုတာကိုလေ"

"အဲဒီအချိန်တုန်းက ငါ့ကို သူ ဘယ်လောက်တောင် သဘောကျခဲ့လဲဆိုတာ နင် သိရဲ့လား"

"နင့်ထက်စာရင် အဲဒီအချိန်က ငါ့ကို သူက ပိုပြီး သဘောကျတယ်လို့တောင် ပြောခဲ့သေးတာ"

တစ်ဖက်လူ၏ စကားများကြောင့် လွှမ်းမိုးခံလိုက်ရသည့်အလား ရန်မေက မျက်မှောင်ကြုတ်သွားသည်။

ဘေးမှနေ၍ ထိုစကားများကို ကြားလိုက်ရသော လင်းယွမ်မှာ ချက်ချင်းပင် ဆွံ့အသွားရ၏။

ဤလင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစက အကြံကုန်အမြန်းကျ လွန်းလှသည်။ အမမေ၏ ယုံကြည်မှုကို တိုက်ခိုက်ရန် ဤကဲ့သို့သော ကိစ္စမျိုးကိုပင် ထုတ်သုံးလာသည် မဟုတ်ပါလော။

သူက ဘေးမှနေ၍ လျင်မြန်စွာ လှောင်ပြုံးပြုံးလိုက်ပြီး "လင်ယွီရုံ... ငါနဲ့ အမမေ ကြားက သံယောဇဉ်ကို ရှေးခေတ်ကနေ ကျန်ရစ်ခဲ့တဲ့ မင်းလို အသိစိတ်အပိုင်းအစလေးက နားလည်နိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

"ဒီစကား နှစ်ခွန်းသုံးခွန်းလောက်နဲ့ အမမေရဲ့ ယုံကြည်မှုကို ယိမ်းယိုင်သွားအောင် လုပ်နိုင်မယ် ထင်နေတာလား... တကယ့်ကို ရယ်စရာပဲ"

သို့သော် လင်ယွီရုံက ဂရုမစိုက်ပေ။ ရန်မေ၏ စိတ်နှလုံး ယိမ်းယိုင်သွားပြီး အာရုံများ ပြန့်လွင့်သွားသည်ကို သူမက သိသာထင်ရှားစွာ ခံစားလိုက်ရသည်။

ထို့ကြောင့် ပိုမိုဖိအားပေးလာကာ ညုတုတု ရယ်မောလျက် "ဟားဟားဟား... သူ နင့်ကို လိမ်နေတာ... အိပ်ရာပေါ်မှာ နင့်ကိုလုပ်တာထက် ငါ့ကို လုပ်တဲ့အချိန်က သူ ပိုပြီး ရူးသွပ်ခဲ့တာနော်" ဟု ဆိုလေသည်။

"ငါ့ကိုယ်ပေါ်က အေးစက်ပြီး မာနကြီးတဲ့ နတ်ဘုရားမတစ်ပါးရဲ့ အငွေ့အသက်မျိုးကို သူက သဘောကျတာ"

"ရန်မေ... သူ နင့်ကို လုံးဝ မချစ်ပါဘူး... အခုဆို သူက အဆင့်အတန်းမြင့်မြင့်မှာ ရပ်တည်နေတာ... သူ့အိပ်ရာပေါ် တက်ချင်နေတဲ့ မိန်းမတွေ ဘယ်လောက်တောင် များလိုက်မလဲ"

"သူ့ကို နင် ဒီလောက် ပင်ပင်ပန်းပန်း ပြုစုယုယနေတာ ဘာအဓိပ္ပာယ် ရှိလို့လဲ"

"ဒါ့ထက်စာရင် ကိုယ်တိုင် အစွမ်းထက်လာအောင် ကြိုးစားပြီး သူ့ကို နင့်ဘေးနားမှာ ယောကျ်ားအပျော်တော်ဆက် အဖြစ်ထားပြီး နင့်တစ်ယောက်တည်း အပိုင်သိမ်းထားတာက ပိုမကောင်းဘူးလား"

လင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစက မိစ္ဆာတစ်ကောင်အလား ရန်မေ၏ စိတ်နှလုံးအတွင်း၌ တီးတိုး ရေရွတ်သွေးဆောင်နေသည်။

ရန်မေက မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်ကာ "ရှင် သူ့အကြောင်း လုံးဝ နားမလည်ပါဘူး" ဟု ပြောလိုက်သည်။

"သူ့မှာ မိန်းမတွေ ဘယ်လောက်ပဲ ရှိနေပါစေ... သူက အမြဲတမ်း ကျွန်မကို နံပါတ်တစ် နေရာမှာပဲ ထားမှာပါ"

"ရှင်ကတော့လေ... အရင်တုန်းက ရှင့်ကို ထွက်လာခွင့် ပေးခဲ့တာက သူ ကျွန်မကို အရမ်းချစ်လွန်းလို့ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ကျွန်မ မခံနိုင်တော့တာကြောင့် ရှင့်ကို ထွက်လာခိုင်းပြီး ကျွန်မအပေါ်ထားတဲ့ သူ့အချစ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို ခံယူခိုင်းခဲ့ရုံ သက်သက်ပဲ"

"ပြောရမယ်ဆိုရင် ရှင်ကလည်း ကျွန်မတို့ လင်မယား ကစားပွဲထဲက အသုံးချခံတစ်ခုလောက်ပဲ ရှိတာပါ... အဲဒါကို ရှင်က ဒီလိုကိစ္စမျိုးနဲ့ ကျွန်မကို လာနှောင့်ယှက်နေတာလား... တကယ့်ကို ရယ်စရာ ကောင်းလွန်းတယ်"

ရန်မေက လုံးဝ အလျှော့မပေးဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။

ရန်မေက ကိုယ့်ဘာသာ စကားတွေပြောရင်း ခန္ဓာကိုယ်ထဲရှိ အခြားအသိစိတ်တစ်ခုနှင့် စကားပြောနေသည်ကို လင်းယွမ်က ဘေးမှ ရပ်ကြည့်နေမိသည်။

သို့သော် ထိုစကားဝိုင်း၏ အကြောင်းအရာများက တကယ့်ကို အရှိန်ပြင်းလွန်းလှသဖြင့် သူ့ကိုပင် ပါးစပ်များ ခြောက်ကပ်လာစေတော့သည်။

လင်ယွီရုံ၏ ခွဲထွက်အသိက ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားရင်း လှောင်ပြုံးပြုံးကာ "ကိုယ့်ကိုယ်ကိုယ် လိမ်မနေပါနဲ့တော့... သူ မိန်းမတွေ အများကြီး ထားတာကို နင် တကယ်ပဲ ဂရုမစိုက်ဘူးလား" ဟု မေးလိုက်သည်။

"သူ့ရဲ့ နှလုံးသားကို မိန်းမတွေ အများကြီးဆီ ခွဲဝေပေးထားတာကို နင် တကယ်ပဲ အရေးမစိုက်နိုင်တာလား"

"ဟက်ဟက်... ရှေးခေတ်လူဖြစ်တဲ့ ငါတောင်မှ တစ်သက်လုံး ပေါင်းသင်းရမယ့်သူက ငါ့ကို သစ္စာဖောက်တာကို ခွင့်မပြုနိုင်ဘူး... နင်ကရော ကျေနပ်နိုင်ပါ့မလား"

"ရန်မေ အို ရန်မေ... နင့်ရဲ့ အတွင်းစိတ်ကို နင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်စမ်းပါ... နင်က သူ့ကို အပြည့်အဝ ပိုင်ဆိုင်ချင်တာ... သူ့ရဲ့ အချစ်တွေ အားလုံးကို နင် လိုချင်နေတာလေ"

ရန်မေက လုံးဝ ယိမ်းယိုင်ခြင်း မရှိဘဲ တည်ငြိမ်စွာဖြင့် "ရှင် မှားသွားပြီ... ကျွန်မက ဘာလိုချင်လဲဆိုတာကို အမြဲတမ်း ရှင်းရှင်းလင်းလင်း သိထားပါတယ်" ဟု ပြောလိုက်သည်။

"မောင်လေးက ကျွန်မအတွက်တော့ ဘဝသစ်ကို ပေးခဲ့တဲ့သူပဲ... သူ့ကို မတွေ့ခင်တုန်းက မိန်းမတစ်ယောက် ဖြစ်ရခြင်းရဲ့ ပျော်ရွှင်မှုဆိုတာကို ကျွန်မ လုံးဝ မသိခဲ့ဘူး"

"နှမြောစရာ ကောင်းတာက ကျွန်မမှာ ကံဆိုးခဲ့တဲ့ အိမ်ထောင်ရေး တစ်ခု ရှိခဲ့ဖူးတယ်... ကျွန်မလို လူမျိုးက သူ့ရဲ့ အချစ်တွေ အားလုံးကို ရရှိဖို့ မထိုက်တန်ပါဘူး"

"အခုချိန်မှာ သူ့နှလုံးသားထဲက အကြီးမားဆုံး နေရာတစ်နေရာကို ကျွန်မအတွက် ချန်ထားပေးနိုင်တာနဲ့တင်... ကျွန်မ အရမ်းကို ကျေနပ်နေပါပြီ"

"ဒါ့အပြင် အခုဆိုရင် ကျွန်မ အသက်ဆက်ရှင်ဖို့အတွက် ဒုတိယ တွန်းအားတစ်ခုပါ ရရှိနေပြီလေ"

"လင်ယွီရုံ... ကျွန်မရဲ့ ခန္ဓာကိုယ်က ကျွန်မပိုင်တာပဲ ဖြစ်ရမယ်... ရှင်က ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ မရှိသင့်ဘူး"

သူမက ပြတ်သားစွာ ရေရွတ်လိုက်ပြီး မျိုးရိုးဗီဇ အစီအစဉ်များက လျင်မြန်စွာ နေရာယူ ပေါင်းစပ်သွားကာ သူမ၏ မျိုးရိုးဗီဇမြေပုံဖြစ်သော 'နှင်းအိပ်မက်ဆိုးစုန်းမ' ဆီသို့ အဆက်မပြတ် အလွန်လျင်မြန်စွာ နီးကပ်သွားတော့သည်။

လင်ယွီရုံ၏ ခွဲထွက်အသိက ထိုပြောင်းလဲမှုကို ခံစားလိုက်ရပြီး အတိုင်းမသိ ဒေါသတကြီး ရူးသွပ်လာတော့သည်။

"ငတုံးမ... အောက်တန်းကျတဲ့ မိန်းမယုတ်"

"နင်က မိန်းမတွေထဲမှာ တကယ့်ကို အရှက်ရစရာ ကောင်းတဲ့ကောင်မပဲ"

"ရပ်လိုက်စမ်း... အခုချက်ချင်း ရပ်လိုက်"

လင်ယွီရုံ၏ ခွဲထွက်အသိက စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း မျိုးရိုးဗီဇမြေပုံကို အဆက်မပြတ် စုစည်းနေသော ရန်မေ၏ အရှိန်အဟုန်ကိုတော့ တားဆီးနိုင်ခြင်း မရှိသေးပေ။

တစ်ချိန်တည်းမှာပင် ထိုက်ယန်တောင်မှ သုံးမိုင်ခန့်မျှသာ ကွာဝေးသော ကောင်းကင်ယံထက်တွင်...

လင်ယွီရုံ၏ မူလခန္ဓာကိုယ်ကြီးက ယခုအချိန်တွင် ရုတ်တရက် မျက်နှာပျက်သွားသည်။

သူမ၏ မျက်နှာထက်တွင် ထိတ်လန့်ဒေါသထွက်နေသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။

"ဒုက္ခပဲ"

"သခင်မ... ဘာဖြစ်လို့လဲ"

ဘေးနားရှိ အပြာရောင် သံချပ်ကာကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက အလျင်အမြန် မေးလိုက်သည်။

ထိုသူ၏ ပုံသဏ္ဌာန်မှာ ဝိုးတဝါးဖြစ်နေပြီး သန့်စင်သော စွမ်းအင်ခန္ဓာကိုယ်ဖြင့် ဖွဲ့စည်းထားသကဲ့သို့ ရှိသည်။

လင်ယွီရုံက ချက်ချင်းပင် "ငါ့ရဲ့ ကိုယ်ပွားခန္ဓာကိုယ် ခြိမ်းခြောက်ခံနေရတာကို ငါ ခံစားလိုက်ရတယ်" ဟု ပြန်ဖြေသည်။

"မြန်မြန်... ငါ့နောက်ကို အမြန်ဆုံး လိုက်ခဲ့"

နောက်တစ်ခဏတွင် သူမက အစွမ်းကုန် ပေါက်ကွဲထုတ်လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးက မူလနေရာမှနေ၍ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် စွမ်းအင်စုဝေးအဆောက်အအုံ၏ မြေအောက်ထပ်တွင်မူ ယခုအခါ ရန်မေက မျိုးရိုးဗီဇများကို အဆက်မပြတ် ပြန်လည်ဖွဲ့စည်းနေပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ အေးစက်သော အငွေ့အသက်များက ပိုမို နက်ရှိုင်းလာသည်။

သူမ၏ ဆံပင်များက တဖြည်းဖြည်း နှင်းလို ဖြူဖွေးလာပြီး သူမ၏ ခန္ဓာကိုယ်ကလည်း ဝိုးတဝါး ပုံရိပ်ယောင်သဖွယ် ပြောင်းလဲလာသည်။

လင်းယွမ်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း ချက်ချင်း နားလည်သွားသည်။

ရုတ်တရက် ထိုဝိုးတဝါးဖြစ်နေသော ပုံရိပ်အတွင်း၌ အစွမ်းကုန် ရုန်းကန်နေပုံရသည့် နောက်ထပ် ပုံရိပ်တစ်ခု ရှိနေသည်ကို လင်းယွမ် သတိထားမိလိုက်သည်။

"လင်ယွီရုံ"

ထိုပုံရိပ်၏ ရုပ်သွင်မှာ ရေခဲနတ်ဘုရားမ လင်ယွီရုံပင် ဖြစ်နေသည်။

လင်းယွမ်၏ စိတ်နှလုံးထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ "သူက အမမေရဲ့ မျိုးရိုးဗီဇ အနက်ရှိုင်းဆုံးနေရာမှာ ပုန်းအောင်းနေတာ... အခု အမမေက မျိုးရိုးဗီဇတွေကို ပြန်လည်ဖွဲ့စည်းလိုက်တော့ သွေးသားပုံစံက တိုက်ရိုက် ပြန်လည်တည်ဆောက်ပြီးသား ဖြစ်သွားလို့ သူ ဆက်ပြီး ပုန်းကွယ်နေဖို့ ခက်ခဲသွားပြီ"

"သူ အဖျက်ဆီး ခံလိုက်ရတာနဲ့ တစ်ပြိုင်နက် လင်ယွီရုံရဲ့ မူလခန္ဓာကိုယ်က သေချာပေါက် လက်စားချေဖို့ ရောက်လာမှာပဲ"

"သူ့ရဲ့ စိတ်ဝိညာဉ်အပိုင်းအစကို အသုံးချပြီး သူ့ရဲ့ မူလခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်နိုင်မယ့် နည်းလမ်းများ ရှိနိုင်မလား"

လင်းယွမ်၏ အတွေးများက လျင်မြန်စွာ လည်ပတ်သွားပြီးနောက် စနစ် မျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်သည်။

"စနစ်... အမှတ် တစ်သန်းတန်ထဲက ဝိညာဉ်၊ စိတ်ဝိညာဉ်နဲ့ သက်ဆိုင်တဲ့ အစွမ်းတွေကို ရှာဖွေပေး"

ဤမျှကြာအောင် စုဆောင်းထားခဲ့ပြီးနောက် လင်းယွမ်၏ အမှတ်များမှာ အမှတ် နှစ်သန်းကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။

ယခုအခါတွင် သူက လုံးဝ တွန့်ဆုတ်မနေဘဲ မျက်မှောက်ရှိ အခြေအနေကို ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေရန် အမှတ် တစ်သန်းကို တိုက်ရိုက် ရင်းနှီးမြှုပ်နှံလိုက်သည်။

စနစ်က အမှတ် တစ်သန်းတန် ကံစမ်းမဲဘီးကို လျင်မြန်စွာ ဖွင့်ပေးလိုက်သည်။

ထို့နောက် မျက်နှာပြင်ပေါ်တွင် ရေစီးကြောင်းတစ်ခုအလား အစွမ်းစာရင်း အများအပြား ထွက်ပေါ်လာလေသည်။

ဝိညာဉ် ကပ်ပါးပြုခြင်း - စိတ်စွမ်းအင် အမျိုးအစား အစွမ်း၊ သင့်၏ ဝိညာဉ်ကို အပိုင်းပေါင်းများစွာ ခွဲခြားနိုင်ပြီး ခွဲထွက်သွားသော ဝိညာဉ်များသည် အခြားသော သက်ရှိများ၏ ခန္ဓာကိုယ်အတွင်းသို့ ကပ်ပါးပြု ဝင်ရောက်နိုင်သည်။

စိတ်ဝိညာဉ် ခွဲထွက်ခြင်း - စိတ်စွမ်းအင် အမျိုးအစား အစွမ်း၊ သင့်၏ စိတ်စွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ ခွဲထွက်အသိများအဖြစ် ပြောင်းလဲနိုင်ပြီး သင့်၏ သွေးကြောမျိုးရိုးဗီဇများအတွင်းသို့ ပေါင်းစပ်ကာ သွေးသားမျိုးဆက်များမှတစ်ဆင့် သင့်၏ စိတ်ဝိညာဉ်အသိကို လက်ဆင့်ကမ်း ပေးပို့နိုင်သည်။

စိတ်ဝိညာဉ် ပေါင်းစပ်ခြင်း - စိတ်စွမ်းအင် အမျိုးအစား အစွမ်း၊ သင့်၏ စိတ်စွမ်းအင်သည် အခြားသော သက်ရှိများ၏ စိတ်စွမ်းအင်နှင့် ပေါင်းစပ်နိုင်ပြီး တစ်ဖက်လူ၏ စိတ်ဝိညာဉ်အသိကို ဖျက်ဆီးကာ ၎င်းတို့၏ ကျန်ရစ်သော စိတ်ဝိညာဉ်အပိုင်းအစများကို စုပ်ယူနိုင်သည်။

ဝိညာဉ် ချုပ်နှောင်ခြင်း - စိတ်စွမ်းအင် အမျိုးအစား အစွမ်း၊ သင့်၏ စိတ်စွမ်းအင်ဖြင့် အခြားသော သက်ရှိများ၏ ဝိညာဉ်ကို ဖမ်းဆီးချုပ်နှောင်နိုင်ပြီး သင့်၏ ကျေးကျွန်အဖြစ် ပြောင်းလဲစေနိုင်သည်။

ဝိညာဉ် ရောင်ခြည် - စိတ်စွမ်းအင် အမျိုးအစား အစွမ်း၊ သင့်၏ စိတ်စွမ်းအင်မှ အလွန်အစွမ်းထက်သော ဝိညာဉ်ရောင်ခြည်ကို ထုတ်လွှတ်နိုင်ပြီး ပြိုင်ဘက်၏ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို တိုက်ခိုက်နိုင်သည်။

……

စိတ်စွမ်းအင် အမျိုးအစားနှင့် ဝိညာဉ် အမျိုးအစား အစွမ်းများ ဆက်တိုက်ဆိုသလို စနစ်မျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာသည်။

လင်းယွမ်က ထိုအစွမ်းများနှင့် သက်ဆိုင်သော ဖော်ပြချက်များကို လျင်မြန်စွာ အကဲခတ် ဖတ်ရှုလိုက်သည်။

ထိုအထဲမှ ဒုတိယမြောက် အစွမ်းဖြစ်သော 'စိတ်ဝိညာဉ် ခွဲထွက်ခြင်း' မှာ ရန်မေ၏ လက်ရှိ အခြေအနေနှင့် တစ်ပုံစံတည်း ထပ်တူကျနေသည်။

လင်ယွီရုံ၊ ကျင်းဖုန်း စသည့် ရှေးခေတ် အစွမ်းပိုင်ရှင်များသည် ဤကဲ့သို့သော အစွမ်းကို ကျွမ်းကျင်ပိုင်နိုင်ထားခြင်း ဖြစ်တန်ရာသည်ကို လင်းယွမ် ချက်ချင်း သဘောပေါက်သွားသည်။

ထိုအရာက လင်းယွမ်၏ ရင်ကို တဒိန်းဒိန်း ခုန်သွားစေသည်။ ဤသည်မှာ သူတို့ ပြောလေ့ရှိသော ထာဝရအသက်ရှင်ခြင်း နည်းလမ်းပင် ဖြစ်တော့သည်။

သူက ရင်ထဲမှ လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပြီး အခြားသော အစွမ်းများကို ချက်ချင်း ဆက်လက် ကြည့်ရှုလိုက်သည်။

ဤ ထာဝရအသက်ရှင်ခြင်း နည်းလမ်းဆိုသည်မှာ သွေးသားမျိုးဆက်များထံတွင် ကပ်ပါးပြုသည့် နည်းလမ်းဖြင့် ဝင်စားကာ အခြားသူများ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်းပင် ဖြစ်သည်။

ဤသည်မှာ လုံးဝ မှန်ကန်သော ထာဝရအသက်ရှင်ခြင်း နည်းလမ်း မဟုတ်သဖြင့် လင်းယွမ်က ထပ်မံ အာရုံစိုက်မနေတော့ပေ။

သူ ရှာဖွေရမည်မှာ ဤကဲ့သို့သော စိတ်ဝိညာဉ်အပိုင်းအစကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းပင် ဖြစ်သည်။

အကြည့်များ ဝေ့ဝဲသွားပြီးနောက် "စိတ်ဝိညာဉ် ပေါင်းစပ်ခြင်း" ဟူသော အစွမ်းကို မြင်လိုက်ရချိန်တွင် သူ့ရင်ထဲ ရုတ်တရက် တဒိန်းဒိန်း ခုန်သွားရသည်။

"ဒီဟာပဲ"

"ပြိုင်ဘက်ရဲ့ စိတ်ဝိညာဉ်အသိကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်ပြီး တစ်ဖက်လူရဲ့ စိတ်စွမ်းအင်တွေကို စုပ်ယူပေါင်းစပ်နိုင်တယ်"

ဤသည်မှာ သိုင်းဝတ္ထုများထဲတွင် ပြိုင်ဘက်၏ အတွင်းအားကို စုပ်ယူသည့် သဘောတရားနှင့် အနည်းငယ် ဆင်တူနေသည်။

သို့သော် လင်းယွမ်က ချက်ချင်း တွန့်ဆုတ်သွားပြန်သည်။ ယခုအခါ အမမေနှင့် လင်ယွီရုံ၏ ခွဲထွက်အသိတို့မှာ ခန္ဓာကိုယ်တစ်ခု ဝိညာဉ်နှစ်ခု အခြေအနေမျိုး ဖြစ်နေပြီး စိတ်ဝိညာဉ်အသိ နှစ်ခုက ဝိညာဉ်တစ်ခုတည်းအတွင်းတွင် ရှိနေသည်။

ဤကဲ့သို့သော နည်းလမ်းဖြင့် တိုက်ရိုက် စုပ်ယူပေါင်းစပ်လိုက်ပါက အမမေကိုပါ တစ်ပါတည်း ထိခိုက်ဒဏ်ရာ ရသွားလျှင် မည်သို့လုပ်မည်နည်း။

သူက ခေတ္တ တွေဝေသွားပြီးနောက် "တခြားဟာတွေ ထပ်ကြည့်လိုက်ဦးမယ်" ဟု ရေရွတ်လိုက်သည်။

အကြည့်များက အောက်ဘက်သို့ ဆက်လက် ရွေ့လျားသွားသည်။

"ဝိညာဉ် ချုပ်နှောင်ခြင်း" ဟူသော အစွမ်းကို မြင်လိုက်ရချိန်တွင် လင်းယွမ်၏ မျက်လုံးများ ချက်ချင်း အရောင်လက်လာတော့သည်။

"ဝိညာဉ် ချုပ်နှောင်ခြင်း"

"ချုပ်နှောင်ရုံ သက်သက်ပဲ... တစ်ဖက်လူကို ကိုယ့်ရဲ့ ကျေးကျွန်ဖြစ်အောင် လုပ်တာ"

လင်းယွမ်၏ မျက်လုံးများက တောက်ပလာသည်။ ဤအစွမ်းက ထိုမျှလောက် အစွန်းမရောက်လှဘဲ တစ်ဖက်လူ၏ ဝိညာဉ်ကို ထိခိုက်စေမည် မဟုတ်ဘဲ ထိန်းချုပ်ခြင်းကို အဓိကထားခြင်း ဖြစ်သည်။

သူနှင့် ရန်မေတို့က တစ်ဦးနှင့်တစ်ဦး အရေးအကြီးဆုံးသော သူများဖြစ်ကြရာ ကျေးကျွန်ဖြစ်ခြင်း မဖြစ်ခြင်းဟူသော ပြဿနာမှာ ရှိမနေပေ။

အကယ်၍ မိမိကိုယ်တိုင် ဤအစွမ်းကို အသုံးပြုလိုက်ပါက ရန်မေကိုပါ ထိခိုက်မိသွားလျှင်တောင် အလွန်ကြီးမားသော အန္တရာယ်မျိုး ရှိလာမည် မဟုတ်ပေ။

ရန်မေက မူလကတည်းက သူ့စကားဆိုလျှင် နားထောင်ပြီးသား ဖြစ်သည်။

သေချာသည်မှာ အစွမ်းကို လဲလှယ်ပြီးနောက်မှသာ အသေးစိတ် အချက်အလက်များကို သေချာ စစ်ဆေးကြည့်ရှုရန် လိုအပ်ပေသည်။

လင်းယွမ်က ထပ်မံ တွန့်ဆုတ်မနေတော့ဘဲ လဲလှယ်ရန် တိုက်ရိုက် ရွေးချယ်လိုက်တော့သည်။

"စနစ်... ဝိညာဉ် ချုပ်နှောင်ခြင်း အစွမ်းကို လဲလှယ်မယ်"

"ဝီ"

နောက်တစ်ခဏတွင် စနစ်က လင်းယွမ်အတွက် ဤအစွမ်းကို တိုက်ရိုက် လဲလှယ်ပေးလိုက်သည်။

လင်းယွမ်က ဆရာ မလိုဘဲ ချက်ချင်း တတ်မြောက်သွားပြီး အမှတ် တစ်သန်းတန် အစွမ်းတစ်ခုကို သင်ယူနိုင်ခဲ့လေသည်။

သူက ဤအစွမ်း၏ ဖော်ပြချက်ကို ချက်ချင်း စစ်ဆေးကြည့်ရှုလိုက်သည်။

ဝိညာဉ် ချုပ်နှောင်ခြင်း - စိတ်စွမ်းအင် အမျိုးအစား အစွမ်း

အရည်အသွေး - ရွှေရောင်

လိုအပ်ချက် - စိတ်စွမ်းအင် ၁၀၀ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁၀၀ မှတ်

အစွမ်းအာနိသင် ၁ - စိတ်စွမ်းအင်ဖြင့် ရန်သူကို ပစ်မှတ်ထားပြီးနောက် တစ်ဖက်လူ၏ ဝိညာဉ်ကို အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်နိုင်ပြီး သင့်၏ ကျေးကျွန်အဖြစ် ပြောင်းလဲစေနိုင်သည်။

အစွမ်းအာနိသင် ၂ - သင့်၏ ကျေးကျွန်သည် ခန္ဓာကိုယ် သေဆုံးသွားလျှင်တောင် ဝိညာဉ်မှာမူ သင့်၏ ချုပ်နှောင်မှုအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သတိပြုရန် - အကယ်၍ ရန်သူ၏ စိတ်စွမ်းအင် အမှတ်သည် သင့်ထက် များနေပါက သင့်ထံသို့ စိတ်စွမ်းအင် ရိုက်ခတ်မှု ပြန်ကန်လာနိုင်သည်။

လင်းယွမ်က အထက်ပါ ဖော်ပြချက်များကို ကြည့်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားရသည်။

"ဟိုက်... ဒီဝိညာဉ် ချုပ်နှောင်အစွမ်းက... တကယ့်ကို ဒီလောက်တောင် အစွမ်းထက်တာလား"

"ခန္ဓာကိုယ် သေဆုံးသွားတာတောင် ဝိညာဉ်က လွတ်မြောက်လို့ မရဘဲ ဆက်ပြီး ချုပ်နှောင်ခံထားရဦးမှာတဲ့"

"ဒါ... ဒါဆိုရင် တစ်ဖက်လူက စိတ်ဝိညာဉ်အပိုင်းအစကနေတစ်ဆင့်... အသိစိတ်တွေကို အပိုင်းပေါင်းများစွာ ခွဲထုတ်ပြီး သွေးသားမျိုးဆက်တွေဆီ လက်ဆင့်ကမ်းပေးလိုက်ရင်တောင်... ပြန်ပြီး နိုးထလာတဲ့အခါ ကိုယ့်ရဲ့ ထိန်းချုပ်မှုကို ဆက်ခံရဦးမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"

"ဒီအစွမ်းက... ဒီလို စိတ်ဝိညာဉ်အပိုင်းအစ ရှိတဲ့ အစွမ်းပိုင်ရှင်တွေကို... ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နိုင်ပုံပဲ"

လင်းယွမ်မှာ ချက်ချင်းပင် အတိုင်းမသိ ဝမ်းသာသွားတော့သည်။

"ပြီးတော့ ဒီအစွမ်းရဲ့ အရည်အသွေးက... ရွှေရောင်အဆင့် အရည်အသွေးကြီးတောင် ဖြစ်နေသေးတယ်"

"အမှတ် တစ်သန်းတန် အစွမ်းက... တကယ့်ကို အစွမ်းထက်လှပါလား"

လင်းယွမ်အနေဖြင့် ရွှေရောင်အဆင့် အရည်အသွေးရှိသော အစွမ်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။

ယခင်က သူ မြင်ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံးမှာ ခရမ်းရောင်အဆင့် အရည်အသွေးသာ ဖြစ်သည်။

သူက ရင်ထဲမှ အံ့သြဝမ်းသာမှုများကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီးနောက် ရန်မေထံသို့ လှမ်းကြည့်လိုက်သည်။

ယခုအချိန်တွင် ရန်မေက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ နောက်ဆုံးအဆင့်၌ တစ်ဆို့နေပြီး လင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစ လွှမ်းမိုးမှုကြောင့် ပြန်လည်ဖွဲ့စည်းမည့် ထိုခြေလှမ်းကို သူမ လုံးဝ လှမ်းမတက်နိုင်ဘဲ ဖြစ်နေသည်။

ဖောက်ထွင်းမြင်နိုင်သော ရန်မေ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်နှစ်ခုက ခန္ဓာကိုယ် ထိန်းချုပ်ခွင့်ကို အပြန်အလှန် လုယူနေကြသည်ကို ကြည့်ရင်း...

လင်းယွမ်က ချက်ချင်း အေးစက်စက် လှောင်ပြုံးတစ်ခုကို ပြုံးလိုက်သည်။

"အမမေ... ကျွန်တော် ကူညီပေးမယ်"

ဆက်ရန်...

အပိုင်း(၇၁၄) နေမင်းရွှေလင်းယုန်

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ စိတ်စွမ်းအင်ကို ချက်ချင်းပင် လှုံ့ဆော်လိုက်သည်။

သူ၏ စိတ်စွမ်းအင်သည် အထူး ရွှေရောင်သင်္ကေတတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး လင်းယွမ်က လေဟာနယ်ကို တစ်ချက် ထောက်လိုက်သည်နှင့် ထိုသင်္ကေတသည် ရန်မေ၏ ခန္ဓာကိုယ်ထဲသို့ အရှိန်ပြင်းစွာ စိုက်ဝင်သွားတော့၏။

သူက လေသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်သည်။ "အမမေ... စိတ်ကို ဖြေလျှော့ထားလိုက်... ဒီသင်္ကေတနဲ့ သူ့ကို တိုက်ခိုက်ဖို့ လမ်းကြောင်းပေးလိုက်"

ရန်မေက လင်းယွမ်ပြောသည့်အတိုင်း ချက်ချင်းလုပ်ဆောင်လိုက်ပြီး စိတ်ပင်လယ်ကို လျင်မြန်စွာ ဖွင့်ဟကာ ထိုရွှေရောင်သင်္ကေတကို ဝင်ရောက်ခွင့် ပြုလိုက်သည်။

ရွှေရောင်သင်္ကေတသည် စိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရန်မေ၏ စိတ်ပင်လယ်ထဲတွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး စိတ်ပင်လယ် ကောင်းကင်ယံတစ်ခုလုံးကို တိုက်ရိုက် လင်းထိန်သွားစေတော့သည်။

စိတ်ပင်လယ်ထဲတွင် စိတ်စွမ်းအင်အစုအဝေး နှစ်ခုသည် ရွှေရောင်အလင်းတန်း၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး မသိစိတ်၏ စေ့ဆော်မှုကြောင့် ထိုသင်္ကေတကို အလိုအလျောက် မော့ကြည့်လိုက်မိကြသည်။

ရန်မေ၏ စိတ်ဝိညာဉ်ကိုယ်ထည်မှာ မည်သည့် ထိခိုက်မှုမျှ မခံစားရချေ။ ဤရွှေရောင်သင်္ကေတကို မြင်လိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် များစွာပင် အေးချမ်းသွားရသည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ မောင်လေးသည် သူမကို လုံးဝ ဒုက္ခပေးမည်မဟုတ်ကြောင်း ကောင်းစွာ သိထားသောကြောင့် ဖြစ်သည်။

တစ်ဖက်တွင်မူ လင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစလေးမှာ မျက်နှာအကြီးအကျယ် ပျက်ယွင်းသွားတော့သည်။

"နင် ဘာလုပ်မလို့လဲ... ဒါက နင့်မိန်းမရဲ့ ခန္ဓာကိုယ်နော်"

"နင် ငါ့ကို ဘာလုပ်လုပ်... သူ့ခန္ဓာကိုယ်ကလည်း အတူတူ တန်ပြန်သက်ရောက်မှုကို ခံရမှာပဲ"

"ငါက သူပဲ... သူကလည်း ငါပဲ... ငါတို့က မျိုးရိုးဗီဇတစ်ခုတည်းကနေ ပေါက်ဖွားလာတဲ့ အသိစိတ်ဝိညာဉ်တွေပဲ"

လင်းယွမ်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။ "ဒီစကားနဲ့ သူများတွေကို လှည့်စားလို့ရရင် ရမယ်... ငါ့ကိုတော့ လာလှည့်စားလို့ မရဘူး... မင်းက အမမေရဲ့ မျိုးရိုးဗီဇထဲမှာ ကပ်ပါးတွယ်နေတဲ့ မိစ္ဆာအိုကြီး သက်သက်ပဲ"

လင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစက ချက်ချင်း ဒေါသတကြီး ပြန်အော်သည်။ "ပေါက်ကရတွေ လာမပြောနဲ့... မျိုးရိုးဗီဇ အမွေဆက်ခံတယ်ဆိုတာ သွေးသားစဉ်ဆက် လက်ဆင့်ကမ်းလာတာပဲ... တစ်နည်းအားဖြင့် ပြောရရင် ငါက သူ့ရဲ့ ဘိုးဘေးပဲ... သူ့ရဲ့ အသက်ကိုတောင် ငါပေးထားတာ"

"ငါ ဒီခန္ဓာကိုယ်ကို သုံးမယ်ဆိုရင်တောင်... သူက ငါ့ကို ဘာမှချန်လှပ်မထားဘဲ ပေးဆပ်သင့်တယ်"

လင်းယွမ်က ချက်ချင်းပင် လှောင်ရယ် ရယ်မောလိုက်တော့သည်။ "ငတုံးမ... သက်ရှိတိုင်းက သူ့ဟာနဲ့သူ သီးခြားရပ်တည်နေတဲ့ အရာတွေပဲ... သူများ ခန္ဓာကိုယ်ထဲမှာ ကပ်ပါးတွယ်နေပြီး... မျိုးဆက်တွေကို ဝါးမျိုပြီး ပြန်ရှင်သန်ဖို့ ကြံစည်နေတဲ့ မင်းလို မိစ္ဆာကောင်ကများ... ဘိုးဘေးလို့ အခေါ်ခံချင်သေးတယ်ပေါ့"

"မင်းက ထာဝရအသက်ရှင်ချင်နေတာ မဟုတ်လား... ကောင်းပြီလေ... ဒါဆိုရင် မင်းကို ကမ္ဘာအဆက်ဆက် ငါ့ရဲ့ ကျွန်အဖြစ် နေခိုင်းလိုက်မယ်"

လင်းယွမ်က ရုတ်တရက် အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်ရာ ထိုရွှေရောင်သင်္ကေတသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အရှိန်ပြင်းစွာ ပစ်ထွက်သွားပြီး လင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစဆီသို့ တည့်တည့်မတ်မတ် ကျဆင်းသွားတော့၏။

လင်ယွီရုံသည် ချက်ချင်းပင် မျက်နှာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားပြီး ထိုရွှေရောင်သင်္ကေတထံမှ သူမအပေါ် ကျရောက်လာမည့် ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။

အကယ်၍သာ အထိခံလိုက်ရပါက သူမ အမှန်တကယ် ဒုက္ခကြီးကျရောက်တော့မည် ဖြစ်သည်။

"ဝှစ်"

လင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစလေးသည် ကပြာကယာ ထွက်ပြေးရန် ပြင်ဆင်လိုက်ပြီး ရန်မေ၏ စိတ်ပင်လယ်ထဲတွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ရှောင်တိမ်းထွက်ပြေးလေတော့သည်။

လင်းယွမ်က အော်ဟစ်ပြောဆိုလိုက်သည်။ "အမမေ... သူ့ကို ကျွန်တော် ရှင်းလိုက်မယ်... အမက အခွင့်ကောင်းယူပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းလိုက်တော့... သူ့ကို ဂရုစိုက်မနေနဲ့"

ရန်မေက ထိုစကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး သူမ၏ စိတ်စွမ်းအင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို လျင်မြန်စွာ စတင်လိုက်တော့၏။

လင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစလေးမှာ ချက်ချင်းပင် အလွန်အမင်း စိုးရိမ်ပြာယာခတ်သွားပြီး ခန္ဓာကိုယ် ထိန်းချုပ်ခွင့်ကို လုယူရန် ချက်ချင်း ကြိုးစားတော့သည်။

သို့သော် သူမ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လင်းယွမ်ဘက်မှ ရွှေရောင်သင်္ကေတသည် ရောက်ရှိလာပြီ ဖြစ်သည်။

သူမမှာ ခန္ဓာကိုယ် ထိန်းချုပ်ခွင့်ကို လုယူရန် အချိန်ပင်မရလိုက်တော့ဘဲ အလျင်အမြန်ပင် အစွမ်းကုန် ရှောင်တိမ်းလိုက်ရသည်။

ထိုစိတ်ဝိညာဉ်အပိုင်းအစလေး မျှော်လင့်ချက်မဲ့နေချိန်မှာပင် အပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ ဒေါသတကြီး ဟိန်းဟောက်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။

"လင်း ဆိုတဲ့ကောင်... အခု ချက်ချင်း ထွက်ခဲ့စမ်း"

"ဘုန်း"

ထိုအမျိုးသမီး၏ ဟိန်းဟောက်သံ အပြီးတွင် ပြင်းထန်ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထပ်ကြပ်မကွာ ထွက်ပေါ်လာတော့သည်။

ထို့နောက် လင်းယွမ်ပင်လျှင် တောင်တစ်ခုလုံး တုန်ခါယိမ်းယိုင်သွားသည်ကို ခံစားလိုက်ရ၏။

လင်းယွမ်က မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး မျက်နှာအနည်းငယ် ပျက်ယွင်းသွားသည်။ "လင်ယွီရုံ"

ချက်ချင်းဆိုသလိုပင် သူက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။ "မင်း တကယ်ကို ငြိမ်မနေနိုင်တော့ဘူးပဲ"

လင်းယွမ်က စကားအပိုတွေ ပြောမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်တွင်းမှ သွေးမြူခိုးများကို ချက်ချင်း ဖြန့်ကျက်လိုက်ပြီး နောက်တစ်စက္ကန့်တွင် လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ မျိုးရိုးဗီဇမြေပုံကို အသက်သွင်းလိုက်လေသည်။

သူ၏ တစ်ကိုယ်လုံးသည် လိပ်ခန္ဓာကိုယ်နှင့် မြွေအမြီး ပါရှိသော ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းယွမ်၏ စိတ်စွမ်းအင်သည် အဆပေါင်းများစွာ တိုက်ရိုက် မြင့်တက်သွားတော့၏။

တစ်ရာကျော်မှနေ၍ သုံးရာအထိ တိုက်ရိုက် ထိုးတက်သွားခြင်း ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် ၃၀% သို့ ရောက်ရှိသွားပြီးနောက် စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇမြေပုံ သားရဲပုံစံသို့ အသွင်ပြောင်းလိုက်သည်နှင့် လင်းယွမ်၏ စိတ်စွမ်းအင် အရည်အသွေးသည် အမှတ် သုံးရာအထိ ထိုးတက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်ဖြင့် ရွှေရောင် ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတကို လှုံ့ဆော်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထွက်ပြေးနေသော လင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစပေါ်သို့ အရှိန်ပြင်းစွာ ထိမှန်သွားတော့သည်။

ခဏချင်းမှာပင် လင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစလေးမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး စိတ်ပင်လယ်ထဲတွင် ရုတ်ခြည်း တောင့်တင်းသွားကာ လှုပ်ရှား၍ မရနိုင်တော့ချေ။

ရွှေရောင် ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတ၏ မျဉ်းကြောင်းတိုင်းသည် လိမ်ကောက်ပြောင်းလဲနေပြီး သံကြိုးခလောက်တစ်ခုအလား ထိုစိတ်ဝိညာဉ်အပိုင်းအစ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် ပျော်ဝင်သွားလေသည်။

လင်းယွမ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဖက်လူ၏ တွေးတောကြံစည်မှုများကို အာရုံခံသိရှိနိုင်ရုံသာမက သူသာ အလိုရှိပါက သူမကို ချက်ချင်း အသက်ပျောက်သွားစေရန်ပင် ပြုလုပ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

လင်ယွီရုံ၏ စိတ်ဝိညာဉ်အပိုင်းအစလေးမှာ ချက်ချင်းပင် မျက်နှာတစ်ခုလုံး မျှော်လင့်ချက်မဲ့သွားပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားတော့သည်။

"နင်... နင် ဘာလုပ်လိုက်တာလဲ"

လင်းယွမ်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး ဟိန်းဟောက်လိုက်သည်။ "ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ကျွန်ပဲ... ငါ့ကို သခင်လို့ ခေါ်ရမယ်"

"ကြားလား"

လင်ယွီရုံ၏ ဝိညာဉ်ခွဲလေးမှာ စိတ်လှုပ်ရှားသွားပြီး ပြင်းထန်သော ဒေါသစိတ်များ ရုတ်ခြည်း ပေါက်ကွဲထွက်လာကာ ပြန်လည်ခုခံရန် ကြိုးစားလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဝိညာဉ်အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူမမှာ ချက်ချင်းပင် ညည်းညူအော်ဟစ်ရလေတော့သည်။

သူမ၏ စိတ်ဝိညာဉ်အပိုင်းအစမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြိုကွဲလုမတတ် ဖြစ်သွားပြီး လူပုံသဏ္ဌာန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပေ။

ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက သူမကို လှုံ့ဆော်ကာ အတင်းအဓမ္မ စကားပြောခိုင်းနေလေသည်။

"သခင်... ကျွန်မ သိပါပြီ သခင်"

သူမက နှုတ်မှ အလိုအလျောက် ရေရွတ်လိုက်ပြီးနောက် ရင်ထဲတွင် မယုံကြည်နိုင်လောက်အောင် ဒေါသထွက်မှုနှင့် ရှက်ရွံ့မှုတို့ ပြည့်နှက်သွားတော့၏။

သူမက တစ်ဖက်လူကို တကယ်ကြီး သခင်ဟု ခေါ်လိုက်မိသည်တဲ့လား။

"မဖြစ်နိုင်ဘူး... ဒါ တကယ် မဟုတ်ဘူး"

"ဒီကောင်လေးကို ငါက ဘယ်လိုလုပ် သခင်လို့ ခေါ်ရမှာလဲ"

သူမ၏ ရင်တွင်း၌ ရူးသွပ်စွာ ဟိန်းဟောက်နေပြီး ပြန်လည်စော်ကားရန် စိတ်ကူးလိုက်သော်လည်း စကားလုံးများ နှုတ်ဖျားသို့ ရောက်သည်နှင့် ထိုကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကြီးက ရင်ထဲသို့ တစ်ဖန် ပြန်လည် စိမ့်ဝင်လာပြန်သည်။

အကယ်၍ သူမသာ လင်းယွမ်အပေါ် ရိုသေမှုမရှိဘဲ ရိုင်းပြဝံ့ပါက စောစောက အင်အား၏ တန်ပြန်သက်ရောက်မှုကို ချက်ချင်း ခံရမည်ဖြစ်ကြောင်း ထင်ရှားနေသည်။

ခဏချင်းမှာပင် လင်ယွီရုံသည် မျက်လုံးများ နီရဲသွားလုမတတ် ဖြစ်သွားပြီး လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်နေတော့သည်။

လင်းယွမ်၏ ရင်ထဲတွင် အံ့သြသွားပြီး ဝမ်းသာပီတိများ ပြည့်နှက်သွား၏။

ဝိညာဉ်ချုပ်နှောင်ခြင်း အစွမ်းက ဤမျှလောက်အထိ အာဏာပြင်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။

တစ်ဖက်လူသည် စိတ်ထဲတွင် မကျေနပ်သော်လည်း နှုတ်ကမူ အလွန်ပင် ရိုးသားနာခံနေသည်။

"လင်း ဆိုတဲ့ကောင်... နင် အခု မထွက်လာသေးရင်... နင့်ရဲ့ ဒီခွေးလက်ပါးစေတွေကို ငါ အကုန်သတ်ပစ်မယ်"

အပြင်ဘက်မှ လင်ယွီရုံ၏ ပြင်းထန်သော ဟိန်းဟောက်သံက ထပ်မံထွက်ပေါ်လာပြန်သည်။

အချိန်သည် လွန်ခဲ့သော ငါးမိနစ်ခန့်ဆီသို့ ပြန်သွားရလျှင်။

လင်ယွီရုံသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ထိုက်ယန်တောင်၏ ကောင်းကင်ယံထက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။

သူမ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုက်ယန်တောင်၏ သတိပေး အချက်ပေးစနစ်က ချက်ချင်းပင် အသက်ဝင်သွားတော့သည်။

ထိုက်ယန်တောင်၏ တောင်ထိပ်ရှိ စွမ်းအင်စုဝေးအဆောက်အအုံ ဘေးမှ ကင်းစောင့်မျှော်စင်သည် စူးရှသော အချက်ပေးသံများကို ချက်ချင်း မြည်ဟီးလိုက်လေသည်။

တစ်ချိန်တည်းမှာပင် တောင်ပေါ်ရှိ ကင်းစောင့်မျှော်စင် ဝန်ထမ်းများသည် ထိုက်ယန်တောင်၏ ကာကွယ်ရေးအစီအရင်ကို ပထမဆုံး အချိန်မီ အသက်သွင်းလိုက်ကြသည်။

ဧရာမ စွမ်းအင်အစီအရင်ကြီးသည် ထိုက်ယန်တောင်၏ ကောင်းကင်ယံကို ချက်ချင်း ဖုံးလွှမ်းသွားပြီး အဓိက အကျုံးဝင်သည့် နယ်ပယ်မှာ ခြေကုပ်စခန်းကြီးများနှင့် ထိုက်ယန်တောင် ဘက်စုံသုံး အဆောက်အအုံ တစ်ဝိုက်တို့ပင် ဖြစ်သည်။

ဤစွမ်းအင်အကာအကွယ်သည် လိပ်ခွံစွမ်းအင်အကာအကွယ်ကို အခြေခံပုံစံအဖြစ် အသုံးပြုထားပြီး အခြားသော ဒြပ်စင်အမျိုးအစား ကာကွယ်ရေး အစီအရင်များကိုပါ ပေါင်းထည့်ထားခြင်း ဖြစ်သည်။

၎င်းသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ နောက်ဆုံး သုတေသနပြုလုပ်ထားသော သင်္ကေတအစီအရင် တစ်ခုဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် လင်ယွီရုံက လက်ကိုလှန်ကာ နှင်းရေခဲဓားရှည်တစ်လက်ကို ထုတ်ယူလိုက်ပြီး လေဟာနယ်ကို ဦးတည်လျက် ထိုက်ယန်တောင်ဆီသို့ ဒေါသတကြီး ခုတ်ပိုင်းချလိုက်သည်ကို မြင်လိုက်ရသည်။

"ကွဲစမ်း"

ခဏချင်းမှာပင် နှင်းရေခဲဓားရှည်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အလွန်အမင်း အေးခဲသည့်အအေးဓာတ်များ စုစည်းလာတော့သည်။

အအေးဓာတ်များက ဧရာမ ဓားအလင်းတန်းကြီးတစ်ခုအဖြစ် စုစည်းသွားပြီး "အုန်း" ဟူသော အသံကြီးနှင့်အတူ ထိုက်ယန်တောင်၏ ကာကွယ်ရေးအစီအရင်ပေါ်သို့ ကျရောက်သွားလေသည်။

ထိုက်ယန်တောင် တစ်တောင်လုံးလည်း လိုက်ပါ၍ တုန်ခါယိမ်းယိုင်သွားရသည်။

သို့သော် ကာကွယ်ရေး အစီအရင်ကြီးမှာမူ ချက်ချင်း ပျက်စီးမသွားခဲ့ပေ။

ဤကဲ့သို့သော လှုပ်ရှားမှုက သဘာဝကျစွာပင် ထိုက်ယန်တောင်ရှိ လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားစေသည်။

ကင်းလှည့်အဖွဲ့ဘက်မှ တင်းယန်၊ လီရှန်ယန်နှင့် ထူလုံ သုံးယောက်စလုံးသည် အစီအရင်ထဲမှ တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံသန်းသွားကြသည်ကို မြင်လိုက်ရ၏။

ယခုအခါ ဤသုံးယောက်သည် ထိုက်ယန်တောင်တွင် လင်းယွမ်မှလွဲ၍ အစွမ်းထက်ဆုံးသော တိုက်ခိုက်ရေးစွမ်းအားများဟု ဆိုနိုင်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင် ခုနစ်ယောက်ထဲတွင် ဤသုံးယောက်တည်းသာ ထိုက်ယန်တောင်ကို စောင့်ကြပ်နေကြခြင်း ဖြစ်သည်။

ထိုအထဲတွင် တင်းယန်က ထိုက်ယန်တောင် ကင်းလှည့်အဖွဲ့ကို တာဝန်ယူထားပြီး ထူလုံမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် ကျွယ်ယွင်တောင်စောင်းတွင် အခြေစိုက်ကာ... လီရှန်ယန်ကမူ မိန်တောင်ကို အခြေစိုက်စောင့်ကြပ်လျက် ယခင်က ကျောက်ခိုင်၏ တာဝန်ကို ဆက်ခံထားခြင်း ဖြစ်သည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ အစွမ်းပိုင်ရှင် သုံးယောက် ပူးပေါင်းလိုက်မည်ဆိုပါက ကွမ်ဖူ စစ်ဒေသဘက်တွင်ပင် လွတ်လပ်စွာ သွားလာနိုင်သည်ဟု ဆိုနိုင်သည်။

ယခုအခါ ထိုက်ယန်တောင်သို့ ဝင်ရောက်သောင်းကျန်းရဲသူ ရှိနေသည်တဲ့လား။

သူတို့သုံးယောက်စလုံး၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လွင်နေကြသည်။

"ဘယ်သူလဲ... ထိုက်ယန်တောင်မှာ လာပြီး ပြဿနာရှာရဲတယ်ပေါ့" ထူလုံက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

တင်းယန်က လင်ယွီရုံကို ကြည့်လိုက်ရာ တစ်ဖက်လူ၏ မျက်နှာသွင်ပြင်သည် ရန်မေနှင့် ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ဆင်တူနေသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ရုတ်ခြည်း တုန်လှုပ်သွားရသည်။

သူမက လင်းယွမ်ထံမှ လင်ယွီရုံ ရှိနေသည့်အကြောင်းကို သဘာဝကျစွာပင် ကြားဖူးထားပြီး ဖြစ်သည်။

ယခုအချိန်တွင် တစ်ဖက်လူ၏ တစ်ကိုယ်လုံး၌ အအေးဓာတ်များ လွှမ်းခြုံနေပြီး နှင်းရေခဲဓားရှည်ကို ကိုင်ဆောင်ထားကာ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသဖြင့် လင်ယွီရုံမှန်း ချက်ချင်းပင် တွေးမိသွားတော့သည်။

"မြူခိုးမြို့တော်က လူလား... ရှင်က လင်ယွီရုံလား" တင်းယန်က ချက်ချင်း အော်ဟစ်မေးမြန်းလိုက်သည်။

လီရှန်ယန်က စကားမပြောပေ။ သူက ယခုအချိန်တွင် ခန္ဓာကိုယ်တွင်းရှိ အစွမ်းကို တိုက်ရိုက်လည်ပတ်စေကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အခြေအနေသို့ ဝင်ရောက်သွားလေသည်။

ခဏချင်းမှာပင် သူ၏ တစ်ကိုယ်လုံးမှ အလင်းရောင်များ ဖြာထွက်လာပြီး သွေးမြူခိုးများ ရစ်ပတ်ကာ ဧရာမ ရွှေရောင်လင်းယုန်ကြီးတစ်ကောင်က သွေးမြူခိုးများကြားမှ ထွက်ပေါ်လာတော့သည်။

ရွှေရောင်လင်းယုန်ကြီး၏ တစ်ကိုယ်လုံးမှ ပြင်းထန်သော အလင်းရောင်များ ဖြာထွက်နေပြီး ကောင်းကင်ထက်မှ နေမင်းကြီးအလား ပူပြင်းလှကာ အပူချိန်မြင့်မားသော အလင်းရောင်များကို ထုတ်လွှတ်နေလေသည်။

"နေမင်းရွှေလင်းယုန်"

ဤသည်မှာ လီရှန်ယန်၏ မျိုးရိုးဗီဇမြေပုံပင် ဖြစ်သည်။

လီရှန်ယန်က စကားအပိုတွေ ပြောမနေတော့ဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို တိုက်ရိုက် အသုံးပြုလိုက်သည်ကို မြင်သောအခါ ဘေးနားရှိ တင်းယန်နှင့် ထူလုံတို့ကလည်း ချက်ချင်းပင် စကားဆက်မပြောကြတော့ချေ။

သူတို့နှစ်ယောက်စလုံးသည် ခန္ဓာကိုယ်တွင်းရှိ အစွမ်းများကို တစ်ပြိုင်နက်တည်း လှုံ့ဆော်လိုက်ကြပြီး မျိုးရိုးဗီဇမြေပုံပေါ်ရှိ ထူးဆန်းသော သားရဲပုံစံများအဖြစ်သို့ အသီးသီး ချက်ချင်း အသွင်ပြောင်းလိုက်ကြတော့သည်။

တင်းယန်က ယခင်အတိုင်းပင် လီနီယာ စွမ်းအင်သားရဲ ပုံစံသာ ဖြစ်သည်။

သူမ၏ ကျောပြင်တွင် တောင်ပံတစ်စုံ ပေါက်ရောက်နေပြီး လူပုံသဏ္ဌာန်နှင့် တူကာ စုစုပေါင်း အရပ်အမြင့်မှာ ၅၆ ပေနီးပါး ရှိသည်။ တစ်ကိုယ်လုံးတွင် စွမ်းအင်များ လည်ပတ်နေပြီး စီးဆင်းနေသော လျှပ်စစ်အလင်းတန်းများအလား ထင်မှတ်ရသည်။

သူမ၏ ဆံနွယ်များက ကျောဘက်တွင် လွင့်မျောနေပြီး လှိုင်းများထကာ လိမ်ယှက်နေလျက် စွမ်းအင်လှိုင်းဂယက် အလွှာများကိုပါ ဖြစ်ပေါ်စေလေသည်။

ယခင်အချိန်များနှင့် နှိုင်းယှဉ်လျှင် သူမ၏ အရပ်အမြင့်မှာ ပေ ၂၀ နီးပါး ပို၍ ကြီးထွားလာခဲ့ပြီး ၎င်းက သူမ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သည် ၁၇% သို့ လျင်မြန်စွာ မြင့်တက်သွားပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။

အစပိုင်းတွင် သန္ဓေပြောင်းသားရဲများ၏ သွေးသားများကို အသုံးပြုမှု နည်းပါးခဲ့ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ ရောနှောနေသော မျိုးရိုးဗီဇများ နည်းပါးခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။

သူမ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးနောက်တွင် တိုးတက်မှုအရှိန်မှာ အလွန် မြန်ဆန်လာခဲ့တော့သည်။

စစ်တပ်ဘက်မှ ဖုန်းကျန့်ကုန်းဆိုလျှင် မျိုးရိုးဗီဇ အဆင့် ၂၀% ၏ အဝင်ဝတွင် လပေါင်းမည်မျှကြာအောင် ပိတ်မိနေပြီး အဆင့်မတက်နိုင်ခဲ့သည်ကို သိထားရမည်။

အခြားတစ်ဖက်တွင်မူ ထူလုံကလည်း သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံစံကို ထုတ်ဖော်ပြသလိုက်သည်။

၎င်းသည် ထူးခြားဆန်းကြယ်သော လူပုံသဏ္ဌာန် သက်ရှိပုံစံဖြစ်ပြီး တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင် အငွေ့အသက်များကို ထုတ်လွှတ်နေကာ ဖောင်းကြွနေသော ကြွက်သားများ၏ ပတ်လည်တွင် အမည်းရောင် မြူခိုးငွေ့များ အဆက်မပြတ် ဖြာထွက်နေလေသည်။

ပို၍ အာရုံစိုက်စရာ ကောင်းသည်မှာ သူ၏ အရေပြားပေါ်တွင် တက်တူးပုံစံ မြောက်မြားစွာ ရှိနေခြင်းပင် ဖြစ်သည်။

ထိုတက်တူးများသည် သက်ရှိသတ္တဝါများအလား သူ၏ ခန္ဓာကိုယ် အပြင်ပိုင်းတွင် လိမ်ကောက်လှုပ်ရှားနေကြပြီး သူ၏ ကိုယ်ပေါ်ရှိ အမည်းရောင် မြူခိုးများနှင့် အပြန်အလှန် ချိတ်ဆက်နေကြသည်။

အချိန်မရွေး ခန္ဓာကိုယ် အပြင်ဘက်သို့ ထိုးထွက်လာတော့မည့် အတိုင်းပင်။

သုံးယောက်စလုံးက အစွမ်းထက်ဆုံးသော ပုံစံများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ပြသလိုက်ခြင်းမှာ သဘာဝကျစွာပင် မျက်နှာချင်းဆိုင်ရှိ နှင်းရေခဲဓားရှည်ကို ကိုင်ဆောင်ထားသော အမျိုးသမီး၏ ကြောက်မက်ဖွယ်ကောင်းမှုကို အာရုံခံမိလိုက်ခြင်းကြောင့် ဖြစ်သည်။

လင်ယွီရုံက ထိုသုံးယောက် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံစံများကို ထုတ်ဖော်ပြသလိုက်သည်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားစိတ်ကို မအောင့်ထားနိုင်ခဲ့ချေ။

ချက်ချင်းဆိုသလိုပင် သူမက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။ "ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ဒီလိုသေးကွေးတဲ့ ထိုက်ယန်တောင်လေးမှာ ဒီလောက်တောင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေ အများကြီး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

"ဒါဆိုရင် ဒီနေ့ခေတ် နင်တို့တွေ... အစွမ်းပညာရပ် လမ်းကြောင်းပေါ်မှာ ဘာတွေများ တီထွင်ဆန်းသစ်မှု အသစ်တွေ ရှိနေပြီလဲ ဆိုတာ... ငါ့ကို ပြစမ်းပါဦး"

"ဝှစ်"

နောက်တစ်စက္ကန့်တွင် သူမက ခန္ဓာကိုယ်ကို ရုတ်တရက် လှုပ်ရှားလိုက်ပြီး ဓားတစ်ချက် တိုက်ရိုက် ခုတ်ပိုင်းချလိုက်တော့သည်။

လေဟာနယ်ထဲတွင် နှင်းရေခဲဓားရှည်ပေါင်း မြောက်မြားစွာက မျက်စိတစ်မှိတ်အတွင်း စုစည်းဖြစ်ပေါ်လာပြီး... ဓားပေါင်း သောင်းနှင့်ချီ၍ သူမ၏ ဓားရမ်းခတ်မှုနှင့်အတူ "ဝှီး" ဟူသော အသံကြီး ထွက်ပေါ်လာကာ ထိုသုံးယောက်ထံသို့ အရှိန်အဟုန်ဖြင့် အသီးသီး ပစ်ခတ်သွားကြသည်ကို မြင်လိုက်ရ၏။

"ကျွန်တော် လုပ်မယ်"

လီရှန်ယန်က အေးစက်သောအသံဖြင့် ဟိန်းဟောက်လိုက်ပြီး နေမင်းရွှေလင်းယုန်ကြီးက တောင်ပံတစ်စုံကို ရုတ်တရက် ခတ်လိုက်လေသည်။

ထိုအခါ ၎င်း၏ တစ်ကိုယ်လုံးမှ ပြင်းထန်သော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး နှုတ်သီးပေါ်သို့ စုစည်းသွားသည်ကို မြင်လိုက်ရသည်။

ထို့နောက် "ဝုန်း" ဟူသော အသံကြီးနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ရောင်ခြည်တန်းတစ်ခုက ရူးသွပ်စွာ ပစ်ထွက်သွားတော့၏။

"ကြယ်စင်ရောင်ခြည်တန်း"

ဤသည်မှာ သူ၏ ပင်ကိုယ်အစွမ်းဖြစ်ပြီး အစွမ်းကို အပြည့်အဝ လှုံ့ဆော်ကာ ခန္ဓာကိုယ်တွင်းရှိ အလင်းမှုန်များ ပေါက်ကွဲစေပြီး ကြယ်စင်နှင့်တူသော ပုံသဏ္ဌာန်အဖြစ် ဖွဲ့စည်းကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရောင်ခြည်တန်းအဖြစ် ပြောင်းလဲကာ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

လင်ယွီရုံက အေးတိအေးစက်ဖြင့် တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီး အေးစက်စွာ လှောင်ပြုံးပြုံးကာ သူမ၏ လက်ဖဝါးဖြင့် ထိုရောင်ခြည်တန်းဆီသို့ တစ်ချက် ထောက်လိုက်လေသည်။

"အေးခဲစမ်း"

"ဂျစ်"

ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်မြင့်မားမှုဖြင့် စုစည်းထားသော ကြယ်စင်ရောင်ခြည်တန်းသည် မျက်စိတစ်မှိတ်အတွင်း၌ အားကောင်းသော အပြာရောင် အလင်းတန်း၏ ဖုံးလွှမ်းမှုကို ခံလိုက်ရတော့သည်။

ပူပြင်းစွာ ပေါက်ကွဲနေသော အလင်းမှုန် အားလုံးသည် မျက်တောင်တစ်ခတ်အတွင်း အပူစွမ်းအင်အားလုံး ဆုံးရှုံးသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ရေခဲပြာရောင် အလင်းတန်းများ ပျံ့နှံ့လာပြီး တိုတောင်းလှသော စက္ကန့်ဆယ်ဂဏန်းအတွင်းမှာပင် လီရှန်ယန်၏ အရှေ့သို့ တိုက်ရိုက် ရောက်ရှိလာခဲ့လေသည်။

လီရှန်ယန်၏ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး မယုံကြည်နိုင်စွာဖြင့် "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု ရေရွတ်လိုက်သည်။

သူက ခန္ဓာကိုယ်ကို ရုတ်တရက် ပေါက်ကွဲထွက်စေလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ မူလနေရာမှ အလင်းအလျင်ဖြင့် ပျောက်ကွယ်သွားတော့သည်။

ဤကဲ့သို့သော အရှိန်အလျင်မျိုးကို လင်ယွီရုံပင်လျှင် တားဆီးဟန့်တားနိုင်စွမ်း မရှိခဲ့ပေ။

၎င်းသည် နေမင်းရွှေလင်းယုန်၏ မျိုးရိုးဗီဇ ကျွမ်းကျင်မှုများထဲမှ တစ်ခုဖြစ်သော အလင်းအလျင် ပင်ဖြစ်သည်။

မဟုတ်သေး... လီရှန်ယန်က ပျောက်ကွယ်သွားရုံ သက်သက်မဟုတ်ပေ။

လေထုထဲတွင် အလင်းတန်း ပုံရိပ်ယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထို့နောက် လင်ယွီရုံဆီသို့ တိုက်ရိုက် ပစ်ဝင်သွားတော့သည်။

လင်ယွီရုံ၏ မျက်နှာအမူအရာ တင်းမာသွားပြီး လက်ထဲရှိ နှင်းရေခဲဓားရှည်ကို သူမ၏ အရှေ့တွင် ကန့်လန့်ဖြတ် ကာကွယ်လိုက်သည်။

"အုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် နှင်းရေခဲဓားရှည်ပေါ်တွင် ဧရာမ ရွှေရောင်အရိပ်ကြီးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။

လင်းယုန်၏ တောင်ပံတစ်စုံက ဓားသွားများအလား တစ်ဖက်လူ၏ ဓားရှည်ပေါ်သို့ ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သည်။

လင်ယွီရုံ၏ မျက်ဝန်းများထဲတွင် အေးစက်စူးရှသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"သေချင်နေတာပဲ"

သူမက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး ဓားရှည်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်များ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

ဤအအေးဓာတ်က ရုပ်ပိုင်းဆိုင်ရာ အလွန်အမင်း အေးခဲမှု သက်သက်မဟုတ်ဘဲ ဝိညာဉ်ကိုပါ အေးခဲသွားစေနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုလည်း ပါဝင်နေလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လီရှန်ယန် အသွင်ပြောင်းထားသော နေမင်းရွှေလင်းယုန်ကြီးသည် တောင်ပံတစ်စုံ တိုက်ရိုက် အေးခဲခံလိုက်ရပြီး အလင်းဒြပ်စင်အသွင်ပြောင်းကာ ထွက်ပြေးရန်ပင် မစွမ်းဆောင်နိုင်တော့ချေ။

ဆက်ရန်...

All Chapters